the bestJune 23, 20121min23214
ပြည်သူတွေ အားလုံးလိုလို ဒီကိစ္စကို သိချင်နေကြတယ်။ နောက်ဆိုရင် ပုဂ္ဂလိက ဓါတ်အားပေးစနစ်ကလာတော့မှာ လျှပ်စစ်ဝန်ကြီးဌာနက ရှင်းရှင်းလင်းလင်း အသိပေးစေလိုပါတယ်။   လျှပ်စစ် မီတာထိန်းသိမ်းတာ သူတို ့မဟုတ်ဘူး။ ကိုယ့်မီတာ မလောင်အောင်၊ သူများတွေ ပျက်စီးပြီး မီးမခိုးနိုင်အောင်၊ ကိုယ်ကပဲ ထိန်းသိမ်းနေရတယ်။ တစ်လ (၁၀၀၀)ကျပ်ဆိုတာ သူကကိုယ့်ကိုပြန်ပေးသင့်တာလေ။   လျှပ်စစ်ဝန်ကြီးဌာနဆိုတာ ပြည်သူ တွေကို သေသေချာချာ ရှင်းပြတယ်။ အကြောင်းတစ်ခုခုကြောင့် မီတာ သူ ့ဘာသာသူ ပျက်သွားရင်တောင် ထိန်းသိမ်းခ ယူထားတဲ့ သူ ကတာဝန်မရှိဘူး။ တာဝန်မယူဘူး။ ပြည်သူတွေဆီက ငွေပြန် တောင်းတာ နည်းလမ်းမှန်သလား။


nicolus agralJune 22, 20121min17214
ဒီနေ ့ လမ်း၃ဝမှာ ဆေးသွားဝယ်တယ်ဗျာ ဆိုင်ကယ်ကို ခဏလေးရပ်ပြီး လိုချင်တဲ့ ဆေးရှိမရှိလှမ်းမေးတာ စက်တောင်မရပ်ထားဘူး အဲဒါကို ယဉ်ရပ်နားခတဲ့ လာတောင်းတာ ငွေဝင်တော့ဝင်ငွေခွန် အိမ်ရှိတော့ မြေခွန် အိမ်ခွန် ရေခွန် အမှိုက်ခွန် လမ်းခွန် လမ်းမီးခွန် မီတာထိမ်းသိန်းစောင့်ရှောက်ခ ဆိုင်ကယ်ရှိတော့ ရောင်း/ဝယ်ခွန် ဘီးလိမ့်ခွန် ရပ်နားခွန် ခွန်ခွန်ခွန်ခွန်ခွန်…….. ငါတို ့များကြ ဆောင်လိုက်ရတာ ဆုံးကိုမဆုံးနိုင်ဘူး အခွန်ဦးစီးကကြေငြာတဲ့ ထိပ်တန်းအခွန်ဆောင်သူစာရင်းမှာ Top သူဌေးတယောက်မှမပါဘူး အခွန်လွတ်ဈေးပဲရှိတာမဟုတ်ဘူး အခွန်လွတ်လူလဲရှိတာပဲနော့ အံရော …..အံရော


အလွမ်း…….. ကောင်းမွန်စွာခံစားတတ်ဖို ့တော ့တကယ် ့ကိုလိုအပ်ပါတယ်…….. ကျွန်တော်ရည်းစား(ချစ်သူ)စထားတတ်တဲ ့အရွယ်တုန်းက..အလွမ်း…ဟင်အင်းအလွမ်ဆိုတာ…ဘာမှန်းမသိ..။ ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်….ထားတတ်လာခဲ ့တဲ ့အရွယ်မှာလည်းဘာမှန်းမသိခဲ ့…(တကယ်)။ မျက်နှာများတဲ ့လူ..ရည်းစားကိုမှိုလိုပေါက်အောင်ထားတတ်သူ…ဒသဂီရိဘီးလူးခေါင်းနဲ ့လူ…လို ့ အမည်တွေတစ်မိူးပြီးတစ်မိူးမရိုးနိုင်အောင်ကန်းပွန်းတပ်ခဲ ့ကြသည်….။ တကယ်တန်းဆန်းစစ်ကြည် ့တော ့လည်းဟုတ်သလိုလိုပင်.. ကျွန်တော်ကိုယ်တိုင်ကလည်းသာယာသလို…ရှိခဲ ့သား….. နောက်..မာယာများတတ်သော(အခို ့)ကောင်မလေးများကိုလည်းလက်တဲ ့စမ်းချင်တဲ ့သဘော…… တစ်ခုတော ့ပြောရဦးမယ်….ကျွန်တော်ရည်စားထားခဲ ့သမျှကောင်မလေး(ရည်းစား)ဟုသတ်မှတ်ခံရသောမိန်ကလေးများထံမှ…ခွင် ့ပြု ချက်မရပါပဲ..လက်ကိုတောင်မကိုင်ခဲ ့ပါ…(ပါးလေးနုတ်ခမ်းလေးကို…နမ်းဖို ့ဆိုတာ..ဝေးလေစွ)…ယုံပါ။ တစ်နေ ့..အစ်ကိုတစ်ယောက်လိုချစ်ခင်ရသော…ကိုသက်ဆိုသူနှင် ့တွေ ့တော ့…သူ ့ကောင်မလေးကအဆက်ဖြတ်သွားတဲ ့အကြောင်းကို..စီကာပတ်ကုံး ပြောပြလေသည်..။သူတကယ်ချစ်ခဲ ့တဲ ့ကောင်မလေးက..ကျောင်းပိတ်ရက်နွေရာသီမှာ“သီလရှင်ဝတ်မှာမို ့..သူ ့ကိုမေ ့လိုက်ပါတဲ ့”။ ဘယ်လောက်ရီစရာကောင်းတဲ ့အကြောင်းပြချက်လဲ…..။ ကျွန်တော်..ကိုသက်ကို..သနားလည်းသနား…ရီလည်းရီချင်မိတယ်.. ကျွန်တော် ့ကိုကျွန်တော်..ဆန်းစစ်ကြည် ့တော ့….ကျွန်တော်ကိုသက်ကို..ကိုယ်ချင်းမစာနိုင်သေးတဲ ့အရွယ်မို […]


ချစ်သူကို တစ်ခါလွမ်းတိုင်း တွေ့ဆုံမယ့်ရက် တစ်ရက် ပိုနီးလာမယ်ဆိုရင် သိပ်ကောင်းမှာပဲ အချိန်တိုင်း ပဲ လွမ်းနေရပါတယ်….ချစ်သူ ရယ်…………… ကို့ ရဲ့ ရင်ထဲ ချစ်ရိပ်ပိုကဲ သိပ်ချစ်ရတဲ့ ချစ်သူလေးရေ….   အရင့်ရောင်


ရော်ရွက်တွေလည်း ဆုံဆည်းခဲ့တဲ့ ဇာတ်လမ်းအစမှာလေ….. ငှက်ငယ်လေးတွေလည်းလေ သံသာသံချို ညည်းကာဆိုလို့ ချစ်ခွန်းဖွဲ့သီကျူးလို့နေ……… ကို …တို့နဲ့ချစ်ခြင်းပြိုင်ကာနေ။ အကြင်နာဟူသမျှ အတူတူ မျှခံစားဝေ တစ်ယောက်လက်တစ်ယောက်တွဲကာ ပျော်မဆုံးခဲ့ပေ……… အသက်နှင့်ထပ်တူညီတူ ပမာယူကာ ချစ်ခဲ့ပေမယ့်…….. ကို….က ရော်ရွက် ဘဝ ပါ ဒါကို…… ငှက်ငယ်လေးတွေ သိပါတယ် ဒါကိုတော့ဖြင့်…… ကို့…ရဲ့ ချစ်သူ သိပါစေ… တောင်းဆုချွေသော်လည်း ကို့……ရင်ထဲမှာ အလွမ်းမျက်ရည်တွေ ဝန်းရံလို့နေပြီလေ……… တစ်သက်လုံး အတွက် ချစ်နေမယ့် ကို


nicolus agralJune 20, 20121min1358
အခုတလော hot နေတဲ့ ရခိုင်အရေး လေးနဲ့စမယ်ဗျာ ပုတ်စာ ဆိုတော့က ပေးထားချက်လေးတွေရှိပါတယ် (ကြားသိရသလောက်ပေါ့ဗျာ) ၁။ရခိုင်-ဘင်္ဂလား နယ်စပ်မှာမြန်မာပိုင်နက်ထဲကို တရားမဝင်(ကျူးကျော်)အခြေချနေထိုင်သူ ၁သန်း(ခန့်မှန်းခြေ) ၂။ဟိုဘက်က လုံးဝလက်မခံနိုင်ဘူး (တရားဝင် ပေါ်တင်ကိုပြောထားတာ) ၃။အကုန်သတ်လို ့လည်းမရဘူး (နိုင်ငံတကာကလည်းလက်ခံဘူး ကျင့်ဝတ်အရလည်းမလုပ်သင့်ဘူး ဘာသာတရားအရလည်းခွင့်မပြ  ုဘူး) ၄။ရခိုင်တွေနဲ့လည်း အတူတကွမနေနိုင်ဘူး (သူတို ့ကရန်လိုတယ် ၊ အစွန်းရောက် အကြမ်းဖက်သမားတွေရှိတယ် ၊အလွန်မျိုးပွားနှုန်းမြန်တယ် ရခိုင်တွေဘက်ကကြည် ့တော့လည်း အကြိမ်၂ အကြမ်းဖက်ခံခဲ့ရတယ် ၊အင်္ဂလိပ်အစိုးရလက်ထက်မှာရော၊မြန်မာအစိုးရလက်ထက်မှာရော)   အဲလိုဆိုတော့ ဖြေရှင်းချက်က ၁။ အချိန်တခုအထိ ဒုက်ခသည်တွေအနေနဲ ့လက်ခံထားရမယ့်သဘောရှိနေတယ် ၂။ ရခိုင်နဲ ့အတူထားလို ့မရ ဆိုတော့ သီးသန့် စခန်း တနေရာမှာထားရမယ့်သဘောပေါ့ (နယ်စပ်နဲ ့မနီးမဝေး) ၃။သူတို ့ကနိုင်ငံသားမဟုတ်ဘူး […]


Wai Aung Chan MyoJune 20, 20121min1054
အကိုရေ မင်္ဂလာပါခင်ဗျာ ကျွန်တော်မရှင်းတာလေး သိချင်လို.အချိန်ရရင်ဖြေပေးပါအုံး ၊အကြံပြုပေးပါအုံး ကျွန်တော် အခုမိုးရာသီမှာ ကျွန်တော်တို.ဒေသ တောင်ပေါ်ကသစ်မွှေးပင်အလေ့ကြပေါက်တဲ့အပင်ပေါက်လေး တွေကိုတူးယူပြီးစိုက်ဖို.စိတ်ကူးထားပါတယ် ၊ ကျင်းတွေလဲတူးထားပြီးပါပြီ ၊ ကျွှန်တော်သိချင်တာက ကျင်းတွေထဲကို ကျွန်တော်အခု လွှစာမှုန်. ( သစ်မှုန်. ) တွေနဲ. ဝက်ချေးအဆွေးတွေနဲ.တူးထားတဲ့မြေဆီကို ဆတူရောထားပါတယ် ၊ အရင်တကြိမ်စိုက်တုန်းကတော့ ကျွန်တော့်ကို ပျိုးပင်ရောင်းတဲ့သူက ကျင်းထဲကိုအပင်မစိုက်ခင်မှာ ( ဖျူရာတန် )စာလုံးပေါင်းမမှတ်မိတော့ပါဘူး မြေတွင်းအောင်းပိုးသတ်ဆေးလို.ပြောပါတယ် ခြ ၊ ပုရစ် ၊ ဖိုးလမင်းကောင်တွေမစားအောင်လို.ပြောတာပါပဲ ။ သစ်မွှေးပင်ကိုဒီပိုးတွေ စားတတ်ပါသလားခင်ဗျာ ၊ ကျွန်တော့စိုက်ခင်းအကွက်ထဲမှာကလဲ ခြ တွေ ပုရစ်တွေတော့ပေါပါတယ် ၊ တကယ်လို. အဲဒီ့ပိုးသတ်ဆေးကို အခုအချိန်မှာကျင်းထဲကိုသုံးလိုက်ရင် ကျွန်တော်အသုံးပြုထားတဲ့ ဝက်ချေးတွေ ၊ လွှစာမူန်.တွေကဖြစ်လာမယ့်အကျိုးပြုမယ့်ဂုဏ်သတ္တိတွေကိုထိခိုက်နှိင်မလား နားမလည်ပဲဝေခွဲမရဖြစ်နေလို.ပါ အကိုအချိန်ရတယ်ဆိုကျေးဇူးပြုပြီးရှင်းပြပေးပါအုံး။ […]


sugar sugarJune 19, 20121min32321
မနေ့ ကပေါ့ဗျာ ညကြီး မှာ ပေါ့ ၊မန္တလေး မြို့ကို ပန်းကန်ပြားပျံ ကြီး ရောက်လာတယ် တဲ့ ကျွန်တော်တို့ တော့ မမြင် လိုက်ရပါဘူး ဗျာ ၊တစ်မြို့လုံးတော့ အုံးအုံး ထ သွားတာပဲ ၊ တစ်ချို့ က ကြောက်ပြီး ငို လို့ငို ၊တစ်ချို့ အော်ပြေးလို့ပြေး ၊ဘာမှန်းကို မသိပါဘူး ၊အိမ်ထဲမှာ ဇာတ်ကားကောင်းနေ လို့ မမြင်လိုက်ရတဲ့ ကျွန်တော့်ကို မဟေသီ ကလည်း စိတ်ဆိုးဆိုး နဲ့ ဖုန်းဆက်အော်သေးတယ်ဗျာ။ ဘာကြီး မှန်းလည်း မသိ ဘယ်ကလဲမသိ ၊ ဖြူဖြူ ဝိုင်းဝိုင်း ကြီး တဲ့ တောင်နဲ့မြောက်ပြေးနေတာလို့ ပြော တာဘဲဗျို့ ၊ ဘာ ကြီး […]


Wai Aung Chan MyoJune 19, 20121min690
မင်္ဂလာပါ ကိုဝေအောင်ခင်ဗျား ကျွန်တော် xxxပါ သစ်မွှေးအကြောင်းစိတ်ဝင်စားလို့ online ပေါ်မှာရှာရင်း ကိုဝေအောင်ရေးတင်ထားတဲ့ post တွေသဘောကျပြီး လိပ်စာပါတွေ့လို့ သိချင်တာလေးမေးပါရစေခင်ဗျာ။ ကျွန်တော်နှင့် အခြားအပေါင်းအသင်း ၅ ဦးစုပေါင်းပြီး ပဲခူးရိုးမ အနောက်ခြမ်း မင်းလှမြို့နယ် တောင်ခြေမှာ မြေလွတ်မြေရိုင်းရတာနဲ့ ကျွန်တော်တို့သစ်မွှေးစမ်းသပ်စိုက်ပျိုးကြည့်ဖို့တိုင်ပင်ခဲ့ကြပါတယ် အဲဒီနောက် သတင်းစာမှာပါတဲ့ ကြော်ငြာတွေကြည့်ပြီး သစ်မွှေးကို မြေနီကုံးက ဝင်းသစ်မွှေးမှာ ဝယ်ခဲ့ပါတယ်ခင်ဗျ၊ အပင်အမြင့် ၁ ပေခွဲခန့်အရွယ်တွေဖြစ်ပါတယ်။ ဘာမှနားမလည်သေးဘဲ ကြော်ငြာကလိပ်စာတွေ့တာနဲ့ သွားဝယ်ခဲ့တာဖြစ်ပါတယ် အပင် ၂၅ဝ ကို တစ်ပင် ၈၀ဝ ကျပ်နဲ့ဖြစ်ပါတယ်ခင်ဗျ၊ အခုကျွန်တော်တို့စိုက်ဖို့လုပ်တဲ့အခါကြတော့ မြေကွက်သွားကြည့်တော့မှ မြေက မြေကြီးမဟုတ်ဘဲ ဂဝံတောင်ကုံးတွေဖြစ်နေတယ် သိတဲ့လူတွေပြေတာတော့ သက်နုဂဝံလို့ပြောတယ်ခင်ဗျ၊ အဲဒီတောင်ကုန်းတွေမှာ ဝါးဖြူလို့ခေါ်တဲ့ ခပ်နိမ့်နိမ့်ဝါးရုံပင်တွေနဲ့ တချို့နေရာတွေမှာ အင်ပင်တွေပေါက်နေတယ်ခင်ဗျ၊ အဲဒါ ကျွန်တော်သိချင်တာက […]


Wai Aung Chan MyoJune 19, 20121min1322
မင်္ဂလာပါ ကိုxxရေ အခုလိုစိတ်ဝင်တစား သစ်မွှေးအကြောင်း မေးမြန်းတဲ့ ဝမ်းသာမိပါတယ်။ အကို့ရဲ့မေးခွန်းတွေကို အစဉ်အတိုင်းဖြေရရင်… ၁။အကို့ခြံကရောင်းတဲ့ပျိုးပင်အမျိုးအစားလေးတွေရယ်ဈေးနှုန်းလေးတွေရယ်ကိုသိခွင့်ရှိပါသလား ပျိုးပင်တွေကို ၁ပေကို ၅၀ဝနှုန်းနဲ့ ၂ပေကနေ ၄ပေကျော်အထိရှိပါတယ် ၂ပေမှ ၂ပေခွဲကို ၁၀၀ဝကျပ် ၂ပေခွဲမှ ၃ပေကြားကို ၁၃၀ဝကျပ် ၃ပေမှ ၃ပေခွဲကြားကို ၁၅၀ဝ ကျပ် ၃ပေခွဲမှ ၄ပေကြားကို ၁၈၀ဝ ကျပ် ၄ပေအထက်အပင်များကိုတော့ ၂၀၀ဝကျပ်နှုန်းပါ။ ပျိုးပင်အားလုံးက မြစ်ကြီးနားမျိုးဖြစ်တဲ့ Aquilaria Agllocha မျိုးတွေပဲဖြစ်ပါတယ် ဒီမှာ ကျနော်တခုပြောချင်တာက အများက အမှတ်မှားနေတာလေးပါ။ ယိုးဒယားမျိုးဖြစ်တဲ့ Sub-integra မျိုးကပိုကောင်းတယ်ဆိုတာလေးပါ။ အခုဆိုရင် ကိုxxလည်းသိမှာပါ။ ဘာဖြစ်ဖြစ် နိုင်ငံခြားကိုမှ အထင်ကြီးတဲ့စိတ်ဓာတ်တွေကိုပါ။ တကယ်တော့ မြန်မာပြည်ဟာ ကမ႓ာ့သစ်မွှေးဈေးကွက်ကို မထိုးဖောက်နိုင်တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေကတဆင့် မှောင်ခိုဈေးကွက်နဲ့ ရောင်းရတဲ့အတွက် မြန်မာ့သစ်မွှေးဟာ […]