who whoDecember 7, 20111min521
ဒီတစ်လော ကျနော်တော့ အနိုင်ကျင့်ခံနေရတယ်။ ဘယ်သူကအနိုင်ကျင့် တာလဲဆိုတော့ဒီခန္ဓာကြီးကပေါ့။ သူ့ကိုဂရုစိုက်နေရတဲ့ကြားက ကလန်ကဆန် လုပ်နေတယ်လေ။ နေ့စဉ်နေ့တိုင်း ဒီခန္ဓာကြီးကို အဆင်ပြေအောင် ပြုပြင် နေရတာအားလုံးလည်းသိပြီးသားပါနော်။မနက်ထကတည်းက ခန္ဓာရဲ့ အညစ်အကြေးတွေ သုတ်သင်သန့်ရှင်း ပေးရတယ်။ နောက် အစာကျွေးရတယ်။ အဝတ်လဲ ပေးရတယ်။ စားချိန်ကျ အချိန်မှန် ကျွေးမွေးရတယ်။ အချိန်လေးများ နောက်မကျလိုက်နဲ့ ဆန္ဒပြလာပြီ။ ဆာလာပြီ၊ ဂွီဂေါ်နဲ့ အော်လာပြီ။ ဒါကို ဂရုမစိုက်ဘဲ ပစ်ထားကြည့်ပါလား။ လပေါက် ကုရပြီသာ မှတ်တော့။ ကျနော်ဆို သူ့ကို အလိုမလိုက်တော့ အခုဆို ခဏခဏ ဒုက္ခတွေပေးလိုက်တာ။ ကျနော်က ဒီခန္ဓာကြီးကို ခံနိုင်ရည်ရှိဖို့ပဲ အကျင့်လုပ်ပေးချင်တယ်။ ဒီတော့ အားဆေးလည်း နေ့တိုင်းမသောက်ပါဘူး။ ဆရာဝန်က ဘယ်လိုပြောပြော။ ဖြစ်မှပဲ ကုပေးလိုက်တယ်။ မပြောချင်ဘူး။ သူ့ကို […]


uzinDecember 4, 20111min20317
နံပါတ်(၅)ကတော့ တစ်နေ့တစ်နာရီ ကျောင်းကိုလာပြီး ဝိပဿနာ တရားနာရန် မှာကြားတဲ့ မေတ္တာရှင်ရဲ့ စကားကို မစိုးရိမ်စာသင်သားက “၎င်းရေးသားချက်အတိုင်း မှန်-မမှန် သံသယဖြစ်ဖွယ်ရှိသည်။ မည်သည့် ကျမ်းဂန်အရ ရေးသားထားသည်ကို တောင်းဆိုရန် သင့်လျော်ပါသည်။ အဘယ်ကြောင့်ဆိုသော် အရေးကြီးဆုံးအချက်မှာ ဝိပဿနာ တရားကို သွားနာရုံမျှဖြင့် မဂ်ဖိုလ်ရနိုင်-မရနိုင် သုံးသပ်ကြည့်သင့်ပါသည်။” ဟု ဝေဖန်ထားပါသည်။   အရှင်ဓမ္မရက္ခိတ ဆရာတော်၏ သုံးသပ်ချက် ဝေဖန်ရန်မလိုအပ်တဲ့ ဝေဖန်ချက်ပါ။ တစ်နေ့တစ်နာရီ ကျောင်းကိုလာပြီး ဝိပဿနာ တရားနာကြားတာဟာ ကောင်းတဲ့အမှုဖြစ်လို့ပါ။ တစ်ခု သတိပြုရမှာက ဟောကြားသူက ဗုဒ္ဓ ဘုရားအလိုတော်အတိုင်း ဟောနိုင်တဲ့ သပ္ပူရိသသံသေဝ ပုဂ္ဂိုလ်ဖြစ်ဖို့ပဲ လိုမှာပါ။ ဓမ္မပဒ ဝတ္ထုတော်မှာ တရားနာယူပြီး သောတာပန် ဖြစ်သူတွေ ကုဋေပေါင်းများစွာ ရှိနေခြင်းက တရားနာရုံမျှဖြင့် အရိယာဖြစ်နိုင်တာကို […]


uzinDecember 4, 20111min1264
ကဲ ထိုအရှင်နှစ်ပါးရဲ့ အငြင်းပွားမှုကို လေ့လာကြည့်ကြရအောင်။ ပထမဆုံး တွေ့ရတာက မေတ္တာရှင်ရဲ့ ကိုယ်တွေ့ အလုပ်ပေး ဝိပဿနာ တရားတော် အပိုင်း(၁) စာမျက်နှာ (၁၀)မှာ ဖော်ပြထားတဲ့ “လှူချင်တန်းချင် ပေးကမ်းချင်တဲ့ သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ် ဖြစ်ဖို့လည်း ရခဲတယ်” ဆိုသော စကားကို မစိုးရိမ်စာသင်သားက ”မှန်-မမှန်” သံသယဖြစ်ဖွယ် ရှိသည်ဆိုသော စကားနဲ့ စထားပါတယ်။ မှားတယ်လို့တော့ မပြောပါဘူး။ မည်သည့် ပမာဏအရ ရေးသားထားသည်ကို တောင်းဆိုရန် သင့်လျော်ပါသည်” ဆိုပြီး ပညာရှိဆန်ဆန် ရေးသားထားတာ တွေ့ရပါတယ်။ ”ဒါနာ တစ်ဆင့်တည်းမျှဖြင့် ဗုဒ္ဓ သာသနာတော်ဆိုင်ရာ သဒ္ဓါတရားအတွက် ပြည့်စုံသော ရေးသားချက် မဖြစ်နိုင်လို့လည်း မှတ်ချက်ပြုထားပါတယ်။ ဒီအကြောင်းကို အရှင်ဓမ္မရက္ခိတ ဆရာတော်မှ ယခုကဲ့သို့ သုံးသပ်ထားတာကို တွေ့ရပါတယ်။ […]


who whoDecember 4, 20111min24441
ကျွန်တော်တော့ ရပ်ကွက်တိုင်းလိုလိုမှာ သိပ်ကို ခေတ်မီ ဖွံ့ဖြိုးတိုးတက် စည်ကားနေကြပါသော ဘီယာဆိုင်၊ ရက်ဆိုင်တွေကို တွေ့ရတိုင်းအော့ နှလုံးနာလွန်းလို့ ဒီစာလေးကို ရေးဖို့ဖြစ်လာပါပြီ ။ ညတိုင်း တရားပွဲက ပြန်လာရင် အုန်းအုန်းထ စည်းကားနေတဲ့ မြို့တော်ရဲ့ ကျက်သရေဆောင် ဘီယာဆိုင် တွေဟာလေ ရပ်ကွက် တစ်ခုမှာ အနည်းဆုံး (၄) ဆိုင်လောက်က တော့ ရှိနေပါပြီ ။ ဒါသည်ပင် အနာဂါတ် ရဲ့ သားဆိုး ရ တာ နာ တွေ ၊ ဖခင် ဆိုး အရက်သမားတွေ ၊ … … … သိပ်တော့ မရေးချင်တော့ပါဘူး ။ ဒီလို ဒယ်အိုး သွားမယ့် လူတွေ စုဝေးရာနေရာ ဆိုရင်ပဲ […]


ဘဘDecember 1, 20111min1209
ပြီးခဲ့တဲ့ အပတ်က ဗုဒ္ဓမြတ်စွယ်တော် ရန်ကုန်မြို့ကိုကြွလာလို့ ၊ ကြုံတုံးကြုံခိုက် ဖူးရအောင်ဆိုပြီး အလုပ်ပြီးတာနဲ့တန်း အိမ်ပြန်ရေချိုး ပြီး ကမာ႓အေးဘက်ကို ချီတက်ခဲ့ပါတယ်။ များလိုက်တဲ့သူတွေဗျာ၊ ဪသူတို့လဲကို့လိုပဲပေါ့။ ကုသိုလ်ဖြစ်ရေဝေတဲ့သူတွေ၊ သွားလာရလွယ်အောင် အခမဲ့ကားစီစဉ် ပေးတဲ့သူတွေ၊ အခြားကုသိုလ်ယူနေတဲ့သူတွေလဲအားကြီး။ အဲဒီလိုနဲ့တန်းစီ လာလိုက်တာ ည ၈နာရီကျော်လာပါရော။ ကို့ရှေ့မှာလူတန်းလဲနဲလာပြီ။ ဖူးရတော့မယ် ၊ငါတော့အညောင်းခံရကျိုးနပ်တော့မယ်ဆိုပြီး ပျော်ရမယ်မှမရှိသေး၊ ကားတန်းကြီးဝင်လာပြီး ” VIP လာလို့ ပါ၊ သူတို့ ဖူးပြီးရင်၊ ၉နာရီကျော်ပြီမို့ နောက်နေ့မှလာရမယ်”ဆိုပါလား။ သဘောက ပြန်ပေတော့ မစဉ်းစားနဲ့ ပဲပေါ့။ အဲဒီ VIP ကြီးရယ် ခင်ဗျားမလာခင်ထဲက ဟောဒီလူအုပ်ကြီးက အစာခံ ၊ အညောင်းခံ ပြီး တန်းစီနေတာပါ။ ဒီနေ့ညနေ တော့ မစုံတာကြာပြီ ဖြစ်တဲ့သူငယ်ချင်းတွေနဲ့ တွေ့ဖြစ်ပါတယ်၊ […]


who whoNovember 30, 20111min1229
“ မိခင်သည် သားသမီးများကို ဝမ်းနဲ့လွယ်လို့ ယောနိက မွေးပေးသည် ” “ဆရာ/မများသည်တပည့်များကို နှလုံးသားနဲ့လွယ်လို့ပါးစပ်က မွေးပေးသည်”တဲ့။ ကြားခဲ့ဖူးတဲ့စကားလေးတစ်ခွန်း။ သိပ်အဖိုးတန်တဲ့ စကားလေးနော်။ သေချာစဉ်းစားကြည့်တော့ ဟုတ်လိုက်တာ၊ မှန်လိုက်တာလို့ ပိုပြီးမြင်တတ်လာတယ်။ မိဘက သားသမီးတွေကို မွေးထုတ်ပေးလို့ အရွယ်လေးရောက်တော့ (၃)နှစ်၊ (၄)နှစ်လောက်လည်းရောက်ရော မူကြိုကစပြီး သက်ဆိုင်ရာ ကျောင်း အသီးသီးကို အပ်နှံကြရတယ်။ အဲဒီကစလို့ ဆရာ/မများရဲ့ လက်ထဲမှာပဲ ဒီကလေးလေးတွေရဲ့ လိမ္မာယဉ်ကျေးမှု့ကစလို့ ပညာပိုင်းဆိုင်ရာ အားလုံးကို အပ်ထားရပါပြီ။ ဆရာ/မများကလည်း မိမိတို့ထံ အပ်နှံထားသော တပည့်များကို နှလုံးသားနဲ့လွယ်လို့ နှုတ်ဖျားကနေ လိမ္မာ စေမယ့် စကားလုံးလေးတွေ နေ့စဉ်မွေးထုတ်ပေးနေရတယ်လေ။ အသိဉာဏ်ကြွယ်စေဖို့အတွက် စကားလုံးမျိုးစုံသုံးလို့ နေ့စဉ်နေ့တိုင်း မွေးထုတ်ပေးနေရတာမို့ ဒီဆရာ/မ တွေရဲ့ ကဏ္ဍဟာ အရေးကြီးဆုံးလို့တောင် ပြောလို့ရနေပါပြီ။ […]


mandalarthuNovember 30, 20112min37235
ပြီးခဲ့တဲ့ တနင်္ဂနွေနေ ့(၂၇-၁၁-၂၀၁၁)နေ ့နေ ့လည် က မမျှော်လင့်ဘဲ ကျွန်မအလွန်ထူးဆန်းသော ဘုရားတဆူကို ဖူးခွင် ့ကြုံခဲ ့ရပါတယ်။ သူငယ်ချင်းရဲ အိမ်မှာ “ရွှေကံကူလေပျံသစ်တော်” ရုပ်ရှင်တော်မြတ် ပင့် ဆောင် ပူဇော်ပွဲ  နှင် ့ဘုရားအနေကဇာတင် တိုက်တက်ပွဲ ကို လာရောက် ရန် ဖိတ်ကြားခဲ ့သောကြောင့် သွားရောက်ခဲ ့ရာမှ အလွန်ထူးဆန်းသော“ရွှေကံကူလေပျံသစ်တော်” ဘုရား ကို ဖူးမျှော်ခွင် ့ရခဲ ့ပါတယ်။ နေရာက ၃၉x၄ဝကြား ၊၆၅x၆၆လမ်း ကြား၊နဝရတ်လမ်းသွယ်မှာ ဖြစ်ပါတယ်။အဲဒီမှာ (၂၆-၁၁-၂၀၁၁)နဲ ့(၂၇-၁၁-၂၀၁၁) ထိ နှစ်ရက် အပူဇော်ခံပြီး (၂၈-၁၁-၂၀၁၁)မှာ စိန်ပန်းမှာ (၁)ရက်အပူဇော်ခံကာဒီနေ ့ (၂၉-၁၁-၂၀၁၁)မှာတော ့ရန်ကုန်ကို ဒေသစာရီ ခရီးကြွမြန်းအပူဇော်ခံမှာဖြစ်ပါတယ် “ရွှေကံကူလေပျံသစ်တော်” ဘုရားရဲ […]


maungmoenyoNovember 29, 20111min22718
ယုံချင်ယုံမယုံချင်နေ။ ဒိကိစ္စကမနေ့ကပြီးသွားတဲ့ မြန်မာနိုင်ငံတော်သံဃနာယကအဖွဲ့ကြီးရဲ့ (၄၇)ပါးစုံညီ အစည်းအဝေးမှာ၊ တညီတညွတ်ထဲဆုံးဖြတ်လိုက်တဲ့ သတိပေးတားမြစ်ချက်တွေပါ။ အဲ့ဒီအပြင်ဒီကိစ္စတွေပါပညတ်လိုက်ပါတယ်။ –       ဒါယကာ/မ များအထင်ကြီးအောင် ထင်ယောင်ထင်မှား အစွမ်းအစရှိသယောင်ဟောပြောခြင်း။ –       ဒေါသ၊ မာနကြီးခြင်း။ –       ဗေဒင်၊ ဆေးကု၊ ဓါတ်ရိုက်ဓါတ်ဆင်၊ အင်းအိုင်လက်ဖွဲ့များစီရင်ခြင်း၊  ချဲထီအစရှိသောကိစ္စများ ဆောင်ရွက်ပေးခြင်း –       ယင်းကိစ္စများနှင့်အသက်မွေးဝမ်းကျောင်းပြုခြင်း။ –       လာဘ်ပါသကလက်ခံ၍ ဆောင်ရွက်ပေးခြင်း ကိစ္စများ။ –       မြှူဆွယ်ဖြားယောင်၍ ကိစ္စပြီးမယောင် ထင်ယောင်ထင်မှား လုပ်ခြင်း။ ဆောင်ရွက်ပေးမည်ဟုပြောဟောပြီး ဆောင်ရွက်ခြင်း။ –       ကိလေသာတရားနှင့် ဝိနည်းနှင့်မည ီညွတ်သော အကြံအစည်အပြုအမူ ပြုလပ်ခြင်း။ မောင်မိုးညို မနေ့ကသတင်းစာမှာဖတ်လိုက်ရတော့ ကိုယ့်မျက်စိကိုယ်မယုံနိုင်သလိုဖြစ်သွားပါတယ်။ ခုတလော မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတိမ်တောင်ပြောင်းလဲမှုတွေ ခြေလှမ်းသွက်လာနေတဲ့ကြားထဲက၊ ဒိသတင်းထွက်လာတော့ တော်တော်အံ့ဩသွားသလို၊ စိတ်ချမ်းသာစရာ သာသနာသန့်စင်ရေး ခြေလွမ်းတခုအနေနဲ့ အဖြစ်မြင်လိုက်မိပါတယ်။ […]


loneNovember 28, 20111min20330
ဗုဒ္ဓမြတ်စွယ်တော်ပုံကို facebook myanmar sky link မှာတွေ့လို့ အားလုံး ကို ပြန် share လိုက်တာပါ… အရင်ပို့စ်တွေမှာလိုက်ကြည့်တော့တင်ထားတာမတွေ့လို့ပါ…တင်ပြီးသား ဆိုရင်တော့ အားလုံးပဲ…(lone မှားတာရှိရင်တောင်းပန်ပါတယ်…lone ဘက်ကမှားတာပါ..ရွာသူရွာသားအားလုံးအမှန်ပဲလေ..) လေးစားစွာဖြင့် lone…:)


who whoNovember 28, 20111min28226
တစ်ခါက မုဆိုးလင်မယား နှစ်ယောက်ရှိတယ်။ မိန်းမ ဖြစ်သူက မုဆိုး အလုပ်လုပ်နေတဲ့ ယောက်ျားဖြစ်သူကို ဒီအလုပ်လုပ်တာ မကြိုက်ရှာဘူး။ ဒါနဲ ့တစ်နေ ့တော့ သူ ့ယောကျာ်းကို ရှင် ဥပုသ်လေး ဘာလေး စောင့်ပြီး တရားလေး ဘာလေးလုပ်ပါဦးလား။ ရွာထိပ်က ဘုန်းကြီးကျောင်း သွားပေါ့ ဆိုပြီးလွတ်လိုက်တယ်။ အဲဒီမှာ မုဆိုးကြီးကလည်း စိတ်လိုလက်ရ သွားရှာတယ်။ ဘုန်းကြီးကျောင်း ရောက်လို့ ဘုန်းကြီးကို ကန်တော့ပြီး တပည့်တော်ကို တရားတစ်ပုဒ် လောက် တိုတိုတုပ်တုပ်လေးဟောပေးပါဘုရားလို့ တရားတောင်းတယ်လေ။ ဒီတော့ ဘုန်းကြီး ပေးလိုက်တဲ့ တရားလေး က “ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ ” တဲ့ ။ ဒါအတိုဆုံး တရားပဲတဲ့။ ဒီတော့ မုဆိုးကြီးက အံ့ဩသွားတယ်။ အရှင်ဘုရား တပည့်တော်ဟာ […]


kotun_mdyNovember 27, 20111min670
ဗဒုံမင်းသည် သုတ္တန်ဒေသနာတော်ကို လွန်စွာနှစ်ချိုက်၏။ ထို့ကြောင့် မောင်းထောင် ဆရာတော်ကိုပင့်၍ သုတ္တန်ဝိနည်း ကျမ်းအထွက်များကို ဟောပြောစေ၏  အမိန့်တော်များ ၁၀၄ဝ (ရှေးဟောင်း ) (၂၉-၆-၁၈၁၂)   သို့ရာတွင် သံဃာတော် တို့သည် သုတ္တန်တရားတော်အတိုင်း မကျင့်ကြံဟု အယူ ရှိပြန်သောကြောင့် သီဟိုဠ်ကအမတ် ပရမရာဇဂုရုဓမ္မဓဇပဏ္ဍိတ ရွှေဘဝါးတော်အောက် ရောက်သည့်အမှုမှာ သီဟိုဠ်ကျွန်းတွင် သာသနာတော် မစည်မထွန်းမပွင့်မလင်းရှိသည်ကို စည်ထွန်း ပွင့်လင်းအောင် ပြုစုစောင့်ရှောက်တော် မူပါမည့် အကြောင်းနှင့် လျှောက်ထားချက်ပါသည်။ ရွှေပြည်တော်မှ စ၍ နိုင်ငံအတွင်း ကျင့်ဆောင်ကြသည်မှာလည်း ဘုရားသခင် ဟောတော်မူသည့် သုတ္တန်တရားတော် ထင်ရှားရှိလျက် သုတ္တန်အတိုင်း အကျင့်မမှန်မကန် ကျင့်ဆောင်ရှိနေကြသည် ဖြစ်သည်။ သီဟိုဠ်ကလာသည့် အမတ်တို့ကို သီဟိုဠ်မှာ အကျင့်အဆောင် အနေအထိုင် မည်သို့ဖြစ်သည်။ နိုင်ငံတော်မှာ လည်း […]


kotun_mdyNovember 26, 20111min843
မြန်မာသမိုင်း အထောက်အထားများ အထက်ပါ သမိုင်းသုတေသန စာစောင်(၁)မှ တိုင်းပြည်ဘုရင်၏ ထူးခြားအမိန့်တော်အား ဗဟုသုတ ရစေရန် ထုတ်နုတ်တင်ပြအပ်ပါသည်။ ဗဒုံမင်းသည် ရှင်ဗုဒ္ဓဃောသ စီရင်သည့် အဋ္ဌကထာများကို သံသယရှိတော်မူခဲ့သဖြင့်လည်း ဆရာတော်တို့က သွင်းသည့်စာတွင် ပါဠိတော်ကို အခိုင်ပြု၍ သွင်းချက်ပါသည်။ ပါဠိ အဋ္ဌကထာကိုလည်း ရှင်ဗုဒ္ဓဃောသ ရေးသည့်စာဖြစ်ကြောင်းကို အစဉ်အဆက် စွဲလမ်းမှတ်သား ပြောဆိုကြသည်။ ဗုဒ္ဓဃောသလည်း ငါ့ဆရာ ငါကဲ့သို့ တတ်ပါမည်လော၊ ဘုရားလည်း ငါကဲ့သို့ တတ်ပါမည်လော၊ အကြံဖြစ်ကြောင်းကို ဆရာသိသောကြောင့် ဗုဒ္ဓဃောသကို ဆရာက ဗြဟ္မာဒဏ်ပေး၍ သီဟိုဠ်မှာ ပိဋကတ်ကို ကူးယူစေသည်တွင် သီဟိုဠ်ဘာသာ စာများကို အကုန်မီးပူဇော်၍ ဗုဒ္ဓဃောသ ရေးသားပြုစုသည့် ပိဋကတ်ကိုသာ ထားကြောင်းနှင့် ဆိုသည်။ ဗုဒ္ဓဃောသသည် လူကိုထား၍ သကြားဗြဟ္မာ တုံသော်လည်း မကြံဘူး […]


အချောင်မလိုချင်ကြပါနဲ့ လူသားအားလုံးဟာ လောကကြီးထဲမှာ ကျင်လည်နေရသမျှကာလပတ်လုံး သူ့နေရာနဲ့သူ ရောက်ရာဘုံဌာန၊ သတ္တဝါအမျိုးအစားအလိုက် တာဝန်ကိုယ်စီ အလုပ်လုပ်ကြရဦးမှာပါ။ မိမိတို့ဟာ လူရယ်လို့ဖြစ်လာရင်တော့ အသက်အရွယ်အလိုက် တာဝန်ယူဆောင်ရွက်ရမဲ့ အလုပ်ကိစ္စများ ကိုယ်စီကိုယ်စီ ရှိလာကြပါတယ်။ အဲဒီလို လူဖြစ်လာလို့ လူ့တာဝန်ကို မဆောင်ရွက်ဘဲ အလကားနေ၊ အလကားစား၊ ပေါ့ပေါ့နေပေါ့ပေါ့စား လုပ်နေမယ်ဆိုရင် အဲဒီလူဟာ အလိုအလျောက် အချောင်သမားဘဝကို ရောက်သွားပါတယ်။ အဲဒါကြောင့် ရရှိလာတဲ့ လူ့ဘဝလေးမှာ မိမိမျက်မှောက်တာဝန်များကို ကျေပွန်အောင် သိက္ခာတရားနဲ့အတူ ကိုယ်ကျင့်တရားကောင်းအောင် နေရမှာဖြစ်သလို အနာဂတ်ဘဝကောင်းစားရေးအတွက်လည်း ကောင်းမှုတွေနဲ့ ရှင်သန်ပေးနေရမှာပါ။ တချို့က မိမိကောင်းစားရင် ပြီးရောဆိုပြီးတော့ တရားတာ၊ မတရားတာကို ဂရုမစိုက်၊ ဘာမှအလေးမထားဘဲ ရရာနည်းနဲ့ ဖြတ်လမ်းနည်းများအသုံးချကာ ဥပဒေဘောင်ပြင်ပက အလုပ်များဖြင့် မိမိဘဝကို ရှင်သန်ကြတဲ့လူတွေဟာ တော်တော်လေးကို ဘဝနာတဲ့လူတွေလို့ ဆိုရမှာပါ။ […]