ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၃ မခေါ်တမ်း ကစားခြင်း ပထမဦးစွာ မောင်ကာကြီးရဲ့ အမှတ်တရကဗျာတွေ အကြောင်းကိုမရေးပြခင် ဆရာမ နုနုရည်(အင်းဝ)ကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ မောင်ကာကြီး လုံးဝမကြားဖူးတဲ့ ကဗျာဆရာကြီးတစ်ယောက်ရဲ့ ကဗျာတစ်ပုဒ်ကို ရင်ဘတ်ထဲ ဒိုင်းခနဲ့ဝင်အောင် သွင်းပေးခဲ့တာ ဆရာမ နုနုရည်ပါ။ အကြောင်းစုံကို ခင်းရမယ်ဆိုရင်တော့ တစ်နေ့က စာပေဟောပြောပွဲ အခွေတွေကို နားထောင်နေတုန်း ဩစတေးလျနိုင်ငံ ပါတ်ထ်မြို့မှာ ပြုလုပ်တဲ့ ဟောပြောချက်လေးကို နားထောင်မိခဲ့ပါတယ်။ အဲ့မှာ ဆရာမက ကြည်အောင်ဆိုတဲ့ ကဗျာဆရာကြီးရဲ့ အကြောင်းကို သိုင်းကာ ဝိုင်းကာ ပြောရင်းနဲ့ သူ့ရဲ့ ကဗျာတွေကိုလဲ ရွတ်ပြခဲ့တာပေါ့။ အဲ့အချိန်မှာပဲ မောင်ကာကြီး အခုပြောမယ့် ကဗျာလေးဟာ ရင်ထဲကို ဆိုင်းမဆင့် ဗုံမဆင့်ပဲ […]