Zaw AungAugust 30, 20141min1303
ရွှေအကြောင်းသိကောင်းစရာ(144) 1999 ခုနှစ် ဆိုင်ဖွင့်ခါစက ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပါ ဝန်ထမ်းလိုတယ်ဆိုတော့ ပန်းထိမ်ဆရာတစ်ယောက်က သူ့အသိရဲ့သမီးကို အလုပ်လာသွင်းပေးတယ် တစ်လလောက်ကြာတော့ ဆိုင်ကညနေ ၆ နာရီပိတ် တာကို ကိစ္စရှိလို့ ၅ နာရီ ြီပန်ဖို့ခွင့်တောင်းတယ် ရိုးရိုးသား သားပဲထင်လို့ ခွင့်ပြုလိုက်တာပေါ့ ၆ နာရီစာရင်းစစ်တော့ တစ်ကျပ်သားကြိုးတစ်ကုံးပျောက်နေတယ် ဆိုင်မှာကျန်ခဲ့ တဲ့ ဝန်ထမ်းနှစ်ယောက်ကလဲ ကြောက်နေတာပေါ့ သူတို့ နှစ်ယောက်ကတော့ ရိုးပါတယ် အခုထိဆိုင်မှာရှိသေးတယ်သူတို့ရဲ့အိတ်တွေ ကိုယ်တွေမှာလဲ ရှာရတာပေါ့ မတွေ့ဘူးသေချာတယ် စော ပြန်တဲ့တစ်ယောက်ယူသွားတာ သူ့အိမ်ကဝေးတော့ နောက်နေ့မှလိုက်သွားတော့မယ်ဆိုပြီး ဆိုင်ပိတ်လိုက်တယ် နောက်နေ့မနက်ဆိုင်ဖွင့်တော့ အဲဒီ ဝန်ထမ်းကခပ်တည်တည်နဲ့ အလုပ်လာဆင်းတယ် ဘာမှ မသိတဲ့ပုံစံမျိုးနဲ့ပေါ့ (စဉ် 145 သို့) ရွှေအကြောင်းသိကောင်းစရာ(145) (144မှအဆက်) မနေ့ကယူသွားတဲ့ကြိုးကို ပြန်ပေးဖို့ချော့ေ တာင်းရတာပေါ့။မရဘူး မယူဘူးဘဲ […]


alinsettAugust 27, 20141min17211
  တချို့တွေ… ကျဆုံးကုန်ကြပြီ    မောင်သူရတို့ ရပ်ကွက်ထဲက ဈေးမှာရွှေဆိုင် ၃ / ၄ ဆိုင် ရှိတယ် ။ ဈေးအတွင်းပိုင်းက ဆိုင်တွေရဲ့ အနေအထားကို မောင်သူရ သိပ် မသိပါဘူး ။ ဒါပေမယ့် မောင်သူရကြီး အလုပ်အသွားအပြန် မြင်နေရတဲ့ ဈေးအပြင်ဘက် လမ်းမတန်းပေါ်က ရွှေဆိုင် နှစ်ဆိုင်ရဲ့ အခြေအနေကိုတော့ မောင်သူရ ကောင်းကောင်း သတိပြုမိတယ် ။ တစ်ဆိုင်က ရပ်ကွက်ထဲက လူတွေ ပြောသလိုပြောရရင် အပေါက်ဆိုးတယ် ။ နောက်တစ်ဆိုင်က သဘောကောင်းတယ်ပေါ့ ။ အဲဒီ သဘောကောင်းတဲ့ ဆိုင်ရဲ့ အနေအထားနဲ့ အပေါက်ဆိုးတယ်ဆိုတဲ့ ဆိုင်… အနေအထားလေးတွေ သိသိသာသာ ကွာသွားတာလေးသတိပြုမိတယ်ဆိုပါတော့ဗျာ.. ။ ………………………………… ဆိုင်နှစ်ဆိုင်ကိုနာမည်တွေတော့ အတိအကျပြောမနေတော့ပါဘူး […]


ေရႊညာသားAugust 26, 20141min867222
အကို့အနေနဲ့ ဒီ Post  က အရေးပေါ်ရေးလိုက်တဲ့စာပါညီရေ…… အချိန်မရတာထက် .. ရှင်းရမှာကြောင့် .. နောက် Post တွေကို မမျှော် သေးဖို့ အောက်က ရေးလက်စ Comments တွေကိုပဲ Copy ချပေးလိုက်ပါတယ်….. ဖတ်ကြည့်တော့ကွာ…. အလင်းဆက် အပါအဝင်   …. အားလုံးပဲ နှုတ်ဆက်လိုက်ပါတယ်… ခက်တာက ကျွန်တော်ပြောတဲ့အထဲမှာ .. ကျွန်တော့်အမြင်အမှန်လို့ မပြောခဲ့ဘူးနော်… ကျွန်တော့်ခံစားချက်ကို ပဲ ပြောခဲ့တာ… လေးလေးစားစား နဲ့ ကျွန်တော်မှားချင်လည်း မှားမယ်လို့ပြောခဲ့တယ်နော်….. တစ်ခုပဲကျွန်တော်ပြောမယ်… မှားကောင်းမှားနိုင်ပါတယ်လို့ ပြောခဲ့ပေမယ့် … အတင်းကြီး ဒါမှမှန်တယ်ဆိုပြီးရန်လုပ်သံတွေပါလာသလိုပဲ… ကျွန်တော်သက်သေပြတာပါ.. အားလုံးရင့်ကျက်ဖို့လိုပါတယ်.. ကျွန်တော်အပါအဝင်ပေါ့… နောက်ဆုံး… အလင်းဆက်လေးကိုပြောရေးရေးနေတဲ့ Post မှာတောင် ညှီတယ်တွေ ခါးအောက်ပိုင်းစာတွေစသဖြင့်ရော… နေရာမရတာတွေရော..စုံလာတယ်.. (၁) […]


Zaw AungAugust 23, 20141min1214
ရွှေအကြောင်းသိကောင်းစရာ(139) တစ်ကျပ်သားမှာဘယ်နှစ်ဂရမ်ရှိလဲ ဆိုတဲ့အကြောင်း နေရာဒေသအလိုက် သတ်မှတ်ချက်မတူညီတဲ့အကြောင်း ရေးပြီးသွားပါပြီတူညီတဲ့သတ်မှတ်ချက်တစ်ခုပေါ်လာဖို့ တော့ အချိန်တော်တော်ကြာအောင်စောင့်ရလိမ့်အုံးမယ် ထင်ပါတယ်မင်းတုန်းမင်းလက်ထက်တုန်းကတပြည်လုံး အလေးတင်းတောင်းတွေကိုတပြေးညီဖြစ်အောင်လုပ်ခဲ့ တယ်လို့ို့ငယ်ငယ်တုန်းက သမိုင်းမှာသင်ဖူးတယ်အဲလိုမင်း တစ်ပါးဒါမှမဟုတ်လုပ်ပိုင်ခွင့်ရှိတဲ့လူတစ်ယောက်လုပ်ချင် တဲ့စိတ်ပေါ်လာတဲ့အထိ ိစောင့်ရလိမ့်မယ်ထင်တယ်အခုရေး မှာကသမာဓိချိန်ခွင်အကြောင်းပါအသားငါးရောင်းတဲ့ဈေး တွေမှာ သမာဓိချိန်ခွင်ရှိသလိုရွှေဘုံသာလမ်းမှာလဲ ဲရွှေချိန်တဲ့သမာဓိချိန်ခွင်တွေရှိပါတယ် အမှတ်82ရွှေဘုံသာလမ်းမှာရှိတဲ့စံချိန်ခွင်ကတော့ လူသုံးအများဆုံးပါ ရွှေတုံးတွေကိုသူ့ဆီမှာသွားချိန်ပြီးမှ သူထုတ်ပေးတဲ့အလေးချိန်စာရွက်အ တိုင်းအရောင်းအဝယ်လုပ်ကြရပါတယ် (စဉ် 140 သို့) ရွှေအကြောင်းသိကောင်းစရာ(140) (စဉ် 139 မှအဆက်) အကယ်ဒမီတံဆိပ်ရွှေတုံးကတော့ သူ့ဖိုကထွက်ကတည်းက ချိန်ပြီးအလေးချိန်စာရွက်ပါ ထုတ်ပေးလိုက်တော့ ပြန်ချိန်စရာမလိုတော့ဘူးပေါ့ ကျန် တဲ့တံဆိပ်တွေကတော့ စံချိန်ခွင်မှာပြန်ချိန်ရတယ် ချိန်ခက တစ်ခါချိန်နှစ်ရာကျပ်လောက်ရှိတယ် တစ်ချို့ရွှေဆိုင်မှာ ဝယ်ခဲ့တဲ့ လက်ကောက်တို့ဆွဲကြိုးတို့ကိုလဲ ပြန်ချိန်ကြတယ် မှားနေရင်ဆိုင်မှာပြန်ပြောလို့ရတာပေါ့ နိုင်ငံခြားကဝင်တဲ့ 1 kilogram ရွှေတုံးတွေကိုတော့ သွား မချိန်ကြဘူး ၆ဝ ကျပ် ၃ […]


ေရႊညာသားAugust 22, 20145min93757
ညီလေးအလင်းဆက် နှင့် မြန်မာစာချစ်သူ ရွာသူ/ရွာသားများသို့ အပိုင်း(၃)       ညီလေးရေ ပြီးခဲ့တဲ့ အပိုင်းတွေမှာ မြန်မာစာရဲ့ ချစ်စရာကောင်းပုံလေးတွေကို အကိုက ညီ့ကို သေသေချာချာရှင်းပြပေးပြီးတော့မှ ရေးပြခဲ့ပြီးပြီ။တစ်ချို့ တွေက အကို့ကို ပြောကြသကွ ညီရေ။ ညီလေးလို့ ခေါင်းစဉ်တပ်ထားတာကို ခဏခဏပြောကြပါတယ်။လွယ်လွယ်တပ်လိုက်တာ မဟုတ်ပါဘူးလို့။ ပြောကြမယ်ဆိုရင် ကဗျာတွေ စာတွေကိုချစ်တတ်ဖို့ဆိုတာကလည်း ညီလေးရေ အသွေးအသားထဲကို စိမ့်ဝင်နေတဲ့ ချစ်စိတ် မျိုး ရှိမှပဲ ကဗျာတွေ စာတွေကို ချစ်တတ်တာလို့ပဲ ပြောရမှာပဲညီလေးရေ။ ရွာထဲမှာ ကဗျာချစ်တယ်လို့ ကြွေးကြော်ထားကြတာ ညီလေးရယ် ကိုကမ်း ကိုခ ကိုဘလက် တို့က နာမည်ကျော်တွေမို့ပါ။ ဆြာပေါက်က ဒါ့ပုံချစ် ကဗျာချစ် အတွေးပါးပါးလေးတွေ ချစ်တတ်သူလို့ အကိုက ခံစားသကွ။ မိကေဇီ […]


ဇီဇီAugust 21, 20141min18334
မနေ့က အစည်းအဝေးသွားတယ်။ စလုံး လိုကယ် ကမ်ပနီထဲမှာ တော်တော်နာမည်ကြီးတဲ့ ကမ်ပနီ တစ်ခုပေါ့လေ။ ချိန်းထားတဲ့လူက စီနီယာ ပရော့ဂျက် မန်နေဂျာ။ လူပုံချောချောသန့်သန့် နဲ့ အဲဒီ ကမ်ပနီမှာ မျက်နှာပြရတဲ့ အလုပ်ပဲ လုပ်ရတယ်။ ဆိုတော့ ကိုယ်တွေက အလုပ်အတွက် တွေ့ဖို့ချိန်းတိုင်း သူနဲ့ပဲ ပြောရတယ်။ မင်းသားကြီးနဲ့ အတော်လေပေးဖြောင့်တယ် ပြောရမယ်။ သိတာလည်း ၄ နှစ်လောက်ရှိပြီ။ အလုပ်သာ အတူမလုပ်ဖူးတာ။ ကိုယ့်လည်း ဘယ်လောက်များချစ်တုန်း၊ မျက်စိကျတုန်းဆို မင်းသားကြီးရှေ့တင် သူတို့ ကမ်ပနီကို လာ အလုပ်လုပ်မလား…အမြဲခေါ်နေတာ။ ဆိုတော့ ကေဇီနဲ့ အတော်ချစ်ခင်တဲ့ အချစ်တော်တစ်ယောက်လို့ ပြောရမှာပေါ့လေ။ ကေဇီ မင်းသားကြီး ဆီမှာ မလုပ်ဖြစ်တော့ဘူး ဆိုရင် သူ့ဆီ သွားဖို့စဉ်းစားထားတာပါ။ မင်းသားကြီး ကို […]


Zaw AungAugust 17, 20141min1233
ရွှေအကြောင်းသိကောင်းစရာ(135) (စဉ် 134 မှအဆက်) နိုင်ငံခြားကရွှေပေါက်ဈေးကို ဒေါ်လာဈေးနဲ့မြှောက်ပြီး မြန်မာငွေနဲ့ တစ်ကျပ်သားဘယ်လောက်ကျလဲလို့ ပြန်တွက်ကြတဲ့အခါမှာ အချို့က 16.606 gram ဈေးကို တွက်သလို တစ်ချို့က 16.328 gram ဈေးကိုတွက်ကြပါ တယ် ရွှေလောကနဲ့ သိပ်မနီးစပ်တဲ့သူတွေ နားလည်ဖို့ နဲနဲခက်ပါတယ် ဖြစ်နိုင်ရင်ကိုယ်တွက်ပြတဲ့ တစ်ကျပ်သား ဘေးမှာ ကွင်းစကွင်းပိတ်နဲ့ ဘယ်နှစ်ဂရမ် ဆိုတာထည့်ရေး ပေးရင် အားလုံးရှင်းသွားမယ်လို့ ထင်ပါတယ် ဥပမာ 1 troy ounce ဈေး 1330, ဒေါ်လာဈေး 970 နဲ့တွက်ကြည့်ရအောင် တစ်ကျပ်သား ( 16.328 g) ပေါက်ဈေး = 1330 ÷ 1.905 × 970 = 677217 တစ်ကျပ်သား […]


Zaw AungAugust 12, 20141min823
ရွှေအကြောင်းသိကောင်းစရာ(131) ( 130 မှအဆက်) သူခိုးလက်ခံဥပဒေနဲ့ ကျွန်တော်ငြိခဲ့ဖူးတာပြောပြမယ် ရွှေဝယ်တာတော့မဟုတ်ဘူး ရွှေဆိုင်ဖွင့်မလို့ အခန်းဝယ်တာ 2003 ခုနှစ်လောက်က ကိုအလ ဆိုတဲ့ဆို တဲ့လူဆီကဝယ်တာ ငွေချေပြီးမှဒီဆိုင်က သမဝါယမပိုင် ရောင်းလို့မရတဲ့ အခန်းမှန်းသိတာ ဒါနဲ့စာချုပ်ပါစည်းကမ်း ချက်အတိုင်း အလျော်ပြန်ပေးဖို့တောင်းတော့ သူကဒီအခန်းကို ကိုသရ ဆီကဝယ်ထားတာ သူ့ဆီကအ လျော်သွားတောင်းမယ် ရမှပေးနိုင်မယ် မရရင်မပေးနိုင်ဘူး လုပ်ချင်တာလုပ်တဲ့ ဒါနဲ့ ကိုသရ ဆီသွားကြတော့ ကိုသရ ကဒီအခန်းကို သမဝါယမကငှားပြီး အရောင်းအဝယ်စာချုပ်အတုနဲ့ ကိုအလ ကိုရောင်းထားတာ ဖြစ်နေတယ် ပြန်လျော်ပေးမယ်ပြောပြီး နေ့ရွှေ့ညရွှေ့လုပ်နေတယ် နောက်တော့ ကိုအလ ကတစ် ဝက်လျော်ပေးမယ် အရောင်းအဝယ်စာချုပ်ပြန်ပေးဆိုပြီး ညှိလာတယ် သူ့စိတ်ထဲမှာစာချုပ်ပြန်ရရင် ကျန်တဲ့တစ်ဝက် သူပိုင်ပြီထင်နေတယ်လေ (စဉ် 132 သို့) ရွှေအကြောင်းသိကောင်းစရာ(132) ( […]


Zaw AungAugust 7, 20141min1122
ရွှေအကြောင်းသိကောင်းစရာ(127) ကျွန်တော့်ဆိုင်မှာ လက်ကောက် ၃ ကွင်း အတုနဲ့အလဲခံရပြီးမှ ပြန်ရခဲ့တာလဲ တစ်ခါကြုံဖူးပါတယ် အမျိုးသမီးတစ်ယောက် လက်ကောက်လာဝယ်ပါတယ် ပိုက်လုံးလက်ကောက်သုံးကွင်း ဝတ်ကြည့်လိုက်ဈေးဆစ် လိုက်နဲ့ နောက်ဆုံးဒီသုံးကွင်းဖယ်ထားပေးပါ ခုပိုက်ဆံသွား ယူပြီး ပြန်လာခဲ့မယ်ဆိုပြီး ထွက်သွားတယ် ဘယ်ပြန်လာတော့မလဲ သူထားခဲ့တာအတုတွေ ွဖြစ်နေပြီလေ အရင်နေ့ထဲက လာကြည့်သွားပြီး ပုံစံတူလုပ် ပြီး လက်မှာဝတ်လာတာ အင်္ဂာျီလက်ရှည်နဲ့အုပ်ထားတာ ဝတ်ကြည့်ရင်းနဲ့ စာရေးမမျက်စိအလစ်မှာ လဲလိုက်မှာပေါ့ ဆုံးပြီပဲတွက်လိုက်တယ် ရဲလဲမတိုင်တော့ပါဘူး ဒါပေမယ့်အသိဆိုင်တွေ အမျိုးဆိုင်တွေကိုတော့ အကြောင်းကြားလိုက်တယ် လူပုံစံနဲ့လုပ်ပုံလုပ်နည်းပြောပြ လိုက်တယ် သတိထားမိအောင် မခံရအောင်ပေါ့ တစ်ပတ် လောက်အကြာမှာ ကျွန်တော့်ညီဆိုင်က ဖုန်းလာတယ် အဲဒီပုံစံအတိုင်း အမျိုးသမီးတစ်ယောက် အင်္ဂာျီလက်ရှည်နဲ့ ပိုက်လုံးလက်ကောက်တွေလာကြည့်နေတယ်တဲ့ ( စဉ် ၁၂၈ သို့ )ု ရွှေအကြောင်းသိကောင်းစရာ(128) (စဉ် 127 […]


Zaw AungAugust 4, 20141min931
ရွှေအကြောင်းသိကောင်းစရာ(124) ကျွန်တော့်မိတ်ဆွေတစ်ယောက် အခုရက်ပိုင်းကလေးကမှ ရွှေငါးကျပ်သားလျော်လိုက်ရတဲ့ အကြောင်းပြောပြပါမယ် သူကရွှေဘုံသာလမ်းမှာ ရွှေနဝလီဝယ်တာပါ နဝလီဝယ်တဲ့ဆိုင်နှစ်မျိုးရှိပါတယ် သူခိုးဆီကဝယ်တဲ့ဆိုင်နဲ့ မဝယ်တဲ့ဆိုု်င်ပါ သူ့ဆိုင်ကမဝယ် တဲ့ဆိုင်ပါ ရွှေလာရောင်းတဲ့သူဟာ ခိုးလာတာဟုတ်မဟုတ် အကဲခတ်တဲ့နေရာမှာသူတို့က အရမ်းကျွမ်းကျင်ပါတယ် သူခိုးရွှေဆိုတစ်ဝက်ဈေးထက် ပိုမပေးကြပါဘူး ပြီးခဲ့တဲ့တစ်ပတ်လောက်က သူ့ဆီကို ရွှေငါးကျပ်သားလာရောင်းထားတဲ့ လူတစ်ယောက်နဲ့ အရပ်ဝတ်နဲ့ရဲတွေရောက်လာပါတယ် အဲဒီလူကသူခိုးမဟုတ်ပါဘူး သူနဲ့လဲသိပါတယ် ဒါပေမယ့် သူကသူခိုးဆီကဝယ်ပြီး လာပြန်ရောင်းတာဖြစ်နေပါတယ် သူခိုးကိုဖမ်းမိတော့ သူခိုးကဟိုလူဆီမှာရောင်းတယ်လို့ ပြောပါတယ် ထုံးစံကအဲဒီလူလျော်ရမှာပါ သူခိုးဆီကဝယ်တာကိုး မလျော်ရင်သူထောင်ကျမှာလေ (စဉ် 125 သို့) ရွှေအကြောင်းသိကောင်းစရာ(125) (စဉ် 124 မှအဆက်) ဒါပေမယ့်အဲဒီလူက မလျော်ချင်လို့လား မလျော်နိုင်လို့လား မသိပါဘူး သူပြန်ရောင်းခဲ့တဲ့ ကျွန်တော့်မိတ်ဆွေဆီကို ရဲ တွေနဲ့လာပါတယ် ငိုပြပါတယ် သူ့မှာလျော်စရာမရှိတဲ့အ ကြောင်း သူမလျော်ရင်သူ့ကိုဖမ်းပြီး သူရောင်းခဲ့တဲ့လူဆီက သိမ်းမှာဖြစ်တဲ့အကြောင်း […]


Zaw AungAugust 1, 20141min1617
ရွှေအကြောင်းသိကောင်းစရာ(120) online ကစားတယ်ဆိုတာ နိုင်ငံခြားက website တစ်ခုမှာဝင်ပြီး ကမ႓ာ့ရွှေဈေးကို အရှုံးအမြတ်ကစားတာပါ အောင်စ 100 ကစားချင်ရင် အောင်စ 100 ဖိုးလုံးရင်းဖို့မလိုပါဘူး သူ့ရဲ့အရှုံးအမြတ်ရှင်းဖို့အတွက် 5%,10% လောက်ပဲဘဏ်မှာကြိုသွင်းပြီး ကစားရတဲ့နည်းပါ ကျမယ်ထင်ရင်ရောင်းလိုက် ရွှေရှိစရာမလို တက်မယ်ထင်ရင်ဝယ်လိုက် ငွေရှိစရာမလို စာရင်းပဲမှတ်ထားလိုက်တယ် ရောင်းထားတဲ့ရွှေကို ပြန်ဝယ်တဲ့အချိန်မြတ်ရင် ကိုယ့်Account မှာပေါင်းပေးတယ် ရှုံးရင်ကိုယ့် Account ထဲက နှုတ်သွားတာပေါ့ မြန်မာပြည်ကနေကစားချင်ရင်တော့နိုင်ငံခြားမှာရင်းနှီးတဲ့အသိရှိရင် Acc ဖွင့်ခိုင်းပြီးကစားလို့ ရပါတယ် မရှိရင်တော့ပွဲစားတွေကနေတဆင့် ပွဲခပေးပြီးကစားကြပါတယ် igmarkets.com မှာလေ့လာနိုင်ပါတယ် ဒါဟာလဲစီးပွားရေးလုပ်တာမဟုတ်ပါဘူး လောင်းကစားလုပ်တာသာဖြစ်ပါတယ် လောင်းကစားဆန်တဲ့စီးပွားရေး လို့တော့ဆိုနိုင်ပါလိမ့်မယ် ရွှေအကြောင်းသိကောင်းစရာ(121) အခုပြောမှာကတော့ သူငယ်ချင်းတစ်ယောက် ်အကြောင်းပါ ၂၀၀ဝ ခုနှစ်ကျော်ကျော်က တကယ့်အဖြစ် အပျက်တစ်ခုပါ သူကအဲဒီအချိန်က အသက် ၂၅ ဝန်းကျင်လူငယ်တစ်ယောက်ပေါ့ […]


manawphyulayJuly 31, 20141min1719
ဒီကနေ့ မြန်မာနိုင်ငံဟာ အမှန်တကယ်ပြောင်းလဲနေပြီလို့ ယုံကြည်ပါသည်။ ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် အဓိကလိုအပ်ချက်တစ်ခုက မြန်မာလူမျိုးတွေကို ကမ္ဘာ့နိုင်ငံအသီးသီးက လူတွေက အပြန်အလှန်လေးစားလာဖို့လိုပါသည်။ ဒီလိုအပြန်အလှန်လေးစားလာဖို့က မြန်မာလူမျိုးတွေဟာ နိုင်ငံတကာ စံချိန်စံညွှန်း၊ အတွေးအခေါ်၊ အလုပ်အကိုင်၊ ဝတ်စားဆင်ယဉ်မှု၊ နေထိုင်မှု၊ စားသောက်မှု ကအစ ပြောင်းလဲရမှာ အမှန်ပင် ဖြစ်ပါသည်။ ဒီလိုပဲ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပွင့်လန်းလာပြီဖြစ်သည့် အတွက် မြန်မာလူငယ်လူရွယ်များ စံချိန်စံညွှန်း အရည်အသွေးပြည့်မှီတဲ့ အလုပ်အကိုင်ကောင်းများ ရရှိစေဖို့ အသက်မွေးမှုအတတ်ပညာများကို အလုပ် လုပ်ရင်း အလုပ်သင်ပညာတတ်မြောက်စေရန် ရည်ရွယ် ဖွင့်လှစ်သည့် သင်တန်းများအကြောင်းကို တင်ပြချင်ပါသည်။ လူငယ်များ အသက်မွေးမှု ပညာရပ်တစ်ခု တတ်မြောက်ထားဖို့ အမှန်တကယ် လိုအပ်လှပါသည်။ အလုပ် လုပ်ရင်း ကုန်ကျစရိတ် မရှိသော သင်တန်းများ သင်ယူလေ့လာလို့ ရသည့် အတတ်ပညာများမှာ […]