ကျန်းမာရေးဘလော ့များဖတ်ရန်( မည်သူမဆိုမျှဝေယူနိူင်ပါသည်-ရွှေအိမ်စည်) ————————— 338။ ချစ်ခြင်းမေတ္တာနှင်.ကျန်းမာရေး http://www.facebook.com/notes/shwe-eaim-si/ချစ်ခြင်းမေတ္တာနှင်ကျန်းမာရေး/547545371923267 41-ကလေးများအတွက် ကျန်းမာရေးနှင့် ညီညွတ်သော အစာစားနည်း အလေ့အထများ http://www.facebook.com/notes/shwe-eaim-si/ကလေးများအတွက်-ကျန်းမာရေးနှင့်-ညီညွတ်သော-အစာစားနည်း-အလေ့အထများ/315432408467899 111-သွေး http://www.facebook.com/notes/shwe-eaim-si/သွေး/342710365740103 116- သွေးပေါင်ကျခြင်း၏ လက္ခဏာများ http://www.facebook.com/notes/shwe-eaim-si/သွေးပေါင်ကျခြင်း-လက္ခဏာများ/347084808635992 258-ရင်သားကင်ဆာ http://www.facebook.com/notes/shwe-eaim-si/ရင်သားကင်ဆာ/440269802650825 257-G6PD (အင်ဇိုင်း) ချို့ယွင်းနေတဲ့ ရောဂါ http://www.facebook.com/notes/shwe-eaim-si/g6pd-အင်ဇိုင်း-ချို့ယွင်းနေတဲ့-ရောဂါ/440247239319748 276-မိမိအိပ်တဲ့ပုံစံနဲ့ စိတ်နေစိတ်ထား http://www.facebook.com/notes/shwe-eaim-si/မိမိအိပ်တဲ့ပုံစံနဲ့-စိတ်နေစိတ်ထား/448060818538390 282-ကင်ဆာရောဂါ သတိပေးလက္ခဏာများ http://www.facebook.com/notes/shwe-eaim-si/ကင်ဆာရောဂါ-သတိပေးလက္ခဏာများ/454253921252413 288-အိုင်ကျူမြင့်ခြင်းနှင့် အသက်ရှည်ခြင်း http://www.facebook.com/notes/shwe-eaim-si/အိုင်ကျူမြင့်ခြင်းနှင့်-အသက်ရှည်ခြင်း/480870751924063 306-((( သဘာဝဘေးအန္တရယ်ဖြစ်တဲ့ ငလျင်ဘေးကြုံရရင် ဘယ်လိုရင်ဆိုင်ရမယ ်)))) http://www.facebook.com/notes/shwe-eaim-si/-သဘာဝဘေးအန္တရယ်ဖြစ်တဲ့-ငလျင်ဘေးကြုံရရင်-ဘယ်လိုရင်ဆိုင်ရမယ-်/527390003938804 350။နှာရည်ဘာ့ကြောင့် ယိုတာလဲ http://www.facebook.com/notes/shwe-eaim-si/350-ရည်ဘာ့ကြောင့်-ယိုတာလဲ/374592102551929 259-ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်း http://www.facebook.com/notes/shwe-eaim-si/ဆီးလမ်းကြောင်းတွင်-ကျောက်တည်ခြင်း/440339009310571 260-ဆီးလမ်းကြောင်း ပိုးဝင်ခြင်း http://www.facebook.com/notes/shwe-eaim-si/ဆီးလမ်းကြောင်း-ပိုးဝင်ခြင်း/440340875977051 261-သည်းခြေအိတ် ကျောက်တည် ရောဂါ (Gallstone) http://www.facebook.com/notes/shwe-eaim-si/သည်းခြေအိတ်-ကျောက်တည်-ရောဂါ-gallstone/440345762643229 […]


ကုိ ထြဋ္July 18, 20144min1668
ရရင်စားချင်တယ်ပဲ ပြောတာနော်… စားချင်တယ် ဝယ်ပေးလို့ ပြောတာ မဟုတ်… ဘယ်လောက် သိမ်မွေ့လိုက်လဲ… ” ဟဲ့ အောင်ဆန်း နင် ဘုရင်ဖြစ်ပြီဆို ” ” ဟုတ်တယ်အမ၊ ကျနော့သမီး အမမြေးလေး ကြည့်စမ်းပါ့ ” ” အခုလာရင်းမှာ အမဆီက ကျနော့သမီးလေး ခမဲပေးသလိုလို နားဆွဲလိုလို့ အမွေအဖြစ် လာတောင်းတာပါ။ ” ” ဟယ် အောင်ဆန်း တိုင်းပြည်မှာ နင်ဘုရင်ဆို သမီးလေး နားဆွဲလိုတာများ ငါ့ဆီမှာ လာတောင်းနေရသလား ” ” ကဲ ကြည်ရေ အထုပ်တွေသယ် ဘူတာဆင်းကြမယ် ပြန်ကြစို့ ” ဘာမှ ထပ်မမန့်တော့ဘူးဗျ… ကယ်ဆမ်ကွေကာပဲ သောက်ကြပါစို့… 🙂 နောင်လာနောင်သားတွေ အတွက်ပါ… အဲဒါ ဘယ်သူကြီးလဲလို့ […]


alinsettJuly 18, 20141min33023
အဲဒီကောင်မလေးကို သတိထားမိနေတယ်။ သူ ့ရဲ့ ရုပ်ရည်က ဘာမှ မပြောပလောက်တဲ့ သာမန်။ သာမန်ထဲမှာ ပြောစရာရှိတာလေးက အဲဒီကောင်မလေးဟာ တခြားမိန်းကလေးတွေထက် အရပ်ကလေးနိမ့်တယ်။ ငါးပေလောက်ပဲ ရှိမယ်ထင်ရဲ့။ အဲဒီကောင်မလေး. . .စင်ပေါ်မှာ သီချင်းဆိုနေချိန်တိုင်းမှာ အင်မတန်ကြီးမားတဲ့ ဝတ်စုံကြီးတွေကို ဝတ်လေ့ရှိတယ်။ ဂါဝန်ကားကားကြီးတွေ. . . ပိတ်စရှည်ရှည်ကြီးတွေ. . . တို့လို့တွဲလောင်းကြီးတွေနဲ့ . . . သူ သီချင်းဆိုရင်. . . သူ ့အသံနဲ့ မာန်ပါပါသီချင်းဆိုသံနဲ့အတူ သတိပြုမိ ငေးကြည့်ယူနေကြတဲ့အထဲမှာ အဲဒီ သူ ့ဝတ်စုံကြီးတွေလည်း ပါတယ် ။ ထူးခြားတဲ့ ဒီဇိုင်းကို မထူးခြားတဲ့ အရောင်ဖြစ်တဲ့ အဖြူ အနက် အနီ တွေနဲ့ ဝတ်ပြတာများတယ်။ […]


ဇွန်လ၏ မိုးရေစက်များနှင့် အတူ ကျွန်ုပ်၏ ရင်အစုံအတွင်းသို့ ဝင်ရောက်၍ လာခဲ့သော အကြောင်းအရာ တစ်ခု ရှိလေသည်။ ယင်းကား အခြားမဟုတ်။ “၁၉ ဇူလိုင်၊ မမေ့နိုင်” ဟူသော “အာဇာနည်” နေ့ပင် ဖြစ်ချေသည်။ {လာမည့် ၂၀၁၄ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ၆ရ နှစ်ပြည့်မြောက်တော့မည်။} လွန်ခဲ့သော ၁၉၄ရ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် မသမာသူ လူတစ်စု၏ လက်ချက်ဖြင့် မြန်မာ့ အာဇာနည် ခေါင်းဆောင်ကြီးများ အသက် ဆုံးရှုံးခဲ့ကြရသည်။ ယင်းနေ့ ယင်းရက်ကား မြန်မာပြည်၏ ဝမ်းနည်းဖွယ် အကောင်းဆုံးသော နေ့ရက်၊ ဆုံးရှုံးမှု အကြီးမားဆုံးသော နေ့ရက် ဖြစ်ပါပေ၏။ ထိုအချိန်က မြန်မာပြည် တစ်ဝှမ်း လူအများတို့ […]


Mr. MarGaJuly 17, 20141min36334
  ညဟာ ဆူညံလွန်းလှတယ်။ အမြဲလိုလို အိမ်ပြန်နောက်ကျတတ်တဲ့သူတစ်ယောက်အတွက် ညဟာ ဘယ်တော့မှ တိတ်ဆိတ်စွာ စောင့်ကြိုမနေခဲ့ဘူး။ ကားသံ ဆိုင်ကယ်သံတွေ ဆူညံနေတဲ့လမ်းမတွေဟာ တိတ်ဆိတ်ခြင်း ဆိုတာကို ရှိတယ်လို့တောင် ထင်ပုံမရ။ ဆူညံရှုပ်ထွေးတဲ့ လမ်းမတစ်လျှောက် ဆိုင်ကယ်ကို အသော့နှင်လာရင်းနဲ့ မြို့လယ်ကို ဖြတ်ကျော်ပြီး အသွားအလာ တဖြည်းဖြည်း ကျဲပါးလာတဲ့ ဆင်ခြေဖုံးဘက်ကို ရောက်လို့လာတယ်။ ဒီအချိန်ဟာ ကိုယ့်အတွက်တော့ အတိတ်ဆိတ်ဆုံး လို့ ပြောရမယ့် တစ်ဒင်္ဂ အချိန်လေးပါပဲ။   အဓိက လမ်းမကြီးတွေကနေ ဖဲခွာပြီး နေထိုင်ရာ ရပ်ကွက်လေးဘက်ကို ချိုးဝင်လိုက်တာနဲ့ ကားသံ ဆိုင်ကယ်သံတွေ လျော့သွားပြီး လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်နဲ့ အိမ်တွေက အသံတွေဟာ ထပ်ပြီး လွင့်ပျံလာလေရဲ့။ တစ်နေကုန် မောပန်းလာသူအတွက်တော့ ဒီအသံတွေဟာ သာယာသံထဲမှာ မပါဝင်တာ […]


alinsettJuly 16, 20142min37930
က) ကျွန်တော်ဆိုတဲ့ချာတိတ်လည်း ခေါင်းကိုထိခိုက်မိပြီးကတည်းက ရူးချင်ချင်ဖြစ်သွားတာများလား ? ခ) မေးခွန်းတွေတစ်မျိုးပြီးတစ်မျိုး မေးချင်နေတာ ဘာကြောင့်များပါလိမ့် ? ဂ) ကျွန်တော် မေးချင်တာလေးတွေ ရှိလို့ စိတ်ထဲကလိကလိဖြစ်နေတာတွေကို မေးတဲ့အခါ ဖြေကြမလား ? ဃ) မေးချင်တာတွေ တန်းစီနေတဲ့အထဲကမှ ဘယ်ဟာကိုအရင်စ မေးရင်ကောင်းမလဲ ? ———————————–   ၁) အိပ်မက်နည်း ကျွန်တော်ဗျာ. . . ည ညအိပ်ရင် . . . အိပ်မက်လုံးဝ မမက်တတ်ဘူး ။ သူများတွေများ မက်လိုက်ကြတဲ့အိပ်မက်တွေ ။ အိပ်မက် မက်ရင်းနဲ့ လမ်းထလျှောက်တာတို့. . .ထယောင်ပြီးအော်တာတို့ ဘာတို့ မြင်ရကြားရရင် ကျွန်တော် တော်တော်အားကျတယ်ဗျာ ။ ကျွန်တော်လေ အိပ်မက်တွေမက်ချင်တာဗျ ။ […]


alinsettJuly 15, 20141min24313
“အမှန်စင်စင်မှာတော့. . . လူ ့ ဘဝသည် . . . အချည်းနှီးသောဖြစ်တည်မှုဖြင့် ဒုက္ခဆင်းရဲများခံယူကာ ပေးဆပ်နေရခြင်းသာဖြစ်သည်။ အခြား ဘာမျှမဖြစ်နိုင်။ ”   လူဟူ၍ဖြစ်တည်လာပြီဆိုကတည်းက . . .မရေရာမသေချာမှုများကို မလွဲမသွေကြုံရသည်။ သေချာရေရာလှပါသည်ဆိုသောအရာများသည်ပင်လျှင် နောင်တစ်ချိန်တွင် ဝေဝါးထွေပြား၍ ပျောက်ကွယ်ပျက်စီးရမြဲဖြစ်သည်။ လူကို အရင်းတည်၍ ဖြစ်ပေါ်လာသော ဝမ်းသာမှုများ. . .ဝမ်းနည်းမှုများသည်လည်းကောင်း. . . ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းများသည် လည်းကောင်း . . . ဘယ်မှာလာ တည်မြဲသနည်း။ ပျော်ရွှင်ခြင်းနှင့် ဒုက္ခဆင်းရဲခြင်းသည်လည်း အလွှာပါးပါးကလေးပင် မခြားသော ရောယှက်မှုအတွင်း၌သာ ဖြစ်တည်လာသည်။ အပျော်များသောအခါ ဒုက္ခဆင်းရဲများသည်။ ဘာများမက်မောစရာ ရှိသနည်း။ မျှော်လင့်ချက်ဆိုသည်မှာလည်း ဘာများထူးပါသလဲ။ မျှော်လင့်ချက်သည် မရေရာ […]


alinsettJuly 13, 20142min26220
အပြင်မှာ နေ့ခင်းလား…. ညနေလား…. ဒါမှမဟုတ် ညလား…. ဘာမှန်းသေချာမသိလောက်အောင်ပင် …..ဤအခန်းက . . .လုံခြုံလွန်းနေသည် ။   တကယ်ဆို ယောကျာ်းတစ်ယောက်နေသောအခန်းတစ်ခန်းသည်….ဤမျှလုံခြုံစရာမလိုလည်း ဖြစ်သည်။ ဒါပေမယ့်. . . ဒီလောက်လုံခြုံမှုနဲ့တောင် လုံလောက်လို့လား. . . . တစ်ခါတစ်ရံတွင် ဆောက်တည်ရာမဲ့လောက်အောင် . . . ဘဝ၏ လုံခြုံမှုများ ပျောက်သွားတတ်တာတော့ သတိရ ရမည် ။ ပိုးစိုးပက်စက် အကာအကွယ်မဲ့ခြင်းများ. . . ကြောက်မက်တုန်လှုပ်ဖွယ်ရာ မျှော်လင့်ချက်ကင်းမဲ့မှုများသည်…. ထင်မထားသော အချိန်မျိုးမှာ …မထင်မှတ်သော နေရာကနေ ဘွားခနဲ ပေါ်လာတတ်သည်မဟုတ်လား။ အဲသည်လိုအခါမျိုးမှာ သွေးရူးသွေးတန်း ဖက်တွယ်ပြီး အားကိုးရာတစ်ခုခုရှာတွေ့ဖို့ တော်တော်ဖြစ်နိုင်ခဲသေးသည်။ကိုယ့်ကို ကိုယ် အားကိုးရမယ်လို့ ဘယ်လောက်ပဲ အားတင်းထားပါစေဦး။ […]


ေရႊညာသားJuly 9, 20144min75071
                                                      ညီလေး အလင်းဆက် နှင့် မြန်မာစာချစ်သူ ရွာသူ / ရွာသားများသို့    အပိုင်း(၂)   ညီလေးရေ   ရှင်းစရာတွေက တစ်ပုံတစ်ပင်ဆိုတော့ အကို တွေးနေရင်းနဲ့ရွာထဲမရောက်လိုက်တာဟာ          အတော်ကြာခဲ့ပေ့ါ ညီရေ။ တစ်ခုရှိတာက ညီလေးရေ အပိုင်း(၂) ကနောက်တစ်ရက်မှာပဲအကိုရေးပြီးသားပါ။သို့ပေမယ့်လည်း ရှင်းပြစရာ အဓိက ကတော့ ဒေါ်ကေဇီပေါ့ ညီရေ။ ရွှေညာသားကလောင်ကိစ္စက ရှင်းပြမှရမယ်ဆိုတော့ အကို မဝင်လာဖြစ်သေးတာပါ။ အန်တီဒုံ အရီးလတ် ဆရာပေါက်တို့ ခေါ်သံကို အရေးမလုပ်တာလည်း မဟုတ်ရပေဘူး ညီလေးရေ။   ပြန်ခေါ်ကြတဲ့ အန်တီဒုံအပါအဝင် ကျွန်တော်တို့ရွာထဲမှာ May 2014 Post က ငါးယောက်ပေါင်း ကလောင်စုံပါတဲ့ စာကြမ်းပိုးကိုတွေ့လိုက်ရမှ နဲနဲရှင်းပြဖို့အဖြေပေါ်သွားတယ်။ ကဲ ရှင်းပြမယ် ဒေါ်ကေဇီရေ ။ […]


alinsettJuly 8, 20141min40631
ရင်တော့ အနာသား ။ ရပ်ကွက်တွေထဲမှာ စာအုပ်အငှားဆိုင်လေးတွေ ရှားပါးကုန်ပြီဗျ ။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်တုန်းကတောင် ရှိပါသေးတယ် ။ အဲဒီ အချိန်လောက်က ကျွန်တော် စာအုပ်အငှားဆိုင်တွေဘက် ချောင်းပေါက်မတတ် အသွားအလာ ရှိနေပါတယ်။ လစဉ် ဖတ်နေရတဲ့ မဂ္ဂဇင်းတွေကြောင့်. . . အသစ်ထွက်နေတဲ့ ရသဝတ္ထုတွေကြောင့်  ဖတ်ချင်စိတ်တွေတဖွားဖွားပေါ်နေတာပါ။ ရပ်ကွက်ထဲက စာအုပ်အငှားဆိုင်လေးဆီမှာ ဖတ်ချင်တဲ့ စာအုပ်သစ်. . . မရောက်သေးရင် ဟိုဘက်ရပ်ကွက်တွေအထိ ဝေးချင်ဝေးပါစေ . . . သွား ငှားဖတ်ခဲ့တာပါ ။ စာအုပ်အငှားဆိုင်လေးတွေနဲ့ ကျွန်တော်ဟာ . . . နှစ်ပေါင်းများစွာ အဆက်အသွယ် ရှိနေခဲ့ခြင်းပါ။ မြို့နယ်ပြောင်း အိမ်ပြောင်းရရင်လည်း ရောက်ရာအရပ်မှာ စာအုပ်အငှားဆိုင်ကို မရမကရှာပြီး ငှားဖတ်ခဲ့တာ. […]


၂၀၁၄ ကမာ္ဘ့ဖလားပွဲကား ပြီးဆုံးတော့မည် ဖြစ်သည်။ ယခု ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာရကား နောက်ဆုံးကျန်ရှိသော အသင်း ၄သင်းမှာ ဘရာဇီး Vs ဂျာမနီ။ အာဂျင်တီးနား Vs နယ်သာလန် တို့ ဖြစ်သည်။ ဥရောပနှင့် တောင်အမေရိက ထိပ်တန်း အသင်းများ၏ အားပြိုင်မှုတည်း။ ချန်ပီယံဟောင်း ၃သင်း နှင့် ချန်ပီယံမဖြစ်ဖူးသော်ငြား ဒုတိယ ၃ကြိမ်ရ အသင်းတို့၏ တိပ်တိုက် တွေ့ဆုံမှုလည်းဖြစ်သည်။ ဒီ ၃သင်း၏ ဖြတ်သန်းမှု အား လေ့လာကြည့်ချင်မိသည်။   A ဆီမီးဖိုင်နယ် ရောက်အသင်းများ             ၁။ ဘရာဇီး     အိမ်ရှင်ဘရာဇီးသည် အုပ်စု A တွင် […]


  Facebook မှာ ပရလောကမှ ရှားပါးမှတ်တမ်းများ ဆိုတဲ့ ပေ့ချ် မှာ တင်ထားတဲ့ ရွှေတိဂုံစေတီတော် ရဲ့ ပုံရိပ် ဆလိုက်မီး ထိုးလို့ မိုးသားတိမ်အနိမ့် မှာ ထင်နေတဲ့ ပုံမှာ တွေ့လိုက်ရတာပါ။မယုံတဲ့သူတွေ ယုံတဲ့သူတွေ နမိတ်ဆိုပြီးပြောတဲ့လူတွေ ရူပဗေဒ သဘောနဲ့ ရှင်းပြနေတဲ့လူတွေ ကုလားမုန်းတဲ့လူတွေ ရွှေပြည်အေး တရားဟော ဆရာတွေ ရဲ့ မျိုးစုံသော ကောမန့်တွေကို အိပ်ငိုက်ပြေလေး လိုက်ဖတ် မိနေတုန်းပဲ ဒီကောမန့်ကို တွေ့လိုက်တာပါ။ “မင်းတို့က ဗုဒ္ဒ ဘာသာဝင်တွေ မဟုတ်လား။ ဗုဒ္ဒ ဘာသာဝင် ဆိုရင် ဘာမှကို မဝေဖန် နဲ့” ဆိုပဲ။ hitler nazi, neo nazi, grammar nazi, spelling nazi တွေပြီးတော့ […]


Paing LayJuly 2, 20141min1234
အူးမာဃ ရဲ့ တောင်းဆိုမှုကြောင့် Sexy Pose နောက်တစ်ခု ရေးဖြစ်ရပါကြောင်း ဝန်ခံပါသည်။ 😀   ကျွန်တော် အခုရေးမှာက အရိုး နဲ့ပတ်သက်လို့ ကြုံဖူးတဲ့ Sexy Pose အကြောင်းပါ။ အရိုးဆိုတာ ခင်ဗျားတို့သိတဲ့ တိရိစာ္ဆန်အရိုးကို ပြောတာမဟုတ်ပါဘူး။ လူအရိုးပါ။ နာမည်နဲ့လိုက်အောင် အရိုး နဲ့ အမွှေးအမျှင်ပဲရှိတာပါ။ သူက သီချင်းလည်း ရေးတဲ့ အပြင် စာရေးဆရာ ဗာဟီရ အစုံလုပ်တဲ့သူပေါ့ဗျာ။ သူနဲ့ ကျွန်တော် ခင်တာ အခုမှ မဟုတ်ပါဘူး။ သူလည်း သီချင်းတွေ မရေးသေးတဲ့ အချိန် ကျွန်တော်လည်း စာမရေးသေးတဲ့ အချိန် အရိုးက လမ်း၊တံတား ဆောက်လုပ်ရေးမှာလုပ်ဖူးပါတယ်။ သူနဲ့ ဘယ်လိုခင်ခဲ့တာလည်းဆိုတော့ ကျွန်တော်တို့ အိမ်ရှေ့မှာ လမ်းလာခင်းရင်း နဲ့ခင်ခဲ့တာပါ။ […]