who whoMay 26, 20131min2499
ခုတလော ကျနော် အနာကြီးရောဂါသည်တွေရဲ့ ကလေးများအတွက် ပညာရေး ထောက်ပံ့ဖို့ဆိုပြီး အလှူခံတွေ နေ့တိုင်း သွားကောက်နေရတယ်။ အဲဒီလို သွားရင်းလာရင်းနဲ့ စဉ်းစားမိတာတစ်ခုရှိတယ်။ အနာကြီးရောဂါ အကြောင်း ပေါ့။ တကယ်တော့ တို့ခန္ဓာကြီးကအနာကြီးတစ်ခုလိုပါပဲ။ တချိန်လုံး ပြည်ပုပ် တွေ ထွက်နေလိုက်တာ။ မျက်လုံးကလည်း ပြည်တွေ ထွက်တယ်၊ နှာခေါင်း ကလည်း တရွှဲရွှဲနဲ့၊ နားထဲ ကလော်ကြည့်ပါလား ။ဘာတွေ့လဲ ပြော..။ ပါးစပ် ကဆို အပုပ်ရည်တွေချည်းပဲနော်။ခန္ဓာက ထွက်လာသမျှ တစ်ခုမှ ကောင်းတာ မရှိပါလား။ ဒီတော့ ကိုယ့်ကိုကိုယ်တောင် ပြောမိတယ်။ အနာကြီးရောဂါသည် အစစ်က တခြားအနာကြီးရောဂါသည်တွေရဲ့ ကလေးတွေအတွက် ကောက် လိုက်ပါဦး လို့သာပြောပြီး ရန်ပုံငွေတွေ ရှာခိုင်းနေရတယ်။ ဒီတော့ ရေချိုးရင်းနဲ့ ဘာတွေးမိလဲဆိုတော့ တို့ ဒီအနာခန္ဓာကြီးကို […]


who whoMay 25, 20131min1693
ပေါင်းမြက်သစ်ပင်၊ ထွေးယှက်ငင်လျှက်၊ အမြင်ရှုပ်ပွ၊ ရွှံ့ညွန်ထပြီး၊ မြေကမညီ၊ ဖုထစ်စီ၍၊ မပီသလမ်း၊ ခရီးကြမ်းကို၊ ကြိုးပမ်းအားထုတ်၊ စုပေါင်းလုပ်သော်၊ အဟုတ်ပီပြင်၊ လမ်းကောင်းမြင်လိမ့်။ သူလျှင်ရှေ့ဆောင်၊ ငါနောက်ဆောင်အံ့၊ သူနောက်ကဆောင်၊ ငါရှေ့ဆောင်အံ့၊ သူဘယ်ကဆောင်၊ ငါညာဆောင်အံ့၊ သူညာကဆောင်၊ ငါဘယ်ဆောင်အံ့၊ ရှေ့နောက်ဘယ်ညာ၊ မရွေးပါတည်း၊ တွေ့ရာလွတ်ကွက်၊ ငါဖြည့်စွက်မည်။ ခရီးသည်များ လမ်းညီညာလျှောက်၊ ပန်းတိုင်ရောက်၍၊ စိတ်နှောက်ကင်းကွာ၊ ချမ်းမြေ့သာစေ၊ ငါဆောင်လေသည်၊ များထွေကောင်းကျိုး၊ ရရန်သာ။ ။ ဥယျာဉ်မှူး ရန်ကင်းတောင်


who whoMay 24, 20131min2056
ကုသိုလ်ကောင်းမှုဆိုရင် ဒါန၊ သီလ၊ ဘာဝနာရယ်လို့ သုံးမျိုးကိုသိပြီးဖြစ်ပါတယ်။ အဲဒီကနေမှ ပုညတြိယဝတ္တု ဆယ်ပါး ကို ဆက်လို့ သိရပါဦးမယ်။ပုညတြိယဝတ္တုဆိုတာက ကောင်းကျိုး လိုလားသူတိုင်း ပြုသင့်ပြုထိုက်တဲ့ ကောင်းမှုတရားများကို ဆိုလို ပါတယ်။ အဲဒီ ဆယ်ပါးက ဘာတွေလည်း ဆိုတော့ ၁။ဒါန ၂။သီလ ၃။ဘာဝနာ ၄။အပစာယန ၅။ဝေယျာဝစ္စ ၆။ပတ္တိဒါန ၇။ပတ္တာနုမောဒနာ ၈။ဓမ္မဿဝန ၉။ဓမ္မဒေသနာ ၁၀။ဒိဋ္ဌိဇုကမ္မ ဒါန ၊ သီလ၊ ဘာဝနာကိုတော့ ရင်းနှီးပြီးဖြစ်တာကြောင့် နံပါတ်လေးကစလို့ ပြောကြပါစို့ဆိုတော့….. (၄)အပစာယနဆိုတာက ကိုယ့်ထက် အသက်အရွယ်၊ အကျင့်သိက္ခာကြီးတဲ့သူကို ရိုသေလေးစားခြင်းကို ဆိုလိုပါတယ်။ ကိုယ့်ထက် အသက်သိက္ခာ တစ်ရက် ၊ တစ်မနက် ကြီးတဲ့သူကို တောင် ရိုသေသင့်တယ်၊ ပူဇော်သင့်တယ်ဆိုတဲ့ အသိလေးရှိနေ ရပါမယ်။ […]


padonmarMay 24, 20131min35540
စိုစိစိ၊ ညောင်နာနာ၊ အေးတိအေးစက်၊ ရီးတီးယားတား၊ ပျင်းရိပျင်းတွဲ၊ လေးတိလေးကန်၊ ပေါ့တီးပေါ့ဆ၊ မတုန်မလှုပ် ပျောတိပျောညံ့၊ သိမ်ဖျင်းအားနည်းတဲ့ သူတွေလို့ ကျေးဇူးတော်ရှင် ပဏ္ဍိတာရာမ ဆရာတော်ကြီးက သင်္ကြန်အတက်နေ့ တရားပွဲမှာ မြန်မာပြည်ကဗုဒ္ဓဘာသာဝင်တွေအကြောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့အနေနဲ့ ဆုံးမဟောပြသွားပါတယ်။ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ အလုပ်တွေကိုလုပ်ရမယ် ဆိုတာဗုဒ္ဓဘာသာဝင်တိုင်း သိကြပေမယ့် ဘယ်လိုဒါန၊ သီလ၊ ဘာဝနာမျိုးတွေလုပ်နေကြပါသလဲ။ ဒါနဆိုတာ ခံယူရတဲ့သူတစ်ဖက်သားချမ်းသာအောင် ကိုယ့်ပစ္စည်းကိုပေးတာကိုခေါ်ပါတယ်။ ကိုယ်ပိုင်ပစ္စည်းကိုပေးတာ ဟာ လောဘကင်းမှပေးလို့ရပါတယ်။ အလှူခံပုဂ္ဂိုလ် ချမ်းသာပါစေလို့ မေတ္တာထားပေးရပါတယ်။ ဒီလိုမေတ္တာထားမှ ကြင်နာသနားခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း၊ အနစ်နာခံခြင်း၊ သည်းခံခြင်း၊ စွန့်လွှတ်ခြင်းဆိုတာတွေနောက်က ကပ်ပါလာပါတယ်။ ဒါကြောင့်ပေးလှူသူဟာ ဒေါသကင်းလာပါတယ်။ ရက်စက်မှုကင်းပြီး ကြင်နာမှု ယှဉ်လာပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာရမယ်ဆိုတဲ့ အခြေခံပေါ်မှာ ကိုယ့်အကျိုးမမျှော်မှန်းတဲ့ အသိဉာဏ်ယှဉ်တဲ့ အလှူမျိုးမှ […]


Foreign ResidentMay 24, 20138min26924
စဉ်းစားကြစေလိုပါတယ် ( ၅၄ ) ( ဆော်ထည့်လိုက်စမ်းပါ ၊ ဘာသာရေး – ၂ )   အင်းးးးး ။ အဘ ရဲ့ ဒီ Post ကတော့ ၊ စဉ်းစားကြစေလိုပါတယ် ( ၅၃ ) ( ဆော်ထည့်လိုက်စမ်းပါ ၊ ဘာသာရေး ) ဆိုတဲ့ Post ထဲမှာ ၊ သူကြီး Kai မန့်သွားတာ ကို ၊ ပြန်ဖြေတဲ့ Post လေးပါ ။   အဲဒီတော့ကာ ၊ အရင် Post နှင့် တွဲပြီး ဖတ်မှသာ ၊ ဇာတ်ရေလည်ပေလိမ့်မယ် ။   ထုံးစံအတိုင်း […]


Foreign ResidentMay 23, 20135min36934
စဉ်းစားကြစေလိုပါတယ် ( ၅၃ ) ( ဆော်ထည့်လိုက်စမ်းပါ ၊ ဘာသာရေး )   အခုတစ်လော ရွာထဲမှာ ၊ ဘာသာရေး ဘက်က ၊ နဲနဲ ပူညံ ပူညံ ဖြစ်လာတုန်း ၊ သူကြီးက ပိဋကတ်သုံးပုံ အကြောင်း ၊ မန့် ထားတာလေး တွေ့ရတော့ ၊ အဘ လည်း ပြောချင်တာလေး ၊ တစ်ခုရှိလို့ ရေးလိုက်ပါတယ် ။   အဲ ၊ စကားမစပ် ၊ ပထမဆုံး အနေနှင့် ၊ အဲဒီ သူကြီးက ပိဋကတ်သုံးပုံ အကြောင်း မန့် ထားတဲ့ ၊ ရွှေတိုက်စိုး ရဲ့ ” ရပ်ကွက်မှသည် […]


who whoMay 17, 20131min2237
အို-မိတ်ဆွေ ၊ သင်၏ တစ်နေ ့တာမှ (ငါးမိနစ်) မျှသော အချိန် ကာလကို လက်တွေ ့ အသုံးချကြည့်လိုက်စမ်းပါ။ “နှိုးဆော်လင်္ကာ” ငါးမိနစ်မျှ ၊ ခဏချိန်တွင် စိတ်ဝယ်စူးစိုက် ၊ ပြုလိုက်ပါလျှင် ဘာဝနာမျိုး ၊ တန်ဖိုးထင်ထင် ညောင်စေ့ငယ်မှ ၊ ဖြစ်ရညောင်ပင် ပမာထား ၊ ကြီးမားအာနိသင်။ ။ “အတိုကောက်မှတ်ရန် လင်္ကာ” ရှေးဦးအစ ၊ ပြုရဖွယ်သာ ဆင်းရဲမှုက ၊ လွတ်ကြမှန်စွာ ပုဂ္ဂိုလ်အပေါင်း ၊ အကြောင်းခြင်းရာ ယုံကြည်လေးစား ၊ အားထားစိတ်မှာ စင်ကြယ်မှု ၊ တွေးရှု ကံသုံးဖြာ။ ။ အခြေခံတရား ၊ မှတ်သားသင့်ရာ နှာသီးဝဖျား ၊ ထင်ရှားသေချာ ဝင်ဘိထွက်ဘိ […]


– – ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++++++ “” ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ပြဌာန်းထားတဲ့အကြောင်းလေးကို ထေရဝါဒဓမ္မကွန်ရက် က စာစောင်ထုတ်ထားပါတယ်..လောလောဆယ်တော့ ဒါလေးကို တင်ပေးလိုက်ပါတယ်.. အသေးစိတ်ကိုတော့ မကြာခင်မှာ တင်ပေးပါမယ်ရှင့်…. “” ++++++++++++++++++++++++++++++++++++++++++++++++++++++++


“မည်သူစောင့်၏ မစောင့်၏ တားသူရှိ၏ မရှိ၏”     ဒီနေ့မနက်အလုပ်သွားဘို့ အိမ်ကထွက်ခါနီးမှာ အဝေးက မိတ်ဆွေ တစ်ယောက်ဆီက ဖုန်းဝင်လာပါတယ်။ “ ကိုပေါက် ကျုပ်မန်းလေးရောက်နေတယ်ဗျ။ ခင်ဗျားပြောပြောနေတဲ့ ‘တိုရှည်’ ဆိုတဲ့မုန့်စားချင်တယ်ဗျာ၊ နောက်ချပါတီနဲ့ ဘာဂျီကြော်ရောဗျာ။” “ရတယ်လေ ကျနော်လာခေါ်မယ် ဘယ်နားမှာတည်းတာလဲ” “၃၅လမ်းကုန်းကျော်နားမှာဗျ ကျုပ်မိန်းမနဲ့ကလေးတွေလဲပါတယ်”   အဲလိုပြောတော့ ကျနော်မှာအုံးစားသွားပါတယ်။ မန်းလေးမှာ ဆိုးတာတစ်ခုက ကိုယ့်မှာ ကိုယ်ပိုင်ကားမရှိရင်  ဧည့်ဝတ်ကျေဘို့ အတော်ခက်ပါတယ်။ ဧည့်သည်ကတစ်ယောက်ထဲဆိုရင် ပြဿနာမရှိပေမယ့် တစ်ယောက်ထက်ပိုရင် ထမင်းလိုက်ကျွေးဘို့ တို့ ဟိုနားဒီနားလိုက်ပို့ ဘို့က အဆင်မပြေတတ်ပါဘူး။ မန်းလေးမှာ သင့်တင့်တဲ့နူန်းထားနဲ့ပြေးတဲ့ တက္ကစီ မရှိတာကြောင့်ပါ။ တက္ကစီ ရှိတယ်ဆိုပေမယ့်လဲ ဈေးကြီးသလို ကားအရေအတွက်ကလဲမများ။ ကျနော်မှာကလဲ ကားမရှိ ဆိုင်ကယ်ဘဲရှိတာကိုး။ အဲဒါနဲ့ အမြန်ဆုံးစဉ်းစားလိုက်တော့ […]


            18-4-2013နေ့က ပြင်ဦးလွင်အရောက် မဟာအံထူးကံသာဘုရားမှာ လူစည်စည်ကြားထဲမှာ အားမနာလျာမကျိုးဇွတ်တိုးပြီး ရိုက်ခဲ့တဲ့ ပုံစံအမျိုးမျိုးနဲ့ပုံတော် ကြိုက်သော် ယူနို်င်ပါ၏။   ကိုပေါက်လမ်းသလားနေသည် 19-4-2013  


လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်တာဗျ၊ အဲဒီစကား သိပ်မှန်တယ်။ ဘာလုပ်လုပ် တခုခုဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ (သိစိတ် Conscious ဖြစ်စေ မသိစိတ် Unconscious ဖြစ်စေ) လုပ်ကြတာ။ ဖြစ်တန်စွမ်း Probability ဒါမှမဟုတ် ယုတ္တိဆန်တဲ့ ယုံကြည်မှု သိပ်အရေးကြီးတယ်။ ထီထိုးတာပဲကြည့်..၊ ပေါက်ဂဏန်း များလျင်များ  ဆုကြေးလျင်ကြီး ဒါမှဈေးကွက်ဝင်တယ်၊ တခါတလေလဲ သိပ်ပြင်းပြတဲ့ အာသီသ အစားသွင်း လုပ်ကြတာလဲ ရှိတယ်။ နောင်ရိုးတိုက်ပွဲမှာ ဘုရင့်နောင် မြစ်ကူး လှေ၊ဖောင်တွေဖျက်ပြီး အသေခံတိုက်ခိုင်းတာ ဥပမာဗျာ..။ အဲလိုမဟုတ်ဆိုရင် လုပ်မည့်သူမရှိတော့.. လုပ်လည်း စိတ်ထက်သန်မှုမဲ့လို့ စစ်မရောက်ခင် မြှားကုန်သွားပြီ။ မဖြစ်နိုင်တာကြီး ဇွတ်ယုံနေရင် ရမလားဆို၊ ဘယ်ရမလဲနော် သို့သော် လူမှန်ရင် ဘုရားဖြစ်ခွင့်ရှိတယ်ဆိုတဲ့ထုံး နှလုံးမူပြီး မဖြစ်နိုင်တာ မရှိ nothing […]


who whoApril 17, 20131min2097
နှစ်သစ်မင်္ဂလာ ဆုတောင်းပတ္ထနာ ယထာ ဟိနာနာ သုကန္ဓ ပုပ္ဖေဟိ ပုပိ္ဖတော သုဘော။ အဘိရူပသုစိတ္ထေဟိ၊ ပုပ္ဖာရာမော သုမင်္ဂလော။ တထေဝိမမှိ သကန္တေ၊ သုခတာ မုဒိတာ ဝေဿ။ သုမင်္ဂလာ တဒါ တမှေ၊ ဟောထ ပုညကရာ သဗ္ဗေ။ အဘိရူပသုစိတ္ထေဟိ = အလွန်လှပ ဆန်းကြယ်ထကုန်သော၊ နာနာသုဂန္ဓပုပ္ဖေဟိ = ရနံ့လှိုင်ထုံ၊ မွှေးကြိုင်ကုန်သော၊ ပန်းမျိုးစုံတို့ဖြင့်၊ ပုပိ္ဖတော = ကြွားကြွားဝင့်ဝင့်၊ ကားကားစွင့်၍ ပွင်းနေကြလေသော၊ သုဘော = တင့်တယ်လှပ၊ ရှုကြည့်မဝနိုင်ကုန်သော၊ ပုပ္ဖာရာမော = ကျေးသံ ငှက်သံ၊ သောသောညံသည့်၊ ပျော်စံမငြီး၊ ဥယျာဉ်ကြီးသည်၊ သုမင်္ဂလော ယထာ = မင်္ဂလာအပေါင်း၊ ခညောင်းဝင့်ထည်၊ တင့်တယ်သကဲ့သို့၊ တထေဝ = […]


ဒီနှစ်သင်္ကြန် ၁၃.၄.၂၀၁၃ ရက်နေ ့မှာသွားနေကျဘုန်းကြီးကျောင်းနဲ ့၁၁.၄.၂၀၁၃ ရက်နေ ့မှာ မွေးနေ ့အတွက် ရည်မှန်းပြီး တရုတ်ဘုံကျောင်းက ဘုရားလဲရောက်ဖြစ်ပါတယ်..ဘုုရားတစ်ခါသွားဖို ့ ဘုန်းကြီးကျောင်းတစ်ခါရောက်ဖို ့တော်တော်လေးကို ဝေးပါတယ်..ဗုဒ္ဓဘာသာနိုင်ငံချင်းအတူတူ ဘုရားကျောင်းကန် စေတီပုထိုးတွေမြန်မာပြည်ထက်စာရင် တော်တော်လေးကို နည်းတဲ့ နိုင်ငံပါ။ ချမ်းချမ်းတို ့မြန်မာပြည်မှာဆို ခရီးသွားတိုင်း ကုသိုလ်ယူနိုင်တဲ့ ကြည်ညိုစရာ စေတိပုထိုးတွေများလွန်းလို ့နော့… သူငယ်ချင်းတစ်ယောက်ကမေးတယ် ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ စစ်မှန်တဲ့ နိုင်ငံက ဘယ်နိုင်ငံလဲတဲ့.. ချမ်းချမ်းလဲ ခေါင်းမော့ ပြီး ဖြေလိုက်တယ်“..အဲ့ဒါ တို ့မြန်မာနိုင်ငံပဲ ” သူကတော့ မယုံဘူး အမှန်တော့ သူက မြန်မာဆိုရင် အရမ်းအထင်သေးပါတယ်..ဆိုင်မှာအလုပ်တူတူလုပ်တဲ့သူငယ်ချင်း ရ ယောက်ထဲမှာ နှစ်ယောက်က မြန်မာ တွေကို အထင်သေးတယ် နှိမ်တယ် ကျန်တဲ့ […]