Mr WorldWideFebruary 21, 20132min1155
ကီလိုမီတာ ၃၆၀၀ဝ အမြင့် Geosychronous ပတ်လမ်းတွင် ပျံသန်းနေသော ဆက်သွယ်ရေး ဂြိုလ်တုများသည် အီလက်ထရောနစ်နှောက်ယှက်မှုစနစ် (Jamming) ဖြင့် ကြုံတွေ့နေရခြင်း ပိုမိုဖြစ်ပွားနေပါသည်။ စစ်ဘက်ပညာရှင်များအနေဖြင့် Frequency Hopping and DSSS ( Direct Sequence Spread Specturn) စနစ်များအား အသုံးပြု၍ အီလက်ထရောနစ်နှောက်ယှက်မှုအား တန်ပြန်တိုက်ခိုက်နေရပါသည်။ သို့သော် အရပ်ဘက်ဆုံး ဂြိုလ်တုများအနေဖြင့်မူ အဆိုပါ Anti-Jamming ပစ္စည်းများကို တပ်ဆင်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဂြိုလ်တုထိန်းချုပ်သူများအနေဖြင့် အဆိုပါပစ္စည်းများအား အသုံးပြုရန် လိုအပ်ချက်ဖြစ်လာပါသည်။ ထို့ပြင် အဆိုပါနှောက်ယှက်မှုကြောင့် အချက်အလက်အများအပြား မပေးပို့နိုင်ကြောင်းကိုလည်း တွေ့ရှိရပါသည်။ တဆက်တည်းမှာပင် နှောက်ယှက်သူများအနေဖြင့်လည်း ပိုမိုတိုးတက် နှောင့်ယှက်လာခဲ့ပါသည်။ ဥပမာအားဖြင့် ဆီးရီးယားနှင့်အီရန်တို့သည် သတင်းဌာနများအပေါ် အီလက်ထရောနစ်နှောက်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်ဟု ဘီဘီစီ၊ ပြင်သစ် […]


Mr WorldWideFebruary 20, 20132min2339
သံပခြုပ်ကောင်းများသည် ၎င်းတို့၏ အခွံတည်ဆောက်ရန်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်မှ ကယ်လ်ဆီယမ်ကာဘွန်နိတ်အဖြစ်သို့ ပြောင်းလဲစေခြင်းနည်းစဉ်သည် ကာဗွန်စုပ်ယူရန်နှင့် သိုလှောင်ရန် (Carbon and Storage-CCS) သုတေသနလုပ်ငန်းအတွက် အထောက်အကူ ပြုပါသည်။ သံပခြုပ်ကောင်လေးများသည် နီကယ်လ်အမှုန်လေးများကို ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုကာ သမုဒ္ဒရာထဲတွင် ပျော်ဝင်နေသော ကာဗွန်ဒိုင်အောက်ဆိုဒ်အား ၎င်းတို့၏ အခွံမာများတည်ဆောက်ရာတွင် အသုံးပြုသည့် ကယ်လ်ဆီယမ်ကာဗွန်နိတ်အဖြစ်သို့ ပြောင်းလဲပေးလိုက်ပါသည်။ ဓာတုအင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့သည် ကာဗွန်ဒိုင်အောက်ဆိုဒ်အား ရေထည့်ထားသည့် ဖန်ပြွန်ထဲသို့ ဖြတ်သန်းစေပြီး နီကယ်လ်အမှုန်လေးများနှင့် ပေါင်းစပ်ဓာတ်ပြုလိုက်သောအခါ ထွက်ပေါ်လာသော စွန့်ပစ်ဓာတ်ငွေ့အား ကယ်လ်ဆီယမ်ကာဗွန်နိတ် (မြေဖြူ) အဖြစ်သို့ ပြောင်းလဲစုဆောင်းပေးနိုင်ခဲ့ပါသည်။ နယူးကာဆယ်လ်တက္ကသိုလ်မှ ရူပဗေဒပညာရှင် Dr Lioloja Siller သည် ကျွန်ုပ်တို့အနေဖြင့် သံပခြုပ်အကောင်များကို စိစစ်လေ့လာခဲ့သောအခါ သူတို့၏ အခွံပေါ်တွင် နီကယ်လ်အများအပြား စုဝေးနေခြင်းကို တွေ့ရှိခဲ့ပါသည်ဟု ပြောကြားခဲ့ပါသည်။ ကြီးမားသော […]


Mr WorldWideFebruary 18, 20132min1367
ကမ္ဘာကြီးအနေဖြင့် သဘာဝအရင်းအမြစ်လိုအပ်ချက်များနှင့် လိုက်လျောညီထွေမှုဖြစ်စေရန် အတွက် အစိုးရများကိုယ်တိုင် လူသုံးကုန်ပစ္စည်းများထုတ်လုပ်ရေးနှင့် ပတ်သက်၍ ချင့်ချိန်စဉ်းစားလုပ်ဆောင်သင့်ကြောင်းကို သိပံပညာရှင်များက ပြောကြားခဲ့ပါသည်။ အိမ်များဆောက်လုပ်ရာတွင် ဘိလပ်မြေလျော့ပေါ့သုံးစွဲရန်၊ ကားများထုတ်လုပ်ရာတွင် စတီးများကိုလျော့သုံးစွဲရန်၊ လျှပ်စစ်ပစ္စည်းအသေးစားများ ထုတ်လုပ်ရာတွင် ပလတ်စတစ်ကို လျော့သုံးစွဲရန် ၎င်းတို့မှ ဆက်လက်ပြောကြားခဲ့ပါသည်။ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း ဖန်လုံအိမ်ဓာတ်ငွေ့များ မထွက်ရှိရေးကိုပါ ထပ်လောင်းပြောကြားခဲ့ပါသည်။ စာစောင်များတွင် လူဦးရေးတိုးပွားလာခြင်း၊ လူများကြွယ်ဝလာခြင်းတို့ကြောင့် ပစ္စည်းသုံးလိုမှုများပြားလာခြင်းနှင့် အတူ ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင်အပေါ် ခြိမ်းခြောက်မှုကိုလည်း ပူးတွဲသုံးသပ်ထားပေသည်။ အင်္ဂလန်နိုင်ငံအနေဖြင့် လူများ၏ အထွေထွေသုံးစွဲလိုမှုကို မလျော့ချနိုင်ပါက ၂၀၅ဝ ခုနှစ်တွင် ကာဗွန်ထွက်ရှိမှုကို လက်ရှိကာလထက် ၈ဝ ရာခိုင်နှုန်းလျော့ချနိုင်ရေးဟူသော ရည်မှန်းချက်ကို ပြည့်မီရန်အတွက် အင်္ဂလန်အနေဖြင့် နျူကလီးယားစွမ်းအင်ကို ယခုထက် လေးဆပိုမိုထုတ်လုပ်ရန်၊ သို့မဟုတ် လေစွမ်းအင်ကို ယခုထက်အဆလေးဆယ် ပိုမိုထုတ်လုပ်ရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း စာစောင်တစ်ခုမှ […]


Mr WorldWideFebruary 18, 20131min610
Apple ကုမဏီသည် ၎င်း၏ မူပိုင်ထုတ်လုပ်ထားသော ပစ္စည်းများနှင့် ပတ်သက်၍ လျှို့ ဝှက်ဖုံးကွယ်ထားတက်ပါသည်။ သို့သော် မကြာသေးမီက ၎င်းကုမဏီ၏ မူပိုင်နည်းပညာဖြင့် တီထွင်ထားသော နေရောင်ခြည်စွမ်းအင်သုံး I-Phone အကြောင်းကို ထုတ်ဖော်ကြေငြာလိုက်ရာ လူအများ စိတ်ဝင်စားခဲ့ကြပါသည်။ ၎င်း၏ I-Phone တွင် Touch Screen နှင့် Solar စနစ်ကို ပူးတွဲတည်ဆောက်ထားကြောင်း သိရှိရပါသည်။ လူအများမျှော်လင့်ထားသော နည်းပညာဖြစ်သည့် နေရောက်ခြည်စွမ်းအင်အား  ၎င်း၏ I-phone တွင် ထည့်သွင်းအသုံးပြုနိုင်ပါက နည်းပညာအသိုင်းအဝိုင်းတွင် သန့်ရှင်းသော စွမ်းအင်ကို ကောင်းစွာအသုံးချနိုင်သည့် ကုမဏီတစ်ခုဖြစ်လာပေလိမ့်မည်။ မိုဘိုင်းဖုန်းများတွင် နေရောက်ခြည်စွမ်းအင် Solar Energy  အား ထည့်သွင်းအသုံးပြုခြင်းကို တစ်ကမ္ဘာလုံးက လက်ခံကြိုဆိုကြမည်ဖြစ်ပြီး Apple ကုမဏီအနေဖြင့် သဘာဝပတ်ဝန်းကျင် စောင့်ရှောက်သူများ၏ ချီးမွမ်းခြင်းကို ခံရမည်ဖြစ်ပေသည်။ […]


Mr WorldWideFebruary 14, 20132min1487
ဂျပန်ကုမဏီတစ်ခုသည် အာကာသထဲသို့ ဓာတ်လှေခါးဖြင့်တက်ခြင်း စိတ်ကူးအစီအစဉ်တွင် ငွေများထည့်ဝင်ရင်းနှီးရန်အဆင်သင့်ဖြစ်နေပါသည်။ အာကာသထဲသို့ တိုက်ရိုက်တက်သွားနိုင်ရေးစွမ်းဆောင်မှုသည် နာဆာနှင့်အခြားအဖွဲ့အစည်းများမှ သိပံပညာရှင်များအတွက် သုတေသနလမ်းကြောင်းသစ် တစ်ရပ် ဖွင့်ပေးလိမ့်မည် ဖြစ်ပါသည်။ ယခုအခါအဆိုပါကုမဏီသည် ၂၀၅ဝ ခုနှစ်တွင် ပြီးစီးမည့်အာကာသထဲသို့ တက်သွားနိုင်သော ဓာတ်လှေခါးတည်ဆောက်ရန် ပြင်ဆင်နေပါသည်။ ဓာတ်လှေခါး၏ အလျား ၂၂၀၀ဝ မိုင်ရှိမှသာ ကမ္ဘာမြေနှင့်အာကာသစခန်းအား ချိတ်ဆက်နိုင်မည် ဖြစ်ပါသည်။ မြေပြင်စခန်းနှင့် အာကာသစခန်းနှစ်ခုအား ကေဘယ်လ်ကြိုးဖြင့် ချိတ်ဆက်မည်ဖြစ်ပါသည်။ အာကာသစခန်းသည် ကေဘယ်လ်အား ထိန်းချုပ်သည့် ချုပ်တိုင်ဖြစ်ပေလိမ့်မည်။ ၎င်းဓာတ်လှေခါးအနေဖြင့် လူ ၃ဝ အား သယ်ဆောင်ပြီး ၈ ရက်နှင့် အာကာသစခန်းသို့ရောက်ရှိအောင် သွားနိုင်လိမ့်မည် ဖြစ်ပါသည်။ ခရီးစဉ်အတွင်း ခရီးသည်များသည် နေ့ရက်တိုင်းတွင် ကိုယ်အလေးချိန်လျော့နည်းလာပြီး ကောင်းကင်တွင် ပျံသန်းနေသကဲ့သို့ခံစားရမည် ဖြစ်ပါသည်။ ယင်းဓာတ်လှေခါးသည် ၁ နာရီလျှင် […]


Mr WorldWideFebruary 13, 20132min1385
  ဦးနှောက်မှ လျှပ်စစ်ဓာတ်အားထုတ်ယူရန် စမ်းသပ်ချက်ကို အမေရိကန်မက်ဆာချူးဆက်စက်မှုတက္ကသိုလ် (MIT) မှ စမ်းသပ်အောင်မြင်သွားပြီဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါလျှပ်စစ်ဓာတ်အားသည် မိုက်ခရိုဝပ်ပမာဏမျှသာ ရှိပါသည်။ သို့ဖြစ်ပါ၍ အခြားဖုန်းနှင့်အီလက်ထရောနစ်ပစ္စည်းများကို အားသွင်း၍ မရနိုင်ပါ။ သို့သော် ရည်ရွယ်ချက်မှာ ဦးနှောက်အတွင်းမှာရှိသော လူတို့ထည့်သွင်းထားသည့် Chip များကို ပြန်လည်အားသွင်းရန် ဖြစ်ပါသည်။ ဦးနှောက်တစ်ခုထဲတွင် မဟုတ်ဘဲခနာကိုယ်ထဲရှိ မည်သည့်အားသွင်းရန် လိုအပ်သော ပစ္စည်းကို မဆိုအားသွင်းပေးနိုင်ရန်ဖြစ်ပါသည်။ ယခုလက်ရှိအသုံးပြုနေသောနည်းလမ်းမှာ အားသွင်းရန်လိုအပ်သော ပစ္စည်းကိုခနာကိုယ်ထဲမှပြန်လည်ခွဲထုတ်ယူခြင်း၊ သို့မဟုတ် ရေဒီယိုလှိုင်းဖြင့် အားသွင်းခြင်း ဖြစ်ပြီး ဦးနှောက်အတွင်း၌ ထည့်ထားသော Chips များကို ဆက်လက်အလုပ်လုပ်ဆောင်စေပါသည်။ ခွဲစိတ်ထားသူအချို့အား အသက်ဆက်လက်ရှင်သန်နိုင်ရန်အတွက် လျှပ်စစ်ပစ္စည်းများအား ခနာကိုယ်တွင်းသို့ ထည့်သွင်းအသုံးပြုကြသောနည်းပညာအား နှစ်အတန်ကြာကတည်းကပင် အသုံးပြုခဲ့ကြပါသည်။ ယခုအခါ၌ ၎င်းစက်များကို အပြင်သို့ထုတ်၍ အားသွင်းရန်မလိုအပ်ဘဲ ခနာအတွင်း၌ပင် အားသွင်းနိုင်မည့် […]


Mr WorldWideFebruary 11, 20131min1524
စက်ရုပ်သည် မှန်ထဲတွင် လူသားကဲ့သို့ မိမိကိုယ်မိမိ ပြန်လည်မှတ်မိနိုင်စွမ်းရှိသည်ဟု သင်တွေးမိ ပါသလား။ စက်ရုပ်နည်းပညာ တိုးတတ်လာမှူသည် အံ့ဩဖွယ်ရာ ဖြစ်သည်ဟု ဆိုရမလိုပင် ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ ရေးလ်တက္ကသိုလ်(Yale University) မှကွန်ပျူတာသိပ္ပံပညာရှင်တစ်ချို့သည် မိမိ ကိုယ်ကို မှန်ထဲတွင် ပြန်လည်မှတ်မိနိုင်သော နီကိုဟုခေါ်သည့် လူသားဆန်သော စက်ရုပ်တစ်မျိုးကို ထုတ်လုပ်ခဲ့ပါသည်။ နီကိုသည် ခန္ဓ္ဓာကိုယ်အပေါ်ပိုင်းသာပါရှိသည့် လူသားဆန်သည့် စက်ရုပ်ဖြစ်ပါသည်။ နီကိုအား ယေးလ်တက္ကသိုလ် ကွန်ပျူတာဌာန ဘရိန်းစကာဆယ်လတီ၏ လက်အောက်ခံ လူမှုစက်ရုပ်သုတေသန ဌာနမှ ထုတ်လုပ်ခဲ့ပါသည်။ နီကိုသည် ၎င်း၏ အရိပ်အား သိရှိနိုင်သည့် ပထမဆုံးသော လူသားဆန်သည့် စက်ရုပ် ဖြစ်ပါသည်။ ၎င်းစက်ရုပ်ကို မြင်ကွင်းအတွက် အကျဉ်း၊ အကျယ် ကြည့်နိုင်ရန် ကင်မရာနှစ်လုံး တပ်ဆင်ထားပြီး လက်နှစ်ဖက်နှင့် ခေါင်းအပါအဝင် လူခန္ဓာကိုယ်ကဲ့သို့ […]


Mr WorldWideFebruary 11, 20131min691
MSU (Machigan State University) မှ သိပ္ပံပညာရှင်များသည် ရေအောက်သို့ နက်ရှိုင်းစွာ ငုပ် နိုင်စွမ်းရှိသည့် ငါးများတီထွင်ပြုလုပ်ခြင်းဖြင့် အရေးပါသော ပြောင်းလဲမှုကို စတင်လိုက်ပါသည်။ ၎င်းငါးများ သည် ရေအောက်သို့ စွမ်းအင်အနည်းငယ်မျှဖြင့် ငုပ်ဆင်းသွားနိုင်ပြီး တစ်ချိန်တည်းမှာပင် တန်ဖိုးရှိသော အချက်အလက်များ စုဆောင်းခြင်းဖြင့် ကျွန်ုပ်တို့၏မြစ်များ၊ ကန်များဆယ်ခြင်းလုပ်ငန်းတွင် ကူညီနိုင်ပါ သည်။  MSU မှလျှပ်စစ်နှင့်ကွန်ပျူတာ အင်ဂျင်နီယာဌာန၏ တွဲဖက်ပါမောက္ခ ဟွာဘိုတန် (Xiabo Tan) နှင့် အဖွဲ့မှ ဒီဇိုင်းထုတ် တည်ဆောက်ထားသော ၎င်းငါးတွင် အလိုအလျောက်သွားလာနိုင်မှု သာမကရေ၏ အပူချိန်၊ အရည်အသွေးနှင့် အခြားအကျုံးဝင်သော အချက်များကိုပါ သိနိုင်သည့် အာရုံခံစနစ်များ  တပ်ဆင် ပေးထားပါသည်။           ကူးခတ်နိုင်ခြင်းအတွက် အမြှီးခတ်ခြင်း ပုံမှန်လုပ်ဆောင်ရန် လိုအပ်ပါသည်ဟု  Tan […]


Mr WorldWideFebruary 8, 20131min1363
တောင်ကိုးရီးယားနိုင်ငံမှ သုတေသနပြုသူများသည် ကွေးနိုင်ဆန့်နိုင်သော ဘက်ထရီတစ်မျိုးကို ပြုလုပ်နိုင်ခဲ့ခြင်းသည် လာမည့်နှစ်များတွင် ကွေးနိုင်ဆန့်နိုင်သော စမတ်ဖုန်းများအား ထုတ်လုပ်နိုင်ရန် အတွက် ခြေလှမ်းတစ်ခုပင် ဖြစ်ပါသည်။ အူဆန်သိပံ္ပနှင့်နည်းပညာတက္ကသိုလ်မှ သုတေသနအဖွဲ့က သာမန်ဘက်ထရီများထက် ပိုမိုကောင်း မွန်သော ပေါ်လီမာ အီလက်ထရိုလိုက်(Polymer Electrolyte) ဘက်ထရီပုံစံသစ် တစ်မျိုးအား ထုတ်လုပ် နိုင်ခဲ့ပါသည်။ ကိုးရီးယားသိပံ္ပဝန်ကြီးဌာနမှ ပြောခွင့်ဆိုခွင့်ရှိသူတစ်ဦးမှ ကိုးရီးယား ဂျွန်ဝမ်းသတင်းစာသို့ ပြောကြားရာတွင် လီသီယမ်အိုင်ယွန် ဘက်ထရီ(Lithium-ion Batteries)များတွင်  ပေါ်လီမာ အီလက် ထရိုလိုက်ကို အသုံးပြုခြင်းအားဖြင့် ပြဿနာအနည်းငယ် ရှိနိုင်သည်ဟုဆိုပါသည်။ အဆိုပါ ပြဿနာမှာ အီလက်ထရိုလိုက်အား ခွဲခြားထားသော ဖလင်ကော်ပြားလေးများသည် အပူကြောင့်ပျော်သွားပါက ၎င်းတွင် ပါဝင်သော အဖိုနှင့် အမဒြပ်စင်များသည် အချင်းချင်း ဆွဲဆောင်၍ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာနိုင်ခြင်းပင် ဖြစ်ပါသည်။ ပြီးခဲ့သည့် အပတ်က […]


Mr WorldWideFebruary 7, 20131min821
အစ္စရေးအစိုးရသည် ပို၍ဆွဲဆောင်မှုရှိသော လေဆာရောင်ခြည်သုံး ဒုံးပျံကာကွယ်ရေးစနစ်ကို အသုံး မပြုဘဲ အိုင်ယွန်းဒူး(မ်) (Iron Dome) ဟုခေါ်သော ဒုံးခွင်းဒုံးစနစ်ကို ၂၀၁၁ ခုနှစ်မှ စတင်၍ စစ်ဘက်တွင် အသုံးပြုခဲ့ပါသည်။ သို့သော်ယခုအခါတွင် လေဆာရောင်ခြည်ကဲ့သို့ တိုက်ရိုက်စွမ်းအင် အသုံးပြုနည်းပညာ များတိုးတက်လျက်ရှိပြီး မကြာမီကာလတွင် အဆိုပါအသံတိတ်လက်နက်များကို စမ်းသပ်မှုများပြုလုပ်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ကာကွယ်ရေးစက်မှုလုပ်ငန်းများမှ ပြောကြားခဲ့ပါသည်။     အဓိကအဖွဲ့အစည်းမှာ အမေရိကန်၏ ကာကွယ်ရေးစက်မှုလုပ်ငန်းဖြစ်သော လော့ဟိမာတင် ကုမ္ပဏီ ဖြစ်ပါသည်။ အစ္စရေး-ဂါဇာ အပစ်အခတ် ရပ်စဲပြီး တစ်ပတ်မပြည့်မီတွင် ကုမ္ပဏီမှ ၎င်းတို့တီထွင်လုပ်ကိုင် နေသည့် အဒမ် (Adam,Air Defence Anti-munitions) ဟုခေါ်သည့် လေဆာရောင်ခြည်သုံး လက်နက်ကို ထုတ်ဖော်ပြခဲ့ပေသည်။ ၎င်းလက်နက်စနစ်သည် အခဲဖိုင်ဘာလေဆာ (Solid-State Fiber […]


Mr WorldWideFebruary 7, 20131min772
ပထမကမာ္ဘစစ်အတွင်းတွင် စက်သေနတ်များ၊ တင့်ကားများ၊ လူသတ်ဓာတ်ငွေ့များ စသည်တို့ကြောင့် လူပေါင်း ၉ သန်းကျော် သေဆုံးခဲ့ကြရ၍ နိုင်ငံအတော်များများသည် စစ်ပွဲများတွင် လူတို့၏အသက်ဆုံးရှုံးနိုင်မှု အနည်းဆုံးနည်းလမ်းများကို ရှာဖွေကြရာမှ Robot ဟူသော အသုံးအနှုန်းသည် ၁၉၂ဝ ခုနှစ်တွင် စတင်တွင် ကျယ်လာခဲ့ပါသည်။     ယနေ့အခါတွင်မူ အာဖဂန်နစ္စတန်နှင့် အီရတ်စစ်ပွဲများတွင် မောင်းသူမဲ့လေယာဉ်များမှ စစ်ရေးတာဝန် များကို ထမ်းဆောင်လျက်ရှိနေကြောင်း တွေ့ရမည်ဖြစ်ပေသည်။ ၎င်းတို့အား နီဗားဒါး (Nevada)မှ ထိန်းချုပ် မောင်းနှင်နေခြင်းဖြစ်ရာ လူ့သမိုင်းတွင် ပထမဆုံးအနေဖြင့် စစ်ပွဲတစ်ခုအား ကမာ္ဘ့တစ်ဖက်ခြမ်းမှ ထိန်းချုပ် တိုက်ခိုက်နိုင်ခြင်းပင်ဖြစ်ပေသည်။ ပထမကမ္ဘာစစ်၏ အနိဋ္ဌာရုံများကြောင့် စက်ရုပ်စစ်သည်များဟူသော မျှော်မှန်းချက်များသည် အမှန် တကယ်ရုပ်လုံး ပေါ်လာခဲ့ပေသည်။ ယနေ့ အမေရိကန်စစ်ဘက်တွင် တိုက်ခိုက်ရေး လေယာဉ်မှူးများထက်  မောင်းသူမဲ့လေယာဉ်များကို ကိုင်တွယ်ထိန်းချုပ်နိုင်မည့် […]


Mr WorldWideFebruary 6, 20131min1387
Rare Earth ဆိုတာ အကျွမ်းမဝင်တဲ့လူတွေ မသိမှာစိုးလို့ဒီသတင်းလေး ပြန်ပေးလိုက်တာပါ…ဘယ်လိုနေရာတွေမှာ သုံးနေတယ်..ယနေ့ကာလမှာ ဘာကြောင့်အရေးတကြီးလိုအပ်နေသလဲဆိုတာ သိနိုင်အောင်လို့ပါ အမေရိကန်စွမ်းအင်ဌာနမှ ရှားပါးသတ္တုထုတ်လုပ်ရေးနည်းလမ်းများ သုတေသန ပြုလုပ်ပေးမည့် ဌာနတစ်ခုတည်ဆောက်ရန် ဒေါ်လာ ၁၂ဝ မီလီယံ(ပေါင်၇၅မီလီယံ) ချပေးခဲ့ပါသည်။ ရှားပါးသတ္တုဆိုသည် မှာ အဆင့်မြင့်နည်းပညာပစ္စည်းများဖြစ်သည့် ဖုန်း၊ကွန်ပျူတာများ ထုတ်လုပ်ရာတွင် အရေးပါသည့် ဒြပ်စင် ၁ရ မျိုးဖြစ်ပါသည်။ အမေရိကန်သည် ရှားပါးသတ္တုထုတ်လုပ်မှုတွင် ကမာ္ဘ၏ ၉၅ရာခိုင်နှုန်းထက် ပိုမိုထုတ် လုပ်ပေးနေသော တရုတ်နိုင်ငံအပေါ်တွင် မှီခိုနေရခြင်းကို လျော့ချလိုပြီး နိုင်ငံအတွင်း လိုအပ်ချက်အား ဖြည့်ဆည်းပေးလိုနေပါသည်။ အမေရိကန်၏ ဘူမိစစ်တမ်းအရ အမေရိကန်ပြည်နယ် ၁၄ ခုတွင် ရှားပါးသတ္တုသိုက်များ ရှိနေနိုင်ကြောင်း သိရှိရပါသည်။ အမေရိကန် ပြန်လည်ပြည့်ဖြိုးစွမ်းအင် (Renewable Enegy)၏ လက် ထောက်အတွင်းရေးမှုး ဒေးဗစ် ဒီနဲလ်ဆင်(David […]


Mr WorldWideFebruary 6, 20131min1667
ယနေ့ခေတ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်မှုသည် ခေတ်စားလာပြီး ၎င်းနှင့် ပတ်သက်သော စီးပွားရေးမှာလည်း လျှင်မြန်စွာ တိုးတက်လာခဲ့ပါသည်။ သို့သော် ဆိုလာနည်းပညာ စီးပွားရေးလုပ်ငန်းသည် မျှော်မှန်းထားသလောက် ဖြစ်မလာခဲ့ပေ။ အဓိကအကြောင်းအရင်းများမှာ လျှပ်စစ် စွမ်းအင်သို့ပြောင်းလဲပေးနိုင်မည့် နေရောင်ခြည်ကို ဆိုလာဆဲ(လ်)များမှ အပြည့်အဝ မစုပ်ယူနိုင်ခြင်းကြောင့် လည်းကောင်း၊သို့မဟုတ် ဆိုလာဆဲ(လ်)များမှ နေရောင်ခြည်အများစုကို အလင်းပြန်သွား စေခြင်းကြောင့် လည်းကောင်း ဖြစ်ပါသည်။             သို့ဖြစ်ပါ၍ ပရင်စတန်တက္ကသိုလ်မှ သုတေသနပညာရှင်များက ” Plasmonic Cavity with Subwavelength Hole array” ဟုခေါ်သည့် ဆင်းဒဝှစ်(ချ်)မုန့်ပုံစံ ပစ္စည်းတစ်မျိုးကို တီထွင်လိုက်ပြီး ၎င်းသည်အလင်းပြန်မှုကို လျှော့ချပေးခြင်းနှင့် နေရောင်ခြည်ကို ပိုမိုစုပ်ယူပေးနိုင်ခြင်းစသည့် ဂုဏ်သတ္တိများ ရှိသဖြင့် ဆိုလာဆဲ(လ်)များ၏ စွမ်းဆောင်ရည်ကို သုံးဆမြင့်တင်ပေးနိုင်ပါသည်။ ၎င်းတွင် အလွှာငါးလွှာပါဝင်ပါသည်။ […]