Zaw ThantAugust 20, 20131min58948
(၁) သဒ္ဓါနဲ့ပညာ ဗုဒ္ဓဘာသာကို ကိုးကွယ်ရာမှာ သဒ္ဓါ နဲ့ ပညာ အားကောင်းမျှတဖို့လိုတယ်လို့ ဆုံးမတာကြားဖူးပါတယ်.. သဒ္ဓါဆိုတာက ယုံကြည်တာ၊ ပညာဆိုတာက ဘာသာတရားရဲ့အဆုံးအမတွေ တရားဓမ္မတွေကို နားလည်သဘောပေါက်တာ၊ အကျိုးသင့်အကြောင်းသင့်စဉ်းစားဆင်ခြင်တတ်တာ ဖြစ်ပါတယ်.. သဒ္ဓါသက်သက်ပဲ ရှိပြီး ပညာဉာဏ်မပါဘူးဆိုရင် အနှစ်မပါတဲ့ကိုးကွယ်မှု၊ မျက်ကန်းယုံကြည်တာမျိုး၊ ကြောက်လို့ ကိုးကွယ်တာမျိုးဖြစ်ပါတယ်.. ဟိုးရှေးတုန်းက မီးကို ကိုးကွယ်ကြ၊ မြေကြီးကို ကိုးကွယ်ကြ တာနဲ့ သဘောခြင်းအတူတူပါပဲ.. ဗုဒ္ဓဘာသာမှာတော့ ဒီလို စဉ်းစားမှုမဲ့ ကိုးကွယ်တာမျိုးထက် ပညာဉာဏ်နဲ့ ယှဉ်တဲ့ ယုံကြည်မှုမျိုးမှသာ အဓိပါယ်ရှိပါတယ်.. ကိုယ်နိုင်ငံမှာ ဆုတောင်းပြည့် ဘုရားတွေ အများသားနဲ့ တိုင်းပြည်က ဆင်းရဲနေတာ၊ ကားဝယ်ရင် ဘုရားကို ဦးတိုက်၊ နတ်ပြတာတွေ လုပ်၊ ဘုရားပုံတွေလည်းကပ်ကြပါရဲ့ကားတိုက်မှုနှုန်းတွေက သူများနိုင်ငံ ထက်များနေတာ တွေက သဒ္ဓါစိတ်နဲ့ […]


Ko out of...August 16, 20131min1193
– လူတွေမတိုးတက်တာ ကိုယ့်အမှာကိုသူပြောတာမခံနိုင်လို့…သူ့အမှားကို ကိုယ်ပြောတာမခံနိုင်ကြလို့ဘဲဖြစ်တယ်… – မာနဆိုတာကိုယ်လုပ်တဲ့ အလုပ်ကို ကိုယ့်ဟာကိုယ်မှန်တယ်လို့ထင်တာ…ကိုယ်လုပ်တာကို ကိုယ့်ဟာကိုယ်မှန်တယ်လို့ ထောက်ခံတာဘဲ… – ကိုယ်ပိုင်ဉာဏ်…ကိုယ်ပိုင်အသိဖြစ်ဖို့ဆိုတာ ကိုယ်ဟာကိုယ် ဝိဘဇ်ဇလုပ်မှရတယ်….ကိုယ့်ကိုယ်ကို အားကိုးဖို့ဆိုတာ ကိုယ်ပိုင်ဉာဏ်ဖြစ်မှ အားကိုးမှု အစစ်အမှန်ဖြစ်မှာ… – ဘာမှ မဟုတ်တာတွေရဲ့ အစုတွေဟာ တခုနဲ့ တခု အသာစီးရအောင် လုံးပမ်းနေကြတယ်…. ကမ္ဘာမှာ ငါတို့ဘဲဟုတ်တယ်ဆိုတဲ့ အဖြစ်ရောက်ရမယ်ပေ့ါ…အဲဒါနဲ့လူတွေသေကြေတိုက်ခိုက်ကြတဲ့ အထိဖြစ်ကြတယ်…ဒါတွေရူးသွတ်ကြသူတွေရဲ့ တိုက်ပွဲတွေဘဲဖြစ်တယ်…


alinsettAugust 14, 20131min1495
အင်တာနက် သုံးရင်း.. ဗဟုသုတ ရစရာ.. ဘာမျာ းရှိနေသလဲ..လို ့  တွေးရင်း..ဟို ဟို ဒီဒီ  လျှောက် ကြည့်ရင်းးးး အခု တင်ပြမယ့်  အကြောင်းအရာလေးကိ်ု.. တွေ့လိုက်တော့…… တော်တော်များများ.. ဖတ်ဖူးမှာ သေချာပေမယ့်… ပြန်ဖတ်မိလည်း..အကျိုး.. မယုတ်လောက်တဲ ့ စာမျိုးမို ့…ကူးယူဖော်ပြလိုက်ပါတယ်ဗျ ။ (((တင်ပြထားသူဆီမှ….. Share   ခွင့် တောင်းလာခဲ့ပါကြောင်းးးးး  )))   လေးစားစွာဖြင့်…. အလင်းဆက် ———————————————————     စားခြင်း(၄)မျိုး ၁။ ဒါနနှင့်စားခြင်း ၂။ သီလနှင့်စားခြင်း ၃။ သမထနှင့်စားခြင်း ၄။ ဝိပဿနာနှင့်စားခြင်း နောက်ဘဝတွေအတွက် ပါရမီအထုံတွေ ပါသွားနိုင်ဖို့ နေ့စဉ်စားသောက်တိုင်း ကုသိုလ်ရအောင် စားကြရမှာပါ။ =========================================== ၁။ ဒါနနှင့်စားခြင်း ။ […]


who whoAugust 9, 20131min1211
ကျနော်နဲ့ ရေစက်လို့ ပြောရမလားပါပဲ။ ဘယ်လိုကြောင့်များပါလိမ့် ။ ဒီလို မြင်ကွင်းတွေက ရှေ့မှာ အမြဲရောက်ရောက်လာတတ်တာလေ။ ငယ်ကတည်းက ခုထိပါပဲ။ ကျနော့စာကြည့်စားပွဲလေး က ပြူတင်းပေါက်နဲ့ တည့်တည့်လေ။ အိမ်ပေါ်ထပ်မှာလည်း ဖြစ်ပြန်။ ပြူတင်းပေါက်နဲ့ကလည်း တည့် နေလေတော့ မမြင်ချင်မှ အဆုံးပါပဲ။ ဘာဓါတ်လဲတော့မသိပါဗျာ။ လမ်းသွားတွေထဲကလည်း သွားရင်း လာရင်းက ထသတ်ကြရင် ကျနော့မြင်ကွင်းရှေ့ရောက်မှချည်းပါပဲ။ ဒါမျိုးက ဘာလို့များ တိုက်ဆိုင် သလဲမပြောတတ်တော့ပါဘူး။ တခြားနေရာမှာ ပေါက်ကွဲရင် ရရဲ့သားနဲ့။ ကျနော်အေးအေးဆေးဆေး စာကြည့်နေချိန်မျိုးမှ စာရေးနေချိန်မျိုးကျမှ ရှေ့တည့်တည့်ကနေ ဖြစ်လိုက်ကြတဲ့ ရန်ပွဲတွေလေ။ ခုလည်းကြည့်ပါဦး။ စာရေးတဲ့ထဲ ဈာန်ဝင်နေပါတယ်ဆိုမှ…..။ မလှမ်းမကမ်းမှ ဆူညံဆူညံ အသံများက နားထဲ ကျယ်လောင်စွာ ဝင်ရောက် လာပါတယ်။ ဒါနဲ့ အသံလာရာသို့ လှမ်းကြည့်လိုက်တယ်ဆိုရင်ပဲ လမ်းဒေါင့် […]


who whoJuly 28, 20131min21311
စစ်ကိုင်း ဟံသာဂီရိသို့ ဝါဆိုသင်္ကန်းကပ်လှူရန် တစ်အိမ်လုံးကျွတ် ချီတက်ခဲ့ကြပါပြီ။ ဟဲ့ လှူဖွယ်ပစ္စည်းတွေ ဘာကျန်သေးလဲ စစ်ပါဦး။ မေ့နေရင်ခက်ရော့မယ်။ အမေ့သတိပေးသံကြားမှ အပြေးအလွှားစစ်လိုက်မိပါတယ်။ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ဆရာတော်ကြီးအတွက် နဝကမ္မအလှူငွေ၊ စားဖွယ်ရာများနှင့်အတူ အခြားအခြားသော လှူဖွယ်ပစ္စည်းများကို တစ်မျိုးစီလိုက်စစ်ပြီးနောက် မိသားစုအားလုံး စုံညီစွာဖြင့် ကုသိုလ်ခရီးစဉ် စတင်ခဲ့ပြီပေါ့။ အရင်ဆုံး စစ်ကိုင်းမြို့ရဲ့ အမြင့်ဆုံးတောင်ထိပ်ရှိ ဆွမ်းဦးပုညရှင်ဘုရားသို့ ဦးခိုက်ဝင်ရောက် ခဲ့ကြပါ တယ်။ ဘုရားမီးဆိုင်းလေးများ ဆက်ကပ်ပူဇော်ပြီးနောက် ဟံသာဂီရိသို့ ဆက်လက်ထွက်ခွာခဲ့ပြီပေါ့။ အော်… စေတီပုထိုးတို့ဖြင့် တင့်တယ်သပ္ပာယ်လှတဲ့ စစ်ကိုင်းမြို့ရဲ့ သာသနာ့အရိပ်က အေးမြလှပေစွ။ တစ်တောင်ဆင်းလို့ တစ်တောင်တက်ကာ ဟံသာဂီရိချောင်ဆီသို့ ကျနော်တို့ကားလေး အပြေးအလွှား ရောက်ရှိခဲ့ပါပြီ။ နာရီကိုကြည့်လိုက်တော့ ၁ဝနာရီထိုးဖို့ (၁၅) မိနစ်အလို။ ကျောင်းဝင်းအတွင်း ဦးခိုက် ဝင်ရောက်လိုက်သည်နှင့် […]

fat-cats.jpg

မြတ်စွာဘုရား မှာခဲ့တယ်၊ အရာခပ်သိမ်း ဒုက္ခတဲ့… အဲဒါ အတော်ဟုတ်သဗျ..။ ဒုက္ခ လက္ခဏာ၊ ဒုက္ခ သစ္စာ ရယ်လို့ တရားတော် အထင်အရှား ဆိုထားပေမဲ့ တကယ်လိုက်နာနိုင် အတော်ရှားတယ်။ ဘာလို့လဲ ဒုက္ခကို ဒုက္ခမှန်း မသိလို့ ဟိုဟာ၊ဒီဟာ ငါ၊သူ စွဲငင်နေကြတာပေါ့ဗျာ။ ဓမ္မအနှစ်ကို အောက်နှစ်မဂ်မှာ တကယ်မသိသေး၊ အထက်မဂ်ရောက်မှ ခံစားသိနိုင်တယ်လို့ သဲအင်းဂူ ဆရာတော်ကြီး ပြောခဲ့တယ်။ အတ္တကနေ အသေအချာ ကျပ်ပြည့် မလွတ်သေးတော့ ဆင်းရဲခြင်းဒဏ် ငါခံနေရတဲ့ သဘောပါ။ အာရုံငါးပါး အဟုတ်ထင်တော့ လောကီ နှစ်ခြိုက် ပျော်မွေ့တယ်၊ လောကုတ္တရာ လုပ်ပြန်လည်း ဒုက္ခအာရုံကိုပဲ ဖက်တွယ် ရှုမှတ်တယ်။ ဘုရားက ဒုက္ခလို့ ပြောခဲ့တာ ရုပ်နာမ်ဖြစ်တိုင်း ငြီးငွေ့ပြီး စွန့်လွှတ်ရကောင်းမှန်းသိဖို့၊ ဒါပေမဲ့ဗျာ […]


kaiJuly 1, 20131min39211
ဘယ်သူ့ ဗုဒ္ဓဘာသာ အမှန်ဆုံးလဲ Date: 2012/4/11 ဘယ်သူ့ ဗုဒ္ဓဘာသာ အမှန်ဆုံးလဲ (လင်းထက်ဆွေ-စုစည်းတင်ပြသည်) ဗုဒ္ဓဘာသာ မှာ အခြားသော ဘာသာတရားများ နဲ့ မတူ ထူးခြားတဲ့ အချက်ရှိတယ်။ ဘာသာတရားတိုင်းမှာ တော့ ဂိုဏ်းကွဲတွေ ရှိကြတာ အမှန်ပါပဲ။ ဒါပေမဲ့ ကျမ်းစာ အရတော့ ဆိုင်ရာ ဂိုဏ်းကွဲတွေ အားလုံးက တစ်ခုတည်းသော ကျမ်းစာ ကို လက်ခံ ကြတာ ပဲ များပါတယ်။ ဗုဒ္ဓဘာသာ မှာ အခြားသော ဘာသာတရားများ နဲ့ မတူတာက ဂိုဏ်း အသီးသီး မှာ မိမိ တို့ ကိုယ်ပိုင် ပိဋကတ်စာပေ တွေ သီးခြားစီ ရှိနေတာ ပဲ ဖြစ်တယ်။ ထေရဝါဒ ဂိုဏ်းမှာက […]


လပ္ဘာရီးJune 29, 20131min21712
နို ့..နေကြစမ်းပါဦး… ဘာစောင့့်ဥပဒေထဲ ဘာတွေပါမယ်..ဘယ်လိုရှိတယ် ဆိုတာ အတိအလင်း သိကြပြီး ဟိုစာရေးဆရာက ဟိုမဂ္ဂဇင်းထဲ ဘာတွေ ရေးထည့်ဆော်ခဲ့တယ်ဆိုတာ ခင်ဗျားတို ့ ဂဃနဏ ကော သိကြလို ့လား အန်..N..? ( ကျုပ်လဲ သိဘူး..မသိလို ့ မသိသလို မေးနေတာ 😛 ) ဟိုမှာကြည့်လဲ ဒီဘုန်းကြီး ဝေဘန်..( အပြစ်တင်) ဒီမှာလဲ ဝေဖန်နဲ ့ နောက်ဆုံး ဘာသာတစ်ခုလုံးကိုတောင် Terror လို ့ ခေါင်းစဉ်တပ်ပြီး ဖဲ့ထားတာတောင် ခင်ဗျားတို ့က လေပင့်ပေးနေကြတယ်..ဟုတ်စ.. ပျော်မနေကြနဲ ့.. အဲတာ ဟဲဗီးရှော့ခ် ကျုပ်တို ့ ခင်ဗျားတို ့ ဗုဒ္ဓဘာသာဝင် အကုန်လုံးနဲ ့ ဆိုုင်တယ်.. […]


ခင္ခJune 28, 20131min47146
“အရှင်ဘုရားတို့ကို လျှောက်တင်ချင် စမ်းပါရဲ့´´   သတင်းလေးတစ်ခုဖတ်ရတဲ့ထဲမှာ ဇွန် ၂ရ ရက်နေ့ ရန်ကုန်မြို့ အင်းစိန်မှာ ကျင်းပခဲ့တဲ့ပွဲမှာတဲ့ ( အမျိုးဘာသာ၊သာသနာ စောင့်ရှောက်ရေးဥပဒေ ထောက်ခံဆွေးနွေးသော မော်လမြိုင်ဆရာတော်ဘုရားကြီး က မိန့်သည်။ ” ဒီဥပဒေကို လွှတ်တော်တင်ရင် ဘယ်သူတွေကကန့်ကွက်မလဲဆိုတာ သိချင်တယ်၊ ကိုယ့်အမျိုးကို စောင့်ရှောက်တဲ့ဥပဒေ လို၊ မလို ဆုံးဖြတ်ရမှာပဲ။ ကန့်ကွက်ရင် အဲဒီကန့်ကွက်တဲ့ ကိုယ်စားလှယ်ကို ၂၀၁၅ မှာ မဲမပေးခိုင်းတော့ဘူး ၊ မဲပေးမယ့်သူတွေ၊ ဒကာ၊ဒကာမတွေဟာ ဘုန်းကြီးတွေလက်ထဲမှာ ရှိတယ်ဆိုတာ သူတို့သိစေရမယ်” ) လို့ မိန့်တယ်လို့ သိရပါ၏။ ဒါဆိုရင် ၂၀၁၅ မဲပေးမည့် မြန်မာများ မဲရုံမသွားမှီ ဘုန်းတော်ကြီး မဲပေးသင်တန်း ကျောင်းသို့ အရင်ကြွလှမ်းကြပါလို့ တိုက်တွန်းရမလား ? […]


Foreign ResidentJune 20, 20136min1118123
စဉ်းစားကြစေလိုပါတယ် ( ၅၅ ) ( ဆော်ထည့်လိုက်စမ်းပါ ၊ ဘာသာရေး – ၃ )     အင်းးးးး ၊ အခုတစ်လောလည်း ရွာထဲမှာ ၊ ဘာသာရေး Post တွေ တော်တော် စိတ်စိတ် တွေ့နေရတယ် ။ အစ ကတော့ သိပ် Feeling မရလို့ Post မတင်ပဲနေနေတာ ၊ Face Book ပေါ်မှာ မိတ်ဆွေတွေ နှင့် တော်တော်လေး ပြောဖြစ်လာတော့ ၊ အဲဒီ ပြောဖြစ်တာလေးတွေကိုပဲ စီကာ စဉ်ကာ ချရေးလိုက်မိတယ် ။   ၁ ။ ရှင်းရှင်းပဲ ပြောရရင်တော့ ၊ ကျနော် ကတော့ […]


ဒီနေ ့အလုပ်နားရက် ဘုရားမှာသန် ့ရှင်းသွားလုပ်တုန်း ကျွန်မအတွက် ပီတိဖြစ်စရာ ကုသိုလ်လေးတစ်ခု တိုးပါးတယ် အဲ့ဒီပီတိက မစ္ဆရိယ နှမြောတွန် ့တိုတဲ့ အကုသိုလ်ကနေပေးတဲ့ ပီတိလေးပါ..၁၁နာရီလောက်ဘုရားရောက်တော့ ဘုရားရှိခိုး ငါးပါးသီလ ယူမေတ္တာပို ့ပြီးတော့ ဘုရားမှာတံမျက်စည်းလှဲ အမှိုက်ကောက်ပြီးမွန်းလွဲ ၁ နာရီ ကျော်ကျော်မှာ ဗိုက်ကတအားဆာလာတော့ စားစရာသွားဝယ်ပါတယ်. ..ချမ်းချမ်းနဲ ့အတူ ဘုရားမှာ ဝေယာဝစ္စ သန် ့ရှင်းတာဝန်ယူထားတဲ့ ဦးလေးကြီးလဲ ဘုရားဆေးသုတ်နေတာမို ့ ဒီအချိန် နေ ့လည်ထမင်းစားချိန် ဦးလေးကြီးလဲ ဆာမှာပဲဆိုပြီး ဦးလေးကြီးအတွက်ပါ..ကြက်ပေါင်နှစ်ချောင်းနဲ ့ကြက်တောင်ပံ တစ်ခု ကောက်ညှင်းနှစ်ထုပ် ရေတစ်ဗူး ပိုဝယ်လာပါတယ်.ချမ်းချမ်းကတော့ ဘုရားပေါ်က ကြောင်လေးတွေအတွက်ပါစားဖို ့ ကြက်ပေါင်နှစ်ချောင်း တောင်ပံတစ်ခု ကောက်ညှင်းတစ်ထုပ် ရေတစ်ဗူးဝယ်ပြီး ဘုရားပေါ်ပြန်ရောက်တော့ ဦးလေးကြီးအတွက် ပေးပြီး […]


who whoJune 4, 20131min1595
“ဘဝ ဘဝ” ဆိုလို့ လူရယ်လို့ ဖြစ်လာတော့ လူ့ဘဝကို ရလာတယ်။ နတ်ဖြစ်ရင် နတ်ဘဝပေါ့နော်။ ခုတော့ ကျနော်ရထားတာက လူ့ဘဝပဲမလား။ ဒီတော့ ကျနော် ရထားတဲ့ လူ့ဘဝလေးကို ပြန်ပြီးသုံးသပ် ကြည့်မိပါတယ်။ အော် ဘဝမှာ စိတ်အေးရတယ်လို့များ ရှိရဲ့လားလို့ပါ။ စားဝတ်နေရေးဆိုတဲ့ အရေးတွေအတွက် လုံးလည်လိုက်ပြီး ရုန်းကန်ပင်ပန်းနေရတဲ့ ဘဝကြီးမှာ ဘယ်တော့များမှ စိတ်အေးလက်အေး နေရပါ့မလဲရယ်လို့ တွေးမိနေပါတယ်။ အင်း ကျနော်တင်ပဲလားလို့ တွေးမိတာကြောင့် သူများတွေကို လှမ်းပြီး အကဲ ခတ်လိုက်ပါတယ်။ ဘာထူးလဲနော်။ ချမ်းသာတဲ့လူလည်း ဘယ်မှာ စိတ်အေးရ လို့လဲ။ ရှာဖွေရုန်းကန်နေရတာပဲ။ အမြဲ ပူလောင်နေရတာပဲနော်။ အရာရာ ပြည့်စုံတယ်လို့ ထင်ထားရတဲ့ လူတွေကို ကြည့်ပြန်တော့လည်း စည်းစိမ်တွေ သာ ပြည့်စုံတယ်။ စိတ်အေးရပြီလားဆိုတော့ […]


who whoMay 28, 20131min2239
တစ်နေ့ တစ်နေ့ ကျနော်တို့ နေ့စဉ်ရှင်သန်နေရတဲ့ ဘဝတစ်နေ့တာကို စာရင်းချုပ်ကြည့် လိုက်တော့ ပေးတာနဲ့ ယူတာ တလှည့်စီ လုပ်နေရတာကို သွားတွေ့မိပါတယ်။ ဈေးဝယ်တော့ ကျသင့် ငွေကို ပေးတာနဲ့ ဈေးသည်ပေးတဲ့ ပစ္စည်းကို ယူတာနဲ့ ဒီမှာလည်း အပေးနဲ့ အယူအလုပ်ပဲ လုပ်နေရ တယ်။ နောက် အလုပ်လုပ်တဲ့အခါ ကိုယ်က လုပ်အား၊ ဉာဏ်အားတွေ ပေးပြီးတော့ ရတဲ့လခတွေကို ယူနေရပြန်တယ်။ ဆိုင်ရာဆိုင်ရာတွေမှာလည်း ကိုယ်ကပေးလိုက်၊ သူများက ယူလိုက်နဲ့ အပေးအယူ အလုပ်တွေ ဖြစ်နေလိုက်တာ။ ဒီနေရာမှာ ပြောချင်တာက ကိုယ်ရလိုက်တဲ့ ပစ္စည်းတွေအပေါ် တန်ဖိုးလေး သိဖို့တော့ လိုလာပြီ။ ပစ္စည်းရဲ့ တန်ဖိုးက ဘာလဲ ဆိုတာလေးပြောမယ်နော်။ တို့တွေ ပစ္စည်းတစ်ခု ဝယ်မယ် ဆိုရင် သူ့မှာ […]