KyaemonAugust 22, 201019min430
INSPIRED BY AN EMAIL Local News | Jade Buddha from B.C., via Australia and Thailand, welcomed to Seattle | Seattle Times Newspaper http://seattletimes.nwsource.com/html/localnews/2012673937_jadebuddha20m.html Jade Buddha from B.C., via Australia and Thailand, welcomed to Seattle Co Lam Pagoda unveiled the Jade Buddha for Universal Peace — a nearly 9-foot-high Buddha carved entirely out of one block […]


sofiadimpleAugust 22, 20101min520
အန ္တရာယ်နံပါတ်-၇ ဒီနေ့အလှည့်ကျတာကတော့ ဝဲစုပ်လို့မြှုပ်သွားရတဲ့သစ်တုံးကြီး ရဲ့ အဖြစ်ပါပဲ ။ အင်း ဒီသစ်တုံးကြီးဟာ ရှေ့က အန ္တရာယ်(၆) မျိုးကတောင်လွတ် လာပြီးမှ   သူ့ခမျာနော် မထင်ပါပဲ ဝဲစုပ်လို့မြှုပ်သွားရတယ်လို့နော်။ အင်းဒီလို အန ္တရာယ် တွေလည်း မတွေ့နိုင်ဘူးလို့ မပြောနိုင်ဘူးနော်။ ဘာပဲဖြစ်ဖြစ် ဒါဟာလည်းကြုံတွေ့ရမယ့်  အန ္တရာယ် တစ်ခု ပဲမို့ သိထား မှဖြစ်မယ်လေ။ အဲဒါလေးကို စဉ်းစားကြည့်ကြရအောင်။ လူ့ဘဝမှာ အရွယ်(၃)ပါးရှိတယ်နော်။ ပထမအရွယ်မှာ ပညာ ရှာ ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ ၊ တတိယအရွယ်မှာ တရားရှာရယ်လို့ သိထားကြပါတယ်။ အင်းဒီဖော်မြူလာကြီး ကိုပဲ အဟုတ်ထင်ပြီး ငယ်တုန်းတော့ ရှာလိုက်ရတဲ့ပညာတွေ မပြီးနိုင်မစီးနိုင်လေ။ အဲ ဘွဲ့တွေ အသီးသီးရလို့ ပညာတွေစုံပြီဆိုတော့ […]


badbabylay09@gmail.comAugust 21, 20101min1040
ဘုရား၊ တရား၊ သံဃာ လို့ ရတနာသုံးပါးရှိတဲ့အတွက် ဂုဏ်တော်ကလည်း ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် လို့ သုံးမျိုးရှိပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်အများစုက ဘုရားဂုဏ်တော်ကိုပဲ ပုတီးစိပ်ကြ၊ ပွားများကြတဲ့အတွက် ဂုဏ်တော်ပုတီးစိပ်တယ်၊ ဂုဏ်တော်ပွားများတယ်လို့ ပြောလိုက်ရင် ဘာဂုဏ်တော်လဲလို့ မေးနေစရာမလိုဘဲ ဘုရားဂုဏ်တော် ဆိုတာ ချက်ချင်းသိကြပါတယ်။ အခုဒကာ မင်းသီဟသော် သိချင်တဲ့ ဂုဏ်တော်ပွားခြင်းအကျိုးဆိုတာလည်း ဘုရားဂုဏ်တော်ပွားခြင်း အကျိုးပဲလို့ ယူဆပါတယ်။ ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့ မိတ္တူကူးတာပါ။ မြတ်စွာဘုရားရှင်မှာရှိတဲ့ စိတ်ကောင်းစိတ်မြတ်တွေ၊ ဓာတ်ကောင်း ဓာတ်မြတ်တွေကို ကိုယ့်စိတ်ထဲ ကိုယ့်နှလုံးသားထဲမှာ စိမ့်ဝင်ပျံ့နှံ့လာအောင် မိတ္တူကူးယူတာပါ။ မြတ်စွာဘုရားရှင်ရဲ့ စိတ်ဓာတ် အရည်အသွေးတွေ၊ လုပ်ရပ် အရည်အသွေးတွေ ကိုယ့်ဘဝထဲ ရောက်လာအောင် မိတ္တူကူးယူတာပါ။ မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တစ်ခုကို ပွားရင် အဲဒီဂုဏ်တော်တစ်ခုရဲ့ အရည်အသွေးမျိုး ကိုယ့်စိတ်မှာ […]


badbabylay09@gmail.comAugust 21, 20101min490
အရဟံ ဗဟိအန္တဇယံ သုဂတံ၊ အမိတံ ဝိရဇံ လလိတံ အတုလံ။ စရဏံ တိဘဝူပသမံ ယမကံ၊ သုခဒံ သရဏံ ပဏမာမိ ဇိနံ။ အရဟံ – ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။ ဗဟိအန္တဇယံ – အတွင်းအပရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။ သုဂတံ – ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။ အမိတံ – မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာရှိသော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။ ဝိရဇံ – ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရာားကို၊ […]


badbabylay09@gmail.comAugust 21, 20101min791
“မဂ်” ၏ အဓိပ္ပါယ် ရှုမှတ်ပွားများနေရမှာက ယောဂီတို့ရဲ့အလုပ်ပါ။ မဂ်ဖိုလ်ဆိုတာ သူ့အချိန်တန်ရင် ရမှာပါပဲ။ မဂ်ရတယ်ဆိုတာ အလုံးကြီး အခဲကြီးရသလို ထင်မနေပါနဲ့။ – လမ်းခရီးကို ဟောတဲ့ မဂ္ဂ သဒ္ဒါက တစ်ခု၊ – မဂ်ဉာဏ်ကိုဟောတဲ့ မဂ္ဂ သဒ္ဒါက တစ်ခု – စုစုပေါင်းနှစ်ခု ရှိတယ်။ လမ်းခရီးကို ဟောတဲ့ မဂ္ဂ သဒ္ဒါက “မ” ရော “ဂငယ်” နှစ်လုံးရော နှစ်ခုပေါင်းမှ လမ်းခရီးဆိုတဲ့အနက်ကို ဟောနိုင်တယ်။ မဂ်ဉာဏ်ကိုဟောတဲ့ မဂ္ဂ သဒ္ဒါကျတော့ “မ” ကလည်း အနက်တစ်မျိုးကို ဟောနိုင်တယ်။ “ဂငယ်” ကလည်း အနက်တစ်မျိုးကို ဟောနိုင်တယ်။ ဝိဂြိုဟ် ဆိုလိုက်တော့ “ကိလေသေ- မာရေတီတိမော ဂစ္ဆတီတိဂေါ – မောစသော […]


sofiadimpleAugust 20, 20101min560
အန ္တရာယ်နံပါတ်-၆ ကို ကျော်လွှားနိုင်ဖို့ ကျတော့ ပန်းတိုင်မှန်မှရမယ်ဆိုတာ သိသင့်သလောက်တော့သိခဲ့ပြီနော်။ ဒါပေမယ့် အပြောသာလွယ်တယ် ။ တကယ့်လက်တွေ့မှာက ဒီ ဘုံဘဝ တွေကို တွယ်နေတဲ့တဏှာက ရှိနေသေးလေတော့ အင်း နိဗ္ဗာန်ဆိုတာက အလှမ်းဝေးပါသေးတယ်လေ။ ဒါကြောင့်ဒီ “ နိဗ္ဗာန် မရောက်ခင်ကြားမှာ ဖြစ်လေရာဘဝတိုင်းမှာ လူဖြစ်သော်က လူတကာထက် မြတ်သော အဆင်း၊အသံ၊ အလုံးအရပ် ပိုင်ဆိုင်ရပါလို၏။ နတ်ဖြစ်သော်ကား နတ်တကာထက်မြတ်သော ကိုယ်ရောင်ကိုယ်ဝါ ပိုမိုတောက်ပသော ၊ဘုန်းတန်ခိုးကြီးသောနတ် ဖြစ်ရ ပါလို၏။ ” ဆိုပြီးလေ ဆုတွေတောင်းနေတာတွေ တွေ့ဖူးမှာပေါ့။ နမူနာအနေနဲ့ မိဖုရားဖွားစော ကျောက်စာထဲက ဆုတောင်းပုံလေးကိုတော့ လူတိုင်းသိပြီးဖြစ်မှာပါ။ အင်း…ဒါကိုကြည့် လိုက်ရင်ကိုပဲ နိဗ္ဗာန်ဆုထက်ကို ဘုံဘဝ တွေကိုတွယ်နေတဲ့တဏှာလေး ကိုအထင်းသားတွေ့နိုင်မှာပါ။ ဒီတဏှာလေးရှိသေးသမျှကတော့ဖြင့် ဒီအန ္တရာယ်နံပါတ်-၆ […]


sofiadimpleAugust 20, 20101min360
ဒီနေ့တော့ သစ်တုံးလေးဟာရှေ့က အန္တရာယ်(၅)မျိုးကနေ လွတ်လာခဲ့ပြီမို့ ပျော်ပျော်ပါးပါးကြီး ခရီးဆက်နိုင်သွားရှာပြီဆိုပြီး စိတ်ကလေးအေးထားမလားလို့။ ဟော နောက်ထပ် အန ္တရာယ်နံပါတ်-၆ နဲ့ထပ်တွေ့ရပြန်ပါပေ့ါလား။ ဘယ်လိုဖြစ်သွားတာလဲဆိုရင် သူ့ကိုနတ်တွေကဆယ်သွားတာပေါ့။ ကဲဒီအဓိပ္ပါယ်လေးစဥ်းစားကြည့်ကြစို့။ သူကတော့ရှင်းပါတယ်။ ဒို့အိမ်တွေမှာ ခွေးလေးတွေ၊ ကြောင်လေးတွေမွေးထားတာမရှိဘူးလား ။ အဲဒီအိမ်မှာမွေးထားတဲ့ကြောင်လေးတွေကို ကြည့်ပြီး အော်ဒို့တော့ဖြင့် သူတို့လိုတိရစ ္ဆာန်ဘဝထက် မြင့်တဲ့လူ့ဘဝကိုရလာခဲ့ကြပြီ။ ဒါဘာကြောင့်လဲ ဆိုတော့ အတိတ်ကပြုခဲ့တဲ့ ကောင်းမှုကံတွေကြောင့်ပဲလို့ နားလည်ထားပါတယ်နော်။ အင်းသူတို့ကကျ တော့ဘာလို့တိရစ ္ဆာန်ဖြစ်နေရတာလဲ။သူတို့ရဲ့အတိတ်ကပြုထားခဲ့တဲ့အကုသိုလ်ကံကြောင့်လို့ဆိုရမှာပါပဲ။ လောဘနဲ့သေ ပြိတ္တာပြည်၊ဒေါသနဲ့သေ ငရဲပြည်၊မောဟနဲ့သေတိရစ ္ဆာန် ပြည်ရယ်လို့တောင် ဆိုထားပါလား။ ဒါကြောင့်ပဲ အတိတ်ကပြုခဲ့တဲ့ အကြောင်းတရား တွေကြောင့် ယခုပစ္စုပ္ပန်မှာ အကျိုးတွေခံကြရတာပဲမလား။ အင်းဒါဆို ပစ္စုပ္ပန်မှာပြုတဲ့ အကြောင်းကံ တွေရဲ့အကျိုးကိုတော့ အနာဂါတ်မှာပြန်ခံရမယ်ဆိုတာပေါ်ပြီနော်။ အကြောင်း ကောင်းမှ အကျိုးကောင်းမယ်။ အကြောင်းမကောင်းရင် […]


တနေ့က မမြင်ဘူးတဲ့ မန ္တလေးဂေဇက်က မိတ်ဆွေ ကိုလူဝက ရဟနာ္တစိတ် ဆိုတာဘာလဲလို့ မေးတဲ့စာတွေ ့လို့ဒီစာကိုဖြည့်စွက် ရေးလိုက်ပါတယ်။ တခုတောင်းပန် သတိပေးချင်တာက မယုံရင်၊ အပြစ်တင်ချင်လို့ရှိရင် ရေးသူကျွန်တော့်ကိုပဲ ဦးတည်ကြဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် စာသန်သူများအတွက် မဂ်တား၊ဖိုလ်တား ဖြစ်မှာစိုးလို့ပါ။ ဒီပညတ်ချက်အဆင့်တွေကို သဲအင်းဂူဆရာတော်ကြီး တရားတော်များမှ တဆင့် မိမိအာဘော်ဖြင့် သဘောပေါက် နားလည်သလို ပြန်လည်ဖေါက်သည် ချခြင်းသာ ဖြစ်ပါတယ်။ နောက်ထပ်ပြောချင်တာကတော့ ဒီအဆင့်သတ်မှတ်ချက်တွေဟာ အကြောင်းများမဟုတ်ဘဲ အကျင့်ရဲ့ အကြောင်းကြောင့် ဖြစ်လာတဲ့ အကျိူးတရားများသာဖြစ်ပါတယ်၊ ဒါကြောင့် သူဘာလဲ၊ငါဘာလဲ ဆိုတာကို နင်းကန်လိုက်ဖို့ မလိုကြောင်း အသိပေးပါရစေ။ တဖက်မှာလည်း သိလို့အကျိုးမမဲ့၊ အကျိုးများရန် သာဖြစ်ကြောင်း ကုမ္မဏီရုံးလုပ်ငန်းတွေမှာ သုံးတဲ့လုပ်ငန်းတိုးတက်မှု အခြေပြဇယားကိုသာ ဥပမာ ယူကြရန်ဖြစ်ပါတယ်။ တရားရိပ်သာဝင်လေ့ရှိသူ […]


introAugust 19, 20101min1022
တစ်နေ့မှာတော့ ကျွန်တော်ဟာ ရန်ကုန်မြို့ထဲကနေ အင်းစိန်ကို တက္ကစီကားလေး တစ်စီးငှားပြီး ပြန်လာခဲ့ ပါတယ်။ တက္ကစီကားသမားက စိတ်မရှည်တဲ့အတွက် လမ်းခုလတ်မှာ ကားတိုက်ဖို့ သုံးခါကြုံခဲ့ရပါတယ်။ သုံးခါစလုံး တစ်ဘက်ကားသမားတွေက မှားတာမဟုတ်ဘဲ ကျွန်တော်စီးလာတဲ့ ကားသမားကဘဲ ဒိုင်ခံ မှားတာ ဖြစ်ပါတယ်။ ပထမတစ်ခါကတော့ မီးပွိုင့် မီးနီခါနီးကို အတင်းလုဖြတ်ပြီး မောင်းတဲ့အတွက် တစ်ဖက်ကလာတဲ့ ကားနဲ့ ခေါင်းချင်းဆိုင် တိုက်မလို ဖြစ်သွားတာပါ။ ဒုတိယတစ်ခါကတော့ ကားလမ်း ပြင်နေတဲ့ လမ်းဘေးက မြူနီစီပယ် အလုပ်သမားတွေကို တိုက်မိမလို ဖြစ်သွားတာပါ။ တတိယနဲ့နောက်ဆုံးတစ်ခါကတော့ ရှေ့ကသွားနေတဲ့ ဆိုက္ကားကို တိုက်မိမလို ဖြစ်သွားတာပါ။ လီဗာကို တအားဖိနင်းလိုက်၊ ဘရိတ်ကို ဆောင့်နင်းလိုက်နဲ့ စိတ်မရှည်စွာ ဆဲဆိုကြိမ်းမောင်း မြည်တွန်တောက်တီးပြီး မောင်းနေတဲ့ ကားသမားရဲ့ကားကို စီးပြီး ကျွန်တော် […]


sofiadimpleAugust 19, 20101min580
ဟိုနေ့ကအန ္တရာယ်နံပါတ်-၅ ကိုပြောခဲ့ပြီးပြီမို့ သူကနေလွတ်အောင် ဘယ်လို နေရပါ့လို့     တွေးကြည့်လိုက်တော့….။အင်း မလိုအပ်သောစကားတွေကို ရှောင်ရမယ်။ တစ်ခါ တစ်လေ ကျတော့ သူများကို အားနာတာနဲ့သူတို့ပြောနေတဲ့ လောဘဖြစ်စရာ အကြောင်းတွေအပေါ်၊ဒေါသထွက်စရာသတင်းတွေအပေါ်လိုက်ပြီး နားထောင်မိနေမယ် ။ နောက်တော့ နားထောင်ရာကနေ ကိုယ်ပါပါလာမယ်ဆိုတာတွေဖြစ်လာမယ်နော်။ ဒါဆိုရင်ပဲ ကိုယ့်ဖက်ကအရင်ဆုံး စကားစကိုဖြတ်လို့ ဘရိတ်အုပ်နိုင်ရမယ်နော်။ အင်း…လူကတော့ ကိလေသာ တောထဲမှာ ဆိုပေမယ့် ဒီအာရုံတွေကပ်လာမယ်ဆိုရင်ပဲ အထူးသတိပေးပြီးတန်းခွာနိုင်မှဖြစ်မယ်နော်။ ကိုယ့်စိတ်ကလေးကို ကိလေသာတောကနေ အရင်ဆုံးလွတ်အောင် ရုန်းထွက်ထားရမယ်နော်။ ဒါမှ နေရင်းထိုင်ရင်းက တောထွက်ပြီးဖြစ်မှာပေါ့။ အဓိက ထွက်ရမယ့်တောကလည်း ကိလေသာတောပဲမလား။ အင်း…တစ်ခါတစ်ရံကျတော့လည်း ကိုယ်တောင်မသိလိုက်ဘူး ပြောရင်းဆိုရင်း လုပ်ရင်းကိုင်ရင်းကပဲ စိတ်တွေညစ်သွားလိုက်တာ။ ဘာလို့လည်း။ ဒီကိလေသာအာရုံတွေအပေါ် စိတ်ကတင်မိနေလို့ပေါ့။ အဲလိုတင်လိုက်တာနဲ့ ဒီစိတ်ကလေးမှာက တခါတည်းကို တန်းပြီးညစ်ပတ်သွားပါပြီနော်။ ဒါကြောင့် စိတ်ညစ်လိုက်တာဆိုပြောကြတာပေါ့နော့။ […]


Yin Nyine NwayAugust 19, 20101min621
“ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊ ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊ ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊ အချို့က ဗုဒ္ဓဘာသာဆိုတာ – (၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊ (၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊ (၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် – လို့ အမိန့်ရှိပါတယ်။” “အချို့က ‘ဗုဒ္ဓဘာသာ’ ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆိုကြပါတယ်ဘုရား။” “အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ […]


fattyAugust 19, 20101min784
ကျနော်ဟာ ငယ်စဉ်က ဘာသာမဲ့ တဦးဖြစ်ခဲ့ပါတယ်။ မိရိုးဖလာကတော့ ဗုဒ္ဓ ဘာသာပါ။ သရဏဂုံ သုံးပါး တည်လိုက်ရင် ဗုဒ္ဓဘာသာဖြစ်တယ်လို့ လည်းဆိုကြပါတယ်။ ငယ် စဉ်က သရဏဂုံ သုံးပါးကို လေးလေးနက်နက် တည်ခဲ့ခြင်း မရှိခဲ့ပါ။ ယခုအသက်ကလေး ရလာတော့ ဘာသာရေးကို စဉ်းစားမိပါပြီ။ ဗုဒ္ဓဘာသာနဲ့ ပါတ်သက်ပြီး လက်လှမ်းမီရာ စာအုပ်များလည်းဖတ်။ ဒီ ဆိုဒ်ထဲမှာ ပါတဲ့ ဗုဒ္ဓ ဘာသာနဲ့ဆိုင်တဲ့စာစု များကိုလည်းမလွတ်တန်းဖတ်ပါတယ်။ ယခုလောကကြီးဟာ ရုပ်ဝါဒ ကြီးစိုး နေတဲ့ လောကကြီးဖြစ်ပါတယ်။ ဒါကြောင့် တဖက် ကလည်း ရုပ်ဝါဒကြီးစိုးနေ၊ တဖက်ကလည်း ဗုဒ္ဓဘာသာကို လေ့လာချင်ယုံမက လိုက်စားချင် ..ဆိုတော့အခက်အခဲတော့ကြုံရပါတယ်။ စားဝတ်နေရေးကလည်းရှိတော့ လိုချင်စိတ် လောဘစိတ် အနည်းငယ်နဲ့ နေရပါတယ် …… ဘာသာရေး လိုက်စားပြီး […]


Good IdeaAugust 18, 20101min612
ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ဥပုသ်နေ့များတွင် ရှစ်ပါးသီလတည်းဟူသော ဥပုသ်ကို စောင့်ထိန်းလေ့ရှိကြသည်။ ကောင်းမြတ်သောအကျင့်ဖြစ်၍ ကျွန်ုပ်တို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။ အားပေးချီးကျူးပါသည်။ ဤနေရာ၌ဥပုသ်စောင့်ထိန်းခြင်းနှင့် ပတ်သက်၍ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသော အဆုံးအမကို တင်ပြလိုပါသည်။ ဤအဆုံးအမသည် ဝိသာခါကျောင်းအမကြီးအား ဟောကြားဆုံးမသော အဆုံးအမဖြစ်သည်။ ဗုဒ္ဓဘုရားရှင်၏ ဟောကြားချက်အရ ဥပုသ် ၃-မျိုးရှိသည်။ ယင်းတို့မှာ- (၁) နွားကျောင်းသား ဥပုသ်။(ဂေါပါလ ဥပုသ်) (၂) နိဂဏ္ဌတက္ကတွန်းတို့ ညွန်ပြသော ဥပုသ်။ (နိဂဏ္ဌ ဥပုသ်) (၃) အရိယာသူမြတ်တို့ စောင့်ထိန်းသော ဥပုသ်။ (အရိယာဥပုသ်) (၁) နွားကျောင်းသား ဥပုသ်-ဆိုသည်မှာ အစားအသောက်များကို မက်မောသောစိတ်ဖြင့် ရှစ်ပါးသီလစောင့်ထိန်းခြင်းကို ဆိုလိုသည်။ နွားကျောင်းသားသည် ညနေခင်းတွင် နွားရှင်တို့အား နွားများသည် ယနေ့ ဤမည်သောအရပ်၌ အစာစားခဲ့ကြ၏။ […]