Zaw AungJune 6, 20141min1033
ရွှေအကြောင်းသိကောင်းစရာ (၁၀) အမှတ်(၇)မှာ အကယ်ဒမီနဲ့ဘသန်း တံဆိပ်ရွှေတုံးအကြောင်းပြောခဲ့တယ် အဲဒီရွှေတုံးတွေက ရွှေချိန်အတိအကျမရှိဘူး ပုံမှန် (standard) တုံးတွေက 10 ကျပ်သားနဲ့ 10 ကျပ် 7 ရွေးကြားထဲမှာရှိတယ် အဲဒီထက်လျော့သွား ပိုသွားရင် ရောင်းတဲ့အခါ တစ် ကျပ်သား ငါးရာ တစ်ထောင်လောက် ဈေးလျော့သွားတယ် မြန်မာနိုင်ငံမှာ အစိုးရကထုတ်တဲ့ ရွှေ ဒင်္ဂါးပြားတွေရှိတယ် တစ်မတ်သား ငါးမူးသား တစ်ကျပ်သားကနေ နှစ်ဆယ်သားအထိ ထုတ်တယ် အစိုးရထုတ်ကတော့ စက်ကြီးတွေနဲ့လုပ်တာဖြစ်တဲ့အတွက် ရွှေချိန် အတိအကျထွက်တယ် ဒါပေမယ့် အစိုးရသတ်မှတ်တဲ့ တစ်ကျပ်သားအလေးချိန်နဲ့ ကုန်သည်တွေ အရောင်းအဝယ်လုပ်တဲ့ တစ်ကျပ်သားအလေးချိန်က မတူဘူးဖြစ်နေတယ် အစိုးရကတစ်ကျပ်သားကို 16.328gram သတ်မှတ်ပြီးအပြင်မှာက 16.606 gram သတ်မှတ်တယ် ဒီတော့အစိုးရထုတ် တစ်ကျပ်သား ဒင်္ဂါးကိုရွှေဈေးကွက်မှာ လာရောင်းရင် ရွှေဈေးကွက်က […]


Zaw AungJune 5, 20141min821
ရွှေအကြောင်းသိကောင်းစရာ(၉) အမှတ်(၄)မှာ ရွှေဈေး တက်/ကျတဲ့ အကြောင်းရင်းတွေပြောခဲ့တယ် အဲဒီမှာ ကမာ္ဘ့ဈေး တက်/ကျ တာကလဲ ရန်ကုန်မှာ ရွှေဈေးတက်/ကျဖြစ်စေတဲ့ အကြောင်းထဲမှာ ထိပ်ဆုံးကပါပါတယ် ကမာ္ဘ့ဈေးတက်မယ် ခန့်မှန်းနို်င်ရင် ရန်ကုန်မှာကြိုဝယ်ထားလိုက်ရင် သေချာပေါက်အကျိုးအမြတ် ရနိုင်ပါတယ် ကမာ္ဘ့ဈေးတက်မလား ကျမလား ဆိုတာကတော့ နိုင်ငံတကာရဲ့နိုင်ငံရေး စီးပွားရေး အခြေအနေတွေကို မျက်ခြေမပြတ် နားစွင့်ထားရပါတယ် ကမာ္ဘ့ဈေးတက်စေတဲ့ အဓိကအကြောင်းရင်းတွေကတော့စတော့ ဈေးကွက်အခြေအနေ မကောင်းတာ ဘဏ်တွေ အခြေအနေမကောင်းတာ တွေပေါ့ အဲဒီအခါ လူတွေကစတော့တွေ ထုတ်ရောင်းပြီး ရွှေဝယ် ဘဏ်ကငွေထုတ်ပြီး ရွှေဝယ်နဲ့ ရွှေဈေးတက်တတ်ပါတယ် နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံစစ်ဖြစ်ဖို့ အခြေအနေ တင်းမာနေရင်လဲ ရွှေဈေးတက်တတ်ပါတယ် ကမာ္ဘ့ဘဏ်ရဲ့ policy အပြောင်းအလဲ အမေရိကန်ရဲ့ policy အပြောင်းအလဲတွေကလဲ ရွှေဈေးကို အများကြီး ပြောင်းစေပါတယ် ဥပမာ ဘဏ်တိုးနှုန်းတွေ […]


ingyin aungJune 5, 20141min1459
သူငယ်ချင်းတို ့ အလုပ်လျှောက်တော့မယ်ဆိုရင် အောက်ပါရုံးတွေကို ရှောင်တတ်ဘို ့လိုလိမ့်မယ်။ အချိန်ကုန်လူပန်းပြီး အရာမထင်မယ့်အတူူတူ တစ်ခြားမှာ ဝင်လုပ်နိုင်ဘို ့သတင်းပေးမယ်။ အလုပ်ရတိုင်း ဝင်လုပ်ပြီး  ကိုယ့်ကို အကျိုးမပေးမယ့် လူတွေက ဆီးကြိုကြမှာက အဆိုးဆုံး အတွေ ့အကြုံ ပဲမို ့ရှောင်စေချင်တယ်။ ၁) Phoenix Land Co., Ltd. ( 4-B ကျောက်ကုန်းလမ်း ။ ရန်ကင်း) ၂) Alliance Stars Co., Ltd.  ( ခြံအမှတ် (၅) အနောက်မေခလမ်းသွယ်-၁-။လှိုင်) ၃) Miyanotech Co., Ltd.  (အဆောင်(၆) အခန်း(၁) MICT Park, လှိုင်) Sunny Int’l Co., Ltd.    (  […]


Zaw AungJune 3, 20141min3028
ရွှေအကြောင်းသိကောင်းစရာ (၈) အမှတ် (၂) မှာရန်ကုန်ရွှေလောကရဲ့ရွှေ အရောင်းအဝယ်အကြောင်း ပြောခဲ့ပါတယ် အဲဒါနဲ့ဆက်စပ်ဖတ်ရင် ပိုရှင်းပါလိမ့်မယ် ငွေမရင်းဘဲလေရင်းပြီး အကျိုးအမြတ် ရအောင်လုပ်တဲ့နည်းပါ ဥပမာ ဒီနေ့ဒီအချိန် ပေါက်ဈေး 710000ဆိုပါစို့ ကိုယ်ကဈေးတက်မယ်ထင်ရင် ရောင်းချင်တဲ့လူဆီက တစ်ဆယ်သားဝယ်လိုက်ပါတယ်ဒီကစနစ်အရချက်ချင်းငွေပေးစ ရာ ပစ္စည်းယူစရာမလိုပါဘူး စာရင်းမှတ်ထားရုံပါပဲ ဝယ်ပြီးဈေးကိုအမြဲနားစွင့်နေရပါတယ် ဈေးနှုန်းကအမြဲပြောင်းနေတာ လေ တစ်ချိန်ချိန်မှာ 711000 ဖြစ်လာတာနဲ့ ပြန်ရောင်းလိုက်ရင် တစ်ကျပ်သားကိုတစ်ထောင်နဲ့ တစ်ဆယ်သားကိုတစ်သောင်းမြတ်ပြီပေါ့ ဒါကတစ်ဆယ်သားနဲ့ပဲ နမူနာတွက်ပြတာပါ တစ်ချို့ဆို ငါးဆယ်သား ငါးပိသာ ဆယ်ပိသာ အထိဒီနည်းနဲ့ ဝယ်ရောင်းလုပ်ကြပါတယ်


Zaw AungJune 2, 20141min68810
ရွှေအကြောင်းသိကောင်းစရာ (၇) ရန်ကုန်မှာအသုံးများတဲ့ အခေါက်ရွှေရဲ့တံဆိပ် ( brand)တွေက အကယ်ဒမီနဲ့ ဘသန်းပါပဲ ဈေးကွက်မှာ အရောင်း အဝယ်အများဆုံးဖြစ်တာကတော့ အကယ်ဒမီတံဆိပ်ပေါ့ ငွေပိုလို့ဝယ်စုထားတဲ့ လူတွေလဲ အကယ်ဒမီတံဆိပ်ပဲ ဝယ်ကြတယ် ရောင်းရ ဝယ်ရ လွယ်တယ်လေ တံဆိပ်ဆိုတာက ရွှေ သန့်စင်တဲ့အလုပ်ရုံ ( ရွှေလောကမှာတော့ ချွတ်ခန်းလို့ ခေါ်တယ်)က သူ့ဆီမှာလာသန့်စင်တဲ့ရွှေကို နှိပ်ပေးလိုက်တဲ့ တံဆိပ်ပါပဲ ရန်ကုန်မှာတော့ ရွှေသန့်စင်ခန်း လေး ငါး ခုလောက်ရှိမယ်ထင်တယ် မန္တလေးမှာတော့ ပိုများတယ် ရွှေတူးဖော်ရေး လုပ်ငန်းက တူးလို့ရလာတဲ့ရွှေတွေကိုအဲဒီချွတ်ခန်းတွေမှာ သွားပြီးသန့်စင်ကြတယ် အကယ်ဒမီချွတ်ခန်းမှာ သွားသန့်စင်ရင် အကယ်ဒမီ တံဆိပ်နဲ့ အခေါက်ရွှေတုံးရလာတာပေါ့ အဲဒါကို ဈေးကွက်မှာပြန်ရောင်းကြတယ် ချွတ်ခန်းတွေကလဲ သူတို့ တံဆိပ်ကို (၂)နှစ် (၃) နှစ်တစ်ခါ ဒီဇိုင်းပြောင်းတတ်တယ် အဲလိုပြောင်းလိုက်ရင် […]


Zaw AungJune 1, 20141min1352
ရွှေအကြောင်းသိကောင်းစရာ (၆) ကိုဇေယျာလင်းက ၁၅ ပဲရည် ၁၄ ပဲရည် အကြောင်းနဲ့ တွက်နည်းအကြောင်းမေးထားပါတယ် ၁၆ ပဲရည်ဆိုတာက100 % pure gold ပါ အခေါက်ရွှေ မီးလင်းရွှေလို့လဲခေါ်ပါတယ် ၁၅ ပဲရည်ဆိုတာကတော့ အခေါက်ရွှေ ၁၅ ပဲသားနဲ့ကြေး ၁ ပဲသား ရောကျိုထားတဲ့ရွှေပေါ့ ၁၄ ပဲ ၂ ပြားရည်ဆိုရင် အခေါက်ရွှေ ၁၄ ပဲ ၄ ရွေးနဲ့ ကြေး ၁ ပဲ ၄ ရွေးရောကျိုထားတဲ့ရွှေပေါ့ သချင်္ာနည်းနဲ့ပြောရရင် အချိုး(ratio) ပေါ့ ၁၅ ပဲရည် = အခေါက်ရွှေ ၁၅ ပဲ : ကြေး ၁ ပဲ ၁၄ ပဲရည် = […]


Zaw AungMay 31, 20141min2403
ရွှေအကြောင်းသိကောင်းစရာ(၅) ရွှေရည် ရွှေရဲ့quality ကိုသတ်မှတ်ပုံ ခေါ်ဝေါ်ပုံတွေကလဲအမျိုးမျိုးရှိတယ် အချို့နိုင်ငံတွေမှာ carat သုံးတယ် 18 ကာရက် 24 ကာရက်ပေါ့ တချို့နိုင်ငံတွေမှာ နံပါတ်နဲ့သုံးတယ် 9999, 750, 965, 916, 585 မြန်မာနိုင်ငံမှာ ပဲရည်နဲ့သုံးတယ် 16 ပဲရည် 15 ပဲရည် 14 ပဲ နှစ်ပြားရည် ( နှစ်ပြားဆိုတာ လေးရွေးကိုခေါ်တာ) 13ပဲရည်စသဖြင့်ပေါ့ ရွှေရည်ဆိုတာ ရွှေရဲ့ပါဝင်မှုရာခိုင်နှုန်းပေါ် မူတည်ပြီးကွာသွားတာပါ ရာခိုင်နှုန်းနဲ့ပြောရင် ပိုရှင်းသွားမှာပါ 24 ကာရက် 9999 နဲ့ 16 ပဲရည်ဆိုတာ 100% သန့်စင်တဲ့ pure gold ပေါ့ တစ်ချို့က 99.99% လို့လဲပြောတယ် သူ့ရဲ့ density (သိပ်သည်းဆ) က […]


Zaw AungMay 30, 20141min1202
ရွှေအကြောင်းသိကောင်းစရာ(၄) ရွှေဈေးတက်မလား ကျမလားဆိုတာကလည်း တော်တော်အမေးများတဲ့ မေးခွန်းဖြစ်ပါတယ် ဈေးကွက်စီးပွားရေး စနစ်မှာ ဈေးအတက်အကျဟာ demand and supply ဝယ်လိုအားနဲ့ ရောင်းလိုအားနဲ့ပဲဆိုင်ပါတယ် ဝယ်လိုအားများရင်ဈေးတက်မယ် ရောင်းလိုအားများရင်ဈေး ကျမယ်ပေါ့ ဒီတော့ဝယ်လိုအားရောင်းလိုအားကို ခန့်မှန်းနိုင်ရင် ဈေးအတက်အကျ ကိုခန့်မှန်းနိုင်ပြီပေါ့ အဲဒီလိုခန့်မှန်းနိုင်ဖို့ဝယ်လိုအားများစေတဲ့ အကြောင်းအရာတွေနဲ့ ရောင်းလိုအားများစေတဲ့ အကြောင်းအရာတွေကို သိထားဖို့လိုပါတယ် ရန်ကုန်ဈေးကွက်အနေအထားအရ အဓိကဝယ်လိုအားများစေတဲ့ အကြောင်းကတော့ ကမာ္ဘ့ရွှေဈေးတက်တာနဲ့ ဒေါ်လာဈေးတက်တာပါပဲ တစ်ခြားအချက်တွေကတော့ တစ်ခါတစ်ရံကြုံရတဲ့ အစိုးရရဲ့ ကြေငြာချက်တွေ policy တွေပါပဲ ဥပမာ – လစာတိုးတာ ငွေစက္ကူအသစ်ထုတ်တာ ဒေါ်လာနဲ့ပတ်သက်တဲ့ policy တွေပြောင်းတာ တို့ပေါ့ ဘယ်ကိစ္စမှာတော့ ဒေါ်လာသွင်းရမယ် ဆိုတာမျိုးကြေငြာလိုက်ရင် ဒေါ်လာဈေးတက်ပြီ ဒါဆိုရွှေဈေးလိုက်တက်ပြီပေါ့ အဲလိုသတင်းမျိုးကြိုရတဲ့လူကတော့ ကြိုပြီးဝယ်ထားလိုက်ရင် အကျိုးအမြတ် အများကြီးရနိုင်ပါတယ် အမှတ် (၂) […]


Zaw AungMay 29, 20141min16910
ရွှေအကြောင်းသိကောင်းစရာ(၃) အမှတ်(၁)မှာ နိုင်ငံတကာသုံးနဲ့ မြန်မာသုံးရွှေချိန်အကြောင်း ပြောခဲ့ပါတယ် အခုမြန်မာရွှေချိန်အကြောင်း ပြောပါမယ် ၁ ကျပ်သား = ၁၆ ပဲ ၁ ပဲ = ၈ ရွေး ရွှေဈေးနှုန်းပြောရင် ၁ ကျပ်သားဈေးကိုပြောတာကြောင့် ငွေတန်ဖိုးကိုသိချင်ရင် ရွှေချိန် ( ကျပ် ပဲ ရွေး ) ကို ကျပ်တစ်ခုတည်း ဖြစ်အောင်ပြောင်းပြီးမှ ရွှေဈေးနဲ့မြှောက်ရပါတယ် ပြောင်းနည်းက ရွေး ÷ 8 + ပဲ ÷ 16 + ကျပ် × ရွှေဈေး = ကျသင့်ငွေ ဥပမာ – 1 ကျပ် 2 ပဲ 3 ရွေးကို ရွှေဈေး 700000 […]


Zaw AungMay 28, 20141min1967
ရွှေအကြောင်းသိကောင်းစရာ(၂) အခုတလောကမာ္ဘ့ရွှေဈေးက တက်လိုက်ကျလိုက်ရန်ကုန်ရွှေဈေးကလဲတက်လိုက်ကျလိုက်ဆိုတော့ ရွှေအရောင်းအဝယ်လုပ်ရင်ကောင်းမှာပဲဆိုပြီးရန်ကုန်မှာရေအရောင်းအဝယ်လုပ်ရင်ဘယ်လိုလုပ်ရလဲလို့မေးတဲ့သူများတယ် ရန်ကုန်မှာရွှေကုန်သည်အသင်း ရွှေဘုံသာလမ်းမှာရှိတယ် အသင်းဝင်တွေထဲကအရောင်းအဝယ်လုပ်ချင်သူတွေ ဈေးနားထောင်ချင်သူတွေ မနက်11:00နာရီလောက်ဆိုရုံးခန်းကိုလာကြတယ် ရောင်းချင်တဲ့သူက ဘယ်ဈေးလောက်ရောင်းချင်တယ် ဝယ်ချင်တဲ့သူက ဘယ်ဈေးလောက်ဝယ်ချင်တယ် ပြောကြတယ် ညှိကြတယ် ဈေးတည့်ရင်အရောင်းအဝယ်ဖြစ်ပြီပေါ့ ငွေ ပစ္စည်း အပေးအယူကိုတော့ နောက်မှတစ်နေရာမှာချိန်းပြီးလုပ်ကြတယ် တစ်ခါတစ်ရံ ရောင်းချင်တဲ့လူပဲရှိပြီး ဝယ်ချင်တဲ့လူမရှိတဲ့ အခါမျိုး ဝယ်ချင်တဲ့လူပဲရှိပြီး ရောင်းချင်တဲ့လူမရှိတဲ့အခါမျိုးလဲ ကြုံ ရတတ်ပါတယ် ရောင်းချင်တဲ့လူက (၁၀) ကျပ်သား ဝယ်ချင်တဲ့ လူက(၁၀) ပိသာ ဆိုတာမျိုးလဲ ကြုံတတ်ပါတယ် အဲဒီအခါ ဈေးအပြောင်းအလဲဖြစ်ပါတယ် ပေါက်ဈေးဆိုတာ ရောင်းချင်သူနဲ့ဝယ်ချင်သူ ညှိနှိုင်းပြီး အလုပ်ဖြစ်သွားတဲ့ဈေးပါပဲ တစ်နေ့ကို ပေါက်ဈေးက လေး ငါးဆယ်ခါ ပြောင်းပါတယ် အသင်းမဝင်ဘဲ ဝယ်ရောင်းလုပ်ချင်ရင်တော့ ရွှေဆိုင်တွေမှာဝယ်လို့ရပါတယ် ဆိုင်တိုင်းမှာတော့မရပါဘူး ကျွန်တော့ဆိုင်အပါအဝင်အချို့ဆိုင်တွေမှာ ဝယ်ရောင်းလုပ်လို့ရပါတယ် ဆိုင်တွေကတော့ နောက်ဆုံးဖြစ်သွားတဲ့ […]


Zaw AungMay 27, 20141min2709
ရွှေအကြောင်းသိကောင်းစရာ(၁) အခုခေတ်ကglobalization ခေတ်internet ခေတ်ဆိုတော့ကမ႓ာ့ရွှေဈေးနဲ့ မြန်မာ့ရွှေဈေး နှိုင်းယှဉ်ချက်အကြောင်း တော်တော်အပြောများကြတယ် ကမာ္ဘမှာသုံးတာက gram နဲ့ ounce (အောင်စ) မြန်မာမှာသုံးတာက (ကျပ်သား) အဲဒီဆက်သွယ်ချက်ကိုသိရင်တွက်ကြည့်လို့ရပါပြီ။ တစ်အောင်စ=1.875ကျပ်သား 1 gram =0.06022ကျပ်သား တစ်အောင်စဈေးကို 1.875 နဲ့ စားလိုက်ရင် (1)ကျပ်သားဈေးရပြီ ရတဲ့ (1)ကျပ်သားဈေးက USD နဲ့ ဖြစ်နေတဲ့အတွက် မြန်မာငွေနဲ့သိချင်ရင် 1 USD ကိုမြန်မာငွေဘယ်လောက်လဲကြည့်ပြီး မြှောက်လိုက်ရင် ကမာ္ဘ့ဈေး (1) ကျပ်သားကို မြန်မာငွေဘယ်လောက်ကျသင့်တယ်မြန်မာမှာကဘယ်ဈေးပေါက်နေတယ် ဘယ်သူကမြင့်တယ် ဘယ်လောက်မြင့်တယ်နှိုင်းယှဉ်ကြည့်လို့ရပြီပေါ့။ ဥပမာ- 23.5.13 နေ့ကဈေးကိုတွက်ကြည့်ရအောင် ကမာ္ဘဈေး(1) အောင်စ=1375 USD USD ဈေး(1) USD=955 ကျပ် 1375 /1.875 * 955=700333 ကျပ်


Sine SantMay 24, 20141min265715
သိချင် တာလေးပါ ။ နောက်မိန်းမ တနည်း မယားငယ် အ နေနဲ ့သူ ့ခင် ပွန်းဆီကရပိုင် ခွင့်ဘယ်လောက် ရှိတယ်ဆိုတာသိချင် ပါတယ် ။ နာမည်ပေးပြီး ပြောပါရ စေ ။ ဦးဘ မှာပထမ ဇနီးရှိတယ် တရားဝင် ကွာရှင်းပြီး ။ ပထမဇနီးနဲ ့သားသမီးတွေလည်းရခဲ့တယ် အားလုံးကလည်းအရွယ် ရောက် အိမ်ထောင် ကျပြီး ။အ မွေတော့မခွဲရ သေးဘူး ။ နောက်ဒုတိယ ဇနီးနဲ ့ကျတော့ သားသမီးမရှိဘူး ။ တရားဝင် လက် ထပ်ထားတယ် ။ ဒုတိယဇနီးက စီးပွားမရှာတတ်ဘူး ထားရာနေ စေရာသွားဘဝ နဲ ့ပဲနေခဲ့ရတယ် ။ ပိုင် ဆိုင် မှုအားလုံးက ဦးဘ […]


-အခုခေတ်ကာလတွင် ‘အစိုးရအားပြစ်တင်ရှုံ့ချနိုင်က သတင်းကောင်းဖြစ်၏ ‘ဟုသတင်းထောက်များ လက်ကိုင်ပြုထားကြသည်။ -လူအများပြစ်တင်ဝေဖန်သမှု အများပြုကြသည်ကို သိုင်းဝိုင်းချဲ့ထွင်လျက် နေရာယူကြ၏။ -သူတစ်ပါးအားအပုပ်ချခြင်းဖြင့် ဆရာသဘာ ယောင်ယောင် လေလုံးထွားကြ၏။ အများစု၏ရင်မှာ စေတနာစိတ်ထက် နေရာယူလိုစိတ်ကသာများပြားနေသည်မို့ ကိုယ်ချင်းစာစိတ်ဟူသည်မထားတတ်တော့ ကိုယ့်မျက်ချေးကိုမမြင်ရလေအောင် မှန်များပင်မကြည့်ချေတော့ ခွေးမျက်ချီး ကြောင်မျက်ချီးကအစ လိုက်ရှာနေတော့သည်