Good IdeaAugust 18, 20101min742
ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ဥပုသ်နေ့များတွင် ရှစ်ပါးသီလတည်းဟူသော ဥပုသ်ကို စောင့်ထိန်းလေ့ရှိကြသည်။ ကောင်းမြတ်သောအကျင့်ဖြစ်၍ ကျွန်ုပ်တို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။ အားပေးချီးကျူးပါသည်။ ဤနေရာ၌ဥပုသ်စောင့်ထိန်းခြင်းနှင့် ပတ်သက်၍ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသော အဆုံးအမကို တင်ပြလိုပါသည်။ ဤအဆုံးအမသည် ဝိသာခါကျောင်းအမကြီးအား ဟောကြားဆုံးမသော အဆုံးအမဖြစ်သည်။ ဗုဒ္ဓဘုရားရှင်၏ ဟောကြားချက်အရ ဥပုသ် ၃-မျိုးရှိသည်။ ယင်းတို့မှာ- (၁) နွားကျောင်းသား ဥပုသ်။(ဂေါပါလ ဥပုသ်) (၂) နိဂဏ္ဌတက္ကတွန်းတို့ ညွန်ပြသော ဥပုသ်။ (နိဂဏ္ဌ ဥပုသ်) (၃) အရိယာသူမြတ်တို့ စောင့်ထိန်းသော ဥပုသ်။ (အရိယာဥပုသ်) (၁) နွားကျောင်းသား ဥပုသ်-ဆိုသည်မှာ အစားအသောက်များကို မက်မောသောစိတ်ဖြင့် ရှစ်ပါးသီလစောင့်ထိန်းခြင်းကို ဆိုလိုသည်။ နွားကျောင်းသားသည် ညနေခင်းတွင် နွားရှင်တို့အား နွားများသည် ယနေ့ ဤမည်သောအရပ်၌ အစာစားခဲ့ကြ၏။ […]


Good IdeaAugust 18, 20102min560
ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓဝင်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။ ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-ဝါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။ ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေဝီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။ (၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။) ဘီစီ-၅၉၄-(မြန်မာလလို-ဝါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။) ၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။) ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။) ၎င်းဘီစီ-၅၈၈-(မြန်မာလလို-ဝါဆိုလပြည့် […]


Good IdeaAugust 18, 20101min450
ရွှေချိန်ခွင် အဆို ၁၂ – (က) ဂေါတမရှိသည့်အခါမှခို၍ မလုံ၊ ငါမတတ်နိုင် ငါသော်မှ သေရဦးမည်ဖြစ်၍ “သဗ္ဗေသတ္တာ ကမ္မဿကာ” ဟုဆို၏၊ ဘုရားမရှိဟု ယူသောကြောင့် တစ်ချက် ဘုရား မတတ်နိုင်၊ ဝဋ်ဆိုက်၍ သေရသေးသည်ဟု ယူသောကြောင့်တစ်ချက် ဤအချက်နှစ်ချက် အကြောင်းကြောင့် ဗုဒ္ဓဘာသာ၌ ဘုရားကို ကိုးကွယ် ဆုတောင်းဝတ်ပြုရန် မလို။ (ခ) ခရစ်ယာန်ဘာသာက ဘုရားမရှိခဲ့သော် သတ္တဝါတို့သည် အနတ္တ သက်သက်ဖြစ်၍ တစ်စုံတစ်ခုကို မိမိစွမ်းအားဖြင့် မတတ်နိုင်ဟု အယူရှိ၍ ဘုရားကို ရှိခိုးဆည်းကပ် ကိုးကွယ် ကြ၏ ။ ဆရာတော် ရှင်းလင်းချက် “ ဂေါတမဘုရားရှိသည့်အခါမှ ခို၍မလုံ ” ဟူသော စကား၌– ၁။ ခို၍လုံသည့် အမှုလည်းရှိသည်။ ၂။ […]


Good IdeaAugust 18, 20101min340
ရွှေချန်ခွင် အဆို ၁ဝ – (က) သိကြား နတ်များ ရှိသည်ကို မမြင်ရဘဲနှင့်ပင် ယုံသောကြောင့် ဘုရားလည်း အရူပဖြစ်တော်မူ၍ မမြင်နိုင်သော်လည်း ရှိသည်ကို ယုံသင့်၏ ။ ဆရာတော်ရှင်းလင်းချက် ပကတိသောလူတို့၏ မျက်စိနှင့် မြင်ကောင်းသော သတ္တဝါတို့ကား– ၁။ လူ့ဘုံသား ၂။ တိရစ္ဆာန်ဘုံသား ဤနှစ်ဘုံသားသာ ရှိသည်။ ၃။ ငရဲဘုံသား ၄။ ပြိတ္တာဘုံသား တို့လည်း အကောင်အထည် ကြီးမားကြလျက် မမြင်ကောင်းသည်သာ များ၏။ လူ့ဘုံမှ အထက် တစ်ဆင့်ထက်-တစ်ဆင့် အလွန်ကြီးကျယ်လှစွာသော ကောင်းကင်ဘုံကြီးပေါင်း ၂၆-ဆင့်ရှိ၏၊ ထိုကောင်းကင်ဘုံကြီးသားတို့ကိုလည်း လူတို့ပကတိမျက်စိနှင့် မမြင်နိုင်၊ ဈာန် အဘိညာဏ် အကျင့်ကို ကျင့်နိုင်သော သူတို့သာ မြင်နိုင်သည်၊ ရောက်အောင်လည်း သွားနိုင်သည် ။ ထိုကောင်းကင်ဘုံတို့ကို […]


Good IdeaAugust 18, 20101min440
ရွှေချိန်ခွင်အဆို ၇- (က) ဗုဒ္ဓဘာသာ၌ ဘုရားအစဉ်မရှိ၊ တရားကိုကျင့်မှ ဖြစ်သည်၊ နောက် နိဗ္ဗာန်ဝင်၍ ပျက်စီးပြန်သည်ဟု ဆို၏ ။ (ခ) ပဌမဗုဒ္ဓ ကျင့်သောတရားကို အဘယ်သူ ထားခဲ့သနည်း၊ ကျင့်သည်အခါ ဘယ်ဘုရားထံ ဆုတောင်းပါ သနည်းဟု-မေးစရာရှိ၏၊ ပဌမဗုဒ္ဓသည် အဦးဆုံးဖြစ်၍ သူ့အထက်ကပေါက်သော ဗုဒ္ဓမရှိသေးသောကြောင့် မပေါက်ဘဲ နိစ္စထာဝရတည်နေသော မြတ်စွာဘုရား၏ တရားတော်ကို ကျင့်သည်၊ ထိုဘုရားထံ ဆုတောင်း သည် ဟု သိသင့်၏၊ ထိုနှင့်ပေါက်ရသော ဗုဒ္ဓသည် သမ္မာသမ္ဗု မဟုတ်၊ သုတဗုဒ္ဓ သက်သက်ဖြစ်၏။ ဆရာတော်ရှင်းလင်းချက် ဤစကားကိုလည်း ဦးစောလှဖြူသည် ဗုဒ္ဓဘာသာတရား ကျမ်းဂန်နှင့် အနားအနီးမျှ မသီဘူးသောကြောင့် စကားဖြစ်ရသည်။ ဗုဒ္ဓဘာသာတရားကျမ်းဂန်နှင့် သီဘူးလျှင် စကားဖြစ်ဖွယ်မရှိ ။ အနမတဂ္ဂေါယံ ဘိက္ခဝေ […]


Good IdeaAugust 18, 20101min400
ရွှေချိန်ခွင်အဆို ၅- (က) ခရစ်ယာန်ဘာသာက ကိလေသာ တဏှာရာဂကို မြစ်တား၏ ။ (ခ) ဗုဒ္ဓဘာသာက မမြစ်တား ၊ ခွင့်ပြု၏ ၊ ခွင့်ပြုသောကြောင့် မိမိသဘောရှိသည့်အတိုင်း မယားများများ နေတတ်ကြ၏၊ ကွာရှင်းကြ၏၊ လောကမှသာ ခွင့်ပြုသည်အဟုတ်၊ နတ်ပြည်၌ နတ်သမီးငါးရာ၊ ခုနှစ်ရာ ဘုံခုနှစ်ဆင့်တွင် ခံစားစေသေး၏ ။ ဆရာတော် ရှင်လင်းချက် ဤစကားကို ဦးစောလှဖြူသည် ဗုဒ္ဓဘာသာနှင့် အလွန်ဝေးသူဖြစ်၍ ဆိုမိလေသည်။ ငါတို့ဘုရားသည်။ ။ ကိလေသာ တဏှာရာဂများကို မစင်ဘင်ပုပ်ထက်မက အလွန်စက်ဆုပ်တော် မူလှသည်၊ စက်ဆုပ်တော်မူသောကြောင့်ပင်လျှင် ထီးနန်းစည်းစိမ်ကို စွန့်ပစ်၍ တစ်ကိုယ်တော်တည်း တောထွက်တော်မူကြောင့် တပည့်သားရဟန်းတို့ကိုလည်း ကိလေသာ တဏှာရာဂတို့ိကို ကုန်စင်အောင် စွန့်ပစ်ခြင်းငှါ ဥစ္စာစီးပွား သားမယားနှင့် မစပ်ရကြောင်းကိုမျှ ဦးစောလှဖြူ […]


Good IdeaAugust 18, 20101min470
ဗုဒ္ဓဘာသာဝင်များက ရှင်သီဝလိကို ကိုးကွယ်ပူဇော်လျှင် အရောင်းအဝယ် ကောင်းသည်။ လာဘ်လာဘ ပေါများသည်ဟု ယုံကြည်ရင်းစွဲ ရှိကြသည်။ ယင်းသို့ယုံကြည်သည့်အလျောက် ရှင်သီဝလိပုံတော်ကို ထုလုပ်ကိုးကွယ်၍ အဆောင်ကောင်းအဖြစ် သွားလေရာသို့ ယူဆောင်သွားကြသည်။ ရှင်သီဝလိဆိုသည်မှာ လာဘ်လာဘ ဖွံ့ဖြိုးသော ရဟန္တာတပါးဖြစ်ကြောင်းကိုမူ အားလုံးက သိထားကြ၏။ ရှင်သီဝလိနှင့်ပတ်သက်၍ တောင်းခဲ့သော ဆု၊ ပြုခဲ့သော ကုသိုလ်၊ ကျူးလွန်ခဲ့သော အပြစ်၊ စံစားရသော အကျိုးပေး၊ ခံစားရသော ဒဏ်ချက်များကိုလည်း အပြည့်အစုံ လေ့လာမှတ်သားဖို့ ကောင်းပေသည်။ ( တောင်းခဲ့သော ဆု) ရှင်သီဝလိ အလောင်းတော်သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌ လာဘ်လာဘအရာ၌ ဧတဒဂ်ဘွဲ့ ပေးခဲ့ရသော ရဟန်းတပါးကို အားကျပြီး ထိုဧတဒဂ်မျိုး ရလိုကြောင်း ပဒုမုတ္တရဘုရားထံ ဆုတောင်း၍ ပါရမီကို စတင်ဖြည့်ခဲ့လေသည်။ (ပြုခဲ့သော ကုသိုလ်) […]


Good IdeaAugust 18, 20101min740
“ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊ ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊ ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊ အချို့က ဗုဒ္ဓဘာသာဆိုတာ – (၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊ (၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊ (၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် – လို့ အမိန့်ရှိပါတယ်။” “အချို့က ‘ဗုဒ္ဓဘာသာ’ ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆိုကြပါတယ်ဘုရား။” “အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ […]


Good IdeaAugust 18, 20101min711
ရွှေချိန်ခွင် အဆို – ၃ (က) ခရစ်ယာန်ဘာသာက ဘုရား၌ အနန္တဂရုဏာ ရှိသည်ဆို၏ ။ (ခ) ဗုဒ္ဓဘာသာကလည်း ဆို၏။ (က) အပြစ်ရှိသော သူသည် အကျွတ်တရားကိုရ၍ နောင်ထပ်မံ မပြုမကျင့်ပါပြီ၊ ပြုမိသော ဒုစရိုက်အပြစ်အတွက် ချမ်းသာပေးသနားတော်မူပါဟု ခွင့်တောင်းလျှင် အနန္တဂရုဏာတော် ရှိသည်ဟု ဆိုသည့်အတိုင်း ဘုရားကခွင့်လွှတ်သည်ဟု ခရစ်ယာန်ဘာသာက ဆို၏။ (ခ) ဗုဒ္ဓဘာသာက မလွှတ်၊ လွတ်လည်း မလွတ်နိုင်ဆို၍ ဘုရား၌ အနန္တဂရုဏာတော် ရှိသည်ဟု ဆိုချက်နှင့်မညီ၊ အနန္တတန်ခိုးတော် ရှိသည်နှင့်လည်း မညီ။ ဆရာတော် ရှင်းလင်းချက် “ထာဝရဘုရားသည် အနန္တဂရုဏာတော်လည်းရှိသည်။ ၊ အနန္တတန်ခိုးတော်လည်း ရှိသည်နှင့်အညီ ဒုစရိုက်အပြစ်ရှိသောသူအား လွန်သမျှဝန်ချ၍ ခွင့်တောင်းလျှင် ဒုစရိုက်အပြစ် လွတ်ခွင့် ပေးနိုင်သည်” ဟူသော […]


Good IdeaAugust 18, 20101min922
စာဖတ်သူမိတ်ဆွေများ ဗဟုသုတရစေရန် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ လယ်တီဆရာတော်တို့ ခေတ်က ဝန်ထောက်မင်း ဦးစောလှဖြူ-ဆိုသော ခရစ်ယာန်ဘာသာဝင် တစ်ယောက်သည် “ရွှေချိန်ခွင်” အမည်ရှိ စာအုပ်တစ်အုပ်ထုတ်ဝေကာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို နှိုင်းယှဉ်ပြခဲ့၏။ သို့ရာတွင် သူ၏ ဘက်လိုက်သောအမြင်များ၊ အလျင်စလို ကောက်ချက်ချမှုများကြောင့် ဗုဒ္ဓဘာသာဝင်တို့အား စော်ကားထားသလို ဖြစ်ခဲ့၏။ ထို့ကြောင့် မန္တလေးမြို့နေ ပညာဝန်ထောက် မောင်ကျော်ရန်ဆိုသူက ၎င်းရွှေချိန်ခွင်စာအုပ်ကို ရှင်းလင်းချက် ရေးပေးပါရန် လယ်တီဆရာတော်ထံ တောင်းပန်သဖြင့် “ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့် လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို […]


sofiadimpleAugust 18, 20101min520
သစ်တုံးလေးဟာ ဟိုဖက်ကမ်းကလည်းလွတ်လာခဲ့ပြီ။ ဒီဖက်ကမ်းကလည်းလွတ်လာခဲ့ပြီ။ နောက်ထပ် ရေလယ်မှာလည်းရေတွေအီသွားခြင်း ဘေးကလည်း ကျော်လွှားနိုင်ခဲ့ပြီ။ တွေ့တဲ့ကျွန်းပေါ်မှာလည်း သောင်တင်မနေပဲ ကွေ့ရှောင်တတ်လို့ ဆက်ပြီး သမုဒ္ဒရာဆီကို ခရီးဆက်လာခဲ့ပြီပေါ့။ အင်း…သူ့ခမျာအေးအေးချမ်းချမ်းအန ္တရာယ်ကင်းကင်း နေနိုင်ပြီ အောက်မေ့ပါတယ်။ နောက်ထပ် ထင်မထားတဲ့ဘေးအန ္တရာယ်တစ်ခုထပ်တွေ့ရပြန်ပါပြီ။ အဲဒါကတော့ သူ့သဘောလေးနဲ့သူဆောင်လို့ ဆက်ပြီးရေထဲမျှောနေတာကိုပဲ သူ့ဖာသူမနေရပဲ ဟောသူ့ကိုလူတွေက “ ဟေ့ ဒီသစ်တုံး လေးက အကောင်းလေးတော့ ၊ တို့တော့ အိမ်မှာသုံးရအောင် ဆယ်သွားမှပဲ ”ဆိုပြီး ဆယ်ယူတာခံလိုက်ရတယ်လေ။ သွားပါပြီ။သူ့ခမျာမယ် ရောက်ခါနီးမှ ပြီးကြလေရော…ဘယ်လိုလုပ်ဆက်သွားလို့ရတော့မလဲနော်။ လူတွေကသူ့ကို ဆယ် သွား ပါပြီဆိုမှဖြင့်……..။ ကဲဒီသစ်တုံးလေးကို နမူနာယူပြီးတို့တွေစဉ်းစားကြဦးစို့ ။ အဲဒီရဲ့ဆိုလိုရင်းကတော့ဖြင့် ကိုယ်နဲ့ရင်းနှီးသော သူတွေရဲ့ မြှောက်ပင့်မှုကြောင့် ကိုယ့်ကိုယ်ကိုယ်အဟုတ်ထင် သာယာသွားပြီး ကိုယ်သွားမယ့်လမ်းကိုမဆက်နိုင်တော့ပဲ လမ်းလွဲသွားတာမျိုးပေါ့နော်။ သူများကကိုယ့်ကိုယ်ချီးကျူးတဲ့အပေါ်သာယာပြီးသူများမြှောက်ပင့်တဲ့နောက် […]


Good IdeaAugust 18, 20101min700
လယ်တီဆရာတော်တို့ ခေတ်က ဝန်ထောက်မင်း ဦးစောလှဖြူ-ဆိုသော ခရစ်ယာန်ဘာသာဝင် တစ်ယောက်သည် “ရွှေချိန်ခွင်” အမည်ရှိ စာအုပ်တစ်အုပ်ထုတ်ဝေကာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို နှိုင်းယှဉ်ပြခဲ့၏။ သို့ရာတွင် သူ၏ ဘက်လိုက်သောအမြင်များ၊ အလျင်စလို ကောက်ချက်ချမှုများကြောင့် ဗုဒ္ဓဘာသာဝင်တို့အား စော်ကားထားသလို ဖြစ်ခဲ့၏။ ထို့ကြောင့် မန္တလေးမြို့နေ ပညာဝန်ထောက် မောင်ကျော်ရန်ဆိုသူက ၎င်းရွှေချိန်ခွင်စာအုပ်ကို ရှင်းလင်းချက် ရေးပေးပါရန် လယ်တီဆရာတော်ထံ တောင်းပန်သဖြင့် “ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့် လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းကြရမည်”ဟု (ဗြဟ္မဇာလသုတ်) တွင် […]


sofiadimpleAugust 18, 20101min460
သစ်တုံးလေးဟာ ဟိုဖက်ကမ်းကလည်းလွတ်လာခဲ့ပြီ။ ဒီဖက်ကမ်းကလည်းလွတ်လာခဲ့ပြီ။ နောက်ထပ် ရေလယ်မှာလည်းရေတွေအီသွားခြင်း ဘေးကလည်း ကျော်လွှားနိုင်ခဲ့ပြီ။ တွေ့တဲ့ကျွန်းပေါ်မှာလည်း သောင်တင်မနေပဲ ကွေ့ရှောင်တတ်လို့ ဆက်ပြီး သမုဒ္ဒရာဆီကို ခရီးဆက်လာခဲ့ပြီပေါ့။ အင်း…သူ့ခမျာအေးအေးချမ်းချမ်းအန ္တရာယ်ကင်းကင်း နေနိုင်ပြီ အောက်မေ့ပါတယ်။ နောက်ထပ် ထင်မထားတဲ့ဘေးအန ္တရာယ်တစ်ခုထပ်တွေ့ရပြန်ပါပြီ။ အဲဒါကတော့ သူ့သဘောလေးနဲ့သူဆောင်လို့ ဆက်ပြီးရေထဲမျှောနေတာကိုပဲ သူ့ဖာသူမနေရပဲ ဟောသူ့ကိုလူတွေက “ ဟေ့ ဒီသစ်တုံး လေးက အကောင်းလေးတော့ ၊ တို့တော့ အိမ်မှာသုံးရအောင် ဆယ်သွားမှပဲ ”ဆိုပြီး ဆယ်ယူတာခံလိုက်ရတယ်လေ။ သွားပါပြီ။သူ့ခမျာမယ် ရောက်ခါနီးမှ ပြီးကြလေရော…ဘယ်လိုလုပ်ဆက်သွားလို့ရတော့မလဲနော်။ လူတွေကသူ့ကို ဆယ် သွား ပါပြီဆိုမှဖြင့်……..။ ကဲဒီသစ်တုံးလေးကို နမူနာယူပြီးတို့တွေစဉ်းစားကြဦးစို့ ။ အဲဒီရဲ့ဆိုလိုရင်းကတော့ဖြင့် ကိုယ်နဲ့ရင်းနှီးသော သူတွေရဲ့ မြှောက်ပင့်မှုကြောင့် ကိုယ့်ကိုယ်ကိုယ်အဟုတ်ထင် သာယာသွားပြီး ကိုယ်သွားမယ့်လမ်းကိုမဆက်နိုင်တော့ပဲ လမ်းလွဲသွားတာမျိုးပေါ့နော်။ သူများကကိုယ့်ကိုယ်ချီးကျူးတဲ့အပေါ်သာယာပြီးသူများမြှောက်ပင့်တဲ့နောက် […]