kaiJanuary 12, 20112min700
တလောကတင် သတင်းတခုဖတ်လိုက်တယ်..။ သီဟပူရ (စင်္ကာပူ)ကမြန်မာတွေ .. ဗီအိုအိုင်ပီ စံနစ်တခုထွင်ရောင်းတယ်ဆိုပါတယ်..။ အောက်မှာ သူတို့ ဝက်ဘ်ဆိုက်ဖြစ်ပြီး သွားကြည့်ကြပါ..။ မြန်မာလုပ်တာဖြစ်တာမို ့.. ဖြစ်နိုင်ရင် အားလည်းပေးလိုက်ကြပေါ့..။ ကွာလတီက စကိုက်ပ်ထက်ကောင်းတယ် ပြောထားပါတယ်..။ မစမ်းရသေးတော့ မသိပါ…။ အဲဒါရတယ်ဆိုရင်.. ယူအက်စ်က .. အိုင်ဖုန်းတို့.. ဒရွိုက်ဖုံးတို့ကနေ .. ဂျီတော့ခ်သုံး.. မြန်မာပြည် မိုဘိုင်းဖုံးကိုတိုက်ရိုက်ဆက်လို့ရနိုင်သလားလဲ..မသိပါ..။ သိနားလည်သူတွေ ..ရေးပေးပါဥင်္ီး..။ www.freetalky.com FreeTalky uses the most popular Codec G.729 technology, so you can make calls with 1.6kb to 6.8kb of the Internet connection speed! The […]


myohan006January 12, 20111min23710
သူငယ်ချင်းတစ်ယောက်က လာမေးပါတယ်။ “ငါ့ကောင်မလေးကို Gmail password ပေးသိထားတယ်ကွာ။ နောက် ငါ တစ်နေ့ တစ်နေ့ ချက်သမျှတွေလဲ ပြီးတာနဲ့ Trash ထဲထိလိုက်ဖျက်တော့ သူဘာမှ မသိဘူး” အားလုံးအဆင်ပြေတယ်။ မပြေတာက ငါ တစ်နေ့တစ်နေ့ အင်တာနက် သုံးပြီး ကြည့်သမျှ Web Site အားလုံးနီးပါး သူသိနေတယ်။ ဘာလို့လဲ။ အဲလိုမေးတော့ ကျွန်တော်သဘောကျသွားပါတယ်။ တော်တော်များများလဲ သိပြီးဖြစ်မှာပါ။ Google account စဖွင့်ကတည်းက “Enable  Web History ” ဆိုတာလေးကို ကျွန်တော်တို့တွေ Check ဖြုတ်ခဲ့ဖို့ သတိမထားဖြစ်ကြတာများပါတယ်။ အဲ့ဒီတော့ Google က ကျွန်တော်တို့ mail ကို Sign in ဝင်ပြီးတာနဲ့ ကြည့်သမျျှ Siteအားလုံးကို […]


myohan006January 12, 20111min1294
အရင်က web page တွေ ကိုရေးတဲ့ HTML 4 နေရာကို ခုတော့ HTML 5 နေရာယူဖို့အတွက် ပေါ်ထွက်လို့လာပါပြီ။ HTML 5 ပေါ်လာတဲ့နောက်မှာ တော့ စဉ်းစားစရာက ကိုယ်သုံးနေတဲ့  Browser  က ဒီတိုးတက်လာတဲ့နည်းပညာ ကို လိုက်မှီရဲ့လားဆိုတဲ့ အတွေးတွေ လဲ ဝင်လာကြမှာဖြစ်ပါတယ်။ စာရေးသူ ကိုယ်တိုင်လဲ ဒီအတွေးလေးဝင်လာလို့ အများသူငါ အတွက် အထောက်အကူ ရနိုင်အောင် ဒီစာလေးကို ရေးရခြင်းဖြစ်ပါတယ်။ ဘယ်လိုသိနိုင်မှာလဲ http://html5test.com/ ကို သွားကြည့်လိုက်ပါ။ ခုဖော်ပြထားတဲ့ Website က ခုကိုယ်လက်ရှိသုံးနေတဲ့ Browser က HTML 5 ကို ဘယ်လောက်Support ပေးနိုင်တယ်ဆိုတာ စမ်းစစ်ပေးပါတယ်။ HTML 5 Support […]

fire.jpg

လူတွေဟာ ကိုယ်နားမလည်တဲ့ အရာတွေနဲ့ ထိတွေ့ဆက်ဆံရတော့မယ်ဆိုရင် ဇဝေဇဝါ ဖြစ်စိတ်ကနေ စိုးရိမ်ထိတ်လန့်မှုအထိ အမျိုးမျိုး ဖြစ်တတ်ကြပါတယ်။ အသစ်တွေက သိပ်ခေတ်မှီ၊ အသုံးပြုသူကိုယ်၌က ရိုးစင်းလွန်းနေရင် ပိုဆိုးပါတယ်။ လူအများစုဟာ လက်ရှိကျင့်သားရနေတဲ့ နည်းပညာ၊ စည်းမျဉ်းဥပဒေ၊ ပတ်ဝန်းကျင် စတာတွေနဲ့ပဲ နေထိုင်သွားလိုကြပြီး အပြောင်းအလဲကို များသောအားဖြင့် အခြေအနေတရပ်က မဖြစ်မနေတွန်းပို့မှ ရွေ့ချင်ကြပါတယ်။ အပြောင်းအလဲ ပုံစံတွေထဲမှာ နည်းပညာ အပြောင်းအလဲက အသိသာဆုံး ဆန့်ကျင်ခံရမှု အနဲဆုံး ဖြစ်ပါလိမ့်မယ်။ ရုပ်ဝတ္တုဆန်တာကိုး၊ ဒါတောင် လုပ်ငန်းသုံး ပင်မဆော့ဖ်ဝဲလို့ စစ်စတမ်ပိုင်းဆိုင်ရာ ကြီးကြီးမားမား အပြောင်းအလဲမျိုးဆို ပြောင်းချင်သူ ဆရာများရော လက်တွေ့ထိတွေ့ရသူများပါ အတော်ခေါင်းစား ရပါတယ်။ မြန်မာပြည်မှာ ၂၀၀ဝခုနှစ်နောက်ပိုင်းမှ မိုဘိုင်းဖုံးလေးတွေ ခေတ်စားလာတာပါ။ အဲဒီအရင်က မရှိဘူးမဟုတ် ရှိတယ်၊ ဒါပေမဲ့ အရပ်ထဲရွာထဲမှာ […]


ဒီပို့စ်လေးကို ရေးမိတာက ကိုယ်လို မိတ်ဆွေတွေကို သနားမိခဲ့လို့ပါ။ ဘာပြုလို့လဲဆိုတော့ တစ်ချိန်က ကျွန်တော်လည်း အဲဒီအခက်အခဲတွေကို အမြဲတမ်းတွေ့ခဲ့ရလို့ပါ။ ခုတော့ အမှတ်တမဲ့နဲ့ အဆင်ပြေခဲ့ပါတယ်။ အဲဒါက ဘာလဲဆိုတော့ အင်တာနက်ပေါ်ကနေ Ebooks တွေကို ဒေါင်းလုပ် လုပ်နေရတဲ့ လူများအတွက်ပေါ့။ ကျွန်တော်က အမြဲတမ်း အင်တာနက်ပေါ်ကနေ Ebooks တွေကို ဒေါင်းလုပ် လုပ်လေ့ရှိပါတယ်။ တစ်ချို့ဝက်ဆိုက်တွေကို အမြဲတမ်းလိုလို အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် စိတ်ကျေနပ်မူ မရခဲ့ပါဘူး။ အဲဒီ ဝက်ဆိုက်တစ်ချို့က ခေတ်နောက်ကျနေတဲ့ စာအုပ်တွေကို သာ ဒေါင်းလုပ် လုပ်ရလေ့ရှိပါတယ်။ ခုပြောတဲ့ ဝက်ဆိုက်လေးကတော့ ၂၀၁ဝ မှာ ထွက်တဲ့ စာအုပ်တွေကိုပါ ဒေါင်းလုပ် လုပ်ရပါတယ်။ ဥပမာ ပြောရရင် ၂၀၁ဝ မှာထွက်တဲ့  Microsoft Word […]


nyimalayDecember 25, 20101min66
သင့်ဘဝမှာ အခက်အခဲတွေကို အောင်မြင်အောင် လွယ်ကူစွာ ကျော်ဖြတ်ချင်ရင် တိတ်ဆိတ်ခြင်းကို ရွေးပါ တစ်ခါတလေ သင်ဟာ တစ်ပါးသူရဲ့ အထင်လွဲမှုကို ခံရတယ်။ ဒါကို မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးလိမ့်မယ်။ အစကတည်းက လူတိုင်းဟာ သင့်ကိုနားလည်သူတွေ မဟုတ်ဘူး။ ဒါကြောင့် လောကကြီးကို ကိုယ့်ဒုက္ခတွေ ကြော်ငြာစရာ မလိုဘူးလို့ သင်ထင်တယ်။ တစ်ခါတလေမှာ သင


naywoon niDecember 24, 20101min23813
လွန်ခဲ့တဲ့ သုံးရက်လောက်ကဖြစ်ခဲ့တာပါ။ ကျွန်တော့ဘေးမှာ ထိုင်နေတဲ့ ညီမလေးတစ်ယောက် ဂျီမေးလ်ဖွင့်ထားရင်းကနေ ပိတ်သွားပြီး ပြန်ဖွင့်လို့ မရတော့တာပါ။ ကျွန်တော်လည်း လုပ်တတ်သလောက်လုပ်ကြည့်တာပဲ မရဘူး ။ ဖြစ်နိုင်တာတွေကိုပြောပြပါ့မယ်။ ကျွန်တော်တွေးကြည့်တာတွေလေ…..။ ဂျီမေးလ် ကပိတ်သွားပေမဲ့ ဂျီတော့ကတော့ ပွင့်လျှက်ကျန်ခဲ့ပါတယ်။ ဒီကကောင့်က ဘယ်သူလုပ်ပေးတာလဲ မေးကြည့်တော့ ဒီဆိုင်ကပဲ လုပ်ပေးတာပဲတဲ့။ ကျွန်တော်လည်း ဂိုဂဲလ်ကနေမေးလ်ပြန်ခေါ်ပြီးတော့ အကောင့်ရိုက်ခိုင်းလိုက်ပြီးတော့ Can’t access your account? ကိုဖွင့်လိုက်ပါတယ်။ အရင်တစ်ခါကျွန်တော့အကောင့် အဲဒိလိုဖြစ်ပြီးပိတ်သွားတုန်းကရယ် နောက်ထပ်နှစ်ခါ သူများအကောင့် ဖွင့်မရဖြစ်နေတုန်းကရယ် သုံးကြိမ်လုပ်ဖူးနေတော့ ရမယ်ပဲထင်လို့ပါ ။ အဲဒိလိုဖွင့်လိုက်ရင် ပထမဆုံး အကောင့်ကိုပြန်တောင်းပါတယ်။ နောက်သူရေးပေးထားတဲ့ စာလုံးတွေ မှန်အောင်ပြန်ရိုက်ပေးရတာပါ။ နောက်တစ်ခါကျတော့ ပြန်ဆက်သွယ်ရမဲ့မေးလ်တောင်းပြီး မေးတာတွေဖြည့်ရပါတယ်။ ဒါပေမဲ့ The account you entered is […]


BayoteDecember 24, 20101min1428
ဘရုတ် – ဟာ 01 551162 551163 ဘယ်လိုမှခေါ်မရပါလား ၅မိနစ်ကြာ ဖုန်းပြန်ခေါ်ပါတယ်။ မရ။ ၁၅ မိနစ်ကြာ ပြန်ခေါ်ပါတယ်။ ကံကောင်းထောက်မစွာ ဝင်သွားပါတယ်။ ဘရုတ် – Redlink ကလားခင်ဗျား။ Redlink – ဟုတ်ကဲ့ရှင်။ ဘရုတ် – ကျနော် ကော်နက်ရှင်မကောင်း လို. Service နဲ.ပြောချင်လို.ပါ။ Redlink – ဟုတ်ကဲ့ရှင့်။ လွှဲပေးပါမယ်။ တီးလုံးလေးပေါ်လာပါတယ်။ ၃မိနစ်သာကြာသွားတယ်။ ဘာမှ မကြားရတော့ပါ။ ဖုံးပြန်ကျသွားပါတယ်။ ၅မိနစ်ကြာ ပြန်ခေါ်ပါတယ်။ ဘရုတ် – Redlink ကလားခင်ဗျား။ Redlink – ဟုတ်ကဲ့ရှင်။ ဘရုတ် – ကျနော် ကော်နက်ရှင်မကောင်း လို. Service နဲ.ပြောချင်လို.ပါ။ Redlink […]


အာဂDecember 24, 20101min1215
1989 June 4 တရုပ်ပြည် တီယက်နမ်မင် ကျောင်းသား အရေးအခင်း 4:00-5:00 am မှာ တင့်ကားတွေနဲ့ ကျောင်းသားတွေကို ကြိတ်သတ်တော့ ၊ ပလပ်စတစ် အိပ်တွေကိုင်ထားတဲ့ အမည်မသိလူ တယောက်ဟာ တင့်ကားတွေရှေ့မှာ ပိတ်ရပ်နေတဲ့ပုံပါ။ အဲ့ဒီလူ သေမသေဆိုတာတော့ မသိရဘူး။ Ye Thurein Min


kaiDecember 21, 20102min1509
http://news.cnet.com/8301-13772_3-20025804-52.html မိုက်ခရိုဆော့ဖ်ရဲ့ XBox Game – ကင်န်းနက်ဆိုတဲ့ စက်ကလေးအကြောင်းကြားဖူးမှာပေါ့။ တချို ့လည်း သုံးနေကြပါလိမ့်မယ်..။ အဲဒါကို အကြမ်းပြောပြရရင် သူ့ရှေ့မှာရပ်နေတဲ့လူကို လက်တွေ ခြေထောက်တွေ နေရာ ကင်မရာဆင်ဆာကနေမှတ်ထားပြီး အဲဒီနောက် လက်ခြေထောက်လှုပ်တဲ့အတိုင်း အထဲက အရုပ်က ဆင်ဆာကနေမှတ်..လိုက်လှုပ်ပြတာပါ..။ အားကစားလုပ်တာ…ကတာခုန်တာဆို အင်မတန်အသုံးတည့်ပါတယ်..။ ဒါကို ရွှေညဏ်တော်စူးရောက်တဲ့ ကုမ္ပဏီတခုက လိင်ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဂိမ်းနေရာမှာ သုံးလိုက်လေရဲ့..။ အရင်တလောကလည်း လက်တွေ့လိင်ဆက်ဆံရာမှာ ဦးနှောက်ကပို ့တဲ့ စစ်ဂနယ်ကိုဆွပေးပြီး တကယ်မဆက်ဆံပဲ.. အဲဒီလိုလိင်စိတ်ခံစားမှုမျိုးဖြစ်အောင်လုပ်ပေးတဲ့ စက်ထီထွင်နေတဲ့အကြောင်းလဲ ဖတ်လိုက်ရပါသေးတယ်..။ ဒါဆို ကာယကံ၊ဝစီကံ၊မနောကံ သုံးပါလုံး.. အကြုံးဝင်သွားပြီမို ့ ..( ကုသိုလ်အကုသိုလ်တွေ ဆက်တွဲပါ မပါတော့မသိ.. )ဘာသာရေးရှုထောင့်ကနေတော့ … ပြသနာမသေးလောက်တော့လို့ထင်မိပါတယ်..။ အင်း..။ လောကကြီးလည်း တဖြည်းဖြည်း […]


KyaemonDecember 21, 201017min940
East Meets West Christmas Parade held in New York http://news.xinhuanet.com/english2010/photo/2010-12/19/c_13655173_2.htm YouTube – Jingle Bells – Disney Sing Along Songs Christmas Special http://www.youtube.com/watch?v=ZLfTr7DKEBk this is the song Jingle Bells from the Disney Sing Along Songs Christmas special called Very Merry Christmas Songs. we first see Donald Duck in a laughably large winter coat. then an adorable […]


KyaemonDecember 21, 201016min760
YouTube – Awesome Christmas Lights with Music http://www.youtube.com/watch?v=2m8qzSBRvE0&feature=related Our Christmas Lights 2010. Lancaster Ca. YouTube – Fernley Christmas Lights 2010 – Nutrocker YouTube – Christmas lights to music 2009 – Carol of the bells (Techno) http://www.youtube.com/watch?v=cSoz7WzgR8A&feature=related yay! fun!  YouTube – Synchronized Christmas lights play to music – Carol of the Bells http://www.youtube.com/watch?v=u1HmcvXFgaY&feature=related This is […]


KyaemonDecember 21, 201015min990
YouTube – Frisco Christmas Lights – Wizards in Winter http://www.youtube.com/watch?v=szLmAPW39uE 5808431 goota say, that was awesome =) that was awsome! how did you do that? awsome YouTube – Synchronized Christmas lights play to music – Carol of the Bells http://www.youtube.com/watch?v=u1HmcvXFgaY&feature=related Dunno what to say. Awesome. Really. Could watch it a million times and it wouldn’t […]