နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၇) —————- အခန်း (၁၁) ကျွန်မထိုင်နေတုန်း ၁၅မိနစ်လောက်ကြာတော့ ကားသံလေးကြားမိတာနဲ့ အိမ်တံခါးပြန်ပိတ်ကာ အပြင်ကို အားမပါတဲ့ခြေလှမ်းတွေနဲ့ထွက်လာခဲ့သည်။ ကားပေါ်မှာ အမောတကောပြေးဆင်းလာတာ ကျွန်မကိုသိပ်သံယောဇဉ်ရှိပါတဲ့ဆိုတဲ့ ဗိုလ်ပေါ့။ “ဟန်နီဘာဖြစ်တာလဲဟင်….ဗိုလ်ဘာလုပ်ပေးရမလဲ .. ဘာကြောင့်ငိုနေရတာလဲကွာ .. ဒီမျက်ရည်တွေအခုသုတ်ပစ်” “ဗိုလ် ဟန်နီမကျရှုံးချင်ဘူး ဟန်နီ့ကိုကူညီပါနော် ဟန်နီကိုကို့ကိုအရမ်းချစ်တယ်” “ဘာဖြစ်တာလဲဟန်နီရာ မငိုနဲ့ဖြေးဖြေးချင်းဗိုလ့်ကိုပြောပြလေ နော် … ကဲခုဘယ်သွားမလဲ ဒီမှာထိုင်နေလို့မကောင်းဘူး” “မသိဘူးဗိုလ် ဟန်နီအသက်တောင်မရှူချင်တော့ဘူး” “ကဲ ဒါဆိုလည်းထ .. ဗိုလ်တို့တနေရာသားရအောင် လာလာ မျက်ရည်တွေမကျနဲ့တော့ဆိုမှ” ဗိုလ်ကကျွန်မကိုဆွဲခေါ်ရင်း […]