Kaung Myat HtutApril 18, 20122min29415
ကျွန်တော့်မှာ smartphone အဟောင်းတစ်လုံးရှိပါတယ်။ ပြန်ရောင်းဖို့ကြိုးစားကြည့်တဲ့အခါမှာ ဈေးကောင်းမရတာကြောင့်ရယ်၊ အကြာကြီးကိုင်လာရတဲ့အပေါ် သံယောဇဉ်ရှိတာရယ်ကြောင့် သိမ်းထားဖြစ်ပါတယ်။ သိမ်းထားပြန်တော့လည်း အပို လိုဖြစ်နေတာကြောင့် ဘာပြန်လုပ်လို့ရမလဲ ဆိုတာလေ့လာကြည့်တဲ့အခါမှာ အောက်ပါအတိုင်း အများကြီးလုပ်နိုင်တာကိုတွေ့ရပါတယ်။ 1.    Media Remote Control Smartphone ဟာ ကွန်ပျူတာအပါအဝင် အချို့သော ပစ္စည်းများအတွက် remote control အနေဖြင့် သီချင်းများ၊ ရုပ်ရှင်များကြည့်ရန် အသုံးပြုနိုင်သော ပစ္စည်းတစ်မျိုးဖြစ်သည်။ အားသာချက်တစ်ခုကတော့ ပါတီပွဲတစ်ခုမှာ ဖွင့်ထားတဲ့သီချင်းကို သင်ဖြစ်စေ၊ သင့်မိတ်ဆွေဖြစ်စေက smartphone ကို remote control ကဲ့သို့အသုံးပြုနိုင်သည်ကိုတွေ့ရသည်။ အကယ်၍သင့်ဖုန်းတွင် Infrared (IR) ပါလျှင် အင်တာနက်မှ Download လုပ်နိုင်သော အချို့ app များဖြင့် ရုပ်မြင်သံကြားစက်များ၊ Home theater များကိုပင် […]


Kaung Myat HtutApril 18, 20121min2001
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းကပင် Google Drive ကိုထုတ်လုပ်ရန်ပြင်ဆင်နေခဲ့ပါတယ်။ အခုအချိန်အထိတော့ ၎င်းနှင့်ပတ်သက်သည့်အကြောင်းအရာများကို မကြားမသိရသေးဘဲ ဖြစ်နေကြ ပါတယ်။ ၎င်းကို ဧပြီလ ၁၆ ရက်နေ့တွင် စတင်အသုံးပြုနိုင်တော့မည်ဟုသိရှိရပါသည်။ တစ်ချိန်တည်းမှာပဲ ပြိုင်ဘက်သဘောမျိုးအနေဖြင့် ဈေးကွက်ထဲတွင် Dropbox က 2GB အခမဲ့ပေးနေသည့်အပြင် Microsoft SkyDrive က 25GB အထိအခမဲ့ရနိုင်မည်ဖြစ်သည်။ 5GB ပေးထားပေမယ့် အချိန်မရွေး မြှင့်သုံးနိုင်ကြောင်းလည်း Google အတွင်းစကားများအရသိရသည်။ လက်ရှိအချိန်အထိတော့ Google Drive ကိုတရားဝင်ကြေငြာခြင်းမပြုသေးဘဲ လျှို့ဝှက်ထားသည်။ များမကြာမီအချိန်အတွင်းတွင် Google Drive ကို drive.google.com တွင်တွေ့မြင်ရတော့မည်ဖြစ်သည်။ ၎င်းလျှို့ဝှက်ချက်များကို Android Authority အဖွဲ့မှတဆင့်ရရှိခဲ့ခြင်းဖြစ်ပါသည်။ Evidence of Google Drive’s existence has been […]

4_iPad1-600x366.jpg

Kaung Myat HtutApril 17, 201212min3813
ပထမဦးဆုံးလုပ်ရမှာက ကိုယ့်ကွန်ပျူတာမှာ iTunes မရှိသေးဘူးဆိုရင် install လုပ်ရမှာဖြစ်ပါတယ်။ ပြီးရင် iPad ကို http://gizmodo.com/5508769/how-to-set-up-your-ipad-the-right-way မှာဖော်ပြထားတဲ့အတိုင်း set up လုပ်ရမှာဖြစ်ပါတယ်။ iPhone တွေ၊ iPod Touch တွေရှိထားလို့ သူတို့အတွက် သုံးဖို့ PC မှာရှိပြီးသာားဆိုရင်တော့ iTunes ကိုထပ်ပြီး install လုပ်ဖို့မလိုတော့ပါဘူး။ ပြီးရင် Apple store ကနေဝယ်ပြီး၊ download လုပ်ပြီးဖြစ်တဲ့ app တွေကို iPad အသစ်ထဲကို sync လုပ်ဖို့လိုအပ်လာမှာပါ။ အရင်က iPhone တို့၊ iPod Touch တို့အတွက်တော့ app display တွေက အရွယ်သေးလည်းကိစ္စမရှိပါဘူး။ ဒါပေမယ့် iPad ကျတော့ display ကြီးလာတဲ့အတွက် display […]


Kaung Myat HtutApril 17, 20122min1816
Windows 8 က iPad ကိုခြိမ်းခြောက်နိုင်သော အချက် ၆ ခု ၁။ Windows 8 သည် customize လုပ်လို့ပိုရသည်။ ၂။ Website တစ်ခုကို စက္ကန့်ပိုင်းအတွင်း upload လုပ်နိုင်သလို ကြည့်နေကျမဟုတ်သော website များကိုလည်းအချိန်တိုအတွင်း ဖွင့်နိုင်သည်။ Internet Explorer 10 သည်အမြန်ဆုံး Internet browser အဖြစ်ရပ်တည်လာမည်ဖြစ်သည်။ ၃။ Windows 8 တွင်ပါဝင်လာသော Device function ကြောင့် file ပေါင်းများစွာကို ဖွင့်နိုင်ရုံမျှမက ပစ္စည်းပေါင်းများစွာကိုလည်း တွဲဖက်တပ်ဆင်အသုံးပြုနိုင်သည်။ Android နှင့် apple တို့ပြိုင်နေသော ပြိုင်ပွဲအတွင်းသို့ Microsoft ကလည်း Windows 8 အားကိုးဖြင့် ဝင်ရောက်လာနိုင်ပြီဖြစ်သည်။ ၄။ […]


Kaung Myat HtutApril 15, 20121min21114
                          တစ်လောကက မိတ်ဆွေတစ်ယောက် ရုတ်တရက် ကွယ်လွန်သွားပါတယ်။ ဒါပေမယ့်သူ့ email ကိုမှားပြီးပို့လိုက်တဲ့အခါမှာ auto-response နဲ့အခုခရီးသွားနေပါတယ်။ မကြာနေရင်တွေ့ရအောင်။ ဆိုပြီးတွေ့လိုက်ရတဲ့အခါမှာ သရဲခြောက်သလိုခံစားလိုက်ရပါတယ်။ ဒီကိစ္စအတွက်ကို လူတော်တော်များများကတွေးမိကြမှာပါ။ သေဆုံးသွားသူရဲ့ Data ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ပြသနာတွေတက်လာနိုင်ပါတယ်။ ဥပမာ Gmail ကို ကိစ္စတော်တော်များများကို notification ပို့ဖို့အတွက် Primary အဖြစ်သုံးထားတယ်ဆိုရင် အခက်အခဲတွေ့နိုင်ပါတယ်။ ငွေပေးချေရန်ရှိတဲ့ကိစ္စ   တော်တော်များများကို Gmail နဲ့ချိတ်ဆက်ထားပြီး Automatic Direct Debit လုပ်ထားမိတယ်ဆိုရင်တော့ ဒုက္ခပါပဲ။ ကျန်ရစ်သူမိသားစုက Password ကိုမသိရင် လိုအပ်တာတွေဆက်လက်ဆောင်ရွက်ဖို့အခက်တွေ့နိုင်ပါတယ်။ ဒါပေမယ့် Gmail […]


Kaung Myat HtutApril 15, 20121min1221
Browser အထဲက webpage တစ်ခုမှာ email ပို့ဖို့အတွက် link ကိုနှိပ်လိုက်တဲ့အချိန်မှာ Outlook လိုမျိုး mail client ဖြစ်စေ၊ mail.app ဖြစ်စေ တက်လာမှာဖြစ်ပါတယ်။ အများအားဖြင့် outlook ပဲတက်လာပြီး စိတ်အနှောင့်အယှက်ဖြစ်နေမှာပါ။ Firefox ကိုအသုံးပြုနေသူများအတွက် Firefox version 3 စတင်ကတည်းကပင်ရနေပြီဖြစ်ပါတယ်။ ပြောင်းချင်ရင်တော့ Firefox Preferences တွေရှိတဲ့ Tools >> Options >> Application ကိုသွားပါ။ Search အထဲမှာ mailto လို့ရိုက်ပါ။ ပြီးရင် Action အောက်မှာ Use Gmail လို့ရွေးလိုက်တာနဲ့ နောင်အကြိမ်တွေမှာ email link တွေပို့မယ်ဆိုရင် အလွယ်တကူရနိုင်ပြီဖြစ်ပါတယ်။ Gmail အထဲကိုတစ်ခါတည်းတန်းရောက်သွားမှာတော့ မဟုတ်ပါဘူး။ Gmail […]


Kaung Myat HtutApril 15, 20121min1293
                အစည်းအဝေးမှတ်တမ်းတင်ဖို့အတွက် software တွေအများကြီးရှိပါတယ်။ အခမဲ့ရနိုင်တဲ့ software၊ web-based၊ စသည့်ဖြင့်ပုံစံမျိုးစုံရှိပါတယ်။ ရှိတဲ့အထဲမှာမှ အများကြီးလေ့လာကြည့်တဲ့အခါမှာ အကောင်းဆုံးက Microsoft OneNote ဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။ ထိပ်ဆုံး software ငါးခုထဲမှာမှ Microsoft OneNote ဟာစစ်တမ်းအရ ၄၅% ကကြိုက်နှစ်သက်ကြောင်းမဲပေးခဲ့ကြသည်။ ၎င်းဟာအစည်းအဝေးမှတ်တမ်းယူတာထက်ပိုပြီး များစွာလုပ်ဆောင်နိုင်ပါတယ်။ Desktop version ဆိုရင်တော့ Windows တစ်မျိုးတည်းမှာပဲအသုံးပြုနိုင်ပါတယ်။ အဓိကအားသာချက်ကတော့ လူတိုင်းနီးပါးက Microsoft Office တွေကိုသုံးနေကျဖြစ်လို့ ရင်းနှီးမှုရနေတာကြောင့်ဖြစ်ပါတယ်။ ဒုတိယနေရာမှာရှိနေတာက Web app ဖြစ်တဲ့ Minutes.io ဖြစ်ပြီး ၂၃% ကကြိုက်နှစ်သက်ပါတယ်။ တတိယနေရာက LessMeeting ကတော့ အခမဲ့ရနိုင်ပြီး ၁၂% […]


Kaung Myat HtutApril 13, 20122min1145
လမ်းသွားရင်း သင့် smartphone နဲ့စာရိုက်ရတာ အလွန်ခက်ခဲပါတယ်။ Keyboard ကိုလည်းထိအောင် ရိုက်ရသလို အရှေ့မှာလည်း ဝင်မတိုက်မိအောင် ကြိုးစားလျှောက်ရပါတယ်။ ဒါကြောင့် Camera ရဲ့အကူအညီနဲ့ Transparent screen အဖြစ်ပြောင်းလဲပြီး စာတွေရိုက်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ သုံးစွဲပုံကလည်း Application ဖွင့်လိုက်ပြီး Transparent level လိုသလိုချိန်ပြီး အသုံးပြုနိုင်ပါတယ်။ ဒီလို App တွေဟာ battery သုံးစွဲမှုများတာကြောင့် အမြဲတမ်းဖွင့်ပြီးသုံးလို့ အဆင်မပြေပါဘူး။ ကောင်းတာတစ်ခုက ဒီ app ကို https://market.android.com/details?id=botweb.transparent.screen မှတဆင့် အခမဲ့ ရနိုင်ပါတယ်။


Kaung Myat HtutApril 13, 20121min800
Microsoft OneNote ဟာမှတ်စုတွေမှတ်ထားဖို့အတွက် အသင့်တော်ဆုံး bullet များ၊ checkbox များ၊ ပုံများ၊ to-do list များစသည့်ဖြင့် စုံစုံလင်လင်သုံးနိုင်တဲ့ software တစ်ခုဖြစ်ပါတယ်။ iPhone မှာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက အသုံးပြုနိုင်ပေမယ့် Android အပေါ်မှာတော့ အခုမှစသုံးနိုင်မှာဖြစ်ပါတယ်။ ၎င်းဟာ Microsoft ရဲ့ online storage ဖြစ်တဲ့ SkyDrive နဲ့လည်း တွဲသုံးနိုင်ပါတယ်။ ထို့ကြောင့် ဘယ်နေရာရောက်ရောက် အင်တာနက်ရှိနေရင် ဖုန်းနဲ့သာမက မည်သည့် device နဲ့မဆို မှတ်စုတွေကို ဖွင့်ကြည့်နိုင်ပါတယ်။ အခမဲ့သုံးမယ်ဆိုရင်တော့ မှတ်စုပေါင်း ၅၀ဝ အထိပဲရပါတယ်။ သုံးချင်ရင်တော့ Windows Live ID ရှိဖို့တော့ လိုအပ်ပါတယ်။ စမ်းသုံးမယ်ဆိုရင်တော့ https://market.android.com/details?id=com.microsoft.office.onenote မှတဆင့်ရနိုင်ပါတယ်။


Kaung Myat HtutApril 13, 20125min1919
Gmail ဟာ သူတစ်ခုတည်းဆိုရင် အစွမ်းမထက်ပါဘူး။ Gmail lab ပါပါမှ စွမ်းဆောင်ရည်ပြည့်ပြည့်သုံးနိုင်မှာပါ။ Gmail lab setting ကို Settings အောက်မှာတွေ့နိုင်ပါတယ်။ Theme အသုံးပြုထားတာတွေ၊ HTML view နဲ့ကြည့်နေတာတွေအပေါ်မူတည်ပြီး Lab ကိုရှာဖွေနိုင်ပုံ ကွဲပြားနိုင်ပါတယ်။ 10. Undo Send နာရီဝက်၊ တစ်နာရီလောက်ကြာအောင် စာတွေစီ၊ စာတွေရိုက်၊ အမှားတွေပြင် ပြီးတော့ send ဆိုပြီးပို့လိုက်တော့မှ လိပ်စာမှားနေတာတွေ၊ Subject မှားနေတာတွေဆိုရင် အခက်အခဲ ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအခက်အခဲကို ဖြေရှင်းဖို့ Undo Send ဆိုတဲ့ feature ကို enable လုပ်ထားနိုင်ပါတယ်။ setting အပေါ်မူတည်ပြီး 5, 10, 20, 30 စက္ကန့်စသည်ဖြင့် […]


Wai Aung Chan MyoApril 7, 20121min942
ဆေးနည်းများကို ပြုလုပ်ရာတွင် ဖော်ပြခဲ့သည့်အတိုင်း ပစ္စည်းအမယ်များ မရခဲ့လျှင် လည်း မိမိတို့ဒေသထွက်ရှိသည့် နီးစပ်ရာ အမယ်များကို ဉာဏ်ရှိသလို အသုံးပြုနိုင်သည်။ ၎င်းတို့ကို အချဉ်ဖောက်ရာတွင် ရာသီဥတုပေါ်မူတည်၍ ပူလျှင် ၁ပတ်၊ အေးလျှင် ၂ပတ်ခန့် ကြာနိုင်သည်။ အချဉ်ဖောက်မည့် အိုးများကို ထားရာတွင် အေး၍ စိုစွတ်သော၊ အရိပ်ရသော နေရာများတွင် ထားရမည်။ စဉ့်အိုးများကို ဖုံးအုပ်ရာတွင် လေ့လာတွေ့ရှိသမျျှှထဲတွင် ပိတ်စ အပါးသာ အဆင်ပြေပြီး မိုးရာသီဖြစ်ခဲ့လျှင် အပေါ်မှ အမိုးမိုးပေးရန် လိုသည်။ ဆေးရည်များကို တစ်မျိုးနှင့် တစ်မျိုး ရောစပ်ဖြန်းရာတွင် စေတနာပို၍ လိုအပ်သည်ထက် အဆ ပိုမထည့်ပါနှင့်။ တန်လျှင် ဆေး၊ မတန်လျှင် ဘေး ဆိုသကဲ့သို့ အပင်များ ဒုက္ခဖြစ် တတ်သည်ကို သတိထားသင့်သည်။ သီးမပွင့်မီ […]


Wai Aung Chan MyoApril 4, 20121min13611
သစ်မွှေး စိတ်ဝင်စားသူများအတွက် ဒါက သစ်မွှေးပင် ၃နှစ်သား လုံးပတ် ရဲ့အတိုင်းပါ။ နောက် သစ်မွှေးရဲ့ ပုံတွေကို connection ကောင်းရင် ကောင်းသလိုတင်သွားပါ့မယ်။ ် ခင်မင်စွာဖြင့် ကိုဝေအောင်


kaiApril 4, 20121min793
မိုင်းဆိုသည်မှာ မိုင်းဆိုတာ လူကို သေစေတတ်တဲ့၊ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာ ရစေတတ်တဲ့ ပေါက်ကွဲပစ္စည်းတွေ ပါဝင်တဲ့ အရာဝတ္ထု တခုဖြစ်ပါတယ်။ မိုင်းတွေကို မြေပြင်ပေါ်မှာ တွေ့ရှိနိုင်သလို မြေကြီးထဲမှာ မြှုပ်နှံထားတာတွေလဲ ရှိပါတယ်။ မိုင်းတွေမှာ ဒီဇိုင်းတွေ အမျိုးမျိုး ကွဲပြားသလို ထိခိုက်မှု ဖြစ်စေနိုင်မှုကလဲ ပေါက်ကွဲအားပေါ် မူတည်ပြီး ကွဲပြားပါတယ်။ မိုင်းအသုံးပြုမှု သမိုင်းကြောင်း ပထမကမ္ဘာစစ်အတွင်းမှာ တင့်ကားတွေကို စစ်လက်နက်ပစ္စည်းအဖြစ် စတင်အသုံးပြုလာချိန်က စပြီး တင့်ကားတွေကို တိုက်ခိုက်ဖို့ မိုင်းတွေကိုလဲ စတင်အသုံးပြုလာကြပါတယ်။ ဒါကြောင့် ကမ္ဘာ့စစ်တပ် အသီးသီးမှာ မိုင်းတွေကို ရှာဖွေရှင်းလင်းတဲ့ အထူးတပ်တွေကိုပါ စတင် ဖွဲ့စည်းလာကြပါတယ်။ နောက်ပိုင်းမှာ ကမ္ဘာတလွှားမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေမှာ မိုင်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။ ဘာကြောင့် မိုင်းကို အသုံးပြုရသလဲ […]