မြစပဲရိုးAugust 24, 20141min23118
ဘာသာမပြန်ကြပါနဲ့။ ကိုယ့် အကြောင်းလဲ မဟုတ်ပါ။ သူများတွေ အကြောင်းလဲ မဟုတ်ပါ။ ရသ စာဆိုတာ ထပ်ပြီး စမ်း ချက်ကြည့်တာ။ မောင်မောင် ကြောင့် ခေါင်းစဉ်ပေး စတိုင် ကို ခိုးချ နေ၍ ဒီ စာ ခေါင်းစဉ်ကို ကြုံရာ တူတဲ့ ရင်းဂလိတ် အသံထွက် သုံးထားပါကြောင်း။ ;-))   နိဒါန်း “You နဲ့ I ကြားမှာ အချင်းချင်း Shoot Down လုပ်တာတွေ တဖြေးဖြေး နဲ့ ပိုပို များလာတယ် လို့ ထင် တာဘဲ” သူ့မျက်နှာကို ဖျတ်ကနဲကြည့်လိုက်ချိန်မှာ နောက်တာမဟုတ်ဘဲ တကဲ့ကို Serious ပုံစံ နဲ့ ပြောလိုက်တာလို့ တွေးလိုက်မိတာမို့ ဘာမှတော့ […]


marblecommetAugust 22, 20141min25718
အကြောမျှင်လေးတွေ စိမ်းဖျော့ယှက်ဖြာနေပြီး ဖားဖားလျားလျားနှင့် ပြားချပ်နေတဲ့ ကွမ်းရွက်ကြီးများပေါ်သို့ ဖြူဖွေးလုံးဝန်းသည့် ထုံး တုတ်ကြီးမှ ထုံးစက်များကို တောက်ချလိုက်သောအခါ ကုလားမကြီးရဲ့ လက်ကောက်ဝတ်က ရွှေလက်ကောက်ကွင်းများ ရိုက်ခတ်သံက တချွင်ချွင် မြည်သွားတယ်။ ကျွန်တော် အတော့်ကို စိတ်မရှည် ဖြစ်နေပါပြီ။ တစ်ခုခု လုပ်စရာရှိရင်အမြဲ စိတ်လောကြီးတတ်တဲ့ ကျွန်တော့်စိတ်အလိုအရဆိုရင် ကျွန်တော် ဒေါကန်နေပြီ။ ဘာလို့ဆို ခါတိုင်းထက် ဒီနေ့က အတော့်ကို နောက်ကျနေပြီ မဟုတ်လား။ ကွမ်းသမားတွေနဲ့ ပေါင်းရသင်းရတာ အတော့်ကို ခက်တယ်ဗျာ။ ဒီကိစ္စကို အတော့်ကို သည်းခံရတယ်။ သူတို့နဲ့ အတူ ခရီးတစ်ခု သွားခါနီး၊ လာခါနီးဆိုပြီရင် ဘယ်တော့မှ အတူတကွ တစ်ဖြောင့်တည်း သွားရတယ်လို့ကို မရှိဘူး။ “ခဏလေး ကွမ်းထုပ်လိုက်ဦးမယ်ကွ…´ ဆိုတဲ့အဖြစ်မျိုး ကျွန်တော့်ဘဝမှာ ကိုးဆယ့်ကိုးသန်း ကြိမ်လောက် […]


alinsettAugust 18, 20141min30118
  အဟက်… ။   အထင်လွဲနေမှာ စိုးလို ့… ရှင်းပြမလို ့ပါ…   အထင်လွဲပြီးမှ ဆိုရင်… ရှင်းပြရ ခက်လို ့.. .. အခုကတည်းက… ကြို ရှင်းပြထားမလို ့ပါ… ။ ဒီလိုပါ… ။ ဟိုတစ်ရက်က… မောင်သူရ တစ်ယောက်… ရပ်ကွက်ထဲက… ဒေါ်ဖွားမေရဲ ့ အကြော်ဆိုင်မှာ ထိုင်ပြီး. ဗူးသီးကြော်လေးနဲ ့…အချဉ်ရည်လေးတို ့ကာ တို ့ကာ စားလိုက်… ရေနွေးကြမ်းပူပူလေး မှုတ်သောက်လိုက်နဲ ့ …ဇိမ်ကျနေတာဗျာ… ။ မောင်သူရတို ့လို …သာမန် အခြေခံလူတန်းစား… ကျောမွဲလေးတွေ အတွက်… ရပ်ကွက်ထဲက..ခနော်ခနဲ ့..အကြော်တဲလေးကိုပဲ… စီဒိုးနားလို ..မှတ်နေရတာကိုး…. ။ ထားပါတော့… ပြောလိုရင်းဆီ…ဆက်သွားတာပေါ့… […]


စဆရ ႀကီးAugust 17, 20141min1557
သူမမျက်နှာအား သေသေချာချာငုံ့ကြည့်နေမိသည်။ သူမအား တစ်ခါဖူးမျှ မမြင်ဖူးခဲ့ပေ။ တစ်ရံတစ်တစ်ခါများသော်မျှ ရင်းနှီးဖူးသည်ဟု ခံစားမိခြင်း အလျဉ်းမရှိ။ အဘယ်သို့နည်းနှင့်များ သူမအား သူငုံ့ကြည့်နေမိပါသနည်း??? သူမသည် သူ၏ရှေ့မှောက်သို့ မဖိတ်ခေါ်ပါပဲနှင့် ရောက်လာလေသော မုန်တိုင်းတိုက်ပြီးစ လေပြေလေညှင်းလေအလား။ အေးမြစေအောင် တိုက်သော်လည်း လေ ဆိုသည်နှင့် ကြောက်နေသူများအား ခြောက်လှန့်နေသော တစ္ဆေတစ်ကောင်လေအလားပင်။ သူစိမ်းနှစ်ယောက် သူစိမ်းဆန်စွာတွေ့ဆုုံခြင်းများမှာ အနည်းငယ်တော့ လောကဝတ်လေးတော့ ရှိသင့်ပေသည်မလား။ ခုများတော့ အရင်းနှီးဆုံးသူစိမ်းတွေ တွေ့ဆုံခြင်းမှာ စိမ်းစိမ်းကားကားနှင့်..။ ” ရော်…. ခက်လိုက်တာ အပြုံးတစ်ပွင့်သာရယ်ပ ခပ်ဟဟ သူ(မ)ရယ်ပြတာ ဘဇာကြောင့်များ တုန်ခြောက်ခြားလဲ မျက်နှာမှာ အပြုံးတွေ ခိုတွဲနေတာပဲ အဓိပ္ပါယ်တွေ ဖွင့်မနေပါနဲ့တော့ ဟက်တက်ကွဲရင်ကြီးကိုဖွင့်ပြီးပဲ ရဲရဲကြီး ကြိုလိုက်ပါကွယ် လွမ်းရမယ့်သူတွေမှ မဟုတ်ပဲ “ ++++++++++++++++++ ရှူံ […]


ဦးေက်ာက္ခဲAugust 12, 20142min47060
ပြီးခဲ့သောပို့စ် https://myanmargazette.net/202175   ဒီလိုနဲ့ပဲ ဆြာမိုက်ကိုအဖော်ပြုလို့ အကြားအမြင် ဗေဒကဝိ ဆြာဆာမိဆီ ချီတက်ခဲ့ကြတာပေါ့ခင်ဗျာ… “ဗျို့ ကိုရင်ကျောက်ခဲရဲ့ … အကြားအမြင် ဗေဒကဝိကတော့ နားလည်ပါတယ်ဗျ ။ ကျုပ်ကြားဖူးတာ ပုဏ္ဏားတို့ ၊ ဆရာကြီးမင်းသိင်္ခရဲ့ ပုံနားဘကွန်းတို့ပဲရှိတာ… ဟို… အွန်လိုင်းတို့ ပုံစားတို့က ဘာတွေလဲဗျ ။ “ဆြာမိုက်ကတော့ ခေတ်ကြီးနဲ့ အဆက်ပြတ်နေပြီ ။ နာမည်ကိစ္စကတော့ ဆြာ့ကိုတွေ့ရင် ရှင်းသွားလိမ့်မယ် ။ အဟောအပြောကတော့ မှန်သလားမမေးနဲ့ ၊ ပြီးခဲ့တဲ့ ကမ႓ာ့ဖလားဗိုလ်လုပွဲမှာ ဟောလိုက်တာများ မှန်ချက်ကတော့ အာဂျင်တီးနားအသင်းကို အားပေးနေတဲ့သူတွေ နံဘေးကို ပိတ်ကန်လိုက်သလိုပဲဗျ ။ ကျနော်တို့ အရပ်မှာဆို အာဂျင်တီးနားတွေရှုံးလို့ စိတ်ထောင်းကိုယ်ကြေ အိပ်ရာထဲလဲသူလဲ ၊ မတ်စိငုံပြီး ရေထဲ ခုန်ချဖို့ပြင်သူကပြင် […]


( Super moon ညမုာ မင်း နဲ့ ငါ ) ဩဂုတ်လ ၁ဝ ရက် ဝါခေါင်လပြည့်နေ့ ၊ တစ်နေ့လုံး ရုံးကလူတွေနဲ့ သန်လျင်ဘက်က သီလရှင်စာသင်တိုက်တစ်ခုဆီ အလှူကိစ္စနဲ့သွားခဲ့ရလို့ ပင်ပန်းချင်နေတာမို့ ကုတင်ပေါ်လှဲနေရင်း ကလာနေတဲ့ ဇာတ်ကားကိုကြည့်ရင်း နားနေမိတယ် ၊ ဆိုင်မှာထိုင်နေကျ ဘော်ဒါတွေကတောင် ဘာလဲ Super moon နေ့ ရေကြီးမယ်ဆိုလို့ စောစောတက်ပြေးတာလားလို့ နောက်ကြသေးတယ် ၊ ဟုတ်ပါတယ်လေ ၊ ရ နာရီတောင် မထိုးသေးပဲကိုး ၊ ခဏအကြာမှာတော့ ဖုန်း ဝင်လာတယ် ၊ ကိုယ်မသိတဲ့ နံပါတ် ၊ ဟုတ်ကဲ့ ပြောပါ ဆိုတော့ ( ဦး = = ဆက်တာပါ […]


မင်္ဂလာပါခင်ဗျ… “ဦးကျောက်ခဲမေတ္တာဝေတယ်… ဂဇက်ပရိတ်သတ်တွေ ပန်းနာထကြပါစေ”လို့လည်း ရက်ရက်စက်စက် မေတ္တာမပို့ရက်ပါဘူး ၊ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ ဦးကျောက်ခဲ ကိုယ့်အကြောင်းကိုယ်ပြောရရင်တော့ ဒီရက်ထဲမှာ အလုပ်က အားသလိုလို မအားသလိုလိုခင်ဗျ ။ ဒီတော့လည်း ထုံးစံအတိုင်း တောအကြောင်း တောင်အကြောင်း ပြောဖော်ပြောဖက် ဂဇက် ဖတ်ရွေးဥက္ကဋ္ဌ ဦးကြီးမိုက်ကို လှမ်းငြိရတာပေါ့ခင်ဗျာ ။ ကိုယ့်အသက်အရွယ်ကလည်း ဟိုမကျသည်မကျဆိုတော့ ပျော်ပျော်နေတတ်တဲ့ ဦးကြီးမိုက်နဲ့ အဖွဲ့ကျတာလည်း မဆန်းလှပါဘူး ။ တကယ်တော့ ဂဇက်ဆိုတာ သဘောမတူတာရှိရင် ငြင်းကြခုန်ကြ ဖဲ့ကြရွဲ့ကြပေမည့် နှလုံးသားချင်းနီးစပ်သူတွေ စုစည်းမိတဲ့ အွန်လိုင်းပေ့ချ် မို့ အချိန်တန်တော့လည်း ပြီးသွားတာပါပဲ ။ အခုလည်း စပ်စုချင်တာလေး ရှိတာမို့… “ဗျို့… ဥက္ကဋ္ဌဂျီး ဆြာမိုက်… ကျန်းခန့်သာလို့ မာတော်မူပါစ” […]


စဆရ ႀကီးAugust 8, 20141min29922
တစ်ကျိုက်ခန့်မျှသော ရွှေဝါရောင်အရည်တစ်ချို့ ကြမ်းရှရှ လည်ချောင်းတစ်ယောက် စီးဝင်သွားသည်။ မနေ့က တစ်နေ့သည် ယနေ့တစ်နေ့နှင့် အနည်းငယ်မျှ ထပ်တူမကျနိုင်သော်ငြား မနက်ဖြန်တစ်ရက်နှင့် အတော်လေး တစ်စိမ်းဆန်နေသေးသည်။ ကျွန်တော်သည် မသိခြင်းအချိန်အပိုင်းအခြားတစ်ခုတွင် မသိမသာ ပျော်ဆင်းနေသည်။ အိမ်မက်မှာ မမွေ့လျော်နိုင်သူတစ်ယောက်အနေနှင့် မသိခြင်းတွေကြားမှာ မူးယစ်နေခြင်းသည် မတန်တစ်ဆ မနိုင်ဝန်ထမ်းပိုးထားရသော ရင်နင့်ရှိုက် ငိုကြွေးမြည်တမ်းနေကြသော အချစ်ဒုက္ခသည်များထက်တော့ အနည်းငယ် သာလိမ့်မည်ထင်။ ရည်ဝေဝေ ခြေလှမ်းတွေကြားမှာ အရှေ့မျှော်ကြည့်တော့ ဝိုးတစ်ဝါးအနာဂါတ်တစ်ခုရှိရာသို့ တိုင်နှင့်ခေါင်းဆောင့်လိုက်၊ လေးဘက်ထောက်သွားလိုက်နှင့် သွားနေရင်း ပက်လက်လန်သွားသောအခါတွင်မတော့ ရှေ့ဆက်မတိုးနိုင်ပဲ ပြီးဆုံးခဲ့ခြင်းများကို မျက်မှောက်ပြုလျက်သားနှင့်။ မျက်ဝန်းထဲမှာတော့ အလျှံတစ်ငြီးငြီးတောက်လောင်နေသော တစ်ချိန်ကအိမ်မက်၊ တစ်ခါက ဘဝ၊ တစ်ချို့အချိန်များက အနာဂါတ်ဟုထင်မှတ်ထားသည်များ မမျှော်လင့်ထားပါပဲ မြင်ကွင်းမှာ ထင်ထင်ရှားရှား။ လဲကျနေတာမှ ကောင်းသေး၏။ ထသွားလျင် ကျိုးနေမှန်းသိတော့ပေမည်။ လက်ခုပ်သံများကြား တောင့်မခံနိုင်ကြသူတွေအကြောင်းကြားမိသောအခါ […]


alinsettAugust 7, 20141min23917
    ဟိုဟိုဒီဒီ…လျှောက်သွားတတ်သူ… ဟိုဟိုဒီဒီရောက်သွားတိုင်း… တွေ ့ရသမျှကို…ဟိုဟိုဒီဒီ…လျှောက်တွေးမိတဲ့သူ.… ။ တွေးမိသမျှကို.. ဟိုလိုလိုဒီလိုလိုနဲ ့…ချ ချရေးပြီး… ဟိုလူဒီလူတွေ… ကိုယ်ရေးထားတာကိုဖတ်ပြီးဘာများပြောကြလေမလဲ..လို ့… သိချင်လာပြန်သူ..… ။ ဒါနဲ ့ပဲ… အခုလိုဟိုဟိုဒီဒီအတွေးတစ်စ… ရေးပြမိပြန်တယ်…ဆိုပါတော့… ။ ……………………………………………………………………………………………………………… ကျွန်တော့်အမြင်တွေပဲ…စောင်းနေလေသလား… ။ ဒါမှမဟုတ်… သူတို ့ သူတို ့…အမြင်တွေကပဲ…စောင်းနေလေသလား.. ။ သေချာတာတော့… ကျွန်တော်က. . . သူတို ့သူတို ့…အများစုရဲ ့ အမြင်ကို… မှားတယ်..လို ့ ပြောရမှာတော့… ခပ်လန့်လန့်ရယ်… ။ အများညီလို. ..”ဤ”ကို”ကျွဲ”လို ့ သံပြိုင်အော်ဟစ်နေကြပြီပဲ… ။ (ဒါမှမဟုတ်… ကျွန်တော်ကများ… ကျွဲကို…ဤ ထင်နေတာလား… ။ အမှန်တရားတော့…ရှိလိမ့်မယ်…) […]


johnnydeerAugust 6, 20141min1237
  မှတ်မိပါသေးတယ်……. 2010 မတိုင်ခင်တုန်းကဆို ဟိုတယ်တွေ… တည်းခိုခန်းတွေဆို…ဟိုက လာနှိပ်စက်လိုက်…ဒီက လာနှိပ်စက်လိုက်နဲ့…ရန်သူမျိုး ငါးပါးထဲက …ဟို.. တစ်ပါးဒဏ် တော်တော် ခံလိုက်ရတာကိုး… အလှုငွေ ဘယ်လောက်အနည်းဆုံးထည့်ပါရန် ဆိုသည့်နည်းကတစ်မျိုး…. ဖုန်းဖြင့် အခန်းပေးပါဦးဆိုသည့်နည်းက တစ်ဖုံ…. ဘာပွဲရှိလို့ အခန်းယူသည်ဖြစ်စေ…မယူသည်ဖြစ်စေ…မဖြစ်မနေ ချန်ထားပေးပါရန် ဆိုပြီး စာထုတ်လို့ က တဖုံ…. နည်းပေါင်းစုံ နဲ့ အနှိပ်စက်ခံ ခဲ့ရတာပေါ့… ဟိုဟာ သည်းခံ…ဒီဟာ သည်းခံ နဲ့…ဘုရားဟောခဲ့တဲ့ ခန္တီစ သည်းခံခြင်းဆိုတဲ့ တရားကိုလဲ တော်တော့ကို  နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့ရပါတယ်… ဘာမဟုတ်တဲ့ …ကိုယ့်ပုဆိုး ကိုတောင် မနိုင်တဲ့သူက မူးထောင်ပြီး …ငါ့ကို ဘာမှတ်နေလဲ…မင်းတို့ ဟိုတယ် သတိထား…ဧည့်စာရင်း လာစစ်ပစ်လိုက်မယ် ဆိုပြီး ခြိမ်းခြောက်သွားတာတွေလဲ ခံခဲ့ရပါရဲ့….(ဧည့်စာရင်း စစ်လို့ ဧည့်စာရင်း […]


alinsettAugust 4, 20146min37333
        အဟမ်း… ။ မြန်မာနိုင်ငံကြီး..တော်တော်…တိုးတက်နေပြီ ။ အစိုးရရဲ့ တာဝန်ကျေမှု / ကောင်းမွန်စွာလုပ်ဆောင်နိုင်မှုတွေ ရဲ ့..အကျိုးရလဒ်ပေါ့… ။ မနက်ခင်း….အလုပ်သွားကြတဲ့…အလုပ်သမားတွေလည်း… စိ်တ်လက်ကြည်သာစွာ… ဘတ်စ်ကားတွေလည်း…တိုးမစီးရတော့ဘူး .. ။ လမ်းတွေ ပိတ်ဆို ့နေလို ့…အလုပ်နောက်ကျတာလည်း..မဖြစ်တော့ဘူး ။ လူကြီးလမ်းကြောင်းကို…စောင့်နေရလို ့…ကိုယ်လိုရာဆက်မသွားနို်င်တာတွေလည်း..မရှိတော့ဘူး ။ အရင်တုန်းကလို… မသေသင့်တဲ့ရောဂါလေးတွေနဲ့လည်း…မသေကြတော့ဘူး ။ ပညာရေးစနစ်ဟာလည်း..အရင်တုန်းကလို..မနိမ့်ကျတော့ဘူး ။ မတရားမှုတွေလည်းမရှိတော့ဘူး ။ လမ်းတွေ တံတားတွေဟာလည်း… စနစ်တကျ… ရှင်းလင်းလို ့… ။ လမ်းဘေးဝဲယာမှာလည်း..စည်ပင်စွမ်းကြောင့်… အမှိုက်တစ်စမမြင်ရပဲ…စိမ်းလန်းစိုပြေလို့… ။ ခရီးသွားလာရေးတွေလည်း..အဆင်ပြေ… နိုင်ငံခြားကုန်သွယ်ရေးတွေလည်း.. အဆင်ကိုပြေလို ့.. ။ပြည်သူပြည်သားတွေရဲ ့ ဝင်ငွေနဲ ့ ထွက်ငွေတွေဟာလည်း..မျှတလို ့… ။ […]


ဦးကျောက်ခဲ ရန်ကုန်ကို အလုပ်ကိစ္စပဲပြန်ပြန် အလည်အပတ်ပဲပြန်ပြန် ၊ ပြန်လာမယ် သတင်းကြားရင် အပျော်ဆုံးက ဦးကျောက်ခဲရဲ့ တူမ ၂ယောက်ပါ ။ “သမီးတို့ ဘာမှာမလဲ” မေးလိုက်ရင် ဖုန်းဖိုးသာ စီးပွါးပျက်အောင် ကုန်သွားမယ် သူတို့မှာနေတာက မပြီးသေးပါဘူး ။ မိန်းခလေးတွေမို့ အဝတ်အစားနဲ့ အလှကုန်မှာလိမ့်မယ်ထင်ရင် မှားကြပါလိမ့်မယ် ။ သူတို့အမေ ကျောက်စ်နှမက သူ့သမီးတွေကို အရွယ်မတိုင်ခင် အဝတ်အစားနဲ့ အလှမက်မှာစိုးလို့တဲ့ဗျာ… ဘာမှမဆင်လေတော့ သူတို့မှာ ဘာမှာရမှန်းမသိ မုန့်မျိုးစုံသာ တွင်တွင် မှာကြတာပါ ။ ခလေးတွေကို မုန့်ရောဝယ်မကျွေးဘူးလားလို့ မေးရင် ၊ “ဟင့်အင်း…”လို့ ရှက်ရှက်နဲ့ ဝန်ခံရမှာပါပဲ…။ သူတို့အမေက ထမင်းဟင်းသာ စားသောက်ဆိုင်မှာ တစ်လတစ်ခါလောက်ဝယ်ကျွေးတာ ၊ သွားရည်စာကြတော့ ဝယ်ကျွေးခဲတယ်ခင်ဗျ ။   […]


alinsettJuly 31, 20142min28418
အမှန်က…ဒီ ဝတ္ထုနာမည်ကို…   ” အလှည့် ”  လို ့…ပေးထားတာပါ ။ ညှစ်နေမယ်လို ့…မပြောလိုက်ဘူး… ဆိုတာက…နောက်တာပါ ။   အောက်မှာ..ရေးထားသမျှက..တကယ် အတည်ကြီးရေးတာနော်… ။ ဖတ်ပြီး..ဝေဖန်ပေးကြပါဦး..လို ့… လေးစားချစ်ခင်စွာ…. ——————————————————————————   (အလှည့်… )   ခွေးအူသံတို ့….နက်နက်ရှိုင်းရှိုင်း ကြားလိုက်ရသည် ။ လေထန်လေရိုင်းတို ့လည်း …. ဟူးဟူရားရားတိုက်ခတ်နေသည်။ သစ်ရွက်ကြွေတို ့…လှုပ်ရှားပြေးလွှားလျက်… ။ လောကသည် မသတီစရာ…အရောင်အဆင်းမျိုးဖြင့် လှလှပပအကျည်းတန်နေ၏ ။   ထိုကဲ့သို ့သော…အချိန်မျိုးမှာဖြစ်စေ/အေးစက်တိတ်ဆိတ်သောအချိန်မျိုးမှာဖြစ်စေ… ကိုယ့် စိတ်နှင့် ကိုယ်… ရုတ်ရုတ်သဲသဲ…ဖြစ်လာတတ်သည် ။ ကိုယ်….ပေါက်တူးကိုကိုင်ပြီး..လျှောက်ခဲ့သည်။ မာကြောကြမ်းရှသော…ကိုယ့်လက်တို ့က ပေါက်တူးကို…မြဲမြံခိုင်မာစွာ..ကိုင်ထားနိုင်သည်မှာအံ့ဩစရာတော့…မဟုတ်တော့ချေ။ ကိုယ့်လက်တို ့သည်…အင်မတန်မှပင်…ချီးမွမ်းထိုက်သော…လက်များဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်….ကိုယ့်လက်တို ့သည်..သာမန်လက်တို […]