jaryittAugust 22, 20111min31017
ဆင်းရဲနွမ်းပါးမှု လျော့ချရေးတဲ့လား?…… ရယ်ချင်လိုက်တာဖတ်ဖတ်မော….ရင်ဘတ်နောက်ကကျောလို့ အော်အော်ပြီးရယ်ချင်လိုက်တာ……။ နေပြည်တော် ပရဝဏ်ထဲမှာ ဝန်ထမ်းအချို့မြေကြီးစားနေကြတဲ့ အကြောင်းပြောပြချင်တယ်…။ ဘာကြောင့်လဲ ဘာလုပ်မလဲ လုပ်လိုလုပ်ရင်ကောင်းမလဲ ပြောပေးကြပါဦး…။ မြေကြီးစားသူများ ဆိုလို့ တစ်မျိုးတော့ မထင်လိုက်ပါနဲ့ဦး…။ နေပြည်တော်ရယ်လို့ စတင်ဖွဲစည်းရာမှာ မန္တလေးတိုင်းရဲ့ တောင်ဘက်အစွန်ဆုံး မြို့နယ်သုံးခုနဲ့ စတင်ဖွဲစည်းထားတာပါ..။ တောင်ဘက်ကနေ စပြောရရင် လယ်ဝေးမြို့နယ်..။ ပျဉ်းမနားမြို့နယ် နဲ့ တပ်ကုန်းမြို့နယ်တို့ ပါဝင်ပါတယ်….။ မြို့တော် တည်ဆောက်မယ်ဆိုတော့ ကြားကွက်လပ်က ကျေးရွာတွေ လယ် ယာတွေ ဟာ မြို့သစ်တည်ဆောက်ရေးထဲပါမှာပါကုန်ပါတယ်..။ ဒီသုံးမြို့နယ် အပြင် နောက်ထပ် ငါးမြို့နယ် ထပ်ပြီးဖွဲ့စည်းပါတယ်..။ ဒီတော့ ကျေးလက်မြေတွေ လယ်ယာ တွေဟာ တန်ဘိုးတွေ မြင့်တက် ကုန်တာပေါ့..။ ဒါဟာလည်း ကောင်းတယ်လက္ခဏာပါပဲ…။ မကောင်းတာက ညာဝါး ခွဲတမ်းချ အလားအလာ […]


kaiAugust 22, 20112min1467
နိဒါန်း ဒေါ်မြမေဆိုတဲ့ ကလေးသုံးယောက်အမေ မုဆိုးမကြီးဟာ ….မြို့မှာ အကြော်များကို ဗန်းကလေးထဲ ထည့်ပြီး လိုက်ရောင်းတဲ့ ခေါင်းရွက်ဗျတ်ထိုး ဈေးသည် အမျိုးသမီးကြီး ဖြစ်ပါတယ်။ သူမဟာ အကြော်မျိုးစုံ ကြော်လှော်ခြင်းနဲ့ လက်သုပ်စုံလုပ်ရာမှာ ကျွမ်းကျင်လှပေမယ့် ဆိုင်ဖွင့်ဖို့ အရင်းအနှီး မရှိပါဘူး။ သူမရဲ့ အိမ်လေးဟာ ကျောင်းသွားကျောင်းပြန် လမ်းဖြစ်တာကြောင့် ဆိုင်လေးဖွင့်ရရင် အောင်မြင်မယ်လို့ သူမမျှော်လင့်နေပါတယ်။ ဒါကြောင့် အသိအကျွမ်းများကို အကူအညီတောင်းပေမယ့် ဘဝတူတွေမို့ ငွေချေးငှားပေးဖို့ မတတ်နိုင်ကြပါဘူး။ ရပ်ကွက်ထဲက ငွေတိုးချေးစားတဲ့ အိမ်ကို သွားတော့လဲ တရာမှာ ဆယ့်ငါးကျပ်တိုး၊ တရာမှာ နှစ်ဆယ်တိုးတွေ ဖြစ်တာကြောင့် သူမတတ်နိုင်တဲ့ အတိုးနှုန်းထက် ပိုပြီး မြင့်မားနေပါတယ်။ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံအများအပြားမှာ ဒေါ်မြမေလိုပဲ ဆင်းရဲနွမ်းပါးမှုသံသရာကနေ ရုန်းထွက်ဖို့ အရင်းအနှီးမရှိသူတွေ အများအပြား ရှိနေပါတယ်။ […]


aungpaneseAugust 17, 20111min25313
အလုပ်ကမလုပ်ရသေးဘူးကွဲတာပြဲတာက အရင်စလာတာကမာ္ဘပေါ်မှာကျုပ်တို့နိုင်ငံကနို င်ငံရေးပါတီ တွေဘဲ၊ ဒါကြောင်မြန်မာ့ နိုင်ငံရေးသမိုင်းပြန်ကြည့်လွတ်လပ်ရေးမရခင်မီ 1946 ကစပြီးတော့ကွဲခဲ့တဲ့ ဖဆပလ(၂)ခြမ်းကွဲ၊ပုဂ္ဂိုရေး၊ဝါဒရေး၊အုပ်စုရေးပဋိက္ခမျိုးစုံကြောင့်ကွဲခဲ့ခြင်းဖြစ်တယ်။1948မှာလွတ်လပ်ရေးရ၊ လွတ်လပ်ရေးနဲ့အတူကျွန်မျိုးစေ့ပြန်ဖြစ်မဲ့အကွဲကပါလာသေးတယ်၊သူတို့လုပ်တာနဲ့ကျုပ်တို့ပြည်သူတွေသခင် သာပြောင်းသွားတယ်ကျွန်ဘဝကမလွတ်သေးဘူး၊ရိုင်းတယ်လို့တော့မထင်ပါနဲ့ကျွန်ဇာတာတော်တော်ပါတဲ့လူ မျိုးဗျ။သက်ဦးစံပိုင်ဘုရင်ကျွန်။အင်္ဂလိ်ပ်ကျွန်၊ဂျပန်ကျွန်၊1947မှာအခြေခံဥပဒေစတင်ရေးဆွဲ(1948-1962) အထိကျွန်ဘဝကလွတ်ကစ၊ပါလီမန်ဒီမိုကရေစီစနစ်နဲ့(၁၄)နှစ်ကြာအုပ်ချုပ်ခဲ့တယ်၊ပြည်တွင်းစစ်များရှိခြင်း ကြောင့်မအောင်မြင်ခဲ့၊ ကျုပ်တိုင်းပြည်မွဲရတာ၊နည်းပညာနောက်ကျကျန်ခဲ့တာ၊မတိုးတက်တာတွေရဲ့အဓိကအ ချက်တစ်ချက်ကိုပြောပါဆိုရကျုပ်တို့်နိုင်ငံရဲ့ကမာ္ဘသက်တမ်း အရှည်ဆုံးပြည်တွင်းစစ်ကြောင့်ပါဘဲ။တခြားဟာ တွေတော့ကမာ္ဘပေါ်မှာစံချိန်မချိုးဘူးအကွဲအြ့ပဲကတော့ဂရင်းနစ်မှတ်တမ်းဝင်ဘဲ။ဘယ်နဲ့ဗျာတခြားကျုပ်တို့နိုင်ငံထက် နောက်ကျပြီးမှလွတ်လပ်ရေးရခဲ့တဲ့နိုင်ငံတွေမှာတီထွင်မှုတွေ၊ပြုပြင်မှုတွေအမြန်လုပ်၊နေ့ချင်းညချင်းပြောင်းလဲ သွားကြတာ၊ကျုပ်တို့နိုင်ငံမှာတော့(၁)တွေ့ဆုံဆွေးနွေးရေး(၂)တွေ့ဆုံဆွေးနွေးရေး(၃)တွေ့ဆုံဆွေးနွေးရေးလုပ်နေ ၊ပြောနေတာအခုမှ မ ဟုတ်ဘူးဗျ၊အဲဒီအချိန်ကတည်းကတိုင်အခုထိဘဲ၊ဘာမှထူးခြားလာတာမရှိဘူး။ အဲဒီနောက်မပြီးဆုံးသေးတဲ့အကွဲအပြဲပန်ချီကားလိုဘဲဆက်ပြီးကွဲနေလိုက်တာ အဲဒီလိုလဲကွဲလို့စစ်တပ်က 1962မတ်လအာဏာသိမ်းလိုက်တော့စစ်ကျွန်၊1974ရောက်တော့အခြေခံဥပဒေရေးဆွဲပေးမယ်ဆိုပြီးတော့အခုလိုဘဲစစ်တပ် ကဘောင်းဘီချွတ်ပြီးအရပ်ဝတ်၊ခေါင်းပေါင်းနဲ့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုပြီး တစ်ပါတီအာဏာရှင်စနစ်ကကျွန်ပြုလိုက်တာ 1988အထိဘဲ၊အဲဒီကစပြီးတော့စစ်တပ်ကအာဏာတစ်ခါပြန်သိမ်းလိုက်တာ2010အထိ၊ 2010ကျတော့ထုံးတမ်းစဉ်လာကို စစ်တပ်ကလေးစာတယ်မဆိုးဘူးဗျ၊ဘောင်ဘီချွတ်၊တိုက်ပုံဝတ်ပြီးဘာညာသာလကာလေသံပေး…ပေး………ေ ပး……. ရင်းနဲ့အခုအကွဲပြဲစောင့်နေတာ……………… ကမာ္ဘပေါ်ရှိသမျှနိုင်ငံအားလုံးသာGlobalizationဖြစ်စဉ်ရေစီးကြောင်းေ တွထဲသာမျှောသွားမယ်၊ (တိုးတက်ပြောင်းလဲခြင်း၊လူသားတွေယဉ်ကျေးလာခြင်း၊လူတန်ဘိုးမြှင့်တက်လာခြင်း၊နည်းပညာတွေမြန်မာ တွေမမြင်ဘူး၊ မကြားဘူးအောင်တိုးတက်ခြင်း)ကျုပ်တိုကတော့ချီးပုံဒိုက်ပေါ်မှာတင်ကျန်နေမဲ့လူမျိုး၊ ကျွန်ဇာတာကလည်းဘယ်လောက်ရှည်ခဲ့သလဲ၊ မင်းတို့လူငယ်တွေတွေးကြည့်ကြကွာ(လူကြီးတွေမပါ)၊ပြောကတည်းကအသုံးမကျတာ၊ ကျွန်တောင်ဘဲအနုပ်တဲ့(ကျွန်နုပ်လို့ပြောတယ်)၊ ကျွန်ထဲမှာဖားတတ်၊ယားတတ်တဲ့ကောင်နည်းပါးပါးသူများ ထက်ပိုသိပိုတတ်၊ပိုတော်သူကြတော့(ကျွန်တော်လို့ပြောတယ်)ပြောရင်းဆိုရင်းနဲ့စိတ်မကောင်းဘူးဗျာ၊ ယဉ်ကျေးမှုကိုစော်ကားတာမဟုတ်ဘူးဗျ၊ပဒေသရာဇ်စနစ်ရဲ့အမွေဆိုးတွေဗျ၊ ကျုပ်တို့လူမျိုးကဗုဒ္ဓဘာသာတာ ပြောတာ၊ ဘုရားစကားနားမထောင်ဘူးဗျ၊နားထောင်ရင်ကာလာမသုတ်ကိုလိုက်နာပေါ့ဗျ၊ ကျုပ်တု့်ဘာသာက တောင်းစားတဲ့သူတောင်းစားဝါဒ မဟုတ်ဘူး၊အလုပ်သမားဝါဒဗျ။အလုပ်လုပ်မှရတယ်၊အလုပ်မလုပ်ဘဲနဲ့တောင်း နေရင်တော့သေအောင်တောင်းဘယ်တော့မှရလာလိမ့်မည်မဟုတ်။ဆင်ခြင်တုံတရားလည်းနည်းတယ်၊တီထွင်မှ ုအားလည်းမကောင်းဘူး၊သူများပြောရင်ယုံလွယ်တယ်၊ပုဂ္ဂိုယ်ကြည်ညိုရင်လေးစားရင်အဲဒီလူဘာပြောပြောအားလုံး လက်ခံတယ်။ခေါင်းဆောင်မပါရင်အလုပ်မလုပ်တတ်ဘူး၊Heroကိုဘဲမျှော်တယ်၊Leaders are born. […]


kaiAugust 17, 20112min43238
Human Migration ဆိုတာ ယနေ့ကမ္ဘာမှာ အရေးပါတဲ့ သဘောတရား တရပ်ဖြစ်ပေမယ့်၊ ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်နေခဲ့ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အလုပ်အကိုင်နဲ့ ဘဝအခြေအနေအတွက် လူအများဟာ မွေးရပ်မြေ၊ အိမ်ယာတွေကို ခွဲခွာပြီး အခြားမြို့ရွာ၊ အခြားနိုင်ငံတွေမှာ အလုပ်သွားရောက် လုပ်ကိုင်တာတွေ၊ အခြေချနေထိုင်တာတွေ ပြုလုပ်ကြပါတယ်။ ၂ဝ ရာစုနှောင်းပိုင်းကာလရောက်တော့ ဂလိုဘယ်လိုင်းဇေးရှင်း အရှိန်အဟုန် မြင့်တက်လာတာနဲ့အမျှ အာရှ၊ အာဖရိက၊ တောင်အမေရိကနဲ့ အရှေ့ဥရောပနိုင်ငံများကနေ အနောက်ဥရောပ၊ ဩစတြေးလျနဲ့ မြောက်အမေရိကနိုင်ငံများဆီကို migration လုပ်မှုတွေ များပြားလာပါတယ်။ ဒေသတွင်းမှာတင် ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေကနေ အခြားအိမ်နီးချင်းနိုင်ငံတွေကို migration လုပ်မှုတွေလဲ များပြားလာပါတယ်။ တရားဝင် ပြုလုပ်မှုတွေ ရှိသလို၊ တရားမဝင် ပြုလုပ်တာတွေလဲ ရှိလာပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး၊ smuggling of […]


စဆရ ႀကီးAugust 16, 20111min29825
ဒီနေ့မှပဲ သူကြီးက https://myanmargazette.net/61381/uncategorized-other/copypaste မှာ ဆွေးနွေးဖို့ဖိတ်ခေါ်ထားတာ တွေ့မိလို့ အဲလို စာကြောင်းလေးငါးကြောင်းလောက် ရေးထားတဲ့ Post တစ်ခုမှာ ဝင်မန့်ရင် နောင်ကို အဲလောက်ပဲရေးမယ့်သူတွေအတွက် အားပေးအားမြှောက်ဖြစ်မယ်ဆိုတာ တွေးမိလို့ ဒီနေရာကနေပဲ ကိုယ်ပိုင်အာဘော်ကို ရေးလိုက်ရသပေါ့ဗျာ။ ပြောရမယ်ဆိုရင် ဒို့မြန်မာတွေ သိပ်ပြောနေကြလွန်းတဲ့ မြန်မာ့ ဝတ်စားဆင်ယင်မှုကိုပဲ အဓိကထားပြောကြည့်တာပေါ့။ မြန်မာအမျိုးသားဆိုရင် ပုဆိုး(လုံချည်)နဲ့ တိုက်ပုံ၊ အမျိုးသမီးဆိုရင် ရင်ဖုံးနဲ့ ချိတ်ထမီပေါ့ (ယောကျာ်းဝတ် ချိတ်ထမီများကို မဆိုလို)။ ဒီတော့ကာ အဲဒီဝတ်စုံတွေက မြန်မာတွေဖာသာ သီးသန့်တီထွင်ခဲ့တဲ့ ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန် ဖြစ်ပါရဲ့လား? ခုနေမှာ သိပ်ပြောနေကြလွန်းတဲ့သူတွေ သမိုင်းနဲ့ယှဉ်ကြည့်ကြပါစို့လို့ ပြောချင်တယ်။ ကျွန်တော်ကိုယ်တိုင်ကလဲ သမိုင်းပညာကို လေ့လာလိုက်စားနေတာ မဟုတ်တဲ့အတွက် ကိုယ်ပိုင်အမြင်တစ်ခုကိုပဲ ဆွေးနွေးကြည့်တာပေါ့။ ခေတ်အဆက်ဆက် မြန်မာတွေ ဝတ်စားဆင်ယင်မှုကို သေချာကြည့်ကြမယ်ဆိုရင် […]


အာဂAugust 10, 20111min23315
ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက ဉာဏ်စမ်းလေးတွေပါ ။ အခြားသူများသိပြီးသားဖြစ်ရင်တော့ ကြိုတောင်းပန်ပါရစေ ။ ဘာပဲပြောပြော စိတ်ဥဏ်ကွန်းမြူးနိုင်အောင်လို့တင်ပေးလိုက်ခြင်းဖြစ်ပါတယ် ။ ၁ ။ မိန်းမတွေရဲ့ အမွှေးဘယ်နေရာမှာ အကောက်ဆုံးလဲ ၂ ။ ပီတာလေးမှာ နှစ်လုံးရှိတယ်။ ဆရာမမှာ တစ်လုံးမှမရှိတာ ဘာလဲ။(ခါးအောက်ပိုင်းနားမှာပဲ) ၃ ။ လူမိန်းမမှာ ၂ခု နွားမမှာ ၄ခုပါတာဘာလဲ။ ၄ ။ အလွန်ကောင်းသော စားစရာဖြစ်သည်။ တစ်ကြိမ်စားပြီး အစာကြေသွားသည်နှင့် စားမိသောလူတိုင်း နှစ်လေးဆယ်စွန်းစွန်း ကြာအောင် ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်စေနိုင်သည်။ မိန်းမများ စိတ်သဘောမတည်မငြိမ် ယိမ်းယိုင်၍ စိတ်ဖောက် ယောက်ယက်ခတ်မှုများဖြစ်ပေါ်စေတတ်သည်။ ယောက်ျားများ အပူလုံးကြွပြီးစိတ္တဇရောဂါ ကိုခံစားကြရသည်။ အထူးသဖြင့်ကျားမ မရွေးစိတ်ကျရောဂါကိုခံစားရစေသည်။ သို့သော် လူသားမှန်သမျှ ၁၀%လောက်ကလွဲ၍ ထိုးအစား အစာကို စားဖူးချင်ကြ(စားဖူးကြ)သည်ချည်းဖြစ်သည်။ […]


kaiAugust 5, 20113min21012
အောက်ကစာတွေက.. ဒီမှာတင်ခဲ့တဲ့..” စောက်ချိုးတွေ ပြင်၊ ဒါပဲ…” https://myanmargazette.net/58273/politics-news-issues ရဲ့အဆက်..ဆက်တက်လာတဲ့ပြန်စာပါ..။ ရွာသားတွေဖတ်သင့်တယ်ထင်လို့… စာကလည်း.. တွေးခေါ်ဆွေးနွေးတာ.. သီးသန့်ဖြစ်နေတာမို့.. ပို့စ်ခွဲလိုက်တာပါပဲ..။ ဆိုင်ရာသူရဲ့ အာဘော်ဖြစ်ပါကြောင်း… ==================== ကိုရဲရင့်ငယ်နှင့် မိတ်ဆွေများခင်ဗျား၊ ကျနော် ၂၀၁ဝ ခုနှစ် ဩဂုတ်လက ရေးပြီး သိပ်မပျံ့နှံ့ခဲ့တဲ့ မြန်မာအသိုင်းအဝိုင်းမှာတောင် ဖတ်သူနည်းတဲ့ လစဉ်ထုတ် သတင်းစာ ဆောင်းပါးဟောင်းကို ြပန်တင်ပေးလိုက်ပါတယ်။ ဆက်တိုက်ဆိုသလို ဆောင်းပါးဟောင်း ငါးပုဒ်လောက် တင်ပေးဖိုု့ ရည်ရွယ်ပါတယ်။ ကျနော် ဒီ/ချုပ်နဲ့ ဒေါ်စု၊ ဦးဝင်းတင်တို့ကို ဝေဖန်တာ ခုမှ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ အလွန်လေးစားထိုက်သူတွေဖြစ်တာနဲ့ သူတို့လုပ်သမ ျှ အားလုံးထောက်ခံရမယ်၊ ကောင်းတယ်ဆိုတာမျိုးကတော့ ကျနော်ဟာ  စက်ရုပ်မဟုတ်သလို ကိုယ်တိုင်လဲ ထဲထဲဝင်ဝင် လေ့လာတဲ့သူဖြစ်တဲ့အတွက် မထောက်ခံနိုင်ပါဘူး။ တိုင်းပြည်မျက်နှာတစ်ခုတည်းကိုသာ ကြည့်ပြီး ဝေဖန်စရာရှိရင် ဘယ်သူ့မဆို ဝေဖန်ပါတယ်။ အောက်က ဆောင်းပါးကို ဖတ်ကြည့်ပြီး၊ အချက်အလက်နဲ့ တုန့်ပြန်ဖို့ တိုက်တွန်းလိုက်ကြောင်းပါ။ ကျန်းမာရွှင်လန်းကြပါစေ၊ မောင်ညွန့် (မင်းကျောင်းတိုက်) =================================== မိုးကျ […]


လူတော်တော်များများ ့မဟာဓမ္မဂန္ဒီရဲ ဖိနပ့်တစ်ဖက်အကြောင်း ကိုဖတ်ခဲ ့ဘူးမှာပါ။ဖတ်ဖူးခဲ ့ရင်လည်းမှတ်မိအောင်ထပ်ဖတ်ကြည့်မယ်နော် တခါကဂန္ဓီဟာ ခရီး တခုကို ရထားစီး သွားဖို့ ရထားဘူတာကိုရောက်လာခဲ့ပါတယ်။သူရောက်လာတယ်ဆိုရင်ပဲ ရထားက စတင်ပြီး ထွက်ခွါဖို့ ဘီးစလှိမ့်နေပြီ။ ဒီတော့ ဂန္ဓီကြီးလည်း ရထားပေါ် ကမန်းကတန်းတက်လိုက်ရတယ်။ရထားခြေနင်းခုံနဲ့ သူ့ရဲ့ခြေထောက်တဘက်တိုက်မိပြီး သူ့ရဲ့ဖိနပ်တဖက် ဟာ ရထားအောက်သံလမ်းပေါ်သို့ ကျသွားခဲ့တယ်။ဒီတော့ ကျန်နေတဲ့ ဖိနပ်တဖက်နဲ့ ဂန္ဓီရထားပေါ်ကို သေချာရောက်သွားတယ် ဆိုရင်ပဲ ဂန္ဓီက ကျန်နေခဲ့တဲ့ ဖိနပ်တဖက်ကိုကမန်းကတန်းချွတ်လိုက်ပြီး စောစောကကျသွားတဲ့ ဖိနပ်ရှိမှန်းသိပြီး ကျန်နေတဲ့ဖိနပ်ကိုပစ် ချလိုက်ပါတယ်။ သူ ဒီလိုလုပ်တာကို ဘေးမှာ ရှိနေတဲ့ လူတယောက်တွေ့တော့ “ဘာလုပ်တာလဲဗျ…။ ဘာဖြစ်လို့ ကျန်နေ တဲ့ ဖိနပ်တဖက်ကို လွှင့်ပစ်လိုက်ရတာလဲ။” လို့မေးတယ်။ အဲဒီအခါမှာ ဂန္ဓီကြီးက အခုလိုပြန်ဖြေခဲ့သတဲ့။ “ကျနော့်ဆီမှာကျန်နေခဲ့တဲ့ဖိနပ်က ဘာမှလုပ်လို့မရတော့ ဘူးလေ။ […]


alinsettAugust 2, 20111min1876
အဲဒီလိုနဲ ့ပဲ.. ငါတို ့ဝေးကြရတော့မယ်..ကွယ်..။ စက္ကူ ပန်းလို ရနံ ့ မရှိမှတော့… ငါ့ဘဝက လှပတယ်လို ့ မဆိုနိုင်ပါဘူးဟာ..။ နင့်ကိုငါ..ချစ်ခဲ ့တယ်။ ဆက်လည်းချစ်သွားဦ်းမယ်။ နင်လည်း..ငါ့ကို ချစ်နေတာပဲ..ဆိုတာ..ငါသိနေတယ်။ ငါက ယောကျင်္ားလေးမို ့ ချစ်တာကိုချစ်တယ် ..လို ့ပြောရဲ ခဲ ့ပေမယ့် နင်ကတော့…… အစဉ်အလာတွေ..နဲ ့ ထုံးစံ ..ဆိုတာတွေကို ကြောက်…ပြီး….။ ထားပါတော့..ဟာ..။ နင် ငါ့ကိုချစ်နေတယ် ဆိုတာကို ဖော်ပြနေတဲ ့ စကားအဓိပ္ဂာယ်တွေ။။။………..အမူအယာကလေးတွေ . ပြီးတော့..နင် ရေး… ပို ့နေကျ.. မေးလ်တွေ.။ကဗျာတိုလေးတွေ…….ငါ…နားလည်နိုင်ပါတယ်..ဟာ။ ပတ်ဝန်းကျင်ကိုကြောက်လို ့ ဝေးခဲ ့ရတဲ ့ ချစ်သူတွေ…. ဘယ်လောက်များနေပြီလဲ…။ ကန် ့သတ်ချက်နဲ ့ […]


kaiAugust 1, 20111min27116
မြို့ပြဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ကျေးလက်ဒေသကနေ မြို့ပြသို့ ပြောင်းရွှေ့အခြေချမှု (rural- urban migration) နှုန်းက တိုးတက်များပြားလာပါတယ်။ ဒီလို ပြောင်းရွှေ့အခြေချသူအများစုဟာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လူမှုဘဝ တိုးတက်မှု အခွင့်အလမ်းအတွက် မြို့ပြကို ပြောင်းရွှေ့နေထိုင်ကြတာ ဖြစ်ပေမယ့် မြို့ပြရှင်သန်နေထိုင်မှု စရိတ်ကြီးမားခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကုန်ကျစရိတ်ကြီးမားခြင်း၊ ကျန်းမာသန့်ရှင်းမှုမရှိသော ဆင်ခြေဖုံးများတွင် နေထိုင်ရခြင်း၊ ရောဂဘယ ကူးစက်ပြန့်ပွားခြင်း စတဲ့ အခြေအနေတွေကို ရင်ဆိုင်ရပြီး တိုးတက်တဲ့ လူမှုဘဝ အခွင့်အလမ်းတွေကို ခံစားခွင့် မရကြပါဘူး။ မြို့ပြသို့ ပြောင်းရွှေ့အခြေချမှု ရာခိုင်နှုန်း မြင့်တက်လာတာနဲ့အမျှ လူဦးရေထူထပ်မှုရှိလာသလို၊ မြို့ပြဆင်းရဲနွမ်းပါးမှု (urban poverty) နှုန်းကလဲ တိုးမြင့်လာပါတယ်။ မြို့ပြဆင်းရဲနွမ်းပါးမှု သွင်ပြင်လက္ခဏာများ မြို့ပြဆင်းရဲနွမ်းပါးမှုမှာ သွင်ပြင်လက္ခဏာ (၅) ရပ် ရှိပါတယ်။ ပထမသွင်ပြင်လက္ခဏာကတော့ […]


ေရႊဘိုသားJuly 30, 20111min1256
ကျနော်ဒီနေ. အလုပ်ကိုရောက်ပြီး ဆိုင်ဖွင်. ကွန်ပျူတာလေးတွေလိုက်ပြီးဖွင်. မနက်ပိုင်း တရားအခွေလေးဖွင်.ပေါ. နောက်ပြီး ကွန်ပျူတာလေးတွေ လိုက်စစ်စရာရှိတာလေးတွေစစ်ဆေးပေါ. ဆိုင်ဖွင်.ပြီး မကြာသေးဘူး သားအမိ နှစ်ယောက် ဆိုင်ထဲဝင်လာတယ် အန်တီ စက်သုံးမလို.လားလို. မေးပေါ.  စက်တော.သုံးမယ်သား ဒါပေမဲ. အန်တီတို.သားအမိက အင်တာနက်မသုံးတတ်ဘူးတဲ. ရှာစရာလေးရှိလို.ပါတဲ. သားများတစ်ချက်ဝိုင်းကူရှာပေးလို.ရလားတဲ. ကျနော်လည်း ရပါတယ်အန်တီ ဘာများရှာချင်လို.လည်းပေါ. စက်သုံးတဲ.လူလည်းသိပ်မရှိသေးတော. ရပါတယ်ပေါ. စက်ထိုင်ပြီး ဘာရှာမလဲအန်တီ ဘာအကြောင်းများသိချင်လို.လည်းဆိုတော. အန်တီသမီး ကျောင်းကရှာခိုင်းလို.ပါသားရယ် ကမ္ဘာ.နိုဘယ် ဆုရှင်တွေ ရ ယောက်လောက် ရှာပေးစမ်းပါတဲ. ကျနော်လည်း ရပါတယ်အန်တီ ရှာပေးမယ်ဆိုပြီး Google ကနေရှာပေးလိုက်တာပေါ. ကျလာပါပြီ အန်တီ ဘယ်သူတွေရဲ.ပုံတွေများ ယူမလဲဆိုတော. သမီးပြောလိုက်လေ ဘယ်ပုံယူမလဲဆိုတော. နိုင်ငံခြားကလူဖြူ နိုဘယ်ဆုရှင်တွေပဲ ယူမယ်ပဲပြောနေတယ် ဒေါ်အောင်ဆန်းစုကြည် ယူပေါ. ညီမ  […]


weiweiJuly 28, 20111min36920
လုပ်ချင်တာကတစ်မျိုး လုပ်သင့်တာကတစ်မျိုး၊ စားချင်တာကတစ်မျိုး စားသင့်တာကတစ်မျိုး၊ နေချင်တာကတစ်နေရာ နေသင့်တာကတစ်နေရာ၊ ချစ်ချင်တာကတစ်ယောက် ချစ်သင့်တာကတစ်ယောက်၊ ဝတ်ချင်တာကတစ်မျိုး ဝတ်သင့်တာကတစ်မျိုး စသဖြင့် မတူညီမှုတွေ ဆန္ဒနဲ့ဘဝ ထပ်တူမကျမှုတွေ လောကကြီးထဲမှာ စဉ်ဆက်မပြတ်ကြုံနေကြရမှာပါ … အသိဉာဏ်ရှိသူများကတော့ လုပ်သင့်တာကိုပဲ ရွေးချယ်လုပ်ကိုင်ကြပြီး ပုံစံခွက်ထဲမှာ နေထိုင်ရင်း တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစားနေထိုင်ကြတာ တွေ့ရပါတယ်။ အရသာမကြိုက်ပေမယ့် ကျန်းမာရေးအတွက် သင့်တော်သည့်အစားအစာများကို စားသောက်ခြင်းဖြင့် အသက်ကို စောင့်ရှောက်ကြပါတယ်။ သူ့နေရာနဲ့သူ သင့်တော်တာကို ဝတ်ဆင်ခြင်းဖြင့် စိတ်လွတ်လပ်မှုကိုချုပ်တည်းပြီး ဂုဏ်ရှိအောင်ဝတ်ဆင်ကြပါတယ်။ ကိုယ်ချစ်တဲ့သူကို လက်မတွဲသင့်တာနဲ့ မချစ်ပေမယ့် သင့်တော်တဲ့သူနဲ့ လက်ထပ်ပြီးအိမ်ထောင်တည်ထောင်ကြတယ်။ မိဘအိမ်မှာနေချင်ပေမယ့် တိုးတက်ရာတိုးတက်ကြောင်း မြို့ကြီးပြကြီးမှာ သွားနေရင်း ဘဝကို ရုန်းကန်ကြတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ ဘဝဆိုတာ တိုတိုလေးပါ။ နှစ်ပေါင်း ၄ဝ လောက် ပုံစံခွက်နဲ့နေထိုင်ခဲ့ပြီးချိန်မှာ […]


အာဂJuly 27, 20111min23813
ဂျူလိုင်လ (၂၅)ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သိန်းစိန်အစိုးရအဖွဲဝင် ဝန်ကြီး ဦးအောင်ကြည်နဲတွေ့ဆုံဆွေးနွေးပွဲကို အားလုံးသိပြီးသားဖြစ်မှာပါ.။ အချို့ကလည်း အကျိုးရှိမယ့် ရလဒ်ကောင်းတွေထွက်ပေါ်လာမယ်လို့ထင်တဲ့လူက ထင်ကြပါတယ်။ ကျွန်တော့်အမြင်ကတော့ ဒါဟာ အကျိုးရှိမယ့် ရလဒ်ထွက်ပေါ်လာမယ်လို့ ကိုလုံးဝမထင်မိပါဘူး။ ဒီလိုတွေ့ဆုံမှုကိုလည်း အချိန်ကိုက် လုပ်ဇာတ်တစ်ခုလို့ ပဲမြင်မိပါတယ်။ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီလို့ အန်တီစု နဲ့ တွေ့တဲ့နေ့ က တိုက်တိုက်ဆိုင်ဆိုင်ဆိုရမလားပဲ။ သိန်းစိန် အဆိုးရ ရဲ့ပြည်ထောင်စု ဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးက အာဆီယံအစည်းအဝေးပွဲမှာ လက်ရှိအာဆီယံ ဥက္ကဌ နဲ့တွေ့ဆုံပြီး နောက်လာမယ့် နှစ်မှာ မြန်မာပြည်က အလှည့်ကျဥက္ကဌ ဖြစ်ဖို့ အပြုသဘောဆောင်မဲဆွယ်နေသတဲ့..။ ဒီတော့ သူတို့က တော့ အာဆီယံကိုပြောပါလိမ့်မယ် မြန်မာပြည်မှာတွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ အတွက် အခုအချိန်မှာ အန်တီစုနဲ့တွေ့ဆုံပြီးပြင်ဆင် နေပြီပေါ့။ ဒီတော့ မဲပေးပေါ့ ပေါ့ဗျာ.။ ဘန်ကီမွန်းတို့ဘာတို့ကလည်းကြိုဆို […]