ashinariyaMarch 22, 20111min1045
ကာလာမမင်းတို့ … သင်တို့သည်ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး။ ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊ နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန်လင့်ဦး၊ (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) […]


anewgenerationboneMarch 20, 20112min1093
     ပညာကို လူဆိုးတို ့ ယူခိုးလို ့ပါ ပါ့မယ် ဟူသော စကားအဆိုကို ကျွန်ုပ်တို ့အားလုံး ကြားဘူးကြပေလိမ့်မည်။ မိမိတို ့၏ အတတ် ပညာတို ့ကို သူတစ်ပါးတို ့သည် ခိုးယူ၍ မရတန်ရာဟု ဆိုလိုခြင်းဖြစ်ပေတော့သည်။ မှားသည်ဟူ၍ မဆိုသာသော်လည်း မှန်သည်ဟူ၍မူ မှတ်ချက်ချရန် ဝန်လေးလှပါတော့သည် အကြောင်းမှာ ယနေ ့သိပ္ပံပညာတို ့ လွန်စွာတိုးတက်နေကြပါသော IT ခေတ်ကြီးတွင် အတတ်ပညာပေါင်း မြောက်များစွာကို ခိုးယူနေကြကုန်သည်မှာ ကြောက်ခမန်းလိလိ် ပင် ဖြစ်ခြင်းကြောင့်တည့်။      ကျွန်ုပ်တို ့လွယ်ကူစွာသိရှိနိုင်သည့် အကြောင်းအချို ့မှာ လူသုံးကုန်ပစ္စည်း တံဆိပ်အမျိုးမျိုးကို ခိုးယူအတုပ ပြုလုပ်ပြီး ကော်ပီ ဟူ၍ ရောင်းချနေကြခြင်းကြောင့် လူမှုပြဿနာ အမျိုးမျိုး ပေါ်ပေါက်နေကြခြင်းသည် […]

civilization.jpg

ယနေ့ခေတ် လူ့အဖွဲ့အစည်းတိုင်းမှာ ဘာသာတရားနဲ့ ယဉ်ကျေးမှုဆိုတာ ရှိပါတယ်။ ဘာသာတရား ကနေ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ဆင်းသက်လာတယ်။ Evolution အီဗော်လူးရှင်း ဆင့်ကဲပြောင်းလဲခြင်းလို ယဉ်ကျေးမှုကနေ ဘာသာတရား ပေါ်ထွန်းတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ။ ဘာသာတရားကို Religion ယုံကြည်ကိုးကွယ်မှု၊ Spritual နာမ်ဝိညာဉ်ရေးရာ စသဖြင့် အနက်ဖွင့်လေ့ရှိပေမယ့် ခေတ်သစ်လူမှုအဖွဲ့အစည်း အတွက်တော့ ပြည့်စုံလုံလောက်ဟန် မရှိပါဘူး။ ဘာလို့လဲဆိုတော့ ယနေ့ခေတ်ကမာ္ဘမှာ ဖန်ဆင်းရှင်၊ ကမ္မဝါဒ တွေနဲ့ ဆန့်ကျင်ဘက် ပစ္စုပ္ပန်ဝါဒ၊ ပစ္စည်းမဲ့ရုပ်ဝါဒ၊ သိပ္ပံရုပ်ဝါဒ၊ ကွနြ်ဖူးရှပ်ဝါဒ တို့ကိုလက်ခံကျင့်သုံးသူတွေ အများအပြား ရှိနေပါတယ်။ Faith ယုံကြည်ကိုးကွယ်မှုလို့ မသတ်မှတ်ဘဲ ideology အတွေးအခေါ်အဖြစ် သတ်မှတ်ပြန်တော့လည်း အိုင်ဒီယိုလိုဂျီတွေက ဘာသာတရားလိုပဲ လူတွေအပေါ် ဘောင်ခတ်ထိန်းကြောင်း ပေးနိုင်စွမ်း ရှိပါတယ်။ လွတ်မြောက်ခြင်းနဲ့ […]


bigbirdMarch 19, 20111min1307
အလိမ္မာနည်းခြင်း။ တရားကိုမုန်းခြင်း။ သူယုတ်သူမိုက်ကို ချစ်လေ့ရှိခြင်း။ ပညာရှိသူတော်ကောင်းကို မချစ်ခင်။ သူယုတ်သူမိုက်တို့၏ တရားစကားကို နှစ်သက်၏။ အအိပ်စုံမက်ခြင်း။ ပွဲလမ်းသဘင် လိုက်စားခြင်း။ ထကြွလုံ့လ မရှိခြင်း။ ပျင်းရိထိုင်းမှိုင်းခြင်း။ အမျက်တံခွန်ထောင်ခြင်း။ အရွယ်လွန်၍ အိုမင်းသော မိဘကို ကွေ၊းမွေးနိုင်သော အစွမ်းရှိပါလျက် မပြုစု မကျွေးမွေးခြင်း။ ရဟန်းတော်အရှင်မြတ်များနှင့် တောင်းစားသူတို့အား မဟုတ်မမှန်ပြောကြား၍ လိမ်လည်ခြင်း။ ပစ္စည်းဘဏ္ဍာ ချိုချဉ်ရသာ ပေါများပါလျက် သူတစ်ပါးတို့ကို သတိမရ မဝေငှပဲ တစ်ကိုယ်တည်း စားသောက်ခြင်း။ အမျိုးမာန် အနွယ်မာန်ဖြင့် ခက်ထန်ခြင်း၊ ပစ္စည်းမာန်ဖြင့် ခက်ထန်ခြင်း၊ မာန်ခက်ထန်၍ မိမိအမျိုးကိုပင် မထေမဲ့မြင်ပြုခြင်း။ မိန်းမလိုက်စားခြင်း၊။ အရက်သောက်သုံးခြင်း၊။ လောင်းကစားကြူးခြင်း။ ကိုယ့်မယားစည်းစိမ်ဖြင့် တင်းတိမ်ခြင်းမရှိဘဲ ပြည့်တန်ဆာမနှင့် သူတစ်ပါးမယား၌ လိုက်စားလွန်ခြင်း။ အသက်ကြီးမှ တဏှာထ၍ သမီးအရွယ်ကို ဇနီးမယားနှယ် […]


Yin Nyine NwayMarch 18, 20111min22210
မင်္ဂလသုတ် မင်္ဂလသုတ် ရွတ်ဖတ်ရခြင်းအကျိုး မင်္ဂလသုတ်ကို မပြတ်ရွတ်ဖတ်သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံလျှင် မည်သည့် နေရာမှာ နေသည်ဖြစ်စေ ဘေးအန္တရာယ်ကင်းသည်။ ရန်သူတို့က မိမိအား မအောင်မြင်နိုင်။ မိမိ၏ ဘဝအဆင့်အတန်းသည်လည်း တစ်နေ့ထက်တစ်နေ့ တိုးတက်ချမ်းသာလာမည်ဖြစ်ပေသည်။ အချုပ်အားဖြင့် ရန်ကင်းသည်၊ သူတစ် ပါး မကောင်းမကြံနိုင်၊ ဘဝအခြေအနေ ကြီးပွားတိုးတက်စေသည်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်သည်ပင် မင်္ဂလာရှိသော မိမိ၏ စိတ်သန္တန်မှာ ပေါ်လာနိုင်ပေသည်။ ၁။ ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေဝကာ။ သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိံ္တသဉ္စ မင်္ဂလံ။ ၁။ နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တ နှစ်သက်ကြကုန်သော နတ်လူအပေါင်း တို့သည် တစ်ဆယ့်နှစ်နှစ်တို့ ကာလပတ်လုံး သတ္တဝါအများ ကြီးပွားချမ်းသာ ကြောင်းဖြစ်သော မင်္ဂလာတရားတော်ကို ကြံစည်ကြလေကုန်၏၊ ထိုသို့ကြံစည် ကြလေကုန်သော်လည်း […]


nigimi77March 16, 20111min724
    တပါးသူအား သနားသည်ဟု ဆိုခြင်းထက် မိမိကိုယ်ကို အရင်ဦးဆုံး သနားကြည့်လျင် ပိုသင့်လျော်မည်ဖြစ်သည်။ နွားခြေရာခွက်ပုံစံ အတွေးအခေါ်  သွပ်သွင်းမှုတွင် မျိုးဆက်ပေါင်းများစွာ ဖြတ်ကျော်လာပြီးသည့်နောက်တွင် ပိုမို နက်ရှိုင်းစွာ ပိုမို အယူသီးစွာဖြင့် အတ္တဆန်လာကြသည်။   ကိုးကွယ်မှုသည်  အကြောက်တရားအား အခြေခံသည်ဟု လေ့လာဖူးသည်။ ကြောက်ခြင်းကြောင့် ကိုးကွယ်လျင် မိမိကိုယ်ကို ယုံကြည်မှု မရှိသူဖြစ်သည်။ တစုံတယောက်အား လေးစားကြည်ညိုမှုအား သရုပ်ခွဲကြည့်လျင် အဆိုပါ တစုံ တစ်ယောက်၏ ကြိုးစားအားထုတ်မှု နှင့် အတွေးအခေါ် အသိဉာဏ် စွမ်းရည်အား အသိအမှတ်ပြုခြင်း ဟု ယေဘူယျ ပြောနိုင်သည်။  ထိုသို ့မဟုတ်ပဲ သဘာဝမကျသော အချက်တို ့အား ကိုင်စွဲပြီး  စိတ်ကူးယဉ် အိပ်မက်တို ့ တွင် မျောနေသူတို […]


nigimi77March 16, 20111min1184
သင့် မျက်လုံးအား သေချာစွာဖွင့်လျက် သင့် ပတ်ဝန်းကျင်အား သေချာစွာ လေ့လာကြည့်ပါ။ တရားဝင် ရုံး၊ အလုပ်များ လုပ်ကိုင်ကြသည့်  တင်္နလာနေ ့မှ စနေ ့နေ ့ တိုင်း၏ နံနက် ၉ နာရီမှ ညနေ ၆နာရီ အချိန်အတွင်း သေချာပေါက် သင် မငြင်းနိုင်သည့် အချက်သည်  အမျိုးသား အများစုသည် လမ်းပေါ်တွင်ရှိနေပြီး အမျိုးသမီး အများစုသည် ရုံး၊ စက်ရုံ အပြင် အခြားသော အလုပ်အကိုင်ပေါင်း များစွာတွင် ရှိနေခြင်း ဖြစ်သည်။ အဘယ့်ကြောင့် ထိုကဲ့သို ့ အခြေအနေမျိုးရှိနေခြင်း ဆိုသည်အား အခြေပြုပြီး အာဘောင်အာရင်းသန်သန်ဖြင့် နိုင်ငံ၏ အနာဂါတ် အရေး ၊ ရေးချင်ရာ ရေးကြည့်မည် ဖြစ်သည်။ စာဖတ်သူ […]


ဆူးMarch 14, 20112min22316
မဟာမြိုင် တောထဲမှာ တစ်ပါးတည်း သီတင်းသုံးနေတဲ့ ရဟန်း ဖြစ်ပါတယ်။ လူသူ အရောက်အပေါက် နည်းတဲ့ အရပ်မှာ တပါးတည်း သီတင်းသုံးနေတာ သိပြီး မနှစ်ကမှ စတင်ပြီး လူတွေ ဆရာတော်ဆီ သွားရောက်ဖူးကြပါတယ်။ ဆရာတော် ကို သွားဖူးရန် အတွက် မုံရွာမြို့ မှ ၁၄နာရီ တောလမ်းကို ကားနှင့် မောင်းနှင်ခဲ့ရပြီး သစ်ကားများ သွားနေကျ နေရာ ဖြစ်တဲ့ အတွက် လမ်းမှာ မညီမညာနှင့် ချိုင့်ခွက်မှားစွာ မြန်နှုန်းမြှင့် မောင်းလို့ မရဘဲ မောင်းရတဲ့ အတွက် အချိန်ကြာပြီး ဖုံထူထူ သဲတောထဲမှာ မျက်နှာဖုံးအုပ်ပြီး သွားရပါတယ်။ ဒါကတော့ မဟာဗောဓိမြိုင် ဆရာတော် သီတင်းသုံးတဲ့ ကျောင်းဝင်း အဝင်အဝ မုဒ်ဦး ဖြစ်ပါတယ်။ မုဒ်ဦးကို […]

Lotus.jpg

အရဟံဂုဏ်တော်ကို သတ္တဝါအပေါင်း၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားလို့ အလွယ်နားလည်ခဲ့ပါတယ်။ နောက်တော့ ကိလေသာအညစ်အကြေးကို ဝါသနာပါမကျန်အောင် အလုံးစုံ ပယ်သတ်ပြီးသော အနက်လည်းရှိသေးတယ်လို့ သိလာပါတယ်။ သတ္တဝါအပေါင်း ပူဇော်အထူးကို ဘာကြောင့် ခံတော်မူထိုက်တာလဲလို့မေးရင် ရေရေရာရာ မသိခဲ့ရိုးအမှန်ပါ။ နောက်ကြတော့ ဘုရားဆိုတာ ဘုန်းတော် ကံတော် ညဏ်တော် အနန ္တလို့လူပြိန်းသိ သိခဲ့ပါတယ်။ ငါကံထူးလို့ ဗုဒ္ဓမြတ်စွာကို ကိုးကွယ်ခွင့် ရတယ်ဆိုပြီး သဒ္ဓါဝမ်းမြောက်စိတ် ပွားရပါတယ်။ အခြားဂုဏ်တွေကိုလည်း ဒီလိုပဲ လုံးကောက်အနက် အဓိပ္ပါယ်ကိုသာယူ ပူဇော်ခဲ့ပါတယ်။ ဗုဒ္ဓ – သစ္စာလေးပါးကို ဆရာမပါကိုယ်ပိုင်ညဏ်နဲ့ပိုင်း၊ သူတပါးကိုဆုံးမဖို့ နည်လမ်းအကုန်သိ၊ ချေချွတ်ထိုက်သူ အလုံးစုံကို ချေချွတ်နိုင်သော၊ အ ရဟံ – မကောင်းမှုဒုစရိုက်တို့၌ ဆိတ်ကွယ်ရာမရှိသော စတဲ့ ပညာခန်းနွယ်တဲ့ ဂုဏ်တော်တွေကြရင်တော့ […]


bigbirdMarch 6, 20111min1071
ဗုဒ္ဓ၊ ဓမ္မ၊ သံဃ စတဲ့ ရတနာ သုံးပါးသည် ဗုဒ္ဓဘာသာဝင်တိုင်း ဆည်းကပ်ကိုးကွယ်ရာ၊ ကြည်ညိုပူဇော်ရာ၊ အမြတ်တနိုးထားရာ ရတနာသုံးပါး မဟုတ်ပါလော။ အဘယ့်ကြောင့် ရတနာနှင့် နှိုင်းယှဉ်ရသနည်း ဟု ဆိုလာလျှင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃတို့၏ ကျေးဇူးဂုဏ်တို့အား တန်ဘိုး မဖြတ်နိုင် သောကြောင့်ပင်တည်း။ ဓမ္မ ဆိုသည်မှာ လောကကြီးတွင် တည်ရှိနေသော အမှန်တရား၊ သဘာဝတရား ဖြစ်သည်။ မြတ်စွာဘုရား မပွင့်ခင်ကတည်းကလည်း ရှိခဲ့သည်။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်မှာလည်း ရှိခဲ့သည်။ မြတ်စွာ ဘုရား ပရိနိဗ္ဗာန် စံပြီးနောက်ပိုင်းတွင်လည်း ရှိနေသည်။ အချိန်တိုင်း၊ အမြဲတမ်း မှန်ကန်နေသော တရားသည် ဓမ္မပင် ဖြစ်ပေတော့သည်။ရတနာကို ရတနာမှန်း မသိသောသူတို့သည် အဖိုးအနဂ ္ဃ ထိုက်တန်လှသော ရတနာပုံအပေါ်သို့ […]


bigbirdMarch 6, 20114min10012
……..မျက်ချက်။။။ကလေးသူငယ်နှင့် မကြည့်ရဲသူများ လုံးဝမဝင်ဖက်ပါနဲ့…………. တပ်မက်တွယ်တာစရာ ဘာမှမရှိသော လူသားတို ့၏ ခန္တာကိုယ်အား အပေါ်ယံမျှသာ မကြည့်ပဲ အထဲသို့ဖေါက်ထွင်းကြည့်ပါက အောက်ပါအတိုင်းမြင်ကြရမည်ဖြစ်ပါသည်။


bigbirdMarch 6, 20111min1225
လွန်ခဲ့သည့် ၁ဝ နှစ်ကျော်က တာလီဘန်တို ့ဗုံးခွဲဖျက်စီးခဲ့သော Bamijin တောင်ကုန်းရှိ သက်တန်း ၁၅၀ဝ ကျော် ရှေးဟောင်းဘုရားဆင်းတုတော်အား ပြန်လည်ပြုပြင်ရန်စတင်လေ့လာ နေပြီးဖြစ်ကြောင်း ဂျာမနီနိုင်ငံ မြူနစ်မြို ့ရှိ တက္ကသိုလ်မှ ရှေးဟောင်းသုတေသနဆရာတစ်ဦးက ပြောကြားခဲ့ပါသည်။ ကာဘူမြို ့၏ အရှေ့ဖက် ကီလိုမီတာ ၂၆ဝ အကွာအဝေးတွင်ရှိသော အဆိုပါ ဘာမီဂျင်တောင်ကုန်းသည် ရှေးအခါက အန္တိယ နိုင်ငံမှ အရှေ ့အလယ်ပိုင်းဒေသသို ့ ဗုဒ္ဓသာသနာပြန် ့ပွားရာ လမ်းကြောင်းတွင်တည်ရှိပါသည်။ ပြန်လည်ပြုပြင်ခွင့်ရရန်အတွက် အာဖကန်နစ္စတန် အစိုးရ၏ ခွင့်ပြုချက်အားတောင်းခံရမည်ဟုဆိုပါသည်။ ညဏ်တော်အမြင့် ၃၈ မီတာရှိသော အဆိုပါဘုရားဆင်းတုတော်သည် အာဖကန်နစ္စတန်နိုင်ငံအား အမေရိကန် နှင့်မဟာမိတ်တပ်များ ဝင်ရောက်မသိမ်းပိုက်ခင် တစ်နှစ်အလိုတွင် တာလီဘန်တို ့၏ဗုံးခွဲဖျက်စီး ခြင်းခံခဲ့ရပါသည်။ ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို ့မှာ […]


bigbirdMarch 4, 20111min1287
နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်းနောက်ဆုံး ရှိချေ၏။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏။ ဝိဉာဏ်ထင်းလင်း၊ သက်ရှင်ခြင်းကား၊ သေခြင်းနောက်ဆုံး ရှိချေ၏။ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏။ တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျှောကျနောက်ဆုံး ရှိချေ၏။ ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံး ရှိချေ၏။ ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏။ ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏။ လယ်တီဆရာတော်ဘုရားကြီး ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်တက်၏။ ရုပ်နာမ်ဓမ္မသင်္ခါရတို့​ ကိုယ်ကဤပုံဖြစ်လိုတုန်လည်း တစ်ဖုံဆင်ကွဲသူတနဲဖြင့် ဖောက်လွဲတက်စွာ ဓမ္မတာကို ပညာစက္ခုမျှော်ထောက်ရုု့၍ ယခုကပင်လျှင် မအိုခင်က ယခုကပင်လျှင် မနာခင်က ယခုကပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။ (ကျေးဇူးရှင် မင်းကွန်းဆရာတော်)