Mr WorldWideNovember 5, 20131min109
လာမည့်နှစ် အစောပိုင်းကာလအတွင်း  Ultrasound Technology ကို အသုံးပြုကာ မိုဘိုင်းဖုန်းများနှင့် Tablet များအား ကိုယ်ဟန်အမူအယာဖြင့် ထိန်းချုပ်လာနိုင်တော့မည် ဖြစ်သည်။ နော်ဝေနိုင်ငံရှိ သုတေသန ပညာရှင်များသည် Ultrasound Chip များထည့်သွင်းပြီးဖြစ်သည့် မိုဘိုင်းဖုန်းများနှင့် Tablet များရရှိနိုင်ရန် Elliptic Labs သုတေသနစမ်းသပ်ခန်းအတွင်း စမ်းသပ်မှုများဆောင်ရွက်ခဲ့ပြီး ၎င်းမိုဘိုင်းဖုန်းများနှင့် Tablet များအား ဈေးကွက်အတွင်း ရောင်းချနိုင်ရန် အာရှဒေသရှိ ဖုန်းထုတ်လုပ်သူများနှင့် ဆွေးနွေးခဲ့ကြသည်။ ထို Ultrasound Technology နည်းပညာသည် Ultrasound Chip များကိုအသုံးပြုကာ အသံလှိုင်းများ ကို လှုပ်ရှားမှုများအဖြစ်သို့ ပြောင်းလဲလုပ်ဆောင်ပေးနိုင်သောနည်းပညာ ဖြစ်သည်။ Elliptic Labs သုတေသနစမ်းသပ်ခန်းအတွင်း၌ စမ်းသပ်ဆောင်ရွက်ပြီးဖြစ်သော ကိုယ်ဟန်အမူအယာ ဖြင့် ထိန်းချုပ်မှုစနစ် (Gesture Control System) သည် မိုဘိုင်းဖုန်း၊ သို့မဟုတ် […]


အလင်းဆက် ရဲ့ ကျွန်တော်ချစ်သော မြို့တစ်မြို့ ပို့စ်လေးကိုဖတ်ပြီး သကာလ …  ပို့စ် တင်ချင်သောငြား တင်စရာမရှိ ဖြစ်နေတဲ့ ရွှေမိုးတိမ် တစ်ယောက်  ဓါတ်ပုံအဟောင်းတွေမွှေနှောက် ပြီး သွားခဲ့တဲ့ ခရီးစဉ်တွေကို ပို့စ်အဖြစ်တင်ဖို့ ဝမ်းမြောက်ဝမ်းသာ အိုင်ဒီယာ ရရှိသွားပါတယ် ။ အခုပထမဆုံးတင်မယ့် ပို့စ် ဟာဖြင့် ပုဂံဘုရားဖူး ဆိုတဲ့ခေါင်းစဉ်နဲ့ ပုဂံသို့ တစ်ခါတစ်ခေါက် အလည်ရောက်ခဲ့စဉ်က ပုံလေးတွေနဲ့ တွဲတင်ပါ့မယ် ။ အဝေးရောက် ရွာသူ ရွာသားများ အလွမ်းပြေ ဘုရားဖူး ကြစေကုန် 🙂 ပုဂံခရီးစဉ်မှာ မန္တလေးကနေ ညခုနှစ်နာရီလောက် စထွက်ပြီး ပုဂံကို မနက် အစော တစ်နာရီ ရောက်ပါတယ် ။ မေခလာ တည်းခိုခန်းမှာ ခဏတာ အိပ်ပြီး မနက် […]


Mr WorldWideOctober 29, 20131min1515
လူအဖွဲ့အစည်းအပေါ်တွင် ကောင်းမွန်စွာထောက်ပံ့မှုပေးနိုင်ရန် သုတေသနလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ Ciclopirox လိမ်းဆေးကို အသုံးပြုခြင်းဖြင့် HIV ပိုးများအား ချေမှုန်းသုတ်သင်နိုင်စွမ်းရှိပြီး ၎င်းပိုးအား နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာမှုမရှိအောင် တားဆီးနိုင်စွမ်းရှိသည်။ ယခုနည်းပညာကို လေ့လာနေသော Rutgers New Jersey Medical School မှ ပြောကြားချက်အရ ” Ciclopirox သည် ခေတ်စားနေသော နောက်ဆုံးပေါ် ခုခံကာကွယ်ဆေးများနှင့် မတူညီသော်လည်း HIV ပိုးအား တိုက်ခိုက်ချေမှုန်းနိုင်စွမ်းရှိပြီး ရောဂါပိုးနောင်ထပ်ပြန်ပေါ်မလာအောင် ပိုးကို ချုပ်နှောင်ထားနိုင်သည် ” ဟု ဆိုသည်။ ထို့အပြင် အဆိုပါအဖွဲ့မှ အခြားသောသုတေသနသမားများအနေဖြင့် Ciclopirox အား လူသားများ အတွက် ခြေထောက်လိမ်းဆေးခရင်မ်အဖြစ် အသုံးပြုနိုင်သည်ကို သက်သေပြခဲ့ပြီး FDA (Food and Drug Administration) နှင့်Europa ၏ EMA (Europen […]


Mr WorldWideOctober 29, 20131min1876
အမေရိကန်ကြည်းတပ်အနေဖြင့် ှုမသည Iron Manဝတ်စုံကဲ့သို့ ၎င်းတို့၏ စစ်သည်များအတွက် သမားရိုးကျ ဝတ်စုံထက် ခုခံအားကောင်းပြီး ခံနိုင်ရည်ပိုရှိစေမည့် ပြည့်စုံကောင်းမွန်သော ဝတ်စုံထုတ်လုပ်နိုင်ရန် အစီအစဉ်များ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ ထို့ကြောင့်  အစိုးရ၏ သုတေသနအဖွဲ့များ၊ နည်းပညာစက်ရုံများနှင့် တက္ကသိုလ်များအား ဖိတ်ခေါ်၍ Iron Man ဝတ်စုံတည်ဆောက်မှုတွင် ပါဝင်ကြရန်ကြည်း တပ်အနေဖြင့် နှိုးဆော်ထားသည်။ လက်ရှိ Tactical Assault Light Operator Suit (Talos) ဝတ်စုံအား အဆင့်မြင့်အလွှာများဖြင့် ပြုလုပ်ထားသော်လည်း ၎င်းတွင် အာရုံခံစနစ်များတပ်ဆင်ရန် လိုအပ်နေပါသေးသည်။ ထို့ကြောင့် ၎င်းဝတ်စုံ အား Google Glass ကဲ့သို့ ကွန်ပျူတာနှင့်ချိတ်ဆက်နိုင်သော ကွန်ရက်စနစ်များရှိရန် လုပ်ဆောင်မည်ဟု စစ်ဘက်မှ ဆိုသည်။ ခန္ဓာကိုယ်၏ အပူချိန်၊ နှလုံးခုန်နှုန်း နှင့် […]


Mr WorldWideOctober 25, 20131min20613
ကမ္ဘာ့အပူချိန်မြင့်တက်မှုနှုန်းသည် တစ်ဖြည်းဖြည်းဖြင့် သတိပေးမှုအဆင့်ကိုပင် ကျော်လွန်ရောက်ရှိခဲ့ ပြီဖြစ်ပါသည်။ ”လူတို့၏ မရပ်တန့်နိုင်သော အပြုအမှုများကြောင့် လာမည့် နှစ်ပေါင်း ၁၀ဝ အတွင်း ပတ်ဝန်းကျင်ပျက်စီးမှုနှင့် ရာသီဥတုဖောက်ပြန်မှုများ ကြုံတွေ့ရတော့မည်” ဟု ဇီဝဗေဒပညာရှင် ပါမောက္ခ Frank Fenner ကဆိုသည်။ တွေ့ရှိချက်အသစ်များအပေါ်အခြေခံ၍ စာဖတ်သူအနေဖြင့် မိဘများ၏ လက်ရှိအသက်ကို ပိုင်ဆိုင်လာသည့် အချိန်မျိုးတွင် အေးမျှသောရာသီဥတုကို ခံစားရတော့မည် မဟုတ်ကြောင်း သိရပါသည်။ ၂၀၀၈ ခုနှစ် တွေ့ရှိမှုများအရ  သမုဒ္ဒရာထဲတွင် အက်ဆစ်ပါဝင်မှုနှုန်းသည် ၁၈၆ဝ မှ ၂၀၀၅ ခုနှစ်အတွင်း တိုင်းတာမှုထက် ပိုမိုများပြားနေသည်ကို တွေ့ရသည်ဟုဆိုသည်။ စက်ရုံများနှင့် လူတို့မှ ထုတ်လွှတ်လိုက်သော စုစုပေါင်း ကာဗွန်ဒိုင်အောက်ဆိုဒ်၏ ထက်ဝက်ခန့်အား သမုဒ္ဒရာများမှ စုပ်ယူထားပြီး ထိုကာဗွန်များကြောင့် ရေအက်ဆစ်ဓာတ်များဖြစ်ပေါ်လာကာ ရေထုအားညစ်ညမ်းစေမှုများ ဖြစ်ပေါ်စေပါသည်။ […]


Mr WorldWideOctober 25, 20131min1755
သောမက်စ် အလ်ဘာ အက်ဒီဆင်အနေဖြင့် လျှပ်စစ်ကို စတင်တီထွင်နိုင်ခဲ့ပြီးသည့် နောက်ပိုင်းတွင် သိပ္ပံပညာရပ်များနှင့် နည်းပညာများ၏ အကူအညီဖြင့် ပိုမိုအားကောင်းသော မီးလုံးများကို ဖန်တီးတီထွင်လာခဲ့ ကြပါသည်။ ယခုတွင် တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များအနေဖြင့် ကမ္ဘာ့ပထမဆုံး WiFi ထုတ်လွှတ်နိုင်သော မီးလုံးကို တီထွင်နိုင်ခဲ့ပါသည်။ အဆိုပါနည်းပညာအား Li-Fi ဟုခေါ်ပြီး မီးလုံးတွင် Microchip တပ်ဆင်ထားကာ ၎င်းမှ အချက်အလက်များ ထုတ်လွှင့်ပြီး အမြန်နှုန်းမှာ ၁၅၀  Mbps ရှိပါသည်။ မီးလုံးမှ ထုတ်လွှတ်လိုက်သော WiFi အား တစ်ချိန်တည်းတွင် ကွန်ပျူတာလေးလုံးမှ အသုံးပြုနိုင်ပါသည်။ ၎င်းမီးလုံးများသည် ဈေးကြီးနိုင်သည်ဟု ထင်မြင်ယူဆလျက်ရှိသော်လည်း ယူဆသကဲ့သို့ မမြင့်မားနိုင်ကြောင်း သိရသည်။ တရုတ်သိပ္ပံပညာရှင်များအနေဖြင့် Li-Fi  မီးလုံး ၁ဝ လုံးကို နိုဝင်ဘာလတွင် နမူနာပြသသွားမည်ဟု ဆိုသည်။ Source:www.thetechjournal.com


အရင်ဆုံး စကားပလ္လင်ခံပါရစေ။ ဘာသာရေးနဲ့ ပတ်သက်လာရင် ကျွန်မက အခုမှ စလုံးရေးစ အဆင့်ပဲ ရှိပါသေးတယ်။ ဒီစာကို ရေးရတာကလည်း သိလွန်း၊ တတ်လွန်းလို့ ရေးတာမဟုတ်ပါဘူး။ သိချင်လို့ ရေးတာပါ။ လေ့လာကာစအချိန်၊ ကိုယ်ဉာဏ်မီသလောက်လေးနဲ့ တွေးကြည့်နေတဲ့အချိန်မှာ လမ်းလွဲသွားမှာ၊ အတွေးချော်သွားမှာ၊ အစွန်းရောက်သွားမှာလည်း စိုးပါတယ်။ ဒါကြောင့် စိတ်ထဲမတင်မကျ ဖြစ်နေတာလေးတွေကို ဒီမှာ အစဆွဲထုတ်လိုက်ပါတယ်။ အားလုံးပဲ ဝိုင်းဆွေးနွေးပေးကြပါလို့ ပြောချင်ပါတယ်။ (Zawgyi Font နဲ့မို့လို့ တစ်ချို့သတ်ပုံတွေမှားတာရှိရင် ခွင့်လွှတ်ပေးပါ။)   ************************************************************* ဟိုနေ့က UMFCCI မှာ ကျင်းပတဲ့ စာအုုပ်အရောင်းပွဲတော်ကို သွားတဲ့အခါ ရှင်ဥက္ကဌရဲ့ ကျောက်ကွင်းအရေးတော်ပုံစာအုပ်ကို ရောင်းတာတွေ့ပါတယ်။ ဒီစာအုပ်ကို တွေ့နေတာတော့ ကြာပါပြီ။ ပထမဆုံး စာအုပ်အဟောင်းဆိုင်တွေမှာတွေ့တယ်။ နောက် လှည်းတန်းက စာအုပ်ဆိုင်တွေမှာ […]


alinsettOctober 14, 20132min1486
ဘုရားဟော မဇ္စိုမပဋိပဒါ နှင့် ယနေ့ မြန်မာ ခေါင်းစဉ်ကိုသာ အမြင့်ကြီး ပေးလိုက်ရပေမဲ့ FreeIdea ရဲ့ အတွေးအခေါ်၊ အရည်အချင်း၊ အသိပညာ လောက်နဲ့ ဒီအကြောင်း ရေးဖို့ မထိုက်တန်သေးဘူး ဆိုတာကိုတော့ အရင်ဦးဆုံး ဝန်ခံပါရစေ။ ဘာဘဲဖြစ်ဖြစ် ကိုယ်လက်လှမ်းမှီသလောက် တွေးခေါ်ပြီး ရေးသားပေးလိုက်ပါတယ် ….။ ဗုဒ္ဓ မြတ်စွာဘုရားရှင် ဟာ (၆) နှစ်တာ ကာလပတ်လုံး ဆင်းရဲတဲ့ကျင့်စဉ်နဲ့ ကျင့်ကြံအားထုတ်ခဲ့ရာမှာ သဗ္ဗညုဘုရားရှင် အဖြစ် မရောက်ရှိခဲ့ပါဘူး ….။ အဲဒီအချိန်မှာမှ ပြန်လည်ဝေဖန်သုံးသပ်ပြီး မဇ္စိုမပဋိပဒါ လို့ခေါ်တဲ့ အလယ်အလတ်လမ်းစဉ် ကို လိုက်နာပြီး ကျင့်ကြံပွားများခဲ့တာ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့မှာ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော် မူခဲ့ပါတယ်။ ဒီ […]


etoneOctober 7, 20131min23313
ဒါဇင်ပလပ်စ်အဖွဲ ့ဧ။် (၁၅)ကြိမ်မြောက် အောက်တိုဘာလအလှူအဖြစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ၊ ရန်ကုန်တိုင်း ၊ တောင်ဒဂုံမြိနယ်ရှိ ၊ ဝိဇယဒါယီ သီလရှင်သင် ပညာရေးကျောင်းသို့ စာရေးကိရိယာ ၉၅,၀၀ဝကျပ်ဖိုးနှင့် အလှူငွေ ၁၆၇,၀၀ဝကျပ်သွားရောက် လှူဒါန်းခဲ့ရာ ၊ ကျောင်းတိုင် သီလရှင် ဒေါ်အစ္ဆရိယဉာဏီက လက်ခံခဲ့ပါတယ် ။ ၂၀၀၉ ခုနှစ်တွင် စတည် တည်ထောင်ခဲ့ပြီး အနီးနားရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုဧ။် တွဲဘက်အဖြစ် စတင်ခဲ့ရာမှ ၊ သီလရှင်စာသင်တိုက်အဖြစ် သီးသန့်ခွဲတည်ထောင်ခဲ့ကြောင်းလည်း သိရပါတယ် ။ သူငယ်တန်းမှ အဌမတန်းထိ ပညာသင်ပေးလျှက်ရှိပါတယ် ။ ကျောင်းသား ဦးရေ စုစုပေါင်း ၁၀ဝ ကျော်ခန့် ရှိတယ်လို့လည်း သိခွင့်ရခဲ့ပါတယ် ။ ကျောင်းအိပ်ကျောင်းစား အဖြစ် လူဦးရေ […]


Mr WorldWideSeptember 18, 20131min1483
တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးသတင်းဌာ Weibo သည် SF Express အမှတ်တံဆိပ်ဖြင့် စက်ရုပ်တစ်မျိုး လေထဲတွင် ပျံသန်းလှုပ်ရှားနေပုံကို သတင်းတစ်ပုဒ်၌ ထုတ်လွှင့်ကြေညာခဲ့ပါသည်။ တရုတ်နိုင်ငံ အရှေ့တောင်ဘက် Dongguam မြို့ရှိ ထုပ်ပိုးပစ္စည်းများ ပို့ဆောင်ပေးသည့် SF Express ဝန်ဆောင်မှုလုပ်ငန်းက ၎င်းစက်ရုပ်ကို ထုပ်ပိုးပစ္စည်းများ သယ်ယူပို့ဆောင်ပေးသည့် Drone အဖြစ် စမ်းသပ်အသုံးပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါ Drone သည် တရုတ်နိုင်ငံတွင် ပစ္စည်းများသယ်ယူပို့ဆောင်ပေးသော ပထမဆုံး Drone မဟုတ်ချေ။ သို့သော် ရှန်ဟိုင်းမြို့အတွင်း Drone ဖြင့် ကိတ်မုန့်လိုက်လံပို့ဆောင်သည့် SF Express လုပ်ငန်းမှာ နယ်မြေခံရဲများ၏ ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ရသောလုပ်ငန်းတစ်ခုဖြစ်လာပါသည်။ အဘယ့်ကြောင့်ဆိုသော် မြို့ထဲရှိ လူများကြိတ်ကြိတ်တိုးပြွတ်သိပ်နေသည့်နေရာများ၌ ထုပ်ပိုးပစ္စည်းများကို Drone ဖြင့် လေထဲတွင် ပျံသန်းသယ်ယူပို့ဆောင်ပေးနေခြင်းမှာ […]


Mr WorldWideSeptember 18, 20131min1544
ကမ္ဘာပေါ်ရှိ လူအများစုသည် ၂၀၂၃ ခုနှစ်၌ အင်္ဂါဂြိုဟ်ပေါ်တွင် သွားရောက်နေထိုင်မည့် ရည်မှန်းချက်ကို အံ့ဩဖွယ်ရာကောင်းလောက်အောင်ပင် ရွေးချယ်ခဲ့ကြပါသည်။ နယ်သာလန်နိုင်ငံရှိ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက အင်္ဂါဂြိုဟ်သို့ One Way ခရီးစဉ်သွားရောက်မည့် အင်္ဂါဂြိုဟ်အာကာသယာဉ်စီမံကိန်းအတွက် စာရင်းများ စတင်လက်ခံနေပြီဖြစ်ကြောင်း လွန်ခဲ့သော ၅ လခန့်က ကြေညာပေးခဲ့သည်။ ထိုခရီးစဉ်အပေါ် နိုင်ငံပေါင်း ၁၄ဝ ကျော်ရှိ လူပေါင်း ၂၀၂၅၈၆ ဦးက စာရင်းပေးသွင်းလျောက်ထားခဲ့ကြပြီး အဘယ့်ကြောင့် ထိုခရီးစဉ်ကို ရွေးချယ်ခဲ့ကြကြောင်းကိုလည်း ဗီဒီယိုဖိုင်နှင့်တကွ ရှင်းလင်းတင်ပြခဲ့ကြပါသည်။ အင်္ဂါဂြိုဟ်သို့ သွားရောက်နေထိုင်မည့်သူများကို အသုတ် ၄ သုတ်ခွဲထားပြီး ပထမဆုံးစေလွှတ်မည့် အသုတ်ကို လွန်ခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့က အပြီးသတ်စိစစ်ရွေးချယ်ခဲ့သည်။ ယခုအခါ အင်္ဂါဂြိုဟ်၌ သွားရောက်နေထိုင်လိုသူများကို စိစစ်ရွေးချယ်ပေးသည့် အမှုဆောင်ကော်မတီသည် နောက်လာမည့်လများ၌ လျောက်ထားနိုင်မည့်သူဦးရေကို လျော့ချရန်စီစဉ်ခဲ့ကြပါသည်။ နောက်ဆုံးပါဝင်လျောက်ထားမည့်သူများကို […]


Dote KhaSeptember 18, 20131min48529
လူတစ်ယောက် သေပြီဆို မြန်မာတွေရဲ့ ထုံးစံ အရ ဖဲဝိုင်းထောင်တယ် ဟဲဟဲ။ လာလာခြင်း ဆောက်နဲ့ ထွင်းတာ မဟုတ်ဘူး။ အတည်ပြောတာ။ မယုံဘူးလား။ လက်တွေ့ပြလို့ ရတယ်။ ပြောင်တာပါ။ နောက်ပိုင်း မြန်မာ ဗုဒ္ဓဘာသာဝင်တွေ အတော်များများဟာ ဆိုရင် လူတစ်ယောက် သေပြီဆို သေပြီး တစ်ပတ်လုံးလုံး သရဲ၊ ဝိဉာဉ် အဖြစ်နဲ့ အိမ်နားမှာ တစ်ဝဲလည်လည် ရှိနေတယ်လို့ ယုံကြည်ကြတယ်။ တစ်ပတ်ပြည့်မှသာ သွားချင်တဲ့ နေရာ သွားကြတယ်ပေါ့။ ဒါကိုတောင်မှ ကိုယ့်အိမ် အနီးအပါးမှာ သရဲ ဖြစ်မယ်လို့ပဲ ယုံကြည်နေကြတုန်းပဲ။ သံယောဇဉ် တယ်ကြီးကြတဲ့ လူမျိုးကိုး ခင်ဗျ။ ဘုရားဟောအရ (၃၁) ဘုံ ရှိတယ်။ အပါယ် လေးဘုံ၊ လူဘုံ၊ နတ်ဘုံ ၆ […]


Mr WorldWideSeptember 16, 20131min1448
အမေရိကန်ပြည်ထောင်စု၏ အာကာသအစီအစဉ်ဖြစ်သည့်  အစောပိုင်းကာလများက ထွက်ပေါ်လာခဲ့ဖူးသည့် အာကာသရေခဲမုန့်၏ ပုံသည် အမေရိကန်လူငယ်လူရွယ်လေးများ၏ စိတ်အာရုံကို ဖမ်းစားခဲ့ဖူးပါသည်။ ယခုအခါ နာဆာနှင့် အခြားသောသုတေသီများသည် အာကာသအတွင်း စိုက်ပျိုးနိုင်မည့် ဟင်းသီးဟင်းရွက်ပင်တစ်မျိုးကို သုတေသနပြု စမ်းသပ်စိုက်ပျိုးလျက်ရှိကြသည်။ ၎င်းအပင်၏ အမြစ်ငယ်လေးများသည် မြေကြီးနှင့် ထိတွေ့ခြင်း လုံးဝမရှိဘဲ ရှင်သန်ကြီးထွားလာမည်ဖြစ်ပြီး အပင်၏အရသာမှာလည်း ရေခဲမုန့်ခြောက် အတုံးလေးများထက် ပိုမိုအရသာကောင်းမွန်မည်ဖြစ်ကြောင်း သိရှိရပါသည်။ နာဆာသည် စားသောက်၍ရသော ဟင်းသီးဟင်းရွက်ပင်များကို အာကာသအတွင်း စိုက်ပျိုးနိုင်စေရန် ကြိုးစားခဲ့ရာ၌ ဆလတ်ရွက်စိုက်ပျိုးသည့် ရိုမေးနီးယားတောင်သူများကိုပါ နိုင်ငံတကာအာကာသစခန်းသို့ ပို့ဆောင်နိုင်ရန် ကြိုးပမ်းခဲ့မှုသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ပြင် အင်္ဂါဂြိုဟ်ကဲ့သို့ ပတ်ဝန်းကျင်များ၌ ပဲပိစပ်နှင့် စပါးမျိုးများကို စိုက်ပျိုးနိုင်ရန်အတွက် နှစ်ရှည်အစီအမံများချမှတ်၍ သုတေသနလုပ်ဆောင်လျက် ရှိပါသည်။ ထိုကဲ့သို့ အာကာသအတွင်း စိုက်ပျိုးထုတ်လုပ်နိုင်မှုကြောင့် အာကာသယာဉ်မှူးများနှင့်အတူ သယ်ဆောင်သွားရမည့် လိုအပ်သောရိက္ခာများ၏ […]