alinsettJuly 27, 20131min31024
  နှုတ်ဆက် လမ်းခွဲခြင်းဆိုပြီး ပိုစ့် သုံးပိုင်း ရေးပါရစေ။ အဲဒီ သုံးပိုင်းပြီးသွားတဲ့ အခါ . . . ကျွန်တော် ဘာကို ဦးတည် ရေးတယ်ဆိုတာ ရှင်းသွားမှာပါလေ။ ************************** ကျွန်တော် ဒီ ပတ်ဝန်းကျင်မှာ အချိန်အခိုက်အတန် ့တစ်ခု နေထိုင်ခဲ့ပါတယ် ။ အခုလို နေထိုင်ခွင့် ရခဲ့တဲ့အတွက် ဖန်လာတဲ့ အကြောင်းတွေကို တကယ်ကျေးဇူးတင်ပါတယ် ။ ဒီပတ်ဝန်းကျင်လေးကို ကျွန်တော် ချစ်ပါတယ် ။ *************************** ကျွန်တော် ချစ်တဲ့ ပတ်ဝန်းကျင်လေးထဲမှာ ကျွန်တော် လုပ်ချင်တာတွေ လုပ်ခဲ့ပါတယ်။ လုပ်ခဲ့သမျှ (ပြောခဲ့သမျှ)ဟာလည်း ကျွန်တော့်စိတ် သဘောနဲ့ ကျွန်တော် ကျေကျေနပ်နပ် လုပ်ခဲ့ ပြောခဲ့တာတွေပါ။ အဲဒီနောက် . . . […]


”မိုးကလေးညိုလာရင် xxx လွမ်းမျက်ရည်လေးလည် xxx ငယ်ငယ်တုန်းက သူငယ်ချင်းကို xxx သတိရပါတယ် xxx ကျောင်းသွားအတူတူ xxx ကစားလည်းအတူပဲကွယ် xxx နှောင်းအတိတ်မှာ ပျော်စရာ xxx အောက်မေ့ပါသေးတယ်” ခုတလော မနက်တိုင်းလိုလို မိုးကလေးစွေနေတတ်တယ်။ ပထမတန်းတက်နေတဲ့ သမီးလေးရဲ့ ကျောင်းထမင်းဘူးအမီထည့်ပေးဖို့ မိုးဖွဲတွေကြားမှာပဲ ဈေးကိုထွက်လာခဲ့တော့ မိုးဖွဲတွေကြားမှာပဲ ဈေးက အသက်ဝင်စည်ကားနေတယ်။ ထီးရောင်စုံတွေကြား တွန်းထိုးရင်း ရာသီစာ ပုစွန်ဖော့ချိတ်လေးတွေ တွေ့တာနဲ့ ပုစွန်ကြော်၊ ချဉ်ပေါင်ဟင်းရယ်ချက်မယ်၊ ပိုတဲ့ပုစွန်ကို မျှစ်ကြော်မယ် တွေးပြီး လိုအပ်တာတွေဝယ်တော့ ထုံးစံအတိုင်း မျှစ်ကိုသတိထားရမယ်လေ။ ရန်ကုန်တစ်ခေါက် ရောက်တုန်းက ဆေးမဆိုးထားလောက်တဲ့ အဝါဖျော့ဖျော့ ပေါက်ပြီးသားမျှစ်တွေ ဈေးမှာ ဝယ်ခဲ့ဖူးတယ်။ ဆေးဆိုးမျှစ်ရှောင်စရာမလိုတဲ့ ရန်ကုန်ကအိမ်ရှင်မတွေကို ဒီတစ်ခါတော့ အားကျ မိပြန်ရော။ နယ်မြို့ကလေးမှာတော့ ဈေးထဲကမျှစ်ဆိုင်တိုင်းလိုလို […]


johnnydeerJuly 26, 20131min17918
RIT…RIT နဲ့ ခေါ်လို့ကောင်းလိုက်တာ….သူက RIT ကျောင်းသားလေ…ဆိုပြီး မိတ်ဆက်ပေးနေသံတွေ ကြားရတာ နားဝင်ချိုလိုက်တာ…RIT က ဆင်းရင်…B.E ဘွဲ့ရတာ…စိတ်မဝင်စားခဲ့ပါဘူး…ဌာနဆိုင်ရာတွေမှာ အလုပ်ဝင်လို့ AE ဖြစ်တာ စဉ်းတောင် မစဉ်းစားခဲ့ပါဘူး…ဖတ်ခဲ့ဖူးတာက နွမ်ဂျာသိုင်းတို့ မစန္ဒာတို့ ဝတ္ထုတွေ…ပျော်ရွှင်ဖွယ်ရာ ကျောင်းသား ဘဝတွေ…အဲ့ဒီနောက် ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့တဲ့ ကျောင်းသားအရေးအခင်းတွေမှာ အမှန်တရားအတွက်…တိုင်းပြည်အတွက်…လူမျိုးအတွက် အသက်တွေ ဘဝတွေ အလူးအလဲ ပေးဆပ်ခဲ့ရတဲ့ RIT ကျောင်းသားတွေရဲ့ အမှန်တရား ချစ်မြတ်နိုးစိတ်တွေ ကောင်းကောင်းကြီး သဘောကျနှစ်ခြိုက်ခဲ့ရတယ်…သိပ်သဘောကျခဲ့တာပဲ…ဒီ RIT စိတ်ဓာတ်ကို…ငါလဲ တနေ့မှာ ဒီ RIT ကျောင်းသား ဖြစ်ရမယ်…ဒီကျောင်းကို ငါ တက်ကိုတက်ရမယ်…ဒီအတိုင်းပဲ ကိုယ့်ဘာသာကို ဆုံးဖြတ်ချက်ချခဲ့တယ်… ခေတ်တွေက ပြောင်းသွားတယ်…Rangoon ကနေ Yangon ဖြစ်သွားတယ်…RIT ကနေ YIT ဖြစ်သွားတယ်…ငါတို့ကို တော်လှန်နေတာ […]


  အသက်၃ဝ အကြောင်းကိုစဉ်းစားမိတိုင်း စိတ်ထဲမှာ နောက်ကျိကျိဖြစ်သွားတတ်တာ ၂၈နှစ်ကျော်လာကတည်းကစလို့ပဲ။ ကျန်ခဲ့တဲ့အသက်၁ဝနှစ်၊၂ဝပြည့်ခဲ့တဲ့အချိန်တွေဟာ မသိလိုက်မသိဘာသာ ကျော်ဖြစ်လာခဲ့ပေမယ့် ဒီအသက်၃ဝဆိုတာကြီးကျတော့ လွန်ခဲ့တဲ့ ၂နှစ်လောက်တည်းက ကြိုစိုးရိမ်နေတာ တရားမရှိတဲ့ပုံစံ ဖြစ်နေတာကိုလည်း ရှက်မိပါတယ်။   အသက်၃ဝဆိုတဲ့အရွယ်ဟာ ကျွန်မတို့နိုင်ငံအနေနဲ့ဆိုရင် အခုမှအလုပ်စ လုပ်ချင်တဲ့လူတွေ အတွက် တော်တော်ခက်ခဲသွားပြီ။အိမ်ထောင်ပြုချင်ပါပြီဆိုတဲ့ အပျိုတွေအတွက်ဆိုရင်ကော သိပ်ရွေးဖို့ အဆင်မပြေတော့ဘူး ဆိုပြီး ကျွန်မနဲ့မဆိုင်တာတွေတွေးပြီးတော့လည်း ပူလား ပူရဲ့။ ၂၉ပြည့်ပြီးချိန်မှာတော့ ငါ၃ဝပြည့်တော့မယ်။ပြည့်တော့မယ်နဲ့ လူတကာကို ညည်းပြနေမိပြန်ရော။အဲ့ဒီလို တွေညည်းနေရင်းနဲ့လည်း ငါတော်တော်တရားမရှိတဲ့မိန်းမပါလားလို့လဲ တွေးနေမိသေးသား။   ပိုဆိုးတာက အခုလို ၃ဝပြည့်မယ့် လကျမှ ဖျားလိုက်တာကခဏခဏ။အအေးလေးနည်းနည်းမိရုံနဲ့ နှာချေ၊ နှာချေရာက ချောင်းဆိုး ဖျား။အဲ့ဒီတော့ ငါအသက်ကြီးပိုင်းထဲဝင်လာလို့ ချူချာလာပြီလားလို့ ဖြစ်ပြန်ရော။ ဖျားနေရင်းက ဖေဖေကြီးရေ၊ဖေဖေကြီးရေနဲ့ အော်ညည်းနေမိချိန်တွေကျတော့လည်း ကိုယ့်အရွယ်ကိုယ်မေ့ပြီး ကိုယ့်ကိုယ်ကို […]


အရိပ္စစ္July 25, 20131min772
ဒီတစ်ခါတော့ ဇွန်ပန်းကုံးတွေ မဟုတ်တော့ ။ စံပယ်ကုံးတွေ ဖြစ်နေသည် ။ အနီးအနားမှာ ဘယ်သူမှလည်း မရှိ ။ အရင်အခါတွေ တုန်းကတော့ဇွန်ပန်းကုံးလေးတွေကို ပန်ဖို့ ဝေးစွ နမ်းပင် မနမ်းရှိူက်ကြည့်မိခဲ့ ။ အခု စံပယ် ပွင့်လေးတွေကိုတော့ နမ်းရှိုက်လိုက်မိသည် ။ အဲဒီအချိန်လေးမှာပင် ဘယ်ကနေ ဘယ်လို ရောက်လာသည် မသိသော စံပယ်ကုံးတွေရဲ့  ပိုင်ရှင်က ရွှင်မြုးသွားသည့် အရိပ်ယောင်တွေနဲ့ ဘွားကနဲ ပေါ်ထွက်လာတော့သည် ။ ဘာလုပ်လို့  ဘာကိုင်ရမှန်း မသိဖြစ်နေစဉ်မှာပင် အိပ်မက်က လန့်နိုးလာ၍ တော်တော့သည် ။ အပြင်မှာတော့ မဖြစ်စေရ ဟု  အားတင်းထားမိသည် ။ သစ္စာ တဲ့..။ သူမ ထားရှိသည့် သစ္စာကတော့  သက်ရှိ လူသားတစ်ယောက် အပေါ်မှာ […]


ဤပိုစ့်ကိုဝင်ရောက်ဖတ်ရှု့ကြသောသူအပေါင်းအား မင်္ဂလာအပေါင်းနဲ့ခညောင်းကြပါစေကြောင်းရှေးဦးစွာ နုတ်ခွန်ဆက်အပ်ပါတယ်။ အသက်ကဒီအတိုင်းငြိမ်ငြိမ်လေးမနေ။ဆက်တိုက်တဖြည်း ဖြည်းချင်းကြီးလာတာမို့အရင်ကအကြောင်းတွေ ဖတ်မိတာ တွေ ကြည့်မိတာတွေ ကြုံရဆုံခဲ့ရတဲ့အတွေ့အကြုံတွေကို ပြန်စဉ်းစားမိတော့ အများအားဖြင့်ခပ်ရေးရေးတော့ပေါ်မိသား။ ဒါကြောင့်မှတ်မိတာလေးတခုကို ပြောချင်တာလေးနဲ့ပြောမလား စိတ်ကူးမိပါတယ်။သိပ်မမှတ်မိပေမဲ့ကြောရိုးကလေးကိုအားပြု ပြီး လက်ရှိအတွေးနဲ့ ဖြည့်စွက်ပြီးစာမလှ လှအောင်ပြောပေး ပါမယ်။ (ကျနော်ကစာရေးရင် အချက်အလက်စုခြင်း အကြမ်း ရေးထားခြင်းမရှိ ပဲ စိတ်ကူးပေါ်ရင်ပေါ်သလိုကောက်ရေးတာမို့ စာမချောတတ်သည်ကိုမိမိကိုယ်မိမိသိရှိပါကြောင်း ဟီးး တီဗီရုပ်သံအစီအစဉ်တွင်လား။ ဗီဒီယို(တိတ်ခွေ) ဖြင့်လောသိပ်မမှတ်မိ ပြိုင်ပွဲတပွဲကြည့်ဖူးသည်။ ပြိုင်ပွဲဝင်လိုသူများအဖွဲ့လိုက်စာရင်းပေးသွင်း ၍ပြိုင်ပွဲဝင်ရသည်။တဖွဲ့ လျှင် ရ ယောက်ခန့်ပါဝင်သည်။ အဖွဲ့ ၅ ဖွဲ့ ပါဝင်စာရင်းပေးသည်။ ဘာပြိုင်ပွဲမှန်းကြိုပြောထားပုံမရ။ အဖွဲ့တဖွဲ့ချင်း စီတွင်အမျိုးသမီး အမျိုးသား ရောရက်ပါသည်။ စာရင်းပေးသွင်သူများ အားပြိုင်ပွဲကြီးကြပ်သူတစ်ဦးမှ (အမျိုးသမီးများအား)ဘောင်းဘီ လဲဝတ် စေသည်။ စကတ်တိုရှည်ဖြင့်ပြိုင်ပွဲဝင်ခွင့်မပြု။ အားလုံးပြိုင်ပွဲဝင်ဖို့အသင့် ဖြစ်နေကြပြီ။ပြိုင်ပွဲဝင်မည့်သူများ ကလဲ ဘာပြိုင်ရမှန်းမသိသော်လည်း […]


– – လောကကြီးက ဆန်းကျယ်သားခင်ဗျ၊ ဦးကျောက် အသက်လည်း ၄ဝကျော်ခဲ့ပြီမို့ ကိုယ့်အကြောင်း သူများအကြောင်း စုံနေအောင် မြင်ရကြားခဲ့ရဖူးပါတယ်။ ရတာမလို မလိုတာရတဲ့ သူငယ်ချင်းတွေကိုလည်း မြင်ရကြားရဖန်များလို့ ရိုးနေပြီပေါ့ဗျာ။ အသားမဲတာကြောက်ပါတယ်ဆိုတဲ့ မဒီတွေများ ညားလိုက်ရင် မဲမဲသဲသဲတွေနဲ့ချည်းပဲ၊ အဲသလိုပါပဲ ချောချောဖြောင့်ဖြောင့်မောင်ရင်များလည်း ယူလိုက်ရင် ရွက်ကြမ်းရေကြို။ အဟဲ… ကျောင်းတုန်းက အလွန်ပဲများတဲ့ ဓာတုဗေဒဋ္ဌာနက အလှဘုရင်မ၊ “ဓာတုကလျာ” လို့အမည်တပ်တဲ့ ကလျာကို သူ့ခင်ပွန်းနဲ့တွဲတွေ့လိုက်ရတော့ လန့်တောင်သွားတယ်။ သူတပါးကိုနှိမ်ချပြောတာတော့ မဟုတ်ရပါဘူးဗျာ၊ “ကုသနဲ့ပပ” ဇာတ်ထုပ်ကဖို့ “သရဲလေးအောင်စိန်ဇာတ်”က ဘီလူးမင်းသား ငှါးလာသလားမှတ်ရတယ်ခင်ဗျ။ ဒါပေသည့် “ဓာတုကလျာ”ကတော့ “ကိုကို..” ဆိုတာကို နှုတ်ဖျားကမချ၊ ၅မိနစ်မှာ အလုံး ၃ဝလောက် ရေလဲသုံးတယ်ခင်ဗျ။   ပြောရရင်တော့ဗျာ၊ လူ့စိတ်ဆိုတာ မှန်းရအခက်သား။ ဦးကျောက် […]


Mr. MarGaJuly 17, 20131min83196
. . . . . . . . . . . တစွန်းတစ  ငယ်ဘဝနှင့် ပြန်သတိရမိတဲ့ ကာတွန်းတွေ ခုတလော အတွေးလဲနည်း လူလဲ အပျင်းရောဂါ စွဲကပ်နေလို့ စာမရေးဖြစ်တာတောင် ကြာပေါ့။ ကိုယ်တိုင်သာ စာမရေးဖြစ်တာပါ…………စာဖတ် ကျပြန်တော့လဲ ဟိုအကြောင်းပြ ဒီအကြောင်းပြ နဲ့ ဝေ့လိုက်ဝိုက်လိုက် လုပ်နေတာပါပဲလေ။ ဒီတစ်ခါတော့ အဲဒီ စာဖတ်ခြင်းကိစ္စနဲ့ ပတ်သက်ပြီး ငယ်ဘဝကို ပြန်တွေးမိလို့ အတင်းအကျပ် မှတ်ဉာဏ်ထဲက ပြန်ဖော်ထားတဲ့ အကြောင်းအရာလေးတွေ ပြောပြချင်မိတယ်။ ခေတ်တွေ ကွာလာတော့ တိုးတက်မှုတွေ ဆုတ်ယုတ်မှုကလေးတွေလဲ မြင်လာမိတာကိုး………. ပြောချင်တဲ့ အကြောင်းအရာကတော့ ဒီလို……ဒီလို…………. သူများတွေတော့ ကာတွန်းတွေ၊ ရုပ်ပြတွေ ဘယ်အချိန်မှာ စဖတ်ကြသလဲမသိ ဦးမာဃကတော့ […]


သူကေလးJuly 17, 20131min1446
အကြာကြီးထားရင် အဆက်ပြတ်သွားမှာစိုးလို့ ခပ်မြန်မြန်တင်ပေးလိုက်တယ်နော့် …   ရော့ အင့်   နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၈)   အပိုင်း (၁၉) တနေကုန် Meeting Room ထဲမှာပင် အချိန်ကုန်သွားတာမို့ အပင်ပန်းမခံဖူးတဲ့ကျွန်မ တော်တော်လေးနုံးချိသွားရ၏။ အန်တီမေသက်ကတော့ အပြုံးလေးပင်မပျက်ပေ။ အဲဒါကြောင့်လည်း အခုလိုကုမ္ပဏီကြီးတစ်ခုကို တစ်ယောက်တည်းဦးဆောင်နေနိုင်တာဖြစ်ရမည်လေ။ ညနေဒင်နာမစားခင် အိမ်ပြန်ရေမိုးချိုးချိန်လေးရတာမို့ ရုံးကကားနှင့်ပင် အိမ်ကိုပြန်လာခဲ့သည်။ ကားပေါ်မှာ ဖုန်းကိုထုတ်စစ်ဖြစ်တော့ ဗိုလ်ခေါ်ထားတဲ့ missed call တွေအများကြီးတွေ့ရတော့တယ်။ ဗိုလ့်ဆီဖုန်းပြန်ဆက်ဖို့လုပ်လိုက်ပေမယ့် ရုံးကကားနှင့်မု့ိ အိမ်ရောက်မှဆက်တော့မည်ဟု တွေးလိုက်မိသည်။ ရုံးမှာကျတော့မသိသာပေမယ့် အခုလိုကားပေါ်မှာ ရုံးက ဒရိုင်ဘာရှေ့မှာ ကောင်လေးတစ်ယောက်ကိုချော့နေတဲ့ မိန်းကလေးတစ်ယောက်မဖြစ်ချင်။ အန်တီမေသက်အသိလည်းဖြစ်၊ ရုံးစရောက်တည်းက တော်တယ်ဟု ချီးမွမ်းခံထားရတော့ အိန္ဒြေလေးနှင့်သာ နေဖြစ်ခဲ့သည်။ ခွင့်လွှတ်ပါဗိုလ်ရေ။ ဟန်နီ […]


KingJuly 16, 20131min27316
ရွာထဲလည်း မရောက်တာတော့ ကြာပေါ့ ။ ရွာထဲသာ မဝင်ဖြစ်တာပါ ရွာအပြင်ကနေ ရွာထဲက အခြေအနေကို အမြဲ လေ့လာလျှက်ပါ။ ဘာလို့ ရွာထဲ မဝင်သလဲဆိုရင်တော့ ရွာထဲမရောက်ဖြစ်လို့ပေါ့ဗျာ 😆 ကဲကဲ ပေါက်ကရ စာစုလေးတွေ ချရေးတော့မယ် … —————————————————————————– အချစ်နဲ့ ပင်ပန်းခြင်း —————- တစ်ယောက်ယောက်ကို ချစ်ရတာ ပင်ပန်းတယ် တစ်ယောက်ယောက်က ချစ်တာကို ခံရရင်လည်း ပင်ပန်းတယ် ဒါကြောင့် အချစ်ဆိုတာ ပင်ပန်းတယ် ……………………………………………………………………. အရှုံးတကာ့အရှုံး —————- မိမိအချစ်ကို တစ်ပါးသူမသိဘဲ ကျိတ်ချစ်၍ ရှုံးရသော အရှုံးထက် မိမိအချစ်ကို တစ်ပါးသူသိပြီး မချစ်ဟန်ဆောင်ကာ တစ်ပါးသူ၏အောက်တွင် ရှုံးရသော အရှုံးက ပိုပြီး ဆိုးဝါးလှ၏ .. …………………………………………………………………….. ဘယ်သူက ခံစားလို့ပိုကောင်းမလဲ […]


kotun winlattJuly 16, 20131min1348
                **************************************************************************************************************     ၈.၇.၂၀၁၃ တနင်္လာနေ့မှာတော့ သွားလှူဖြစ်တယ်ပြောရမလားးး လှူဖြစ်တယ်ပြောရမလားးးး မသွားရဘူးလားဆိုတော့လည်း သွားရတယ်… အဝေးကြီးတော့ မဟုတ်ဘူးပေါ့…။ ဒီတစ်ခါလှူဖြစ်တဲ့ ရွာကတော့ ကျနော့်ရွာက ကျောင်းကလေးပါ..။ ကျနော့်ရွာလေးဟာ မော်လူးနဲ့ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းသာ ခြားထားတဲ့ ရွာလေးဖြစ်ပါတယ်..။ ရွာဆိုတာထက် ရပ်ကွက်လို့ပြောရမလားးး ဟိုးးအရင်က ကျနော်မမွေးခင်အချိန်က မဲရုံ(၈/၉) ဆိုပြီးခေါ်ခဲ့ပါသတဲ့…။ နောက်ပိုင်းတော့ ရပ်ကွက်(၈/၉)ပေါ့…။ မော်လူးကို မြို့ အဆင့်တိုးမြင့်ပေးဖို့ရာ ကြိုးစားကြတော့ ကျနော်နေတဲ့ ရွာလေးဟာ မြို့နယ်နမိတ်ထဲ မပါတော့ဘူးဆိုလားပဲ..။ မော်လူးကို မန္တလေး-မြစ်ကြီးနား မီးရထားလမ်းနဲ့ မော်တော်ကားလမ်းက တောင်မြောက် အပြိုင်ဖြတ်သန်းသွားတာလေ… မီးရထားလမ်းရဲ့ အရှေ့ဘက် မော်လူး အနောက်ဘက်ကတော့ […]


သူ့ကို ကျွန်မက  “မောင်” ဟုခေါ်ပါသည်။ ဒါက သူခေါ်ခိုင်း၍ ခေါ်ရခြင်းပါ။ ကျွန်မတို့ ရပ်ရွာတွင် သမီးရည်းစား၊ လင်မယားများသည် နာမည်တပ်၍ ခေါ်လေ့ရှိကြပါသည်။ ကိုကိုတွေ၊ မောင်မောင်တွေ ဘယ်သူမှ မခေါ်ပါ။ ရည်းစားစာတဲတွင်တော့ ရေးပြီးခေါ်ချင်ခေါ်ကြသည်။ အပြင်မှာ လူချင်းတွေ့လျှင် နာမည်ပဲခေါ်ကြသည်။ တချို့များ နာမည်ပင်မခေါ်ရဲကြသဖြင့် စကားပြေလျှင် မျက်လုံးချင်းဆုံမျ အမည်မတပ်ဘဲ စကားပြေတတ်သည်။မျက်နှာချင်းမဆုံလျှင် ဆုံအောင် အသံတစ်ခုခု ပြုရသည်။ ရယ်စရာပြောလေ့ ရှိသောပုုံပြင်တစ်ခု၌ မိန်းကလေးက သူ့ယောက်ျားကို ထမင်းစားဖို့ခေါ်ချင်သည်။ ယောက်ျားက လှမ်းမကြည့်တော့ အသံပေးမှာဆိုပြီး အနီးမှာ ရှိသည့် ခွေးကို  “ဟဲ့ခွေး”ဟု အသံပြုလိုက်၏။ အသံကြား၍ ယောက်ျားလှည့်ကြည့်တော့မှ  ထမင်းစားမယ်ဟု ခေါ်ရသည်ဆို၏။ သည်တော့ :ဟဲ့ခွေး…. ထမင်းစားမယ်” ဖြစ်သွားသည်။ ခုလည်း ကျွန်မသည် သူ့ကို […]