– ဓမ္မဝိဟာရီဆရာတော်တရားကို မနာကြားရခင် တချိန်တုံးက…… ကျွန်တော်နာလည်းမိသော လောကသုံးပါးကဒီလိုပါ… ဩကာသလောက၊ သတ္တလောက၊ သင်္ခါရလောက…စသည့်ဖြင့်…..ဖြစ်ပျက်သမျှအရာတွေကို ဒုက္ခသစ္စာလို့မှတ်ခဲ့ပါတယ်… အဲဒီလောကက သုံးပါးကိုလည်း လောကဇာတ်ခုံပမာလို့လည်း နားလည်ခဲ့မိပါတယ်……..ကျွန်တော်တို့ဟာ အဲဒီလောကဇာတ်ခုံပေါ်မှာ မွေး၊အို၊နာ၊သေ..ရီလိုက်…ငိုလိုက်….လွမ်းလိုက်…ဆွေးလိုက် စသည်ဖြင့် အမျိုးမျိုးကပြရသည့် ဇာတ်ကောင်ပမာ အဖြင့်နားလည်မိခဲ့ပါတယ်…အဲဒီလိုနားလည်းခဲ့မိလို့လည်း လောကသုံးပါးကနေ မထွက်နိုင်ခဲ့ပါဘူး…. အခုတော့….ဆရာတော်၏ ကျေးဇူးကြောင့်….ကျွန်တော်ဒီလိုမျိုး နားလည်သဘောပေါက်မိတယ်…သမုတိနဲ့ ပရမတ်သဘောတွေနဲ့…တည်ဆောက်ထားသည့်… ဩကာသလောက…သတ္တလောကတွေဟာ…သဘာဝတရားတွေဘဲ…ဒီသဘာဝ တရားကနေထွက်ဖို့မလိုပါဘူး…ထွက်လို့လည်းမရပါဘူး…ဘာဖြစ်လည်းဆိုတော့ ကျွန်တော်တို့က ဒီသမုတိ…ဒီပရမတ်နဲ့ဖွဲ့စည်း တည်ဆောက်ထားလို့ဘဲ…သမုတိဆိုတဲ့ သမုတ်မှန်ဟာလည်းသူ့နေရာနဲ့သူ..သူတန်ဖိုးနဲ့သူရှိရမည့်အရာပါ…ပရမတ်လည်း လောကမှာ ရှိရှိသမျှ အရာတွေဟာ. ဓါတ်ကြီးလေးပါးဖြစ်တဲ့…ပထဝီ၊အာပေါ၊ဝါယော၊တေဇော စသည့်ဓါတ်တွေနဲ့ ကင်းလို့မရပါ..သဘာဝတရားတွေဟာ လိုအပ်လို့သူနေရာနဲ့သူ အစီစဉ်တကျ..ဟန်ချက်ညီညီ ဇီဝစက်အဖြစ်လည်ပတ် နေခြင်းဟာ မရှိမဖြစ် သူ့သဘာဝတရားအရ…. မွေး၊အို၊နာ၊သေ …ဥပါဒ်၊ဋိ၊ဘင် ဖြစ်တည်ပျက်ဆိုသည့် သူ့အလုပ်ကိုတော့ ….သူလုပ်နေရမှာ ဖြစ်ပါတယ်…. ဒါဖြင့်ရင် ဘုရားဟောသည့်လောက သုံးပါးဆိုတာ ဘယ်ဟာကိုယူရမလဲ?… ဓမ္မဝိဟာရီဆရာတော်ကတော့ […]