ko sixMarch 29, 20141min1374
ပန်းချီစကား​ပြောရရင်​ မူလအ​ရောင်​မတူကွဲပြားခြားနားသည်​့ အ​ရောင်​နှစ်​မျိုးကို ​ပေါင်​းစပ်​​ရေးဖွဲ့လိုက်​ရင်​ မူလအစအ​ရောင်​များနှင်​့ကွဲပြားခြားနားသည်​့ အ​ရောင်​သစ်တစ်​မျိုး​ဖြစ်​​ပေါ်လာရသလိုမျိုး မတူညီ​သောဘဝနှစ်​ခု​ပေါင်​းစပ်​ရေးဖွဲ့လိုက်​ရင်​ လုံးဝကွဲပြားခြားနားသည်​့ ဘဝအသစ်​တစ်ခုဖြစ်​လာရ​တော့၏။ ထို့​နေ့က ​ဆောင်​းအကုန်​​နွေအကူး ကံ့​ကော်​​တွေလည်​းဖူး​နေကြသည်​။လက်​ပံပွင်​့တို့သည်​လည်​း အပြာ​ရောင်​မိုး​ကောင်​ကင်​းကြီးကို​နောက်​ခံထားလျက်​​နေမင်​းကိုအံတု ​နေသည်​့အလား ရဲရဲနီနီ ပင်​လုံးကျွတ်​ပွင်​့​ဝေ​နေကြသည်​။ ထို​နေ့က Kenbo 110 ဆိုင်​ကယ်​​လေးတစ်​စီးသည်​ ဘဝနှစ်​ခုကို တင်​​ဆောင်​ကာ စစ်​​တောင်​းမြစ်​​ဘေးက ရွာက​လေးဆီ မငြီးမညူ ထမ်​းပိုးသယ်​​ဆောင်​သွား၏။ ထို​နေ့က ​ကျေးငှက်​သရကာတို့အနက်​ ဥဩငှက်​က​လေးတစ်​​ကောင်​သာ ​တေးဆို၍ အား​ပေး၏။ ထို​နေ့က မိသားစုထမင်​းဝိုင်​တွင်​ တစ်​​ယောက်​​ရော့​နေ​သော​ကြောင်​့ အ​ဖေကအစ အ​မေအဆုံး လက်​​ဆေးဇလုံကို ငြင်းပယ်​ကာ ငူငိုင်​​နေကြသည်​ဆို၏။ ထို​နေ့က ခါတိုင်​းလိုပင်​ ကမ္ဘာတစ်​ဘက်​၌ ​နေသာ​နေ၍ ကျန်​တစ်​ဖက်​၌ ​မှောင်​မိုက်​​နေ၏။ ထို​နေ့က ​လောကရုပ်​ရှင်​ရုံတွင်​ ဓာတ်​မတည့်မှုှုဇာတ်​ကားသစ်​ရုံတင်​​နေ၏။ ထို​နေ့က လက်​တစ်​စုံတို့သည်​ မြဲမြံ​အောင်တွဲချိတ်၍​ အ​မှောင်​ထဲသို့ တိုး​ဝေ့​နေ၏။ ထို​နေ့က အနုပညာရသ​မြောက်​​သော […]


စဆရ ႀကီးMarch 29, 20141min916
“……………………” ပြောစရာစကားများကို ဒေါသတစ်ကြီးအမူအရာဖြင့် ပြောပြီးနောက် ကိုရင်စိုင်းတစ်ယောက် ကျေနပ်သွားလေ၏။ ဆိုင်ရှိဝန်ထမ်းများမှာလည်း ကိုရင်စိုင်းတို့ပြောနေကြသည်ကို ပါးစပ်အဟောင်းသားဖြင့် နားထောင်နေကြရင်း။ ဆူပါဗိုက်ဆာနှင့် မန်နေဂျာ အချီအချ ပြောနေကြခြင်းဖြစ်သည်။ မန်နေဂျာဖြစ်သူမှ သူသည် မန်နေဂျာဖြစ်ကြောင်း၊ မန်နေဂျာဖြစ်သည့်အတွက် ဆူပါဗိုက်ဆာဖြစ်သူ ကိုရင်စိုင်းမှ မန်နေဂျာဖြစ်သော သူပြောသည့်အတိုင်း လိုက်နာရမည်ဖြစ်ကြောင်း။ ဘယ်လိုနည်းနဲ့မှ အထွန့်မတက်သင့်ကြောင်းကို အော်ဟစ်ပြောဆိုလေ၏။ ကိုရင်စိုင်းလဲ ငယ်စဉ်က စစ်ရေးပြကွင်းတစ်ခုလုံးကြားအောင် အမိန့်ပေးခဲ့ရသည့်အသံအတိုင်း တိုးတိတ်ညင်သာစွာပင် လိုက်နာပါမည့်အကြောင်း၊ သို့သော် လက်မခံနိုင်ကြောင်း၊ ဖြစ်လာခဲ့လျင် မန်နေဂျာဖြစ်သည့် မန်နေဂျာမှသာ အစစအရာရာ တာဝန်ယူရန်ဖြစ်ပြီး ကိုရင်စိုင်းမှ ဘာမှတာဝန်မယူမည့်အကြောင်းပြောလေ၏။ အားလုံးထိုအခါမှ ကြားမိသဖြင့် ဝိုင်းအုံကြည့်ကြလေ၏။ သူသည်လည်း ငါမန်နေဂျာဖြစ်တဲ့အတွက် ငါပြောသလိုသာလုပ်၊ ငါပြောတာအမှန်၊ ငါ့စကားထပ် အထွန့်မတက်နဲ့ဆိုသည့်အတွက် အသာလေးနေလိုက်၏။ ဘာပဲပြောပြော ဝန်ထမ်းအားလုံးရှင်းသွားလေ၏။ မန်နေဂျာဖြစ်သောသူမှ ဆူပါဗိုက်ဆာသာဖြစ်သော […]


kotun winlattMarch 28, 20143min1848
အစကတော့ အလွမ်းအကြောင်း မရေးတော့ဘူးလို့ပါပဲ… ကိုဆာမိက လွမ်းးဘာ..လွမ်းးဘာဆိုလို့…လွမ်းတဲ့ အကြောင်းး ရေးမိတာပါ..ခမျ… သမီးလေးရေ …. စာရေးဆရာ မောင်သာချိုက သမီးလေးဖတ်ဖို့ ဆိုပြီး စာတွေရေးတယ်။ အဆိုတော် ထူးအိမ်သင်က သမီးလေးနားဆင်ဖို့ ဆိုပြီး သီချင်း ဆိုတယ်။ ကဗျာဆရာ စိုင်းဝင်းမြင့်ကလည်း သမီးလေး ရွတ်ဖို့ ကဗျာတွေဖွဲ့တယ်။ သူတို့ရဲ့ သမီးလေးတွေအတွက် သူတို့ တတ်နိုင်တဲ့အရာလေးတွေကို ရေးဖွဲသီကုံးစပ်ဆိုခဲ့ကြတယ် သမီးရေ…… ဖေဖေလည်း သမီးလေးအတွက် တစ်စုံတစ်ခုလောက်တော့ လုပ်ပေးချင်တဲ့ ဆန္ဒလေး ပြင်းပြနေမိတာပေါ့ကွယ်။ ခက်တာက ဖေဖေက ဆရာမောင်သာချိုလိုလည်း စာရေးမကောင်းဘူး။ အဆိုတော်ထူးအိမ်သင်လိုလည်း သီချင်းရေးဖွဲ့ပြီး မသီဆိုတတ်သလို ကဗျာဆရာ စိုင်းဝင်းမြင့်လိုလည်း ကဗျာမစပ်တတ်ဘူး သမီးရယ်။ ဒါပေမယ့် သမီးအပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာတရားကတော့ သူတို့တွေထက်မသာရင်နေမယ် လျှော့တော့မလျှော့ပါဘူး။ ဒီစာလေးကို ဖေဖေရေးနေချိန်မှာ […]


kotun winlattMarch 27, 20141min15817
မနေ့ညက ကျနော့် အီးမေလ်းထဲကို ထူးထူးဆန်းဆန်းမေလ်းတစ်စောင်ရောက်လာပါတယ်။ ဖွင့်ကြည့်လိုက်တော့ ကျနော်တို့ ဂဇက်ရွာသူကြီး ဦးခိုင်ဆီကစာပါ။ အကြောင်းအရင်းကတော့ မတ် – ဧပြီလအတွက် မန်းလေးဂဇက် သတင်းစာ ပေးပိုက်လိုက်ပါသည်ဆိုပဲ… ဖတ်ချင်လွန်းလို့ ဒေါင်းလုတ်ဆွဲမယ်ဆိုပြီး ဖိုင်ဆိုဒ်ကြည့်လိုက် 12 MB ကျော်ဆိုတော့ ရွာသူ အန်တီနု ပြောတဲ့ မပုတု (MPT) က လိုင်းအားကောင်းကောင်းဆိုတော့ နောက်ဆုံးမှာ ကျနော်ပဲ အရှုံးပေးပြီး ဒေါင်းလုတ်ဆွဲခြင်းအမှုကို လက်လျှော့လိုက်ပါတော့တယ်။ ပြီးတော့ ပို့တောင့်ပို့ခဲ့ ပေးပို့လာတဲ့ သတင်းစာလေးကို မဖတ်ရတော့ စိတ်ထဲကို အတွေးတစ်မျိုးဝင်လာပြန်တယ်ဆိုပါတော့…. ဘာကြောင့် သူကြီးက ကျနော့်ဆီ တခုတ်တရ ပေးပို့သလဲပေါ့….။ ရွာထဲကိုလည်း မရောက်ဖြစ်တာကြာလှပေါ့။ ကိုထူးဆန်းပြောတဲ့ မရှိခင်ဒုက္ခကို သိပြီးသကာလ ရှိပြီး ဒုက္ခကို ကြံ့ကြံ့ခံနိုင်ဖို့ရာ ကြိုးစားနေတဲ့ ကျနော့်အဖြစ်က […]


( ကလေး ရေ ) သံတံခါး ပြာပြာကြီးကို တွန်းဖွင့်ပြီး ထွက်လာချိန်မှာ ကောင်းကင်တစ်ခုလုံး မည်းမှောင်လို့ ပြာဝေ ကြယ်တွေလည်း မရှိကြတော့ပါဘူး အဲဒီလိုပဲ ဦး လို့ ခေါ်တတ်တဲ့ ကလေးလည်း မရှိတော့ဘူးနော် ဘယ်တောကိုကျော်လို့ ဘယ်တောင်ကိုဖြတ် အဘယ်သို့သော ဇာတ်ကိုများ က နေရရှာပြန်ပြီလည်းကွယ် တကယ်တော့ သူနဲ့ကျွန်တော်ဟာ ဘယ်လိုမှ ထင်မထားတဲ့ အရပ်မှာ တွေ့ခဲ့ကြတာပါ မှတ်မှတ်ရရ အဲဒီနေ့ဟာ ဆရာသမား တစ်ယောက်ရဲ့ မင်္ဂလာ ဧည့်ခံပွဲနေ့ပါ ဒါပေမယ့် အလုပ်ရှိကြတဲ့နေ့မို့ ညနေရုံးဆင်းချိန်ကျမှ ဆိုင်တစ်ဆိုင်ဆိုင်မှာ သွားစားကြ ဆိုတဲ့နေ့ပေါ့ သောက်တတ် စားတတ်သူတွေကတော ့ဘီယာဆိုင်ဘက်ပေါ့ဗျာ စားရင်းသောက်ရင်း အချိန်ကလေးကကြာ အရှိန်ကလေးကလည်း ပါခဲ့ တစ်ဝက်စာ လခ ကလေးကလည်း အိတ်ထဲမှာဆိုတော့ ညောင်းတယ် […]


ဟုတ်တယ်။ အခုတလော ကျွန်မ အမေ့ကို နားမလည်ဘူး။ အဲဒီလိုပြောမိတိုင်း ကျွန်မကိုယ်တိုင်ပြောဖူးတဲ့ စကားတစ်ခွန်းကို သတိရမိတယ်။ ရုံးမှာ အဆင်မပြေတာတစ်ခုခု ဖြစ်တိုင်း တွေးမိတဲ့အတွေးပေါ့။ ဝန်ထမ်းတွေက သူဌေးမဖြစ်ခဲ့ဖူးတဲ့အတွက် သူဌေးတွေရဲ့အတွေးကို နားမလည်ပေးတတ်ပါဘူး။ ဒါပေမယ့် သူဌေးတွေကတော့ ဝန်ထမ်းဖြစ်ခဲ့ဖူးတဲ့အတွက် ဝန်ထမ်းတွေရဲ့ ခံစားချက်ကို ပိုနားလည်ပေးသင့်တယ်။ အခုလည်း အဲဒီလိုပဲ ဖြစ်နေတယ်။ ကျွန်မလည်း အမေမဖြစ်ဖူးတော့ အမေတွေရဲ့ ခံစားချက်ကို ရာနှုန်းပြည့်နားမလည်ပေးတတ်တာလားလို့ပေါ့။ အမေကတော့ သမီးဘဝကနေ အမေဖြစ်လာတာဆိုတော့ သမီးတွေကို ပိုနားလည်ပေးသင့်သလားလို့။ အမှန်တော့ အမေ့လောက် လူငယ်ဆန်ပြီး သားသမီးကိုနားလည်ပေးတာ အမေပဲ ရှိပါတယ်။ ပြောရရင် အမေကိုယ်တိုင်ကလည်း လူငယ်ကိုး။ သူငယ်ချင်းတွေဆိုရင် ကျွန်မကို အားကျကြတယ်။ နားလည်ပေးတတ်တဲ့ အမေကို ရထားလို့တဲ့။ ကျွန်မတို့ သားအမိတွေကလည်း သူငယ်ချင်းပေါင်းပေါင်းတာ။ ရည်းစားကို […]


San Hla GyiMarch 16, 20141min40988
ဟိုတလောဆီက ဂျာနယ်များတွင် ချစ်သူများနေ့အတွက် ပြင်ကြ ဆင်ကြ ပရိုမိုးရှင်းများ အပြိုင်အဆိုင် ပြုလုပ်ကြသော သတင်းများ ဖတ်လိုက်ရသည်။ ဒါနဲ့ တဆက်တည်း ပါလာသည်က စုံတွဲများအတွက် အခန်းများဌားခြင်း သတင်းများ ဖြစ်သည်။ ထိုကိစ္စနဲ့ ပက်သက်ပြီး စိုးရိမ်သော အချို့ ဆောင်းပါးရှင်များ၏ လူငယ်များကို ဆင်ခြင်ဖို့ တိုက်တွန်းသော ဆောင်းပါးများကိုလည်း တွေ့ရသည်။ ဒါနဲ့ ပက်သက်ပြီး မန်းဂေဇက်တွင်ပင် အတော် ငြင်းခုံကြသည်ကိုလည်း တွေ့လိုက်ရသည်။ ထိုအကြောင်းနဲ့ ဆက်နွယ်ပြီး ဒီဆောင်းပါးအား စာရေးသူ ရေးဖြစ်တာ ဖြစ်ပါသည်။ အဓိက ဆွေးနွေးသွားကြသော အကြောင်းအရာမှာ လူငယ်များ လက်မထပ်ခင် ဒီလို sex ကိစ္စ လုပ်တာ သင့် မသင့်နဲ့ living together ကိစ္စဖြစ်ပါသည်။ နောက်ပိုင်းတွင် ထို […]


marblecommetMarch 12, 20141min1426
ကျွန်တော့်အခန်းသည် အခြားသူတစ်ယောက်ကိုယ်စား လိပ်ပြာရှက်နေသည်။ ထိုကိစ္စမှာ အတော့်ကို အူကြောင်ကြောင် နိုင်သည်ဟု ကျွန်တော်က ထင်သော်လည်း ကျွန်တော်၏ ဆိတ်ကွယ်ရာများကို ထိတွေ့နေရသည့် သူက ဒါ သိပ်အရေးကြီးသည်ဟု ဆိုသည်။ ပြဿနာတစ်ခု ဖြစ်လာလျှင် ပီကေ တစ်လုံးကစပြီး ဖြေရှင်းဖို့ ကျွန်တော်က အကြံပြုခဲ့ဖူးသည်။ ထိုပီကေသည် အာရှနိုင်ငံတစ်ခုမှ တစ်ဆင့် မဲခေါင်မြစ်ဝှမ်းအပေါ်စီးက ခုန်ပျံလာပြီး ညောင်ပင်လေးဈေးတွင် တစ်ည အိပ်သည်။ ညောင်ပင်လေးဈေးသည် ဇာတ်လမ်းတစ်ခုကို ချိတ်ဆက်ပေးဖို့ အသင့်ရှိနေသည့် ဟောလိဝုဒ်လည်းဖြစ်သည်။ ထိုပီကေသည် Ruby Mark အရောင်းစင်တာတွင် နေသားတကျ ရှိနေစဉ် ကျွန်တော်သည် ပီကေ ကို မမြင်ဖူးသေး။ +++ ငယ်ဘဝ ဒိုင်ယာရီ စာအုပ်များ၏ ရက်စွဲအချို့မှာတော့ ကျွန်တော် ဝယ်မစား ဖြစ်ခဲ့သော သကြားလုံးခွံအချို့ […]


naywoon niMarch 11, 20141min22016
မှတ်​​လောက်​သား​လောက်​ စကားတစ်​ခုပါ ​မျောက်​လက်​အုန်​းသီးရသလိုဆိုတာ ။ ​မျောက်​ဆိုတာက ငြိမ်​ငြိမ်​​နေတတ်​တဲ့ သတ္တဝါ မဟုတ်​ ။ လက်​ထဲ​ရောက်​လာတဲ့ အုန်​းသီးလည်​း ခွဲမစားတတ်​ လွင်​့ပစ်​ရမှာလည်​း ဝန်​​လေး ဟိုဘက်​လှည်​့ကြည်​့ ဒီဘက်​လှည်​့ကြည်​့ အချိန်​​တွေသာကုန်​လာတယ်​ ။ အကျိုးဖြစ်​ထွန်​းမှုက မရှိ ။ အုန်​းသီးပိုက်​ထားရ​ပေမယ်​လို့ ခွဲမစားတတ်​​တော့လည်​း ​ဖောင်​စီးရင်​ ​ရေငတ်​ငတ်​​နေသလိုမျိုး ။ တည်​့တည်​့​ပြောမယ်​ဗျာ ​ဝေ့လည်​​ချောင်​ပတ်​​ပြော​နေရတာ အားမရဘူး ပွင်​့လင်​းမြင်​သာ​ခေတ်​မှာ နမိတ်​ပုံ​တွေ သ​င်္ကေတ​တွေနဲ့ အုံးမစား​ရ​အောင်​……။ ခု ကျုပ်​တို့လက်​ထဲမှာလည်​း အုန်​းသီးတစ်​လုံးစီနဲ့ဗျ ။ ဟုတ်​တယ်​​လေ လက်​ထဲ ဟမ်​းဖုန်​းတစ်​လုံးစီ ကိုင်​ထားကြ​ပေမဲ့ ဘာများတွင်​တွင်​ကျယ်​ကျယ်​ လုပ်​နိုင်​ကြလို့လဲ ။ ​သေချာစဉ်​းစားကြည်​့ကြစမ်း​ပါ့ ။ ဖုန်​းနဲ့ အကျိုးဖြစ်​ထွန်​း​အောင်​ ဘာ​တွေ လုပ်​နိုင်​​နေပီလဲ ။ အဲ့ ဖုန်​းနဲ့ အားမရ​တော့ သူများ […]


moonpoemMarch 9, 20141min14410
ကျွန်မက ဟိုနားဒီနား ရှောပင်းထွက်မယ်ဆိုရင်တောင်မကြီးစန်းတို ့လင်းလင်းတို ့ကို ခေါ်ပြီး အလှပြင်ခို်င်းတာ။နာမည်ကြီး မင်းသမီးတွေ မော်ဒယ်လ်တွေတောင်မှ ရှုတင်ရှိမှ မာမီတွေကို အလှပြင်ခိုင်းတာ တော်ရုံတန်ရုံ သူတို ့ဟာ သူတို ့လိမ်းကြတာရယ်။ ဪ..အဝတ်အစားနဲ ့ပတ်သတ်ပြီးရင်လည်း လတ်လတ်တို ့၊ ပြည်စိုးအောင်တို ့က ကျွန်မအတွက်ဆို အမြဲတမ်း ချုပ်ပေးချင်နေကြတာ။သူတို ့က ဘာပဲပြောပြော ကျွန်မ အစ်မနဲ ့နိုင်ငံခြားမှာ ဒီဇိုင်နာဘွဲ ့ အတွက် ကျောင်းသွားတက်တုန်းက ခင်ခဲ့ကြတာ။ဒီတော့ သူတို ့က သူငယ်ချင်းရဲ ့ညီမလေးတစ်ယောက်အနေနဲ ့ကျွန်မဆိုရင် လုပ်ပေးချင်နေကြတဲ့ သဘောပါ။ ဖိနပ်ဆိုရင်လည်း Lily တို ့Shoe Gallery တို ့Charles&Keith မြန်မာဘက်က သူတွေဆိုတာ ကျွန်မမို ့စီးမယ်ဟေ့ ဆိုရင် […]


Paing LayMarch 6, 20141min781
ရာပင်မှူး ပြန်သွားပြီးကတည်းက တစ်နေကုန် သုန်မှုန်နေသော ငပေတိုး ကို အပြင်က ပြန်လာတဲ့ ရုက္ခစိုးကြီး လှမ်းကြည့်ပြီး အံ့ဩသွားတယ်။ ခါတိုင်းဆိုရင် အမြဲတက်ကြွနေတဲ့ကောင် အပင်ခွကြားမှာ ထိုင်ပြီး မှိုင်နေတယ်ဆိုတော့…… “ဟေ့ကောင်…..ပေတိုး” “ ဟာ….အဘပြန်လာပြီလား” “အေးကွာ…လမ်းမှာလည်း ကားတွေလည်း ကျပ်နေတော့ သွားရလာတာရတာ အချိန်ကုန်ပြီး စိတ်ပင်ပန်းတဲ့ ဒုက္ခကပိုဆိုးသကွ၊ ကဲ….ရေနွေးလေးလုပ်ပါဦး” “ဟုတ်…အဘ” “အပေါ်မှာလား အောက်မှာလား အဘ” “အောက်ကိုယူလာခဲ့” ငပေတိုးရေနွးနဲ့  အမြည်းကို ယူလာပြီး ဘေးမှာဝင်ထိုင်လိုက်တယ်။ “ဒီနေ့ဘာထူးသေးလဲ” “ရာပင်မှူးဆိုတဲ့ကောင်လာတယ်…..လုပ်အားပေးတဲ့” “ ဟေ….ဘာအတွက်တုန်း” “ ကွင်းပိုင်ကြီး လမ်းပေါ်မှာလာပြီး တဲထိုးနေတဲ့ ကျူးကျော်တွေ မနေနိုင်အောင်ခြောက်လှန့်ပေးရမယ်တဲ့ အဘ” “ဘယ်တော့လဲ” “ဒီညအဘ” “ အေးကွာ….သွားပြီး လုပ်စရာရှိတာ လုပ်ပေးလိုက်ကွာ ပြဿနာမဖြစ်စေနဲ့” “ […]


ကမာ္ဘကြီးဟာဘယ်လောက်တောင်ကျဉ်းသလဲဆိုတာ….ရွာတစ်ရွာဖြစ်သွားပြီလို ့တောင်   သတ်မှတ်ခဲ ့တာပဲလေ……   မြန်မာပြည်ဆိုတာဘယ်လိုတိုင်းတာမှူကိုခံယူရဲမလဲလေ…….. မြန်မာပြည်ထဲကမှရန်ကုန်ဆိုတာ…ပိုလို ့တောင်ဆိုးသေးတော ့….ထားပါလေ ငါ ့အတွက်တော ့ရန်ကုန်ဆိုတာပိုလို ့တောင်ကျယ်လွန်းလှပါတယ်….. သူငယ်ချင်းများစွာတို ့..အပေါင်းအသင်းများစွာတို ့နဲ ့ပြန်တွေ ့တိုင်း…..   မင်းရဲ ့သူငယ်ချင်းဘယ်မှာဘာတွေလုပ်နေလဲ….မင်းနဲ ့တွေ ့ဖြစ်ကြတယ်မဟုတ်လား…..လို ့ မေးရင်ငါကကြောင်တောင်တောင်နဲ ့ရယ်…. မင်းရန်ကုန်မှာရှိတယ်ဆိုတာသူငယ်ချင်းများစွာတို ့သိကြပေမယ် ့…… ငါတစ်ယောက်မသိတာဟာအံ ့ဩစရာမဟုတ်ပေမယ် ့…ရှက်ဖို ့တော ့ကောင်းသားကွ.. ငါတို ့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်တောင်ခင်ခဲ ့သလဲဆိုတာ….. ငါတို ့လုပ်ခဲ ့ဘူးတဲ ့ကုမ္ပဏီတခုလုံးသိကြပါတယ်။ ငါဟာမင်းအတွက်ဇီဝဇိုးငှက်တစ်ကောင်ဖြစ်ခဲ ့ရင်…..မင်းကငါ ့ရဲ ့ ့အံဖတ်တွေနဲ ့တည်ဆောက်တဲ ့ ငါ ့ရဲ ့အသိုက်ကိုကောင်းစွာထိမ်းသိမ်းကာကွယ်ပေးမဲ ့..ကျောက်တောင်နံရံကြီးတစ်ခုဖြစ်စေရမယ်လို ့ ပြောပြီးခင်ခဲ […]


“ငဲ့ စောင်း ကြည့် ၏  မကြည့် ၏ ( မန္တ လေး မျက် ပါး ရ ပ် မှ ရွှေ ဆိုင်း လုပ်ငန်းအ ကြောင်း)”   ဒီ နေ့ နေ့ လည် လက် ဖက် ရည် ဆိုင် ရောက် တော့  ရွှေဆိုင်းလုပ်ငန်း လုပ်တဲ့ မိတ် ဆွေ နဲ့ တွေ့ ပါတယ်။ ကျ နော် လဲ မြင် ရော “ကို ပေါက ်ရေ ကျုပ် တို့ လုပ် ငန်း တွေ တော့ ပျက် တော့ မယ် ထင် တယ် […]