who whoSeptember 24, 20111min1176
ခုတလော အလွန်ခေတ်စားနေသော အအေးလှိုင်းဖြတ်မယ် ဆိုတဲ့ သတင်းကို ဂျာနယ်တွေထဲမှာပါ သတိပေးလို့ ရေးထားတာကို ဖတ်လိုက်ရပါ တယ်။ အင်း…အပူလှိုင်းကတော့ ၂၀၁ဝ မေလပိုင်းလောက်တုန်းက ကိုယ်တွေ့ ကြုံခဲ့ပြီးသားမို့ တော်တော်ဆိုးတာ သိနေပါပြီ။ ထိသမျှ အရာတိုင်းမှာ အပူဓါတ်တွေ ထုတ်ပေးနေတာကြောင့် လူတိုင်းလိုလို ဒီဒုက္ခကို အကြီး အကျယ်ကို ခံခဲ့ကြရပါတယ်။ တစ်ချို့ သဘာဝကို အန်တုလို့ လေအေးပေး စက်တွေနဲ့ ပြုပြင်ရင်းက ဆန့်ကျင်ဘက်ဖြစ်သွားတဲ့ ဒဏ်ကို မခံနိုင်ပဲ ဦးနှောက် သွေးကြောပြတ်တဲ့အထိ ဆိုးရွားစွာ အသက်နဲ့လဲသွားခဲ့ရတာတွေ လည်း ကြားဖူးကြမှာပါနော်။ အင်း ဘာလှိုင်းပဲလာလာ လန့်နေကြရတဲ့ အနေ အထားတောင် ရောက်နေပါပြီ။ ဒီထဲကမှ တစ်ရက်တည်း အတွင်း အအေးရော အပူလှိုင်းပါ ပြုံကျမယ်ဆိုရင်တော့ ဘာပြောကောင်းပါ့မလဲနော်။ ဒါပေမယ့် […]


ပစ္စုန္နကမ္မဝါဒဗုဒ္ဓဘာသာဆိုပြီး ထေရဝါဒဗုဒ္ဓဘာသာအဖြစ်မှ ခွဲထွက်ခဲ့ သူ ဆရာတော် အရှင်ဉာဏ(လူတို့ ခေါ်ဝေါ်သမုတ်ကြသော မိုးပြာဂိုဏ်း)၏ ဖြစ်ရပ်မှန်ကို အမှန်ကျ သိရှိနိုင်စေရန်အတွက် ဘာ့ကြောင့် ပစ္စုပ္ပန္နကမ္မဝါဒ ဗုဒ္ဓဘာသာဟူ၍ ပေါ်ပေါက်လာရပုံကို တင်ပြလိုက်ပါသည်။ အမှန်တရားကို သိရှိပြီး လောကငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် ရည်မျှော်ပါသည်။   ဓမ္မဝိဟာရီ ကြေငြာစာတမ်း ကျွန်ုပ်တို့သည် (၁၃၄၄ ခု ပြာသိုလ်လဆုပ် ၁၃ ရက်) ၁၀-၂-၈၃ ည (၁ဝး၃၀) နာရီအချိန်၌ ဓမ္မဝိဟာရီအဖြစ် ရောက်ခဲ့ကြပါသည်။ ကျွန်ုပ်တို့နှင့် စပ်လျှဉ်း၍ တာဝန်ရှိသူများ ဓမ္မဓိဋ္ဌာန်ကျကျ သိမြင်နိုင်ကြရန် ဤကြေငြာစာ တန်းကို ထုတ်ပြန်ရခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ပြီးခဲ့သောအချိန်များက ထေရဝါဒဗုဒ္ဓဘာသာ ဘုန်းကြီး ဘဝ၌ မထေရ်နှင့် မဟာထေရ်များအဖြစ် ရောက်အောင်နေထိုင်ခဲ့ကြပြီး ပရိ ယတ်၊ပဋိပတ် နှံ့စပ်ကြိုးကုတ် […]


who whoSeptember 23, 20111min864
ကျနော်နဲ့ ရေစက်လို့ ပြောရမလားပါပဲ။ ဘယ်လိုကြောင့်များပါလိမ့် ။ ဒီလို မြင်ကွင်းတွေက ရှေ့မှာ အမြဲရောက်ရောက်လာတတ်တာလေ။ ငယ်ကတည်းက ခုထိပါပဲ။ ကျနော့စာကြည့်စားပွဲလေး က ပြူတင်းပေါက်နဲ့ တည့်တည့်လေ။ အိမ်ပေါ်ထပ်မှာလည်း ဖြစ်ပြန်။ ပြူတင်းပေါက်နဲ့ကလည်း တည့် နေလေတော့ မမြင်ချင်မှ အဆုံးပါပဲ။ ဘာဓါတ်လဲတော့မသိပါဗျာ။ လမ်းသွားတွေထဲကလည်း သွားရင်း လာရင်းက ထသတ်ကြရင် ကျနော့မြင်ကွင်းရှေ့ရောက်မှချည်းပါပဲ။ ဒါမျိုးက ဘာလို့များ တိုက်ဆိုင် သလဲမပြောတတ်တော့ပါဘူး။ တခြားနေရာမှာ ပေါက်ကွဲရင် ရရဲ့သားနဲ့။ ကျနော်အေးအေးဆေးဆေး စာကြည့်နေချိန်မျိုးမှ စာရေးနေချိန်မျိုးကျမှ ရှေ့တည့်တည့်ကနေ ဖြစ်လိုက်ကြတဲ့ ရန်ပွဲတွေလေ။ ခုလည်းကြည့်ပါဦး။ စာရေးတဲ့ထဲ ဈာန်ဝင်နေပါတယ်ဆိုမှ…..။ မလှမ်းမကမ်းမှ ဆူညံဆူညံ အသံများက နားထဲ ကျယ်လောင်စွာ ဝင်ရောက် လာပါတယ်။ ဒါနဲ့ အသံလာရာသို့ လှမ်းကြည့်လိုက်တယ်ဆိုရင်ပဲ လမ်းဒေါင့် […]


who whoSeptember 22, 20111min1289
မှတ်မှတ်ရရ တနင်္ဂနွေနေ့ ညပိုင်း အားတာနဲ့ ရွှေကျီးမြင်ဘုရား သို့ တရားနာရန် အပြေးအလွှား သွားခဲ့သည်။ တစ်ပတ်မှ ဒီတစ်ရက်ပဲ အားရတာမို့ ခါတိုင်းလည်းတရားပွဲရှိနေမှန်း သိပေမယ့် သွားခွင့်မရခဲ့ဘူးလေ။ ဘယ်ဆရာ တော်ပဲဖြစြ်ဖစ် နာဖြစ်ရင်ကို အမြတ်ပဲရယ်လို့ သဘောထားတာကြောင့် ခုလည်း ဘယ်အချိန်မှန်းမသိ၊ ဘယ်ဆရာတော် မှန်းမသိပဲ လှူဖွယ်ပစ္စည်း လေးတွေ အပြေးအလွှား ဝယ်ပြီးလာခဲ့ပါတယ်။ ဘုရား ပရဝုဏ်က အကျယ် ကြီး မို့ တရားပွဲတော်တော်များများ မပြတ်တမ်း ပြုလုပ်လေ့ရှိတာကြောင့် ကိုယ့်အတွက်က အားရင်အားသလို ပြေးနေကျပါပဲ။ အချိန်ကတော့ (၇) နာရီ မိနစ်(၂၀) လောက်ပေါ့။ ဘုရားဝင်း အနီး ချိုးကွေ့လိုက်တယ်ဆိုရင်ပဲ အားပါးပါး…များလှတဲ့ လူအုပ်တွေက တဖွဲဖွဲမို့ လန့်တောင်သွားတယ်။ စိတ်ထဲမှာလည်း အရမ်း ကြည်နုးမိတယ်။ အော်… […]


kyaw naynaySeptember 17, 20111min52651
မြတ်စွာဘုရားသည် သာကီဝင်အနွယ်မှန်း ဗုဒဘာသာတိုင်းသိပါလိမ့်မည်။ သာကီဝင်မျိုးနွယ်တွေသည် သူတစ်ပါးသွေးအရောမခံ မိမိတို့အမျိုးအချင်းချင်းလက်ထပ်ကြသည်။ တစ်ခြားတိုင်းပြည်မှ ဘုရင်သည် သာကီဝင်နွယ်တွေနှင့် သွေးသားတော်စပ်လိုသဖြင့် သာကီဝင်မင်းသမီးကိုတောင်းသည် မပေးလျှင်စစ်ခင်းမည်ဟုဆိုသည်။ တစ်ခြားတိုင်းပြည်ကအင်အားကကြီးမားပါသည်။ စစ်ခင်းမှာကလည်းကြောက်သဖြင့် ကျွန်မတစ်ယောက်ကို မင်းသမီးအဖြစ်ဆင်ယင်ပေးပြီး ဆက်သလိုက်သည်။ ကျွန်မသည်သားတော်တစ်ပါးဖွားမြင်လေသည်။ မင်းသားအရွယ်ရောက်သော် သာကီဝင်တို့ရဲ့တိုင်းပြည်ကို လက်ဆောင်ပဏ္ဍာများဖြင့် အလည်သွားလေသည်။ မင်းသားပြန်သွားသောအခါ သာကီဝင်တွေသည် ကျွန်မရဲ့သားထိုင်သွားတဲ့နေရာဟုဆိုကာ နွားနို့နှင့်ဆေးချသည်။ ထိုအချင်းအရာကို ပစ္စည်းမေ့ကျန်သဖြင့် ပြန်လာယူသောမင်းသာက မြင်သွားလေသည်။ မိမိတိုင်းပြည်ပြန်ရောက်သော် မိခင်ကိုလည်းမေး ငိုလည်းငို သာကီဝင်တွေကိုလည်း စိတ်နာမုန်းတီးပြီး အမျက်ထွက်ကာ စစ်ခင်းမည်ပြု၏။ မြတ်စွာဘုရားက စစ်မပြုဖို့သုံးကြိမ်တားပေမယ့်မရသော် ဉာဏ်ဖြင့်ဆင်ခြင်ကြည့်ရ ဘဝတစ်ခုတုန်းက သာကီဝင်တွေက ငါးတွေကို ရေထဲမှာအဆိပ်ခတ်သတ်သော ဝဋ်ကြွေးပေးဆပ်ရဖို့အချိန်တန်သဖြင့် ဘုရားလည်းမတားတော့ပေ။ မင်းသားလည်းသာကီဝင်နွယ်တွေကို ချေမှုန်းလေရာသာကီဝင်တွေအများအပြားသေကုန်ပြီး ထွက်ပြေးသူကထွက်ပြေးရာ မြန်မာပြည်နယ်ဘက်ကိုရောက်လာပြီး မြန်မာလူမျိုးအဖြစ်တည်ထောင်နေထိုင်သည်။ ထို့ကြောင့်မြတ်စွာဘုရားသည် မြန်မာလူမျိုးဖြစ်နိုင်သည်။ မြန်မာတွေသည်လည်း သာကီဝင်နွယ်တွေဖြစ်ပေသည်။ […]


ムラカミSeptember 16, 20112min2189
လေးဆူဓါတ်ပုံရွှေတိဂုံ ရဲ့ အံ့ဖွယ် (၉)ပါးကို စုစည်း တင်ပြလိုက်ပါတယ်ခင်ဗျား.. သူငယ်ချင်းတော်တော်များများတော့ သိကြမယ်ထင်ပါတယ် မသိသေးတဲ့သူငယ်ချင်းတွေအတွက်ပါ .. ၁ ပတ္တမြားမျက်ရှင် ဘုရား ၂ ဝိဇ္ဇာဇော်ဂျီ ဘုရား ၃ ရှင်စောပု ဘုရား ၄ ဆံတော်တွင်း ရုပ်ပွားတော် ၅ ရှင်အဇ္ဇဂေါဏ ဘုရား ၆ ဘိုးဘိုးအောင် ဂူဘုရား ရ ရှင်မထီးဘုရား ၈ လက်ပက်လက်ဘုရား ၉ ပြဒါးရှင် ဘုရား တို့ဖြစ်သည်။ ကျနော် အရင်က အံ့ဖွယ်(၉)ပါးကို ကြားဖူးနေပေမယ့် အကုန်အလွတ်ပြောဆို မပြောနိုင်ဘူးဗျ .အဲ့သည့်တော့သေချာသိချင်လို့ ရန်ကုန်ရောက်တုန်း သူငယ်ချင်း ဒါ့ပုံဆြာ တယောက်နဲ့ ဇူလိုင်လ တုန်းက သွားရိုက်ဖြစ်ပါတယ် ..အံ့ဖွယ်(၉)ပါးကို အွန်လိုင်းမှာ ရှာကြည့်ပြီး အဲ့သည့် အစဉ်အတိုင်း […]


Good IdeaSeptember 15, 20111min19711
တစ်ပိုင်တစ်နိုင် သာသနာပြုရအောင် ( တစ်ကစ တစ်ရာ၊ တစ်ထောင်၊ တစ်သောင်းဖြစ်အောင် — ကိုယ်ကစ ပြုကြသို့ ကုသိုလ် ) စာဖတ်သူ အသင် … သင့်ကံဆိုးနေသလား .. ? ဒါမှ မဟုတ် သိပ်ကံကောင်းနေတယ်လို့ ထင်လား .. ? ဒါမှ မဟုတ် ကံကောင်းတယ်လဲမဟုတ် ကံဆိုတယ်လဲ မဟုတ်ပါဘူး လို့ သတ်မှတ်ထားသလား ?……. ဘယ်လိုဖြစ်နေနေ … မပင်မပန်း ချမ်းချမ်းသာသာ လေး ကုသိုလ်၅မျိုးကို ဆောင်ရွက်ရင်း … တစ်ဘဝတာ ကံကောင်းသောသူ၊ နောက်ဘဝပေါင်းများစွာ.. ကံကောင်းသောသူ ဖြစ်နိုင်အောင် ကံကိုပြင်လိုက်ပါ ရဝေနွယ်( အင်းမ) ၁။ ”ဝသဘ ၏ သာမန်ဘဝ” သီဟိုဠ်ရာဇဝင်မှာ ဝသဘမင်း ဆိုတာ […]


ashinindakaSeptember 15, 20111min680
မြန်မာပြည်မှာ ဒက္ခိဏသာခါရုပ်ပွါးတော်ကို အိမ်မှာထားကိုးကွယ်တယ်ဆိုရင် မီးမလောင်ဘူး၊ မီးကွင်းတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ကိုးကွယ်ကြလို့ ဘုရားရှင်ကို မီးကင်းစောင့်ထားရဲတဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့ အကြောင်းကို အနည်းငယ် ပြောပြခဲ့တယ်။ တချိန်တည်းမှာပဲ ဒက္ခိဏသာခါရုပ်ပွါးတော်ရဲ့ ထုလုပ်ပုံ ပုံသဏ္ဌာန် အချိုးအစား မကျနပုံကို တင်ပြခဲ့ပါတယ်။ တကယ့်ကိုပါဘဲ။ ဒက္ခိဏသာခါရုပ်ပွါးတော်ပုံဟာ ကြည်ညိုဖွယ်မဖြစ်ပါဘူး။ မြင်ရသူ ဖူးရသူနှလုံးသားကို ငြိမ်းချမ်းမှု မပေးပါဘူး။ ဒက္ခိဏသာခါရုပ်ပွါးတော်မှ မဟုတ်ပါဘူး။ ဘုရားစောင်းတန်းမှာ ရှိတဲ့ တချို့ဗုဒ္ဓရုပ်ပွါးတော်တွေဟာ အချိုးအစား မပြေပြစ်ပါဘူး။ ခုခေတ်ဘုရားရှင်ရုပ်ပွါးတော်ထုလုပ်သူတွေက ပြီးပြီးရော ထုကြလို့လားမသိဘူး။ တချို့ ရုပ်ပွါးတော်တွေဆိုရင် ရုပ်လုံးကို မပေါ်ဘူး။ ဆရာတော်ကြီးတစ်ပါးမိန့်တာကတော့ ရှေးရှေးတုန်းက ဘုရားရှင်ရုပ်ပွါးတော်ထုတဲ့သူတွေက တကယ့်ပညာရှိကြီးတွေတဲ့။ ပါဠိစာပေတတ်ကျွမ်းတဲ့သူတွေဖြစ်တယ်တဲ့။ ဘုရားရှင်ရုပ်ပွါးတော်တွေကို ထုဆစ်တဲ့အခါမှာ ပါဠိစာပေထဲမှာဖော်ပြထားတဲ့ ဘုရားရှင်ရူပကာယပုံသဏ္ဌာန်အတိုင်း ထုဆစ်ကြတယ်တဲ့။ ခုခေတ်မှာတော့ ဘုရားရှင်ရုပ်ပွါးတော်ကို ကြည့်ကောင်းတာ မကောင်းတာ ဂရုမစိုက်တော့ပါဘူး။ ရုပ်ပွါးတော်တွေဟာ […]


realmanSeptember 14, 20111min27222
သင်္ဂါယနာတင်တယ်ဆိုတာ – – – – – ဗုဒ္ဓဘုရားဟောကြားခဲ့ပါတယ်ဟု ယုံကြည်လက်ခံလို့ရသော တရား ဓမ္မများကို ရဟန်းသံဃာမထေရ်အများက သဘောတူ အတည်ပြု မှတ်တမ်းတင်သော အစည်းအဝေးလုပ်ငန်းဖြစ်ပါတယ်။ ဒီနေရာမှာ သဘောတူရမည့်သံဃာသည် တစ်ပါး၊ နှစ်ပါးတည်း မဟုတ်ရသလို လုပ်ပိုင်ခွင့် ရနေသော အစုအဖွဲ့ တစ်ခုတည်းလည်းမဖြစ်သင့်ပါ။ သင်္ဂါယနာတင် (အစည်းအဝေး) ပြုနေတဲ့ အချိန်အခါမှာ ရှိနေကြသော သံဃာအများ (သို့မဟုတ်) ဒီသံဃာအများက သဘောတူရွေးချယ်ထားသော သံဃာကိုယ်စားလှယ်အများစုရဲ့ သဘောတူညီသော (ဗုဒ္ဓဘုရားဟောကြားခဲ့ပါသည်ဟု လက်ခံ ယုံကြည်ရသော) တရားဓမ္မများကိုသာ အတည်းပြု မှတ်တမ်းတင်မှသာ သမာသမတ်ကျသော အစည်းအဝေး(သင်္ဂါယနာ )ဟု ဆိုရမည် ဖြစ်ပါသည်။ ထေရဝါဒဗုဒ္ဓဘာသာသင်္ဂါယနာကို မင်းတုန်းမင်းလက်ထက်တွင် ပဉ္စမသင်္ဂါ ယနာနှင့် ဦးနု ( ဖဆပလ ) အစ်ိုးရလက်ထက်တွင် […]

DSC00760-600x800.jpg

black chawSeptember 14, 20111min1212
MaMa ရေ အုန်းမောင်းခေါက်သံကြားမှ အိပ်ယာမှ နိုးကြပါတယ်။ နီလာအဖွဲ့ တာဝန်ခံက ညကတည်းက ကြိုပြောပြထားတဲ့အတွက် ပထမအုန်းမောင်းမှာ ဘုန်းကြီးများ အာရုံဆွမ်းစား ဘို့အတွက်ဖြစ်ပြီး ဒုတိယအုန်းမောင်းခေါက် မှ ဘုရားဖူးများ မနက်စာစားရမည်ဖြစ်ကြောင်း သိနေကြပါတယ်။ ပထမအုန်းမောင်းခေါက်ကတည်းက အခန်းအသီးသီးက လူတွေ လှုပ်လှုပ်ရှားရှားဖြစ်နေကြပါပြီ။ မျက်နှာသစ်ကြ၊ ရေချိုးနိုင်တဲ့ လူက ရေချိုးကြ၊ အဝတ်အစားလဲကြဖြင့် ဂယာမှာဘုရားဖူးကြဘို့ ပြင်ဆင်နေကြပါပြီ။ ၅ နာရီ ခွဲခန့်မှာ မနက်စာစားဘို့ အုန်းမောင်း ခေါက်သံကြားတာနဲ့ ကျွန်တော်တို့ မိသားစု စားသောက်ခန်းမကြီးဆီ ချီတက်ကြပါတယ်။ စားသောက်ခန်းမကြီးက အတော်ကျယ်ဝန်းပြီး သန့်ရှင်းပါတယ်။ ဒီနေ့ မနက်စာက နို့ခေါက်ဆွဲ နဲ့ လက်ဖက်ရည်ပါ။ ပန်းကန်၊ ဇွန်းနဲ့ လဖက်ရည်သောက်ဖို့ ခွက်တွေကို စားပွဲတစ်ခုမှာ စံနစ်တကျ တင်ပေးထားပါတယ်။ ကိုယ်တိုင်ယူစံနစ်ပါ။ ခေါက်ဆွဲဖတ်နဲ့ အကြော် ဘဲဥ တို့ကို လူတစ်ယောက်က တာဝန်ယူထည့်ပေးပါတယ်။ ဟင်းရည်ထည့်ပေးတာက […]


JUDGEMENTSeptember 14, 20111min33032
ကျွန်တော်တို့ အခုလက်ရှိအချိန်မှာ ဘာသာရောသာသနာရောခုတုံးလုပ်ပြီး     သီလကြောင်ဘုန်းကြီးတွေကအသုံးချနေကြပါတယ်။ ပြောတော့မပြောချင်ပေမဲ့ ပြောရဦးမယ်။လမ်း(၉၀)က ဘုန်းတော်ကြီးကျောင်းတွေမှာ တော်တော်များများက ဘုန်းကြီးချဲဒိုင်တွေလေ။ တစ်ချို့ကဒိုင်နဲ့ပေါင်းတယ်။တစ်ချို့က ဒိုင်အတွက် ဘိ လုပ်ပေးတယ်။ ကဲ မကောင်းလား။ အများကြီးပါ ။ ဥပမာပြောရရင် – ပုဂံတိုက်  ဗျာ။ ထီးလင်းတိုက်   ဗျာ။နောက်ပြီး  စကုတိုက် စသဖြင့် အများကြီးဗျာ။ရဲတွေကလည်းသိသိကြီးနဲ့ ကိုနေနေကြတာပါ။ ဒီကြားထဲ ဒိုင်တွေက သူတို့ဖမ်းခံရရင် ကလေးတွေကို သိန်း(၃၀) ၊ (၄၀) ပေးပြီးထောင်ထဲကိုဝင်ခိုင်းတယ်။သူတို့အခေါ်လူစားလဲတယ်ပေါ့။ ဒါတွေကို လွှတ်တော်ကရောသိကြရဲ့လား။လူကြားကောင်းယုံလောက်တော့ပြောတတ်တာပေါ့နော။ ကြက်တူရွေးတောင်စာအံသင်လို့ရသေးတာပဲနော။ ဟုတ်ပ ။  တို့အမျိုး    –  တို့ ဘာသာ –   တို့  သာသနာ့အရိပ်အောက်မှာ ကြီးပွားချမ်းသာနေသူတွေပါ။ နောက်ပြီးတော့  အရက်သောက်တဲ့ ဘုန်းကြီးတွေ ၊ ဖဲရိုက် ၊ ရည်းစားထားနဲ့ […]

DSC00732-Large-600x450.jpg

black chawSeptember 13, 20114min23212
                    ဒီတစ်ခေါက်တော့ ဂယာမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေ တင်လိုက်ပါတယ်။ ပရော်ဖက်ရှင်နယ် မဟုတ်လို့ ဓါတ်ပုံတွေ မကောင်းရင် သည်းခံပေးကြပါ။ ခံစားမှု တစ်ခုခု ရလိမ့်မယ်လို့ ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။                                                                               […]


SonnySeptember 13, 20111min370
ကျွန်တော်ဖတ်မိသော အတွေးစများ (၅) မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံဿ (တောင်မြို့) ၏  ဩဝါဒ တွေကို သာမဏေကျော် စုစည်းတင်ပြထား တဲ့ လူဝတ်ကြောင်တို့အတွက် နံနက်ခင်းဩဝါဒများ စာအုပ်ကိုဖတ်မိပါတယ်။ (ဆရာမ  မလေးငြိမ် ရေးသားသော “ကိုယ်ကျင့်တရားမြင့်မားစေဖို့” ဆိုတဲ့စာအုပ်နှင့် ရည်ရွယ်ချက် ဆင်ပါတယ်) စာမျက်နှာ ၁၆ မှာ “ လူတွေဟာ အားကိုးမှား နေကြပါတယ်။ ပြောတော့ဖြင့် “ဘုရားဖက်တော့ အသက်ရှည်၊ တရားဖက်တော့ အမျက်ပြေသတဲ့” သူ့အဆိုနဲ့သူကိုက်ညီအောင်မလုပ်ချင်ကြဘူး သူတို့ဟာက “ဘုရားကန်တော့တော့ အိပ်ချင်၊ မယားဆော့တော့စိတ်ရွှင် သတဲ့ “ အကျိုးတော့လိုချင်ကြပါရဲ့ ၊ အကြောင်းလုပ်ဘို့ကြတော့တွန့်ဆုတ်တွန့် ဆုတ်နဲ့တဲ့။   ဖတ်ပြီးကျွန်တော်ဆက်တွေးခြင်း ဆရာတော်ကြီး ၏ ဆုံးမစာဖတ်ပြီး ကျွန်တော့်ကိုယ်ကျွန်တော်သုံးသပ် ကြည့်တယ်။ အင်း .. ငါ့မှာလည်း […]