etoneDecember 10, 20101min17010
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ယူ ငှားရမ်း၊ ဝယ်ယူ သုံးစွဲခွင့်ပေးမည့် CDMA 400 MHz MC-Urill ဖုန်းများကို ယခုလအတွင်း နေပြည်တော်၌ ကျပ်ခြောက်သိန်းခွဲဖြင့် ချပေးမည်ဖြစ်ကြောင်းသိရသည် ။ ထို ဖုန်းများသည် အင်တာနက်စနစ်ကို ကောင်းစွာအသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်း သိရသည် ။ သို့သော် အဆိုပါ အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်သောဖုန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ software ထည့်ထားသော ဟန်းဆက်များတွင်သာ အသုံးပြုနိုင်ပြီး အခြား သော ဖုန်းဟန်းဆက်များတွင် အသုံးပြုလို့မရကြောင်းလည်း သတင်းရရှိသည် ။


ဂ်စ္စူDecember 9, 20103min680
Operation PayBack က အမေရိကန် ခရက်ဒစ် ကဒ် ကုမ္ပဏီများ ကို စတင် တိုက်ခိုက်နေပြီဖြစ်ရာ ထိုကဒ်များ ၏ ဝန်ဆာင်မှု များ ရပ်တန် ့ကုန်ပြီ ဖြစ်သည်။ ဝီကီလိခ် ၏ ငွေကြေးများ ကို လွှဲပြောင်းမပေး ဘဲထိန်းချုပ် ထားသည့် မာစတာ နှင့် ဗီဇာ ခရက်ဒစ် ကဒ်များ ကို DDoS တိုက်ခိုက်မှု အား ဂျူလီယန် အဆန်း အား ထောက်ခံသူများ က ယနေ ့မနက် လင်းအားကြီး အချိန် မှ စ၍ အကြိမ် တစ်သောင်း ကျော် တိုက်ခိုက် ခဲ့ရာ အမေရိကန် အွန်လိုင်း ငွေကြေးဝန်ဆောင်မှုသမိုင်း တစ်လျှောက် အဆိုးရွား ဆုံး […]


အာဂDecember 8, 20101min510
သူ့ကို ထောက်ခံသူတွေကတော့ ဂျူလီယန်အဆန်ဂ်ဟာ အမှန်တရားအတွက် ရဲရင့်စွာလှုပ်ရှားသူ တစ်ယောက်လို့ဆိုကြသလို သူ့ကိုဝေဖန်သူတွေကလည်း လူပေါင်းများစွာအတွက် အသက်ဘေးကြုံရစေနိုင် တဲ့ ထိလွယ်ရှလွယ်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ပြီးလူသိများ ထင်ရှားအောင်လုပ်သူလို့ ဆိုကြပြန်ပါတယ်။ သူနဲ့တွဲလုပ်ဖူးသူတွေကတော့ အဆန်ဂ်ဟာ ဦးဆောင်မှုကောင်းပြီး ဉာဏ်ရည်အလွန်မြင့်တဲ့၊ ကွန်ပြူတာကုတ်တွေကို ချိုးဖျက်နိုင်တဲ့ ချွင်းချက်မဲ့စွမ်းရည်ရှိသူလို့ ဆိုကြပါတယ်။ သူဟာတစ်ချိန်လုံး တစ်နေရာက တစ်နေရာရွှေ့ပြောင်းရင်းနဲ့ ဝီကီလိခ်ကိုလည်ပတ်စေခဲ့တယ်လို့ ဆိုပါတယ်။ သူနဲ့အတူ ရက်ပေါင်းများစွာ ခရီးလှည့်လည်ဖူးတဲ့ နယူးယော့ကား မဂ္ဂဇင်းက သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ရက်ဖီခက်ချာဒိုရီယန်ရဲ့ အဆိုအရတော့ အဆန်ဂ်ဟာ မစားမသောက်ဘဲ မနားတမ်း အလုပ်လုပ်နိုင်တဲ့သူ၊ အအိပ်အနေ အလွန်နည်းတဲ့ လူလို့ ဆိုပါတယ်။ သူ့ကိုမီဒီယာတွေက ဝီကီလိခ် တည်ထောင်သူ၊ ညွှန်ကြားရေးမှူးလို့ သုံးကြတာကို မကြိုက်ဘဲ ဝီကီလိခ် ရဲ့အယ်ဒီတာချုပ်လို့ သူ့ကိုယ်သူရည်ညွှန်းခဲ့တယ်။ ဩစတြေးလျနိုင်ငံ မြောက်ပိုင်း […]


နွယ်ပင်December 6, 20101min1037
ယခုအခါတွင် ခင်ညွှန့် ဗွီဒီယို တတိယပိုင်း ဟုဆိုကာ zip ဖိုင်ဖြင့် ဒေါင်းလုပ် လုပ်ယူရန် လင့်ခ်ပေးနေမှုများအား ဒေါင်းလုပ် လုံးဝ မလုပ်ယူရန် သတိပေးအပ်ပါသည်။ အဆိုပါ ဖိုင်သည် ဗိုင်းရ်စ်ဖိုင် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ထို zip ဖိုင်များကို ဖွင့်လိုက်ရာတွင် ကွန်ပျူတာ လုပ်ဆောင်မှု စနစ်ကို ဖျက်ဆီးသည့် နည်း ပညာ ပိုးမွှားများ နှင့် တရုတ် Pornography ဗီဒီယိုများ လည်း သိုလှောင်မှု မှတ်ဉာဏ် အပြည့် ကျလာသည်ကို တွေ့ ရှိရပါသည် ။ထိုကြောင့် အဆိုပါ ဖိုင် အား သတိပြုကြပါရန် အသိပေးအပ်ပါသည် ။


ဂ်စ္စူDecember 6, 20101min26518
ဟုတ်တာပဲလုပ်လုပ်.မဟုတ်တာပဲလုပ်လုပ်ပေါ့ဗျာ..ဒီအောက်က သတိပေးစာလေးကိုတော့      လျစ်လျူရှုထားလို့မရတဲ့အတွက်ဖော်ပြပေးလိုက်ပါတယ်။အီးမေးလ်မှ ရောက်လာတာကို မြတ်လေးငုံဘလော့ဂ် (http://myatlayngon.blogspot.com/2010/12/blog-post_929.html)မှပြန်ဖော်ပြထားတာလဲဖြစ်ပါတယ်။ အင်တာနက်သုံးသူတို့အတွက် အထူး သတင်း on ♥ မြန်မာချစ်သူများ ♥မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး(သို့) အင်တာနက်ဆိုင်များမှာ key-logger ဟုခေါ်သည့်ဆော့ဖ်ဝဲများ ထည့်သွင်းထားပြီး လာရောက် သုံးစွဲနေသူတွေအထဲမှာမှ နိုင်ငံရေးနှင့်ပတ်သက်၍ပြည်တွင်း ပြည်ပဆက်သွယ်နေကြတဲ့ ပြည်တွင်းမှတတ်ကြွလှုပ်ရှားသူများအားခြေရာခံ နိုင်အောင် လုပ်ဆောင်နေမှုများ ရှိနေပြီး ထိုကဲ့သို့တတ်ကြွလှုပ်ရှားသူများအား ဖမ်းဆီးမိနိုင်အောင် လုပ်ဆောင်ထားတာတွေရှိနေပါသည်။ keylogger ဆိုသည်မှာ window စတက် စဉ်ကတည်းက စအလုပ်လုပ်နေပါသည်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray icon လည်းပေါ်နေခြင်းမရှိ၍ငှင်းအလုပ်လုပ်နေမှန်း မသိနိုင်တော့ပါ။ ၎င်းမှမိမိ keyboard တွင်ရေးလိုက်သမျှ၊ mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား အချိန်နဲ့တကွ မှတ်ထားပေးနေပါသည် .. ။ ထိုအခါ မိမိတို့၏ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သမျှ […]


ၾကယ္ေလးDecember 5, 20101min970
မြန်မာ Dictionary အသုံးလိုပြီး iTunne Store ကိုဝင်လို့မရသူများအတွက် ဒီနေရာမှာ Download ဆွဲနိုင်ပါပြီ။ ဒီအဘိဓာန်ဟာ MZ အဖွဲ့သားများစုပေါင်းရေးသားထားပြီး Open Source တခုဖြစ်ပါတယ်။ iPhone အတွက်အသုံးပြုနိုင်ရန် ကိုစေတန်စီမံပေးထားတာဖြစ်ပါတယ်။ ရောင်းတာဆိုပေမယ့် OpenSource ဖြစ်နေတာတကြောင်း ပြည်တွင်းကလူတွေအခက်အခဲရှိနိုင်တာကတကြောင်းကြောင့် ပြန်လည်မျှဝေလိုက်ပါတယ်။ http://www.mediafire.com/?dbykniwyumjmjo6 http://www.ziddu.com/download/12819356/Ornagai-1.4.5-MyLinux.zip.html http://ifile.it/tnqc2xo/Ornagai-1.4.5-MyLinux.zip


naywoon niDecember 4, 20101min1256
ကွန်နက်ရှင်မရလို့ ဂျီတော့ဖွင့်မရတာ နှစ်ရက်လောက်ပဲ ရှိဦးမယ်။ခု ကွန်နက်ရှင် ရရချင်း ဖွင့်ကြည့်လိုက်တော့ အောက်ကိုချထားတဲ့ ဂျီတော့က ပြန်ပြန်တက်လာပြီး သူ့အလိုလို အော်တောမစ်တစ် သေနတ်ပစ်သလိုပဲ ။စာတွေ ရိုက်ပို့နေတာ………… ဆိုင်ကိုမေးကြည့်တော့ ဗိုင်းရပ်ပါတဲ့ သွားမဖွင့်ဖွင့်ဖို့ပြောပါတယ်။ တက်လာတဲ့စာက Hey what are you doing Please test my new webcam using private application http://h1.ripway.com/db067/privateCam.exe ပါတဲ့ သိတဲ့သူများပြောပေးကြပါဦး ခဏခဏတက်တက် လာနေလို့ ဂျီတော့ကိုပစ်ထားရပါတယ်


manawphyulayDecember 1, 20101min1487
မနောအမြင်အရ အခြေခံအဆင့်ဆိုတာ လူတိုင်းတတ် နိုင်တယ်လို့ လက်ခံထားပါတယ်။ ဒါပေမယ့် အဆင့်မြင့်ပိုင်း ပြောရရင် Professional ပိုင်းမှာတော့ လူတိုင်း တတ်နိုင်တယ်လို့ လက်မခံပါဘူး။ ပုံတူကူးချနိုင်တဲ့ အဆင့်ကို အဆင့်မြင့် အဆင့်လို့ လက်ခံရင်တော့ မနော ပြောတာမှားနေပါလိမ့်မယ်။ မနောဆိုလိုတဲ့ အဆင့်မြင့် အဆင့်ဆိုတာ ကိုယ်တိုင် ဖန်တီးနိုင်စွမ်း ရှိတာကိုပြောတာပါ။ လူတစ်ယောက်ဟာ အိုင်တီမှာ အခြေခံအဆင့်တွေ ဖြစ်တဲ့ စာစီစာရိုက်၊ အင်တာနက်၊ အီးမေးလ် စသည်ဖြင့် မည်သူမဆို တတ်နိုင်ပါတယ်။ ဒါပေမယ့် သူထက်မြင့်တဲ့ အဆင့်တွေကို တတ်ဖို့ဆိုတာကတော့ သေချာပေါက် ပြောဖို့ ခက်သွားပါပြီ။ လူတစ်ယောက်က Graphic Design တွေ ဖြစ်တဲ့ Photoshop စတာတွေကို သင်ပြီး သူများလုပ်ထားတဲ့ အတိုင်း တစ်သွေမတိမ်း လိုက်လုက်နိုင်မယ်၊ […]


Yin Nyine NwayNovember 30, 20101min905
မေးသမျှဖြေမယ့်ကွန်ပျူတာပြသနာများ အပိုင်း ၂ မေး ။ကွန်ပျူတာထဲမှာပါတဲ့ရမ်ဆိုတာဘာပါလဲဟင် ဖြေ ။ကွန်ပျူတာအတွက်ရမ်ပုလင်းပါ မေး။ တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ ဖြေ ။ ဂစ်လို ့အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ် ဆက်ဖတ်ကြည့်ရအောင် မေး ။ email ပို ့နေရင်းconnectionပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင် အကောင်းဆုံးပါလဲ ဖြေ ။ အကောင်းဆုံးကတော့ကွန်ပျူတာပါဝါပိတ်ပြီးအိပ်ပါ ဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ မေး ။ ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ် ပြောနိုင်မလား ဖြေ ။ ဟုတ်ကဲ့ရပါတယ် ၁။ systemပုံးကိုအရင်ဖွင့်ပါ ၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ် အကုန်ဖြုတ်ပါ။ ၃။ ပြီးရင်တော့ဆပ်ပြာမှုန် ့များများနဲ ့ဖျော်ထားတဲ့ ဇလုံထဲကိုထည့်ပြီး Decogenနဲ ့တစ်ညစိမ်ပါ ၄ ။ နောက်တစ်နေ ့ကျပြန်ဆေးကြောပြီးနေပူပူမှာ လှမ်းပါ။ ၅ ။ ခြောက်သွေ ့သွားသောအခါပစ္စည်းများကိုနေရာတကျ ပြန်တတ်ပါ ၆ […]


အာဂNovember 29, 20101min1245
အံဩစရာခြေရာ။ လူသတ်သမားဟာ လူထွားကြီးတစ်ယောက်ဖြစ်တယ်။ သူဟာ၃၃ စင်တီမိတာ ဖိနပ်ကြိုးကိုစီးတဲ့ ခြေထောက်ကြီးယောက်ျားတစ်ယောက်ပါပဲ။ အဲဒီလူသတ်သမားဟာ ၂၅ စင်တီမီတာ ဒေါက်မြင့်ဖိနပ်ကိုဝတ်တဲ့ မိန်းမတစ်ယောက်ကို ဥယျာဉ် တစ်ခုထဲမှာ သတ်လိုက်တယ်။ ခြေရာမကျန်ရစ်အောင် သူဟာ အသက်ခံရသူရဲ့ ဒေါက်မြင့်ဖိနပ် ကိုစီးပြီး ဥယျာဉ်အပြင်ဘက်ကို ထွက်သွားတယ် ။ အပြင်ရောက်မှ ကားနဲ့ထွက်ပြေးတယ်။ သို့ပေမဲ့ ၊ သူ့ခြေထောက်အကြီးကြီးဟာ ဘယ်လိုလုပ်ပြီး ရုတ်တရက်သေးသွားမလဲ ။ သူဟာ ဒေါက်မြင့်ဖိနပ်လေးကို ဘယ်လိုစီးသွားသလဲ။ အဖြေကတော့ ထုံးစံအတိုင်းပါပဲခင်ဗျာ။


     လူတစ်ယောက်ရဲ ့အဖြစ်ချင်ဆုံး ရည်ရွယ်ချက်ဟာ (လောကီနယ်ထဲမှ) အထွပ်အထိပ်ရောက်လိုမှု ့ပါဘဲလို ့ဘယ်စာအုပ်မှာ ဘယ်သူလဲမသိဘူး ရေးထားတာ ဘယ်တုန်းကလည်းမသိဘူး ဖတ်ဘူးတယ် ဟုတ်မှာဘဲလေ လူတွေတိုင်း လူတွေတိုင်း ကြီးချင်ကြတာဘဲ ရာထူး :)ဟုတ်ဘူးလားနော? ဘုရားလူကြီး ရပ်ကွက်လူကြီး အခြောက်ကြီး ဂန္ဒူးကြီး ဘာဘူကြီး စစ်ဗိုလ်ကြီး ဆရာဝန်ကြီး သရဲကြီး မျောက်ကြီး နွားကြီး ကြီးခြင်တာကြီး ထိုထိုသောကြီးမှန်သမျှထည်းမှာမှ ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု ဟာ ဆိုရင်ဖြင့် အိုးသကြီး ဟူမူ၍ ကြီးတစ်ကြီး အပါဝင်ဖြစ်ခြင်းနှင့်အတူ ဟင်းချက်နည်းများအား ဒေါ်လာရမည်ဆိုပါသဖြင့် မှတ်မိသမျှကို တင်ဆက်လိုက်ရပါတော့သတည်း။ ဝတ္ထုတစ်အုပ်ထည်းက ဇာတ်ကောင် တစ်ယောက်ပြောတာ ဘာရယ်မဟုတ် အမှတ်ရဘူးတယ် ( ဆင်းရဲ ချမ်းသာမရွေး စားကြတာဘဲ ဒါကြောင့် အစားကောင်းကောင်း ချက်ပြုပ်တတ်ရင် မငတ်ဘူး) […]


erosNovember 26, 20101min1267
ကျွန်ုပ်သည်ကား မြန်မာပြည်၌နေထိုင်သော အမျိုးကောင်းသား တဦးဖြစ်ပေသည်။ တနေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏ မေးလ်းအား စစ်ကြည့်နေစဉ် ကျွန်ုပ်၏ အိုင်ပီလိပ်စာ (IP adress) အားကြည့်ရှုစဉ်တွင် ကျွန်ုပ်သည် မျက်လုံးပြူးသွားလေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ် ၏ အိုင်ပီ လိပ်စာသည်ကား တရုတ်ပြည်ဖြစ်ကြောင့်ပေတည်း။ ထိုနည်းဖြင့် ကျွန်ုပ်သည်ကား visa, passport, transportation မပါပဲနှင့် တရုတ်ပြည် သို့ရောက်ရှိသွားလေသည်။ သိရှိသူများ ဆွေးနွေးကြပါကုန်။


smytu1996November 25, 20105min760
1. Turn on automatic updates. After installing your operating system, you usually forget to pay attention on operating system updates. If your operating system is not updated for protection against loopholes and security threats found after you installed it, your computer may be vulnerable to outside world. Hackers can get access to your computer by […]