black chawApril 9, 20121min26647
ဒီပို့စ် တင်ကာနီး ဆရာမကြီး TTNU ရဲ့ အရက်ကို ကြိုက်လို့ သောက်တဲ့သူ ဆိုတဲ့ ပို့စ်လေးကို အရင်ဖတ်ဖြစ်တယ်ဆိုတာ ဝန်ခံပါရစေ။ သို့သော်လည်း ပျော်စေချင်တဲ့ စိတ်လေး တစ်ခုတည်းနဲ့ အရက်သောက်တဲ့ ပို့စ်လေးကို တင်ဖြစ်ခဲ့ပါတယ်။ ဆရာမကြီး ခွင့်လွှတ်ပေးပါလို့ တပည့် ဘလက်ချောက အနူးအညွတ်တောင်းပန်ပါတယ် ခင်ဗျာ။ ပြီးခဲ့တဲ့ စနေနေ့က ဖြစ်ပါတယ်။ မွန်းလွဲ ၃ နာရီခန့်မှာ ကိုကြီးမိုက် ဖုန်းဆက်လာပါတယ်။ သူတို့ အဖွဲ့အနေနဲ့ ရန်ကင်းစင်တာ နားက NICE မှာ ရောက်နေကြပါပြီတဲ့။ ကျွန်တော်ကလည်း ဒါမျိးဆို သွားချင်တဲ့ စိတ်က ထိန်းမရသိမ်းမရ။ လေဒီဘလက်နဲ့ ညှိနှိုင်းပြီး ခွင့်ပြုချက်ရသည်နှင့် ဇောင်းထဲမှ လွှတ်လိုက်သည့် မြင်းလို ရန်ကင်းစင်တာနားက NICE သို့ အပြင်းချီတက်ခဲ့ပါသည်။ […]


kaiMarch 22, 20121min35422
“မီဒီယာဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်စေချင်တယ်ဆိုရင်၊ မီဒီယာဖွံ့ဖြိုးတိုးတက်အောင်၊ လုပ်ကိုင်နိုင်တဲ့ အခြေအနေကို ဖန်တီးပေးဖို့ပဲ ဖြစ်တယ်။ မီဒီယာတွေကို ထပ်ပြီးတော့ ချုပ်ကိုင်ဖို့ မလုပ်သင့်ဘူး” ဝါရင့် သတင်းစာဆရာ လူထုဦးစိန်ဝင်းနှင့် တွေ့ဆုံခြင်း Wednesday, 21 March 2012 22:44 ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) တို့ ပူးပေါင်းပြီး Conference on Media Development in Myanmar အလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ ၁၉ရက်နှင့် ၂ဝရက်နေ့တွင် ရန်ကုန်မြို့ရှိ ချာထရီယမ် ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲအပေါ် အမြင်များနှင့် အစိုးရမှ ရေးဆွဲပြဋ္ဌာန်းရန် ပြင်ဆင်နေသော ပုံနှိပ်မီဒီယာဥပဒေနှင့် ပတ်သက်ပြီး ဝါရင့် သတင်းစာဆရာ […]


kaiMarch 4, 20121min28713
မန္တလေးဂေဇက်၊ ဆရာ့ဇာတိနဲ့မိသားစုအကြောင်းကစပြောပေးပါ၊ ဦးဝင်းဖေ၊ မန္တလေးဇာတိ၊  ၁၉၃၅တွင်မွေးဖွား၊ ငယ်အမည်မောင်ညို၊ ကာတွန်းရေးတော့ငယ်နာမည်ယူပြီး’ဖိုးညို’ဆိုပြီးရေးတယ်၊ နောက်ငယ်နာမည်က’ဇော်ဝိတ်’၊ ကျွန်တော့်မွေးတုန်းကဦးဇော်ဝိတ်ကြီးကနာမည်ကြီးနေတာကိုး၊ ကျွန်တော်ကလည်းကလေးတုန်းကတောင့်တောင့်ဖြောင့်ဖြောင့်ကြီးဆိုတော့မိဘတွေကဇော်ဝိတ်လို့အမည်ပေးတယ်၊ ညီအကို၅ယောက်မှာနံပါတ်၃၊ ဖခင်ရွှေပြည်ဦးဘတင်၊မိခင်ဒေါ်အုန်းတင်၊ ကျွန်တော့်မှာသားသမီး၅ယောက်ရှိတယ်၊ တက္ကသိုလ်၁ဝနှစ်တက်တယ်၊ မပြီးဘူး၊နောက်အမေရိကန်ပြည်ထောင်စု Iowa University for Literature Followship ( International Writing Program) မန္တလေးဂေဇက်၊  ဆရာ့သားသမီးတွေထဲကအနုပညာအမွေဆက်ခံသူတွေက၊ ဦးဝင်းဖေ၊ သမီးအဆိုတော်မီမီဝင်းဖေ၊ သားအောင်ကျော်ဆန်း၊ သူကကျသီချင်းလဲဝါသနာပါတယ်၊ နတ်ပွဲတွေလဲစိတ်ဝင်စားတယ်၊ သူကကိုတင်မိုးတို့ကိုစွမ်းရည်တို့နဲ့ဆိုတအားရင်းနှီးတာ၊ သူတို့တွေတီးကြဆိုကြ၊ ကျွန်တော့်ထက်တောင်ပိုရင်းနှီးသေး၊ မန္တလေးဂေဇက်၊  ဆရာ့ကအမျိုးသားကျောင်းဆရာကြီးရွှေပြည်ဦးဘတင်ရဲ့သားဖြစ်တယ်၊  အနုပညာအမွေဘယ်လိုဆက်ခံခဲ့တယ်၊  ဆရာဖခင်တယောက်ဖြစ်လာတဲ့အခါမှာလည်း သားသမီးတွေကို အနုပညာအမွေပေးဝေခဲ့တယ်ဆိုတာလေးပြောပြပေးပါဆရာ၊ ဆရာတို့ကမျိုးဆက်၃ဆက်ရဲ့အနုပညာလက်ဆင့်ကမ်းပုံပေါ့၊ ဦးဝင်းဖေ၊  ၊  ကျွန်တော်တို့ငယ်ငယ်ကအဖေကကျောင်းတောင်မနေရသေးဘူး၊ အနုပညာတခုခုပန်းချီဂီတမလေ့လာမလိုက်စားမနေရဆိုလုပ်ခိုင်းတယ်၊ ဝါသနာပါပါမပါပါ၊ ၄တန်းလောက်ရောက်မှဝါသနာမပါတဲ့သူရပ်၊ ဝါသနာပါတဲ့သူဆက်လုပ်လို့ခွင့်ပေးတယ်၊ ဆက်လုပ်ဆိုတာကမည်ကာမည်ကာမတ္တသဘောမဟုတ်ဘူး၊ ဆရာတွေဘာတွေသေချာငှားပေးပြီးတော့သင်ခိုင်းတာ၊ စနေနေ့ဆိုကျွန်တော်တို့အနုပညာအလုပ်အတွက်တနေ့လုံးအချိန်ပေးရတယ်၊ တခါတလေမျက်ရည်တောင်ကျတယ်၊ ကလေးကိုးဆော့ချင်တာကိုးဗျ၊ ကြီးလာတော့လဲအနုပညာလိုက်စားခဲ့တဲ့တန်ဖိုးကိုသိလာပါတယ်၊ ကျွန်တော့်အလှည့်ကျသားသမီးတွေကိုအဲလိုအတင်းအကျပ်မလုပ်ခိုင်းပါဘူး၊ […]


man powerMarch 3, 20121min15511
ဖတ်တာကြာပေမဲ့ ခုမှ ရေးတဲ့ အတွက် အသစ်ပါ ။ အလွန် အဆဲသန်တဲ့ မိတ်ဆွေ တစ်ဦးနဲ ့ ပါတ်သပ်ပြီး ဒီ ဂေဇာတ်ကို ရင်းနှီးခဲ့ပါတယ် ။ ခုထိတော့ ဘယ် အကြောင်းအရာကို ဦးတည်ပြီး ရေးသားသွားရမလဲ ဆိုတာကို မဆုံးဖြတ် နိုင်သေးတာကြောင့်  အရင်ဆုံး ကိုယ့်ဘာသာကိုယ်  မိတ်ဆက်လိုက်ပါတယ် ။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို  ့ ဂုန်ချွိန် ကျေးရွာ အတွင်းမှာ ရှိတဲ့  OGT PROJECT အတွင်းက အစိတ်အပိုင်း တစ်ခုမှာ  Admin  Manager အဖြစ် လုပ်ကိုင်နေပါတယ် ။ အသက်က ၃၅ နှစ်  ရုပ်ချောပေမဲ့ ဥစ္စာ မပေါတဲ့ လူပြိုကြီးပါ ။ ဒီလောက်ဆို လုံလောက်ပြီ […]


kaiFebruary 21, 20121min62127
၂၀၁၁အောက်တိုဘာလ၂ရက်နေ့မြောက်ပိုင်းကယ်လီဖိုးနီးယှားနဘေျအသစသူ မြို့ စေတော် ဝင်(၂)ဓမ္မစခန်းထီးတော်တင်တွင်ရတနာပုံနေပြည်တော်သတင်းစာအဖွဲ့သွားရောက်သတင်း ယူစဉ် မြောက်ပိုင်းကယ်လီဖိုးနီးယားဆိုင်ရာသတင်းနှင့်ဓါတ်ပုံများ ကူညီပေးပို့လေ့ရှိ သည့်’ဝမ်းကိုကို’၏ မိတ်ဆက်ပေးမှုဖြင့် ထီးတော်တင်ပွဲသို့ မိဘများနှင့် အတူ ရောက်ရှိလာသော မြန်မာဝတ်စုံဝတ်ဆင်ထားသည့် မြတ်မိုးရွှေစင်အားတွေ့ဆုံမေးမြန်းခဲ့ပါသည်။ နာမည်၊မွေးရာဇာတိ၊ယုံကြည်ကိုးကွယ်တဲ့ဘာသာနဲ့မိဘမောင်နှမအကြောင်း… သမီးနာမည်က မြတ်မိုးရွှေစင်ပါ။ အဖေဦးအြွေးကယ်၊ အမေဒေါ်စိုးစိုးမြင့်။မွေးချင်း ၄ယောက်ရှိတယ်။ အမ၃ယောက်ရှိပြီးသမီးက အငယ်ဆုံးပါ။ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာပါ။ မွေးရပ်ဇာတိက မန္တလေးအမရပူရမြို့ကပါ။ အသက်၂၁နှစ်ပြည့်ပြီးပါပြီ။ မြန်မာပြည်ကနေဘယ်တုန်းကအမေရိကားကိုထွက်လာခဲ့တာလဲ၊ ဘယ်အတန်းထိကျောင်းတက်ခဲ့သလဲ၊ ၂၀၀၆ခုဇူလိုင်လ သမီး အသက်၁၆နှစ်အရွယ်မှာ မြန်မာပြည်ကထွက်လာပါတယ်။ မိဘနဲ့ အတူလာတာပါ။ အမရပူရမြို့မှာ သူငယ်တန်းကနေ၁ဝတန်းအထိ ကျောင်းတက်ခဲ့ပါတယ်။ ၁ဝ တန်းစာမေးပွဲတော့ မဖြေဖြစ်ခဲ့ပါဘူး။ အမေရိကားရောက်တဲ့အချိန်မှာ ၁၁တန်းကို စတက်ပါ တယ်။ အခှုင်္ညေမညေခငျခသ ဃငအပ ဃသူနါန မှာ သမီးစိတ်ဝင်စားတဲ့ နြအတသမုငညါ ဘာသာကို တက်နေပြှီးင်္ညေမညေခငျခသှအအေန့ညငလနမျငအပ မှာ […]


kaiFebruary 20, 20121min107244
ယခုလထင်ရှားကျော်ကြားမြန်မာများကဏ္ဍအတွက် ဒေါ်မီမီဝင်းနှင့်စကားပြောဖြစ်ခဲ့သည်။ ဟာဝိုင်ရီတွင်နေထိုင်သော ဒေါ်မီမီဝင်းသည် လက်ရှိအမေရိကအစိုးရ၏အရာရှိတဦးဖြစ်ပြီး  အမေရိကတပ်မတော်တွင်လည်း ဒုဗိုလ်မှုးကြီးတာဝန်ယူထားသူတဦးဖြစ်ပါသည်။ အမေရိကန်တဦးဖြစ်သူ Dr. John Byrd နှင့်အိမ်ထောင်ကျကာ သားသမီး ၂ ဦးထွန်းကားပြီး မိသားစုဝင်အားလုံး အမေရိကပြည်ထောင်စုတွင် နေထိုင်လျှက်ရှိသည်။ ယခုအင်တာဗျူးကို ၂၀၁၁ ဒီဇင်ဘာလကုန်ပိုင်းက ပြုလုပ်ခဲ့ပြီး ဒေါ်မီမီဝင်းမှအင်္ဂလိပ်ဘာသာစကားဖြင့်ပြောထားခြင်းကို မြန်မာလိုဘာသာပြန်ထားခြင်းဖြစ်သည်။ ၁)ကိုယ်ရေးအကျဉ်းပြောပြပေးပါ။ လက်ရှိစာသင်ကြားပေးနေတဲ့ ပါမောက္ခတဦးပါ။ Department of Defense ကစပွန်ဆာလုပ်ထားတဲ့တက္ကသိုလ်Asia-Pacific Center for Security Studies (APCSS)မှာ အာရှပစိဖိတ်ဒေသနိုင်ငံတွေက စစ်တပ်အရာရှိတွေကို စာသင်ပေးရတယ်။ ကျောင်းလာတက်သူတွေထဲမှာ သံတမန်တွေ NGO ကသူတွေလည်းပါပြီး ကျမက စီးပွားရေးနဲ့ပါတ်သက်တဲ့အပိုင်းကို အဓိကသင်ကြားပေးသူဖြစ်ပါတယ်။ ပြည်ထဲရေး၊လုံခြုံရေးနဲ့ပါတ်သက်တာတွေနဲ့ မြန်မာနိုင်ငံနဲ့ပါတ်သက်တာတွေလည်း ရှင်းလင်းသင်ကြားပေးတာပေါ့။ ၂) မြန်မာလူမျိုးတွေရောပါလား? မြန်မာပြည်က NGO တွေလာတက်ပါဖူးပါတယ်။ အစိုးရဖက်ကတော့မလာသေးဘူး၊ […]


black chawJanuary 18, 20125min26216
ိထိတ်ဆုံးမှာ ရှိနေတဲ့ etone ရဲ့ ပို့စ်လေးနဲ့ အင်ဇာဂီ ရဲ့ KAIZEN ပို့စ်လေးအတွက် ဂုဏ်ယူကြောင်းပြောရင်း တံခါးစောင့်ပို့စ် (7-12) ကို တင်ဆက်လိုက်ပါတယ်ဗျာ။ မကျေနပ်စရာ မကြိုက်တာတွေ့ရင် ကွန်းမန့်က ပွင့်လင်းနိုင်ပါတယ်ခင်ဗျာ။ ဒါမှမဟုတ် အားနာရင်လည်း ပီအမ်က တစ်ဆင့်ပြောနိုင်ပါတယ်။ ကြောင်ကြီးရဲ့ နာဒယ်ဟေ့ ဆိုတဲ့ ကဗျာလေးနဲ့ စလိုက်ရအောင်ပါ။ ကဗျာဆိုလို့ နည်းနည်းလေး ကျွန်တော့်ကို စကားအတင်းစပ်ခွင့်ပြုပါ။ ကျွန်တော် ကဗျာ ခံစားမှုမှာ ကျွမ်းကျင်သူတစ်ယောက်မဟုတ်တဲ့အတွက် ကဗျာကို မူရင်းအတိုင်းပဲဖေါ်ပြပေးသွားပါမယ်။ မည်သည့်ကဗျာကိုမဆို မူရင်းကို ဖေါ်ပြပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ကဗျာတွေကို တာဝန်ခံဖတ်ပြီး ခံစားမှုလေးတွေရေးပေးမယ့်သူများ ရှိရင် ရေးပေးကြပါလို့ တောင်းဆိုပါရစေခင်ဗျာ။ အသေးစိတ်ဖို့ကျတော့ ကျွန်တော့်အတွက် အချိန်အခက်အခဲက တော်တော် ပြသနာ ကြီးပါတယ်ဗျာ။ အဲဒါလေးပါ။ […]


ムラカミDecember 16, 20113min30220
ကျမဟာ The Body Shop ကို စတင်ခဲ့ရာမှာ ငွေကြေး လိုအပ်ချက် အရတခုတည်းတော့ မဟုတ်ခဲ့ပါဘူးရှင်။ ကျမ အစောပိုင်းကာလတွေက ကမာ္ဘပါတ်ပြီး ခရီးတွေလှည့်လည်စဉ် ကာလတွေမှာ အတွေ့အကြုံတွေ တပုံတပင် ရခဲ့သပေါ့ ။ စက်မှုခေတ် မရောက်သေးသလိုမျိုး ခံစားရတဲ့ လယ်ယာ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ လူတွေ အထူး သဖြင့် အမျိုးသမီးတွေနဲ့ သူတို့ ရဲ့ ရိုးရာဓလေ့တွေ ကို ခံစား ထိတွေ့ခဲ့ရသပေါ့ရှင်။ မေမေ့ဆိုင်လေး ကလည်း ပြန်အသုံးချလို့ရနေသေးတဲ့ ခွက်အလွတ်တခုကို ဘာကြောင့် လွှတ်ပစ်မှာလဲ ဆိုတဲ့ အတွေးမျိုး ခံစားမှုမျိုး လေး ကျမကို သင်ကြားပေးခဲ့တယ် မဟုတ်ပါလား ။ ကျမတို့ဟာ စစ်ကာလဆိုးကြီးကို ဖြတ်သန်းခဲ့ရတာဆိုတော့ ရှားပါးမှု […]


ムラカミDecember 14, 20112min26721
ကျမနာမည်လား ..ဟုတ်ကဲ့ ကျမနာမည် Anita Roddick ပါရှင်။ Mrs. Roddick ဆိုပါတော့ ကျမ The Body Shop ကိုစ တည်ထောင်ဖြစ်တော့ 1976 ခုနှစ်မှာပါ.. ကျမ ယောက်ျား Gordon ကတော့ အလုပ်တာဝန်တွေနဲ့ တောင်အမေရိက ဘက်ကို လှည့်လည်သွားလာနေရတယ်လေ။ ကျမနဲ့ သမီးငယ် ၂ယောက်အတွက် ဝင်ငွေရစေဖို့အတွက် Gordon ပေးတဲ့ idea လေးကိုယူပြီး တပါတ်မှ ပေါင်၃၀ဝ ဖိုးလောက် ရောင်းရရုံ တကယ့်ကို သေးသေးလေး စတင်ခဲ့တာပါ။ စီးပွားရေးရာ နဲ့ ပါတ်သတ်ပြီးတော့တော့ ကျမမှာ အတွေ့အကြုံရော သင်ယူလေ့လာထားမှုရော မရှိဘူးလို့ ဆိုနိုင်ပါရဲ့ရှင်။ စွန့်ဦးတီထွင်မှု ဆိုတာ ရှင်သန်ပေါက်မြောက်ရာ လမ်းကြောင်းလို့ ဘယ်သူမှ ကျမကို မပြောခဲ့ဘူးလေ.. […]


ムラカミDecember 9, 20112min19614
ကျမကို ၁၉၄၂ခုနှစ်မှာ Littlehampton ဆိုတဲ့ အင်္ဂလန်နိုင်ငံ ကဆိပ်ကမ်းမြို့ သေးသေးလေးမှာ မွေးဖွားခဲ့တာပါ။ ဒုတိယကမာ္ဘစစ်ရဲ့ ဗုံးခို ဖို့အတွက် နေပယ်မြို့က ပြောင်းရွှေ့လာတဲ့ အီတာလျံ ရွှေ့ပြောင်း၂ဦးဟာ ကျမ ရဲ့ မိဘ၂ပါးကတော့ ပေါ့။ ကျမ မေမေက ကော်ဖီဆိုင်လေးဖွင့်တယ် ..အဲ့သည့် ဆိုင်ကလေးကနေပဲ ကျမ ကို Recycling ရဲ့ သန္ဓေကို တည်စေခဲ့တာပါ။ ကျမ အသက် ၉နှစ်မှာပဲ ဖေဖေနဲ့ မေမေ ကွာရှင်းပြတ်ဆဲကြတယ်လေ။ Uncle Henry ဆိုတဲ့ ဖေဖေ့ cousin နဲ့ ကျမ မေမေ နောက် အိမ်ထောင်ပြုခဲ့ပါတယ်။ ဝမ်းနည်းစရာ တခုကတော့ Uncle Henry ဟာ သက်ဆိုးမရှည်ခဲ့ရှာဘူး ၊ မေမေနဲ့ လက်ထပ်ပြီး […]


kaiNovember 14, 20111min34437
  ၁၉၉၁ခုနှစ်မှ၂၀၁၁ခုနှစ်အထိ ယူနီဆက်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ဖေဖေါ်ဝါရီလ၌ ကမ္ဘာ့ကုလသမဂ္ဂ၏ အမြင့်ဆုံးရာထူးများထဲမှ တခုအပါအဝင် ဖြစ်သည့် ယူနီဆက်၏ တရုတ်နိုင်ငံဌာနေကိုယ်စားလှယ်အဖြစ်မှ အငြိမ်းစားယူခဲ့ သော ဒေါက်တာရင်ရင်နွယ်သည် အမေရိကနိုင်ငံ တောင်ပိုင်းကယ်လီဖိုးနီးယားသို့ ခေတ္တအလည်အပတ်ရောက်ရှိလာစဉ်ကိုဖီးလစ်ထွန်း(အရီဇိုးနား)၏ မိတ်ဆက်စီစဉ် ပေးမှုဖြင့် ၂၀၁၁ခုနှစ် မေလ၁၆ရက်နေ့၌ ရတနာပုံနေပြည်တော်သတင်းစာမှ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ ဒေါက်တာရင်ရင်နွယ်ရဲ့ကိုယ်ရေးရာဇဝင်အကျဉ်း…  ဇာတိကရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့။ စစ်ပြီးခေတ်မှာမွေးပါတယ်။ အဖေ က ကျိုင်းတုံစော်ဘွားကြီးရဲ့သား စဝ်ဆိုင်မိုင်းမင်းရဲ (Sao Saimong Mangrai)အမေက ဒေါ်မီမီခိုင်(ကမ္ဘောဇကျောင်းအုပ်) မွန်လူမျိုးဆိုတော့ ရှမ်းနဲ့မွန်ကပြားလို့ပြောရမှာပေါ့။ ညီမ ဒေါ်သီသီတာ(ရန်ကုန်)၊ မောင်လေး စဝ်ခိုင်မိုင်း(Sao Khai Mong)USA မောင်နှမ၃ယောက်ပါ။ ငယ်စဉ်ကလေးကျောင်းသားဘဝမှာ အမေတည်ထောင်ထားတဲ့ ကမ္ဘောဇကောလိပ် လို့ခေါ်တဲ့ကျောင်းမှာ ၁ဝတန်းအထိတက်ခဲ့တယ်။ ၁ဝတန်းစာမေးပွဲကြီး ဖြေခါနီးမှာ အမေ့ရဲ့ကျောင်း ပြည်သူပိုင်သိမ်းခံရတဲ့အတွက် ကမ္ဘောဇကျောင်းကနေ […]


KyaemonNovember 7, 201113min1131
အမေရိကန်နိုင်ငံနဲ့တရုပ်နိုင်ငံ တို့ရဲ့စီးပွါးရေးနှစ်ရပ် မှာပြန်လည်ခွဲခွါပစ်လို့မရလောက်အောင် တခုတည်းသောစီးပွါးရေး စနစ်ကြီး အဖြစ် အရမ်းပူးပူးကပ်ကပ် ပူးပေါင်း ပေါင်းစည်းသွားပြိဖြစ်ကြောင်း Karabell  ကပြော၊ ကမ်ဘာ့စီးပွါးရေး ကောင်းမွန်တိုးတက်ဘို့အရေး မှာ ယင်းသို့ပူးပေါင်းလိုက်တဲ့စီးပွါးရေးအ ပေါ်အမှီသဟဲ  ပြု နေရတယ်လို့ပြော The U.S.-Chinese Economic Relationship: Symbiotic or Antagonistic (Video) – YouTube http://www.youtube.com/watch?v=_Ks69n73UMY The U.S.-Chinese Economic Relationship: Symbiotic or Antagonistic (Video) Uploaded by cfr on May 18, 2011 ORIGINALLY RECORDED October 15, 2009 Watch experts discuss the U.S.-Chinese economic relationship […]


KyaemonNovember 7, 201121min1524
  ————————————————————————————————————————————————————- “အလုပ်လက်မဲ့နှုန်း၊ (၉.၆) ရာခိုင်နှုန်းကြီးဖြင်၊့ နှစ်ချီပြီး ကြာမြင့် ခဲ့ရခြင်း အကြောင်းရင်းကို အမေရိကန်နိုင်ငံရေးသမား တွေက မိမိတို့ရဲ့ပြည်သူများ အား အဖြေမပေးနိုင်လို့ ငွေလဲလှယ်နှုန်းကို ချယ်လှယ်တယ်ဆိုပြီး၊ တရုပ်ကြီးကိုဘဲ အလွယ်တကူ လွဲချ ပုံချ တော့တယ်၊ဝမ်းနဲစရာ ပါဘဲ၊” —————————————————————————————————————————————————————————————————– Stephen Roach: The Future of China – YouTube http://www.youtube.com/watch?v=np83fgGOJKs&feature=related Uploaded by YaleUniversity on Nov 1, 2010 Mr. Roach has spent twenty-eight years in senior positions at Morgan Stanley — the bulk of […]