nigimi77March 16, 20111min724
    တပါးသူအား သနားသည်ဟု ဆိုခြင်းထက် မိမိကိုယ်ကို အရင်ဦးဆုံး သနားကြည့်လျင် ပိုသင့်လျော်မည်ဖြစ်သည်။ နွားခြေရာခွက်ပုံစံ အတွေးအခေါ်  သွပ်သွင်းမှုတွင် မျိုးဆက်ပေါင်းများစွာ ဖြတ်ကျော်လာပြီးသည့်နောက်တွင် ပိုမို နက်ရှိုင်းစွာ ပိုမို အယူသီးစွာဖြင့် အတ္တဆန်လာကြသည်။   ကိုးကွယ်မှုသည်  အကြောက်တရားအား အခြေခံသည်ဟု လေ့လာဖူးသည်။ ကြောက်ခြင်းကြောင့် ကိုးကွယ်လျင် မိမိကိုယ်ကို ယုံကြည်မှု မရှိသူဖြစ်သည်။ တစုံတယောက်အား လေးစားကြည်ညိုမှုအား သရုပ်ခွဲကြည့်လျင် အဆိုပါ တစုံ တစ်ယောက်၏ ကြိုးစားအားထုတ်မှု နှင့် အတွေးအခေါ် အသိဉာဏ် စွမ်းရည်အား အသိအမှတ်ပြုခြင်း ဟု ယေဘူယျ ပြောနိုင်သည်။  ထိုသို ့မဟုတ်ပဲ သဘာဝမကျသော အချက်တို ့အား ကိုင်စွဲပြီး  စိတ်ကူးယဉ် အိပ်မက်တို ့ တွင် မျောနေသူတို […]


nigimi77March 16, 20111min500
လူဆိုသည်မှာ သင့်တင့်လျောက်ပတ်သော အသားဓါတ်နှင့် အသီးအရွက်တို ့အား စားသုံးခြင်းဖြင့် ကျမ်းမာ သန်စွမ်း သော လူသားများ၊ နိုင်ငံသားများ ဖြစ်လာစေသင့်သည်။ မိမိက ကျမ်းမာ သန်စွမ်း ကြီးထွားမှသာ မိမိ၏ မျိုးဆက်များပါ ကျမ်းမာ သန်စွမ်းသော လူများ အဖြစ် မွေးဖွားလာမည်ဖြစ်သည်။ မိမိ၏ အယူအဆ အတ္တကြောင့် သဘာဝမကျသော အကျင့်အကြံအား စွဲမြဲလာမည်ဆိုလျင် နောင် အနာဂါတ်တွင် လူဖြစ်လာမည့်သူများ အတွက် မေ့လျော့ထားမည်ဆိုလျင် အလွန် တကိုယ်ကောင်းဆန်သော မိမိကောင်းစားရေး အယူဝါဒသမားများသာ ဖြစ်ပေမည်။   ကုသိုလ် ရ၏ မရ၏ ဆိုသည်ထက် လူတိုင်းလူတိုင်းတွင် လုံလောက်သော လက်တွေ ့ကျသော  အသိဉာဏ် အတွေးအခေါ် အလုံအလောက် မရှိခြင်းသည်  မြန်မာနိုင်ငံ၏ အဓိက ပြသာနာ ဖြစ်သည်။ […]


nigimi77March 16, 20111min1244
သင့် မျက်လုံးအား သေချာစွာဖွင့်လျက် သင့် ပတ်ဝန်းကျင်အား သေချာစွာ လေ့လာကြည့်ပါ။ တရားဝင် ရုံး၊ အလုပ်များ လုပ်ကိုင်ကြသည့်  တင်္နလာနေ ့မှ စနေ ့နေ ့ တိုင်း၏ နံနက် ၉ နာရီမှ ညနေ ၆နာရီ အချိန်အတွင်း သေချာပေါက် သင် မငြင်းနိုင်သည့် အချက်သည်  အမျိုးသား အများစုသည် လမ်းပေါ်တွင်ရှိနေပြီး အမျိုးသမီး အများစုသည် ရုံး၊ စက်ရုံ အပြင် အခြားသော အလုပ်အကိုင်ပေါင်း များစွာတွင် ရှိနေခြင်း ဖြစ်သည်။ အဘယ့်ကြောင့် ထိုကဲ့သို ့ အခြေအနေမျိုးရှိနေခြင်း ဆိုသည်အား အခြေပြုပြီး အာဘောင်အာရင်းသန်သန်ဖြင့် နိုင်ငံ၏ အနာဂါတ် အရေး ၊ ရေးချင်ရာ ရေးကြည့်မည် ဖြစ်သည်။ စာဖတ်သူ […]


kaiMarch 15, 20111min24318
အောက်မှာ အီလဲဗန်း ကသတင်းကို ကူးတင်ပေးထားပါတယ်..။ နောက်ပုံတပုံကတော့ ..အီးမေးလ်ကရတာပါ..။ ဒီမိုဝေယံလိပ်စာပါတာမို ့..အဲဒီကို ခရက်ဒစ်ပေးပါတယ်..။ သာမန်အားဖြင့်… မြန်မာပြည်မှာ .. ငွေသိန်းသောင်းချီလို့.. စေတီတွေ၊ပုထိုးတွေဆောက်လုပ်လှူနေကြတာတွေ့ခဲ့ဖူးတာပါ..။ ဗိုလ်ချုပ်ကြီးများတို့တတွေလည်း အဲဒီနေရာတွေမှာ ကိုယ့်အတ္တနဲ့ကိုယ်..နောင်နောက်ဘဝတွေအတွက် ..လှူတယ်ဆိုပြီး ..သန်းချီထည့်လို့..ငွေအရင်းအမြစ်တွေ..မြုတ်နှံထားကြတာကိုလည်း..တနေ့တခြားမရိုးနိုင်အောင် တွေ့ဖူးနေတာပါ..။ အဲဒါတွေနောက်..အခုထူးထူးခြားခြား. ကျမ်းမာရေးအတွက် သိန်းပေါင်းသန်းချီရင်းနှီးလှူပေးလိုက်တဲ့ မက်စ်အုပ်စုကို အလွန်သာဓုခေါ်မိတာပါပဲ..။ ကလေးတွေအတွက်ဖြစ်တဲ့ ဆေးရုံမို ့… ပိုပြီးတောင် သာဓုခေါ်ပါတယ်..။ တပြိုင်ထဲ.. တပ်မတော်ခေါင်းဆောင်တွေကလည်း.. သိန်းဂဏ္ဍန်းထည့်လှူကုသိုလ်ယူထားတာ သတင်းစာထဲက အလှူရှင်စာရင်းမှာတွေ့လိုက်ရပါတယ်..။ ကျန်တဲ့ သူဌေးတွေလည်း မက်စ်က ကိုဇော်ဇော်လို … အဓိပါယ်ရှိတဲ့..မွန်မြတ်တဲ့အလှူမျိုး … လိုက်လုပ်ကြရင်သိပ်ကောင်းမှာပဲ..အကြိမ်ကြိမ်တွေးမိနေပါရဲ့..။ နိုင်ငံတခုမှာ… ဆေးရုံတွေလိုပါတယ်..။ ကျောင်းတွေလိုပါတယ်..။ အင်ဖရာစရပ်ချာခေါ်တဲ့ လမ်းပန်းဆက်သွယ်ရေး.။ လျှပ်စစ်၊ ဖုန်းလိုင်း. စတာတွေလိုပါတယ်..။ ဖွံ့ဖြိုးဆဲတိုင်းပြည်ရဲ့ ဂျီဒီပီကနေ မျှသုံးကြရာမှာ.. အဲဒီနေရာတွေကို […]


အာဂMarch 14, 20111min1146
တီတီတာတာ၊ တို့ကဏန်း ဆိတ်ကဏန်း၊ ကသာကပါး။ကသောမျောပါး။တိုလီမိုလီ၊ပြာခတ်ပြာလောင်၊ဘုစုခရု၊ ထွေကာလီကာ၊ထွေလီကာလီ၊ ကလိန်ဆင့်ငြမ်းဆင်၊ပလီစီချောက်ချက်၊ပွတ်သီးပွတ်သပ်၊ဟိုစပ်စပ်ဒီစပ်၊စစ်စ်ပေါက်ပေါက်။ ပေါက်ပေါက်ရှာရှာ၊ကမြင်းကျောထ၊ရေရေရာရာ၊စစ်စစ်ပေါက်ပေါက်၊စေ့စေ့စပ်စပ်၊စီးစီးပိုးပိုး၊ကတောက်ကစ၊အုတ်အော်သောင်းနင်း၊ စေ့စေ့ကြည့်၊ထော်လော်ကန့်လန့်၊ပေါက်ပေါက်ဖောက်၊ရေးတေးတေး၊လူလူသူသူ၊ပေါက်ပန်းလေးဆယ်၊ရွာရိုးကိုးပေါက်၊ဆူဆူဖြိုးဖြိုး၊ ကျကျပေါက်၊အကျအနကောက်၊ဗရုတ်သုတ်ခ၊ခပ်သုတ်သုတ်၊ဗရမ်းဗတာ၊ ထိုစကားလုံးများသည် မြန်မာစကားတွင်တွေ့ရှိရသော စကားလုံးများဖြစ်သည်။ စကားလုံးတိုင်းတွင် အဓိပ္ပာယ်တစ်ခုစီတော့ရှိမယ်ထင်ပါသည်။တစိချို့စကားများသည် ရာဇဝင်ပင်ရှိသည်။ ဥပမာ- ဘုမသိဘမသိ စကားလုံးပင် ဇာတ်လမ်းရှိသည်။ အချို့စကားလုံးများသည်လည်း တစ်ခေတ်တစ်ခါက ဗန်းစကားများဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။ထို့ကြောင့် ထိုစကားလုံးများ၏အဓိပ္ပာအချို့ကိုသိရှိသူများအနေဖြင့် ဖြေကြားပေးစေလိုပါသည်။ ဥပမာ-ကျွန်တော်အဓိပ္ပာယ်သေချာမသိသောစကားလုံးများမှာ (တီတီတာတာ၊ တို့ကဏန်းဆိတ်ကဏာန်း၊တိုလီမိုလီ၊ဘုစုခရု၊ထွေလီကာလီ၊ ပလီစီချောက်ချက်၊ဗရုတ်သုတ်ခ)စသည်တို့ဖြစ်သည်။


bigbirdMarch 13, 20111min1059
ပုံ ၂ ပုံ ရှိ အလယ်ကသူနှစ်ဦးတို ့တွင် မည်သူက ပို၍ ခံစားရပါမည်နည်း။


အာဂMarch 8, 20111min16210
တစ်နေ့သောအခါ ကျွန်ုပ်သည် ပူပြင်းသောမတ်လနေရောင်အောက်တွင် စဉ်းစားခန်းချဲထွင်နေလေ၏။ အရှေ့အလယ်ပိုင်းဒေသက အာဏာရှင်ဆန်ကျင်ဆန္ဒပြပွဲကြောင့် အဖျားရိုက်ခက်လာသော ကုန်ဈေးနှုန်းကြီးမြင့်မှု ကျွန်ုပ်၏ အိမ်ရှေ့သို့ ရောက်ရှိလာခြင်းအပေါ် တွေးတောသုံး သပ်ဆင်ခြင်မိ နေရင်း ကျွန်ပ်၏ အသုံးစားရိတ်များ အားလောက်ငအောင်မည်သို့ အသုံးခြရလျင် ကောင်းမည်နည်းဟုစဉ်းစားရင်းနှင့်ကျွန်ုပ်၏ တစ်နေတာ သုံးစာရိတ်များကို တွက်ချက် နေမိရာ ဆေးဖိုး၊ကွမ်းဖိုး၊ဘီယာဖိုး အပါအဝင်ငွေယိုပေါက်ထဲမှ အကြီးမားဆုံး ငွေယိုပေါက်ကြီးကိုတွေ့ရှိမိ လေသည်။ ထိုအကြီးမားဆုံးငွေထွက်ပေါက်ကြီးက အခြားမဟုတ် ကျွန်ပ်၏ အင်တာနတ်(ခေါ် ) အီလက်ထောနစ်ဆက်သွယ်မှု အသုံးစာရိတ်ကြီးပင်ဖြစ်နေသည်။ ထိုကြောင့်ထိုအသုံးစားရိတ်အား မည်သို့ချွေတာရမည်၊သို့မဟုတ်မည်သို့ တန်အောင်သုံးရမည်ဟုစိတ်ကူးကြည့်မိလေ၏။ စိတ်ကူးထဲတွင်တွေးလုံးလေးတွေကတော့ မဆိုး လှထို့ကြောင့် လက်တွေ့လုပ်ကြည့်ဖို့ စိတ်ကူးမိရင်းလမ်းထိပ်က အင်တာနက်ဆိုင်များရှိ ရာသို့အပြေးသွားပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လေ့လာကြည့်ရှုနေမိသည်။ ထိုသို့လေ့လာရာတွင် ကျွန်ုပ်သတ်မှတ်ထားသည့်အချက်များမှာ (၁)ကွန်နတ်ရှင်ကောင်းသောဆိုင် ဖြစ်ရမည်။ (၂)ဈေးနှုန်းသက်သာရမည်။ (၃)ဂိမ်းများများ၊သီချင်း၊Meta Cafe စသဖြင့်အစုံထည့်သွင်းထားသည့်ဆိုင်ဖြစ်ရမည်။ […]


အာဂMarch 8, 20111min19825
မြန်မာနိုင်ငံသည် တရုတ်ပြည်၏ ခွဲခြားမရသောအစိတ်အပိုင်းဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်ပြောဆို http://www.facebook.com/note.php?note_id=10150420169385361 [By Naing Lay] လာမည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံသည် တရုတ်ပြည်၏ ကိုလိုနီနယ်မြေ တခု ဖြစ်လာတော့မည်ဟု အိန္ဒိယအစိုးရ ထိပ်တန်း ခေါင်းဆောင်များက ပြောလိုက်သည်။ မြန်မာ စစ်ခေါင်းဆောင်များသည် တရုတ်ပြည်၏ လက်အောက်ခံတိုင်းပြည် ဖြစ်အောင် လုပ်ဆောင်နေကြသည်ဟု အိနိ္ဒယ နိုင်ငံက ဆိုသည်။ ထိုအချက်ကို တရုတ်ဝန်ကြီးချုပ် ဝံကျားပေါင်က ယနေ့ကျရောက်သော တရုတ် နှစ်သစ်ကူးနေ့တွင် ငြင်းဆိုလိုက်သည်။ ဝံကျားပေါင်က မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်ကပင် တရုတ်ပြည်၏ ခွဲခြားမရနိုင်သော အစိတ်အပိုင်း ဖြစ်ပြီး၊ ရာစုနှစ်များစွာကပင် မြန်မာပြည်ကို တရုတ်တို့က ပိုင်ဆိုင်သည် ဟု ဆိုသည်။ ယခုမှသာ မြန်မာ စစ်ခေါင်းဆောင်များက တရုတ်ပြည်၏ ကိုလိုနီဖြစ်အောင် ဖန်တီးနေကြခြင်း မဟုတ်ဟုဝံကျားပေါင်က […]


bigbirdMarch 6, 20111min734
“῞ အလုပ်ခွင်တွင် အတင်းအဖျင်းပြောကြခြင်း ပြသနာမှ ရှောင်ရှားရန် မျက်မမြင်များအား အလုပ်ခန် ့ပါ။”” နော်ဝေးနိုင်ငံ မျက်မမြင်များအသင်းက လုပ်ငန်းရှင်များသည် မျက်မမြင်များအား ပိုမိုအလုပ်ခန် ့လာစေရန် အထက်ပါ ပုံ နှင့်အတူ ပူးတွဲထားသော ကြေငြာဆိုင်းဘုတ်ဖြစ်ပါသည်။ အကယ်၍ ရုံးခန်းအတွင်းမှာ ထိုကဲ့သို ့ဖြစ်ခဲ့ပါက မျက်မမြင်များအား အလုပ်ခန် ့ထားလျှင် မသိရှိသဖြင့် အတင်းအဖျင်းပြောခံရခြင်းမှ ကင်းဝေးမှာဖြစ်ကြောင်း ။ ဒါပေမယ့် ဒီလိုအဖြစ်အပျက်မျိုးဟာ အရုပ်ချည်းသက်သက်မှ မဟုတ်တာ..အသံ လည်းပါသေးတယ်ဆိုတာ မေ့နေကြတယ် ထင်ပါရဲ ့….


nigimi77March 5, 20111min1155
အမေရိကန်တွေ အာကာသထဲ့သွားတော့ကမ္ဘာ့မြေဆွဲအားမရှိတော့တဲ့ ဟင်းလင်းပြင်မှာသူတိုု့ ဘောပင်တွေက မှင်မထွက်တော့တာတွေ့ရတယ်။ဒီတော့ ပညာရှင်တွေနာရီထောင်ပေါင်းများစွာသုတေသနလုပ်၊ပိုက်ဆံဒေါ်လာသန်းပေါင်းများစွာသုံးပြီးချိန်မှာ pump pen လို့ခေါ်တဲ့ ဖိအားပေးပြီးသုံးရတဲ့ဘောလ်ပင်ကိုတီထွင်နိုင်ခဲ့တယ်။အမေရိကန်ရဲ့ပြိုင်ဖက်ဆိုဗီယက်တေတွကအမေရိကန် ဒီပြသာနာဖြစ်နေတာကို သိတယ်။ သူတို့ကတော့အချိန်နာရီမကုန်ဘဲ ပိုက်ဆံလည်း ဘာမှ မကုန်ဘဲ ဒီပြသာနာကိုဖြေရှင်းလိုက်တယ်။ ဒါကတော့ သူတို့ အာကာသယာဉ်မူး တွေကို ခဲတံတွေပေးပြီး သုံးခိုင်းလိုက်တာပါ။ ဒီပြသာနာကို ပြန်ကြည့်ရင် အမေရိကန်တွေဟာ နည်းပညာရဲ့ ဘောင်ခတ်မူကိုခံရပြီးဘောင်ထဲက စဉ်းစား အဖြေရှာခဲ့တာ ဖြစ်တယ်။ ဘောလ်ပင်ဟာ အောက်ကိုစိုက်ရေးမှ ကမ္ဘာ့မြေဆွဲအားနဲ့ မှင်ထွက်တယ်ဆိုတဲ့ယူဆချက်ကို ကိုင်ပြီး မြေဆွဲအားမရှိရင် မြေဆွဲအားလို မှင်ကို ထွက်စေဖို့ဘယ်လိုလုုပ်မလဲဆိုတဲ့ သိပ္ပံဆိုင်ရာ ယူဆချက်ဘောင်ထဲက စဉ်းစားခဲ့တာဖြစ်တယ်။ ဆိုဗီယက်တွေကတော့ ဘောလ်ပင် ရေးမရင် ရေးရတာ ဘာရှိလဲလို့ လွတ်လပ်စွာစဉ်းစားခဲ့တာဖြစ်တယ်။ဒီတကယ့်ဖြစ်ရပ်မှတ် အဖြစ်အပျက်လေးက ဘာကိုပြောနေသလဲဆိုတော့ လူတွေက သိခြင်းတတ်ခြင်းဆိုတဲ့ဘောင်တွေခတ်ခံထားနေရပြီးအဲဒီဘောင်တွေထဲကနေပဲ စဉ်းစားလုပ်ကိုင်နေကြတယ်ဆိုတာပါပဲ။ နောက်ဖြစ်ရပ်မှန် […]


nigimi77March 5, 20111min30815
နိုင်ငံ တစ်နိုင်ငံ မှာ ရှိတဲ့ နိုင်ငံသားတွေဟာ သူတို ့ နိုင်ငံရဲ  ့ တရားဝင်ခေါ်ဝေါ်သည့် နိုင်ငံ အမည် အပေါ် ခံစားချက် မည်သို ့ရှိသည်ကို လေ့လာကြည့်ကြပါမည်။  ရေးသားသည့် အကြောင်းအရာ အထဲတွင် ပါဝင်သည့် ခံစားချက် အဓိပါယ် အား လေ့လာ သုံးသပ် ဝေဖန်စေလိုပါသည်။ ပြီးနောက်တွင် ကျွန်တော်တို ့ နိုင်ငံ၏ အမည်အား Burma မှ Myanmar သို ့ ပြောင်းလဲခြင်း၊ ရကောက် အသံပါဝင်(ယပလက် အသံမဟုတ်ပါ) သော Rangoon အား Yangon သို ့ ပြောင်းလဲ ခေါ်ဝေါ်ခြင်း အပြင်  နိုင်ငံတော် အလံအား  ပြောင်းလဲခြင်း အပေါ် ရွာသားများ […]