kaiAugust 30, 20131min31816
ကျွန်တော့်ဘဝမှာ အလုပ်တွေအများကြီး လုပ်ကိုင် ခွင့်ရခဲ့ပါတယ်။ ပြည်တွင်းမှာရောပြည်ပမှာပါ အလုပ်မျိုးစုံ။ ဒီအလုပ်တွေအထဲမှာ ကျွန်တော်အခင်မင်ဆုံးအလုပ်က ကျောင်းဆရာအလုပ်ဖြစ်တယ်။ တစ်နည်းပြောရရင် ပညာရေးဝန်ထမ်းတစ်ယောက်အနေနဲ့ လုပ်ခဲ့ရတာကို ကျေနပ်တယ်၊ သဘောကျတယ်။ ဒါကြောင့်လည်း အခုအချိန်ထိ အခွင့်ရတိုင်းစာသင်တယ်၊ ဟောပြော တယ်၊ ဆွေးနွေးတယ်။ ပညာရေးလောကကြီးဟာ အခုခေတ်မြန်မာနိုင်ငံမှာ ရေပန်းစားနေတာ တွေ့ရတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ပုံစံအမျိုးမျိုးနဲ့ ဆွေးနွေးနေကြတယ်။ ကွန်ရက်တွေလည်း အများကြီးပဲ။ နေပြည်တော် မှာလည်း မကြာခဏ အစည်းအဝေးတွေ၊ အလုပ်ရုံဆွေးနွေး ပွဲတွေ လုပ်နေကြတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လည်း အခုလိုပဲ ဦးစားပေးပြီး တိုင်ပင်နေကြတယ်။ ဆွေးနွေးနေကြတယ်၊ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်ပြီး လည်း ပြောနေကြတယ်။ အခုလိုဖြစ်လာတာကို ကျွန်တော့်အနေနဲ့ ကြိုဆိုမိပါ တယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ ပြောကြ၊ […]


manawphyulayAugust 6, 20131min2154
ကမ္ဘာကြီးမှာ နေ့စဉ်နဲ့အမျှ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါသည်။ ဘာတွေပြောင်းလဲနေသလဲ။ ဘယ်အရာတွေကတော့ ဆုတ်ယုတ်နေသလဲ။ စာဖတ်သူကိုယ်တိုင် လေ့လာဆန်းစစ်ကြည့်ဖို့ အထူးလိုအပ် လှပါသည်။ အမြဲတမ်းအားဖြင့် တိုးတက်ခြင်းနှင့် ဆုတ်ယုတ်ခြင်းဆိုတာ အမြဲဒွန်တွဲကပ်ပါလျက်ရှိနေပါသည်။ စာဖတ်သူဟာ တိုးတက်နေသူတစ်ဦးလား ဒါမှမဟုတ် ဆုတ်ယုတ်မှုကို လက်ခံထားသူတစ်ဦးလားဆိုတာ ကိုယ်တိုင် ဝေဖန်သုံးသပ်ကြည့်လိုက်ပါ။ တိုးတက်မှုမရှိရင် ရပ်ဆိုင်းမနေဘဲ ဆုတ်ယုတ်နေမှာ အမှန်ပဲ ဖြစ်ပါသည်။ ကျွန်မတို့တွေဟာ အောင်မြင်မှုချည်းပဲ မရရှိနိုင်သလို ရှုံးနိမ့်မှုများလည်း အမြဲကြုံဆုံနေမှာ မဟုတ်ပါဘူး။ အောင်မြင်ခြင်းအရာဟာလည်း ကျွန်မတို့တွေဆီ လွယ်လွယ်ကူကူ ရောက်ရှိမလာနိုင်ပါ။ တစ်ခါတလေ အရာအားလုံးအတွက် ပေးဆပ်ခြင်းများလည်း ကြုံရမှာ ဖြစ်ပါသည်။ ဒီလိုအချိန်မှာ ခံနိုင်မှု စွမ်းရည်ဆိုတာ အထူးအရေးကြီးလှပေသည်။ လူသားတွေဆိုတာကလည်း အောင်မြင်မှုရရှိရင် အလွန် ပျော်ရွှင်နေတတ်ကြပြီး ရှုံးနိမ့်မှုကို ကြုံဆုံရင်တော့ စိတ်ပျက်အားငယ်ခြင်းများနှင့် အချိန်အတော်ကြာကြာ ခံစားတတ်ကြ […]


https://m.facebook.com/home.php?_mn_=2&refsrc=https%3A%2F%2Fwww.facebook.com%2F&refid=9&_rdr#!/photo.php?fbid=274319549375225&id=100003915476655&set=a.233741200099727.1073741827.100003915476655&refid=52 အလေးထားရမဲ့သူတွေ ———————- မင်းခန့်ကျော် ခုတလောလိုင်းတွေမရတလှဲ့ ရတလှဲ့ နဲ့ အွန်လိုင်းပေါ်တက်တိုင်း ပြန်ပြန်ကျနေတာနဲ့ လုပ်ချင်တာမလုပ်ရ။ဟိုစပ်စပ်ဒီစပ်စပ်လည်းမလုပ်ရနဲ့။ အတော်ကိုခွကျသဗျာ။ ဒီအတိုင်းလဲအငြိမ်မနေနိုင်တော့ ဒီနေ့ ဖတ်မိတဲ့အကြောင်းအရာလေးထဲ ကအပျင်းပြေရှယ်ချင်တာလေးတခု သတိရလို့ တွေးဖို့လေးတခု ပြန်မျှ လိုက်ပါတယ်။ ဆိုကြပါစို့ ။ ခင်ဗျာကိုယ်ခင်ဗျားအ စက်တစက်အနေနဲ့သတ်မှတ်ထား လိုက်ဗျာ။ အောက်ကပုံအတိုင်းစက်ဝိုင်းရဲ့အလယ်မှာရှိနေတယ်ပေါ့ဗျာ။ အလယ်မှာထားရတဲ့အကြောင်းက ဥပမာ – ခင်ဗျားကအပြင်းဖျားနေ တယ်။ခံစားနေရတယ်။ စားချင်စိတ် လဲမရှိ။သွားချင်တာမသွားရစားချင် တာမစားရ အတော်ဂွကျနေတယ်ပေါ့။ ဒီလိုမ ဖြစ်ချင်ဘူး။အမြန်ပြန်ကောင်းချင်တယ်။ ပြန်ကောင်းဖို့ခင်ဗျားနည်းမျိုးစုံနဲ့ ကြိုးစားမယ်။ ဒါကြောင့်ခင်ဗျားက ကိုယ့်ကိုကိုယ် အလေးထားတယ်။ ကိုယ့်အတွက် သိတတ်တယ်။ဒါကြောင့်ခင်ဗျားကို စက်ဝိုင်းအလယ်မှာကျနော်ထား လိုက်တာ။ ဟုတ်ပြီ။ အဲဒီဖျားနာ တာကခင်ဗျား မဟုတ်ပဲ ခင်ဗျားရဲ့အရင်းနှီးဆုံး သူတွေဖြစ်နေရင်။ ခင်ဗျားအနေနဲ့ မင်းဖျားမဲ့အစား ငါသာဖျားပေးလိုက်ချင်တယ်ဆို လောက်တဲ့ […]


ဤပိုစ့်ကိုဝင်ရောက်ဖတ်ရှု့ကြသောသူအပေါင်းအား မင်္ဂလာအပေါင်းနဲ့ခညောင်းကြပါစေကြောင်းရှေးဦးစွာ နုတ်ခွန်ဆက်အပ်ပါတယ်။ အသက်ကဒီအတိုင်းငြိမ်ငြိမ်လေးမနေ။ဆက်တိုက်တဖြည်း ဖြည်းချင်းကြီးလာတာမို့အရင်ကအကြောင်းတွေ ဖတ်မိတာ တွေ ကြည့်မိတာတွေ ကြုံရဆုံခဲ့ရတဲ့အတွေ့အကြုံတွေကို ပြန်စဉ်းစားမိတော့ အများအားဖြင့်ခပ်ရေးရေးတော့ပေါ်မိသား။ ဒါကြောင့်မှတ်မိတာလေးတခုကို ပြောချင်တာလေးနဲ့ပြောမလား စိတ်ကူးမိပါတယ်။သိပ်မမှတ်မိပေမဲ့ကြောရိုးကလေးကိုအားပြု ပြီး လက်ရှိအတွေးနဲ့ ဖြည့်စွက်ပြီးစာမလှ လှအောင်ပြောပေး ပါမယ်။ (ကျနော်ကစာရေးရင် အချက်အလက်စုခြင်း အကြမ်း ရေးထားခြင်းမရှိ ပဲ စိတ်ကူးပေါ်ရင်ပေါ်သလိုကောက်ရေးတာမို့ စာမချောတတ်သည်ကိုမိမိကိုယ်မိမိသိရှိပါကြောင်း ဟီးး တီဗီရုပ်သံအစီအစဉ်တွင်လား။ ဗီဒီယို(တိတ်ခွေ) ဖြင့်လောသိပ်မမှတ်မိ ပြိုင်ပွဲတပွဲကြည့်ဖူးသည်။ ပြိုင်ပွဲဝင်လိုသူများအဖွဲ့လိုက်စာရင်းပေးသွင်း ၍ပြိုင်ပွဲဝင်ရသည်။တဖွဲ့ လျှင် ရ ယောက်ခန့်ပါဝင်သည်။ အဖွဲ့ ၅ ဖွဲ့ ပါဝင်စာရင်းပေးသည်။ ဘာပြိုင်ပွဲမှန်းကြိုပြောထားပုံမရ။ အဖွဲ့တဖွဲ့ချင်း စီတွင်အမျိုးသမီး အမျိုးသား ရောရက်ပါသည်။ စာရင်းပေးသွင်သူများ အားပြိုင်ပွဲကြီးကြပ်သူတစ်ဦးမှ (အမျိုးသမီးများအား)ဘောင်းဘီ လဲဝတ် စေသည်။ စကတ်တိုရှည်ဖြင့်ပြိုင်ပွဲဝင်ခွင့်မပြု။ အားလုံးပြိုင်ပွဲဝင်ဖို့အသင့် ဖြစ်နေကြပြီ။ပြိုင်ပွဲဝင်မည့်သူများ ကလဲ ဘာပြိုင်ရမှန်းမသိသော်လည်း […]


ムラカミJuly 11, 20138min22520
အတည်အကောင်း မရေးတာကြာပြီဆိုတော့လည်း ရေးလိုက်ပါဦးမယ်လေ..။ ကနဦး ပြောဖူးတဲ့ ဟာသလေးတပုဒ် အရင်ပြောပါမယ် (အမ်.. အတည်ရေးမယ်ဆို) ဟုတ်ကဲ့ ရေးတာလည်း ရေးတာပေါ့ .. ဒါလေးအာသာပြေရေးလိုက်ဦးမယ် အမေရိက ကအာကာသယာဉ်ပေါ်မှာ ဖြစ်ပါတယ်.. ဘောပင်တွေက မင်မထွက်ဘူးတဲ့..။ ဘယ်ထွက်မတုန်း ကမာ္ဘမြေဆွဲအားမရှိတော့ မင် က ဂလိုပဲ ပေပြီး နေနေတာကိုး ။ ဆိုတော့ ကမာ္ဘမြေဆွဲအားမလိုတဲ့ မင်ဖိအားပေးမှု စနစ် ပါတဲ့ ဘောပင်တီထွင်တာ ဒေါ်လာထောင်ချီ ပလုံပြီးနောက်ပိုင်း အောင်မြင်သွားပါတော့တယ်။ ဒီသတင်းကြားတော့ ဥရောပမြောက်ပိုင်းက အရက်သမား ရုရှ တွေက ရီပါတယ်။ သူရို့က ဘောပင်မင် မလိုက်တော့ ခဲတံ ပြောင်းသုံးပါတယ်တဲ့ ..။ ငိငိ (ဟာသသက်သက်ပါ) ဒါပေမယ့်တကယ် ပြောချင်တာက Lateral thinking နဲ့ […]


တိုက်ပွဲတပွဲတပွဲကား ပြီးဆုံးသွားခဲ့လေသည်။တိုက်ပွဲတပွဲနှင့်တပွဲအ ကြားပါဝင်သူများ၏ကိုယ်ရေးအချက်များရှာဖွေ တင်ပြရန် အားထုတ်နေမိသည်။ဘိုနီအကြောင်း တင်ပြရန်စီစဉ်ထားသော်လည်း လောက၌ထင် မှတ်မထားနိုင်သောအကြောင်းတရားများကြောင့် ဘိုနီအကြောင်းမေ့ထားကြပါစို့။ ဖြစ်ရပ်ကထူးဆန်းလှသည်။ကြောင် ဟူသောသတ္တဝါတို့ တစ်သိန်းတွင်တကြိမ်ဖြစ် တောင့်ဖြစ်ခဲ ကိစ္စဖြစ်ခြင်းကြောင့် သူ့အကြောင်း ရေးရန်ဦးစားပေးကိစ္စဖြစ်လေသည်။ ဘိုနီ ဆာမူရိုင်းရှည့်တို့ နှင့်တိုက်ပွဲ ဝင်ခဲ့သော ကိုရွှေကြောင် ။ ၎င်းသည် အမိ ဒေါ်ကြောင်ဝါ အဖ ကြောင်မျိုးစုံ တို့မှ မွေးဖွား လာသောဒုတိယ ထွက် ကြောင်ဖြစ်သည်။ ၎င်းမှာငယ်စဉ်ကပင်သွက်လက်ချက်ချာသည်။ ဉာဏ်ရည်ထက်မြက်သည်။အရာရာစူးစမ်းလိုသော အကျင့်ရှိသည်။အသံချိုသည်။ နုတ်လျှာ အာရွှင် သည်။(ထို့ကြောင့် မ တို့ဝိုင်းဝိုင်းလည်သည်။) ကြောင်တို့တပ်အပ်သောအတပ်ပညာများ အရွယ် မတိုင်ခင်ကနောကျေသည်။ဤကဲ့သို့အရွယ်ရောက် လာသောအချိန်တွင် ၎င်း၏သခင်မလေး/သခင်လေး တို့ကျေးဇူးဖြင့်ကွန်ဖူးပညာတမျိုးတတ်လာရသည်။ အကြောင်းမှာ သခင်များက DVD ဇာတ်လမ်းတွဲ များကြည့်ရာတွင် “သို်င်းလက်ဝါး” “နဂါးနိုင်ဓါး” “သွေးလက်ဝါး” “မိစ္စာ […]


မိုးတွေရွာကာနီးတုန်းက သတိထားမိတာလေးတခုရှိတယ်။ မိုးလွတ်ရာပြောင်းရွှေ့နေတဲ့ပုရွက် ဆိတ်တွေပါ။ အကောင်ကမဲမဲ ချီလာတဲ့ဥတွေက ဖြူဖြူ။အတန်းလိုက်ချီတတ်သွား တာ။ ရှေ့ကခေါင်းဆောင် တ ကောင်နောက်ကို နောက်က နောက်လိုက် ပုရွက်ဆိတ်တွေ က တညီထဲလိုက်တာ။ကြည့်လို့အရမ်း လှတာပဲ။ရှေ့ကကွေ့ရင်ကွေ့တဲ့ အတိုင်းနောက်ကကွေ့တယ်။ ရှေ့ကတတ်ရင်နောက်က တညီတ ညာတတ်တယ်။အောက်ကိုဆင်း ရင်လိုက်ဆင်းတယ်။ လမ်းမှာတဲ့ကောင်တွေ နောက် စ မှာပြတ်ကျန်တဲ့ကောင်တွေကို ပြန်တည့်မတ်ပေးတဲ့ အထိန်း ကောင်တွေကပြန်ထိန်းပေးတယ်။ ၁ဝ မိနစ်လောက်ကြာတော့ သူတို့ လိုရာပန်းတိုင်ခရီးကို အဆင်ပြေ ပြေနဲ့ ရောက်သွားကြတယ်။ ငါတို့များတော့ သူတို့နဲ့ကွာပါ့။ ရှေ့ကသွားတဲ့လူနောက်လည်း မလိုက်ချင်။ ရှေ့ကလူကလည်း စောင့်မခေါ်။ သွားချင်တဲ့နေရာ ကလည်း ရေရေရာရာ မရှိ။ လမ်းကြောင်းတွေက များ။ ဦးတည်ချက်မရှိ။ခေါင်းဆောင် ကောင်းမရှိ။နောက်လိုက်ကောင်း မရှိ။ အချင်းချင်းလည်းမညီညွတ်။ ဒီလိုတွေနဲ့ သွားနေရင်တော့ မိုးရွာရင် […]


same kyawJune 15, 20131min774
 ကျမ ကို ကြီးကြီးကျယ်ကျယ်ပြော တယ်လို့တော့ မထင်စေချင်ပါ။အမြင်ကို ပြောတာပါ။မတူခွဲပြားနို်င်ပါတယ်။ အမေရိကန် ကတရားမဝင် ၁ဝသန်းကို  တရားဝင်န်ုိင်ငံသားပေးတော့မယ်တဲ့ ။  ဒါပေမဲ့ နိုင်ငံတနို်င်ငံ နဲ့ တနို်င်ငံမတူနို်င်ပါဘူး။အထူးသဖြင့် မြန်မာနို်င်ငံ ဟာ အင်အားကြီးတဲ့ အိန္ဒိယနဲ့ တရုတ်ကြားမှာ တည်ရှိတာရယ် နယ်မြေနဲ့ လူဦးရေ မင်္ညီမျှဘဲ လူဦးရေ ပေါက်ကွဲထွက်နေတဲ့ ဘင်္ဂလားလို နို်င်ငံတွေ ခြားထဲမှာ ရှိတဲ့ မြန်မာဟာ ပို အန္ဒာရာယ်များပါတယ်။ မြန်မာနို်င်ငံမှာ တကယ်ဆို တရားမဝင်ခိုးဝင်သူတွေ ၁ဝသန်းမက အထက်မှာ ရှိနေတယ်။ခုလောလောဆယ် မြန်မာပြည်ကို မလေးရှားလို အော်ပရာစီဝင်စစ် ကြည့် ပါ ထောင်တွေ ဆန့်မယ်မထင်ဘူး။ ခုဆို နေရာအနှံ့ မှာ မြန်မာစကားမပြောတတ်တဲ့ တရုတ် ဘင်္ဂလီတွေ နေရာအနှံ့တွေ့နိုင်တယ်။လူကြီးတွေ ရှက်တတ်ရင်ရှက်ဖို့ပါ။သူတို့ကို မစစ်နို်င်အောင်ဘာတွေ […]


same kyawJune 13, 20131min22811
မလေး အစိုးရ ကပိုက်ဆံရှာတတ် လိုက်တာ နော် ။သူတို့ ဆီ မှာ ရှိတဲ့ တရားမဝင် အလုပ်သမားတွေ ကို 6P AMNESTY AND LEGALIZATION PROGRAM လုပ် တာ ၁ဝသိန်းနီးပါးဘဲ ဆို အလုပ်သမားတယောက် အနည်းဆုံး ၄၀ဝရင်ဂစ် ဆို လူ ၁ဝသိန်းဆို တွက်ကြည့်တော့။အဲ့ဒီ နောက် ကတရားဝင်ရလာမဲ့ လူတယောက် ပါမစ် ကြေးက ပျှမ်းမျှ ၁၅၀ဝရင်ဂစ် အထက်လောက်ရှိတယ်။ဒိလို အစိုးရ ကငွေရှာတတ်တယ်။ဒါကြောင့် မြန်မာပြည်လောက် သံယဇာတမရှိဘဲချစ်သာအောင်လုပ်နိုင်တယ်။ ဒီလိုဆို အဲ့သလို မြန်မာနိုင်ငံမှာ ကော  သူတို့ မလေး အခေါ် အော်ပရာစီ(operationအင်္ဂလိပ်-operasiမလေး)တွေ လုပ်လို့မရဘူးလား။ မြန်မာပြည်မှာ က မလေးထက် ပိုများတယ်။တရုတ်၊ဘင်္ဂလီ သန်းနဲ့ချီပြီးရှိနေတယ်။ ခက်တာ […]


same kyawJune 13, 20131min30015
 ဆောင်းပါးရှင် တိမ်မည်း ရဲ့ မြန်မာလူမျိုး တွေ ဘာကြောင့်မချမ်းသာ ကြတာလဲ ဆို တာ ကို စာရေးသူက တရားသဘောနဲ့ ပြောပြသွားတယ်။ ကျမ ကသာမာန် လူသားအမြင်နဲ့ဘဲ ကြည့်ပြီး ပြောပါမယ်။ ဗုဒ္ဒဘာသာ အမြင်ဆို အရင်ဘဝ က ကုသိုလ်ကောင်းခဲ့ တော့ ခုဘဝမှာ ချမ်းသာပြီး ပြီးပြည့်စုံတဲ့ ဘဝကိုပိုင်ဆိုင်တယ် ဆို တာ ကျမဘဝနဲ့ ယဉ်ပြီး လက်ခံပါတယ်(အမြင်မတူ ကွဲပြားနိုင်ပါတယ်) ကျမ မလေးရှားကို ရောက် တဲ့ နှစ်တွေ တုံး က အထိုက်အလျှောက်ဝင်ငွေ ကောင်းခဲ့ပါတယ်။ဝယ်မယ်ဆိုရင် တောင်ဒဂုံ မြောက်ဒဂုံတို့ မှာ ခြံတွေ အများကြီးဝယ်ထားနိုင်ပါတယ်။မကြာခဏ ဝယ်ဘို့လဲကြိုးစားခဲ့ပါတယ်။အကြောင်းအမျိုးမျိုးဖျက်လို့ပျက်သွားခဲ့ တာကြီးဘဲ။ ခုဆို မကပ်နို်င်တော့ပါဘူး။ ဒါပေမဲ့ ယနေမဝယ်နိုင်တော့ပါဘူး၊အဲ့ဒါကို ရှေးက […]


ဘင်ဘိုxxxဘင်ဘိူxxxxxxxxxxခွေးငယ်ကလေးမင်းရဲ ့အမည် ဘင်ဘိုxxxxxဘင်ဘိုxxxxxxxxxxမင်းကခေါ်တိုင်းအမြဲတမ်းလာ ဘင်ဘိုxxxxxဘင်ဘိုxxxxxxxxxလိမ္မာပါတယ်ကွာ မင်းကဖြူစင်တယ်တကယ်xxxxxxxxxxxအလွန်လိမ္မာတဲ ့ခွေးလေးကွယ်.….. ဟုတ်ပါတယ်..ကျွန်တော်တို ့အိမ်မှာအိမ်မွေးတိရိဆ္တန်တွေကိုမွေးတတ်ကြပါတယ်… ခွေးကိုချစ်တဲ ့လူတိုင်း(အချိူ ့သောလူတွေကမချစ်တတ်ပါဘူးလို ့တရားဝင်ပြောတဲ ့လူတချိူ ့ကိုလည်းတွေ ့ဖူးကြမှာပါ….) ခွေးတွေဟာသခင်အပေါ်မှာ…သစ္စာအရှိဆုံးဆိုတာကမ္ဘာချီပြီးတော ့တောင်ပြောကြပါသေးသည်…. ဂျပန်မှာဆိုတကယ် ့အဖြစ်အပျက်..တစ်ခုတောင်ရှိတယ်ဆိုတာ…စာဖတ်သူတို ့ကြားဖူးဖတ်ဖူးမှာဖြစ်ပါတယ်….. ခွေးတွေဟာ…သခင်တွေအပေါ်သစ္စာစောင် ့သိနားလည်တတ်ပါတယ်….ဒါကြောင် ့ဒီသီချင်းလေးကိုခံစားရင်းဆောင်းပါလေးရေးလိုက်ပါတယ်…… (ဘင်ဘိုလေးနဲ ့မြေနီလမ်းလေးxxxxxအပြေးပြိုင်ဆော ့ကြတယ် သခင်ထံပြေးxxxxxအရိုအသေပေးမင်းလာရှိခိုးတတ်တယ် လူသားများကxxxxxအချင်းချင်းမုန်းကာလမ်းခွဲကြပေမဲ ့ လိမ္မာတယ်xxxxxကျေးဇူးတရားမမေ ့ပါတယ် လမ်းခွဲမသွားရက်တယ်xxxxxxxxxxxxxxx) လူသားတွေက…တစ်ယောက်နဲ ့တစ်ယောက်ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ…. ချောင်းမြောင်းနေတတ်တာကလည်းသဘာဝပါ…….ကိုယ် ့ထက်သာရင်မနာလိုကိုယ် ့ထက်နိမ် ့ကျပြီးလားဟေ ့ဆိုရင်…. ဝမ်းသာလို ့မဆုံး..ဒီလိုလူမျိူးတွေကိုလည်းတော်တော်များများတွေဖူးကြုံဖူးမှာပါ….. တချိူ ့ဆိုရင်လည်း…ခြေထိုးခံဘို ့ဝန်မလေးတတ်ပါ…… မှန်တာပြောရင်…ရွာပြင်ထုတ်ခံတတ်ရတယ်ဆိုတာလည်းသိကြမှာပါ…… ကျွန်တော် ့ပါတ်ဝန်းကျင်မှာ ဒီလိုလူတွေကဒုနဲ ့ဒေးဗျ…… ဘယ်သူတရားပျက်ပျက်….ကိုယ်မပျက်စေနဲ ့တဲ ့လူတွေဟာတစ်ယောက်နဲ ့တစ်ယောက်မတည် ့တော ့ဘူးဆိုရင်…. […]


kaiMarch 31, 20131min1627
” အာဖ ရိကတိုက်က ရဝမ်ဒါနိုင်ငံမှာ ဖြစ်ခဲ့ဖူးတဲ့ တွတ်ဆီနဲ့ ဟူတူ လူမျိုးစု နှစ်စု အပြန်အလှန် မျိုးဖြုတ်သတ်ဖြတ်ခဲ့တဲ့ အခြေအနေမျိုး မြန်မာနိုင် ငံမှာ ဖြစ်နေပြီလို့ သတင်းဌာနတစ်ခုက ပုံကြီးချဲ့ ထုတ်လွှင့်ခံရလောက်အောင် ရှက်စရာ စိုးရိမ်စရာ ဖြစ်ခဲ့ရပါပြီ။” ======================== မောင်ဝံသ ပြောချင်လွန်းလို့ ======================== စင်ကာပူကိုငါးကြိမ်မြောက် ဆေးစစ်ဖို့ ရောက်နေပါတယ်။ ဆေးစစ်အပြီးမှာတော့ မောင့်အယ်လိဇဘက်ဆေးရုံက အထူးကု သမားတော် သုံးဦးညှိနှိုင်းကြပြီး ကျွန်တော့်ကို ဓာတ်ရောင်ခြည်ကုသမှု (Radiotherapy) ပြောင်းပေးဖို့ ဆုံးဖြတ်ပါတယ်။ ဓာတ်ရောင်ခြည်ကုသမှုခံယူချိန်မှာ တစ်ပတ်လျှင်တစ်ကြိမ် ကီမိုဆေးသွင်းမှုကိုလည်း ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ ယခု အစီအစဉ် အရဆိုရင် ကျွန်တော် ဒီမှာ နည်းနည်း ကြာဦးမယ်ထင်ပါတယ်။ ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်များ၊ မိတ်ဆွေသင်္ဂဟများ၊ စေတနာရှင်၊ အလှူရှင်များထံ […]


asiamastersMarch 29, 20131min972
၂၁။ သန့်ရှင်းစင်ကြယ်မှုဟာ ဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ကျဉ်းနိုင်တယ်။ လူသားတွေမှာက ကိုယ်ခန္ဒာနဲ့ စိတ်နဲ့ရှိနေတော့ ကိုယ်ခန္ဒာလည်းသန့်ရှင်းဖို့လိုသလို၊ စိတ်ထားလည်း သန့်ရှင်းစင်ကြယ်နေဖို့လိုတယ်။ ကိုယ်ခန္ဒာသန့်ရှင်းစင်ကြယ်ခြင်းဆိုတာကတော့ ရေကို အသုံးပြု၍ဆေးကြောခြင်းပါပဲ။ ဆံပင်တွေကို အမြဲသန့်ရှင်းအောင်ထားရမယ်။ ခံတွင်းကိုသန့်ရှင်းအောင်ထားရမယ်။ အရေပြားကို သန့်ရှင်းအောင်ထားရမယ်။ လိင်အင်္ဂါများကို သန့်ရှင်းအောင်ထားရမယ်။ စိတ်ထားမှာလည်း မနာလိုစိတ်၊ လောဘစိတ်၊ အလကားလိုချင်စိတ်များများကို ရှင်းပစ်ရမယ်။ ညစ်ပတ်နေနေရာများသည် ရောဂါများကို ဖြစ်စေတယ်။ ညစ်ပတ်သော နိုင်ငံတိုင်းဟာ ဆင်းရဲတဲ့နိုင်ငံတွေဖြစ်တယ်။ မိမိအိပ်ယာနေရာ၊ အိမ်ယာတို့ကို သန့်ရှင်းရမယ်။ မြောင်း၊ စမ်းချောင်းများဟာ ရေစီးနေရမယ်။ ကိုယ်အလုပ်လုပ်မဲ့နေရာကိုလည်းအစဉ်သန့်ရှင်းနေစေရမယ်။ ၂၂။ လူသားတစ်ဦးဖြစ်လာရင် လူသားဆန်ဖို့လိုတယ်။ လူသားဆန်တယ်ဆိုတာ လူသားတွေကို နားလည်သဘောပေါက်ခြင်းဖြစ်တယ်။ လူသားတွေဟာ တစ်ဦးနဲ့တစ်ဦး မတူညီပါ။ ကျား၊ မ ကွဲပြားသလို မိမိတို့မွေးဖွားလာရာပတ်ဝန်းကျင်နဲ့အသိုင်းအဝိုင်းပေါ်မူတည်ပြီး နားလည်သဘောပေါက်နိုင်မှုအဆင့်ဆင့်ဖြစ်သွားတယ်။ အသိဉာဏ်အနုအရင့်ကွဲပြားသွားတယ်။ မှားယွင်းမှုတွေဖြစ်ခဲ့ရင် မှားယွင်းသူဟာ အသိဉာဏ်ဘယ်လောက်ရှိလဲဆိုတာကို […]