myanmarcitizenAugust 6, 20121min27914
မနေ့က ဖုန်းကိုကောက်ကိုင်ကြည့်လိုက်တော့ SIM card ထဲ့မထားပါဘူးဆိုပြီး message ပြနေတယ်။ ဒါနဲ့ power ပိတ် ပြန်ဖွင့်ကြည့်တော့လဲ ဖုန်းစုတ်ကဒီအတိုင်းပဲပြနေတယ်။ ဒါနဲ့ နောက် ဖုန်းတစ်လုံးထဲထဲ့တော့ လဲ ထူးမခြားနားပါပဲ။ မနေ့က အဲ့ card ကိုး ဖုန်းသုံးလုံးမှာစမ်းကြည့်ခဲ့တယ်။ SIM card ကိုမသိဘူးပဲ အားလုံးက။ အဲ့တော့ သေချာပြီငါ့ card တော့သွားရှာပြီပေါ့။  ဒါမျိုး အရင်ကတစ်ခါမှကိုမဖြစ်ဘူးပါဘူး။ မကြုံဘူးသေးဘူးပေါ့ ဒါနဲ့ card ကိုဘယ်မှာသွားလဲရမယ်မသိတော့ ရတနာပုံ ခေါစင်တာ ကိုခေါ်ပြီးမေးကြည့်တော့ ရွှေဂုံတိုင်ကိုသွား ပါဆိုလို့ ဒီနေ့မနက် ဖုန်းစာချုပ်လေးတွေအိတ်ထဲထဲ့လို့ ရွှေဂုံတိုင် မြန်မာ့ဆက်သွယ်ရေး စင်တာကြီးဆီသို့ သွားခဲ့တော့တယ်။ အဲ့ကိုရောက်သွားတော့ ပင်မရုံးကြီးဆီကိုရောက်သွားတယ် အပေါက်ဝမှာ စာရေးမ ဝဝ မမကြီးတစ်ယောက်ထိုင် နေတာတွေ့တော့ မျက်နှာလေး […]


ムラカミAugust 1, 20128min37114
  ၁။ ဘာမှ မပြင်မဆင်ရသေးတဲ့ ကင်မလာထဲက ထွက်ကျလာတဲ့ RAW file ဖြစ်ပါတယ်..။ နည်းနည်း Under ဖြစ်နေသလို highlight နဲ့ mid tones တွေ ပြေပြစ်မှုမရှိနေပါဘူး … ဒါကြောင့် ကျနော် Digital Photo Professional Module သုံးပြီး နည်းနည်း ချိန်ညှိကြည့်ပါမယ်။   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂။ ပထမဆုံးအနေနဲ့ Sharpness ကို တင်လိုက်ပါတယ်… ။ သည်လိုလုပ်လို့ မျက်နှာပေါ်က အရေးအကြောင်းတွေ ပို ထင်မလာဘူးလား မေးစရာ ရှိပါတယ်..။ ဟုတ်ကဲ့… ကျနော် Structure ပိုင်းကို ထင်ရှားပေါ်လွင်စေချင်လို့ သည်လို လုပ်ခဲ့တာပါ ..မျက်နှာ အရေးအကြောင်းကို နောက်မှ ပြန် ရှင်းပါမယ်။ […]


ムラカミAugust 1, 20121min17213
  လက်ကျန်၂ပုံ ထဲက ၁ပုံ ဖြတ်ပြီး တင်လိုက်ပါတယ်..       EOS 5D Mark II f/3.2 1/50s ISO-320 95mm Flash/ compulsory       မနက်စောစော ထ လုပ်တဲ့ အိမ်စာလို့ပဲခေါ်ရမလား … အင်း ….အိမ်စာ ဟာ အိမ်စာပေါ့ဗျာ…                 မနက်ဖန် နောက်ဆုံးလက်ကျန် အိမ်စာလေးတွေ ဖြတ်ဖို့ရှိပါတယ်…   အဲ့သည့်အခါကျတော့မှ တို့သမျှ step-by-step ကို screen capture ဖမ်းထားမလားလို့ … ဒါပြီးရင်တော့ ကျနော် ဓါတ်ပုံ အတို့ နည်းသွားတော့မှာပါ ….. […]


ムラカミJuly 31, 20121min18316
      ဖြောင့်ချက် လေးတော့ ပေးခဲ့ပါရစေဗျာ… ★Taken by Canon EOS 5D Mark II f/3.5 1/125s ISO-400 140mm flash/ compulsory ★Retouched by – Digital Photo Professional – Highlights – Sharpness – Lighting Optimizer – Noise Reduction – (-1) Shadow – (+1) Contrast – Adobe Photoshop CS5 – Nik Software (Define 2.0, Color Efex Pro 4,) – […]


ムラカミJuly 31, 20121min54540
ပြောရဦးမယ် ကျောင်းဒကာ ရေ … (ခွက်ဒစ် တူ ဘဘဘလက်) ကျုပ်တော့ အခုတလော… ခရီးယာယီ များနေတာကြောင့် …ရယ်ပါ… 3G model ယူမထားတဲ့ Gadgets တွေက ရောက်လေရာ free wifi ရတဲ့ နေရာတွေဆိုရင် ..အော်တိုငုတ်တုတ် လော့ဂင် ဝင်ဝင်သွားပီး ..အွန်လိုင်း ရောက်နေတယ် ထင်ရမှာပဲဗျို့ … ဒါ အပြင်ထွက်တဲ့အချိန်မှာသာဖြစ်ပေမယ့် …(သည်တခါသွားတာ..) အသိတယောက်ရဲ့ ..ဇာတိက တောင်ပေါ် အိမ်ဗျ… တောထဲမှာ ဆောက်ထားတာ … နွေရာသီ အားလပ်ရက်ရတုန်း ဖိအားတွေ ကို နည်းနည်းပြေးပုန်းကြည့်တာပါဗျာ… ခုတော့ ပြန်ရောက်ပြီဗျို့ … ရေးမယ်တေးထားတာလေး အခုပဲ ချရေးလိုက်ပါတယ်ဗျာ… ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   ဓါတ်လှေကား ဆိုလို့ ပြောရဦးမယ် […]


panpanJuly 24, 20121min31828
အစ်ကိုတော်ဂီက ပြောလာတော့လည်း ဟောသည်က နှမလေးမယ်ပန်က ပိုစ့်တင်လက်တို့ပါပြီချင့်။ ဒီလိုပါ၊ အလုပ်ကြော်ငြာမို့၊ ကြော်ငြာခလည်းမရဘူး ဟင့်၊ 🙁 Local Japanese Companies တွေမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားတဲ့လူတိုင်းအတွက်တဲ့ အဲ့လာ……။ Staff Service အသစ်စနေပြီတဲ့။ အသေးစိတ်ကို အဲ့မှာသွားဖတ်နိုင်ပြီတဲ့။ အဲ့…..ကိုဂီ(ခ)ဆြာဖားသက်ပြင်းကိုလည်း အားမနာ လျှာမကျိုး စပ်စပ်စုစု မေးမြန်းနိုင်ပါတယ်တဲ့။ ပြီးတော့ ကိုဂီက ဆက်ပြောသေးတယ်။ ကျနော်တို့ ၄နှစ်သက်တမ်းမှာ ၃နှစ်တိတိ recruitလုပ်ခဲ့ဖူးပါတယ် တဲ့။ (၂၀၁၁၊ ၉လပိုင်းတုန်းကတော့ နားလိုက်သေးတယ်၊ ၂၀၁၂အတွက်ခေါ်တာကိုလေ) အဲ့သည်မှာ နှစ်တိုင်း လူ၅၀ဝကျော် (၇၀၀ဝန်းကျင်) ဝင်ဖြေပြီး (အိုင်ကျူတက်စ်ပါချင့်)၊ ၁ကြိမ်ကို ၇၀-၈ဝ ဝန်းကျင်ပဲ ခန့်တာပါ တဲ့။ အဲသည်တုန်းက မပါခဲ့တဲ့လူတွေအတွက်လည်း ခုတကြိမ်ဟာ အခွင့်အလမ်း တခုဖြစ်ပါတယ် […]


Wai Aung Chan MyoJuly 24, 20121min18614
ဒိုချက်ကင်မြေဩဇာ ပြုလုပ်ခြင်း ဒိုချက်ကင်သည် ဂျပန်စကားဖြစ်ပြီး မှိုနှင့် ဒေသခံအဏုဇီဝပိုးများမွေးမြူပြီး သဘာဝမြေဆွေးပြုလုပ်ခြင်းဖြစ်သည်။ ပြုလုပ်နည်း ပထမအဆင့်မှာ- ၁။ သစ်ရွက်၊ ဝါးရွက်အောက်မှ ဆွေးမြေ့နေသောမြေဆွေးများကို အပေါ်ယံ ၄၊ ၅လက်မခန့် ဂေါ်ဖြင့် ပြည်တောင်း ၁ဝတောင်းခန့်ယူပါ။ (အထူးသဖြင့် ဝါးရွက်အောက်ကမြေဆွေး ဆိုလျှင် ပိုကောင်းသည်။ ဝါးရွက်သည် အင်မတန်မာသဖြင့် ဝါးရွက်ကိုတောင် ဆွေးအောင် ပြုလုပ်နိုင်သော အဏုဇီဝသည် အခြားအရာများကိုလည်း လွယ်လင့်တကူ ဆွေးမြေ့စေသည်။) မိုးရေမတိုက်စားစေရန် ကုန်းမြင့်မြင့်တွင် ပြုလုပ်ရန်လိုသည်။ ၂။ တချိန်တည်းမှာပင် ကြံသကာအညို၊ သို့မဟုတ် ထန်းလျက်အညိုကြမ်း ၆ဝကျပ်သားခန့်ကို အရည်ပျစ်ပျစ်ကြိုကာ အအေးခံထားပြီး ရေ ၄ဂါလံဖြင့်ရောမွှေထားပါ။ ၃။ ထို့နောက်ဖွဲနု ၁ဝပြည်ခန့်ကို ဝါးရွက်ဆွေးအောက်ကမြေဆွေးနှင့် ဆတူရောပြီး ကြံသကာရည်အရောကို မနည်းလွန်းမများလွန်း လက်ဖြင့်ဆုပ်လုံး၍ရရုံ သမအောင်မွှေလိုက် ရေရောလိုက် […]


Kaung Myat HtutJuly 24, 20125min43014
Data သူခိုးများ နေ့စဉ်နှင့်အမျှ online အပေါ်မှာ အလုပ်လုပ်နေရတဲ့အခါမှာ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက် တွေကိုအခိုးခံရမှာကိုစိုးရိမ်ရပါတယ်။ မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေဟာ ယခုခေတ်မှာတော့ သင်တစ်ယောက်တည်းသာသိတဲ့ အချက်အလက်တွေမဟုတ်တော့ပါဘူး။ Facebook page မှာ Like လုပ် တဲ့အချိန်၊ Credit card လျှောက်ထားတဲ့အချိန်၊ ကြော်ငြာတစ်ခုကို click နှိပ်လိုက်တဲ့အချိန်၊ MP3 သီချင်း တစ်ပုဒ်ကို online မှာနားထောင်တဲ့အချိန်၊ YouTube video တစ်ခုကို comment လုပ်လိုက်တဲ့အချိန် စသည့်အချိန်တိုင်းမှာ သင်ဟာသင့်ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို တိရစာ္ဆန်ကြီးတစ်ကောင်ကို ကျွေးလိုက်သလိုမျိုးဖြစ်နေတာ သင်သတိထားမိမှာ မဟုတ်ပါဘူး။ သင့်အချက်အလက်များကို ပုံစံမျိုးစုံ ပြောင်းလဲပြီး ထပ်ဆင့်ရောင်းချနေတာကိုလည်း သင်သတိထားမိမှာမဟုတ်ပါဘူး။ ကိုယ်ရေးကိုယ်တာအချက်အလက် Personal data များကို ကြော်ငြာလုပ်ငန်းရှင်များ၊ ဈေးကွက်ရှာဖွေသူများ၊ social network တည်ထောင်သူများ၊ website […]


zipper johnJuly 24, 20128min1543
The Evolving Nature of Software Implementation There are two fundamentals motionless exemplify countless Software Outsourcing Company’s package implementation projects despite being more and more out of step with organizational realities. The first factor is a narrow focus on the functions of the software itself, where the goal of implementation is viewed as a straightforward delivery […]


phone_kyawJuly 21, 20121min54824
၂ဝ၁၂-ခုနှစ်ရောက်လာတော့ ရွှေကြောအသစ်တွေ ့ဖို ့ကို အင်မတန်ခက်လာတယ်။ ဘာ့ကြောင့်လဲဆိုတော့ ခေတ်မှီနည်းပညာတွေနဲ ့တူးတဲ့လူတွေများလာလို ့ပါ။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာလောက်က အခြေအနေနဲ ့ အခု အခြေအနေမတူတော့ပါဘူး။ သယံဇာတတွေကုန်လာနေပြီ။ ရွှေဈေးကလည်း မကျတဲ့အပြင် တရိပ်ရိပ်နဲ ့တက်လာတယ်။ ကုန်ဈေးနှုံးကလည်း ကြီးလာတော့ အရင်ကလောက် ရွှေတူးတဲ့ကုမ္မဏီတွေ မမြတ်တော့ဘူး။ တွေ ့ပြီးသားရွှေကြောတွေကို တူးတာကလည်း နှစ်အနည်းငယ်အတွင်းမှာ ကုန်သွားမှာဆိုတော့ ရွှေကြောအသစ်အသစ်တွေကို ကုမ္မဏီတွေက အပြိုင်အဆိုင်ရှာလာပါတော့တယ်။ ရွှေတူးတဲ့ ကုမ္မဏီကြီးတွေမှာ ကမ္ဘာပတ်ပြီး ရွှေရှာဖို ့အတွက် သီးသန် ့ဖွဲ ့ထားတဲ့ ဌာနရှိတယ်။ The Growth and International Project Team လို ့ခေါ်တယ်။ သူတို ့အလုပ်က နယ်လှည့်ပြီး ရွှေကြောဖြစ်နိုင်ခြေကို လိုက်ပြီး ရှာတယ်။ […]