ムラカミMay 11, 20124min20011
မနေ့က မောင်ဂီ့ အတော် ပျော်ပါသည် ..ပျော်ဆို ..မောင်ဂီ့ ပီစီပျက်နေတုန်း ရိုက်နှက်ထားတာလေးတွေ ဖြတ်ပြီး အဂ္ဂမဟာ ဖေ့စဘုတ်တော် ပေါ် တင်ဖြစ်တုန်းက ဖြစ်ပါသည် ။ မောင်ဂီ့ အလွန်အင်မတန် လေးစားအားကျသော ဒါ့ပုံဆြာ ၂ယောက်ထံမှ comment လေးများ ချီးမြှင့်ခံ ရသောကြောင့်ဖြစ်ပါသည်။ technique အားဖြင့် ဘာမှ ပိုမထူးလာသော်လည်း composition အားဖြင့် သော်လည်းကောင်း sharpness အားဖြင့်သော်လည်းကောင်း အတိုင်းအတာ တခုထိ improved ဖြစ်လာသည်ဟု ခံစားရပါသည် ..။ (အထင်) မျက်စိမွဲလာသော်လည်း ယခုနောက်ပိုင်း အသုံးများနေသော tamron 90mm f/2.8 နှင့် Tokina 11-16mm f/2.8 တို့ကြောင့် sharpness တက်လာသည်ဟု တထစ်ချ ယုံကြည်မိပါသည်။ […]


ムラカミMay 10, 20126min20016
    အင်း.. DIY ကဏ္ဍ ဖွင့်ပြီး ဘူမှလည်း ဟုတ်တိပတ်တိ မရေးကြသေးဘူး… သဂျီးတို့များ ..ဘစ်ဇနက်အောက်မှာ မားကတ္တင်း ဆပ္ပ ကတ္တဂိုရီလေး ဖွင့်ပေးပါပြောတော့ မသိချင်ထောင်ထောင်နေတယ်..။   အဲ့ဒါနဲ့ ခုရက်ပိုင်း မားကတ္တင်းအကြောင်း ရေးချင်စိတ်ကို မရှိတာ.. သည်တော့ တချက်ခုတ် ၃-၄ချက် ပြတ်အောင် DIY လည်းဖြစ်  ဓါတ်ကျနေတဲ့ ဖိုတိုဂလပ်ဖီလည်း ပါ … စတစ်ကီတင်ထားပေမယ့် အဖတ်လုပ်ပြီး ဘာမှ ဝင်မဆွေးနွေးတဲ့ အမှုကို ကျူးလွန်ထားပြန်သေးတဲ့ သဂျီးလည်း  ပိုက်ပိုက်ကုန်အောင် လာပြီဗျို့……။   သဂျီးရေ … bokeh လေးဘာလေး မရိုက်ချင်ဘူးလားဗျာ.. 😀   တကယ်တော့ Bokeh ဆိုတာ ဂျပန်လို မပြတ်သားခြင်း ဝါးခြင်း […]


ပြီးခဲ့တဲ့ ပို့စ်ဖြစ်တဲ့ “အိတ်ချ် … ထီ … အန်မ် … အယ်လ် – ၃” မှာ table တစ်ခုကို အကြမ်းဖျင်း တည်ဆောက်ပုံကို ပြောခဲ့ပြီးပါပြီ။ ဒီအခါမှာတော့ အချော တည်ဆောက်ကြည့်ကြရအောင်။ အကျယ်နဲ့ အမြင့် ဇယားကွက် အကြမ်းမှာတော့ အကျယ်အဝန်းလည်း မသတ်မှတ်ခဲ့သလို အမြင့်ကိုလည်း မသတ်မှတ်ခဲ့ပါဘူး။ ဇယားကွက် (table) ရဲ့ အကျယ်နဲ့ အမြင့်ကို သတ်မှတ်ပေးဖို့ ဆိုရင် width နဲ့ height ဆိုတာကို table အဖွင့် tag ထဲမှာ ထည့်သွင်း ရေးသားပေးရပါတယ်။ အဲလို သတ်မှတ်ပေးတဲ့ အခါမှာတော့ ကျနော်က pixel အနေနဲ့ ပြပေးသွားပါမယ်။ pixel ကိုတော့ အတိုအနေနဲ့ […]


ムラカミMay 7, 20128min29724
မှတ်မိကြဦးမယ်ထင်ပါတယ် မနိုဗီရဲ့ အို အရိပ်ကလေးရယ် ပိုစ့်ကို..။ sunset မှာagainst light နဲ့ ရိုက်ထားတဲ့ပုံကို သဂျိုင်ခီး တယောက် ဖိုတိုရှော့ပ်ထဲဝင်ပြီး ဝမ်းကလစ်နဲ့ ကလိ လိုက်တာ မျက်နှာပေါ်လာတာလေ..။ ဒါကို အလွယ် နဲ့ နားလည်ဖို့အတွက် ဆိုရင်တော့ histogram တွေအကြောင်း သိထားမှဖြစ်ပါလိမ့်မယ်.. ၁.Histogram ဆိုတာ ဘာလဲ histogram ဆိုတာ၂၁ရာစု lightmeter ဖြစ်ပါတယ်။ သူ့ကို နားလည်ထားရင် ပုံကိုမကြည့်ဘဲ histogram ကိုကြည့်တာ နဲ့ ပုံရဲ့ အလင်းအမှောင်အနေအထားကို ပြောလို့ရပါတယ်။ဘာပုံဆိုတာ မပြောနိုင်ပေမယ့် ပုံဟာ လင်းလွန်းနေမလား မှောင်လွန်းနေမလားဒါမှ မဟုတ်လည်း ပုံမှာပါဝင်တဲ့ အလင်း နဲ့ အမှောင်ဟာ ပြေပြစ်မှုရှိသလား ရုပ်ချည်း အပြောင်းအလဲ တွေ ပါနေသလား […]


“အိတ်ချ် … ထီ … အန်မ် … အယ်လ်” ဆိုတဲ့ ပထမဆုံးပို့စ်မှာ HTML အခြေခံလေးကို ပြောခဲ့ပါတယ်။ ဒုတိယဖြစ်တဲ့ “အိတ်ချ် … ထီ … အန်မ် … အယ်လ် – ၂” ဆိုတဲ့ ပို့စ်မှာတော့ စာလုံးပုံစံတွေနဲ့ ပုံထည့်သွင်းတာကို ပြောခဲ့ပါတယ်။ အခုပို့စ်မှာတော့ Web Page ပေါ်မှာ ဇယားကွက် (table) တည်ဆောက်တာကို ပြောပေးသွားပါမယ်။ WebPage ပေါ်တွင် ဇယားကွက်(table) တည်ဆောက်ပုံ ကျနော်တို့ Webpage ပေါ်မှာ ဇယားကွက် တစ်ဆောက်ဖို့အတွက်ဆိုရင် <table> </table> ဆိုတဲ့ Tag ကို အသုံးပြုပါတယ်။ ဒါပေမယ့်လို့ ဇယားကွက် ဆောက်တဲ့အခါ အဲဒီ tag […]


အိတ်ချ် … ထီ … အန်မ် … အယ်လ် – ၁ နံပါတ် (၁) ပို့စ်မှာ HTML နဲ့ မိတ်ဆက်ခြင်း၊ အခြေခံ ရေးနည်းကို ပြောခဲ့ပြီးပါပြီ။ အခုပို့မှာတော့ စာလုံးပုံစံ (Font) နဲ့ အရောင်ခြယ်တာ၊ ပုံထည့်တာတွေကို ရေးသားပေးသွားပါမယ်။ စာလုံးပုံစံ ကျနော်တို့ Word သုံးတဲ့အခါ စာလုံးကို ထင်ရှားအေင် အနက်ခြယ်တာ (bold)၊ စာလုံး အစောင်းလေး ထားတာ (italic) နဲ့ အောက်က မျဉ်းတားတာ (underline) တို့ ပြုလုပ်ပါတယ်။ ဒီလိုပဲ Web Page ပေါ်မှာ စာလုံးကို အနက်ခြယ်တာ၊ စာလုံး အစောင်းထားတာ၊ မျဉ်းတားတာတွေကို လုပ်လို့ ရပါတယ်။ စာလုံး […]


  ဒီပို့စ်ဟာ ရွာထဲက သိပြီးသား ရွာသူားတွေအတွက် ရည်ရွယ်ရေးသားခြင်း မဟုတ်ပါ ခင်ဗျာ။ မသိသေးသူတွေ၊ စိတ်ဝင်စားသူတွေအတွက် ဗဟုသုတ ရစေခြင်းငှာ ကျနော် သိထားသလောက် ပြန်ရှဲခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော် ရေးသားတဲ့ထဲမှာ အမှားတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ထိုထိုသော အမှားများကို သိထားသူများက ထောက်ပြပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ …. အံစာတုံး HTML (အိတ်ချ်ထီအန်မ်အယ်လ်) မိတ်ဆက် HTML ဆိုတာ Web Pages တွေ ရေးတဲ့အခါမှာ အသုံးပြုတဲ့ Hyper Text Markup Language ပဲ ဖြစ်ပါတယ်။ Programming Language တော့ မဟုတ်ပါဘူး။ သူ့ကို ရေးတဲ့အခါ angle bracket (ထောင့်ကွင်း) ထဲမှာ ထည့်သွင်း […]


Wai Aung Chan MyoApril 30, 20122min912
 ရောဂါ လက္ခဏာ အကြောင်း အရင်း ကာကွယ်နည်း၊ ကုသနည်း။ ရွက်ဖျား၊ အနားသတ် တို့တွင် ညှိုးခြောက် ခြင်း….. အပူရှိန် ပြင်း လွန်းခြင်း စိုထိုင်းဆ နည်းခြင်း မြေဩဇာ အပူ လောင်ခြင်း ရေ(pH 5.5 မှ 7.5ကြား မရှိခြင်း အရိပ်ရပင်(ငှက်ပျော)ကို ၃’အကွာ ၂~၃ပင်ခန့်  စိုက်ပေးခြင်း (သို့) ပိတ်စိမ်းကျဲမိုးပေးခြင်း။ အပင်အောက်ခြေပတ်လည်တွင် ကောက်ရိုး၊ သစ်ရွက်ဆွေး၊ ဝါးရွက်ဆွေးတို့ ဖြန့်ခင်းပေးခြင်း။ နွားချေး(ဆွေး)သုံးခြင်း၊ ဓါတ်မြေဩဇာလိုသလောက်သာသုံး ခြင်း၊ အပင်ခြေမှအနည်းငယ်(၄”ခန့်)ခွာ၍ မြေဆီကိုပုံခြင်း။ စပ်ပြီးသောမြေဆွေးကို မြေကြီးတဆရော၍ မြေပြန်ပြင်ခြင်း။ ထုံးဓါတ်များသောရေကို ကျောက်ချဉ်ဖြင့်အနည်ထိုင်စေခြင်း၊ ရေမလောင်းမီ ရေစင်တွင် ၁၂နာရီခန့် အနည်ထိုင်စေခြင်း၊ pH level မှန်စေရန် အချဉ်ဖောက်ရည်အသုံးပြုခြင်း၊ အောက် ရွက်များမှ […]


Facebook သုံးသူများအတွက် ကိုယ့် Facebook သူငယ်ချင်းများရဲ့ မေးလ် လိပ်စာများကို အလိုအလျောက်နဲ့ မြန်မြန်ဆန်ဆန်နဲ့ ကိုယ့် Gmail ထဲကို ပို့လို့ရမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်လေ ကိုယ့် သူငယ်ချင်းများက သူတို့ရဲ့ Facebook profile မှာ Gmail လိပ်စာများကို ဖုံးထားတတ်ကြပါတယ်။ ဒါကြောင့် အရေးကြုံ့ရင် အီးမေးလ် ပို့တဲ့အခါ အီးမေးလ် လိပ်စာ မသိလို့ အခက်အခဲဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအခက်အခဲကို ဖြေရှင်းတဲ့ နည်းလမ်းတစ်ခုကို ပြောပြလိုက်ပါတယ်။ ဒီနည်းလမ်းမှာ အသုံးပြုရမှာက ဝက်ဘ်ဆိုက်တစ်ခုကို အသုံးပြုပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒီ ဝက်ဘ်ဆိုက်က   FriendstoGmail ပဲဖြစ်ပါတယ်။  ပေးထားတဲ့ လင့်ခ်ကို ကလစ်နှိပ်ပြီး ရင် အောက်ပုံမှာ ပေးထားတဲ့ အတိုင်း Load […]


Kaung Myat HtutApril 22, 201228min2363
Cut the Rope ဒီ game ဟာ iOS မှာ ၂၀၁ဝ နှစ်ကုန်ပိုင်းလောက်ကတည်းက ကစားနိုင်ပြီဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဒီ Game ကိုရေးသားခဲ့တဲ့ Zepto Lab က Android အတွက်ရေးပြီး ထုတ်ဝေခဲ့တာကြောင့် android မှာပါ စတင်ကစားနိုင်ပြီဖြစ်ပါတယ်။ ဗိုက်ဆာနေတဲ့ အစိမ်းရောင်အကောင်လေး Om Nom ကိုသကြားခဲလေးတစ်ခုကိုက်မိအောင် ကြိုးတွေဖြတ်ချပြီး ရောက်အောင်ပို့ရတဲ့ game ဖြစ်ပါတယ်။ အနည်းဆုံး ကြယ်တစ်ပွင့်ရအောင် ကစားရမှာဖြစ်ပါတယ်။ လွှတွေ၊ လှံတွေ၊ ပင့်ကူတွေ၊ ဦးထုပ်ပျံတွေကြားထဲမှာမှ Om Nom ကိုလွတ်အောင် ကြိုးတွေကိုဖြတ်ချပြီး ကစားရမှာဖြစ်ပါတယ်။ Android market အထဲမှာ ဒီ game ကိုကစားပြီးသူပေါင်း သန်း၆ဝကျော်ရှိနေပြီလို့ သိရပါတယ်။ ပျမ်းမျှအားဖြင့် ကြယ်ပေါင်း […]


Kaung Myat HtutApril 19, 20121min1060
သင့်ကွန်ပျူတာမှာ Dropbox ကို install မလုပ်ထားသည့်တိုင်အောင် file များကို upload လုပ်လိုပါက Browser မှတဆင့် drag and drop လုပ်ပြီး upload လုပ်နိုင်ပြီဖြစ်ပါတယ်။ Chrome, Firefox, Safari Browser များတွင်သာလုပ်ဆောင်နိုင်မည်ဖြစ်သည်။ စာရေးသူသည် PC World Myanmar နှင့် Auto Mobile PC Guide Magazine များတွင် ပင်တိုင်ရေးသားနေသော ဆောင်းပါးရှင်ဖြစ်သည်။


Kaung Myat HtutApril 19, 20127min43619
အရင်လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်က Tablet ဆိုရင် iPad လောက်သာရှိခဲ့ရာကနေ အခုဆိုရင် Android Tablet တွေမှိုလိုပေါက်အောင် များပြားလာပါတယ်။ အရည်အသွေးတွေ လည်း ပိုမိုကောင်းမွန်လာပါတယ်။ CPU အနေနဲ့ပြောရရင် quad core တင်သာမကဘဲ 5 core အထိပါရလာပြီဖြစ်သည်။ Graphic အနေနဲ့လည်း 1900×1200 resolution ကို 1080p နဲ့ ကြည့်နိုင်ပြီဖြစ်လို့ မျက်စိထဲမှာအရောင်တွေ စိုပြေနေတာတွေ့ရပါလိမ့်မယ်။ Best Overall Asus Transformer Infinity Pad Specs •    Tegra 3 @ 1.3Ghz •    12 core Tegra 3 GPU •    Quad Core ARM […]


manawphyulayApril 19, 20121min1235
တည်ထောင်အောင်မြင်ခဲ့တဲ့ ကုမ္ပဏီကြီးတွေရဲ့ ကုမ္ပဏီအမည်များမှာပဲဖြစ်ဖြစ်၊ ကုန်အမှတ်တံဆိပ်များမှာပဲဖြစ်ဖြစ် ထူးခြားတဲ့ အဖြစ်အပျက်တွေ ကိုယ်စီရှိခဲ့ကြပါတယ်။ လေ့လာမိသလောက် ပြောရရင်တော့ အရင်ဆုံး Adobe ကုမ္ပဏီအကြောင်းပြောပြပါမယ်။ Photoshop ဆော့ဖ်ဝဲနဲ့ တစ်ကမ္ဘာလုံး ကျော်ကြားခဲ့တဲ့ ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တဲ့သူဟာ မစ္စတာ ဂျွန်ဝါးနောက့်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့အိမ်နံဘေးမှာ ရစ်ခွေရင်း လှည့်ပတ်စီးဆင်းနေတဲ့ ချောင်းငယ်လေးတစ်ခုရဲ့အမည်ကို အစွဲပြုပြီး Adobe လို့ ခေါ်တွင်ခဲ့တာ ဖြစ်ပါတယ်တဲ့။ Apache Company Apache ကို စတင်တည်ထောင်သူတွေဟာ ပရိုဂရမ်မာတွေပီပီ code လိုင်းတွေရှိတဲ့ လမ်းကြောင်းတွေကို ချိတ်ဆက်ပြီး လမ်းကြောင်းတစ်ခုချင်းစီရဲ့ နာမည်အတိုကောက်ကလေးကို မှည့်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီရလဒ်အရ ‘APAtCHy’ server ဆိုပြီး ဖြစ်လာခဲ့တယ်။ အဲဒီကမှ ‘Apache’ ဆိုပြီး server ကုမ္ပဏီပေါ်ပေါက်လာခဲ့တာပါပဲ။ Apple […]