etoneJanuary 24, 20121min21618
ကျွန်မဒီဓါတ်ပုံလေးကို ရိုက်ထားခဲ့တာ ကြာပြီ … လပိုင်းလောက်တောင်ရှိတော့မယ် …. ဒါပေမယ့်ပို့စ်အနေနဲ့ တင်သင့်မတင်သင့် ဒွိဟစိတ်ဖြစ်နေသေးတာကြောင့် … အချိန်တစ်ခုကြာမှပဲ တင်ဖြစ်ခဲ့ပါတယ် … ။ မနက်တိုင်း ဖယ်ရီစောင့်စီးဖို့ …. အောက်ကြည့်မြင်တိုင်လမ်းပေါ်ကနေ … လှည်းတန်းဘက်ကို လိုင်းကား စီးရပါတယ် … ။ ၃ကားအဖြူ ၊ ၉ရ ဒိုင်နာကားတွေရှိပေမယ့် …. ကျယ်ကျယ်ဝန်းဝန်း အသက်ရှုချောင်ချောင်စီးရတဲ့ အဓိပတိ အဝါကားကို ရွှေးစီးဖြစ်တာ များတယ် … ။ ရိုးရိုးကားနဲ့ အထူးကား  ၊ ကားခ ထက်ဝက်ကွာပေမယ့် …. မနက်ပိုင်းကြည်ကြည်လင်လင်သွားချင်တဲ့ စိတ်နဲ့ စောင့်စီးဖြစ်ခဲ့တာပါ … ။အဓိပတိ အဝါကားက ဒဂုံတက္ကသိုလ်ထဲထိရောက်တာကြောင့် … ကျောင်းသူ၊ကျောင်းသားလေးတွေပါ စောင့်ပြီး စီးကြရှာတယ် … […]


Wai PhyoeJanuary 20, 20121min25715
ကျွန်တော်ကအရင်တုန်းကတော့ အဓိပတိပရိတ်သတ်တစ်ယောက်ပါ။နောက်ပိုင်း ကားအသစ်(တရုတ်မ)တွေ ပြောင်းပြီးကတည်းကလုံးဝမစီးတော့ပါဘူး။အဓိက ကတော့စီးချင်စိတ်ကိုမရှိတော့လို့ပါ၊ခုခေတ်က အားလုံးက အချိန်လုပြီးလုပ်နေရတဲ့ခေတ်ပါ။ အထူးကားဆိုပြီး ၂၀ဝပေးစီးရတယ်။မှတ်တိုင် တိုင်း ထိုင်တယ်ဗျာ တရားလား ကားကလဲမောင်းတာနှေးသေးတယ်။ကြားထဲထိုင်ခုံတွေကလဲလုံးဝအဆင်မပြေပါဘူး။ပြောချင်တာကတော့ “ကြာ” တာကိုပါ။ ဘယ်သွားသွားမရောက်နိင်တော့ပါဘူး။အထူးကားရဲ့စံနှူန်းထဲကတစ်ခုကိုပြော၇ရင် မြန်ဘို့မလို ပါဘူး။ဒါပေမယ့် အထူးကားလို့ခေါင်းစဉ်တပ်ပြီး မှတ်တိုင်တိုင်း ထိုင်တာတော့လွန်တယ်ဗျာ။ရိုးရိုး ၅ဝ တန်ကား တွေကကျော်တက်ကုန်တယ်။နောက်ပြီးသူတို့ကားကြီးတွေနဲ့ အိစိအိစိ သွားပြီး လမ်းပေါ်မှာလည်းကို့ရိုးကား ယားနဲ့ တကယ်ကိုအဆင်မပြေပါဘူးဗျ။ ဒါတွေကတော့ထားလိုက်ပါ။ရိုးနေကျပါပြီ ကျွန်တော်ပြောချင်တာက ကားသမားတွေမိုက်ရိုင်းတာကိုပါ။ပာိုတစ် နေ့က မဖြစ်မနေ အဲ့ဒီ တရုတ်မ ကိုစီးဘို့အခြေနေဖန်လာပါတယ်။ကယ်…..ဒီတစ်ခါတော့မထူးဘူးစီးရတော့မယ် ဆိုပြီး တက်စီးလိုက်မိပါတယ် ရူးရောဗျာ။ အထူးကားတဲ့ စုတ်ပြတ်သတ်နေတာပါပဲ။ဘယ်လောက်စုတ်လဲဆို ကားကထိုင်ခုံတွေမပါပါဘူး။ ကားအောက်မှာ စပါယ်ယာညအိပ်ထားတဲ့ ခြင်ဆေးခွေပြာတွေက လဲနေရာအနှံ့ပါ ပဲ။ပိုဆိုးတာက မရှိမဲ့ရှိမဲ့ကားခုံ က အရည်တောင်ထွက်နေပါပြီ။မှန်တွေကလည်းဖုန်တွေကြီးပါ။ ကားခုံမှာကပ်နေ တဲ့ဂျီးတွေကလည်းကလော်ထုတ်လို့တောင်ရပါတယ်။စပါယ်ယာတွေကလည်းစုတ်ပြတ်သပ်နေတာပါပဲ။ကြားထဲ ကွမ်းယာစားပြီး တပျစ်ပျစ်နဲ့ဗျာ။ကားအမိုးပေါ်ကစာဖတ်ကြည့်တော့ […]


mzmJanuary 13, 20121min25616
ကျနော်တို့ စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားရှိ ဂေါပကအဖွဲ့မှ ဘဏ္ဍာထိန်း ဦးအောင်သိန်းအား အတွင်းကျကျ လေ့လာစစ်ဆေး ပြီး လိုအပ်သလိုအရေးယူပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။ ထိုဘုရားလူကြီး ဦးအောင်သိန်းနှင့်အဖွဲ့သည် နှယ်လည့်အလှူခံလာသော ပိုက်ဆံများထဲမှ ကိုယ်ကျိုးအတွက် အရှက်အကြောက်မရှိ ဘုရားမကြောက် တရားမကြောက် အလွဲသုံးစား ပြုလုပ်နေသည်မှာ သီရိခေမာ ရပ်ကွက်အတွင်းနေထိုင်သူများအားလုံး အသိပင်ပင်ဖြစ်၏။ ထို့ပြင် ဦးအောင်သိန်းသည် ဂေါပကလူကြီးမဖြစ်ခင်ကလည်း ဖဲရိုက်၊အရက်သောက် ခိုးဆိုးပေတေသူတစ်ယောက် ယခုလက်ရှိမှာလည်း သမီးအရွယ်မိန်းကလေးနှင့် လူမသိသူမသိ ဖောက်ပြန်နေပါကြောင်း သတင်းရရှိပါသည်။ ရပ်ကွက်အတွင်းရှိ အတွင်းသိသူတစ်ယောက်အားမေးမြန်းကြည့်သောအခါ ထိုသူက(ညီလေးမင်းဘဲစဉ်းစားကြည့် အလှူခံလိုက်တဲ့နေ့ဆို ကလေးတွေ ပိုက်ဆံခွက်ထဲက တစ်ထောင်၊နှစ်ထောင်နိုက်တာကျတော့ လူရှေ့သူရှေ့ သူခိုးဆိုပြီး အရှက်လိုက်ခဲွံတာ၊သူတို့လူကြီးတွေ သိန်းချီပြီး ခိုးသုံးတာကျတော့ဘယ်သူမှတောင်မသိလိုက်ဘူး အဲဒီပိုက်ဆံတွေနဲ့ လူကြီးသူကောင်းလိုလို ဘာလိုလိုနဲ့ ရပ်ကွက်ထဲငွေတိုးချေးစားနေကြတာ တကယ့်တကယ် သူတို့ကမှ သူခိုးအစစ်တွေ)ဟုကျနော့်ကိုပြန်ပြောပြပါသည်။ (အရင်တုန်းက အရက်သောက်၊ဖဲရိုက် […]


phone_kyawJanuary 10, 20121min37438
တလောက အိတုံက ဦးဆောင်ပြီး ဂေဇတ်စုပေါင်းအလှူ လုပ်မယ်လို ့ပြောတော့ သာဓုခေါ်ရမယ်လို ့ဆိုချင်တယ်။ ပြီးရင် နာရေးကူညီမှူအသင်းကိုလှူမယ်ပေါ့။ အိုင်ဒီယာကောင်းပါတယ်။ ကျနော်လည်း လှူ ပါ့မယ်။ ဒါပေမဲ့ ခက်တာက လှူတဲ့သူတွေကလှူပြီး ပိုက်ဆံတွေကို ဘတ် သွားရင် ဘယ်လိုလုပ်မလဲ။ ယုံကြည်အောင် ထင်သာမြင်သာရှိအောင် ဘယ်လိုလုပ်ထားကြလဲမသိဘူး။ မြန်မာပြည်မှာ ခဏခဏ အလိမ်ခံနေရတာဆိုတော့ လှူတော့လှူချင်တယ် ဒါပေမဲ့ မယုံရဲဘူးဖြစ်နေလို ့ပါ။ ဆိုတော့ လှူတဲ့သူတွေ ယုံကြည်အောင် ဘယ်လိုမျိုးလုပ်ထားကြလဲဆိုတာ ပြောစေချင်တယ်။


ဖိုးထောင်January 4, 20121min18711
စာရေးရမှာ အလွန်အင်မတန်ပျင်းပေမယ့် ဂေဇက်သူငယ်ချင်းတို့အတွက် တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုပြောပြပေးချင်ပါတယ် ဆင်ခြင်နိုင်ရအောင်ပါခင်ဗျာ အဖြစ်ကဒီလိုဗျ – လွတ်လပ်ရေးနေ့ ဒီနေ.မနက်ကပေါ့ အိမ်မှာ ဆီကုန်သွားလို့ဈေးသွားပြီး ဝယ်တယ် ဈေးထဲကကုန်စုံဆိုင်မှာ ဆီဈေးမေးတော့ ပဲဆီသန့်က —-၊ စားအုန်းဆီက —–၊ စသည်ဖြင့်ပေါ့ ဒါနဲ့ဆိုင်မှာတင်ထားတဲ့ရန်ကုန်ပဲဆီသန့်ကို မျက်လုံးရောက်သွားပြီး ကိုယ်တတ်နိုင်တဲ့အတိုင်းအတာ ပုလင်းဈေးလေးမေးလိုက် တော့ ၂၃၀ဝိ/- တဲ့ ကျနော်လည်း ၁၀၀ဝ တန် ၂ ရွက် ၅၀ဝ တန် ၁ ရွက် ထုတ်ပေးပြီး အအမ်း ၂၀ဝ ပြန်ယူလိုက်တယ်၊ အိမ်ရောက် တော့ ထုံးစံအတိုင်း ပဲူပုတ်လေးဆီဆမ်း ထမင်းလေးနဲ့လွေးတော့တာပေါ့ ဒီထိတော့ ဘာမှပြဿနာမရှိသေးပါဘူး ပြီးတော့ ဟင်းတွေဘာတွေချက်ပေါ့ ဒါနဲ့ တစ်နေ့ခင်းကုန်သွားတယ်ဆိုကြပါတော့ ညနေ ရ နာရီ ညစာထမင်းစားမယ်ဆိုပြီး […]


ဦးတေဇ ပိုင်ဆိုင်သောအဓိကလုပ်ငန်းများ ၁။ အဲပုဂံ (Air Bagan) မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ်ပြီး ATR42-320, ATR72-500 နှင့် FOKKER-100 လေယာဉ်များ အပါအဝင် လေယာဉ် (၁၂) စင်းပါဝင်သည်။ ပြန်လည်ရောင်း ချမည်ဆိုပါက အမေရိကန် ဒေါ်လာ (၂၅) သန်းမှ သန်း (၃၀) အကြားတွင် ရရှိ နိုင်သည်ဟု ခန့်မှန်းရသည်။ ရန်ကုန်မြို့ရှိ အေးရှားဂရီးန် ဘဏ်ခွဲတခု ၂။ အေးရှားဂရီးန် ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank) နေပြည်တော် ဇဗ္ဗူသီရိမြို့သစ်ရှိ နေပြည်တော်ဘဏ်ရပ်ဝန်း၌ (၂၀၁၀) ဩဂုတ်လ ၆ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်။ Aureum Palace ဟိုတယ်တခု ၃။ […]


etoneDecember 23, 20111min14219
မြင်မြင်သမျှ ရေးချပြရမယ်ဆိုလျှင် ကုန်နိုင်မယ်မထင်ဘူး ။ ကိုယ်ကပဲ ကြုံတတ်လေသလား ၊ တိုက်ဆိုင်တာများလားမသိ တွေ့လိုက်ရလျှင် တကယ့်ကို စလန်ပေးချင်လောက်တဲ့အခြေနေမျိုးနဲ့ချည်းပါပဲ ။ စိတ်ထဲ ကြိတ်တွေး ၊ တအုံ့နွေးနွေးဖြစ်နေတာထက်စာလျှင် ပြောပြလိုက်တာက တခြားလူတွေအတွက်ပါ ဆင်ခြင်လို့ရမယ်ထင်လို့ ရေးမိပြန်တယ်လေ ။ ဒီနေ့လည်း အထက်လူကြီးရဲ့ ကောင်းမှု အကြောင်းပြုပြီး တောက်တိုမယ်ရ လုပ်ရပြန်တယ်လေ … လေယဉ်ပျံကြီးဆီးပြီး ခြေကြွလာတဲ့ဧည့်သည်အတွက် ငါးသိန်း GSM တလုံး သွားဝယ်ခိုင်းပါတယ် ။ ကျွန်မလည်း ရုံးနဲ့ အနီးဆုံး ဘုရင့်နောင်က ဖုန်းဆိုင်တွေဘက် ထွက်ခဲ့ပါတယ် ။ လူကြီးမင်း နဲ့ Elite နှစ်ဆိုင်မှာ ပိုက်ဆံချက်ချင်းရှင်း၊  ချက်ချင်းဝယ်လို့ရနေတာကြောင့် တစ်ဆိုင်ဆိုင်မှာ ဝယ်မယ်ဆိုတဲ့အတွေးနဲ့ပေါ့ … ။ လူကြီးမင်းဆိုင်မှာတော့ တစ်ခါက ဟမ်းဆက်ဝယ်ဖူးလို့ […]


Ma MaDecember 22, 20111min44839
ဓာတ်ပုံရိုက်တယ်လို့ ရိုးရိုးလေး ဆိုကြပေမယ့် ရည်ရွယ်ချက်တွေကတော့ အမျိုးမျိုး ဖြစ်ကြပါလိမ့်မည်။ အခုတလော ရွာထဲမှာ တင်နေတဲ့ ကိုပေါက် ရဲ့ လက်ဆော့ထားတာတွေကို ရိုက်ပြထားတာကိုတော့ သတင်းဓာတ်ပုံလို့ ပြောရမယ်ထင်တယ်။ (ကိုပေါက်ရဲ့ စိတ်ရှည်ဇွဲသန် သည်းညည်းခံပြီး ဓာတ်ပုံတွေ တင်နိုင်စွမ်းကတော့ အံ့မခန်းပါပဲ။) ကိုဘလက်တို့၊ နွယ်ပင်တို့ရဲ့ အချိန်နဲ့ တပြေးညီ တင်ပေးတဲ့ ကားတိုက်မှုသတင်းတွေဆိုရင် ခေတ်မှီအောင် ရွာထဲဝင်ရမည်လို့ ဆိုလိုက်သလိုပါပဲ။ ရွာမှာ အနေကြာပြီဖြစ်တဲ့ ဆရာမဝေဝေရဲ့ တရုတ်ပြည်သွား ဓာတ်ပုံတွေနဲ့ ခရီးသွားဆောင်းပါတွေက တရုတ်ပြည်တနံတလျှားကို ငွေမကုန် လူမပန်းပဲ သွားလိုက်ရတာပေ့ါ။ အန်ကယ်ကြီးရဲ့ ဩဒုက္ခ ဆိုတဲ့ ပိုစ့်က ဓာတ်ပုံဆိုရင်လည်း လူသားတွေရဲ့ ကိုယ်ချင်းစာတရားကို နှိုးဆော်ပေးဖို့ အင်မတန် အထောက်အကူပြုသွားတာစေတယ်လေ။ ယဉ်ငြိမ်းနွေးရဲ့ ရှမ်းစာလုပ်နည်းတွေကို ဓာတ်ပုံနဲ့တကွ တင်ပေး သင်ပေးတာကတော့ […]


theint theintDecember 17, 20111min24816
ကိုယ့်ညီကိုတို ့ရေ….ခုဒီနေရာ၊ဒီစာမျက်နှာ၊ဒီဝက်ဆိုဒ် မန်းဂေဇက်မှသည် ရွာသူ၊ ရွာသားအားလုံးကို ပြောပြချင်တာတွေကုန်အောင်ပြောသွားမည်။ထွက်ကန်,ကန်တယ်ပြောလဲ ပြောနိုင်သလို ဘယ်သို ့သောအပြစ်မဟူခံယူရန်အသင့်ဖြစ်ပါကြောင်း အမျိုးသီလကိုစောင့်စိသော ရက္ခိတနွယ်ဖွားတစ်ယောက်အနေဖြင့် ပန်ကြားတောင်းဆိုလိုက်သည်။ကျနော်တောင်းဆိုလိုသည်များမှာ___ ၁။လွတ်လပ်စွာရေးသားခြင်းအပေါ် နှောင့်ယှက်တားဆီးခြင်းနှင့် အဖြစ်မှန်များရေးသားခြင်းအပေါ်ထိရောက်စွာ ဖြေရှင်းချက်မပေးနိုင်သော လူပုဂ္ဂိုလ်များကို အရေးမယူခြင်း ၂။မဆိုင်သောကျနော်၏ ပို ့စ်ကို ပိတ်သိမ်းခြင်း၊ထိရောက်သေချာသောဖြေရှင်းချက်ပေးရန်တောင်းဆိုနေသည်ကို အယ်ဒီတာလုပ်သူကိုယ်တိုင် ဝင်ရောက်နားလည်မပေးခြင်း ၃။သံတွဲသားများအပေါ် အထင်အမြင်လွဲမှားနေသောရွာသူ၊ရွာသားများအားလုံး ကိုယ့်ငါးချဉ်ပိုချဉ်နေကြခြင်း၊(အားနည်းသော အများသူငါအပေါ်တွင် ပြောမှားဆိုမှား၊လိမ်စကားများပြောဆိုပေးခဲ့မိသော ကျနော်ကိုယ်၌ နောင်တရမိခြင်း) ၄။ပွင့်လင်းစွာပြောဆိုရေးသားပိုင်ခွင့် ကို ပိတ်ပင်တားဆီးသော မန်းဂေဇက်ကို စောက်မြင်ကတ်မိနေခြင်း ၅။ထိမိသေချာရေရာမှုမရှိသော PM အလိမ်များအပေါ်ယုံကြည်နေသော အယ်ဒီတာအရူးအပေါ်နားမလည်နိုင်ခြင်း ၆။သံတွဲသား များ၏အကျင့်သီလ ပျက်ဆီးအောင် ဖျက်ဆီးနေသူမှာ Thantwetharနှင့် maythakhin နှစ်ယောက်သာရှိနေသည်ကို မသိကျိုးပြုနေခြင်း၊ စသည်ဖြင့်……စသည်ဖြင့်…… ဘက်လိုက်မှုပေါင်းများစွာဖြင့် မန်းတလေးဂေဇက်အား သပိတ်မှောက်ဆန္ဒပြလိုက်သည်။


စာမရေးဖြစ်၊မဖတ်ဖြစ်တာ နည်းနည်းကြာတော့ Mandalay Gazette နဲ ့စိမ်းသလို လိုဖြစ်သွားတယ်။ဒီနေ ့တွေ ့ရ၊မြင်ရကြားရ တာလေးတစ်ခုက စိတ်မချမ်းသာတာဖြစ်နေ တော့ ရေးချင်လာတော့ ဝင်ရေးဖြစ်ပါပီ။အားလုံးသော ညီအကိုမောင်နှမ၊ရွာသူရွာသားများ ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာခြင်းနဲ ့ပြည့်စုံကြစေဖို ့ရာ sweet December မှာ နှုတ်ခွန်းဆက်ပါရစေဗျား။ ယနေ ့ထိကျွန်တော်နဲ ့ထိတွေ ့နေရတဲ ့ပတ်ဝန်းကျင်တစ်ခုလုံးမှာ(အနီးစပ်ဆုံး မိမိမြို ့)ပညာရေးနဲ ့ပတ်သက်လို ့ပြောစရာတွေရှိလာပြန်ပါပီ။“ပညာရေးဖြင့် ခေတ်မှီဖွံ ့ဖြိုး တိုးတက်သောနိုင်ငံတော်တည်ဆောက်အံ့”ဆိုတဲ ့ဆိုင်းဘုတ် အစိမ်းအောက်ခံမှာ အဖြူရောင် စာလုံးနဲ ့ရေးထားတဲ့ ဘုတ်တွေကိုမြင်ဖူးတွေ ့ဖူးကြမှာပါ။ဆောင်ပုဒ်က သိပ်ကောင်းပါတယ်။ တကယ်တမ်းသာဖြစ်မယ်ဆိုရင် ဝမ်းသာစရာပါလား။ခက်နေတာက လဲဗျာ ကျွန်တော် တို ့နိုင်ငံက ဆောင်ပုဒ်တွေ၊အပြောတွေကောင်းပ၊ညွန် ့ပဆိုပေမယ့် အလုပ်ကတော့ သိပ်မတွင်လှပါဘူး။ ပညာရေးနဲ ့တည်ဆောက်ရမယ့်နိုင်ငံမှာ ဘယ်လိုဆရာမျိုးတွေက […]


စာပေစကားဝိုင်းတစ်ခုမှာပြောဖြစ်ကြတာပါ။ လူငယ်တစ်ဦး ဆရာဝန်ဘွဲ ့ရသည်။ဆေးခန်းဖွင့်သည်။သို ့သော်ဘယ်လောက်မျှမကြာပါ ထိုဆရာဝန်သည် နားကြပ်ကိုပစ်လျှက် ကလောင်ကိုင်ကာစာရေးဆရာလုပ်သွားလေသည်။ သို ့နှင့်…… “အလကားဗျာ. ဆရာဝန်တစ်ယောက်ဆုံရှုံးရတယ်၊နောက်သူ ့နေရာမှာ ဖြစ်လာရမယ့် ဆရာဝန်တစ်ယောက်နစ်နာတယ်။ဒီလိုတော့ မလုပ်သင့်ဘူးပေါ့ဗျာ”ဟုပြောနေကြတယ်ပေါ့။ “အံမယ်. ဆရာဝန်ဖြစ်လို ့ ထက်ထက်မြက်မြက်နဲ ့စာရေးကောင်းတာဗျာ။ဆယ်တန်းမှာ အတော်ဆုံးတွေက ဆရာဝန်တွေပဲ လုပ်ရတာမလား။တခြားနေရာတွေမှာ လည်းလူတော်တွေ လိုတာပဲ။ခင်များတို ့ကြည့်လေ ဆရာဝန်လုပ်ရင် သူ ့ဆေးခန်းလာတဲ့ လူနာလောက်ဘဲ ဆေးကုနိုင်မှာပေါ့။အခုတနိုင်ငံလုံးကို စာနဲ ့ကူပေးနေတယ်လေ”ဟု တစ်ဖက်မှဆိုသူကလဲ ဆိုလေသည်။ ဒီနေရာမှာ ကိုယ့်အမြင်ကိုတော့ နည်းနည်းပြောချင်လို ့မနေနိုင်ဝင်ပြောလိုက်တယ်။ ဒီနေ ့ခေတ်မှာ ခုပြောတဲ့ဆရာဝန်က (၁)သူဝါသနာပါလို ့စာရေးတဲ့ဖက်ကူးသွားတာလဲဖြစ်နိုင်တယ်။(၂)ယနေ ့ခေတ်သာမန်ဆေးတက္ကသိုလ်ကျောင်းပြီးစဆရာဝန်တွေ ကိုယ့်ထမင်းကိုယ်တောင်ရှာစားဖို ့နေနေသာ၊လဘက်ရည်ဖိုးတောင် ပုံမှန်ဝင်ရဲ ့လား မေးရမယ့်အနေအထားမို ့ပါ။ နောက်တစ်ခု ထပ်ပြီးကျွန်တော် ကိုယ်တိုင်နဲ […]


     မြန်မာအသင်းကခုဆီးဂိမ်းမှာ အားသွန်ခိုက်စိုက်နဲ ့ကစားရင်း၊လှေလှော်ရင်းတက်ကျိုးသလို မမျှော်လင့်ပါဘဲ ဗိုလ်လုပွဲဝေးရတယ်လို ့ဘဲပြောပြော၊ပြုပြင်ပြောင်းလဲဖို ့လိုနေတဲ့ စိတ်ဓာတ်တွေကြောင့်ဗိုလ်လုပွဲနဲ ့လွဲတယ်ပြောပိုမှန်မယ်ထင်ပါတယ်။အနီးစပ်ဆုံးပွဲဖြစ်တဲ့ အိုမန်နဲ ့ပွဲမှာ အိမ်ရှင်ဖြစ်နေရဲ ့သားနဲ ့ကျေပွန်လိုက်တဲ့တာဝန်ဗျာ၊ဧည့်သည်အသင်းကိုပေးလိုက်တဲ့မေတ္တာတွေက ရေဗူးတွေ၊လောက်လေးတွေ၊ဖိနပ်တွေစုံနေတာပါဘဲ။ဒါက ပွဲကြိုက်သူတွေရဲ ့အပြုအမူတွေ၊ဒါပေမယ့် သူ ့မြေကိုယ့်မြေကစားကြတဲ့နေရာမှာ သူတို ့ဆီသွားကစားတော့လဲ အနည်းနဲ ့အများတော့ ဘက်လိုက်တာ၊တို ့တာလေး၊ဆော်တာလေးမရှိဘူးမပြောလိုပါဘူး။ကိုယ့်နိုင်ငံသားနဲ ့ဆိုမနိုင်မှာစိုးလို ့မွေးစားသားတွေတောင်ခေါ် ကစားနေရတာလေဗျာနော့။     ပြောရင်းနဲ ့ဝေးသွားတယ်ဗျာ၊ ယနေ ့ကျင်းပနေတဲ့ ပရော်ဖက်ရှင်တဝက်ပါတဲ့ MNL မှာတောင်မှ အာမခံချက်မရှိတော့လို ့ ကိုယ့်ဌာနပြန်ကစားနေတဲ့ ဘောလုံးသမားတွေရှိတယ်။ပြောချင်တာက မြန်မာ့ဘောလုံးလောက ယိုယွင်းပျက်စီးနေတာ ဘယ်ခါမှခေါင်းထောင်မှာမဟုတ်ပါဘူးလို ့တောင်ထင်မိတယ်။ဆိုလိုတာက လူတွေရဲ ့အားကစားပေါ်မှာ မြင်တဲ့အမြင်တော်တော်လေးပြောင်းလဲသွားပါပီ။တကယ်ပါဘဲ အားမှကစားလို ့ရတဲ့အားကစားဖြစ်သွားပါပီ။နေ ့စဉ်ဖြတ်သန်းနေထိုင်ရတဲ့ လူသားတွေကကိုယ့်ဝမ်းရေးကို ပိုဦးစားပေးနေရတာ၊ဝါသနာကိုဦးစားပေးရင် အိမ်မှာစားစရာမရှိဖြစ်နေမယ်။      အားပေးတဲ့သူကလဲအားတော့ပေးပါရဲ ့ဗျာ၊မစို ့မပို ့နဲ ့လှောင်ပြုံး ပြုံးရမယ့် ဆုငွေလေးနှစ်ပဲတစ်ပြားရယ်ပါ။မတော်လို ့ကျိုးမယ်ကန်းမယ်၊နာမယ်၊ဖျားမယ် မည်သူမျှတာဝန်မယူ၊ဝါသနာပါလို ့သာကစားနေရတာဘယ်သူမှအားခွန်ကုန်အောင်မသုံးဘူး၊တကယ်အစွမ်းအစရှိတဲ့ ဦးနှောက်သုံးကစားတတ်တဲ့ ကစားသမားကောင်းတွေ ဘယ်သူမှမကစားတော့ဘူး။ ဘေးထိုင်ပွဲကြည့်လုပ်နေရင် သက်သာတယ်လေဗျာ။     ပြောတော့ပြောမိပါပီနည်းနည်းတော့လိုရင်းလေး နဲ ့ဝေးသွားပီလားမသိဘူး။တောင်းပန်ပါတယ်. သီးခံဖတ်ရှုကြပါ။     ကျွန်တော်ကိုယ်တိုင်က ဘောလုံးအားကစားကို ဝါသနာပါလေတော့ တခြားအားကစားနည်းတွေပေါ်အာရုံလျော့ပြီး […]