nayyaung09June 29, 20141min2028
စကြာဝဠာအစွန်းသိုု့ ခရီးနှင်ခြင်း – ၁ (မြန်မာ စာတမ်းထိုုး) ကမ္ဘာမြေပေါ်ကနေ အဆုုံးမဲ့ အာကာသထဲကိုု ခရီးနှင်ကြည့်မယ်ဆိုုရင် တွေ့မြင်ရမယ် နေ၊ ကြယ်၊ ဂြိုဟ်၊ အရာဝတ္ထုများကြောင်း ပညာပေး သတင်းကား ဖြစ်သည်။ အမျိုးသား ပထဝီဝင် မဂ္ဂဇင်း တီဗီချယ်နယ်မှ တင်ဆက်သည်။ မြန်မာစာတမ်းထိုုး သိပ္ဗံ ဆိုုင်ရာ ဗွီဒီယိုုများ ကြည့်ရှုရန် Burmese Subtitle Science Videos တွင် Subscribe လုုပ်ထားပါ။


Mee WahJune 26, 20141min1587
လောကဇာတ်ခုံ ဤလူ့ဘုံ၌ မျိုးစုံကကြ မာန်မာနနှင့် ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု ငါသွေးတက်ကြွ လူ့ဗာလတို့ များလှဖြာဖြာ အဝိဇ္ဇာနှင့် တဏှာဘီလူး အမှောင့်ပူး၍ ကျူးကျူးကျော်ကျော် ဂုဏ်ကိုဖေါ်လျက် မော်မော် မောက်မောက် ငါတစ်ယောက်သာ မိုးအောက်တလွှား ရွှေကိုယ်လားဟု ထင်မှားမလွဲ သို့စဉ်စွဲလည်း ဇာတ်ပွဲပြီးက ပြည်ဖုံးချသော် သုဘရာဇာ မြေအောက်မှာပင် ဘာသာလူမျိုး ချိန်မထိုးပဲ ပုတ်သိုးခန္ဓာ မြုပ်ရရှာသည် ဘယ်မှာ ငါဟု ရှိအံ့နည်း။ (လယ်တီဆရာတော်ကြီး)


  ရွာသူ ရွာသားတို့ ခင်ဗျားးးး ဒီ လ အတွက် ကြားဖြတ်လေး တင်ဆက်ချင်တာကတော့ ခုတလော လူပြောသူပြော အရမ်းများနေတဲ့ စာရေးဆရာ အောင်ရင်ငြိမ်းရဲ့ အပြာဆန်ဆန် ဝတ္ထု တွေ အကြောင်း ပေါ့ဗျာ။ အဲဒီ ဆရာ ရေးတာ တစ်အုပ်မကတော့ဘူးဗျနော့။ ဟော့(ထ) ပုံ များတော့ စာကြမ်းပိုး တို့ တစ်ဖွဲ့လုံး အငြိမ်မနေရအောင် စုစည်းငြင်းခုန်ဖြစ်အောင် ကို စွမ်းပါပေတယ်ဗျာ။ အဲ။ သူ့ အယူအဆ ကိုယ့်အယူ အဆ တွေ မငြင်းခုန်ခင် စာအုပ်ရှာဖတ်ရ၊ သုံးသပ်ချက်တွေရှာဖတ်နဲ့ အတော် အလုပ်များလိုက်သေးဗျ။ ကဲ! ပထမဆုံး သုံးသတ်ချက်တွေ အရင်ပြောပြပါ့မယ်။ ပြီးမှ ကျနော်တို့ အယူအဆလေးတွေ ပြောကြတာပေါ့။ စာဖတ်သူတို့လည်း ပွင့်ပွင့်လင်းလင်း သူ့အမြင် […]


ကုိ ထြဋ္June 20, 20141min28218
ဂေါတမဘုရားရှင်ရဲ ့အသံတော်ကိုရှာတွေ ့ပြီ ဘုရားရှင်တကယ်ရှိခဲ့မယ်ဆိုရင် သူ ့ရဲ့အသံတော်ဟာ လေထဲမှာပဲ ရှိလိမ့်ဦးမယ်ဆိုပြီး ရှာဖွေကြတာ အခု ဟိမဝန္တာတောကြီးရဲ့ အနီးတဝိုက်မှာ ရှာလို ့တွေ ့ပြီ ဘုရားရှင်ရဲ ့ စွယ်တော်ကို စစ်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀ဝ ဝန်းကျင်ခန် ့ကလို ့ ဥရောပသိပ္ပံ ပညာရှင်တွေက အတည်ပြုပေးကြတယ် DNA က သာမန်လူတရောက်ရဲ့ DNA မျိုးမဟုတ်ဘူးလို ့ပြောပြီး ဘုရားရှင်ရှိခဲ့တဲ့အကြောင်းကို လက်ခံခဲ့ကြတယ် ငရဲကိုရှာကြတာ အခု ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားတောနက်ကြီးရဲ ့အောက်မှာ တွေ ့ပြီ ဒေါက်တာအဂ္ဂါမစ်ချယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက နတ်ကိုရှာတာ အခုတွေ ့ပြီ နတ်သားတစ်ပါးကပေ ၃ဝ ဝန်းကျင်ခန် ့ရှိတယ်လို ့ ကွန်ပျူကအဖြေထုတ်ပေးတယ် အမေရိကန်နဲ ့ရုရှားကသိပ္ပံပညာရှင်တွေဟာ […]


Shwe PoeJune 1, 20141min16213
ကိုယ်နာသော်လည်း စိတ်မနာပါစေနဲ  ့ ။ ဒီခန္ဒာ ကို ရေမြှုပ် စိုင် လို မခိုင် မြဲ ၊ တံလျှပ်လို တခဏပဲ လို ့သိထားရင် သေမင်း မမြင် တဲ့နေရာ ကိုရောက်ပြီ ။ { ဗုဒ္ဓ } ဗုဒ္ဓ စကားတရားမြှားတို ့ ကြားသူ ့ရင် ကိုစိုက်စေသတည်း ။   ပြန်လည်မျှဝေခြင်း ဖြစ်ပါသည် ။   ရွှေပိုး 1,6,2014


ပီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်အစောကြီး အိပ်ရာကနိုးတော့ ဘုရားစင်ကိုလှမ်းကြည့်မိရင်း စိတ်ထဲ မှတ်မှတ်ရရ ဦးပဇင်းကြီးကို သတိရမိတယ်…ထူးဆန်းလိုက်တာ…မေ့နေမိတာကြာပြီ… ဦးပဇင်းကြီးဆိုတာက…မှော်ဘီ ညောင်နှစ်ပင်ကျေးရွာ နောက်ထဲက လယ်ကွင်းပြင်ထဲ တစ်ပါးထဲသီတင်းသုံးနေတဲ့ ဦးပဇင်းဦးပါမောက္ခ ပါ…..ထူးထူးခြားခြား သတိတရရှိတာနဲ့ သားငယ်ကိုနှိုးပြီး ဦးဇင်းကို သွားဖူးတွေ့ဖို့ စီစဉ်ပါတော့တယ်…မတွေ့တာလည်း … အင်း…သုံးလေးနှစ်လောက်ရှိနေပြီ….ရှိရောရှိသေးရဲ့လား..ဆိုတဲ့ စိတ်လှုပ်ရှား းမှုနဲ့အတူ မနက် ရ နာရီလောက်မှာ သားနဲ့နှစ်ယောက် ညောင်နှစ်ပင်ကိုထွက်ခဲ့ပါတော့တယ်…. ကြိုတင်အစီအစဉ်မရှိတော့ ဦဇင်းကိုကပ်စရာ ဘာမှလည်းမရှိပါဘူး…ဒါနဲ့ပဲ… ထောက်ကြံ့ရောက်မှ လမ်းဘေးခဏရပ်ပြီး မုန့်ပုံးနဲ့ သစ်သီးသစ်နှံလေးတွေဝယ်ပြီး ဆက်ထွက်ခဲ့ပါတယ်… .ထောက်ကြံ့ တိုးဂိတ်လွန်လို့ ရန်ကုန်မန္တလေး အမြန်လမ်းကူး မရောက်ခင် လမ်းဘယ်ဖက် ညောင်နှစ်ပင်သို့ဆိုတဲ့ လမ်းခွဲထဲ ချိုးကွေ့ဝင်ခဲ့ပါတယ်… ဒီလမ်းကို ကျုပ်အကြိမ်ကြိမ် သွားနေကျပါ…သုံးလေးနှစ်အတွင်း လမ်းက ပြုပြင်သူမဲ့ လို့ အတော်ပျက်စီးလို့နေပါတယ်…ဟိုးတုန်းက ညောင်နှစ်ပင်စခန်းမှာ […]


စာမရေးဖြစ်တာလည်းကြာပါပြီ… အကြောင်းမှုကား…စီပွါးရေး..လူမှုရေးများနဲ့ခရီးထွက်တာလည်းများနေ..မြန်မာပြည်ရဲ့ကိုးနတ်ရှင်ကလည်း တစ်နာရီကို ၂၀ဝကျပ် နဲ့အဝိုင်းလေးလည်တာထိုင်ကြည့်ရင်းနဲ့တရားသဘောနဲ့သည်းခံခြင်းပါရမီ အားကောင်းလာပေ၏… ရွှေမြို့တော်ရန်ကုန်မြို့ကြီးမှာ နေ့စဉ်မြင်တွေ့နေရတဲ့ဒုက္ခတွေကိုလည်း အားရပါးရရေးခြင်ပါ၏…မိမိနေထိုင်ရာလှိုင်မြို့နယ်မှပန်းဆိုးတန်း ိဆေူးလေသို့အချိန်တစ်နာခွဲလောက်ကြိုသွားမှတော်ရုံကျပေမည်…နံနက်၈းဝဝ နာရီနောက်ပိုင်းဆိုရင်တော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့သေပြီဆရာပါပဲ…ဟံသာဝတီအဝိုင်းမှစ၍ရှင်လောင်းလှည့်ရပါတော့မည်…မိုးကလည်းရွာလိုက်တာနဲ့ ရေကလည်း ဒူးဒူးလောက်ပေါင်လောက်ကိုရောက်ဖို့ နာရီဝက်မျှပင်မစောင့်ရပေ…တက္ကစီဆရာသမားများကလည်း လမ်းနည်းလောက်ချောင်သွားတာနဲ့ တစ်နာရီကို မိုင်၁၀ဝနှုံးနဲ့ဆော်ကြတော့တာပဲ…ကိုရွှေလိုင်းကားဆရာသမားတွေကတော့ ညာသံပေးဟွန်းတီး၍လမ်းပြောင်းပြန်တွေမောင်းပြီး ဖော်မြူလာဝမ်း မှာဝင်ပြိုင်နေတယ်မှတ်လေရော့လားမသိ…သွားသတိ လာသတိနဲ့ တရားမှတ်နေမှသာဘဝကူးကောင်းပေလိမ့်ဟု မှတ်ယူရပေမည်…နယ်ခရီးသွားသွား ဘယ်ခရီးပဲသွားသွား ဂုဏ်တော်တွေကိုမပြတ်ရွှတ်နေမှတော်ယုံကြပေမည်…တန်တော့ ရေးခြင်တဲ့အကြောင်းအရာကို ဦးတည်လိုက်အုံးမယ်… စာမရေးဖြစ်ပေမယ့် ရွာထဲကိုတော့မကြာမကြာဝင်ရောက်စာဖတ်ဖြစ်ပါတယ်…ဒီနေ့ရေးစာရေးခြင်တဲ့ပိုးကပြန်ထလာတယ်ပဲဆိုရမှာပေါ့လေ… အကြောင်းအရာက ဒီနေ့ထုတ် Messenger Journal Vol4,N0 52  26 th May 2014 မှာပါလာတဲ့ ဆောင်းပါးလေးကိုဖတ်ပြီးရေးခြင်စိတ်တွေ တစ်ဖွါးဖွါးပြန်ပေါ်လာတော့တယ်… ဤဆောင်းပါးကို ရဟန်းတော်များအတွက် အဓိကရည်ရွယ်ပါသည်။မိကျောင်းမင်းရေကင်းပြခြင်းမဟုတ်ပါ၊နွားရှေ့ထွန်ကျူးခြင်းလည်းမဟုတ်ပါ၊ပညာရှိသတိဖြစ်ခဲဟူသောစကားအရ သတိမမူ ဂူမမြင်ဖြစ်နေသော ရဟန်းတော်များအတွက် သတိမူရန်လမ်းကြောင်းပေးခြင်းသာ။ တစ်ခါကမြတ်စွာဘုရားသည် သူ့ခမည်းတော်နေထိုင်ရာ သူ့ဆွေမျိုးများရှိရာ ကပိလဝတ်ပြည်သို့ ကြွသွားရာခမည်းတော်နှင် […]


Aye Lwin OoMay 17, 20141min20523
ဘာပြောရမှန်းမသိလို့ . . . .  ဗျိုး . . .  ဟစ်လိုက်တာပါ။ ကျွန်တော့သား မြို့ထဲကအပြန် မြေနီကုန်း ကုန်းတက်မှာတွေ့လို့ ရိုက်လာတဲ့ ပုံပါ။ လူ . . . ? ? ? သင်္ကန်းခြုံထားတော့ လူမဟုတ်လောက်ဘူးလို့ ထင်။   ရဟန်း . . . ? ? ? ခေါင်းစွပ်လက်ရှည်ဝတ်ထားတော့ ရဟန်းမဟုတ်လောက်ဘူးထင်။ နွေပူပူမှာ လက်ရှည်ခေါင်းစွပ်နဲ့၊ သင်္ကန်းနဲ့၊ ခြေအိတ်နဲ့ . . . . . . . . . . . . . မြတ်စွာဘုရား . .  ကယ်တော်မူပါ . . […]


ဒီနေရာမှာ… ကွယ်လွန်သွားပြီဖြစ်တဲ့… ဆရာကြီးဦးသုခရဲ့ စကားအဖွင့်လေးကို ယူသုံးခွင့်ပြုပါခင်ဗျာ… အာဒံနဲ့ဧဝကပဲစတယ်ပြောပြော… ဗြဟ္မာကြီးလေးဦးကပဲစတယ်ပြောပြော ခြေနှစ်ဖက်… လက်နှစ်ဖက်နဲ့ ပုခုံးနှစ်ဖက်ကြားမှာ ခေါင်းရှိပြီး ဘာသာစကားတစ်မျိုး သို့တည်းမဟုတ် တစ်မျိုးထက်ပိုပြီး ပြောဆိုနိုင်သော သတ္တဝါကို လူဟုခေါ်ပါသည်လို့ အဖွင့်လေးမှာ ကျွန်တော်ဆိုချင်သဗျ… နိုင်ငံခြားအဘိဓာန်တချို့ရဲ့အလိုကျတော့ Having human form or attribute တဲ့ဗျား… လူသားပုံစံ သို့ လူသားဆန်သောပင်ကိုယ်အရည်အချင်းတွေရှိရင် လူသားလို့ဆိုလိုပါတယ်တဲ့… ကဲ…ဟုတ်ပါပြီဗျာ… ဒီတော့ လူဆိုတာနဲ့ လူသားပုံစံဝင်ရမယ်… ခြေနှစ်ဖက်ပေါ်ရပ်ပြီးလမ်းလျှောက်ရမယ်… လက်နှစ်ဖက်နဲ့ ဦးခေါင်းပါဝင်ပြီး လူသားတို့အရည်အချင်းတွေဖြစ်တဲ့ စကားပြောဆိုဆက်ဆံတာတို့ ပေါင်းသင်းဆက်ဆံရေးတို့ မွေးဖွားခြင်း၊ သေဆုံးခြင်းတို့ တည်ရှိဖြစ်ပျက်နေရင် မြို့ကြီးသားပဲဖြစ်ဖြစ်… တောနေလူပဲဖြစ်ဖြစ်… လူသူအရောက်အပေါက်နဲတဲ့နေရာက လူရိုင်းပဲဖြစ်ဖြစ်… အားလုံးကို ခြုံကြည့်လိုက်တော့ လူဟာ လူပါပဲ… ဒီနေရာမှာ ဘာသာတရားတွေမပါဘူး… ဘာသာစကားတွေမရှိဘူး… ဓနဥစ္စာတွေ […]


kokoMay 8, 20141min1438
သတ္တဝါဟူသမျှသည် မိမိကိုယ်က်ိုအားကိုချင်းထက် တစ်စုံတစ်ရာ တစ်ခုအား အားကိုလိုစမြဲဖြစ်သည်။ မိမ်ိ အကောင်းဖြစ်ဖို့အတွက် မိမိကိုယ်တိုင် အနစ်နာမခံပဲမိမိကတော့လုပ်ချင်ရာလုပ်မည်ဖြစ်ပြီး ရလာဒ်ကိုတော့ ကောင်းသာဖြစ်လိုကြသည်။ မိမိ အပြစ်ကို အလွယ်တကူ မေ့ပျောက် ဖျောက်ဖျက် စေချင်ကြသည်။ သို့သော် ထိုသတ္တဝါများ အားအပြစ်ဆို၍ မရစကောင်း ။ အဘယ်ကြောင့် ဆိုသော် ၎င်းတွင် အတ္တစွဲကပ်နေခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် သတ္တဝါများ သည်အရေးကြုံလျှင် အားကိုးရှာဖို့ အဆင်သင့် ဖြစ်နေတတ်သည်။ထိုကဲ့သို့ သောသတ္တဝါများအား သူတပါးအား အားမကိုးပဲ မိမိကိုယ်ကိုသာ အားကိုးခိုင်းသော တရားတော် သည် တစ်သောင်းမှာတစ်ယောက် တစ်သန်းမှာတစ်ယောက်လိုက်နာကျင်သုံး နိုင်ရန်မလွယ်ကူပါ။ ဤကဲ့သို့သော ခောတ်ကာလတွင် ကျန်ရှိနေသော ၎င်းတရား အစစ်အမှန်ကို ဆက်လက်ထိန်းသ်ိမ်းရန် ခက်ခဲပေလိမ့်မည်။ သတ္တဝါတို့သည် ကိုယ့်အကြောင်းနှင့် ကို ယ့်အကျိူးသာဖြစ်ကြရမည်သာ။


လူ ဘောင် ကို စွန့် ခွာ သူ ဦး မာ ဃ 12-4-2014 နေ့ နံ နက် ခင်း မှာ ဦး မာ ဃ တစ် ယောက် လူ့ ဘောင်ကို စွန့် ခွာ လို့ သွား ပါတယ်။ မန်းေ လးမြို့  က ရှေး ဟောင်း သ မိုင်း ဝင် ရွှေ အင် ပင် ကျောင်း ကြီး မှာ ပါ။ ကျ နော် ကို လှမ်း မှာ ဓါတ်ပုံ့ ရိုက် ပြီး သ တင်း ပေး ပါ  တဲ့။ […]


ငွက္ကေလးMarch 18, 20141min1225
ကော့မှူးမြို့နယ် အောင်ဇမ္ဗူဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သုတဘဏ် (https://www.facebook.com/knowledgebankgroup) မှသွားရောက် လှူဒါန်းရန် အစီအစဉ်ရှိပါတယ်။ အဆိုပါကျောင်းတွင် ရဟန်း ၂၁ ပါး၊ သာမဏေ ၁၁၄ ပါး၊ ကျောင်းနေစာသင်သား ၁၂၄ ယောက်၊ စုစုပေါင်း ၂၅၉ ဦးနှင့် သူငယ်တန်းမှ ဒသမတန်းအထိ ကျောင်းသားပေါင်း ၁၁၀၆ ဦးခန့် ရှိပြီး ကျောင်းနေကျောင်းသား အများစုမှာ မိဘမဲ့နှင့် ဆင်းရဲသူများဖြစ်ကြပါတယ်။ ကျောင်း၏လိုအပ်ချက်များမှာ စာသင်ဆောင်များရှိကြမ်းခင်းများ ပေါက်နေခြင်း၊ ဓနိမိုးခေါင်များကို ပြုပြင်ရန်လိုအပ်ခြင်း၊ စာသင်ဆောင်များမှ ယာယီတဲအဆင့်မျှသာရှိခြင်း၊ ထင်း ရှားသောဒေသဖြစ်ရာ ထင်းမီးဖိုသာရှိသဖြင့် ထမင်း၊ ဟင်း၊ ချက်ရန် အခက်အခဲရှိခြင်း၊ ကလေးများအတွက် စားဝတ်နေရေး မပြည့်စုံခြင်း၊ စာရေးကိရိယာ မပြည့်စုံခြင်း၊ ဆေးဝါးမပြည့်စုံခြင်းတို့နှင့်အတူ ဆရာတော်သီတင်းသုံးရာ အဆောင်မှာလဲ ဓနိမိုး တဲလေးသာဖြစ်ပါတယ်။ ထို့ပြင် […]


Shwe EiMarch 11, 20141min24834
” ဇွန်ပန်းရုံအနီး လှည်းဘီး နွံထဲကျွံနေသည် ကူရွေ့တွန်းပေးကြပါ လေးလွန်းရွေ့ မတွန်းနိုင်ဘူးလား ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” မူလတန်း ခလေးတွေသင်ရတဲ့ ကဗျာလို့ဘဲ အကျမ်းဖျဉ်းမှတ်မိပါတယ်။ ဦးဇင်း မိန့်လိုက်တဲ့ ဩဝါဒတွေထဲက တစ်ခုပါ။ ဒါဇင်ပလပ်စ်ရဲ့ အကြိမ်၂ဝမြောက် အလှူမှာ ထူးထူးခြားခြား တရားနာခဲ့ရပါတယ်။ ဦးဇင်းက အဟောအပြောကောင်းသလောက် ခေတ်အမြင်ရှိတဲ့သူပါ။ စာသင်ရတဲ့ ရည်ရွယ်ချက်က စာတတ်ဖို့ထက် ပညာဉာဏ်နဲ့ပတ်သတ်တဲ့ အသိအမြင်ရစေချင်တာပါတဲ့။ စာတွေသင်လိုက်လို့ အလွတ်ကျက်ပြီး အတန်းအောင်သွားရုံနဲ့ စာတတ်သွားပြီလို့ ပြောလို့မရကြောင်း သို့သော်လည်း ပညာသင်ခြင်းအားဖြင့် ဗဟုသုတရှာမှီးတဲ့ဘက်ကို စိတ်ပါဝင်စားသွားရင် အတော်လေးအကျိုးရှိကြောင်း ဒီနေ့ခတ်မြန်မာပြည်မှာ ပညာဉာဏ်နည်းကျသူတွေကြောင့် တိုင်းပြည်ဒုက္ခရောက်နေရတယ်လို့ ထင်မြင်ကြောင်း စသည်ဖြင့် အချိန်အတော်ကြာ စကားပြောဖြစ်ခဲ့ကြပါတယ်။ အစိုးရထောက်ပံ့မှုမရသေးတဲ့ ဘက ကျောင်းတကျောင်းလဲ ဖြစ်သလို….မူလတန်းအဆင့်ကနေ ဆက်တက်ဖို့ အခက်အခဲရှိနေသေးတဲ့ အခြေအနေပါ။ ပညာရေးပဒေသာပင် […]