mr.dark bloodAugust 5, 20101min22913
ရှေးလူတို့ ဆိုခဲ့သည်မှာ ကညာဖြူရွ က္ကတိ္ထယ ရူပကောင်းလျက် ဆံထုံးဖျက်က ကြည့်မကောင်းဟု ဆိုကြသည်။ ထပ်တိုးလာသည့် နောက်တိုးအမှန်တရားတစ်ခုမှာ ကညာဖြူရွ က္ကတိ္ထယ ရူပကောင်းလျက် အကျင့်ဖျက်က မိန်းမပျက်် ဖြစ်တတ်သည်ကို သတိမူရမည်။ ကိုယ့်ကား ကိုယ်မောင်း ပဲခူးရောက်ရောက်၊ကိုယ့်ဂီယာကိုယ်ထိုး စစ်ကိုင်းရောက်ရောက် လုပ်လို့ မရပေ။ပဲခူး၊စစ်ကိုင်းမရောက်ဘဲ စခန်း၊ဆေးရုံရောက်တတ်သည်ကိုလည်း သတိမူရမည်။ခေတ်ကာလတိုးတက်နေသည်မှာ မှန်သည်။ခေတ်နဲ့အညီတိုးတက်အောင် နေထိုင်ရင်း တိုးတက်လာသော ပေါင်တိုစကတ်များသည်ကား ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ အမြင်မတော်သည်ကို ဆင်ခြင်ရမည်။လူမျိုးတစ်မျိုးအဖြစ် အခိုင်အမာအထောက်အထားပြနိုင်သည့်အချက်တစ်ခုမှာ ယဉ်ကျေးမှုရှိခြင်းပင်ဖြစ်သည်။ကျွန်တော်တို့ ကိုယ်ပိုင်ယဉ်ကျေးမှုကိုကျွန်တော်တို့ကိုယ်တိုင် မဖောက်ဖျက်စေဖို့ တိုက်တွန်းချင်သည်။နို့မဟုတ်ပါက ကိုယ်ဂုဏ်ကိုယ်ဖော်သည့် မသူတော်(၇)ပါးထဲ စာရင်းဝင်သွားလိမ့်မည်။ကိုယ်ဂုဏ်ကိုယ်ဖော် မသူတော်(၇)ပါးအကြောင်း စာပေဗဟုသုတနှင့်ရင်းနှီးသူတိုင်း ကြားဖူးကြသည်။ယင်းတို့မှာ အချိန်ကာလတိုက်စားသွားခဲ့သဖြင့် အောက်ပါအတိုင်း ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲသွားခဲ့သည်။ ကိုယ်ဂုဏ်ကိုယ်ဖော် မသူတော်(၇)ပါး ၁။ဒူးဖော် ၂။ပေါင်ဖော် ၃။ချက်ဖော် ၄။ရင်ဖော် ၅။ခါးဖော် […]


wunnakokoAugust 4, 20101min1130
စိတ်ညစ်တဲ့အချိန်၊ စိတ်ဓါတ်ကျတဲ့အချိန် တခုခုကို ဆုံရှုံးလိုက်ရလို့ ဝမ်းနည်းတဲ့အချိန် တွေမှာ ဒီ အားပေးတဲ့ စာစုလေးတွေ ဖတ်ဖြစ်ပါတယ်။ အနည်းဆုံးတော့ အားတခုခုရလိုက်ပါတယ်။ မျှော်လင့်ချက် တွေ ပြန်ရှင်သန်လာသလို ခံစားမိပါတယ်။ ဘာတွေ ဘယ်လိုဘဲ ကျ ကျ ပြန်ကောက်လို့ရပါတယ်။ စိတ်ဓါတ်မကျ ဖို့ အရေးကြီးပါတယ်။ ဒီစာလေးတွေဖတ်ရင်း မိမိစိတ်ကို မြှင့်တင်နိုင်ပါစေ။ ့http://soethwan.blogspot.com မှကူးယူဖော်ပြပါတယ်။ ပျော်အောင်ထားပါ သင်ပျော်ရွှင်နေတဲ့အခါ “ ငါတော့ ဝမ်းနည်း ကြေကွဲနေတဲ့လူတွေနဲ့ အပေါင်းအသင်း လုပ်သင့်တယ် ” လို့များ ကိုယ့်ကိုယ်ကိုယ် ပြောဖူးသလား ။ မပြောဖူးပါဘူး ။ ကိုယ့်လို ပျော်နေတဲ့ လူတွေကိုပဲ ရှာပါတယ်။ ပျော်တဲ့လူက ပျော်တဲ့ လူကိုပဲ ဆွဲဆောင်တယ်။ ဘယ်သူ ၊ ဘယ်ဝါမှ […]


mr.dark bloodAugust 4, 20102min2055
စာရေးခြင်းသည် ကျွန်တော့်အတွက် ငြိမ်းချမ်း၏။လောဘ၊မောဟ၊ဒေါသနည်း၏။အပူအပင်နည်း၏။ ထို့ကြောင့် စာရေးခြင်းအလုပ်သည် ကျွန်တော့်အား ငြိမ်းချမ်းစေ၏။အကုသိုလ်နည်းစေ၏။ဘဝအား ဖြတ်သန်းရာ တွင်  ပေ့ါပါးလွတ်လပ်စေ၏။သို့သော် စာရေးသက်ကြာလည်သည်နှင့်အမျှ စာရေးသည့်အလုပ်သည် ပေါ့ပေ့ါတန်တန်လုပ်ရ် မရကြောင်း အလေးအနက် သိလာရသည်။ ကျွန်တော်ရေးလိုက်သောစာသည် ပြီးကပြစ်ဖြစ်သွားပါက ချက်ခြင်း Response တက်လာသည်။အရင်ဆုံး အယ်ဒီတာထံမှ  အပြောခံရသည်။နောက် စာဖတ်သူမှ တဆင့် Response တက်လာသည်။ကြိုးကုတ်အားထုတ်လုပ်သည့် စာမူဆိုလျှင်ကား ဖုန်းဖြင့်တစ်သွယ်၊လူဖြင့်တစ်သုံ အကြောင်းကြား အားပေးစကားပြောကြားကြသည်။အမှန်တော့ စာရေးသူတစ်ယောက်အတွက် စာဖတ်ပရိသတ်၏ အားပေးမှုလက်ခုပ်သံသည် အားဆေးတစ်ခွက်မုချပင် ဖြစ်သည်။ သို့သော် ထိုအားဆေးသည် ဖြူစင်မှုအရင်းခံပြီး ရယူဖို့ လိုအပ်သည်။စာဖတ်သူအား မညာရ၊မလိမ်ရ၊မဖြီးရ၊ရမ်းမတုပ်ရချေ။ စာဖတ်သူဆိုသည်မှာ မိမိထက် အသက်၊ဝါ၊အတွေ့အကြုံ၊ပညာကြီးသော်သူလည်း ပါသည်။ငယ်သော်သူလည်း ပါသည်။ထို့ကြောင့် စာဖတ်သူများအား လေးစားရမည်။ငါရေးသည့်စာ ဖတ်ချင်ဖတ်၊မဖတ်ချင်နေသဘောမျိုးဖြင့် မရေးရချေ။ယင်းသို့သော် စည်းမျဉ်း၊စည်းကမ်း၊ဘောင်များသည် Printing Media များတွင် […]


လင်းဝေJuly 21, 20101min1552
( ပထမ ဦးစွာ ပြောလိုတာကတော့ ဒီစာကို ဘယ် အမျိုးအစားထဲ ထည့်ရမလဲ ရှာမတွေ့လို့ ဒီအတိုင်းတင်လိုက်တယ်။ ရှာကြည့်တော့ တွေ့တာက Business မှာလည်း မပါ။ ကျွန်တော်ပြောတာက နိုင်ငံရေးလည်းမဟုတ် ဆိုတော့(တရုတ်ပြည်မှာ ဆိုရင်တောင် ဒီလိုအပြောမျိုးကို အစိုးရကိုယ်တိုင်က လက်ခံနားထောင်ပေးနေပါပြီ။) တကယ်တော့ Management ဖြစ်ဖြစ် Economy ဖြစ်ဖြစ် Contemporary Issues ဆိုပြီးဖြစ်ဖြစ် ခေါင်းစဉ်တစ်ခု တပ်စေချင်ပါတယ် အက်ဒမင်များတို့..။ ) ပုဂ္ဂလိက ပိုင် ပြုလုပ်ရေး ဟာ မြန်မာပြည်မှာ ၁၉၈၉ ခုနှစ် ဦးပိုင်းက စတင်ပြီး ပြုလုပ်ခဲ့ ပြုလုပ်ရန် တာစူ ခဲ့တာဖြစ်ပါတယ်။ ပုဂ္ဂလိက ပိုင်ဘာဖြစ်လို့ လုပ်ရသလဲဆိုတော့ လုပ်ငန်းများကို နိုင်ငံတော်ပိုင် ၊ ပြည်သူပိုင်အဖြစ် ပြုလုပ်ထားလို့ […]