Aung MyaeApril 11, 20121min874
Y Talk International Calling Center   ဖွင့်ပွဲ အခန်းအနားကို မတ်လ ၂၅ ရက်က ရွေမြယာ အိမ်ယာ၊ ဆိုင်အမှတ်(၀၀၅)၊ မြယာကုန်းလမ်း၊ မင်္ဂလာတောင်ညွန် ့ မြို့နယ် ရန်ကုန် မှာ  ဖွင့်လှစ်ကျင်းပခဲ့ပါတယ်၊ Ytalk Software ဆိုတာက အင်တာနက်စနစ်နဲ့ တစ်ကမာ္ဘလုံးမှာရှိတယ့် နိုင်ငံတွေကို တရားဝင်ဖုန်းခေါ်ဆိုတဲ့ စနစ်ဖြစ်ပါတယ်၊ ရတနာပုံ တယ်လီပို ့ (YTP) နဲ့ VMG Telecoms ရဲ့ ပှုးပေါင်းမှု တစ်ခုလည်းဖြစ်ပါတယ်..၊ လောလောဆယ် အနေနဲ့တော့ Ytalk ကို အင်တာနက်ဆိုင် များမှာသာ အသုံးပြုလို့ ရဦးမှာ သာဖြစ်ပါတယ်၊ Ytalk စတင်အသုံးပြုသူတွေ အနေနဲ့ Ytalk Account တစ်ခုကို တစ်သောင်းကျပ်နဲ့ […]


Window XP သုံးနေတဲ့ လူတွေတော့ ဒီ Error ကို မြင်ဘူးကြမှာပါ …. အခု Window 7 မှာ တော့ ဒီအားနည်းချက်တွေကို ပြင်ဆင်ပြီးသားပါ …. အဲဒီဖိုင်ပျောက်ရင် window မတက်တော့ပါဘူး …. အဲဒါကြောင့် အမြန်ဆုံး ပြုပြင်နည်းလေးကို share လိုက်ရပါတယ် …. သိပြီးသားတွေဆိုရင်လဲ ခွင့်လွှတ်ပါ …. ဒီနည်းကတော့ အလွယ်ဆုံးပါ ၁။     အရင်ဆုံး Hiren Boot CD (version 13 or later ) အခွေရှိဖို့လိုအပ်ပါတယ် ၂။     BIOS မှာ Boot ကို Optical Drive ကို 1st Boot ပြောင်းပေးရပါမယ် ၃။    […]


sugar sugarApril 10, 20121min27033
၂ သိန်းနဲ့ ဖုန်းတစ်လုံးရမယ်ဆိုလို့ ရှိစုမဲ့စု လေး စုပြီး ၊လိုတာလေးချီးငှားပြီး ဝယ်လိုက်ပါတယ် ဗျာ April 9 ရက်နေ့ လိုင်း ပွင့်မယ် တဲ့ခင်ဗျ ၊အဲဒီနေ့မှ ဝယ် ရင်တန်းစီ ရမှာ ဆိုပြီးကြိုဝယ်လိုက်တာပေါ့ အဲ နယ် ဘက်ထွက်ရင်တော့ပြော ရတယ်ဗျ၊ မန္တလေးမှာ တော့ မြို့ထဲဝင်တာနဲ့ ဧရိယာ ပြင်ပ ပေါ့ဗျာ ။သူကအဲဒီလို ဆိုတာ။အဲဒါနဲ့ ၉ရက် နေ့ကို ရည်းစား အဖြေမျှော် သလို ၊အောင်စာရင်း ထွက်မယ့် နေ့မျှော်သလို ၊မျှော်တာပေါ့၊ဖုန်း လေး ကိုလည်းတကြည့်ကြည့်ပေါ့။ ၉ ရက်နေ့လည်းရောက်ရော မနက်အစောကြီး ထပြီး ဖုန်းလေးကို ဟိုလျှောက်နှိပ် ဒီလျှောက်နှိပ်လုပ်တာ ပေါ့။ထမင်းတောင်မစားအား ပါဘူးဗျာ။မနက် ကနေ ညမိုးသာချုပ်သွားပါရော ၊မပွင့် […]


Wai Aung Chan MyoApril 7, 20121min942
ဆေးနည်းများကို ပြုလုပ်ရာတွင် ဖော်ပြခဲ့သည့်အတိုင်း ပစ္စည်းအမယ်များ မရခဲ့လျှင် လည်း မိမိတို့ဒေသထွက်ရှိသည့် နီးစပ်ရာ အမယ်များကို ဉာဏ်ရှိသလို အသုံးပြုနိုင်သည်။ ၎င်းတို့ကို အချဉ်ဖောက်ရာတွင် ရာသီဥတုပေါ်မူတည်၍ ပူလျှင် ၁ပတ်၊ အေးလျှင် ၂ပတ်ခန့် ကြာနိုင်သည်။ အချဉ်ဖောက်မည့် အိုးများကို ထားရာတွင် အေး၍ စိုစွတ်သော၊ အရိပ်ရသော နေရာများတွင် ထားရမည်။ စဉ့်အိုးများကို ဖုံးအုပ်ရာတွင် လေ့လာတွေ့ရှိသမျျှှထဲတွင် ပိတ်စ အပါးသာ အဆင်ပြေပြီး မိုးရာသီဖြစ်ခဲ့လျှင် အပေါ်မှ အမိုးမိုးပေးရန် လိုသည်။ ဆေးရည်များကို တစ်မျိုးနှင့် တစ်မျိုး ရောစပ်ဖြန်းရာတွင် စေတနာပို၍ လိုအပ်သည်ထက် အဆ ပိုမထည့်ပါနှင့်။ တန်လျှင် ဆေး၊ မတန်လျှင် ဘေး ဆိုသကဲ့သို့ အပင်များ ဒုက္ခဖြစ် တတ်သည်ကို သတိထားသင့်သည်။ သီးမပွင့်မီ […]


Wai Aung Chan MyoApril 4, 20121min13611
သစ်မွှေး စိတ်ဝင်စားသူများအတွက် ဒါက သစ်မွှေးပင် ၃နှစ်သား လုံးပတ် ရဲ့အတိုင်းပါ။ နောက် သစ်မွှေးရဲ့ ပုံတွေကို connection ကောင်းရင် ကောင်းသလိုတင်သွားပါ့မယ်။ ် ခင်မင်စွာဖြင့် ကိုဝေအောင်


kaiApril 4, 20121min793
မိုင်းဆိုသည်မှာ မိုင်းဆိုတာ လူကို သေစေတတ်တဲ့၊ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာ ရစေတတ်တဲ့ ပေါက်ကွဲပစ္စည်းတွေ ပါဝင်တဲ့ အရာဝတ္ထု တခုဖြစ်ပါတယ်။ မိုင်းတွေကို မြေပြင်ပေါ်မှာ တွေ့ရှိနိုင်သလို မြေကြီးထဲမှာ မြှုပ်နှံထားတာတွေလဲ ရှိပါတယ်။ မိုင်းတွေမှာ ဒီဇိုင်းတွေ အမျိုးမျိုး ကွဲပြားသလို ထိခိုက်မှု ဖြစ်စေနိုင်မှုကလဲ ပေါက်ကွဲအားပေါ် မူတည်ပြီး ကွဲပြားပါတယ်။ မိုင်းအသုံးပြုမှု သမိုင်းကြောင်း ပထမကမ္ဘာစစ်အတွင်းမှာ တင့်ကားတွေကို စစ်လက်နက်ပစ္စည်းအဖြစ် စတင်အသုံးပြုလာချိန်က စပြီး တင့်ကားတွေကို တိုက်ခိုက်ဖို့ မိုင်းတွေကိုလဲ စတင်အသုံးပြုလာကြပါတယ်။ ဒါကြောင့် ကမ္ဘာ့စစ်တပ် အသီးသီးမှာ မိုင်းတွေကို ရှာဖွေရှင်းလင်းတဲ့ အထူးတပ်တွေကိုပါ စတင် ဖွဲ့စည်းလာကြပါတယ်။ နောက်ပိုင်းမှာ ကမ္ဘာတလွှားမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေမှာ မိုင်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။ ဘာကြောင့် မိုင်းကို အသုံးပြုရသလဲ […]


Wai Aung Chan MyoApril 3, 20121min962
ငါးအမိုင်နိုအက်ဆစ် ပြုလုပ်ခြင်း • ဦးစွာ ပထမ ဟင်းမချက်မီ ခုတ်စင်းထားသော ငါးအရိုးနှင့် ခေါင်းများကို စဉ်းနီးတုံးတွင် နုပ်နုပ်စင်း၍ စဉ့်အိုးထဲထည့်ပါ။ ထို့နောက် ထည့်ထားသော ပမာဏ၏ တစ်ဝက်ခန့် သကြားညိုထည့်၍ ဇွန်းဖြင့် သမအောင်မွှေပေးပါ။ မြန်မြန်အချဉ်ဖောက်ချင်လျှင် သကြား ပိုထည့်ရမည်။ • ပြီးလျှင် အချဉ်ဖောက်ထားပြီးသော ထမင်းရည်(သို့မဟုတ်) ဆန်ဆေးရည်ကို အိုး၏ ၃ပုံ ၂ပုံခန့်ထည့်၍ မွှေပေးပါ။ ထို့နောက် အိုးထိပ်ဝကို ပိတ်စအပါးဖြင့် အုပ်၍ အရိပ်ရသော အေးသောနေရာအောက်တွင် ၂ပတ်၊ ၃ပတ်ခန့်ထားပါ။ ၃၊ ၄ရက် ကြာလျှင် အပုပ်နံ့ထွက် လာနိုင်၍ လူသူမနီးသောနေရာတွင် ထားပါ။ ဆေးဖြန်းရမည့် ပမာဏမှာ အထက်ပါဆေး နည်းများအတိုင်း ဖြစ်သည်။ ပုဇွန်ခွံအချဉ်ဖောက်ရည် (Chitosan) ပြုလုပ်ခြင်း • […]


သူများတွေလို ဖူန်ခေါ်လာရင်သီချင်းသံလေးကြားရအောင်. တစ်လ 2000 ပေးပြီး ဆတ်ဆတ်ဆော့ဆော့လုပ်မိပါတယ် လုပ်ပြီး 10ရက်လောက်နေတော့ သီချင်းသံပျောက်သွားရော ခုတော့ သီချင်းသံမကြားရတာ 1လ ကျော်ပြီ သူတို့ကို4ခါလောက်အကြောင်းကြားတော့လဲ လုပ်ပေးပါမယ်တဲ့ စိတ်မရှည်တာနဲ့ မသုံးချင်တော့ဘူးဗျာ ပိတ်ပေးပါတော့ဆိုပြီးအကြောင်းကြားထားတာ ခုတော့ မပိတ်တဲ့ အပြင် 2000ကျပ်တိတိ တီကတဲဖြတ်ချသွားပြန်ရော သီချင်းသံလဲမထွက်ပဲနဲ့ စိတ်လေတယ် ဒါနဲ့ ဖုန်းဆက်ပြောတော့လဲ ကြိုးစားပေးပါမယ်တဲ့.. ဆိုတော့ သူကကြိုးစားပေးမယ်သာပြောနေတာ မရရင် လစဉ် 2000ဖြတ်ခံနေရမှာလားဆိုတော့ သူတို့လဲမသိဘူးတဲ့. ဘာကြီးလဲဗျာ နည်းပညာမနိုင်ရင်လဲ လုပ်မစားပါနဲ့ ဝန်ဆောင်မှု့မရပဲနဲ့ အလကားနေရင်း တစ်လ 2000 ဖြတ်နေမယ်ဆို ဟုတ်သေးဘူးထင်တယ် ခုတော့ လုပ်မိတဲ့ ကျွန်တော့ အမှားပါ မောင့်အပြစ်နဲ့မောင်သာရှိပါစေတော့ နောင်လာနောင်သားများ မမှားရအောင် အသိပေးပါ၏


Wai Aung Chan MyoApril 2, 20121min900
သစ်သီး အချဉ်ဖောက်ခြင်း • အချဉ်ဖောက်ရာတွင် အသီးများသာမက သစ်ဥများလည်းရသည်။ ၎င်းတို့မှာ ပန်းသီး၊ မုန်လာဥနီ/ဖြူ၊ သစ်တော်သီး၊ ခွာညိုသီး၊ သဖန်းသီး၊ ကတွတ်သီး၊ ဇီးသီး၊ စတော်ဘယ်ရီ နာနတ်၊ စပျစ်၊ ချယ်ရီ၊ ကန်ဇွန်းဥ၊ မျောက်ဥ၊ ဝဥ၊ ပိန်းဥ၊ အာလူး၊ နိုကိုဥ၊ ကော်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ သခွားသီးစသည်တို့သာမက မိမိဒေသထွက်သည့် သီးပင်၊စားပင်များမှအဆင် ပြေသလို ပြလုပ်နိုင်သည်။ သို့သော် အရည်ပျော်ဝင်ရန်ခက်ခဲသည့်အမယ် ၂မျိုးထက်ပို၍ မပါဝင်သင့်ပေ။ အသီးများပြင်ဆင်ရာတွင် သေချာမှဲ့နေပြီး အနည်းဆုံး ၅မျိုးခန့်ရှိပါစေ။ အပင်မှ ကြွေကျသောအသီးကို ရနိုင်လျှင် ပိုမိုကောင်းမွန်သည်။ • အသီးများကိုထည့်ရန် စဉ့်အိုးအကြီးကို ဆေးကြော၍ ရေခြောက်အောင် နေလှန်းထားပါ။ • အသီးများကို စဉ်းနီတုံးပေါ်တင်၍ ခပ်စိတ်စိတ်လှီးဖြတ်ပါ။ လက်ဖြင့်ညှစ်၍ရသည့် အသီး […]


Wai Aung Chan MyoApril 2, 20121min1414
သစ်ရွက် အချဉ်ဖောက်ခြင်း အရွက်အချဉ်ဖောက်ခြင်းကို ဆောင်းအကုန်နွေအကူး မနက်စောစောတွင် လုပ်ဆောင် သင့်သည်။ မိုးတွင်းတွင် မလုပ်ဆောင်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် အသီး၊ အရွက် များပေါ်ရှိ တဆေးနှင့် ဘက်တီးရီးယားများ၊ ပိုးမွှားများသည် မိုးရေနှင့်အတူ ပါသွားသော ကြောင့်ဖြစ်သည်။ အချဉ်ဖောက်မည့် အပင်များကို မနက်ခင်း နေမွန်းမတည့်မီ ခူးဆွတ် အချဉ်ဖောက်ရ၏။ ထိုအချိန်သည် အာဟာရဓါတ်များ ပြည့်ဝသည့်အချိန်ဖြစ်သည်။ အပင်များတွင် အသား အမျှင်များ ကြီးထွားချိန်နှင့် အဆီအသား ရွေ့လျားစီးဝင်ချိန်ရှိသည်။ အရွက်အချဉ်ဖောက်ခြင်းမှာ အရွက်များထံမှ ဟော်မုန်းနှင့်ကလိုရိုဖီးရယူခြင်း ဖြစ်သည်။ အချဉ်ဖောက်၍ ရသည့်အပင်များမှာ ဘိစပ်ပင်၊ ပဲမျိုးနွယ်ပင်၊ သခွါး၊ ဖရုံ၊ ကျောက်ဖရုံ၊ ဘူး၊ မျှစ်စို့၊ မုန်လာရွက်၊ ကတတ်ပင်၊ ကန်ဇွန်း၊ ဟင်းနုနွယ် စသော အပင်များသာမက မိမိဒေသ နီးစပ်ရာသဘာဝပေါက်ပင်များမှ […]


Wai Aung Chan MyoApril 1, 20121min670
ဒေသခံ အနုဇီဝမွေးမြူခြင်း ပထမဦးစွာ သစ်သားထမင်းဘူး ပြုလုပ်ပါ။ ၈”x၁၀” အမြင့် ၄” ရှိသော တစ်ဖက်ဖွင့် ထမင်း ဘူး ၃၊ ၄ဘူးပြုလုပ်ပါ။ လုပ်ရလက်ဝင်လျှင် အလွယ်နည်းမှာ အချင်း ၅” ၊ ၆”ခန့်ရှိသော ဝါးလုံးများကို ထက်ခြမ်းခွဲကာ ဘေးနှစ်ဖက် ဝါးဆစ်ပိတ်များအထိ လွှဖြင့်ဖျက်လျှင်လည်း ရသည်။ ထိုကဲ့သို့ ထမင်းဘူးများပြုလုပ်ပြီး ဇကွဲ (သို့မဟုတ်) ဆန်ကြမ်းညိုတစ်ပြည်ခန့် ပျော့ပျော့ (ရေခမ်း)ချက်ပါ။ (မှတ်ချက် ဆန်ကို မချက်ခင် ရေမဆေးရပါ။) ထို့နောက် ထမင်းဘူးများ ထဲသို့ ထမင်းများကို ၃လက်မထက်မထူစေဘဲ အညီ သိပ်ထည့်ပါ။ ပိတ်စအပါး၊ (သို့) ဇာပိတ်စ (သို့) ဇကာပါသော ပလက်စတစ်ပိတ်များဖြင့် ထိုထမင်းပျော့ ထည့်ထားသော ထမင်းဘူးများကို ပတ်ပြီး ကြိုးဖြင့်ချည်ပါ။ […]


Wai Aung Chan MyoApril 1, 20121min620
မြေဆီလွှာတစ်ခု၏ အာဟာရဓါတ်ပြည့်ဝမှု၊ ထိန်းသိမ်းမှုတို့ကို မြေကြီးထဲရှိ အဏုဇီဝသက်ရှိ များက အဓိကနေရာမှ တာဝန်ယူထိန်းညှိဆောင်ရွက်ပေးနေပါသည်။ ထိုအဏုဇီဝပိုးများသည် မြေကြီးထဲရှိ အာဟာရဓါတ်များကို အပင်မှ အလွယ်တကူ စားသုံးနိုင်ရန် ပြုလုပ်ပေးသည့်အပြင် ၎င်းတို့ကိုယ်တိုင်လည်း ပတ်ဝန်းကျင်ရှိ အတူနေရန်သူများ၏ စားသောက်ခံရခြင်းဖြင့် အပင်၏ပတ်ဝန်းကျင်တွင် အာဟာရဓါတ်များ တိုးပွားစေပါသည်။ ထို့ကြောင့် မြေဆီလွှာတစ်ခု၏ အရည်အသွေးသည် ပတ်ဝန်းကျင်ရှိ အဏုဇီဝပိုးများနှင့် ၎င်းတို့ကို စားသောက်သော သဘာဝရန်သူများ၏ အရည်အတွက်အနည်းအများပေါ် မူတည်နေပါသည်။ ဘက်တီးရီးယားကဲ့သို့ အကောင်ငယ်အဏုဇီဝပိုးများမည်မျှပင်များစေ၊ ၎င်းတို့ကိုစားသောက်သော ပရိုတိုဇိုးဝါး၊ နီမတုတ်ကဲ့သို့ အဏုဇီဝပိုးကြီးများလုံးဝမရှိလျှင်သော်၎င်း၊ လိုအပ်သည်ထက် အရည်အတွက်နည်းပါလွန်းလျှင်သော်၎င်း၊ အပင်အတွက် အဓိကလိုအပ်သော အာဟာရဓါတ်အချို့၏ ရာခိုင်နှုန်းအများစုကို ၎င်းဘက်တီးရီးယားများကသာ စုပ်ယူ စားသောက်ထားပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့ကိုစားသောက်သော တနည်းအားဖြင့် ၎င်းတို့၏ သဘာဝရန်သူဖြစ်သော ပရိုတိုဇိုးဝါး၊ နီမတုတ်ကဲ့သို့ အဏုဇီဝပိုးကြီးများသည် […]


Wai Aung Chan MyoMarch 31, 20121min914
လွန်ခဲ့သောနှစ်၆ဝကျော်မှစ၍ ခေတ်ပေါ်စိုက်ပျိုးထုတ်လုပ်မှုစနစ်တွင် သီးနှံအထွက်တိုးစေ ရန်အတွက် အစိမ်းရောင်တော်လှန်ရေး (Green Revolution)ကို ဆောင်ရွက်လာရာ တောင်သူဦးကြီးများသည် ဓာတ်မြေဩဇာများ၊ ဓါတုပိုးသတ်ဆေးများကို အလွန်အကျွံအသုံးပြုလာရာ သီးနှံအထွက်နှုန်းများသိသိသာသာပိုထွက်လာပါသည်။ ထိုကဲ့သို့ နှစ်ကြာရှည်စွာ တစ်စတစ်စသုံးစွဲလာမှုကြောင့် မြေဆီလွှာများပျက်စီးသွားခြင်း၊ သဘာဝဂေဟစနစ်ပျက်စီးသွားခြင်း၊ ဓါတုပိုးသတ်ဆေးဒဏ်ကို ခံနိုင်ရည်ရှိသည့် အဖျက်ပိုးများ များပြားလာခြင်းစသည့် ဆိုးကျိုးများဖြစ်ပွားခဲ့ရပါသည်။ ယင်းကဲ့သို့ သီးနှံများတွင် ဓါတုပစ္စည်းများအလွန်အကျွန်သုံးစွဲခြင်းနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်မှု မရှိခြင်းတို့ကြောင့် မြေထဲတွင်နေသော အကျိုးပြုအဏုဇီဝပိုးများ သေကြေပျက်စီး ကာ ပမာဏလျော့နည်းလာခဲ့သည်။ တောင်သူများအနေဖြင့် အဏုဇီဝပိုးများအလုပ်လုပ်ပုံကို ကောင်းစွာမသိသေးသောကြောင့် ဓာတ်မြေဩဇာနှင့် ဓါတုပိုးသတ်ဆေးများကို လွဲမှားစွာ အသုံးပြုခဲ့ကြသည်။ အဏုဇီဝသက်ရှိများ၏ အလုပ်လုပ်ပုံ ၁) ဘက်တီးရီးယားများ ဘက်တီးရီးယားများသည် မြေထဲရှိအာဟာရဓါတ်များ အပင်မှအဆင်သင့် စုပ်ယူနိုင်အောင် ဆောင်ရွက်ပေးရုံသာမက အပင်မှလိုအပ်သော နိုက်ထရိုဂျင်ဓါတ်၊ ဖော့စ်ဖရပ်စ်ဓါတ်၊ ပိုတက်စီယမ်ဓါတ်များကိုပါ မြေတွင်ထိန်းသိမ်းပေးသည်။ […]