man powerMarch 15, 20121min59066
ထင်မြင်ချက် ပထမ တစ်ခေါက် အလုပ် ခေါ်စာ တင်ခဲ့ပါတယ် ။ https://myanmargazette.net/107025/business-economy/jobs-careers အံ့အားသင့်လောက်စရာကို  တုန် ့ပြန်သူ မရှိခဲ့ပါဘူး။ ဝင်ဖတ်သူပေါင်း  ၁၉ရ ယောက်နဲ ့တင် နိဋ္ဌိတံ သွားပါတယ်။ အဲဒီ အထဲမှာမှ  တောင်ကုတ် က   အမျိုးသမီး အင်ဂျင်နီယာ တစ်ယောက် ဆက်သွယ် လာပါတယ်။ ၂၀၀၈ မှာ  ကျောင်းပြီးခဲ့ပြီး  လုပ်သက် အတွေ  ့အကြုံ  မရှိသလောက်ကို နည်းတာကြောင့် စဉ်းစားဆဲ ကာလ ဖြစ်ပါတယ်။ ဂေဇာတ် မှာ  အဖွဲ  ့ဝင်  ၆၀၀ဝ ကျော် ရှိတယ်လို ့ သိထားပါတယ်။ ဘာမှ အကြောင်းအရာ မယ်မယ်ရရ မရှိတဲ့  တချို  ့ပိုစ့်တွေမှာ တစ်ရက် နှစ်ရက် […]


NKMarch 12, 20121min25119
ကိုယ့် နီးစပ်ရာပတ်ဝန်းကျင်တွင် ဝင်လိုသည့်သူများရှိခဲ့လျင် ကျေးဇူးပြုပြီးဆက်သွယ်ပေးပါ facility ကောင်းမွန် စွာပေးပါမည် ။ ပင်၂ပန်း၂ လုပ်စရာမလိုပါ – training သင်တန်း ၃ လသာအနည်းငယ်ပင်ပန်းမည်။ ရှေ့တန်းမထွက်ရပါ သင်တန်းကျောင်းတွင်သာနေရမည်.. ကျောင်းမပြီးသေးက ကျောင်းဆက်ထားပေး မည်.. ထိုက်သင့်သောလစာ ခံစားရမယ် ဆက်သွယ်ရန်လိပ်စာ- koyotesoe85@gmail.com


man powerMarch 9, 20121min22415
သူဂျီးရေ။  တခါလောက်တော့ ခွင့်ပြုပါနော။   Hyundai  Heavy  Industries  ကနေ တာဝန်ယူ ပြုပြင် ဖောက်လုပ်နေတဲ့  လမ်း ဖောက်လုပ်ရေး လုပ်ငန်း အတွက်   အတွေ ့အကြုံရှိတဲ့  Civil Engineer တစ်ယောက် လိုအပ်ပါတယ် ။   ကျား/မ မခွဲ ခြားပါဘူး ။   အသက်အရွယ်ကတော့ အမျိုးသမီးဆိုရင်  အသက် (၃၅) နှစ် အရွယ် အထိ ဖြစ်ပြီး  အမျိုးသား ဆိုရင်တော့  အသက် (၄၀) အထိ   လက်ခံပါတယ်။   အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်စွာ ပြောဆိုနိုင်ဖို ့လိုပါတယ် ။   အခြေခံလစာက  တလကို  အမေရိကန်ဒေါ်လာ (၃၀၀)  ဖြစ်ပါတယ်။ […]


Pearl MayFebruary 28, 20121min1732
Vacancy Announcement – for Myanmar National only The Office of Defense Attache, Embassy of the Republic of Korea is seeking (1) qualified and experienced person for the post of “Secretary & Administrative”. Requirement:  ♦ Bachelor degree or equivalent is required ♦ Relevant experience in Office Secretary and Administration ♦ Fluency in spoken English and proficiency […]


asiamastersFebruary 24, 20121min972
ကျွန်တော်တို့ရဲ့ Education System ထဲမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရကာစကတဲက မှားယွင်းလာခဲ့တဲ့ အမှားအယွင်းတွေ အမြစ်တွယ်နေတယ်။ Education ဆိုတဲ့နေရာမှာ Education ဆိုတာကိုလည်းနားလည်ဖို့လိုတယ်။ Education ဆိုတာက လက်တင်ဘာသာစကား Educatio ကနေလာတယ်။ အနက်ကတော့ မိမိထက်ငယ်ရွယ်သူတွေကို လိုချင်တဲ့ပုံကိုသွင်းတာပါပဲ။ Education လို့ပြောတဲ့နေရာမှာတော့ Formal education ဆိုတာနဲ့ Informal Education လို့တော့ ခွဲလို့ရတယ်။ Formal Education ဆိုတာကတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်နဲ တက္ကသိုလ်အထိ စနစ်တကျဖွဲ့စည်းထားတဲ့ကျောင်းတွေမျိုးဖြစ်တယ်။ Informal Educationဆိုတာကတော့ အသက်မွေးသင်တန်းတွေဖြစ်တဲ့ Vocational Education တွေလိုမျိုးဖြစ်တယ်။ အခုမြန်မာနိုင်ငံမှာက ဒီနှစ်မျိုးလုံးမှာ အားနဲခဲ့တာ လွတ်လပ်ရေးရပြီးကတဲကပဲ။ Formal Education မှာအားနဲနေတာက လူသားတွေရဲ့စွဲမြဲခိုင်မာတဲ့ နှလုံးသားကို လေ့ကျင့်ပေးရမဲ့အစား […]


WowFebruary 21, 20121min26527
Gender equality ရှိနေဘီလို့ပြောရမလား ရွေတောင်ကြားလမ်းနားမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးပါ။ ဘဝကို ရိုးသားစွာဖြတ်သန်းနေသူတစ်ယောက် အဖြစ် လေးစားမိပါတယ်။ kokyaw thu facebook မှကူးယူဖေါ်ပြပါသည်။


လင်းဝေJanuary 20, 20129min1537
နောက်ပိုင်းလည်း မေးလ်ထဲ ရောက်ရောက်လာတတ်တဲ့ အလုပ်ခေါ်တာလေးတွေ ပြန်တင်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီလိုတင်တာ အဆင်ပြေရဲ့လားတော့မသိပါဘူး။ PARAMI ENERGY GROUP OF COMPANIES is currently looking for qualified and motivated candidates to fill the following position. We offer competitive packages and respectful working environment for high caliber people. Applicants should possess the high sense of professionalism, ethical values, trustworthiness and willingness to make a long […]


TTNUJanuary 19, 20121min64053
အလုပ်နှင့် စရိုက် လူတို့၏ စရိုက်အမျိုးမျိုး စိတ်နေပုံစံ အသီးသီးတို့ကို ဖော်ပြသော စကားလုံးများအနက် အောက်ဖော်ပြပါ စကားလုံးအချို ့ကို သင့် မိတ်ဆွေများထံတွင်၎င်း ၊ သင့်ထံတွင်၎င်း တွေ့ရမည်ဟု ယူဆမိပါသည်။ (၁) ဖန်တီးတတ်သော (creative) (၂) ဝေဖန်နှိုင်းဆတတ်သော (critical) (၃) စိတ်ပုတ်သော (bad-tempered) (၄) ဖရိုဖရဲနှိုင်သော (disorganized) (၅) တိတိကျကျ ကြိုတင်စီမံထားတတ်သော (well-organized) (၆) ကျွမ်းကျင်သော၊ ကျင်လည်သော (efficient) (၇) မေ့တတ်သော (forgetful) (ဂ) သတိရှိသော (careful) (၉) သတိမမူသော (careless) (၁၀) နမောနမဲ့နှိုင်သော (reckless) (၁၁) ရက်ရောသော (generous) (၁၂) အလုပ်ကြိုးစားသော (hardworking) […]


စဆရ ႀကီးDecember 23, 20111min30627
တစ်ရက်တာအတွက် အလုပ်သိမ်းချိန်သို့တိုင်လေပြီ။ ကိုရင်ရှူံးသည်ကား ခမောက်ကို ချွတ်ပြီးနောက် လည်ပင်းတွင်ပါတ်ထားသော မျက်နှာသုတ်ပဝါစဖြင့် ချွေးပြန်နေသော မျက်နှာအားအားပါးတရ သုတ်လိုက်မိတော့သည်။ အချိန်သည်ကား ၆း၃ဝ ရန် ၁၅ မိနစ်မျှသာလိုတော့ကြောင်းပြနေပြီဖြစ်သည်။ ဘေးတွင်ချထားသော ရေဗူးမှရေအား တစ်ကျိုက်ခန့်မော့လိုက်ပြီးသည့်နောက် အတန်ငယ် လန်းဆန်းသလိုတော့ဖြစ်သွားသည်။ ပြန်ချိန်ရောက်နေပြီကတစ်ကြောင်း၊ တစ်ရက်တာ ကုန်ဆုံးသွားပြီကဖြစ်သည့်အတွက်ကြောင့်တစ်ကြောင်း စိတ်လက်ပေါ့ပါးနေတော့သည်။ အပြာရောင် ကုမ္ပဏီဝတ်စုံသည်ကား ချွေးများနှင့် ဆေးမှုန်များ၊ ဖုန်မှုန့်များရောနှောနေသည့်အတွက် အနက်ရောင်သို့ပင် ပြောင်းလုပြောင်းခင်ဖြစ်တော့သည်။ မပြန်ခင် ပစ္စည်းများကို ဆာလာအိတ်အတွင်းထည့်ပြီးနောက် သေတ္တာတွင်းသို့ သွားထားရင်းနှင့် ကုန်းပါတ်ပေါ်သို့ တက်လာခဲ့မိသည်။ သင်္ဘောတစ်စီးလုံးကား တစ်နေကုန် ဆူညံသံများစွာဖြင့် သက်ဝင်လှုပ်ရှားခဲ့သည်မှာ သူမဟုတ်လေသည့်အလား တိတ်ဆိတ်ငြိမ်သက်ခြင်းက ကြီးစိုးနေသည်။ ကုန်းပါတ်ပေါ်တွင်မတော့ Tank အတွင်းနှင့်မတူ ညနေခင်းလေပြည်အေးသည်ကား ရေပြင်ကို ဖြတ်တိုက်လာခြင်းကြောင့် အေးမြနေလေသည်။ ယခုမှပင် လေကိုဝဝ ရှူရတော့သည်။ […]


thit minDecember 22, 20117min49931
 တကယ်ကြီးကိုစိတ်အေးလက်အေးနဲ့ဖတ်ပါ။ ဝင်ရောက်ဆွေးနွေးပေးပါ။ ဘယ်သူကိုမှအပြစ်တင်ခြင်းမဟုတ်ပါဘူး။အားလုံးနိုင်ငံချစ်သူတွေမို့ ပြောပြချင်လို့ပါ။ ရလာဒ်များမှအဖြေရှာ ကိုကြောင်လတ် ——————(ဝန်ထမ်းအားလုံးဟာလာဘ်စားရတာကို ပျော်ရွှင်ကျေနပ်နေတယ်လို့မထင်စေချင်ပါဘူး။ အရင်ဆုံးစပြင်ရမှာကစီးပွားရေးသမားလုပ်ငန်းရှင်တွေပါတဲ့) (^^) သူများတံတွေးကွက်ပက်လက်မျောပြီးသူများ မသထာရေစာကို ဘယ်သူမှမစားချင်ကြပါဘူး။ ကိုယ့်ဟာကိုဂုဏ်သရေရှိရှိနဲ့ သူများလေးစားခြင်းခံယူပြီးရပ်တည်ချင်တဲ့ဝန်ထမ်းတွေ အများကြီးရှိနေတယ်ဆိုတာကိုနားလည်ထားစေချင်ပါတယ်။ အရင်ဆုံးစပြင်ရမှာကစီးပွားရေးသမားလုပ်ငန်းရှင်တွေပါ။ သူတို့အကျိုးအတွက်မမှန်တဲ့လမ်းကြောင်းကနေ အခွင့်အရေးရဖို့ လုပ်ပိုင်ခွင့်ရှိသူတွေကို အတင်းလာဘ်ထိုးနေကြတာကျနော်ကိုယ်တွေ့ပေါ့။ ကိုယ်မလုပ်လဲသူများလုပ်စားသွားမှာပဲဆိုပြီးဈေးပြိုင်စံနစ်နဲ့အတင်းသွားလာဘ်ထိုးနေကြတော့ မခက်ဘူးလား၊အဲဒါကိုလုံးဝရပ်ပစ်ဖို့လိုပါပြီ။ ဒုတိယကအမှန်အကန်အလုပ်အတွက် အရစ်ခံနေရတဲ့ပြည်သူတွေ၊ မှန်နေမှန်းသိရင်ရဲရဲတင်းတင်းပြောသင့်ပါတယ်၊ ခင်ဗျားလုပ်ပေးရမယ့်တာဝန်ရှိတယ်၊ ငွေပေးမှလုပ်ပေးမယ်ဆိုတာထက်ခင်ဗျားတာဝန်ကို ထမ်းဆောင်လိုက်ပါ။ ပြီးရင် ခင်ဗျားကိုကျေးဇူးတင်တဲ့အနေနဲ့ ကျနော်တုန့်ပြန်တာကိုလက်ခံတာက ခင်ဗျားအတွက် ပိုဂုဏ်ရှိတယ်၊လုပ်မပေးရင် ခင်ဗျားကိုပြဿနာရှာမယ်ဆိုတာမျိုးပြောပြီး၊ လုပ်ပေးပြီးရင်လည်း တပ်နိုင်သလောက် တကယ်လည်းကျေးဇူးတုန့်ပြန်တာမျိုးက စရင် ဖြစ်နိုင်မလား။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ကိုကြောင်ကြီး ———————(လမ်းကြောင်းမှန်ဖို့အရေးကြီးတယ်၊ကိုယ့်သားသမီးကိုယ် ငယ်စဉ်ကထဲက စည်းကမ်း၊ စိတ်ဓာတ်၊ ပညာ အခြေခံကောင်းအောင်လုပ်ထားမှ သူတို့ကြီးလာတဲ့အခါ စိတ်ချရမယ်။) (^^) နိုင်ငံအလိုက်သင်ကြားခဲ့ရတဲ့ အဆင့်၊ အတွေးအမြင်များ ကွာခြားနိုင်ပေမဲ့ […]


မောင်ဆန်းDecember 16, 20111min32822
ခရီးတိုလေး တစ်ခု သွားရင်းနဲ့ ဒီနေ့ ( ဒီဇင်ဘာ ၁၆ ရက်နေ့ ) ထုတ်တဲ့ Bangkok Post သတင်းစာလေး ဖတ်မိလိုက်တယ် ၊ ခဏတဖြုတ် ဟိုကြည့်ဒီကြည့် လုပ်ရင်း သတင်းလေး တစ်ခု သွားတွေ့မိတော့ နဲနဲလေး ထူးခြားနေတာနဲ့ ရွာသားတွေကို ပြန်လက်တို့ မိတာပါ …. ပထမဆုံး ဆိုတာတွေ ထဲက ပထမဆုံး တစ်ခုပေါ့ ၊ မိန်းကလေး အဖြစ် လိင်ပြောင်းထားတဲ့ လေယာဉ်မယ်လေး ၄ ယောက် အကြောင်းပါ ၊ သူတို့ကို မြန်မာလို အခြောက်တို့ ၊ မိန်းမရှာ တို့ သုံးရင် နဲနဲ ရင့်သီးသလို ဖြစ်နေမှာ စိုးလို့  သတင်းထဲက အတိုင်း ladyboy […]


စဆရ ႀကီးDecember 15, 20111min22319
သိသောသူများလဲသိကြပေလိမ့်မည်။ မသိသေးသောသူများအဖို့လည်း အသစ်အဆန်းဖြစ်နေလေမည်။ ကျွန်တော်တို့အတွက်မှာမူကား နေ့စဉ်ဖြစ်ရိုးဖြစ်စဉ်များသာ ဖြစ်တော့သည်။ ကိုယ်ကိုယ်တိုင် စွဲချက်တင်၊ ကိုယ်ကိုယ်တိုင်ဆုံးဖြတ်၊ ကိုယ်ကိုယ်တိုင် စီရင်ချက်ချနေရသောသူများမှာ ရွှေ့ပြောင်းအလုပ်သမား ကျွန်တော်တို့လို လူစားများသာ ဖြစ်ပေတော့သည်။ ============================================================================ တစ်မြေရပ်ခြားတွင် သွားရောက်အလုပ် လုပ်ကိုင်မှ ကြီးပွားချမ်းသာမည်ဟူသော ရည်ရွယ်ချက်ဖြင့် နိုင်ငံကူးလတ်မှတ်ထုတ်ပေးရာရုံးတွင် စာရွက်စာတမ်းများကိုကိုင်ဆောင်ကာ လူအမျိုးမျိုးအထွေထွေကြားတွင် တိုးဝှေ့တန်းစီရင်း ချွေးသံတစ်ရွှဲရွှဲဖြင့် တိုးဝှေ့ထားသည့် ရုပ်ကြီးဖြင့် ဖြစ်သလိုရိုက်ပေးလိုက်သော ပုံကြီးကို အခန့်သားကပ်ပေးထားသော ကျက်သရေတုံးလှသည့် ကိုယ့်ပုံကြီးကပ်ထားသော နိုင်ငံကူးလတ်မှတ် နီနီရဲရဲကြီး လက်ဝယ်တွင် ရောက်ရှိလာရာမှ အစပြုပြီး နိုင်ငံခြားဆိုသောစကားသည် လွန်စွာမှပင် စိတ်ကူးယဉ်ချင်စရာကောင်းသော နတ်ဘုံ၊ နတ်နန်းကြီးတမျှ စိတ်ကူးယဉ်ချင်စရာကောင်းတော့သည်။ ညီညာချောမွေ့နေသော လမ်းမကြီးပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသော ကားကောင်းကားသန့်များ၊ နီယွန်မီးများဖြင့် စည်ကားနေသည့် Night Life များ၊ မီးမပျက်သည့် မြို့တော်ကြီးများ၊ […]


thit minDecember 6, 20111min25829
အိမ်ဆိုလို့……….. လူတွေအတွက်လိုအပ်ချက်တွေလို့ပြောရင် စားစရာ၊ဝတ်စရာ၊အိမ် (Food, Clothing and Shelter) ပေါ့။ (Basic Human Needs- BHNs )လို့ခေါ်ပါတယ်။ ကျနော်ခုတလော (Cost and Benefit) စရိတ်နဲ့ အမြတ်ကိုဘဲ တွက်နေတတ်တဲ့ စီးပွါးရေးသဘော တရားတွေကို မနှစ်မမြို့ ဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ ချမ်းသာအောင်လုပ်တဲ့နည်းဗျူဟာတွေကို သိတဲ့လူကလုပ်တယ်။ အခွင့်အရေးကို”ဖော်”တတ်လို့လည်း ပူဖောင်းလေထိုးသလိုချမ်းသာလာကြရော။ ပြီးတော့အမြတ်ကိုကြည့်လွန်းလို့နဂိုမူလဂုဏ်(Identity)တွေတောင် ပျောက်ကုန်ပြီဗျ။ ငါချမ်းသာဘို့၊ငါလုပ်ငန်းချမ်းသာဖို့၊ငါနိုင်ငံချမ်းသာဖို့နဲ့ နောက်ဆုံးလဲကျရော၊ စီးပွါးပျက်ကပ်လဲဆိုက်ရော(ဒါမှမဟုတ်) အမှန်တရားလည်း ဦးနဲနဲမော့လာရော “ယုတ်မာခဲ့ရင်ယုတ်မာခဲ့သလို” အဖတ်တင်ကျန်ခဲ့တာကမကောင်းမှုတွေ။ ဆက်တိုက်ကြီးမြတ်နေဘို့? နိုးပါ ။ဘာမှလုပ်လို့မရဘူး (Law of Diminishing Marginal Returns ) ဆိုတာရှိတယ်။လျှော့နည်းသွားအထွက်ဥပဒေသတဲ့ မြန်မာလို အနိစ္စ တရားဆိုတာနဲ့ သိပ်တူတာ။ သူ့ဆိုလိုချက်က ဘာလုပ်လုပ်အမြင့်ဆုံးအဆင့်ရောက်ပြီးရင်ပြန်ကိုကျတယ်။ တခုခုကပုံသေဖြစ်နေလို့တဲ့။ […]