KyaemonNovember 18, 201286min1432
  Vieddekke နဲ့ Statkraft အဖွဲ့တွေအကြောင်းကိုရေးခဲ့ပြီးပါပြီ၊ အောက်ပါလင့်ခ တွေကိုကြည့်ပါ၊ နော်ဝေနိုင်ငံပိုင် လျှပ်စစ်စွမ်းအားထုတ် Statkraft “စတတ်ကရပ် အဖွဲ့” နဲ့ရေကာတာများ – XV | The Mandalay Gazette-Myanmar/Burma News Media Forum Network https://myanmargazette.net/139805/business-economy နော်ဝေက Vieddekke ဆိုတဲ့ရေကာတာ ဆောက်လုပ်ရေးအဖွဲ့ကြီး – XVIII | The Mandalay Gazette-Myanmar/Burma News Media Forum Network https://myanmargazette.net/140562/business-economy နော်ဝေက Vieddekke ရေကာတာ အဖွဲ့ကြီး – အဆက်- XXIII | The Mandalay Gazette-Myanmar/Burma News Media Forum Network https://myanmargazette.net/154890/business-economy […]


KyaemonNovember 10, 201243min2456
      ဒေါ်စုရောက်ခဲ့တဲ့လန်ဒန်ကို ဒို့လဲစိတ်ကူးဘဲဖြစ်ဖြစ် ရောက်ဖြစ်အောင် ‘ရောက် ‘ ခဲ့ ပြီး ယူကေပါလီမန် ကို ‘လေ့လာ’ ခဲ့တာစုံသလောက်ပါ၊ ခုလဲကမ်ဘာ့အမွေအနစ်ဖြစ်တဲ့လန်ဒန်နားက KewGardens ‘ကြူး’ ပန်းခြံကိုဝင်ကြည့်ရအောင်၊ ဝင်ကြေး က အင်ဂလိပ်ငွေ ပေါင်စတာလင် ၁၄.၅၀  (၁၉၇၂၆ ကျပ်)  ( $၂၃.၁၆) လို့ဆိုပေမဲ့ ငွေမကုန်ရဘဲနဲ့အခမဲ့ ဝင်ကြည့်ရအောင်၊   Stretch Horizon ဆိုတဲ့ ပန်းဥယျာဉ် အဆောက်အဦ, Kews Garden Stretch Horizon, Kews Garden | Flickr – Photo Sharing! http://www.flickr.com/photos/69937248@N00/6573936257/  တွဲလောင်းကျ အပင် ရိုင်း တမျိုး Wild Falling Plant […]


အဟီး…ဘာရယ်ဟုတ်ဘူး..မိုးဗြားဂိုဏ်းသားတွေလို အပျင်းပြေ ရွာထဲမှာ ဖွကြည့်လိုက်တာ။ အကယ်၍များ မတော်တဆ ကြောင်ကြီးကို ကိုးကွယ်ဖို့ စဉ်းစားနေရင်တော့ လုပ်လက်စနဲ့ ဆက်လုပ်ကြပါလို့..။ ကြောင်ကြီးအတွက် အပန်းမကြီးပါဘူး..။ ဟောသည်ဂါထာလေးနဲ့သာ ပသဂျပါ။ ကြောင်သူတော် ဗျောင်လူခေါ် မှောင်ထူပျော် စောင်ဖြူလျှော်၊ ညောင်ဆူအော် ဟောင်ယူဖော် အောင်ထူမော် ယောင်ပူဇော်…။


Wai Aung Chan MyoJune 21, 20126min22613
အားလုံးပဲ မင်္ဂလာပါ ဒါကြော်ငြာ တစ်ခုလို့ပဲ ယူဆရင်လဲ ရပါတယ်။ ဒါမှမဟုတ် သင့်ဘဝအတွက် ပြီးပြည့်စုံမှုတွေကို လက်ဆင့်ကမ်းပေးတဲ့ သတင်းစကားဆိုရင်တော့ ပိုမှန်ပါလိမ့်မယ်။ သစ်မွှေး သစ်မွှေး နဲ့ နာမည်တွေကြီးနေပြီး စိတ်ဝင်စားသူများအတွက် လက်ဆင့်ကမ်းလိုက်ပါတယ်။ မိမိတို့ ပတ်ဝန်းကျင်၊ မိတ်ဆွေများ စိတ်ဝင်စားသူအားလုံးကို အလိုရှိက ဖြန့်ဝေနိုင်ပါတယ်။ ကျနော်ကိုယ်တိုင်ရေးထားတဲ့ သစ်မွှေးနဲ့ပတ်သက်တဲ့အကြောင်း soft copy ကို attached လုပ်ပြီးပို့လိုက်ပါတယ်။ ပုံတွေကို ထည့်ချင်ပေမယ့်လည်း connection အခက်အခဲကြောင့် စာတွေချည်းပို့လိုက်ရပါတယ် နောက်သစ်မွှေး ပျိုးပင်ဈေးနှုန်းကိုပါ ပြောပြလိုက်ပါတယ် ပျိုးပင်တွေကို ၁ပေကို ၅၀ဝနှုန်းနဲ့ ၂ပေကနေ ၄ပေကျော်အထိရှိပါတယ် ၂ပေမှ ၂ပေခွဲကို ၁၀၀ဝကျပ် ၂ပေခွဲမှ ၃ပေကြားကို ၁၃၀ဝကျပ် ၃ပေမှ ၃ပေခွဲကြားကို ၁၅၀ဝ ကျပ် ၃ပေခွဲမှ […]


KyaemonMay 28, 201231min1372
  ယူအက်စ်အေ က ရေကာတာ ဆည်တွေကိုလေ့လာရအောင် File:Dams in the United States 2006.svg – Wikipedia, the free encyclopedia http://en.wikipedia.org/wiki/File:Dams_in_the_United_States_2006.svg National Atlas of the United States၂၀၀၆ မြေပုံ အရ (၅၀) ပြည်နယ် က (၈၀၉၂) ရေကာတာတွေကို ဖော်ပြထားတာ ၂၀၀၅  မြေပုံ အရ    လက်အောက်ခံ  Puerto Rico, Virgin Islands အပါအဝင် (၈၁၀၀) ကျော် ရေကာတာတွေကို ဖော်ပြထားတာ ရေကာတာ အကြီးကိုဆိုလိုတာ၊ အမြင့် ၅ဝ ပေ နဲ့ရေလှောင်ကန် ၅၀၀ဝ “ဧက ပေ” သို့မဟုတ် […]


MTYMay 21, 20121min1796
တစ်နေ့က၂၀၁၂ ဇွန်လထုတ်ကလျာမဂ္ဂဇင်းစာမျက်နှာ၈၉မှာပါတဲ့ဒေါက်တာမောင်မောင်ညိုရေးတဲ့…မြေရှားဒြပ်စင်သတ္တုများ {Rare Earth Metals} ကိုဖတ်မိရင်းကကျွန်တော်မသိတဲ့အကြောင်းအရာတွေကိုစာဖတ်သူတွေလဲသိစေလိုတာလဲတစ်ကြောင်း၊စဉ်စားတွေးတောမိတာလဲရေးပြချင်တာနဲ့ရေးလိုက် မိပါတယ်။သိပြီးဖတ်ပြီးသူများကိုတော့..ကိုယ်သိထားသမျဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါရစေ။ ဆောင်ပါးမှာပါသမျှမရေးပြတော့ပါ…လိုတာလေးတွေဘဲရေးပြပါရစေ…အသေးစိတ်တော့ရည်ညွန်းစာစောင်မှာဘဲဖတ်ကြည့်ပါ။ ဆောင်ပါးရှင်ကအခုလိုစရေးခဲ့ပါတယ်။ “ယနေ့အင်မတန်အရေးပါလာတဲ့.မြေရှားဒြပ်စင်သတ္တုများ {Rare Earth Metals}အကြောင်းတင်ပြသွားပါမယ်။ .မြေရှားဒြပ်စင်သတ္တုများ {Rare Earth Metals}၁ရခုရှိပါတယ်..သူတို့ဟာအလှည့်မှန်ဇယား(Periodic Table)ရဲ့အောက်ဆုံး ပိုင်းမှာရှိတဲ့လင်သနိုဒ်အုပ်စုကဒြပ်စင်၁၅ခုအပြင်စကင်ဒီယမ်(Scandium)နဲ့အစ်တရီယမ်(Yttrium)တို့ပါဝင်ပါတယ်။သူတို့ဟာ ခေတ်မီတိုးတက်တဲ့လူနေမှုစနစ်ကြီးထဲမှာအင်မတန်အရေးပါလျက်ရှိပါတယ်။ကွန်ပြူတာတွေအရွယ်အစားသေးသွားအောင်၊နားကျပ် (Headphone)၊မိုက္ကရိုဖုန်း(Microphone)တွေအားကောင်း၊သေးသွားအောင်ဒီRare Earth Metalsတွေကပြုလုပ်ပေးနိုင်ပါတယ်။ မျီုးစပ်Hybridကားတွေရဲ့ဘက်ထရီပါဝါတွေရအောင်ဟန်းဖုန်းတွေsmartphone၊ Tabletsတွေအတွက်ဓာတ်ခဲကအစ လိုအပ်တာတွေ ပြုလုပ်ပေးနိုင်ပါတယ်။လေယာဉ်အစိတ်အပိုင်းတွေမျက်မှန်တွေ၊တီဗွိ X-ray တွေအားလုံးမှာRare Earth Metalsတွေပါဝင်နေပါတယ်။ Rare Earth Metalsဒြပ်စင်များအင်မတန်အသုံးဝင်တာကြောင့်အနာဂတ်မှာပြဿနာဖြစ်လာဖို့အလားအလာအများဆုံးသောဒြပ်စင်များ ပဲလို့ဆိုကြပါတယ်။၁၉၆၈ခုနှစ်ကတည်းကတရုတ်ခေါင်းဆောင်တိန့်ရှေင်ပင်းက “အရှေ့အလယ်ပိုင်းမှာရေနံရှိတယ်၊တို့ဆီမှာလည်း Rare Earth Metalsတွေရှိတယ်”လို့ပါတီကွန်ဂရက်မှာပြောကြားခဲ့ဖူးတယ်။ယနေ့ကမ္ဘာမှာလိုအပ်တဲ့Rare Earth Metalsပမာဏရဲ့၉၂% ကိုတရုတ်ကထုတ်လုပ်တင်ပို့ရောင်းချနေပါတယ်။ဒီတော့တရုတ်ဟာRare Earth Metalsတွေကိုသူရောင်းချင်တဲ့သူမှရောင်းလို့ရလို့ရတယ်။ ရောင်းချင်တဲ့ဈေးနဲ့ရောင်းနေတယ်။ဝယ်လိုအားများနေတဲ့အတွက်လည်းကြိုက်သလိုဈေးနှုန်းမြှင့်တင်ရောင်းချနိုင်တယ်။အမှန်မှာRare Earth Metals ကိုကမ္ဘာတစ်ဝန်းလုံးနေရာအနှံမှာတွေ့နိုင်ပါတယ်။Rare Earth Metalsအများဆုံးရှိတာကအမေရိကန်ပြည်ထောင်စုမှာပါပဲ။ဒါပေမဲ့အမေရိကန်ပြည်ထောင်စု ကထုတ်လုပ်စရိတ်တွက်ခြေမကိုက်လို့မထုတ်လုပ်တော့ဘဲဝယ်ယူသုံးစွဲနေတာဖြစ်တယ်.။ကနေ့မှာအမေရိကန်ကုမ္ပဏီတွေဟာကယ်လီဖိုးနီးယားက Mountain Pass မှာပြန်လည်ထုတ်လုပ်ဖို့စိုင်းပြင်းနေပါတယ်။ဒါပေမဲ့စက်ကိယာတပ်ဆင်ပြီးအမြတ်ရအောင်ထုတ်လုပ်ဖို့ ၂နှစ်လောက်တော့ကြာဦးမှာဖြစ်တယ်။တရုတ်ကတော့ Rare […]


(၆၃) ကြိမ်မြောက် အာဆီယံ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကော်မတီ အစည်းအဝေး (The 63 rd Meeting of the ASEAN Committee on Science and Technology) ကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ မေလ ၁၄ ရက်မှ ၁၈ ရက်နေ့ အထိ ကျင်းပနေပါတယ်။ အဆိုပါအစည်းအဝေးတွင် အာင်္ဆီယံဒေသတွင်း နိုင်ငံများအချင်းချင်း သိပ္ပံနှင့်နည်းပညာဆိုင်ရာကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး သုတေသနပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာပူးပေါင်းဖလှယ်ရေး ၊သိပ္ပံနှင့်နည်းပညာဆိုင်ရာ ရန်ပုံငွေကိစ္စများ ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး ကျင်းပသည့် နောက်ဆုံးရက်(၁၈.၅.၁၂)တွင်  ဆွေးနွေးဘက်နိုင်ငံများအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဥရောပသမဂ္ဂ၊ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့လည်း တက်ရောက်မှာဖြစ်ပါတယ်။ ယနေ့ အစည်းအဝေးတွင် အဆိုပါဆွေးနွေးဘက်နိုင်ငံများအနေဖြင့် အာဆီယံနိုင်ငံများအား သိပ္ပံနှင့်နည်းပညာ […]


လေအားလျှပ်စစ် လေအားလျှပ်စစ်ဆိုသည်မှာ လေတိုက်ခတ်ရာမှ တဆင့် တပ်ဆင်ထားသော ဒလက်များ လည်ပါတ်ပြီး ဒလက်များနောက်တွင် တပ်ဆင်ထားသော တာဘိုင်မှ လျှပ်စင်စွမ်းအင် ထုတ်ယူခြင်းကို ဆိုလိုပါတယ်။  အသေးစားအိမ်သုံးအရွယ် လေအားလျှပ်စစ်ထုတ်ယူသည် တာဘိုင်ငယ်မှာ အချင်း ၈ ပေ နှင့် ၂၅ ပေ အကြား ရှိပါတယ်။ တိုင်မှာ မြေပြင်မှ ပေ ၃ဝ ခန့် ထောင်ရပြီး အိမ်သုံး လျှပ်စစ်သုံးစွဲမှု့ပမာဏ (သို့) လုပ်ငန်းငယ်များအတွက် သုံးစွဲနိုင်ပါတယ်။ ကောင်းကျိုးများ ၁။ လေအားလျှပ်စစ်မှ စွမ်းအင်ရယူရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ဆီလျှော်မှု့ရှိပါတယ်။ ထို့ကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် နှင့် အန္တရယ်ရှိစေသော လေတွင် ပျှော်ဝင်နိုင်သော ညစ်ညမ်းမှု့ မရှိ့ပါ။ ၂။ မည့်သည့် လောင်စာမှ သုံစွဲရန်မလိုဘဲ ထုတ်ယူရရှိနိုင်ပါတယ်။ ၃။ […]


BurmaOctober 6, 20111min1689
ကျွန်တော် က နဝမတန်း ကျောင်းသားဆိုတော့ ကျောင်းသားအတွေး ကလေး အတွေး နဲ့ တွေးထားတာဆိုတော့ မှားနေတာရှိရင် ခွင့်လွှတ်ပါနော်. .   ဒီလိုဗျ. .. ပူဖောင်းတစ်လုံးကို ခြေထောက်နဲ့ဖိထားလိုက်တဲ့အခါမှာ ပူဖောင်းက တင်းခံထားပေမဲ့ ကြာတဲ့အခါမှာ ပေါက်သွားတော့ ခြေထောက်က လွတ်ကျသွားတယ်. . . အဲဒိ သဘောအတိုင်း ကျွန်တော်တို့ နေထိုင်ရာ ဂြိုလ်ကြီးမှာ လူတွေက ရေနံတွေ ၊သဘာဝဓာတ်ငွေ့ ၊ မြေအောက် အဝီစိတွင်းရေ ၊ တွေ ထုတ်ယူနေတဲ့အခါမှာ မကုန်ဘူးဆိုတဲ့ နေ့တော့ မရှိပါဖူး.. .  အဲ့လိုနဲ့ တဖြည်းဖြည်း လျော့ကျသွားတဲ့အခါမှာ ခုနက ပူဖောင်း သဘောတရားလို ကျွန်တော်တို့ ဂြိုလ်ကြီးကငလျင်တွေ ၊ မီးတောင်တွေ ၊ ဆူနာမီတွေ […]


POLSeptember 25, 20111min910
ဧရာဝတီမြစ်ဆုံရေးအတွက် နယ်ပယ်အသီးသီးမှပေါင်းဆုံပါဝင်ခဲ့ကြတဲ့ ဟောပြောပွဲတစ်ခုကို (၂၄၊၉၊၂၀၁၁) ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဟောပြောပွဲကို ထွန်းလွင်ဖောင်ဒေးရှင်း၊ ဂျူးဖောင်ဒေးရှင်း၊ Eco Dev၊ မုံရွေးစာအုပ်တိုက် တို့က ပူးပေါင်းပြုလုပ်တာလို့သိရပါတယ်။ အဲဒီပွဲကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောပညာရှင် ဦးအုန်း ကအဖွင့်အမှာစကားပြောကြားပြီး Eco Dev မှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူ၊ ထွန်းလွင်ဖောင်ဒေးရှင်းမှ ဒေါက်တာဦးထွန်းလွင်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ကချင်တိုင်းရင်းသား ဒူဝါဇောင်ဂမ် တို့က ဆွေးနွေးဟောပြောခဲ့ကြပြီး Eleven Media Group မှ CEO ဒေါက်တာသန်းထွဋ်အောင် ကနိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်ဟုသိရပါတယ်။ ဟောပြောပွဲကို ရဟန်းသံဃာတော်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ စာပေအနုပညာ၊ လူမှုရေး နယ်ပယ်စသည့် နယ်ပယ်အစုံမှ စိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြပါတယ်။ သတင်းနှင့်ဟောပြောချက်အပြည့်အစုံကို www.news-eleven.com […]


loneSeptember 14, 20111min26613
Mobile Guide ဂျာနယ် ထဲမှ ကြည်သာမောင် ရေးသားထားသော“ ရုပ်ရှင်ထဲမှ ခပ်ညံ့ညံ့ အတွေးခေါ်များ” ခေါင်းစဉ်နဲ့ပတ်သက်ပြီး ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်။ ပထမဆုံးဖတ်လိုက်တော့ ဒီခေါင်းစဉ်ကိုသိပ်တော့ မကျေနပ်ဘူး။ ဘယ်လိုပဲဖြစ်နေပါစေ ခပ်ညံ့ညံ့အတွေးခေါ်ဆိုတာကြီးကိုတော့ မသုံးသင့်ဘူးထင်ပါတယ်။ နောက်ပြီး ဖြစ်နိုင် သည်ဖြစ်စေမဖြစ်နိုင်သည်ဖြစ်စေ… ရုပ်ရှင်ကိုစော်ကားလိုက်သလို ဖြစ်သွားတယ်လို့ ထင်မိပါတယ်။ အဲဒါကြောင့် တို့မြန်မာလူမျိုးတွေက သူများကိုဝေဖန်ဖို့ဆို ထက်ကနဲ ပါပဲ။ ကိုယ်ကိုယ်တိုင် ရိုက်နိုင်လားဆိုတော့ လည်း ဒီလိုရုပ်ရှင်မျိုးမရိုက်နိုင်ကြဘူး။ နောက်ပြီး ဘောလုံးပွဲများတွင်လည်း ထိုနည်းတူစွာပင် ဝေဖန်ကြသေးသည်။ ဘယ်လိုကန်လိုက်ပါလား … ဒီလိုကန်လိုက်ပါလား .. အမှန်တကယ် ဆိုဒီလိုကန်ရင် ရတယ်…ဆိုပြီး ဘောလုံးပွဲကြည့်ရင်းဝေဖန်ရေးသမားများကို လည်း ကြုံဖူးသည်။ နောက်ပြီး မြန်မာနိုင်ငံနမည်ကြီးဘောလုံးသမားများက ဘောလုံးအကြောင်းဝေဖန် ထားတဲ့အစီအစဉ်ကို လည်း ကြည့်ဖူးကြမယ်ထင်ပါသည်။ ကိုယ်ကိုယ်တိုင်ကတော့ သူတို့လိုမကန်နိုင်ဘဲ […]


Shwe EiAugust 10, 20111min830
စွန့်ပစ်ခြင်း ကျွန်မတို့ ဝယ်ယူတဲ့ပစ်စည်းတွေ နောက်ဆုံးဘာဖြစ်ကုန်ကြသလဲ။ ဒီနှုန်းနဲ့ဝယ်ယူစားသုံးနေမှတော့ ကျွန်မတို့ရဲ့အိမ်တွေမှာ ပစ်စည်းတွေထားဖို့နေရာက မရှိတော့ဘူးပေါ့။ ဒါတောင် အမေရိကန်ပြည်ထောင်စုက အိမ်တွေရဲ့ပျမ်းမျှအရွယ်အစားက ၁၉၇ဝ ကျော်ကာလနေစလို့ နှစ်ဆကြီးမားလာခဲ့တာ။ စောစောကမေးခွန်းရဲ့အဖြေကတော့ ပစ်စည်းတွေအမှိုက်ပုံကိုရောက်ကုန်တယ်ဆိုတာပါဘဲ။ ဒါက ဒီကုန်ထုတ်လုပ်မှုစနစ်ရဲ့ စွန့်ပစ်ခြင်းအပိုင်းပေါ့။ ဒီအပိုင်းက ကျွန်မတို့အသိဆုံးအပိုင်းလို့လည်း ဆိုနိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီစွန့်ပစ်ပစ်စည်းတွေကို ကျွန်မတို့ကိုယ်တိုင် အိမ်ထဲကနေ ခက်ခက်ခဲခဲဆယ်ထုတ်ပြီး၊ အမှိုက်ကား၊ အမှိုက်လာသိမ်းမဲ့ ပလက်ဖေါင်းစွန်းဆီ သွားပို့တာကိုး။ အမေရိကန်ပြည်ထောင်စုမှာတော့ ကျွန်မတို့ဟာ တနေ့ကိုအမှိုက် ၄.၅ ပေါင်ထုတ်လုပ်ပါတယ်။ ဒါက အိမ်ထောင်တခုချင်းစီရဲ့ အမှိုက်ထုတ်လုပ်မှုပမာဏနော်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ နဲ့ယှဉ်ရင် ၂ဆပေါ့။ ဒီအမှိုက်တွေကို ကျင်းတူးပြီးမြေမြုပ်တာဘဲ။ ဒါမှမဟုတ် မီးအရင်ရှို့ပြီးမှ မြေမြုပ်တာ။ ဒါဆိုရင်တော့ ရှင်တော်တော်ကံဆိုးလို့ဘဲ။ အဲဒီနည်းနှစ်ခုထဲက ဘယ်နည်းကိုဘဲသုံး သုံး၊ ရေ၊ […]


Shwe EiAugust 9, 20111min1084
ဝယ်ယူစားသုံးခြင်း (အပိုင်း ၂) ၁၉၅ဝ နှစ်လွန်ကာလတလျောက်က ဒီဇိုင်းဂျာနယ်တွေမှာပါတဲ့ မှတ်လောက်သားလောက်စကားတွေကို ကျွန်မရှာဖွေ ဖတ်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီကာလက ”ပစ်စည်းများ အသုံးမသင့်တော့သည့် အခြေအနေဖြစ်ပေါ်လာစေရန် အကွက်ချစီမံခြင်း” စီမံချက်က အတော်အရှိန်ရနေတာပေါ့။ အဲဒီ ဒီဇိုင်နာတွေက အတော့်ကိုပွင့်ပွင့်လင်းလင်းရှိတာကလား။ အသုံးအဆောင်ပစ်စည်းလည်း မြန်မြန်ပျက်၊ စားသုံးသူရဲ့ယုံကြည်မှုကိုလည်း ရမဲ့နည်းတွေကို သူတို့ဆွေးနွေးကြတော့တာပေါ့။ တကယ့်ကိုရည်ရွယ်ချက်ပါပါလုပ်ခဲ့ကြတာ။ ဒါပေမဲ့ ဝယ်ယူစားသုံးခြင်းကို အလျင်အမြန်စီးဆင်းစေဖို့အတွက်ဆို ပစ်စည်းပျက်မဲ့အချိန်ကို စောင့်နေလို့မဖြစ်ဖူးတဲ့။ ဒီတော့ ”စားသုံးသူကိုယ်တိုင်က မိမိပိုင်ဆိုင်သော ပစ်စည်းများအသုံးမဝင်/ ခေတ်မမှီတော့ဟု ခံစားလာစေမည့်အခြေအနေကို ဖန်တီးခြင်း” စီမံကိန်းကိုပါ ထည့်သွင်းလာကြတယ်။ အဲဒီစီမံကိန်းကြောင့် စားသုံးသူတွေဟာ သူတို့ရဲ့ပစ်စည်းတွေ အကောင်းပကတိ အခြေအနေမှာ ရှိနေသော်ငြား အမှိုက်ပုံဆီ ပို့ဆောင်လိုက်ကြပါတော့တယ်။ ဒီလိုဖြစ်လာအောင် သူတို့ဘယ်လိုလုပ်ကြသလဲ။ တခြားတော့ မဟုတ်ဖူး။ သူတို့က အသုံးအဆောင်ပစ်စည်းတွေရဲ့ ပုံပန်းကို အမြဲပြောင်းလဲကြတယ်။ […]