asiamastersMarch 27, 20131min1144
၁။     အရွယ်ရောက်လာတဲ့လူသားတစ်ဦးအတွက် အရေးကြီးဆုံးဟာ ဝင်ငွေဖြစ်တယ်။ ဒီစာကို ဖတ်နေချိန်မှာ ကိုယ့်မှာ ဝင်ငွေ လမ်းကြောင်း တစ်ခုခိုင်ခိုင်မာမာ ရှိနေပြီလား ဆိုတာ မေးရမယ်။ အချိန်တိုင်းမှာ တစ်ခုတည်းသောစိတ်ကို ဒီဝင်ငွေအပေါ်မှာသာထားရမယ်။ မိမိရဲ့လုပ်ဆောင်မှုတိုင်းဟာ ဝင်ငွေကို ဖန်တီး၊ တိုးပွားနိုင်တဲ့ လုပ်ဆောင်မှုများသာဖြစ်ရမယ်။ စားလည်း ဝင်ငွေ၊ သွားလည်း ဝင်ငွေသာဖြစ်ရမယ်။ မနက်အိပ်ယာထချိန်ရွတ်ဆိုရမှာက ဝင်ငွေဖြစ်တယ်။ ညအိပ်ယာဝင်ခါနီးအချိန်ရွတ်ဆိုရမှာကလည်းဝင်ငွေဖြစ်တယ်။ ဝင်ငွေဆိုတာ မိမိရဲ့ ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားနဲ့ တရားဥပဒေနဲ့အညီ အလုပ်တစ်ခုလုပ်လို့ ရလာတဲ့ အခကျေးငွေဖြစ်တယ်။ ဝင်ငွေရှိလာသူများဟာ စုဆောင်းရမယ်။ စုဆောင်းမိနေသူများဟာ တိုးပွားအောင်လုပ်ရမယ်။ တစ်ပြား၊ တစ်ကျပ်၊ တစ်ရာ၊ တစ်ထောင်၊ ငါးထောင်၊ တစ်သောင်း အစရှိသည့် ငွေကြေးတို့သည် မိမိ၏ စစ်သည်တော်များနှင့်တူသည်။ ရှုံးနိမ့်မည့် တိုက်ပွဲများအတွက် မိမိတို့၏စစ်သည်တော်တို့၏ အင်အားကို အချည်းနှီး […]


manawphyulayMarch 23, 20131min927
ဘာလိုလိုနဲ့ နှစ်ကူးသင်္ကြန် အခါသမယသို့ မကြာခင်အတွင်း ချည်းနင်းဝင်ရောက်လို့ လာနေပါပြီ။ သင်္ကြန် ဆိုတာ မြန်မာတွေရဲ့ နှစ်တစ်နှစ်အစ ကူးပြောင်းသည့် အချိန်ဖြစ်သည့်အလျောက် စီးပွားရေးသမားများ အတွက်လည်း ဈေးကွက်မြှင့်တင်ရေးထက် ငွေကြေးမြှင့်တင်ရေးကို အလေးပေးတဲ့အချိန်အခါဆိုရင်လည်း မမှားပါဘူး။ အဓိက ဘယ်လိုလုပ်ငန်းရှင်တွေအတွက် သဘောခွေ့သလဲဆိုရင်ဖြင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သော စီးပွားရေးသမားများအတွက် စားသုံးသူတွေကို အလေးမထား ကိုယ့်ရဲ့ဝန်ဆောင်မှုကို မြှင့်တင်ဖို့ မစဉ်းစားပဲ ငွေကြေးတစ်ခုသာ မြှင့်တင်ဖို့ ကြိုးစားနေကြခြင်းသာလျှင် ဖြစ်နေပါတယ်။ စားသုံးသူဆိုတာဟာ ထုတ်လုပ်မှု ပြုဖို့ သို့မဟုတ် ပြန်လည်ရောင်းချဖို့ မဟုတ်ဘဲ မိမိရဲ့ကိုယ်ပိုင်သုံးစွဲမှု အတွက် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူသူပဲဖြစ်တယ်လို့ ဘောဂဗေဒ သီအိုရီက ဖွင့်ဆိုထားပါတယ်။ ဒီနေရာမှာ စားသုံးသူအုပ်စုထဲကို ထည့်သွင်းနိုင်စရာ ရှိတာကတော့ ဝန်ဆောင်မှုတစ်ခုခုကို အဖိုးအခပေးပြီး ငှားရမ်းသုံးစွဲသူတွေပဲဖြစ်ပါတယ်။ ခရီးသွားယာဉ် […]


asiamastersMarch 19, 20131min1354
    ဒီစာကို ရေးခြင်းဟာ ဒီနေ့ နိုင်ငံတော်ကို ခေါင်းဆောင်နေသူများအနေနဲ့ သတိထားမိအောင်ရေးထားတာပါ။ ဒီနေ့ ဒီအချိန်က  ခေတ်ပြောင်းစနစ်ပြောင်းကာလဖြစ်ပြီး မြန်မာတစ်မျိုးသားလုံးအတွက် အကောင်းဆုံးအခွင့်အခါကောင်းတစ်ခု ဖြစ်တယ်ဆိုတာကို ယုံကြည်ပါတယ်။ နောက်တစ်ခါပြန်မရနိုင်တော့မဲ့ ဒီအခွင့်အခါကောင်းကို အကောင်းဆုံးအသုံးချပြီး ဆင်းရဲ၊စုတ်ပြတ်ပြီး  နိမ့်ပါးတဲ့ အလုပ်တွေကို ပဲလုပ်နေရတဲ့လူမျိုး၊ နိုင်ငံတကာလူ့အဆင့်အတန်းမှာပင်မရှိတော့ပဲ၊ သူတစ်ပါးလှုဒါန်းမှ အလုပ်လုပ်နိုင်တော့လူမျိုးတစ်မျိုး၊ ကိုယ့်အကြွေးကိုယ်မဆပ်နိုင်တော့လို့ သူတစ်ပါးကလျှော်ပေးမှ အကြွေးကင်းနိုင်တဲ့လူမျိုးတစ်မျိုးအဖြစ်မှ လွတ်မြောက်အောင်ကြိုးစားကြရတော့မယ်။ ဒီနေ့အခြေအနေမှာတော့ နိုင်ငံတကာက ပိတ်ဆို့မှုတွေ၊ ရုပ်သိမ်းပြီ။ အကူအညီတွေအများကြီးရပြီ။ ဒါပေမဲ့ဒီအကူအညီတွေဟာ မူဝါဒနဲ့လမ်းစဉ်မရှိရင် ဘယ်လိုမှ အကောင်အထည်မဖေါ်နိုင်ပါဘူး။ မြန်မာလူမျိုးတွေလိုနေတာက အကူအညီတွေထက်စာရင် နက်ရှိုင်းတဲ့ နားလည်သဘောပေါက်မှုတွေလိုနေတာပါ။ အပေါ်ယံနဲ့ အလကားလိုချင်စိတ်တွေကို ဖျောက်ပစ်မှရမှာပါ။ အရေးကြီးတာက လွှတ်တော်ပဲဖြစ်ဖြစ်၊ ဥပဒေပြုတဲ့နေရာမှာပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာဘာသာရပ်များအလိုက် ရေးသားကြတဲ့နေရာမှာ မြန်မာစာပေ ကို အသုံးပြုတာထက် အင်္ဂလိပ်စာပေကို အသုံးပြုမှသာလျှင် […]


htet wayMarch 15, 20131min32322
”ဖုန်း လိုချင်တယ်.. ဒါပဲ ကျောင်း ပို့ ကျောင်းကြို ကလေးကိုလုပ်နေရတာ ဖုန်းတလုံးတော့ ရှိရ မယ် ..ဘယ်နှယ် ဧပြီလထဲ တန်ဖိုးနည်းဖုန်းတွေ ထွက် မယ် ရှင် ခုထိ ဖုန်းဝယ်ပေးမယ် မစဥိ်းစား ဘူး..” ဘေးအိမ်က ကို ဘသာ ဇနီးရဲ့ မြည် တွန် တောက် တီးနေတဲ့အတွက် ရေး လက်စ စာ တစ်ပုဒ်ကို ခဏရပ်ပြီး နားထောင် လိုက်မိတယ် “ ဟာ မိန်းမရယ် ကလေး ကျောင်းကြို ကျောင်းပို့ နဲ့ ဖုန်း နဲ့ဘာဆိုင်လို့ လဲ” ကိုဘသာကလည်း း ညည်းပြောလေး ပြောနေသံကြားသည် ့.။ ဖုန်း တန်ဖိုးနည်း တွေ လာမယ် ချမယ် […]


asiamastersMarch 5, 20131min1173
မပြောမဖြစ်လွန်းလို့ပြောရတာပါခင်ဗျာ။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင် ရည်  အကဲဖြတ်အဖွဲ့မှ အကြံပြုရေးသားပါရန် နှိုးဆော်ထားသဖြင့် ရေးသားခြင်း လည်းဖြစ်သည်။ ကျွန်တော်သည် မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာကြီး၊ မြန်မာနိုင်ငံ တွင်နေထိုင်နေသည့် မြန်မာလူမျိုးတစ်ဦးဖြစ်သည်။ မြန်မာလူမျိုးများ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံခိုင်မြဲရေး၊ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်း၍ အရေအတွက် တိုးပွားနေရေး၊ အလုပ်အကိုင်ဝင်ငွေပုံမှန်ရှိ၍ ဂုဏ်သိက္ခာရှိရှိနေနိုင်ရေး၊ မျှမျှတတနှင့် မဖေါက်ပြန်သောလူမျိုးများဖြစ်ရေး အတွက်ကိုသာယုံကြည်၍ မိမိလုပ်ဆောင် နိုင်သည်များကို လုပ်ဆောင်နေသူလည်းဖြစ်သည်။ ယခုကဲ့သို့ အကြုံတင်ပြချက်များ ရေးသားခြင်းမှာ ယခု အစိုးရတာဝန်ယူလုပ်ကိုင်နေသူတို့ကို မကောင်းမြင်ဝါဒဖြင့် ဆက်ဆံလို၍မဟုတ်၊  မနာလိုဝန်တိုဖြစ်၍လည်းမဟုတ်ပါ။ ကျွန်တော် ကိုယ်တိုင် ကလည်း အငြိမ်းစားဝန်ထမ်းတစ်ဦးသာဖြစ်သည်။ ကျွန်တော်ရေးသားရခြင်းတွင် ရည်ရွယ်ချက်ရှိပါသည်။ တစ်ချို့အကြောင်းကိစ္စတို့ကို ရေရှည်အတွက် စဉ်းစားကြရ သည်။ တစ်ချို့သောအကြောင်းကိစ္စတို့မှာ အခုချက်ချင်းလုပ်ဆောင်ရမည့် ကိစ္စများရှိသည်။ ယနေ့မြန်မာနိုင်ငံ၏အခြေအနေမှာ တစ်ပါတီအုပ်ချုပ်သည့် စနစ်ဖက်သို့ ပြန်လည်ဦးတည်သွားရန်များစွာအကြောင်းမရှိပါ။ […]


ムラカミMarch 5, 20135min39633
Status Quo ဒီစာလုံးကို ဘာသာပြန်ဖို့ လိုက်ရှာတော့ စကားပုံထဲမှာ သွားတွေ့လေရဲ့။ ဘာတဲ့ ပိုနေမြဲ ကျားနေမြဲ ဆိုတာ။ ခေတ်ပြောင်းစနစ်ပြောင်းမှာ စာဖတ်သူများ သိထားကြတဲ့အတိုင်း ပိုနေမြဲ ကျားနေမြဲ လုပ်နေလို့မရတဲ့ လုပ်ငန်းတွေ အများကြီးရှိပါရဲ့။ ဒီတော့ ပြုပြင်ပြောင်းလဲရေး ဆိုတာ လုပ်ဖို့ မဖြစ်မနေ လိုအပ်လာကြပါတယ်။ ဒါဆို ကျနော်တို့ ဘယ်လို ပြုပြင်ပြောင်းလဲကြမလဲ ဆိုတာကို တွေးမိရင်း Change အကြောင်းကို ရေးဖြစ်ပါတယ်။ တကယ်တော့ပြုပြင်ပြောင်းလဲရေး ဆိုတာ စီးပွားလုပ်ငန်း အဖွဲ့အစည်း တခုခုရဲ့ အရွယ်အစား ၊ စီးပွား နယ်ပယ် နဲ့ ခေတ် စနစ် စတာတွေကိုလိုက်လို့ အချိန်နဲ့ တပြေးညီ ကျင့်သုံးသင့်တဲ့အရာဖြစ်ပါတယ်။ ယနေ့ ကမာ္ဘဟာ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေတယ် ဆိုရင် […]


manawphyulayMarch 3, 20131min683
ခုတစ်လော လူငယ်တွေအတွက်ပဲ ပြောချင်တာတွေ ပြောနေလို့ မဖြစ်သေးဘူး။ လူကြီးတွေကိုလည်း နည်းနည်း ပြောချင်မိတယ်။ လူကြီးဆိုတာမှာ အသက်ကြီးတဲ့ လူကြီးပိုင်းတွေထက် အသက်ပြည့်လို့ ပင်စင် ယူလိုက် သူတွေ၊ နောက် သက်ပြည့်မဟုတ်ပဲ ကျန်းမာရေးအခြေအနေကြောင့် ဆေးပင်စင် ယူလိုက်သူတွေအတွက် အဓိက ထားပြောချင်တာပေါ့လေ။ ဒီလိုပြောလို့လည်း မနောက လူကြီးပိုင်းရောက်နေလို့ စောဒက တက်တာလား ဒါမှမဟုတ် လူကြီးကို ဆရာလုပ်တာလားဆိုတာလည်း မဟုတ်ပြန်ပါဘူး။ တွေ့တာ မြင်တာ သိတာလေးတွေ မျှဝေချင်လို့ စကားဦးသန်းရခြင်း ဖြစ်ပါတယ်။ အင်း တစ်ချို့က အသက်ကြီးလို့ ငါ ပင်စင်ယူလိုက်ရပြီ ငါ ဘာမှမလုပ်နိုင် မကိုင်နိုင်တော့ဘူးဆိုတဲ့ စိတ်အတွင်းကို တွေးမိတတ်ကြပါတယ်။ အဲဒီလိုတွေးလိုက်တာနဲ့ စိတ်ကျရောဂါဆိုတာ အလိုလို ရင်ထဲကို ဝင်ရောက်လာပါတော့တယ်။ အိမ်မှာဆိုလည်း အိမ်မှာအလျောက် လူပိုကြီးလို […]


asiamastersMarch 3, 20131min1466
မော်တော်ကားအမောင်းသင်တစ်ဦးသည် တစ်နေ့တစ်ရက်ထဲနှင့် တတ်မြောက်မောင်းနှင်ရန် မဖြစ်နိုင်ပါ။ မော်တော်ကားမောင်းတတ်လာသူများ၊ ကားမောင်းတတ်လာသည့် ပုံစံအမျိုးမျိုးရှိသော်လည်း အခြေခံ (Principle & practices) တို့ကို စနစ်တကျ သင်ပေးထားသူတို့နှင့် မသင်ခဲ့ရသူတို့မှာ များစွာကွာခြားသွားသည်။ စနစ်တကျ မော်တော်ယာဉ်မောင်းနှင်သင်ကြားပေးရာတွင် လုပ်ဆောင်ရမည့် အလုပ်များကို စနစ်တကျ တစ်ဆင့်ပြီးတစ်ဆင့်သင်ကြားပေးရသည်။ ထို့အပြင် မော်တော်ယာဉ်မောင်းတစ်ဦးတွင်ရှိသင့်သည့် ကိုယ်ကျင့်သိက္ခာ နှင့်တာဝန်သိတတ်မှု (Ethic & Responsibility) ကိုပါသင်ပေးရသည်။   ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ် (Political System) ကို ဒီမိုကရေစီစနစ်သို့ပြောင်းလဲခဲ့သည်မှာ (၂) နှစ်ခန့်ရှိလာပါပြီ။ ကျွန်တော့် အမြင်မှာကား နိုင်ငံတော်အစိုးရသည် လုပ်သင့်လုပ်ထိုက်သည်များကို ဘာမျှ မလုပ်ဆောင်နိုင်သေးပဲ ယခင် စနစ်ပုံစံအတိုင်းသာ ဟိုယောင်ယောင်၊ သည်ယောင်ယောင်ဖြစ်နေသည်။ ဒီမိုကရေစီစနစ်နှင့် ပတ်သက်သမျှ ကို အများပြည်သူများ၊ လူငယ်လူရွယ်များကို […]


asiamastersMarch 1, 20131min22214
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ်မှုအဖွဲ့ကို ဖွဲ့စည်းပြီး ပြည်သူများအနေနှင့် အကြံပြုကြပါရန် ၂၀၁၃ ခုနှစ် မတ်လ (၂၈) ရက်နေ့ တွင်နိုင်ငံတော်သမ္မတရုံး Facebook မှ တရားဝင်ဖေါ်ပြလာပါသဖြင့် နိုင်ငံသားတစ်ဦး၏ အကြံပြုတင်ပြချက်များကို စတင်ရေးသားသည်။ ပြည်သူ့ဝန်ဆောင်မှု၏ စွမ်းဆောင်ရည် နှင့်ပတ်သက်၍ နိုင်ငံသူ/နိုင်ငံသားတို့မှ ပွင့်ပွင့်လင်းလင်းအကြံပြုနိုင်သဖြင့် နိုင်ငံတော်အစိုးရတွင်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအားလုံးနှင့် ဆုံးဖြတ်ချက်တို့သည် အများပြည်သူတို့အတွက် အကျိုးရှိစေမည်ဟု ယုံကြည်ပါသည်။ တကယ်တမ်းအားဖြင့် ယနေ့နိုင်ငံတော်အစိုးရသစ်ပေါ်ထွက်လာသည့် ကာလအတွင်း ကောင်းမွန်သည့် ပြုပြင်ပြောင်းလဲမှုတို့ပေါ်ထွက်လာခဲ့သော်လည်း၊ အချို့သောလုပ်ဆောင်မှုများမှာ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား ဝိသမလုပ်ငန်းရှင်လေးများ၏ အဆင့်အတန်းလောက်သာရှိနေပါသေးသည်။ အရေးတကြီးအမြန်လုပ်ရမည့် တစ်ချို့အလုပ်များမှာ စပင် မစရသေးပါ။ တစ်ချို့လုပ်ငန်းများမှာ မူဝါဒမရှိပါ။ တစ်ချို့လုပ်ငန်းများမှာ အယူအဆပိုင်း Concept များပျောက်နေပါသည်။ (၂) နှစ်တာကာလအတွင်း ထိုမျှလောက်ပြောင်းလဲနိုင်သည်ကို ပင်အလွန်ကျေးဇူးတင်ရမည်ဖြစ်သည်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများမှာ […]


ကျွန်တော်သည် မန်းဂဇတ်ရွာကလေးမှာ နေထိုင်ပါသည်။ ကျွန်တော်တို့၏ မန်းဂဇတ်ရွာကလေးသည် ကမာ္ဘမြေကြီး၏ တနေရာတွင် တည်ရှိနေပါသည်။ အများကဖြင့် ကျွန်တော်တို့ ရွာကို မြောက်အမေရိကတိုက်တွင် တည်ရှိသည်ဟု ပြောဆိုကြပါသည်။ ကျနော်တော့အထင်မှာမူ မြောက်အမေရိကတိုက်နှင့် အာရှတိုက်အကြား ဘာမြူဒါတြိဂံအနီး ( ဟိုတလောက အကုန်ပျောက်တော့မလို့) အပေါ်လေထု အမြင့်ပေ ၃၀၀၀၀ လောက်တွင် တည်ရှိနေသည်ဟု ထင်ပါသည်။ ကျနော်တို့ ရွာကလေးသည် ဂလိုဘယ်လိုက်ဇေးရှင်းဟူသော အယ်လ်ဇေးရှင်းထက် ကြီးတာဂျီးကြောင့် တဖြည်းဖြည်း ကျယ်ဝန်း သိုက်မြိုက်လာပါသည်။ ကျနော်တို့ရွာတွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နိူင်ငံပေါင်းစုံမှ လူအများဖြင့် ဝင်ထွက်သွားလာ စည်ကားသိုက်မြိုက်လျှက် ရှိပါသည်။ ကျွန်တော်တို့ ရွာကကြီး (တဖြည်းဖြည်းကြီးလာလို့)ကို သမာသမတ်ကျကျ တစ်ဦးတည်း အာဏာရှင်ရှင်ဆန်ဆန် လစ်ဘရယ်စနစ်ဖြင့် ဖက်ဒရယ်မူအတိုင်း တိုးတက်ရာတိုးတက်ကြောင်း လေသိုင်းဖြင့် ဆွပေးနှိုက်ယူ ပညာရေးစနစ် အခြေခံကာ စီမံကွပ်ကဲ အုပ်ချုပ်သူမှာ သဂျီးဘွဲ့အမည်ခံ အဖဖယားသခိုင် ဆိုသူ မုတ်ဆိတ်မွှေးမည်းမည်း […]


ဘဝရဲ ့နိဂုံး ဘယ်လိုအဆုံးသက်မလဲ….. လူတိုင်းသိချင်ပေမဲ ့ ရေရေရာရာ တိတိပပမသိကြပေ……. ဆင်းရဲတယ်.. ချမ်းသာတယ် လူတန်းစားတွေ ကွဲပြားတယ်….. ချစ်ခြင်း မုန်းခြင်း ကာရံနှစ်မျိူး ကွဲပြားမယ်….. ဒါတွေ….အားလုံးနဲ ့ ဝေးရာကိုထွက်ပြေး…ဖို ့ ဘယ်လိုမှလည်းမရပါ… နောက်ဆုံး……. သွားရမဲ ့…..တစ်လမ်းတည်းသော သေမင်းဆီ…….. ချစ်ခြင်းမေတ္တာဖြင် ့ မိုးမင်းသား ၂၅.၂.၂၀၁၃ ့


TheWinner GetprizeFebruary 10, 20131min24920
ညိုဇင် ညိုဇင်ဟာ တရုတ်စပ်လေးလည်းဖြစ်တော့ အသားလေးကလည်း ဝင်းမွတ်နေအောင်လှပါသည်။ ချမ်းသာလိုက်တာကလည်း ညိုဇင်တို့တစ်သက်မပြောပါနဲ့ (၁၀) သက် တောင် စားမကုန်နိုင်ပါဘူး။ ညိုဇင်အဖေပိုင်သော လုပ်ငန်းများ၊ ကျောက်တွင်းများ၊ Export/Import လုပ်ငန်းများ စသဖြင့် ညိုဇင်တောင် သိပ်မသိတော့တဲ့ လုပ်ငန်းများကလည်း အများအပြားပါ။ ကျောင်းမှာဆိုလည်း စာတော်သော၊ ပြည့်စုံသော၊ ချောမောလှပသော ညိုဇင့်ဘဝကို အားကျသူ၊ ညိုဇင်လိုဖြစ်ချင်သူများ ဒုနဲ့ဒေးပါပဲ။ ညိုဇင့်မှာတော့ – ညိုဇင်ဘဝမှာ ပစ္စည်းဥစ္စာသာ ပြည့်စုံတာပါ။ လွပ်လပ်မှုဆိုတာ ဘာလဲလို့ မေးရမှာပါပဲ။ သင်တန်းတွေ တက်ချင်တော့လည်း စိတ်မချဘူးဆိုတာနဲ့ပဲ အိမ်ထဲပိတ်လှောင်ခံခဲ့ရပါတယ်။ အဖေနဲ့ ညစာအတူစားဖို့ ဆိုတာ ကိုရီးယားကားတွေထဲက အချို့ သူဌေးကြီးတွေနဲ့ ညိုဇင့်အဖေ တစ်ပုံစံတည်းပါပဲ။ ဒါပေမယ့် အဖေ့မှာ သူ့ရဲ့ စမောလေးတွေအတွက်တော့ အံ့ဩလောက်အောင် အချိန်ရှိရှာ၊ […]


johnnydeerJanuary 24, 20131min35935
အမျိုးသမီးတွေနဲ့ မိန်းမ ကြောက်တဲ့သူတွေ လုံးဝမဖတ်ပါနဲ့…လူပျိုများ..((အထူးသဖြင့် မိန်းမယူခါနီး လူပျိုများ))သာ ဖတ်ကြပါရန်……………………………………………………………………………………………..ဒီနေ့တော့  မိတ်ဆွေများအတွက် မိန်းမ နိုင်နည်း နိသရည်း လေး နည်းနည်း ဝေမျှပေးချင်လို့ပါ…ကျွန်တော့်မှာ မိန်းမကြောက်တဲ့ သူငယ်ချင်းတွေ နည်းနည်းများတယ်…တချို့က ရှိုတိတ်လေးကြောက်တယ်..သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်လို့ ငါးမိနစ်မကြာဘူး..မိန်းမကဖုန်းဆက်ခေါ်ရော..ဘော်ဒါတွေရှေ့ဆိုတော့ မိန်းမခေါ်တာဆို ဝိုင်းဟားနေမှာစိုးလို့…ဟုတ်ကဲ့ အမေ..လာပါပြီ အမေ ဆိုပြီး..အမေပဲခေါ်သလိုရောချပြီး ပြန်ပြေးတတ်တဲ့ သူလဲရှိတယ်….နောက်ပြီး..ငါ့မိန်းမက တကယ်တော်တာကွ…ငါ့မိန်းမ ရှာကျွေးနေလို့..နို့မို့ဆို ငါ ငတ်ပြီး ခွေးဖြစ်နေပြီ ဆိုပြီး မိန်းမကို ကြောက်ကြောက်နဲ့တအားအမွှန်းတင်တတ်တဲ့ ဘော်ဒါလဲရှိရဲ့…ငါက ကြောက်တာမဟုတ်ဘူး..ချစ်တာလို့ ရှက်ပြုံးလေးနဲ့ ပြောတတ်တဲ့ သူငယ်ချင်းတွေလဲ ရှိရဲ့…တကယ့် အစုံ အစုံပါဘဲ…အမှန်တကယ်တော့ လေပါတီမမြရင်ရဲ့ သီချင်းလို ..((.လင်က မယားကို နိုင်ရင် အလွန်ပဲ လာဘ်တွေတိတ်တတ်ပါသတဲ့..မယားက လင့်အပေါ် အနိုင်ယူပြန်ရင် ဂုဏ်လဲ နိမ့်တတ်ပါတယ်ရှင်…ငရဲ ကြီးတတ်ပါတယ်ရှင်..))..လို့ […]