Yin Nyine NwayAugust 29, 20101min431
နိုင်ငံခြား ယောဂီတစ်ဦး ဗုဒ္ဓဘာသာဆိုင်ရာ တရားများကို အားထုတ်ဖြစ်ပြီး မြတ်စွာဘုရားရှင်ကို မြင်ဖူးချင်စိတ်ပြင်းပြစွာဖြစ်ပေါ်လာပြီး အနှစ် (၂၀) တရားအားထုတ်၍ အဓိဌာန်ပြီး မြတ်စွာဘုရား တရားအားထုတ်ခဲ့တဲ့ညောင်ပင်ကို ဓါတ်ပုံရိုက်လိုက်ရာမှ ယခုပုံကိုတွေ့ရခြင်းဖြစ်သည်ဟု ဖတ်လိုက်ရပါတယ်။ အကျယ်ကိုရှင်းပြထားတာတော့ တော်တော်များတယ် ဒါပေမယ့် အချိန်မရလို့  ဒီလောက်ပဲရေးပေးလိုက်ပါတယ် ဟုတ်တာမဟုတ်တာ အပထား၊ ဗဟုသုတအနေနဲ့ ကြည့်ရအောင်လို့ တင်ပေးလိုက်ပါတယ်။


Yin Nyine NwayAugust 29, 20101min721
မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ပြုန်းကျေးရွာတွင် ကျင်းပသော ဆုတောင်းပြည့်၊ ဆုတောင်းရနှင့် တောင်ပြုန်းမင်းနှစ်ပါး ပွဲတော်ကို ယခုနှစ် ဝါခေါင်လဆန်း ၈ ရက်(ဩ ဂုတ် ၁၈ ရက်)နေ့မှ စတင်ကျင်းပသော်လည်း ပွဲထုံးစံအရ ချိုးရေတော်သုံးသည့် ဝါခေါင်လဆန်း၊ ၁၁ ရက် (ဩဂုတ်လ ၂၁ ရက်)နေ့မှစ၍စတင် စည်ကားလာကြောင်း တွေ့ရှိရသည်။ ယခုနှစ် ၁၃၇၁ ခုနှစ်သည် စုံနှစ်ဖြစ်သဖြင့် ရိုးရာအယူအဆ အစွဲအလမ်းအရ ပိုမိုပျော်ရွှင်မြူးတူးသည့် မင်းလေးနှစ်ဖြစ်၍ ယခင်နှစ်ထက် စည်ကားနိုင်သည်ဟု မျှော်လင့်ခဲ့ကြသကဲ့သို့ ပွဲလမ်းများနှင့် ပြတ်လပ်နေသည့်အပြင် စိတ်ထွက်ပေါက် ပျော်ရွှင်ဖွယ်ရာအဖြစ် ချိုးရေတော်သုံးသည့်နေ့တွင် ရိုးရာအရ ပူဇော်ပသရန်၊ သို့မဟုတ် အစဉ်အလာအရ မဖြစ်မနေ သွားရောက်ရန် သို့မဟုတ် စိတ်လွတ် လက်လွှတ် ဖွင့်အန်ပျော်ရွှင်ရန်များ အတွက် ဝါခေါင်လဆန်း ၁ဝ […]


Yin Nyine NwayAugust 29, 20101min350
ပရိတ်စွမ်းအင် အသက်ရှင် ကျွန်မသည် ဝန်ထမ်းတဦးဖြစ်၍ လပတ်၊ သုံးလပတ်နှင့် ရံဖန်ရံခါ လိုအပ်သလို အစည်းအဝေးများ တက်ရောက် ရ၏။ ထိုအစည်းအဝေးများကို တက်ရောက်ရာတွင်လည်း ကား၊ သင်္ဘော စသည်တို့ဖြင့် သွားရောက်ရသော နေရာများ ဖြစ်၏။ ရေလမ်း၊ ကုန်းလမ်းများ၏ လမ်းခရီးအန္တရာယ်ကို ကြောက်ရွံ့တတ်သော ကျွန်မသည် ဓာရဏပရိတ်ကို စာအုပ်ကြည့်၍ ရွတ်ဆိုသွားလေ့ရှိပါသည်။ တာဝန်များ ဆောင်ရွက်နေရသည့်အချိန်များ အကြားတွင်လည်း ဓာရဏပရိတ်ကို နေ့စဉ် အနည်းဆုံးတခေါက်တော့ ရွတ်ဆိုမိသည်။ သို့သော်လည်း အစအဆုံး အလွတ်ရခြင်းတော့ မရှိသေးပါ။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု-ဟူသည့် ပထမအပိုဒ် (အချုပ်) ကိုသာ ဌာန်ကရိုဏ်းကျကျ မိမိရရ ဆိုမိနေခြင်းဖြစ်သည်။ ရုံးလုပ်ငန်းတာဝန်များ […]


Yin Nyine NwayAugust 29, 20101min530
ဗုဒ္ဓဘာသာနှင့်နိုင်ငံရေး မိလိန္ဒပဥှာတွင်လည်း ဤသို့ဆိုထားပါသည် ။“ မင်းကြီး ၊ ဥပမာ တစ်နည်းသော်ကား ယောက်ျားသည် အစွမ်းသတ္တိ မရှိ ၊ အမျိုးယုတ် ၏ ။ နည်းသော ပညာရှိ၏ ။ ကြီးကျယ်စွာသော မင်း၏ အဖြစ်ကိုရသော် တစ်ခဏချင်းဖြင့်ဖောက် ပြန်၏ ။ ပရိသတ်ကို ဖျက်ဆီး၏ ။ နောက်သို့ ဆုတ်၏ ။ အစိုးရသော အဖြစ်ကိုဆာင်ရွက် ခြင်းငှါ မတတ်နိုင်ရာ ။ ထိုသို့သော မထိုက်တန်သော မင်းအား ပြည်သူတို့ကှဉ်းဆဲ နှိပ်စက် ရာသည် ၊ ပြည်သူတို့က အပြစ်ဒဏ် ခတ်ရာသည် ၊ တိုင်းသူပြည်သား တို့သည် ဥပဒေကို ချိုး ဖောက်သောကာလ အပြစ်ဒဏ် ခတ်ရာ သကဲ့သို့ ထိုသို့သောဥပဒေနှင့် […]


Yin Nyine NwayAugust 29, 20101min540
ဗုဒ္ဓဘာသာဝင်တို့အတွက် ဗုဒ္ဓဝင်အကျဉ်း ၁။ လူအမည်=သိဒ္ဓတ္ထ ၂။ ဘုရားဘွဲ့=ဂေါတမ ၃။ မိဘအမည်=သုဒ္ဓေါဒနမင်း နှင့် မာယာဒေဝီ ၄။ ကြင်ယာတော်=ယသော်ဓရာ ( ဘဒ္ဒကဉ္စနာ ) ၅။ ရင်သွေးတော်=ရာဟုလာ ၆။ ယောက်ဖတော်=ဒေဝဒတ် ၇။ မိထွေးတော်=ဂေါတမီ ၈။ နေပြည်တော်=ကပိလဝတ်ပြည် ( သက္ကတိုင်း၊ မဇ္ဈိမဒေသ )။ ၉။ ဖွားရာဌာန=လုမ္ဗိနီဥယျာဉ် ( ကပိလဝတ်နှင့် ဒေဝဒဟကြား )။ ၁၀။ နန်းစံနှစ်=၁၃-နှစ်ကြာ ( ၁၆-နှစ်မှ ၂၉ နှစ် )။ ၁၁။ နိမိတ်ကြီးများ=သူအို, သူနာ, သူသေ, ရဟန်း ၁၂။ ဗျာဒိတ်ခံယူသောဘဝ=သုမေဓာရသေ့ဘဝ ၁၃။ ဗျာဒိတ်ခံယူသောနေ့=ကဆုန်လပြေ့နေ့ ၁၄။ ဗျာဒိတ်ပေးသောဘုရား=ဒီပင်္ကရာမြတ်စွာဘုရား ၁၅။ ပါရမီဖြည့်ဖက်=သုမိတ္တာအမျိုးသမီး ( ယသော်ဓရာအလောင်း […]


Yin Nyine NwayAugust 28, 20101min540
ဓမ္မစကြာသုတ် ဗြဟ္မာ နတ် လူ သုံးဘုံသူ တို့၏ ပူဇော် အထူးကို ခံတော်မူထိုက်ကြောင်းဖြစ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမုတ္တိဂုဏ် ဝိမုတ္တိဉာဏ ဒဿနဂုဏ်တို့နှင့် ပြည့်စုံတော် မူ ပေ ထသော  သစ္စာဉေယျ ဓမ္မအပုံအလုံးစုံကို အကုန်မကျန်မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်း ထင်ပေါ် သိမြင်တော်မူပေထသော ဣဿရိယဓမ္မယသ သီရိကာမပယတ္တ တည်း ဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ဘုရားတပည့်တော်တို့၏ ရှိခိုးခြင်းသည် ဖြစ်စေပါသတည်း ဘုရား။ (၁) တပါးသောအခါ၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဗာရာဏသီ နေပြည်တော်ကြီး၏ အနီး၌ ရှေးခါခေတ်ဟောင်း ရသေ့သူမြတ်အပေါင်းတို့၏ သက်ဆင်းရာ သား သမင်အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော မိဂဒါဝုန်တောကြီး၌ သီတင်းသုံး နေတော်မူ၏။ ထိုသို့ သီတင်းသုံးနေတော်မူသောအခါ၌ မြတ်စွာဘုရားသည် ကောဏ္ဍည အမှူး […]


ငယ်ငယ်တုန်းက ဘော်ဒါတွေနဲ့ လ္ဘက်ရည်ဆိုင်ထိုင်ရင် အကြောင်းစုံ ပြောဖြစ်ကြပါတယ်။ ဖွမ်ကိစ္စကစလို့ အိုင်းစတိုင်းရဲ့ ရီလေးတီဗတီ သီအိုရီ အထိ အာပေါင် အာရင်း သန်သန်နဲ့ ဖင်မီးခိုး ထွက်အောင် ဆေးလိပ်သောက်ပြီး ငြင်းကြခုန်ကြပါတယ်။ (ခုန်တာကတော့ စားပွဲအောက် ကြွက်ဖြတ် ပြေးလို့ပါ) ပြောစရာကုန်သွားရင် ဘုရားဟောဘက်ကို် ရောက်ပါတယ်။ မှတ်မိတာက နိဗာ္ဘန် ဆိုတာ ဘာလဲပါ။ အများစုက အရမ်းအေးချမ်းတဲ့ လုုံးဝ အပူအပင်မရှိတဲ့ နေရာလို့ လုံးဖြေပါတယ်။ ကျွန်တော် က ရိပ်သာဝင်ဖူးတဲ့ အရှိန်နဲ့ မင်းတို့မှားတယ်၊ နိဗာ္ဘန် ဆိုတာ ဘာမှ မရှိတဲ့နေရာ၊ ခံစားမှုမရှိဘူး။ အေးချမ်းတယ်ဆိုတာ အဲဒါလို့ ဆရာလုပ်ပါတယ်။ သူငယ်ချင်းတွေက ညဏ်မမှီလေ ကျွန်တော်က ဖိပြောလေပါပဲ။ ကျွန်တော်ပြောတာက ပိုပြီး သဘာဝကျ သယောင်ယောင် […]


toyoAugust 26, 20101min590
ပြီးခဲ့တဲ့ သောကြာနေ့ ညနေငါးရီက ဘုံဘေမြို့မှာ အသုဘတစ်ခုကို အသုဘရှုဘို့ ရောက်ရှိခဲ့ရတယ်၊ သေတဲ့သူက မိမိတို့သီတင်းသုံးနေထိုင်ရာ စောမယကောလိပ်ကြီးပိုင်ရှင်- ကေဂျေ ဒေါက်တာစောမယကြီးရဲ့သား သား-စောမယကြီး၊ အသက် (၈၃)နှစ်ဖြစ်သည်၊ သူပိုင်ဆိုင်သည့် ပစ္စည်းတွေက နည်းနည်းနောနောမဟုတ်၊ စောမယကောလိပ်ကိုလည်း ပိုင်သည်၊ တစ်ခြား တစ်နေရာက စောမယဆေးကောလိပ်ကိုလည်း ပိုင်သည်၊ စောမယဆေးရုံကြီးကိုလည်း ပိုင်ဆိုင်ထား သည်၊ တစ်ခြား တခြားသောနေရာတွေက ပိုင်ဆိုင်မှုတွေကို မိမိမသိရသော်လည်း မိမိနေထိုင်ရာ စောမယ ကောလိပ်ဝန်းအတွင်းမှာတော့ ပိုလီတက်ခနစ်ရှိသည်၊ အင်ဂျင်နီယာရင်းရှိသည်၊ အိန္ဒိယနိုင်ငံရဲ့ အကျော်ကြားဆုံး မန်နေဂျင့်မန်တ်ရှိသည်၊ ရိုးရိုး ဘီအေဘွဲ့ပေးသည့် ကောလိပ်ရှိသည်၊ ကလေးငယ်တွေ တက်ရောက်သည့် မူလတန်း အလယ်တန်း အထက်တန်းကျောင်းရှိသည်၊ ခြုံပြောရရင် သူက သန်းကြွယ်သူဌေးတစ်ယောက်… အသုဘကို လွဲချော်မှုပေါင်းမြောက်များစွာဖြင့် နောက်ကျမှ ရောက်ရှိသွားရသည်၊ ပထမ […]


sofiadimpleAugust 26, 20101min380
အန ္တရာယ်နံပါတ်-၈ ဒီနေ့တော့ နောက်ဆုံးနံပါတ်ကို ရောက်လာပါပြီ။ ဒီအန ္တရာယ်ကပြောထားတာကတော့ သစ်တုံးကြီးဟာ ရေထဲမှာမျောလာရင်းနဲ့ တဖြည်းဖြည်း ဆွေးမြေ့ပုပ်ပွပြီး ပျက်စီးသွားရပြီဆိုရင်လည်း သူဦးတည်တဲ့သမုဒ္ဒရာထဲကို ရောက်မှာမဟုတ်ဘူးလို့ပြောထားပါတယ်။ ဒါက လည်းကြုံတွေ့ရမယ့် အန ္တရာယ်တစ်ခုဖြစ်တာကြောင့် သိဖို့လိုအပ်ပါတယ်နော်။ ကဲဒါလေးကို ဒို့ခန္ဓာနဲ့ယှဉ်ပြီးစဉ်းစားကြရအောင်ပါ။ တကယ်တော့ ဒါဟာဘာကိုဆိုလိုသလဲဆိုရင် ကိုယ်ကျင့်တရားကိုပါပဲ။ အင်း..တကယ်တော့ ဘဝကို မြှင့်တင်ပေးနိုင်သောအရာသည် ဓမ္မနှင့်ဆိုင်သော ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ဖြူစင်မြင့်မြတ်ခြင်းပဲမဟုတ်ပါ လား။ ငွေကြေးဥစ္စာ၊ရာထူးဂုဏ်သိမ်အဆောင်အယောင် စတဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးမြင့်မှုတွေ ဘယ်သို့ပင် ကြီးကျယ်နေပါစေ ၊ကိုယ်ကျင့်သိက္ခာ ပိုင်းဆိုင်ရာမှာမဖြူစင်၊မမြင့်မြတ်ဘူးဆိုရင်ဘဝတန်ဖိုးမှာအနိမ့်ဆုံးအဆင့်မှာရောက်နေပြီလို့သာသတ်မှတ်လိုက်ပေတော့။အင်းဒီကိုယ်ကျင့် တရားပျက်စီးခြင်းကလည်းလေ လောကဓံတွေ အပေါ်မှာစိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ အများကြီးပတ်သက်နေတယ်နော်။ လူရယ်လို့ ဖြစ်လာမှတော့ လောကဓံ(၈)ပါးက အလှည့်ကျတိုက်နေတာ ခံကြရမှာပဲလေ။ အင်း ဒီဒဏ်တွေမခံနိုင်ရာကနေပဲ ကိုယ်ကျင့်တရား တွေ ပျက်စီး သွားကြရ တာပါပဲမလား။ […]


teekaunglayAugust 26, 20101min885
ရွေတိဂုံစေတီတော်ကြီးသို့ နှစ် ပေါင်း ၁၀ဝ ကာလအတွင်းအလှူရှင် များမှ သာသနာ့ရန်ပုံငွေထိန်းသိမ်းရေး စာချုပ် ချုပ်ဆိုပြီး လှူဒါန်းထားသော မြေပါဝင်သည့် အဆောက်အအုံဆယ့် နှစ်ခုအနက် သုံးလုံးအား ယခုနှစ်တွင် ဈေးပြိုင်စနစ်နှင့် ရောင်းချခဲ့ကြောင်း သိရှိရသည်။ ယခုနှစ်တွင် ရောင်းချခဲ့သော မြေနှင့် အဆောက်အဦများမှာ ရန်ကုန် တိုင်းလမ်းမတော်မြို့နယ် ဘုန်းကြီး လမ်းမှ အမှတ် ၁၀၅ နှင့် ၁၀၈ ရှိ မြေနှင့်အဆောက်အအုံကို ကျပ်သိန်း ၂၂၀ဝ နှင့်လည်းကောင်း၊ ကမာရွတ် မြို့နယ်၊ အာတီးယားလမ်းအမှတ် ၄ဝ ရှိ မြေနှင့် အဆောက်အအုံအား ကျပ် သိန်း ၆၀၀ဝ ဖြင့်လည်းကောင်း၊ ပုဇွန် တောင်မြို့နယ်၊ အောက်ပုဇွန်တောင် လမ်းအမှတ် ၅၁၉၊ ၅၂၁ ရှိ မြေနှင့် အဆောက်အဦအား […]


Minn ZinAugust 24, 20101min481
မန္တလေးဂဇက်တွင် ကျောက်ဆည်မြို့မှ စိုးရိမ်စရာအခြေအနေဆိုသော Post ကိုဖတ်လိုက်ရတော့… ကျွန်တော့်အမြင်လေးတွေကိုလဲ တင်ပြချင်လာမိသည်။ Comment ဝင်ရေးလျှင် ရှည်မည်စိုးသောကြောင့် အခုလို post အသစ်တင်လိုက်ရခြင်းပင်ဖြစ်သည်။ ကျွန်တော်တို့မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံဖြစ်သည်။ နိုင်ငံလူဦးရည်၏ ၈ဝ % နှုန်းသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည် ဆိုသည်မှာ လွန်ခဲ့သော ဆယ်စုနှစ်လောက်ကတော့ မှန်ပါလိမ့်မည်။ ယခုအခါတွင်မူ ဗုဒ္ဓဘာသာဝင် ရာခိုင်နှုန်းလျော့နည်းလာနိုင်သည်။ အဆွယ်ကောင်းသဖြင့် ဘာသာကူးပြောင်းသူ များလာခြင်း၊ ဘာသာခြားနှင့်လက်ထပ်၍ ဘာသာပြောင်းသွားခြင်း (အဖြစ်အများဆုံး တစ်ခုပါ)၊ တခြား ဘာသာဝင် လူဦးရည် တိုးတက်လာခြင်း၊ အရေးအကြီးဆုံးအချက်မှာ စီးပွားရေးလုပ်ငန်းအကြီးစားများကို ဘာသာခြားများ ပိုင်ဆိုင်နေ ခြင်းပင်ဖြစ်သည်။ ထိုသို့ဆိုလျှင် ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းအကြီးစားများမရှိဘူးလားဟု မေးစရာပင်။ ရှိပါသည်။ သို့သော်.. ထိုသူများသည်.. မိမိတို့ယုံကြည်ကိုးကွယ်သော ဘာသာ၊ သာသနာတိုးတက်ရေးအတွက် […]


အချို့ပုဂ္ဂိုလ်က အစအနောက်သန်၏။ ထိုအစအနောက် သန်သော ပုဂ္ဂိုလ်တို့တွင် အချို့က အခြေအနေ အချိန်အခါကို သိကာ စနောက်၏။ အချို့ကလည်း မိမိစနောက်လိုခြင်း တစ်မျိုးကိုသာကြည့်၍ စနောက်၏။ ထိုပုဂ္ဂိုလ်မျိုးကြောင့် အစအနောက်ခံရသော ပုဂ္ဂိုလ်တို့ စိတ်အခန့်မသင့်ချိန်နှင့် တွေ့သောအခါ အချင်းများရ၏။ အချင်းဖြစ်ပွားပြီးနောက် “ငါက ချစ်လို့ ခင်လို့ ကျီစယ်တာကို သူက အတည်ယူပြီး ရန်ပြန်လုပ်တယ်” ဟု စနောက်သူက အကာအကွယ်ယူတတ်၏။ ထိုအခါ အစခံရသူမှာ ပိုနာသွား၏။ နဂိုရ်ကမှ စိတ်မကြည်ချိန် အစနောက် ခံရတာ တမျိုး မိမိက ပြန်စိတ်တိုလိုက်သောကြောင့် ရန်လုပ်သည်က တမျိုး အမျိုးမျိုး ပေါင်းလိုက်သောအခါ ဒေါသက အတိုင်းအဆ မရှိတော့။ ထိုသူများမှာ တစ်သက်တာ ရန်သူတို့ ဖြစ်သွားတတ်ကြသည်။ ထို့ကြောင့် မိမိက နောက်ပြောင် […]


Yin Nyine NwayAugust 22, 20101min513
သက်သတ်လွတ် စားခြင်းအကြောင်းသည် လျော်၏ မလျော်၏ သင့်၏ မသင့်၏ကို အမြင်ရှင်းလင်းစေရန် ကျနော စုဆောင်းဖတ်မိထားသော သက်သတ်လွတ်စားခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများကို အနည်းငယ်မျှ တင်ပြလိုက်ပါတယ်…..။ (၁) သက်သတ်လွတ်စားခြင်းသည် စင်ကြယ်သော ကျင်စဉ် ဟုတ်မဟုတ်။ သက်သတ်လွတ်စားခြင်းသည် ဗုဒ္ဓ၏ တရားဓမ္မနယ်ပယ်တွင် ကျင့်စဉ်တစ်ရပ်အနေနှင့် ရှိခဲ့သလား။ သက်သတ်လွတ်စားခြင်းသည် မဂ်၊ ဖိုလ် ၊ နိဗ္ဗာန်ရောက်ကြောင်းဟုတ်ပါသလား…။ သက်သတ်လွတ်စားခြင်းသည် မဂ်၊ ဖိုလ် ၊ နိဗ္ဗာန်ရောက်ကြောင်းဟုတ် အကျင့်ဟုတ်ခဲ့လျှင် သက်သတ်လွတ် စားခြင်းသည် စင်ကြယ်သော ကျင့်စဉ်တစ်ရပ်ဖြစ်ခဲ့ပါမူ ကျင့်စဉ်တစ်ရပ်အနေနှင့် ရှိသင့်လျင် ဘုရားဟော ပရိယတ်ပါဠိတော်များနှင့် အဠကထာ ဋီကာများတွင် ဟောကြားထားမည်ဖြစ်ပါသည် ယုခု မဟောကြားခဲ့ပါ မဖွင့်ဆိုခဲ့ပါ။ (၂) သက်သတ်လွတ်စားခြင်းသည် တစ်စုံတစ်ရာ အပြစ်ကျူးလွန်မူ့ရောက် မရောက်။ သက်သတ်လွတ်စားရုံသက်သက်နှင့် […]