Shwe EiMarch 11, 20141min28834
” ဇွန်ပန်းရုံအနီး လှည်းဘီး နွံထဲကျွံနေသည် ကူရွေ့တွန်းပေးကြပါ လေးလွန်းရွေ့ မတွန်းနိုင်ဘူးလား ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” မူလတန်း ခလေးတွေသင်ရတဲ့ ကဗျာလို့ဘဲ အကျမ်းဖျဉ်းမှတ်မိပါတယ်။ ဦးဇင်း မိန့်လိုက်တဲ့ ဩဝါဒတွေထဲက တစ်ခုပါ။ ဒါဇင်ပလပ်စ်ရဲ့ အကြိမ်၂ဝမြောက် အလှူမှာ ထူးထူးခြားခြား တရားနာခဲ့ရပါတယ်။ ဦးဇင်းက အဟောအပြောကောင်းသလောက် ခေတ်အမြင်ရှိတဲ့သူပါ။ စာသင်ရတဲ့ ရည်ရွယ်ချက်က စာတတ်ဖို့ထက် ပညာဉာဏ်နဲ့ပတ်သတ်တဲ့ အသိအမြင်ရစေချင်တာပါတဲ့။ စာတွေသင်လိုက်လို့ အလွတ်ကျက်ပြီး အတန်းအောင်သွားရုံနဲ့ စာတတ်သွားပြီလို့ ပြောလို့မရကြောင်း သို့သော်လည်း ပညာသင်ခြင်းအားဖြင့် ဗဟုသုတရှာမှီးတဲ့ဘက်ကို စိတ်ပါဝင်စားသွားရင် အတော်လေးအကျိုးရှိကြောင်း ဒီနေ့ခတ်မြန်မာပြည်မှာ ပညာဉာဏ်နည်းကျသူတွေကြောင့် တိုင်းပြည်ဒုက္ခရောက်နေရတယ်လို့ ထင်မြင်ကြောင်း စသည်ဖြင့် အချိန်အတော်ကြာ စကားပြောဖြစ်ခဲ့ကြပါတယ်။ အစိုးရထောက်ပံ့မှုမရသေးတဲ့ ဘက ကျောင်းတကျောင်းလဲ ဖြစ်သလို….မူလတန်းအဆင့်ကနေ ဆက်တက်ဖို့ အခက်အခဲရှိနေသေးတဲ့ အခြေအနေပါ။ ပညာရေးပဒေသာပင် […]


ဟောဟိုမှာကြည့် ဟိုဖက်အိမ်က အီးဒုံးဂျီး.. ယောဂီတဘက်လေးနဲ့ ဓမ္မာယုန်က ပြန်လာတာ ဘယ်လောက် ကြွက်သရေ ရှိသလဲ၊ နေ့စဉ်ညတိုင်း ဘုရားဝတ်မပြတ် လူဂျီးသူမကိုရိုသေ ကောင်းမှုကုသိုလ် အာရုံနဲ့နေဒယ်။ ရွာဒဲက အူကြောင်ဂါး ကြည့်လိုက် အပတ်တိုင်း ဘုရားကျောင်းတက်၊ လူမှုရေးအလုပ်မှာ တက်တက်ကြွကြွနဲ့ ကူညီဂျင်ဒဲ့ ဆိတ်ရှိဗုံများ မတောင်းရသေးဘူး ပေးမယ်ဆိုဒါချည်း.. သူလိုဂျင်ဒါ ဂေါ့ဒ်သခင် ကောင်းချီးမင်္ဂလာ။ ကာဆင်ဘိုင့်သမီး ဧဝဒဂျီးဆိုလဲ မိဘစဂါးနားထောင် ဗိုင်းကောင်းကျောက်ဖိ၊ မဟုတ်တာလုပ်ဖို့ သိပ်ဝန်လေး၊  အချိန်ဒိုင်း အလ္လာရှင်မြတ် အလိုတော်ဗဲ။ သာမီးလေးဝေါင်း ဘာလိုဂျင်လဲ ပေါဇမ်း.. လင်.. လိုဂျင်ဒယ် ဖေဖေ…။ ဘာစ်.. ငါ့သာမီး တော်လှတော်လှ.. သရီးကွာတားရှော့ပန်ဝတ် ဆိုင်ကိုယ်စီးထွက်တော့သဂိုး..။ အဲလို ဟုတ်ရဗာပူး ဖေကြောင်.. သာမီးပေါဒါ ဟို ဟို.. လင်ဇီးဆေးမြစ်ပါ.. […]


“ ကူ ညီ စ ရာ ရွှေ ပြည် သာ က သီ လ ရှင် ကျောင်း က လေး “   မြန် မာ ဂေ ဇက် အ ဖွဲ ့ ဝင် ကျ နော် မိတ် ဆွေ တစ် ယောက် က ခေါ် သွား တာ နဲ့ ရွှေ ပြည် သာ ဘက် ကသီ လ ရှင် ကျောင်း လေး တစ် ကျောင်း ကို ကျ နော် ရောက် ခဲ့ ရ  ပ ါတယ်။ […]


kaiFebruary 19, 20141min51016
ကြံ့ဖွံ့အစိုးရ၏ သင်္ကန်းခြုံ သောနုတ္တိုရ်လက်သစ်များ တူမောင်ညို (၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ရ ရက် )   မတရားမှုနဲ့ ခြိမ်းခြောက်အနိုင်ကျင့်မှုမှန်သမျှကို သမ္မတပဲဖြစ်ဖြစ်၊ လွှတ်တော်ဥက္ကဋ္ဌပဲဖြစ်ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ပဲဖြစ် ဖြစ်၊ ကာချုပ်ပဲဖြစ်ဖြစ်၊ ခေါင်းပေါင်း ပေါင်းထားတဲ့ပြည်ထောင်စုဝန်ကြီးက ကျူးလွန်တာပဲဖြစ်ဖြစ်၊ ယူနီဖောင်းဝတ်ထားတဲ့ စစ်ဗိုလ်စစ် သား၊ ရဲဗိုလ်ရဲသားက ကျူးလွန်းတာပဲဖြစ်ဖြစ်၊ သင်္ကန်းခြုံထားတဲ့သူက ကျူးလွန်တာပဲဖြစ်ဖြစ် ပြတ်ပြတ်သားသား ဆန့်ကျင်ကြရပါလိမ့် မယ်။ စွမ်းအားရှင်ပြည်ထောင်စုဝန်ကြီးက ရိုင်းစိုင်းရမ်းကားပြီးတဲ့နောက် သင်္ကန်းဝတ်စွမ်းအားရှင်တွေရဲ့ ခြိမ်းခြောက်ရမ်းကားမှုတွေ အစီအရီပေါ်ပေါက်လာပါတယ်။ ဗိုလ်သိန်းစိန်ကြံ့ဖွံ့အစိုးရနဲ့ ဗိုလ်ရွှေမန်းလွှတ်တော်က  ဒီဖြစ်ရပ်တွေကို အရေးယူဆောင်ရွက်မှုမပြုတဲ့ အပြင် ရိုင်းစိုင်းရမ်းကားသူတွေဘက်ကနေ အကာကွယ်ပေးနေပါတယ်။ သဘောရိုးနဲ့ပြောတာပါတဲ့။ ဒီလိုပြောတာဟာ ရိုင်းစိုင်းရမ်းကား မှုတွေကို အားပေးထောက်ခံတာပါပဲ။ မြောက်ဥက္ကလာမှာ သင်္ကန်းဝတ်စွမ်းအားရှင်တစ်စုက မောင်ကိုနီနဲ့ ကိုမြအေးတို့ကို ခြိမ်းခြောက်အနိုင်ကျင့်ပြီး ပြည်ထောင်စုနေ့ စာပေဟောပြောပွဲမဟောပြောရဘူးဆိုပြီး […]


ဖေ့ဘွတ်မှာ ကိုသန့်ကြီးဆိုသူ အွန်လိုင်းဘော်ဘော်တဦး တက်ခ်ပေးထားတဲ့ သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ၏ တရားပုဒ်ကို ဓမ္နကုသိုလ်ဖြစ် သဂျီးဇုတ် သဂျုတ်ဇီး လျှာပွတ်မာမွတ်ခိုင်မ် အကြောင်းပြု လို့ ဝေငှပါရစေ။ သူပြောလေ့ရှိတဲ့ သီလဆိုတာ ဗုဒ္ဓဘုရား မပွင့်ခင် ရှေးပဝေသဏီထဲက ရှိတယ်..။ ဗုဒ္ဓ ဘာသာဝင်တွေရဲ့ ငါးပါးသီလဆိုတာ ဟိန္ဓူတွေရဲ့ သီလကို ပုံတူကူးထားတာ.. လျှာအရိုးမရှိတိုင်း စကောလောက်မှ ဇောက်မနက် သူ့ညံတထွာတမိုက်နဲ့ လူတတ်ကြီးလုပ် ပြောထားတာကို တုံ့ပြန်ဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားတွေ ပွင့်တော်မူတဲ့ ကာလမှာသာ အနတ္တတရား သိခွင့်ရတယ်၊ ကျန် သာသနာပ ကာလတွေမှာ တငါငါစွဲတဲ့ အတ္တတရားများသာ ထွန်းကားတယ်။ သီလကိုပဲ ဦးတည်ပြောရင် စောင့်ထိန်းတားမြစ်တဲ့သီလ အရှိယူအဟုတ်ထင်တဲ့ သီလတရားများသာ ရှိတယ်..။ အကျိုးဆက်အားဖြင့် ကုသိုလ်ရတယ်.. […]


လူတွေမှာ သံသရာစွန်းဆိုတာ ရှိသဗျ၊ ကိလေသာ အသဝေါ မကုန်စင်သေးသူတိုင်း သံသရာရှေ့စွန်း သံသရာနောက်စွန်း တခုမဟုတ်တခု အချိန်တိုင်း ဖြစ်နေကြတာပဲ။ တရားတော်မှာလည်း အထင်အရှားရှိ၊ ဒီဖက်ခေတ် ကျင့်ကြံပေါက်ရောက်သူ ပုဂ္ဂိုလ်များကလည်း ဟောပြဆုံးမသွားကြပါတယ်။ အဲဒီအစွန်းမှ လွတ်ရာလမ်းကိုတော့ မဇ္ဈိမမဋိပဒါ အလယ်အလတ်လမ်း လို့ခေါ်တယ်။ အများလွယ်လွယ်ပြောနေတာတော့ ကိလေသာကာမဂုဏ် အလွန်အကြူ း ခံစားတဲ့လမ်းနဲ့ ကျို းကြောင်းမဲ့ အပြင်းအထန် ပြုမူခြင်း နှစ်ခုပါ။ အစွန်းနှစ်ဖက် လွတ်အောင်ရှောင်ဆိုပြီး ကျင့်ကြံအားထုတ်ကြပေမဲ့ ပြုလုပ်လိုက်ကထဲက ငါပါနေလို့ အဲဒီအစွန်း ဝဲဂယက်ထဲက ရုန်းမထွက်နိုင်ဘူး။ သမထနဲ့ ဝိပသနာ ဘယ်လိုပဲ ခွဲခြားပြပါစေ.. လက်တွေ့ တကယ် ကြုံတဲ့အခါ ဟုတ်နိုးနိုး ဖြစ်ကုန်တာများတယ်။ နဂိုအခံ အစွဲကြီးထားတဲ့အခါမှာတော့ စာဘယ်လောက်ကြီး တတ်ပါစေ၊ သမာဓိ ဘယ်လောက် […]


nicolus agralNovember 11, 20131min60630
OIC ဆိုတာဟာ Organisation of Islamic Cooperation ကို အတိုကောက်ခေါ်တာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၅ရနို်င်ငံပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ မူစလင်နိုင်ငံများရဲ့ အကျိုး စီးပွားကာကွယ်ရေး၊မူစလင်နိုင်ငံများ တိုးတက်ဖွံ့ဖြိုးလာစေရေး စတဲ့ရည်ရွယ်ချက်များကို ဝိုင်းဝန်း အကောင်အထည်ဖော်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ဘာသာရေးအခြေပြုအဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။ ပေါ်ပေါက်လာပုံ ၁၉ရာစုနှစ်လောက်ကတည်းက မူစလင်ဘာသာဝင်များအနေနဲ့ သည်လိုအဖွဲ့အစည်းမျိုးကို တည် ထောင်ဖို့ ရည်ရွယ်ခဲ့ကြတယ်။၁၉၆ရခုနှစ် အစ္စရေး-ပါလက်စတိုင်း ခြောက်ရက်ကြာစစ်ပွဲအပြီး အစ္စရေးတို့ စစ်ပွဲအောင်မြင်ပြီး နောက်ပိုင်းမှာတော့သည်လို အဖွဲ့အစည်းမျိုးဟာ အရေးတကြီးလိုအပ်လာပြီလို့ မူစလင် ခေါင်းဆောင်များကို တပ်လှန့်လိုက်သလိုဖြစ်သွားပါတယ်။သည်လိုနဲ့ မူစလင်ခေါင်းဆောင်များ စုစည်းပြီး ၁၉၆၉၊စက်တင်ဘာလ ၂၅ရက်နေ့မှာ OIC ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ စတင်ဖွဲ့စည်းချိန်မှာတော့ OIC ရဲ့အမည်က Organisation of the Islamic Conference ဖြစ်ပါ တယ်။အဖွဲ့ရဲ့ကြေညာစာတမ်းထဲမှာ အစ္စလာမ်နိုင်ငံများရဲ့ […]


အလင်းဆက် ရဲ့ ကျွန်တော်ချစ်သော မြို့တစ်မြို့ ပို့စ်လေးကိုဖတ်ပြီး သကာလ …  ပို့စ် တင်ချင်သောငြား တင်စရာမရှိ ဖြစ်နေတဲ့ ရွှေမိုးတိမ် တစ်ယောက်  ဓါတ်ပုံအဟောင်းတွေမွှေနှောက် ပြီး သွားခဲ့တဲ့ ခရီးစဉ်တွေကို ပို့စ်အဖြစ်တင်ဖို့ ဝမ်းမြောက်ဝမ်းသာ အိုင်ဒီယာ ရရှိသွားပါတယ် ။ အခုပထမဆုံးတင်မယ့် ပို့စ် ဟာဖြင့် ပုဂံဘုရားဖူး ဆိုတဲ့ခေါင်းစဉ်နဲ့ ပုဂံသို့ တစ်ခါတစ်ခေါက် အလည်ရောက်ခဲ့စဉ်က ပုံလေးတွေနဲ့ တွဲတင်ပါ့မယ် ။ အဝေးရောက် ရွာသူ ရွာသားများ အလွမ်းပြေ ဘုရားဖူး ကြစေကုန် 🙂 ပုဂံခရီးစဉ်မှာ မန္တလေးကနေ ညခုနှစ်နာရီလောက် စထွက်ပြီး ပုဂံကို မနက် အစော တစ်နာရီ ရောက်ပါတယ် ။ မေခလာ တည်းခိုခန်းမှာ ခဏတာ အိပ်ပြီး မနက် […]


အရင်ဆုံး စကားပလ္လင်ခံပါရစေ။ ဘာသာရေးနဲ့ ပတ်သက်လာရင် ကျွန်မက အခုမှ စလုံးရေးစ အဆင့်ပဲ ရှိပါသေးတယ်။ ဒီစာကို ရေးရတာကလည်း သိလွန်း၊ တတ်လွန်းလို့ ရေးတာမဟုတ်ပါဘူး။ သိချင်လို့ ရေးတာပါ။ လေ့လာကာစအချိန်၊ ကိုယ်ဉာဏ်မီသလောက်လေးနဲ့ တွေးကြည့်နေတဲ့အချိန်မှာ လမ်းလွဲသွားမှာ၊ အတွေးချော်သွားမှာ၊ အစွန်းရောက်သွားမှာလည်း စိုးပါတယ်။ ဒါကြောင့် စိတ်ထဲမတင်မကျ ဖြစ်နေတာလေးတွေကို ဒီမှာ အစဆွဲထုတ်လိုက်ပါတယ်။ အားလုံးပဲ ဝိုင်းဆွေးနွေးပေးကြပါလို့ ပြောချင်ပါတယ်။ (Zawgyi Font နဲ့မို့လို့ တစ်ချို့သတ်ပုံတွေမှားတာရှိရင် ခွင့်လွှတ်ပေးပါ။)   ************************************************************* ဟိုနေ့က UMFCCI မှာ ကျင်းပတဲ့ စာအုုပ်အရောင်းပွဲတော်ကို သွားတဲ့အခါ ရှင်ဥက္ကဌရဲ့ ကျောက်ကွင်းအရေးတော်ပုံစာအုပ်ကို ရောင်းတာတွေ့ပါတယ်။ ဒီစာအုပ်ကို တွေ့နေတာတော့ ကြာပါပြီ။ ပထမဆုံး စာအုပ်အဟောင်းဆိုင်တွေမှာတွေ့တယ်။ နောက် လှည်းတန်းက စာအုပ်ဆိုင်တွေမှာ […]


alinsettOctober 14, 20132min1506
ဘုရားဟော မဇ္စိုမပဋိပဒါ နှင့် ယနေ့ မြန်မာ ခေါင်းစဉ်ကိုသာ အမြင့်ကြီး ပေးလိုက်ရပေမဲ့ FreeIdea ရဲ့ အတွေးအခေါ်၊ အရည်အချင်း၊ အသိပညာ လောက်နဲ့ ဒီအကြောင်း ရေးဖို့ မထိုက်တန်သေးဘူး ဆိုတာကိုတော့ အရင်ဦးဆုံး ဝန်ခံပါရစေ။ ဘာဘဲဖြစ်ဖြစ် ကိုယ်လက်လှမ်းမှီသလောက် တွေးခေါ်ပြီး ရေးသားပေးလိုက်ပါတယ် ….။ ဗုဒ္ဓ မြတ်စွာဘုရားရှင် ဟာ (၆) နှစ်တာ ကာလပတ်လုံး ဆင်းရဲတဲ့ကျင့်စဉ်နဲ့ ကျင့်ကြံအားထုတ်ခဲ့ရာမှာ သဗ္ဗညုဘုရားရှင် အဖြစ် မရောက်ရှိခဲ့ပါဘူး ….။ အဲဒီအချိန်မှာမှ ပြန်လည်ဝေဖန်သုံးသပ်ပြီး မဇ္စိုမပဋိပဒါ လို့ခေါ်တဲ့ အလယ်အလတ်လမ်းစဉ် ကို လိုက်နာပြီး ကျင့်ကြံပွားများခဲ့တာ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့မှာ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော် မူခဲ့ပါတယ်။ ဒီ […]


Dote KhaSeptember 18, 20131min49729
လူတစ်ယောက် သေပြီဆို မြန်မာတွေရဲ့ ထုံးစံ အရ ဖဲဝိုင်းထောင်တယ် ဟဲဟဲ။ လာလာခြင်း ဆောက်နဲ့ ထွင်းတာ မဟုတ်ဘူး။ အတည်ပြောတာ။ မယုံဘူးလား။ လက်တွေ့ပြလို့ ရတယ်။ ပြောင်တာပါ။ နောက်ပိုင်း မြန်မာ ဗုဒ္ဓဘာသာဝင်တွေ အတော်များများဟာ ဆိုရင် လူတစ်ယောက် သေပြီဆို သေပြီး တစ်ပတ်လုံးလုံး သရဲ၊ ဝိဉာဉ် အဖြစ်နဲ့ အိမ်နားမှာ တစ်ဝဲလည်လည် ရှိနေတယ်လို့ ယုံကြည်ကြတယ်။ တစ်ပတ်ပြည့်မှသာ သွားချင်တဲ့ နေရာ သွားကြတယ်ပေါ့။ ဒါကိုတောင်မှ ကိုယ့်အိမ် အနီးအပါးမှာ သရဲ ဖြစ်မယ်လို့ပဲ ယုံကြည်နေကြတုန်းပဲ။ သံယောဇဉ် တယ်ကြီးကြတဲ့ လူမျိုးကိုး ခင်ဗျ။ ဘုရားဟောအရ (၃၁) ဘုံ ရှိတယ်။ အပါယ် လေးဘုံ၊ လူဘုံ၊ နတ်ဘုံ ၆ […]


Ko out of...September 8, 20131min2259
– ဓမ္မဝိဟာရီဆရာတော်တရားကို မနာကြားရခင် တချိန်တုံးက…… ကျွန်တော်နာလည်းမိသော လောကသုံးပါးကဒီလိုပါ… ဩကာသလောက၊ သတ္တလောက၊ သင်္ခါရလောက…စသည့်ဖြင့်…..ဖြစ်ပျက်သမျှအရာတွေကို ဒုက္ခသစ္စာလို့မှတ်ခဲ့ပါတယ်… အဲဒီလောကက သုံးပါးကိုလည်း လောကဇာတ်ခုံပမာလို့လည်း နားလည်ခဲ့မိပါတယ်……..ကျွန်တော်တို့ဟာ အဲဒီလောကဇာတ်ခုံပေါ်မှာ မွေး၊အို၊နာ၊သေ..ရီလိုက်…ငိုလိုက်….လွမ်းလိုက်…ဆွေးလိုက် စသည်ဖြင့် အမျိုးမျိုးကပြရသည့် ဇာတ်ကောင်ပမာ အဖြင့်နားလည်မိခဲ့ပါတယ်…အဲဒီလိုနားလည်းခဲ့မိလို့လည်း လောကသုံးပါးကနေ မထွက်နိုင်ခဲ့ပါဘူး…. အခုတော့….ဆရာတော်၏ ကျေးဇူးကြောင့်….ကျွန်တော်ဒီလိုမျိုး နားလည်သဘောပေါက်မိတယ်…သမုတိနဲ့ ပရမတ်သဘောတွေနဲ့…တည်ဆောက်ထားသည့်… ဩကာသလောက…သတ္တလောကတွေဟာ…သဘာဝတရားတွေဘဲ…ဒီသဘာဝ တရားကနေထွက်ဖို့မလိုပါဘူး…ထွက်လို့လည်းမရပါဘူး…ဘာဖြစ်လည်းဆိုတော့ ကျွန်တော်တို့က ဒီသမုတိ…ဒီပရမတ်နဲ့ဖွဲ့စည်း တည်ဆောက်ထားလို့ဘဲ…သမုတိဆိုတဲ့ သမုတ်မှန်ဟာလည်းသူ့နေရာနဲ့သူ..သူတန်ဖိုးနဲ့သူရှိရမည့်အရာပါ…ပရမတ်လည်း လောကမှာ ရှိရှိသမျှ အရာတွေဟာ. ဓါတ်ကြီးလေးပါးဖြစ်တဲ့…ပထဝီ၊အာပေါ၊ဝါယော၊တေဇော စသည့်ဓါတ်တွေနဲ့ ကင်းလို့မရပါ..သဘာဝတရားတွေဟာ လိုအပ်လို့သူနေရာနဲ့သူ အစီစဉ်တကျ..ဟန်ချက်ညီညီ ဇီဝစက်အဖြစ်လည်ပတ် နေခြင်းဟာ မရှိမဖြစ် သူ့သဘာဝတရားအရ…. မွေး၊အို၊နာ၊သေ …ဥပါဒ်၊ဋိ၊ဘင် ဖြစ်တည်ပျက်ဆိုသည့် သူ့အလုပ်ကိုတော့ ….သူလုပ်နေရမှာ ဖြစ်ပါတယ်…. ဒါဖြင့်ရင် ဘုရားဟောသည့်လောက သုံးပါးဆိုတာ ဘယ်ဟာကိုယူရမလဲ?… ဓမ္မဝိဟာရီဆရာတော်ကတော့ […]


CourageAugust 23, 20131min24414
သာသနာတော် မညှိုးနွမ်းစေလိုပါ   ကျွန်တော့ရဲ့ ကိုယ်တွေ့အဖြစ်လေးမို့လို့ ခပ်ရှက်ရှက်နဲ့ပဲ ရေးလိုက်ပါရစေ။ စကားပုလ္လင်တွေတော့ ရှည်ရှည်ဝေးဝေး မခံတော့ပါဘူး။ လိုရင်းကိုပဲ ဆိုကျစို့။ ၂၀၁၃ခုနှစ် ဩဂုတ်လ ၂၁ရက်နေ့ ( ၁၃၇၅ခုနှစ် ဝါခေါင်လပြည့်နေ့ (သို့) မေတ္တာ အခါတော်နေ့) ညပိုင်း ရနာရီဝင်းကျင် အချိန် ကျွန်တော်တို့ မိသားစု ရွှေတိဂုံဘုရားမှ ဘုရားဖူးပြီးအပြန် ကြုံခဲ့ရတဲ့ အဖြစ်လေးပါ။ အဲ့နေ့က ဘုရားဖူးပြီး ပြန်တဲ့အချိန်မှာ မိုးတွေက မသဲပေမယ့် ဖွဲစိဖွဲစိတော့ ရွာလို့ပေါ့။ ဘုရားတောင်ဘက်မုဒ် ဓါတ်လှေကားဝင်ပေါက်ကနေ အငှားကားကို ငှားပြီး အပြန် ရွှေတိဂုံဘုရားတောင်ဘက်မုဒ် ကန်တော်မင်္ဂလာ ပန်းခြံ မီးပွိုင့်မှာ မီးနီကြီး စိမ်း သွားမယ့်အချိန်ကို စောင့်နေတုန်း ကားဘေးနားကို ကိုရင်လေးတစ်ပါး ရောက်လာ ပါတယ်။ ပြီးတော့ […]