ကြေးမုံဂျီး လူလိမ်ဂျီးပါဗျို့…………….. ဟေ့….ကြေးမုံဂျီး လူဆိုရင် ပြောစကား မှန်ရတယ်ကွ။ လူတွေ တရားမစောင့် လိမ်ညာခဲ့ကြလို့ ကမာ္ဘဦး တည်ခဲ့တဲ့ နွယ်မြက်သစ်ပင် ဆေးဖက်ဝင် သစ္စာစကား ပျက်ယွင်းခဲ့တယ်။ အမှန်တရားဆိုတာ အမှားတရံ အမှန်ဖြစ်ဖို့ အမှားမကင်းပေမဲ့ မှားလို့မှားမှန်းမသိ အမှားကိုဖက်တွယ်နေရင်တော့ မှားလွန်းမက မှားနေပြီ ကြေးမုံဂျီး။ လောကမှာ ချစ်ခြင်းမေတ္တာဆိုတာ အရေးကြီးဆုံး တန်ဖိုးအထားအပ်ဆုံး အရာတခု..ဒါကို  တရုတ် ကူမြူနစ်ပါတီ အမာခံကေဒါဆိုတဲ့ မာန်မာနနဲ့ တငါငါစွဲပြီး ချစ်သူကြင်သူ နှစ်ဦးအကြား သွေးခွဲဖို့ကြံစည်တယ်။ ဘာတဲ့ ရှာရာပိုဗာ ဒီနှစ်ကုန်ရင် လက်ထပ်တော့မယ်တဲ့၊ သူ့လင်က ဆားဗီးယားလူမျိုး ဘက်စကတ်ဘောလ် အားကစားသမားတဲ့၊ အမေရိကန် အန်ဘီအေလိဂ်မှာ ကစားခဲ့ပြီး  အခုလက်ရှိ တူရကီမှာ ကစားနေတယ်တဲ့။ သူ့ရို့ဖာသာသူတို့ ရိုးရိုးသားသား အဖြူထည် သူငယ်ချင်းလိုခင်တာကို […]


mrphilipsAugust 22, 20121min21113
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို စုံစမ်း စစ်ဆေးဖို့ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဟာ လုပ်ငန်းတွေကို စတင်နိုင်ဖို့အတွက်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ ဩဂုတ်လ ၂၁ ရက်နေ့မှာလည်းပြည်ထောင်စု နယ်စပ်ရေးရာ ဝန်ကြီးကိုယ်တိုင်လာရောက်ပြီး နိုင်ငံတော်အစိုးရက လုပ်ဆောင်ထားတာတွေကိုသမ္မတရဲ့ကိုယ်စား ကော်မရှင်အဖွဲ့ဝင်တွေကိုလာရောက် ရှင်းပြခဲ့တယ်လို့ ကော်မရှင် အဖွဲ့ဝင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ ရခိုင်ပြည်နယ်အတွင်း ဇွန်လတုန်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ စုံစမ်း စစ်ဆေးဖို့ သမ္မတက ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ဟာ သူတို့ရဲ့ လုပ်ငန်းတွေရဲ့ ပထမခြေလှမ်းအဖြစ်နဲ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ပထမဆုံးအကြိမ် ကော်မရှင်အဖွဲ့ဝင်အားလုံး ပါဝင်တဲ့ မျက်နှာစုံညီ စည်းဝေးပွဲတခု ကျင်းပခဲ့ကြတာပါ။ အဲဒီမှာ ကော်မရှင်ရဲ့ လုပ်ငန်းတွေကို ဘယ်လို ချဉ်းကပ်လုပ်ဆောင်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ […]


City JoggerAugust 20, 20121min14510
နေရာ။ ။ သမိုင်းလမ်းဆုံ ၊ အင်းစိန် လမ်းမကြီးပေါ်။ ဖြစ်ရပ်။ ။ကားလမ်းလမ်းဆုံ တြိဂံပုံကျွန်း၊ ပန်းစိုက်ခင်း????? လူသွားစင်္ကြန်????။ တာဝန်ရှိသူ။ ။ စည်ပင်-????????။ ကားလမ်းမီးပွိုင်.ဘေး တြိဂံ ပုံ ကျွန်းလေးကို လူသွားလမ်းပေးမထားဘဲ ပန်းအပြည့်စိုက်ထားခဲ့တာ မကြာသေးပါ။ စိတ်ထင် ၂လ လောက်ဘဲရှိပါအုံးမယ်။ အခု ဓါတ်ပုံထဲကလိုဖြစ်နေပါပြီ။ ဖြတ်လျောက်တဲ့သူတွေကို အပြစ်မတင်ချင်ပါ။မတင်ရက်ပါ။ ဒီလောက်ကားရှုပ်တဲ့နေရာ၊လူကူးများတဲ့နေရာမှာမှ –အများပြည်သူတွေ မီးပွိုင့်ကို အန္တရာယ် ကင်းကင်း ဖြတ်ကူးနိုင်ဘို့ ထည့်မစဉ်းစားခဲ့တဲ့—-တာဝန်ရှိသူတွေရဲ့ အားနည်းချက်သာဖြစ်တယ် လို့ယူဆမိလို့ C J အဖြစ် သတင်းပို့တာပါခင်ဗျာ။ ၈မိုင်လမ်းဆုံ မီးပွိုင့် က အလားတူနေရာ ပန်းစိုက်ခင်းလေးဘေးမှာတော့ လူသွားစရာ အုတ်ခုံလေး လုပ်ပေးထားပါတယ်။ သာဓု၊သာဓု— ၂ ခွန်းခေါ်ပါတယ်။ အဲဒီ လူတစ်ယောက်သွားသာရုံအုတ်ခုံလေးပေါ်မှာမှ ဓါတ်တိုင်စိုက်ထားပါလေရော၊ […]


City JoggerAugust 16, 20121min37024
နေရာ။ ။ Coffee Circle ဘေးနားမှ တွဲလျှက် Hotel။ ဓမ္မစေတီလမ်း၊ရန်ကုန်မြို့ ။ တတိယထပ် ၃၀၅????? ဖြစ်ရပ်။ ။ One for Two- shower Hose။ နဲ နဲ တော့ ကြာ ပါပြီ၊ ၃လ လောက်ကပါ။ အလုပ်နဲ့ လာ တဲ့ မိတ်ဆွေ သူ့ဘာသာ Online Booking လုပ်ပြီး တည်းတုံးက ကြုံ ခဲ့ရတာလေး ပါ။ ပြသနာ ကိုယ့်ဆီရောက်လာလို့ Reception မှာ သွားပြောတော့-“ ဘာမှမတတ်နိုင်ဘူး၊ နေနိုင်ရင်နေ “ ဆိုလို့ ချက်ချင်း တခြားဟိုတယ်ကိုပြောင်းပေးလိုက်ရကြောင်းပါ။ ဒေါ်လာယူတဲ. ဟိုတယ် လုပ်နေပြီးတော့ဗျာ၊ ဓါတ်ပုံ တွေကို သာ ကြည့် […]


City JoggerAugust 15, 20121min21812
နေရာ။ ။ ဆင် ရေ တွင်း မှတ်တိုင် အနီး ၊ အင်းစိန် လမ်းမကြီးပေါ်။ ဖြစ်ရပ်။ ။ကားလမ်းအောက်မှ ရေများစီးထွက်နေခြင်း။ ကာလ။ ။ကြာ လှပြီ ဟုယုံကြည်ရ- ရေ ညှိတွေတောင်ထူလှပေါ့ ။ တာဝန်ရှိသူ။ ။ စည်ပင်-ရေ/သန့် ????????။ ကားလမ်းမကြီးပေါ်၊ ကတ်တရာ တဝက်တပျက် အဖုံးခံထားရတဲ့ Man Hole ကနေ ရေတွေတရဟော စီးထွက်နေတာပါ။မြေအောက်ရေပိုက်ပေါက်နေတာလို့ယူဆမိလို့  C J အဖြစ် သတင်းပို့တာပါခင်ဗျာ။ Man Hole ကနေ ရေတွေစီးထွက်နေပုံ။ တမံလေးတောင်တုတ်ပေးထားသေး။ ( သမိုင်းလမ်းဆုံအနီး၊ အောင် ဓမ္မ ရိပ်သာ ဆိုင်းဘုတ်/ မုဒ်ဦး အောက်တဲ့တဲ့ လမ်း မှာ ကြတော့ မြေကြီး ကနေ […]


politicalviewAugust 15, 20121min28213
ငြိမ်းချမ်းသာယာမှုအဖြာဖြာ စာဖတ်သူ အားလုံးပေါ်သို ့ကျရောက်ပါစေ။ အခုရက်တွေမှာ ရိုဟင်ဂျာကိစ္စနဲ ့ပတ်သက်ပြီး လွှတ်တော်အတွင်းမှာ သော်လည်းကောင်း လွှတ်တော်ပြင်ပမှာသော်လည်းကောင်း ဆွေးနွေးသံ ဝေဖန်သံ ငြင်းခုန်သံတွေဟာပွက်လောရိုက်နေပါတယ်။ နောက်ပြီးမီဒီယာအများစုကလည်း ဒါဟာ အစ္စလာမ်ဘာသာဝင်တွေကို ဖိနှိပ်တာ မဟုတ်ဘူး ဘာသာရေးလွတ်လပ်ခွင့် ဟာ မြန်မာနိုင်ငံမှာ အရမ်းရှိပါတယ် ဆိုပြီးရေးသားနေကျတာကိုတွေ ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် အရမ်းရှိပါတယ် ဒါပေမယ့် ဗလီတွေမှာ တစ်ရက်ကို ငါးကြိမ် တစ်ကြိမ်ကို ငါးမိနစ်လောက်ရှိတဲ ့အာဇာန်ပေးခွင့်ကိုဒီနှစ်ဆန်းပိုင်းမှာ အပိတ်ခံလိုက်ရပါပြီ။ အော်လံနဲ ့အာဇာန် ပေးတာကို သက်ဆိုင်ရာ ခွင့်မပြုကြောင်း ငါးကြိမ်ပေါင်း မှာ ၂၅ မိနစ်သာ ရှိတဲ့ ဟာလေးကိုအပိတ်ခံလိုက်ရပါတယ်။ ရပ်ကွက် ဓမ္မာရုံတွေ အလှူတောင်းတဲ့ ပွဲတွေမှာ အော်လံနဲ ့နာရီပေါင်းများစွာ အသုံးပြုလို ့ရနေတဲ ့အချိန်မှာ […]


win win 11 win win 11August 13, 20121min464318
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ 3.5.2012 နေ့ကညဖစ်ပွားခဲ့တဲ့အရေးအခင်းမှာ သံတွဲမှ သတင်းပေးသူကတော့ ကျော်ကျော်(ခ) ထွန်းသန့်ကျော်(ခ)ပွကြီး(ခ)ပါလေရာ(ခ) ကပ်ဖား(ရဲအောင်လံဂိတ်မှူးပါ) ဒီလူက ဘယ်ကားမှာ ကုလားဘယ်နှစ်ယောက်ပါသွားတယ်ဆိုတာကို တောင်ကုတ်ကိုသတင်း ပို့သူပါ 29.4.2012 နေ့ကစပြီးတောင်ကုတ်မြို့ပေါ်မှာ သဟာရအသင်းမှစာတွေဝေ ဓါပုံတွေဖြန့် လုပ်နေတာကို ဒေသအာဏာပိုင်တွေက ဟန့်တားခြင်းမပြုပဲ အခင်းဖြစ်လာသည်ထိကြည့်နေ ကြပါတယ် ပြီးတော့ သက်သေမရှိဟုဆိုကာ ရေငုံနုပ်ပိတ်နေကြပါတယ် ပြောပြပါ့မယ် ပထမတရားခံက ကျောက်နီမော်က မော်တော်ပိုင်ရှင်တစ်ယောက်ပါ (နာမည်ရရင်တင်ပေးပါမယ်) ဆိုသူက ဒီခလေးမဓါတ်ပုံကိုအတင်းရိုက် ပြီးတော့ဆေးရုံမှာ ခွဲစိတ်ရန်ဝတ်လစ်စလစ်နဲ့ ဖြစ်နေတဲ့ပုံကိုတပည့်တစ်ယောက်အတင်းသွားရိုက်ခိုင်းပါတယ် ပြီးတော့ ဒီလူကရန်ကုန်ကိုတက်သွားပါတယ် ရန်ကုန်မှာကွန်ပျူတာနဲ့ ပြင်ပါတယ် ပြီးတော့ဂျာနယ်မှာဖွပါတယ် သတင်းမီဒီယာတွေဆီပို့ပါတယ် ပြောချင်တာက အဖြစ်ကျူးလွန်တဲ့တရားခံကိုတော့ အဲ့ဒီနေရာတင်သတ်ပစ်ရမှာပါ တော်တော်လူမဆန်တဲ့ကိစ္စပါ ကျွန်တော်တို့လဲ ရင်နာမိပါတယ် ပြီးတော့အဲ့ဒီ ကျောက်နီမော်က မော်တော်ပိုင်ရှင်က တောင်ကုတ်မှာ လျှပ်စစ်ပစ္စည်းဆိုင်ရောင်း နေတဲ့ ကျောက်နီမော်ရွာသားဆိုသူဆီကိုဒီပုံတွေ […]


လွန်ခဲ့တဲ့(၃)လကျော်က နေ့လေးတစ်နေ့… သူငယ်ချင်းတစ်ယောက်နဲ့ ထိုင်နေကြ လက်ဘက်ရည်ဆိုင်လေးမှာဆုံဖြစ်ဖို့ချိန်းထားကြတယ်… နယ်မှာတာဝန်ကျနေတဲ့သူငယ်ချင်းမို့ ကျွန်တော်နဲ့မတွေ့ဖြစ်တာ (၂)နှစ်လောက်ရှိပြီ… ကျွန်တော်ကလဲ သူငယ်ချင်းကိုတွေ့ချင်တာတစ်ကြောင်း၊ ကျွန်တော်ထိုင်နေကျလက်ဘက်ရည်ဆိုင်လေးမှာချိန်းပြီး ညနေစာ အတူတူသွားစားမယ်ဖို့ရည်ရွယ်ချိန်းဆိုလိုက်မိပါတယ်… ညနေပိုင်း(၄)နာရီခွဲလောက် သူငယ်ချင်းရောက်လာတော့… သူနဲ့အတူတူ သူငယ်ချင်းရဲ့ညီမအငယ်ဆုံးလေး (၇)တန်းကျောင်းသူတစ်ယောက်ပါလာတယ်… ကျွန်တော်နဲ့လဲ ငယ်ငယ်တုန်းက သိကျွမ်းပြီးသားမို့ ကလေးက သိပ်မစိမ်းနေပေမယ့်တွေ့ခါစမှာတော့ ခပ်ရှိန်ရှိန်ဖြစ်နေပါတယ်… ကျွန်တော်သတိထားလိုက်မိတာက ကလေးမလေးရဲ့မျက်ဝန်းမှာ မျက်ရည်စတွေနဲ့… ကျွန်တော်က ကလေးမလေးကို ကြောင်တောင်တောင်ဖြစ်မနေအောင်…စကားတွေပြောရင်း ငိုနေရတဲ့အကြောင်းအရင်းကို အဖေကြီးရိုက်လို့လား… အမေကြီးဆူလို့လားစသည်ဖြင့်…ကလေးမလေးစိတ်ရွှင်လာအောင် စကားတွေပြောမိရာက သူငယ်ချင်းမှတစ်ဆင့် ကလေးမလေးရဲ့ပြသနာ အရင်းအမြစ်ကိုသိလာရပါတယ်… “ ဒီလိုကွာ… ငါ့ညီမလေးက အငယ်ဆုံးလဲဖြစ်… ငါတို့နဲ့ကျတော့ အသက်ကလဲကွာ… အိမ်မှာက မိဘတွေနဲ့ပဲနေရတာများတော့ သူ့ခမျာအပေါင်းအသင်းမက်သကိုး… ခက်တာက လက်ရှိသူ့နားက အပေါင်းအသင်းတွေက သူ့ကိုကျဉ်ထားကြတယ်… အခုလဲသူ့အပေါင်းအသင်းတွေက ဝိုင်းပြောကြလို့ ဝမ်းနည်းပြီးအိမ်မှာငိုနေလို့ စိတ်ပြေလက်ပျောက်ဆိုပြီး…ငါခေါ်လာတာ…” “ […]


the bestJuly 20, 20121min34225
ဖုန်းဘီလ်စနစ်မှ ငွေဖြည့်ကဒ်စနစ်သို့ ပြောင်းလဲအသုံးပြုနေသော မိုဘိုင်းဖုန်းကဒ်အချို့၏ ညဘက် (၁၁) နာရီ ကျော် ဖုန်းခေါ်ဆိုခမှာ (၂၅)ကျပ ်မဟုတ်ပဲ ကျပ်ငွေ (၅၀)အပြည့် ပေးဆောင်နေရတယ်လို ့ သုံးစွဲသူများထံက သိရှိရကြောင်း သတင်းများထွက်နေပါတယ်။ အရင်တစ်ခါကလည်း MISS CALL  ကိုငွေကျပ် (၃၀၀) ဖြတ်တာလည်းဖြစ်ခဲ့ဘူးတယ်။ အမှားကိုဝန်ခံတောင်းပန်တာလည်းမရှိခဲ့ဘူး။အခုလည်း သတင်းစာကနေ တရားဝင်မရှင်းသေးဘူး။   GSM ဖုန်းတွေ အင်တာနက်သုံးလို ့ရအောင် (၁၀၀၀၀)ကျပ် သွင်းရတယ်။ ပြင်ပဆိုင်ကိုလုပ်ခိုင်းရင်(၁၁၀၀၀)ကျပ်ပေးရတယ်။ ၃ရက်ကြာမှလိုင်းဖွင့်ပေးတယ်။ တစ်ချို ့ဆိုင်က (၁၇၀၀၀)ကျပ်ပေးရတယ်။နေ ့ချင်းလိုင်းဖွင့်ပေးတယ်။   ၂သိန်းတန် GSM ဖုန်းတွေ က 3G ရပြီး၊ ဝ၉-၅၀—— နဲ ့အရင် GSM ဖုန်းတွေ က 3G မရဘူး။ […]


hnin saiJuly 10, 20121min44229
အနက်ရောင်နယ်မြေ(တောင်ကုတ်)ကထုံးစံအတိုင်းနေခင်းကြောင်တောင်လူ(၁၀)ယောက်သတ်မှု အလောင်းဖျက်ဆီးမှု၊ပစ္စည်းလှုယက်ယူမှုတို့အား သက်သေလုံးဝမပေါ်အောင်ဖုံးထားနိုင်ခဲ့သည် ဟုသိရှိရပါသည်။ မေလ ၂၈ ရက်ကိစ္စအားဘာသာရေး၊လူမျိုးရေးသုံးသပ်ချက်များနဲ့စတင်ပြီးတောင်ကုတ်မြို့တွင်စ တင်ဝေငှပါသည်။တောင်ကုတ်မီဒီယာသမားတွေစဖွပါတယ်။တောင်ကုတ်မြို့ခံတွေအားလုံးပါသိပါတယ်၊မြို့ထဲမှာစာရွက် တောင်ကုတ်မြိုှုသားများမပါဆိုသည်မှမဟုတ်ပါ၊သူတို့မသိဘဲတောင်ကုတ်တွင်ဘာမှလုပ်မရပါ မြို့ကလေးစဇီးစေ့လောက်သာရှိပါသည်။ ကျောက်နီမော်ကိစ္စတုံးက မွတ်ဆလင်တွေကိုယ်တိုင်ဝိုင်း ဖမ်းပေးတာပါ တရားခံကို၊အခု တောင်ကုတ်သူတို့မြို့မှ ဖြစ်တာမြို့ ပျက်သွားနိုင်တာသိရဲ့နဲ့လုပ် ကိုင်ခြင်းသည် သူတို့ ကိုယ်တိုင်ပါဝင်နေသောကြောင့်သာဖြစ်သည်။ အခင်းဖြစ်နေ့နံနက်က တရားဝင်ဝေထားတာပါ။RNDP ပါတီနဲ့ သာသနနုဂ္ဂဟအဖွဲ့တို့ပါဝေနေတာပါ။ လူတိုင်းသိပါတယ်၊ ။တောင်ကုတ်မှာရှိတဲ့စားသောက်ဆိုင်တွေမှာအရက်အလကားလူတိုင်းရဲဆေးတင်တဲ့အနေနဲအလကားသောက်ခွင့်သောက်ခွင့်ပေးထားပါတယ်၊ အဲဒါအပြင်အရက်ပုလင်းတွေကိုလဲအခမဲ့လိုသလောက်ယူခွင့်ပေးထားပါတယ်။ယာဘာလဲချခွင့်ပေးတယ် လူရာနဲ့ချီတဲ့အုပ်လိုက်လှုပ်ရှာနေတာကိုအားလုံသိပေမဲ့တောင်ကုတ်ထုံးစံအတိုင်းအပြင်ကိုသတင်းမပေါက်ကြား ရဘူးတဲ့၊ရဲတွေ၊ထောက်လှမ်းရေးတွေမရှိတော့ဘူးလား၊မသိတော့ဘူးလား၊ မြို့ခံထဲမရောသတင်းပေးနိုင်တဲ့လူတစ်ယောက်မှကိုမရှိ၊အင်တာနက်မှာ ဓါတ်ပုံတစ်ပုံတောင်မတက်လာတာမြို့လူမိုက်တွေဘယ်လောက်ညီတယ်ဆို တာပြတာပါ။နောက်ဆုံးကတော့လူမိုက်ကညီတော့သတင်းပေါက်တဲ့လူပြန်လမ်းမရှိတဲ့၊ (၁)ကားကိုအချိန်မှီသံတွဲကမလာအောင်တားနိုင်ဖို့အချိန်ရတယ်ဖုန်းတွေအများကြီးရှိတယ် ဘာမှမပြောဘူး၊တမင်ဝင်လာအောင်တောင်ပြောသေးတယ်။ (၂)ကားဝင်လာရင်တောင်ကုတ်ကခရီးသည်တင်ရမှာတောင်ကုတ်ခရီးသည်လုံးဝမတင်ဘူး၊ (၃)တောင်ကုတ်တစ်မြို့လုံအပ်ကျတာကအစတောင်ကုတ်သိတဲ့ဂိုဏ်ချုပ်လူကြီးတွေရှိပေမဲ့သံတွဲခရိုင်အာဏာပိုင်တွေကို အသိမပေးခဲ့ဘူး (၄)လမ်းတစ်လမ်းထဲရှိပြီးဖြောင့်တန်းနေတဲ့လမ်းပေါ်မှာလူအုပ်နဲ့ချီပြီး နတ်ပင်ကြီးဆို့တဲနေရာမှာပိတ်ဆို့ဖျက်ဆီးဖို့နဲ့မြို့လယ်လမ်း ဆုံပြန်မောင်းခိုင်းတာရဲတွေတောင်ပါတယ်တဲ့၊ပြီးမှရှောင်ထွက်သွားတာတဲ့ (၅)ကားပေါ်ကနေဆွဲချပြီးနိုင်ငံသားလူ(၁၀)ယောက်လုံးကို ရက်ရက်စက်လုပ်နေတာသေနတ်သံ၊ဟန့်တားထိမ်းတဲ့အသံတစ်ခွန်းမှ မတွက်လာဘဲမြှောက်ပေးတဲ့အသံတွေဘဲထွက်လာတယ်။ (၆)လူကြီးတွေကမြို့ကလူတစ်ယောက်မှမပါဆိုတာအံဩ စရာလံကြုတ်ကြီးပါ၊ကလေးတွေကအစအကုန်သိတယ် (၇)သူတို့မပါပါဘူးအခြားနယ်တွေကလူတွေလာလုပ်တယ်ဆိုရင်လူ ၄၀၀၊ ၅၀ဝရာ ဘာတွေနဲဘယ်အချိန်ကဘဲရောက်လာလဲ ဇီးစေ့လောက်ရှိတဲ့မြို့မှာဘယ်မှာနေကြလဲ မြို့ခံတွေမသိတော့ဘူးလား ကို်ယ်မြို့ထဲမှာလူများကလာလုပ်ချင်တိုင်လုပ်လို့ရလားယုတ္တိမရှိတာတွေ အသံကောင်းလာဟစ်နေတယ်။ မြိုု့ထဲလူစိမ်းဝင်လာရင်တောင်လု့မလို့ရိုက်မလိုု့လုပ်တဲ့တောင်ကုတ်မြို့ကလူမိုက်တွေ ဒါကိုမသိဆိုတာချီးစားပြီးပြောတောင်ယုံမှာမဟုတ်ပါဘူး။ […]


shwe tallatrJuly 3, 20121min1414
ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းဒေသကြီးတွေတွင် ဇီယာ(ဝါ)နှံကားဆန်နှင့်ဆန်ကွဲများဈေးအလွန်တက်သွားသောကြောင့် အခြေခံလူတန်းစားများနှင့်တောင်သူလယ်သမားများမှာ စားဝတ်နေရေးအခက်အခဲနဲ့ရင်ဆိုင်နေရပါသည်။ဧရာဝတီတိုင်း ဒေသကြီးမှာဆိုလျှင် ဘဲမွေးကာအသက်မွေးဝမ်းကျောင်းလုပ်သူများမှာယ္ခင်ဈေးနှုန်း(၈၀၀ဝ ကျပ်မှယ္ခု၁၁၀၀ဝကျပ်ဈေးဝယ် ယူရသောကြောင့်၊ ဘဲဥရောင်းရငွေနဲ့ချိန်လျှင်ဘယ်လိုမှမကိုက်ညီသောကြောင့်) မော်လမြိုင်ကျွန်းမြို့နယ်ရှောက်ချောင်းကျေးရွာနေ မသင်းသင်းတို.မိသားစုမှအလုပ်လုပ်ရတာအဆင်မပြေကြောင်းညဉ်းထွား သွားပါသည်။ထို.ပြင်လယ်သမားများကလည်း၎င်းတို.နှံစပါးဈေးရောင်းချတုန်းက(၂၈၀၀၀၀)နှစ်သိန်းရှစ်သောင်းသာရရှိကာ ယ္ခုအခါတွင်(၃၆၀၀၀၀)သုံးသိန်းခြောက်သောင်းဈေးဖြစ်နေပါသောကြောင့် ယ္ခုအခါလယ်သမားလက်ထဲမှာစပါးမရှိပဲပြန်ဝယ်စားရသောအခါဈေးများကြီးမြင့်နေသောကြောင့်အခက်အခဲနဲ့ရင်ဆိုင်နေရပါ သည်။စက်ရုံအလုပ်ရုံအခြေခံလုပ်သားများမှာလည်း နှံကားဆန်ဈေးကြီးနေပါသဖြင့်ဝယ်စားရန်အခက်အခဲရှိနေပါသည် သို့ပါသောကြောင့်မြန်မာပြည်မှစာနယ်ဇင်းမီဒီယာများနှင့်အစိုးရအဖွဲ.အစည်းများကြည့်မနေကျပါရန် တိုင်းပြည်အကျိုးမျှော်နှိုးဆော်လိုက်ရပါသည်ခင်ဗျား။ (အရေးအသားအထာမကျရင် သည်းခံပေးပါရန်)


same kyawJune 29, 20121min35328
မနေ့က အီဂျစ်ပြည်က မြန်မာသံရုံး ရှေ့မှာ အီဂျစ်ပြည်မှာရှိတဲ့ ရိုဟင်ဂျာအဖွဲ့တွေက မြန်မာပြည်မှာ  မြန်မာအစိုးရက ရိုဟင်ဂျာတွေကို နှိပ်စက်လို့ဆိုပြီး ဒီပုံတွေကိုင်ထားပြီးဆန္ဒပြတယ်လို့သိရပါတယ် သိရင်ပြောကြပါ ဒီပုံက မြန်မာပြည်မှာ ရိုက်တဲ့ပုံမဟုတ်ဘူးလို့ထင်ပါတယ်။အကြံပေးကြပါ။ ဂဇက်သူားများကို လေးစားလျှက်


the bestJune 23, 20121min25214
ပြည်သူတွေ အားလုံးလိုလို ဒီကိစ္စကို သိချင်နေကြတယ်။ နောက်ဆိုရင် ပုဂ္ဂလိက ဓါတ်အားပေးစနစ်ကလာတော့မှာ လျှပ်စစ်ဝန်ကြီးဌာနက ရှင်းရှင်းလင်းလင်း အသိပေးစေလိုပါတယ်။   လျှပ်စစ် မီတာထိန်းသိမ်းတာ သူတို ့မဟုတ်ဘူး။ ကိုယ့်မီတာ မလောင်အောင်၊ သူများတွေ ပျက်စီးပြီး မီးမခိုးနိုင်အောင်၊ ကိုယ်ကပဲ ထိန်းသိမ်းနေရတယ်။ တစ်လ (၁၀၀၀)ကျပ်ဆိုတာ သူကကိုယ့်ကိုပြန်ပေးသင့်တာလေ။   လျှပ်စစ်ဝန်ကြီးဌာနဆိုတာ ပြည်သူ တွေကို သေသေချာချာ ရှင်းပြတယ်။ အကြောင်းတစ်ခုခုကြောင့် မီတာ သူ ့ဘာသာသူ ပျက်သွားရင်တောင် ထိန်းသိမ်းခ ယူထားတဲ့ သူ ကတာဝန်မရှိဘူး။ တာဝန်မယူဘူး။ ပြည်သူတွေဆီက ငွေပြန် တောင်းတာ နည်းလမ်းမှန်သလား။