images7.jpeg

zoxnetApril 30, 20101min1869
မြန်မာတွေ အတွက် အဆင်ပြေစရာ တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ SymbianMyanmar v3.0 ပဲ ဖြစ်ပါတယ်။ SymbianMyanmar v3.0 က Nokia (နိုကီယာ) Touch screen phone တွေပေါ်မှာ မြန်မာစာကို ပထမဆုံး အလုပ်လုပ်နိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။Keyboard System အပါအဝင် မြန်မာစာလုံးများကို လိုအပ်တဲ့နေရာတွေမှာ အပြည့်အဝ အသုံးချနိုင်အောင် ပြုလုပ်ထားပါတယ်။ အသုံးပြုနိုင်တာတွေကတော့ … This keyboard is far superior to Nokia ones. A single key can have up to 5 characters (you get extra chars by […]

images5.jpeg

zoxnetApril 28, 20101min791
မနေ့က ကျွန်တော်နဲ့ ကျွန်တော်တို့ ဝိုင်းတော်သား မောင်ဥဂ္ဂါ တို့ တွေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်တွေ့တိုင်း များသောအားဖြင့် MMG ဖိုရမ်အကြောင်း ဆွေးနွေးဖြစ်ကြပါတယ်။ မောင်ဥဂ္ဂါကတော့ သူတို့ရဲ့ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းတွေ အကြောင်း မမောနိုင်၊ မပန်းနိုင် ပြောသလို ကျွန်တော်ကလည်း ကျွန်တော်နှစ်သက်တဲ့ WordPress အကြောင်းနဲ့ ကျွန်တော်ဝါသနာပါတဲ့ WordPress theme ကလိပုံတွေ အကြောင်းကို ရေနွေးကြမ်း သောက်သောက်ပြီး ပြောပါတယ်။ (မောလို့ပါ)။ အဲဒီလို ပြောကြရင်း သူ့စကားတွေဘက် ကျွန်တော် ပါသွားလိုက်၊ ကျွန်တော့် စကားဘက် သူပါလာလိုက်နဲ့ နောက်ဆုံး WordPress theme တွေ အကြောင်းမှာ ကျွန်တော်တို့ ၂ ယောက် ခြေချင်းလိမ် နေကြပါတယ်။ အဲဒီအခါမှာ မောင်ဥဂ္ဂါ က […]


susunosukiApril 28, 20101min691
ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ ဧပြီလ ၂၈ ရက်မှ စတင်ပြီး မေလ ၁ရက်နေ့အထိ ၄ ရက်တိုင်တိုင်ကျင်းပမယ်လို့ ပြည်တွင်းဂျာနယ်အချို့မှာ ဖော်ပြထားပါတယ်။ ပြပွဲကိုတော့ Milky Way International Co,Ltd မှ MD ဒေါ်နန်းဆုရတီစိုး မှ ဦးစီးကျင်းပကြောင်းသိရပါတယ်။ ပြပွဲမှာ လူသုံးကုန်ပစ္စည်းများ၊ အီလက်ထရောနစ် နှင့်နည်းပညာဆိုင်ရာပစ္စည်းများ၊ ဆက်သွယ်ရေးနှင့်ပတ်သက်သောပစ္စည်းများကို ပြသရောင်းချမည်ဖြစ်ကြောင်းသိရပါတယ်။ ကုမ္ပဏီပေါင်း ၆ဝ ကျော် မှ ပြခန်းပေါင်း ၁၁ဝ ကျော်ခင်းကျင်းပြသမည်ဖြစ်ပြီးအနုပညာရှင်များရဲ့ဖျော်ဖြေမှု့အစီ အစဉ်များလည်းပါဝင်မည်ဟုသိရပါတယ်။ source အင်တာနက်သတင်းဂျာနယ်


notsyntheticsMarch 2, 20102min1748
ကျနော် ရေးရင်ကောင်းမလား မရေးရင်ကောင်းမလားနဲ့ စဉ်းစားနေတာ ကြာပါပြီ ။ မရတော့ဘူးဗျာ ရေးလိုက်ပြီ ။ ဗဟုသုတ ရအောင်မျှဝေတယ်လို့ ပဲ သဘောထားပေးပါ။ လေ နည်းနည်း ရှည်ပါဦးမယ် ။ တစ်ချို့ Virus မိမှာ အရမ်းကြောက်ပါတယ် ဒါပေမယ့် မေးကြည့် Virus ဆိုတာဘာလဲ ဆိုရင် ရေရေ ရာရာ မပြောနိုင်ပါဘူး။ Virus ဆိုတာ လွယ်လွယ်ပြောရရင် ( ခက်ခက်လဲ မပြောတတ်ပါ။ ) ပုံမှန် အလုပ်လုပ်နေတဲ့ ကွန်ပြူတာကို ဖိုင်တစ်ခုခု ကြောင့် အနှောင့် အယှက် ဖြစ်စေမယ်ဆိုရင် အဲဒီဖိုင်ဟာ Virus လို့ ခေါ်နိုင်ပါတယ်။ Window system များ ပျက်စီးပြီး ၊ data များဆုံးရှူံးသည် […]


* ခရမ်းချဉ်သီး ရောင်းသူ * အလုပ်အကိုင်မရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ အလုပ်လိုချင်တဲ့ အတွက် မိုက်ကရိုဆောဖ့် ကုမ္ပဏီမှာ ရုံးအကူ တစ်နေရာအတွက် အလုပ် သွားလျှောက် ပါတယ် …. သက်ဆိုင်ရာ ခန့်ခွဲမှု မန်နေဂျာက သူ့ကို အင်တာဗျူး လုပ်ပါတယ်.. ပြီးတော့ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ခိုင်းပြီး သူ့ကို စမ်းသပ် စစ်ဆေး ပါတယ်… စမ်းသပ်လို့ သူ့လုပ်ရည် ကိုင်ရည်ကို ကျေနပ်သွားတဲ့အခါ မန်နေဂျာက ကောင်လေးကို “ကဲ.. မင်းကို အလုပ်ခန့်လိုက်ပါပြီ… မင်းရဲ့ အီးမေလ်း လိပ်စာ ထားခဲ့… မင်း အီးမေလ်းထဲကို အလုပ်ခန့်လွှာပို့လိုက်မယ်.. မင်းက အဲဒီထဲမှာ လိုအပ်တဲ့ အချက်အလက်တွေဖြည့်ရမယ်.. ပြီးရင် မင်း အလုပ် စဝင်နိုင်မဲ့ရက်ကို ဖြည့်ပြီး တို့ဆီကို […]


DaveDecember 29, 20091min2326
ပြန့်နှံ့ရောက်ရှိမှု ဆဲလ်ဖုန်းပြောခြင်းသည် ယနေ့ခေတ်ပြိုင်လူ့ယဉ်ကျေးမှုနှင့်လူ့အဖွဲ့အစည်းအတွင်း၌ သာမန်အပြုအမူ၊အလေ့အထတစ်ရပ်အဖြစ် စွဲမြဲအမြစ်တွယ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှပြီဖြစ်သည်။အဝေးပြောဆက်သွယ်ပြန်ကြားရေးနယ်ပယ်တွင် မိမိကိုယ်နှင့်မကွာ ထားရှိကာ တစ်ဦးနှင့်တစ်ဦး အလွယ်ကူ၊အထိရောက်ဆုံး ပြောဆိုဆက်သွယ်နိုင်စေေသော ကိရိယာဖြစ်သဖြင့် လူတို့အကြား ဆဲလ်ဖုန်းပြန့်နှံ့ရောက်ရှိမှု အခြေအနေသည် အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နှစ်အနည်းငယ်အတွင်း သန်းနှင့်ချီ၍ တိုးတက်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၀၀ဝပြည့်နှစ်က ဆဲလ်ဖုန်းသုံးစွဲသူဦးရေ သန်းပေါင်း ၁၁ဝရှိရာမှ ၂၀၀ရခုနှစ်သို့ရောက်ရှိသောအခါ သန်းပေါင်း၂၇ဝကျော်သည်အထိ ရောက်ရှိခဲ့ သည်ဟု စီတီအိုင်အေကြိုးမဲ့ဆက်သွယ်ရေးအဖွဲ့က အတည်ပြုထားသည်။