who whoDecember 24, 20111min813
ဒီတစ်ခေါက် တရားပွဲမှာ ဘာကုသိုလ်လေးများ ထပ်ဆောင်းရ ရင်ကောင်းမလဲလို့ အပြေးအလွှား စဉ်းစားလိုက်တော့ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ဓမ္မစာအုပ်လေးတွေ ဝေမယ်ဆိုတဲ့ အကြံထွက်လာပါတယ်။ ဒါနဲ့ ညပိုင်းကျင်းပဖြစ်တဲ့ တရားပွဲလေးမှာ တရားနာလာသူ အပေါင်းကို ဓမ္မစာအုပ်လေးတွေ ဒါနလုပ်ဖြစ်ခဲ့တာပေါ့။ အဲဒီထဲကမှ ရလာတဲ့အသိလေးတစ်ခု။ ပြန်မျှမယ်ဆိုပြီး ဒီစာလေး ရေးဖြစ်သွားပါ တယ်။ စာအုပ်လေးရဲ့ခေါင်းစဉ်ကတော့ မြင့်မြတ်သော ဥပေက္ခာတဲ့။ မြင့်မြတ်သူတွေ၊ မြင့်မြတ်လိုသူတွေလုပ်တဲ့ ပါရမီအလုပ်က ဆယ်မျိုး တောင်ရှိပါတယ်နော်။ အဲဒါလေးကို အတိုချုံ့ပြရရင် ၁။ ဒါနပါရမီ (စွန့်ကြဲပေးကမ်းခြင်း) ၂။ သီလပါရမီ (ကိုယ်၊နုတ် တို့ ကျူးလွန်မှုမှ စောင့်ထိန်းခြင်း) ၃။ နေက္ခမ္မပါရမီ (ကာမဂုဏ်အာရုံ တွေမှ ရှောင်ခွာခြင်း) ၄။ ပညာပါရမီ (အတတ်မျိုးစုံ ၊ အသိမျိုးစုံ တို့ကို […]


who whoDecember 24, 20111min1395
စတုတ္ထနေ့ ဒီနေ့နဲ့ဆို လေးရက်တောင် ရှိပါပေါ့လား။ တစ်ရက် ၊ တစ်ရက် ကုသိုလ် အလုပ်တွေ လုပ်ပြီးတိုင်း “တစ်ရက်အောင်ပြီ”ရယ်လို့ ကြွေးကြော် လာခဲ့ကြတာ ခုဆို ကိုးရက်ဓိဋ္ဌါန်က လေးရက်မြောက်တောင် ရောက်လာပါပြီ။ ဒီနေ့ ပွားရမယ့် ဂုဏ်တော်ကတော့ အရဟံ ဂုဏ်တော်ပါပဲ။ အရဟံ ဂုဏ်တော် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝဗောဓိဆုကို တောင်းခဲ့ စဉ်က စလို့မြတ်ဘုရားရဲ့ ဂုဏ်ရည်တွေကိုမှန်းမျှော်ရင်း ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားများ လာခဲ့ကြတာလေးကို ရောက်သလောက်ထိ ပြန်ပြီး ကြည်ညိုသဒ္ဒါ ပွားမိနေသည်။ ကိုယ်တော်တိုင် သစ္စာလေးပါးကို သိမြင်သလို သတ္တဝါ အနန္တတို့ကိုပါ သိမြင်အောင် ဟောပြတော်မူခဲ့သော မြတ်ဘုရားရဲ့ ဗုဒ္ဓေါ ဂုဏ် တော်၊ အဲလို ဆုတောင်းခဲ့တဲ့ အတိုင်း ပြည့်ဝစေဖို့ ပါရမီတွေဖြည့်ကျင့်ခဲ့တယ်။ ဘယ်လိုပါရမီတွေများ […]


who whoDecember 23, 20111min2633
တတိယနေ့ ဗုဒ္ဓေါနဲ့ သုဂတော ဂုဏ်တော်အရကိုပဲ မြတ်စွာဘုရားကို အထူး ကြည်ညိုမိနေပါပြီ။ ဒီနေ့ ဘာဂုဏ်တော်များ ဆက်ရပါ့မလဲဆိုတာလေးကို သိ ချင်စိတ်တွေ ဖြစ်နေကြပါတယ်။ ဝိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော် ပထမတော့ ဘုရားဆုပန်တယ်။ နောက် ဆုပန်ချိန်ကစလို့ ဘုရား အဖြစ်ရောက်သည်အထိ ဘဝပေါင်း လေးသင်္ချေနဲ့ ကမာ္ဘတစ်သိန်းတိုင်အောင် သုဂတော ဂုဏ်တော်နဲ့ ပြည့်စုံတော်မူသော မြတ်ဘုရားရဲ့ ဂုဏ်တွေကို သိခဲ့ရ ပါပြီ။ ခု ဆက်လို့ ဝိဇ္ဇာစရဏ ဂုဏ်တော်အကြောင်းလေး လေ့လာရပါမယ်။ ဝိဇ္ဇာသည် အသိ ဖြစ်ပြီး စရဏသည် အကျင့်လို့ သိရပါမယ်။ အသိသာရှိပြီး အကျင့်မရှိရင် နိဗ္ဗာန်ကို မရောက်နိုင်ပါဘူးနော်။ အကျင့်သာရှိပြီး အသိဉာဏ် မပါပြန်ရင်လည်း လမ်းလွဲသွားနိုင်ပါတယ်။ ဒီနေရာမှာ စရဏဆိုသော ကျင့်ဖွယ်(၁၅)ပါးတို့နှင့် ပြည့်စုံတော်မူတယ်လို့ သိထားရမယ်။ […]


who whoDecember 22, 20111min1867
ဒုတိယနေ့ မနေ့က ဗုဒ္ဓေါဂုဏ်တော်အရ ဒို့ ဘုရားအလောင်းတော်ဟာ ဒီပင်္ကရာ မြတ်စွာဘုရားခြေတော်ရင်းမှာ ဝပ်ဆင်းလို့ ခန္ဓာကို လမ်းခင်းလျှက် သမ္မာ သမ္ဗောဓိ ဘုရားဆုကို ပန်ဆင်ခဲ့တယ်နော်။ ဒီနေ့ ဆက်သွားကြစို့ဆိုတော့ သုဂတောဂုဏ်တော်ကို သွားကြရမှာနော်။ သုဂတောဂုဏ်တော် သုက ကောင်းမွန်မြင့်မြတ်ခြင်းလို့ အဓိပ္ပါယ်ရပြီး ဂတ ကတော့ ကြွတော်မူခြင်းကို ဆိုလိုတယ်နော်။ ဒီတော့ အနက်က ဘယ်လိုဖြစ်သွားလဲဆို တော့ ကောင်းစွာ ကြွတော်မူခြင်းဆိုတဲ့ သဘောရောက်တယ်နော်။ အင်း…မနေ့ကပြောခဲ့သလို ဆုတောင်းခဲ့တဲ့ သုမေဓာရှင်ရသေ့ ဘဝမှ စလို့ နောက်ထပ် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပတ်လုံး ပါရမီ (၁၀)ပါး ဖြည့်ကျင့်လာခဲ့တယ်လေ။ အဲလို ဖြည့်နေစဉ် တလျှောက်လုံးမှာလည်း မိမိရဲ့ ကိုယ်၊ နုတ်၊ စိတ် သုံးပါးလုံးကို မှားယွင်းတဲ့ အယူတွေ မကပ်ငြိအောင် […]


kaiDecember 21, 20111min1565
ရဟန်းသံဃာတော်များသည် ဘုရားရှင်လက်ထက်ကထဲကပင် အစုအဖွဲ့နှင့် နေလာခဲ့သည်မှာ ယနေ့ မျက်မှောက်ခေတ်တိုင်အောင်ပင် ဖြစ်ပါတယ်။ နောင်လည်းပဲ အစုအဖဲ့ွ အနေနှင့်ပင် ဆက်လက် နေသင့် နေကြရမှာဖြစ်ပါတယ်။တပါးကို ပုဂ္ဂလ၊ နှစ်ပါး သုံးပါးကို ဂဏ၊ လေးပါးနှင့် လေးပါးအထက်ကို သံဃာလို့ ဟောထားသဖြင့် သံဃာဟုဆိုလိုက်လျှင်ပင် အဖွဲ့အစည်းတခုဖြစ်နေပါတယ်။ သံဃာဆိုတဲ့ အဓိပ္ပါယ်ကလည်း အစုအဖွဲနဲ့ နေတဲ့ ပေါင်းစုထားတဲ့ အဖဲ့ွအစည်းလို့ ဆိုလိုတာပဲဖြစ်ပါတယ်။ ထပ်မံ၍ ဖဲ့ွနေစရာ မလိုတဲ့ သဘောပါ။ ဗုဒ္ဓက သူ့ သာသနာတော်သို့ ဝင်ရောက်လာသူ မှန်သမျှကို ဝိနည်းသိက္ခာပုဒ်အတိုုင်း လိုက်နာနေထိုင်ပါက သံဃာ့အဖွဲ့ဝင်အဖြစ် အသိ အမှတ်ပြုပါတယ်။ မှတ်ပုံတင်မရှိကြသလို မည်သည့်အစိုးရထံမှလည်း ရဟန်းဖြစ်ကြောင်း ဟုတ်မှန်ကြောင်း တောင်းခံရတာမျိုး မရှိခဲ့ပါဘူး၊ အချင်းချင်း ကြီးစဉ်ငယ်လိုက် ထေရက္ကမအစဉ်ဖြင့် အရိုအသေပေးပြီး သီတင်းသုံးနေထိုင်ကြရပါတယ်။ […]


mandalarthuDecember 20, 20116min1998
သီရိလင်္ကာနိုင်ငံ မှ  မြတ်ဗုဒ္ဓ၏ လက်ဝဲအောက်စွယ်တော်   မြတ်စွာဘုရားရှင်၏ လက်ဝဲအောက်စွယ်တော်ကိုမူ အရှင်သာရိပုတ္တရာ၏ တပည့်ခေမာ ရဟန္တာသည် ဘုရားရှင်၏အလောင်းတော်ကို တေဇောဓာတ်လောင်ကျွမ်းနေစဉ် စန္ဒကူးနံ့သာ ထင်းပုံထက်မှ ဆောင်ယူကာ ဇမ္ဗူဒိပ်ကျွန်း၊ ကလိင်္ဂတိုင်း၊ ဒန္တပူရ (Dantapura) ပြည့်ရှင်ဗြဟ္မဒတ် မင်းအား ပေးအပ်ကိုးကွယ်စေသည်။ ထိုစွယ်တော်မြတ်ကို ဒန္တပူရမြို့တွင် နှစ်ပေါင်း (၈ဝဝ) ကျော် သည့်တိုင် မင်းဆက်ဆက် ပူဇော်ကိုးကွယ်ခဲ့ကြသည်။ *******သီရိလင်္ကာနိုင်ငံ မှ  မြတ်ဗုဒ္ဓ၏ လက်ဝဲအောက်စွယ်တော် ပုံ (၁၉၂၀)******* *******သီရိလင်္ကာနိုင်ငံ မှ  မြတ်ဗုဒ္ဓ၏ လက်ဝဲအောက်စွယ်တော်******* ကလိင်္ဂ၏အရှင်သခင် ဂုဟသိဝမင်း (Guhasiva) လက်ထက်တွင် စွယ်တော်ကို အကြောင်းပြု၍ စစ်ဖြစ်လေ၏။ ဂုဟသိဝမင်းသည် စစ်ပွဲအတွင်း ပျောက်ဆုံးမှုအန္တရာယ်နှင့် ရင်ဆိုင် နိုင်သဖြင့် သီရိလင်္ကာကျွန်းမှ သူ၏အမွေတော် မဟာသေန […]


who whoDecember 20, 20111min650
အဓိဋ္ဌါန်ခြင်းနှင့် ပတ်သက်လို့ နှလုံးသွင်းသင့်ပုံလေးကို အနည်း အကျဉ်း ပြောပြပါဦးမယ်။ “ကောင်းမှုကုသိုလ်လုပ်တဲ့အခါ ငါတော့ ဘယ်နှရက် တော့ အောင်မြင်အောင် လုပ်ရမယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီး စည်းကမ်း ချတဲ့ သဘောနဲ့ ဓိဋ္ဌါန်ပြီးလုပ်ရပါမယ်။ အဲလို ဓိဋ္ဌါန်နဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီး ကုသိုလ်အမှုကို မပျက်အောင် တုပ်နှောင်ထားတဲ့အခါမှာ ဦးတည်ချက်က ဒီနေရာမှာ နှစ်မျိုးကွဲ သွားတယ်နော်။ တချို့သော သူတွေက အဲလို ဓိဋ္ဌာန်တဲ့ အတွက်ကြောင့် ဘာတွေဖြစ် ရပါလို၏ ညာဖြစ်ရပါလို၏ရယ်လို့ ကိုယ်ရချင်၊ လိုချင်တဲ့ အပေါ်မှာ ဆုတောင်း ကြတယ်နော်။ အဲဒါမျိုးကတော့ အကျိုးကို ဦးတည်ပြီးလုပ်တဲ့ အဓိဋ္ဌါန်လို့ သိထားကြနော်။ တနည်း အကျိုးကောင်းစေဖို့ လုပ်တာပေါ့။ တို့တွေ ခုလုပ်ကြမယ့် အဓိဋ္ဌါန်ကကျတော့ အဲလို မဟုတ်ဘူး။ […]


who whoDecember 19, 20111min823
ကျနော်တို့ လာမယ့် ၂၁ ရက်နေ့ကစလို့ ၉ ရက်တိတိ ဓိဋ္ဌါန် လို့ ကုသိုလ်လုပ်ကြမယ်ဆိုတဲ့ အစီအစဉ်လေးကို သိပြီးဖြစ်ပါမယ်နော်။ တကယ်တော့ အဲလို ကုသိုလ်အလုပ်တွေကို လစဉ်လဆန်းတိုင်းမှာ စပြီး ဓိဋ္ဌါန် နဲ့ လုပ်ဖြစ်ခဲ့တာတော့ ကြာပါပြီ။ အင်း..ကြုံကြိုက်တဲ့လူတွေကိုတော့ ပြောဖြစ် ပေမယ့် တစ်ခါတလေကျတော့လည်း ထူးပြီး မခေါ်ဖြစ်ပါဘူး။ အင်း …ဒီတစ်လတော့ ဘာရယ်မဟုတ်ပဲ စိတ်ထဲမှာ ဝိုင်းဝိုင်း ဝန်းဝန်း နဲ့ကို ကုသိုလ်တွေ ပြိုင်တူ အားရ ပါးရ အင်တိုက်အားတိုက် လုပ်ချင်တဲ့ ဆန္ဒ က ပေါ်နေပြန်တာကြောင့် ခုလို ဆိုဒ်မှာတင်ပြီး ဖိတ်ခေါ်ဖြစ်သွားတာပါပဲ။ ကျနော့စိတ်ကူးထဲမှာတော့ ကိုယ်နဲ့ ဆက်နွယ်နေတဲ့ ကိုယ့်ပတ်ဝန်း ကျင်က မိတ်ဆွေ အပေါင်းအသင်းများအားလုံးကို ခုလို ကုသိုလ် ဓိဋ္ဌါန်တွေ […]


who whoDecember 17, 20111min1376
မနက်ကမှ အမှတ်မထင် ဖတ်လိုက်ရသော စာလေး တစ်ပိုဒ် Like a withered leaf are you now; Death’s messengers await you You stand on the eve of your departure, Yet you have made no provision For your journey! (အို ဒကာ) သင်သည် ယခုအခါ ဖျော့တော့သော ဖက်ရွက်ရော်နှင့်တူ၏။ သေမင်းတမန်တို့သည်လည်း သင်၏ အနီး၌ စောင့်နေကုန်၏။ သင်သည် ဘဝအဆုံးကို ရောက်ချေပြီ။ သင့်မှာ (ဘဝတစ်ပါးသို့ သွားရန် ကောင်းမှုတည်းဟူသော) ရိက္ခာလည်း မရှိ။ ဒီစာလေးဆုံးတော့ စာအုပ်ပိတ်လို့ ခဏစဉ်းစားမိတယ်။ […]


who whoDecember 16, 20111min812
ကြာလေးမျိုးဥပမာဖြင့် ပုဂ္ဂိုလ်လေးမျိုးအကြောင်းကို မြတ်ဘုရား ဉာဏ်တော်မှာ ထင်လာရတယ်ဆိုတာကို သိခွင့်ရလိုက်တယ်ဆိုရင်ပဲ ကျနော့ ခေါင်းထဲမှာက ကြာပန်းလေးများနဲ့ သစ္စာလေးပါးရဲ့ အဓိပ္ပါယ်များကို နှိုင်းယှဉ် လို့ နေမိပြန်ပါတယ်။ သစ္စာလေးပါးကို ကိုယ်တိုင်သိမြင်ခွင့်ရသွားသောလူရဲ့ ကိလေသာ ကင်းစင်ပုံနဲ့ ရေပြင်ထက်မှာ ပွင့်လန်းနေသော ကြာပန်းလေးတွေရဲ့ ရွံ့နွံကင်း စင်ပုံလေးများကို မျက်လုံးထဲမှာ ပုံဖော်နေမိပါတယ်။ အယူမှားဒိဋ္ဌိတွေရဲ့ကြားမှာ မွေးဖွားကြီးပြင်းလာပေမယ့် သစ္စာ လေးပါးကို သိမြင်သွားတဲ့အခါမှာ အဲဒီ အယူမှားတွေနဲ့ လိမ်းကျံကပ်ငြိမှု ကင်းသွားပုံကို ရွံ့နွံမှ ပေါက်ဖွားလာပေမယ့် ရွံ့နွံနဲ့ လိမ်းကျံ ကပ်ငြိမှု မရှိဘဲ သန့်ရှင်းစင်ကြယ်စွာ ရေပြင်ထက်မှာ တည်နေနိုင်သော ကြာပန်းတို့၏ ဘဝကို နှိုင်းယှဉ်ရင်း စိတ်မှာ ကြည်နူးပီတိ ဖြစ်ရပါတယ်။ တဆက်တည်းလည်း ဒီရုပ်၊ ဒီနာမ် ၊ ဒီခန္ဓာကြီးကို ကြာပွင့်လေးနဲ့ […]


mandalarthuDecember 15, 20113min2647
စွယ်တော်မြတ်လေးဆူသမိုင်း   ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ သက်တော်(၃၅)နှစ်အရွယ်တွင် အိန္ဒိယနိုင်ငံမဇ္ဈိမဒေသ ဂယာမြို့အနီး ဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတ သခင်ဘုရားရှင်အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ မြတ်စွာဘုရားရှင်သည် (၄၅)ဝါကာလပတ်လုံး သတ္တဝါအပေါင်း၏ အကျိုးစီးပွားအလို့ငှာ ဆောင်ရွက်တော်မူခဲ့ပြီးနောက် မဟာသက္ကရာဇ် (၁၄၈)ခုနှစ်၊ ကဆုန်လပြည့် (အင်္ဂါနေ့)၊ သက်တော်(၈ဝ) ဝါတော်(၄၅)ဝါတွင် ကုသိနာရုံပြည် မလ္လမင်း အင်ကြင်းဥယျာဉ်တော်၌ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင်၏ ဥတုဇရုပ် ကလပ်တော်ကို တေဇောဓာတ်လောင်ကျွမ်းစေသောအခါ အရိုးတော်၊ အသားတော်၊ အသွေးတော် တို့မှ မြတ်ပန်းငုံရောင်ရှိသော မုန်ညှင်းစေ့အရွယ်ရှိ ဓာတ်တော်(၆)ပြည်၊ ပုလဲအဆင်းရှိသော ဆန်ကျိုးအရွယ်ဓာတ်တော်(၅)ပြည်နှင့် ရွှေအဆင်းရှိသော ပဲနောက်စေ့ရွယ် ဓာတ်တော်(၅)ပြည် စုစုပေါင်းဓာတ်တော်(၁၆)ပြည်တို့ ကြွင်းကျန်ရစ်တော်မူခဲ့ပါသည်။ ထို့အပြင် မီးမခဘဲ မူလအတိုင်းကျန်ရစ်တော်မူသည့် အသမ္ဘိန္နသရီရဓာတ်တော်(၇)ဆူတို့ ကိုလည်း ကြည်ညိုစွာ ဖူးတွေ့ရပါသည်။ ထိုသရီရဓာတ်တော်များမှာ- (၁)     […]


ချမ်းချမ်း အင်တာနက် သုံးတာ နှစ်နှစ်နီးပါး ကာလအတွင်းမှာ ဖတ်ခဲ့သမျှ  Post   တွေ Comment တွေ နဲ ့ပက်သက်ပြီး ရင်ထဲရှိတာ ဝေဖန်ဆွေးနွေးချင်တဲ့အကြောင်းလေးပါ။ လူတစ်ကိုယ် စိတ်တစ်မျိုးမို ့ခံယူချက်တွေ၊ ထင်မြင်ချက်တွေ ခံစားချက်တွေ တူချင်မှလည်း တူလိမ့်မယ်။ အခုရေးတဲ့ပိုစ့်ဟာ အွန်လိုင်းပေါ်မှာ တွေ ့ခဲ့ရတဲ့ အဆဲသန်တဲ့ တစ်ချို ့သောဗုဒ္ဓဘာသာဝင် သူငယ်ချင်း တွေကို ချမ်းချမ်းသိထားတာတွေကို ပြန်လည်မျှဝေတဲ့သဘောပါ။ အမှားပါရင်တော့ ခွင့်လွှတ်ပေးပါလို ့ ကြိုတောင်းပန်ပါတယ်။ စာပေလောကမှာ ပုံနှိပ်တိုက် ထောင်ပြီး  အကျိုးအမြတ်အတွက် စာအုပ်တွေထုတ်ဝေနေတဲ့စီးပွါးရေးသမားတွေ၊ အချစ်ဝတ္ထုတွေ၊ရေးရင်းနာမည်ကြီးပြီးချမ်းသာ သွားကြတဲ့ စာရေးဆရာမတွေ ရဲ ့ဘဝ နဲ ့စာရင် ချမ်းချမ်းတော့ အင်တာနက်ပေါ်က Site ပိုင်ရှင်များနဲ ့စေတနာရှင် စာရေးတဲ့သံဃာတော်များ ၊ဘလောဒ့်ဂါများနဲ […]