Mr WorldWideJune 5, 20131min111
 ပြီးပြည့်စုံသောစက်မှုလုပ်ငန်းစနစ်အား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်း တရုတ်နိုင်ငံသည် မြေရှားသတ္တုတူးဖော်ခြင်းအား အဓိကအားဖြင့်နေရာ ၃ ခုတွင်ဆောင်ရွက်ခဲ့ပါသည်။ အပေ့ါစားမြေရှားသတ္တုထုတ် လုပ်ရေးလုပ်ငန်းအား မွန်ဂိုလီးယားအတွင်းပိုင်း ဘာအိုတူဒေသနှင့် စီချွန်ဒေသ၏ လိုင်ရှမ်းတို့တွင်လည်းကောင်း၊ အလယ်အလတ်နှင့်အလေးစားမြေရှားသတ္တု ထုတ်လုပ်ခြင်းအား ဈာန်ရီုပြည်နယ်၏ ဂန်ဇူးဒေသ ပတ်ဝန်းကျင်အား ဗဟိုပြု၍ တောင်ပိုင်းပြည်နယ် ၅ ခုတွင် လုပ်ကိုင်လျက်ရှိပါသည်။ ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့် ၂ ကို အသုံးပြု၍ တရုတ်နိုင်ငံအနေဖြင့် မြေရှားသတ္တုထွက်ကုန်ပစ္စည်းအမျိုးပေါင်း ၄၀ဝ ကျော် ထုတ်လုပ်ပေးနိုင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် မြေရှားသတ္တုထုတ်ကုန်ပစ္စည်းတန်ချိန်ပေါင်း ၉၆၉၀ဝ တန် ထုတ်လုပ် ပေးခဲ့ပြီး တစ်ကမ္ဘာလုံးထုတ်လုပ်မှု၏ ၉ဝ ရာခိုင်နှုန်းရှိပါသည်။ တရုတ်နိုင်ငံမှ ထုတ်လုပ်ပေးနိုင်မှုနှင့် လိုအပ်ချက်တို့ အရ ဈေးနှုန်းသက်မှတ်ခြင်း၊ စီးပွားရေးဆိုင်ရာလွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးခြင်း၊ ကဏ္ဍပေါင်းစုံ ရင်းနှီးမြုပ်နှံစေခြင်း စသော တိုးတက်လုပ်ဆောင်မှုများဖြင့် မြေရှားသတ္တုစက်မှုလုပ်ငန်းအား […]


who whoJune 4, 20131min1515
“ဘဝ ဘဝ” ဆိုလို့ လူရယ်လို့ ဖြစ်လာတော့ လူ့ဘဝကို ရလာတယ်။ နတ်ဖြစ်ရင် နတ်ဘဝပေါ့နော်။ ခုတော့ ကျနော်ရထားတာက လူ့ဘဝပဲမလား။ ဒီတော့ ကျနော် ရထားတဲ့ လူ့ဘဝလေးကို ပြန်ပြီးသုံးသပ် ကြည့်မိပါတယ်။ အော် ဘဝမှာ စိတ်အေးရတယ်လို့များ ရှိရဲ့လားလို့ပါ။ စားဝတ်နေရေးဆိုတဲ့ အရေးတွေအတွက် လုံးလည်လိုက်ပြီး ရုန်းကန်ပင်ပန်းနေရတဲ့ ဘဝကြီးမှာ ဘယ်တော့များမှ စိတ်အေးလက်အေး နေရပါ့မလဲရယ်လို့ တွေးမိနေပါတယ်။ အင်း ကျနော်တင်ပဲလားလို့ တွေးမိတာကြောင့် သူများတွေကို လှမ်းပြီး အကဲ ခတ်လိုက်ပါတယ်။ ဘာထူးလဲနော်။ ချမ်းသာတဲ့လူလည်း ဘယ်မှာ စိတ်အေးရ လို့လဲ။ ရှာဖွေရုန်းကန်နေရတာပဲ။ အမြဲ ပူလောင်နေရတာပဲနော်။ အရာရာ ပြည့်စုံတယ်လို့ ထင်ထားရတဲ့ လူတွေကို ကြည့်ပြန်တော့လည်း စည်းစိမ်တွေ သာ ပြည့်စုံတယ်။ စိတ်အေးရပြီလားဆိုတော့ […]


Mr WorldWideMay 31, 20131min1573
ကျနော် တရုတ်နိုင်ငံက ထုတ်လုပ်နေတဲ့ Rare Earth လို့ခေါ်တဲ့ မြေရှားသတ္တုအကြောင်းလေး အခန်းဆက်လေးအနေနဲ့တင်ပြချင်ပါတယ်။ ဒီစာတမ်းလေးက အင်တာနက်မှာလည်း ရှာဖွေဖတ်ရှုနိုင်ပါတယ်။ တရုတ်နိုင်ငံက မြေရှားသတ္တုထုတ်လုပ်ရာမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြောဆိုနေတာကြောင့် တရုတ်နိုင်ငံက ဒီစာတမ်းလေးကို ထုတ်ပြန်ခဲ့တာပါ။ မြေရှားသတ္တုဆိုတာဘာလဲ..ဘာအတွက်အသုံးများလဲ…သူတို့နိုင်ငံမှာ ဘယ်လိုတွေလုပ်နေလဲဆိုတာ ဗဟုသုတအလို့ဌာ စာတမ်းတစ်စောင်လုံးအား အင်္ဂလိပ်မှ မြန်မာလို ပြန်ပေးလိုက်ပါသည်။ နိဒါန်း မြေရှားသတ္တုများသည်အရေးကြီးသော ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်သော သဘာဝအရင်းအမြစ်ဖြစ်ပြီး ၎င်းတို့အား စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ နယ်ပယ်အသီးသီးတွင် ကျယ်ပြန့်စွာအသုံးပြုကြပါသည်။  တရုတ်နိုင်ငံသည် မြေရှားသတ္တုအရင်းအမြစ်များ ပေါ်များသောနိုင်ငံတစ်ခုဖြစ်ပါသည်။ ၁၉၅ဝ ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ မြေရှားသတ္တုထုတ်လုပ်ရေးစက်မှုလုပ်ငန်းသည် ထူးခြားတိုးတက်မှုများရှိလာခဲ့ကြောင်း တွေ့ရှိရ ပါသည်။ နှစ်အတန်ကြာကြိုးပမ်းအားထုတ်ခဲ့ရပြီးနောက် တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တုထုတ် လုပ်သူ၊ သုံးစွဲသူ၊ တင်ပို့သူဖြစ်လာခဲ့ပါသည်။ မြေရှားသတ္တုထုတ်ယူသုံးစွဲခြင်းကြောင့် လူသားများအား အကျိုးရှိစေသကဲ့သို့ […]


Mr WorldWideMay 30, 20131min1263
Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ်သည် လူဦးရေထူထပ်သောဒေသတစ်ခုသို့ ဦးတည်ကျ ရောက်လာနေသည့် တာတိုပစ်ဒုံးပျံများနှင့် အကွာအဝေး ၄ ကီလိုမီတာမှ ၇ဝ ကီလိုမီတာအတွင်းမှ ပစ်ခတ်လိုက် သော ရန်သူ့အမြောက်ဆံများအား ကြားဖြတ်တိုက်ခိုက်ရေးနှင့် ပစ်ချဖျက်ဆီးနိုင်ရေးဒီဇိုင်းရေးဆွဲထားသော ရွေ့လျားလေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုဖြစ်သည်။ Iron Dome စနစ်အား Rafael Adveanced Defenese System မှ သုတေသန ပြုလုပ်ခဲ့သည်။ အစ္စရေး နိုင်ငံ၏ တောင်ဘက်နှင့်မြောက်ဘက်နယ်စပ်များရှိ လူဦးရေထူထပ်သောဒေသများသို့ ခြိမ်းခြောက်ပျံသန်းလာ သော ဒုံးပျံများကိုကာကွယ်ပေးမည့် လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုအဖြစ် တီထွင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်၊မတ်လ ၂ရ ရက်နေ့တွင် Iron Dome စနစ်အား ပထမဦးဆုံး တရားဝင်ကြေငြာခဲ့သည်။ ၂၀၁၁ ခုနှစ်၊ဧပြီလ ရ ရက်နေ့တွင် ဂါဇာဒေသမှပစ်ခတ်လိုက်သည့် Grad ဒုံးပျံတစ်ခုအား ပထမဆုံးအကြိမ်အောင်မြင် စွာကြားဖြတ်ဟန့်တားနိုင်ခဲ့သည်။ […]


Mr WorldWideMay 29, 20131min1598
သက်ရှိလူသားဆဲလ်များမှ ပင်မဗီဇဆဲလ်များ ကလုန်းလုပ်ယူခြင်းကို အမေရိကန်နိုင်ငံ၊ Portland ပြည်နယ်ရှိ  Oregon Health&Science University မှ သုတေသနအဖွဲ့ကအောင်မြင်စွာ ပြုလုပ်နိုင် ခဲ့ပါသည်။ ကျန်းမာသောကိုယ်ခန္ဓာဆဲလ်များမှ မူလဗီဇဆဲလ်ကို ဖန်တီးယူခြင်းသည် ကမ္ဘာ့တစ်ဝန်းမှ သုတေသန ပညာရှင်များ နှစ်ပေါင်းများစွာ အပတ်တကုတ်လုပ်ဆောင်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ဤသို့ဖန်တီးနိုင် ခြင်းသည် ရောဂါကြောင့်လည်းကောင်း၊ အသက်အရွယ်အရလည်းကောင်း သေဆုံး၊ သို့မဟုတ် ဒဏ်ရာရနေ သော ဆဲလ်များနေရာတွင် အသစ်တစ်ခုအစားထိုးပေးနိုင်ရေးစသည့် ဆေးဘက်ဆိုင်ရာအစီအစဉ်များအတွက် အဓိကအောင်မြင်မှုတစ်ခုဖြစ်ပါသည်။ ဓာတ်ခွဲခန်းထဲတွင် ကိုယ်အင်္ဂါများအစားထိုးကုသရေးအတွက် အသဲ၊ကျောက်ကပ်၊ နှလုံးတို့ကို အသစ်တစ်ခုအဖြစ်ဖန်တီးခြင်းနှင့် Parkinson ရောဂါကဲ့သို့ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါများခံစားနေရသူများအတွက် အစားထိုးကုသပေးနိုင်ခြင်းတို့လုပ်ဆောင်လာနိုင်မည် ဖြစ်ပါသည်။ ၎င်းသုတေသနလုပ်ငန်းအား Oregon National Primate Research ၏ Reproductive and Development Science […]


Mr WorldWideMay 29, 20131min803
လေဖြင့်စွမ်းအင်ထုတ်ယူခြင်းနှင့် ပင်လယ်ရေအောက်ရှိရေစီးကြောင်းများကိုအသုံးပြု၍ စွမ်းအင်ထုတ်ယူ ခြင်းများကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်ယူမှုစနစ်များသည် ယခင်ကတည်းကပင် ရှိခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ MODEC ကုမ္ပဏီ (Mitsui Ocean Development & Engineering Co) မှ ဂျပန်အင်ဂျင်နီယာများ သည် မကြာမီကာလတွင် အထက်ပါနည်းလမ်းနှစ်မျိုးအားပေါင်းစပ်၍ စွမ်းအင်ထုတ်လုပ်မည်ဖြစ်ပါသည်။ SKWTD (Savonius Keel and Wing Turbine Darrieus)  ဆိုသည်မှာ Savonius  တာဘိုင်အမျိုး အစားနှင့် ီမေမငနကျ တာဘိုင်အမျိုးအစားနှစ်ခုအား ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ ၎င်းသည် ရေပေါ်ပေါ်နေ သော အဆောက်အဦတစ်ခုဖြစ်ပြီး ရေစီးကြောင်းအောက်ဘက်တွင် Savonius ဒီရေတာဘိုင်နှင့် လေထဲတွင် Darrieus အမျိုးအစား ဒေါင်လိုက်လေရဟတ်တာဘိုင်တို့အား ပေါင်းစပ်ထားရှိခြင်းဖြစ်သည်။ တာဘိုင်နှစ်ခုကို အလယ်ဗဟိုတွင် ဂီယာအုံ၊ သို့မဟုတ် ဂျင်နရေတာနှင့်ချိတ်ဆက်ပေးထားပြီး ၎င်းဂျင်နရေတာသည် ရေစီးကြောင်း၊ […]


Normal 0 false false false EN-US X-NONE X-NONE မပြောမပြီး မတီးမမြည် ဆိုသလို ရွာထဲမှာ ရေငန်ပိုင် ဩဇီဦးဖောမွှေးတဲ့ ပို့စ်၅၃ ဘာသာရေးမီး လန့်နေခိုက် ကြုံဒိုးလေး ဖျာဝင်ခင်းပါရစေ…။ ကမာရွတ်မီဒီယာမှာ မေလ၂၆ရက်နေ့ကလုပ်တဲ့ အစ္စလာမ်ဘာသာအပေါ် အထင်အမြင် လွဲမှားနေတာတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့ ရှင်းလင်းပွဲလုပ်တာ ယူကြုမှာ ကြည့်ရတယ်။ သာဓု ခေါ်ကြောင်း အရင်ပြောပါရစေ..။ မွတ်ဆလင်ခေါင်းဆောင်တွေက ကျမ်းစာနဲ့ ကျောင်းတော် ခွဲခြားသွားမယ်၊ ဘာသာခြားတွေနဲ့ ပွင့်လင်းရင်းနှီးမှု တိုးမြှင့်မယ်ပြောတယ်။ ပြင်ပလေ့လာလိုသူများအတွက် ဗလီဝတ်ကျောင်း တံခါးတွေ ဖွင့်ပေးထားမယ် စသဖြင့်ပေါ့ဗျာ… ဝမ်းသာစရာ ကောင်းလှတယ်။ တခုထောက်ပြချင်တာ ကုရ်အာန်အသိပညာ ပြန့်ပွားရေးအဖွဲ့ ဥက္ကဌ ဦးစန်းအောင် မြွက်ကြားသွားတဲ့ စကား တခွန်းဖြစ်ပါတယ်..  “အမျိုးသားတယောက်သည် […]


who whoMay 28, 20131min2169
တစ်နေ့ တစ်နေ့ ကျနော်တို့ နေ့စဉ်ရှင်သန်နေရတဲ့ ဘဝတစ်နေ့တာကို စာရင်းချုပ်ကြည့် လိုက်တော့ ပေးတာနဲ့ ယူတာ တလှည့်စီ လုပ်နေရတာကို သွားတွေ့မိပါတယ်။ ဈေးဝယ်တော့ ကျသင့် ငွေကို ပေးတာနဲ့ ဈေးသည်ပေးတဲ့ ပစ္စည်းကို ယူတာနဲ့ ဒီမှာလည်း အပေးနဲ့ အယူအလုပ်ပဲ လုပ်နေရ တယ်။ နောက် အလုပ်လုပ်တဲ့အခါ ကိုယ်က လုပ်အား၊ ဉာဏ်အားတွေ ပေးပြီးတော့ ရတဲ့လခတွေကို ယူနေရပြန်တယ်။ ဆိုင်ရာဆိုင်ရာတွေမှာလည်း ကိုယ်ကပေးလိုက်၊ သူများက ယူလိုက်နဲ့ အပေးအယူ အလုပ်တွေ ဖြစ်နေလိုက်တာ။ ဒီနေရာမှာ ပြောချင်တာက ကိုယ်ရလိုက်တဲ့ ပစ္စည်းတွေအပေါ် တန်ဖိုးလေး သိဖို့တော့ လိုလာပြီ။ ပစ္စည်းရဲ့ တန်ဖိုးက ဘာလဲ ဆိုတာလေးပြောမယ်နော်။ တို့တွေ ပစ္စည်းတစ်ခု ဝယ်မယ် ဆိုရင် သူ့မှာ […]


Mr WorldWideMay 27, 20131min1022
အမေရိကန်စစ်တပ်နှင့် ထောက်လှမ်းရေးဂြိုဟ်တုများကို တိုက်ခိုက်ဖျက်ဆီးခြင်းခံရပါက မူလအတိုင်း စွမ်းဆောင်ရည်ပြန်လည်ရရှိစေရန် ၊သို့မဟုတ် ထိုဂြိုဟ်တုများ လုံးဝပျက်စီးဆုံးရှုံးသွားခဲ့လျင် မည်ကဲ့သို့ဆက်လက် လုပ်ဆောင်သွားရန်နှင့် ပတ်သက်၍ စဉ်းစားအဖြေရှာလျက်ရှိကြောင်း ပင်တဂွန်မှ Mr.Carter က ပြောကြားခဲ့ပါ သည်။ ၂၀၁၄ ခုနှစ် ဘဏ္ဍာငွေခွဲဝေမှုတွင် အဆိုပါကိစ္စအား အကောင်အထည်ဖော်နိုင်ရန်အတွက် ငွေကြေး ထောက်ပံ့မှုရရှိပြီးဖြစ်သည့်အပြင် အခြားနိုင်ငံများနှင့် ပဋိပက္ခဖြစ်ချိန်တွင် အာကာသရှိဂြိုဟ်တုများကို အသုံးမပြုပဲ ကျွန်ုပ်တို့၏ တပ်ဖွဲ့များနှင့်ပင် တွန်းလှန်တိုက်ခိုက်နိုင်ရန်အတွက် ကိုယ်ပိုင်ရင်းနှီးမြုပ်နှံမှုများလည်း ပြုလုပ်ပြီးဖြစ်သည် ဟု  Mr.Carter က ပြောကြားခဲ့ပါသည်။ သူသည် နောက်ထပ်အသေးစိတ်အချက်များကို ထပ်မံပြောကြားခဲ့ခြင်း မပြုခဲ့ပါ။ အမေရိကန်အစိုးရသည် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းတာဝန်များအပါအဝင် မဟာဗျူဟာနှင့် နည်းဗျူ ဟာအရ ကင်းထောက်ရှာဖွေခြင်း၊ ဒုံးပစ်လွှတ်ခြင်း၊ ဆက်သွယ်ရေးဆိုင်ရာနှင့် မိုးလေဝသစောင့်ကြည့်စစ်ဆေးခြင်း ၊ ကြိုတင်သတိပေးခြင်းများအတွက် ဂြိုဟ်တုများအပေါ်အားထားယုံကြည်လျက်ရှိပါသည်။ အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်မှ တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနသို့ […]


who whoMay 26, 20131min2239
ခုတလော ကျနော် အနာကြီးရောဂါသည်တွေရဲ့ ကလေးများအတွက် ပညာရေး ထောက်ပံ့ဖို့ဆိုပြီး အလှူခံတွေ နေ့တိုင်း သွားကောက်နေရတယ်။ အဲဒီလို သွားရင်းလာရင်းနဲ့ စဉ်းစားမိတာတစ်ခုရှိတယ်။ အနာကြီးရောဂါ အကြောင်း ပေါ့။ တကယ်တော့ တို့ခန္ဓာကြီးကအနာကြီးတစ်ခုလိုပါပဲ။ တချိန်လုံး ပြည်ပုပ် တွေ ထွက်နေလိုက်တာ။ မျက်လုံးကလည်း ပြည်တွေ ထွက်တယ်၊ နှာခေါင်း ကလည်း တရွှဲရွှဲနဲ့၊ နားထဲ ကလော်ကြည့်ပါလား ။ဘာတွေ့လဲ ပြော..။ ပါးစပ် ကဆို အပုပ်ရည်တွေချည်းပဲနော်။ခန္ဓာက ထွက်လာသမျှ တစ်ခုမှ ကောင်းတာ မရှိပါလား။ ဒီတော့ ကိုယ့်ကိုကိုယ်တောင် ပြောမိတယ်။ အနာကြီးရောဂါသည် အစစ်က တခြားအနာကြီးရောဂါသည်တွေရဲ့ ကလေးတွေအတွက် ကောက် လိုက်ပါဦး လို့သာပြောပြီး ရန်ပုံငွေတွေ ရှာခိုင်းနေရတယ်။ ဒီတော့ ရေချိုးရင်းနဲ့ ဘာတွေးမိလဲဆိုတော့ တို့ ဒီအနာခန္ဓာကြီးကို […]


who whoMay 25, 20131min1463
ပေါင်းမြက်သစ်ပင်၊ ထွေးယှက်ငင်လျှက်၊ အမြင်ရှုပ်ပွ၊ ရွှံ့ညွန်ထပြီး၊ မြေကမညီ၊ ဖုထစ်စီ၍၊ မပီသလမ်း၊ ခရီးကြမ်းကို၊ ကြိုးပမ်းအားထုတ်၊ စုပေါင်းလုပ်သော်၊ အဟုတ်ပီပြင်၊ လမ်းကောင်းမြင်လိမ့်။ သူလျှင်ရှေ့ဆောင်၊ ငါနောက်ဆောင်အံ့၊ သူနောက်ကဆောင်၊ ငါရှေ့ဆောင်အံ့၊ သူဘယ်ကဆောင်၊ ငါညာဆောင်အံ့၊ သူညာကဆောင်၊ ငါဘယ်ဆောင်အံ့၊ ရှေ့နောက်ဘယ်ညာ၊ မရွေးပါတည်း၊ တွေ့ရာလွတ်ကွက်၊ ငါဖြည့်စွက်မည်။ ခရီးသည်များ လမ်းညီညာလျှောက်၊ ပန်းတိုင်ရောက်၍၊ စိတ်နှောက်ကင်းကွာ၊ ချမ်းမြေ့သာစေ၊ ငါဆောင်လေသည်၊ များထွေကောင်းကျိုး၊ ရရန်သာ။ ။ ဥယျာဉ်မှူး ရန်ကင်းတောင်


who whoMay 24, 20131min1956
ကုသိုလ်ကောင်းမှုဆိုရင် ဒါန၊ သီလ၊ ဘာဝနာရယ်လို့ သုံးမျိုးကိုသိပြီးဖြစ်ပါတယ်။ အဲဒီကနေမှ ပုညတြိယဝတ္တု ဆယ်ပါး ကို ဆက်လို့ သိရပါဦးမယ်။ပုညတြိယဝတ္တုဆိုတာက ကောင်းကျိုး လိုလားသူတိုင်း ပြုသင့်ပြုထိုက်တဲ့ ကောင်းမှုတရားများကို ဆိုလို ပါတယ်။ အဲဒီ ဆယ်ပါးက ဘာတွေလည်း ဆိုတော့ ၁။ဒါန ၂။သီလ ၃။ဘာဝနာ ၄။အပစာယန ၅။ဝေယျာဝစ္စ ၆။ပတ္တိဒါန ၇။ပတ္တာနုမောဒနာ ၈။ဓမ္မဿဝန ၉။ဓမ္မဒေသနာ ၁၀။ဒိဋ္ဌိဇုကမ္မ ဒါန ၊ သီလ၊ ဘာဝနာကိုတော့ ရင်းနှီးပြီးဖြစ်တာကြောင့် နံပါတ်လေးကစလို့ ပြောကြပါစို့ဆိုတော့….. (၄)အပစာယနဆိုတာက ကိုယ့်ထက် အသက်အရွယ်၊ အကျင့်သိက္ခာကြီးတဲ့သူကို ရိုသေလေးစားခြင်းကို ဆိုလိုပါတယ်။ ကိုယ့်ထက် အသက်သိက္ခာ တစ်ရက် ၊ တစ်မနက် ကြီးတဲ့သူကို တောင် ရိုသေသင့်တယ်၊ ပူဇော်သင့်တယ်ဆိုတဲ့ အသိလေးရှိနေ ရပါမယ်။ […]


padonmarMay 24, 20131min29040
စိုစိစိ၊ ညောင်နာနာ၊ အေးတိအေးစက်၊ ရီးတီးယားတား၊ ပျင်းရိပျင်းတွဲ၊ လေးတိလေးကန်၊ ပေါ့တီးပေါ့ဆ၊ မတုန်မလှုပ် ပျောတိပျောညံ့၊ သိမ်ဖျင်းအားနည်းတဲ့ သူတွေလို့ ကျေးဇူးတော်ရှင် ပဏ္ဍိတာရာမ ဆရာတော်ကြီးက သင်္ကြန်အတက်နေ့ တရားပွဲမှာ မြန်မာပြည်ကဗုဒ္ဓဘာသာဝင်တွေအကြောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့အနေနဲ့ ဆုံးမဟောပြသွားပါတယ်။ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ အလုပ်တွေကိုလုပ်ရမယ် ဆိုတာဗုဒ္ဓဘာသာဝင်တိုင်း သိကြပေမယ့် ဘယ်လိုဒါန၊ သီလ၊ ဘာဝနာမျိုးတွေလုပ်နေကြပါသလဲ။ ဒါနဆိုတာ ခံယူရတဲ့သူတစ်ဖက်သားချမ်းသာအောင် ကိုယ့်ပစ္စည်းကိုပေးတာကိုခေါ်ပါတယ်။ ကိုယ်ပိုင်ပစ္စည်းကိုပေးတာ ဟာ လောဘကင်းမှပေးလို့ရပါတယ်။ အလှူခံပုဂ္ဂိုလ် ချမ်းသာပါစေလို့ မေတ္တာထားပေးရပါတယ်။ ဒီလိုမေတ္တာထားမှ ကြင်နာသနားခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း၊ အနစ်နာခံခြင်း၊ သည်းခံခြင်း၊ စွန့်လွှတ်ခြင်းဆိုတာတွေနောက်က ကပ်ပါလာပါတယ်။ ဒါကြောင့်ပေးလှူသူဟာ ဒေါသကင်းလာပါတယ်။ ရက်စက်မှုကင်းပြီး ကြင်နာမှု ယှဉ်လာပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာရမယ်ဆိုတဲ့ အခြေခံပေါ်မှာ ကိုယ့်အကျိုးမမျှော်မှန်းတဲ့ အသိဉာဏ်ယှဉ်တဲ့ အလှူမျိုးမှ […]