ဆုတောင်းခဲ့ဖူးပါသည်… (၁)   https://myanmargazette.net/171969/creative-writing ဆုတောင်းခဲ့ဖူးပါသည်… (၂)   https://myanmargazette.net/172279/creative-writing ………………………………   အခန်း (၆)   မဟုတ်ပါစေနှင့် ဟု အကြိမ်ကြိမ်ဆုတောင်းထားခဲ့သော်လည်း သေချာမှုတစ်ခုကတော့ အိမ်အပြန်တွင် စောင့်ကြိုနေခဲ့ပါသည်။   “ငါ နေ့ခင်းက ကိုဖြိုးနဲ့ ဖုန်းပြောတယ် ခင်လေး..” “ဘာတဲ့လဲဟင်” “သူ မြင်မြင်ချင်း သဘောကျသွားတယ်တဲ့… နောက် တကယ်ချစ်မိသွားတယ်တဲ့… ” “အော်.. အဲ့လောက်တောင်မှလား…” “အင်း… ငါ ပြောတော့ပြောလိုက်ပါတယ်… ခင်လေး ဘယ်လောက်တောင် ခံစားရမလဲ နင်မသိဘူးလားဆိုတော့… သူ မထင်ရက်ပါဘူးတဲ့… ” “နင်တို့တောင် သိနေတဲ့ ငါ့သံယောဇဉ်တွေကို သူမမြင်ခဲ့ဘူးပေါ့…” “သူက ပြောတယ်.. တစ်ခါတစ်ခါတော့ သူလည်း အဲဒီလို ခံစားရပါတယ်တဲ့.. ဒါပေမယ့် အချစ်ဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ သာမန်ထက်ပိုတဲ့ […]


သူကေလးApril 6, 20131min16611
  နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁)   https://myanmargazette.net/172322/creative-writing   အပိုင်း( ၂ )   နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာက တံခါးကို တဒုန်းဒုန်းထုသံကြောင်း နိုးလာရသည်။ ကွာ …   “ ဘယ်နှစ်နာရီရှိပြီလဲဟာ … ဒီချိန်ထိတောင်မထသေးဘူး ထတော့ ရှမ်းခေါက်ဆွဲသွားစားရအောင် ”   အသံနဲ့အတူ အခန်းထဲ ပိုင်စိုးပိုင်နင်းဝင်လာသူကတော့ ကျွန်မ ရဲ့ အာပေတူးသူငယ်ချင်း လင်းလက်ပဲပေါ့   “ ဘာတုန်း… ညက ၃နာရီမှအိပ်ရတာကိုကွာ … ဒီမှာခုမှအိပ်ကောင်းတုန်းဟ”   “ လာပါဟာ .. ထပါ .. ငါဝယ်ကျွေးမယ်လေ .. ထ .. ငါဗိုက်ဆာနေဘီဟ ”   ကျွန်မရဲ့အိပ်ချင်မူးတူး […]


သူကေလးApril 5, 20131min25118
      အဲဒီနေ့က ကျွန်မကျောင်းမတက်ဖြစ်ခဲ့ပါ …… “ဘယ်လိုနေသေးလဲ မမချို အဆင်ပြေလား” တံခါးဖွင့်သံနှင့်အတူ အသံတချိူ့ကအရင် ကျွန်မအခန်းထဲဝင်လာရောက်လာသည်။ “နေ့လည်လောက်ကတည်းအိပ်နေတာပဲ မောင်ခန့်ရယ် အစားတော့ကောင်းကောင်းမစားချင်ဘူး အိပ်နေလို့တော်သေးတာပေါ့” အသံနှစ်သံကိုကြားတာနဲ့ ဘယ်သူတွေမှန်း ကျွန်မသိလိုက်ပါသည်။ “ကု့န်နေပြီပဲ ဒီနေ့တော့ ဒီတစ်ပုလင်းနဲ့ပဲနားလိုက်တာကောင်းပါတယ် အရမ်းများရင် မတိုးတော့မှာစိုးလို့ပါ” “မောင်ခန့်ကောင်းသလိုသာကြည့်လုပ်လိုက်ပါ” “အဲလောက်လည်းစိတ်မပူပါနဲ့ မမချိုရယ် … ကျွန်တော်ဂရုစိုက်ပါ့မယ်” လက်မှ တစ်စုံတစ်ရာကိုဆတ်ခနဲ နှုတ်ယူခြင်းခံလိုက်ရသည်။ ဆစ်ခနဲနာကျင်သွားပေမယ့် အပြုံးမပျက်ခဲ့မိပါ။ ခဏနေတော့ သူတို့ထွက်သွားကြသည်။ ထိုအချိန်မှ ကျွန်မလှဲနေရာက ထပြီး ပြတင်းပေါက်ရှေ့သွားရပ်လိုက်သည်။ နွေညက အေးမြခြင်းကို ခေါ်ဆောင်မလာခဲ့ပေ။ လပြည့်ညဟုတ်မဟုတ်တော့ ကျွန်မမသိပါ။ လမင်းကြီးကတော့ ဝိုင်းစက်စက်ရှိနေပါသည်။ ထိုရှေ့ကထွက်ကာ စာကြည့်စားပွဲရှေ့ကိုလှမ်းခဲ့မိသည်။ မမေသူ … အဌမတန်း (င) ဟုရေးထားသည့် ကျောင်းသားကဒ်လေးတစ်ခု […]


သူကေလးApril 4, 20131min31820
    နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁)   ငါလေ ငါစိတ်ဝင်စားသလိုဖြစ်မိတဲ့ ကောင်လေးတွေဆီ “ ချစ်တယ် ”ဆိုတဲ့စကားကိုကြားရတာ အရမ်းစိတ်ချမ်းသာတယ် သူတို့ဆီက “ ချစ်တယ် ” ဆိုတဲ့စကားမကြားခင်အထိတော့ … ငါ့မျှော်လင့်မှုက မိုးမမြင်လေမမြင်ပေါ့ … ဒါပေမယ့် သူတို့ဆီက ငါ့ကိုအရမ်းချစ်ပါတယ်ဆိုတဲ့စကားကိုကြားပြီးသွားရင်သူတို့က ငါ့အတွက် ဘာမှမဟုတ်တဲ့လူတွေဖြစ်သွားရော ( ဟန်နီ ) လူတစ်ယောက်ရဲ့ဘဝမှာ ဘယ်သူကအရေးအကြီးဆုံး အချစ်ဆုံးဆိုပြီးမရှိဘူး ဟန်နီရဲ့ အခြေအနေနဲ့ အချိန်အခါအရ .. အရေးကြီးဆုံးဆိုတဲ့လူတွေက တစ်ယောက်ဆီဖြစ်သွားတတ်တယ် ငါ့ဘဝမှာ ငါနဲ့ပက်သက်သမျှ မိန်းမတိုင်းကို ငါချစ်တာပဲ ဒါပေမယ့် ဘယ်မိန်းမကမှ ငါ့အတွက် အမြဲ နံပါတ်တစ်ဖြစ်မနေဘူး နံပါတ်တစ်အမြဲဖြစ်နေရင် ကြာရင်ရိုးသွားတတ်တယ်ကွ (အာကာဗိုလ်) အပိုင်း (၁) သွေးအေးအေးနဲ့ […]


– – ++++++++++++++++++++++++++++++++++++++++++ ဆုတောင်းခဲ့ဖူးပါသည်… (၁)   https://myanmargazette.net/171969/creative-writing ++++++++++++++++++++++++++++++++++++++++++   အခန်း (၄)   မမနွေး… နာမည်အပြည်အစုံက နွေးရတီဝင်း။ အသားဖြူဖြူ၊ လူကောင်ခပ်သေးသေးနှင့် ချစ်စရာကောင်းသော တိုင်းရင်းသူ မမနွေးက ခင်လေးတို့ထက် (၃) နှစ်ကြီးပါသည်ဆိုလျှင် မည်သူကမျှ မယုံချင်ကြပါ။   ကျောင်းပြီးလို့ ဘွဲ့ရပြီးချိန်တွင် နေခြည်က အဆောင်နေပြီး သင်တန်းတက်သည်။ နောက်ပိုင်းတွင် သီးသန့်နေတတ်သည့် နေခြည်က အဆောင်မနေချင်တော့ပါဟုဆိုတော့ ခင်လေးတို့ တစ်နယ်တည်းက သူငယ်ချင်းတွေစုပြီး တိုက်ခန်းငှားနေကြသည်။ ထိုအခါ နေခြည်နှင့် တစ်ဆောင်တည်းနေခဲ့သည် မမနွေးကပါ ခင်လေးတို့ဆီ ပါလာခဲ့တော့သည်။   မမနွေးကို ခင်လေး ချစ်ပါသည်။ သမီးကြီးဖြစ်သည့် ခင်လေးအတွက်ကတော့ အစ်မတစ်ယောက် ကောက်ရသကဲ့သို့ပင်။ မမနွေးကလည်း နွဲ့ဆိုးဆိုးတတ်သည့် နေခြည့်ကို […]


  “တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ .. မိုးစက်တွေ .. လေဝေ့လို့ တရွေ့ရွေ့ယူသလေ တိမ်ဦးလေးရေ .. လွမ်းငွေ့ကို ဆင် .. ဖေါ်မစုံကြွမ်း လွမ်းစိတ်တွေပွေ …” စစ်မြေပြင်စခန်းတစ်နေရာက ချစ်သူဇနီးကို ပြန်လွမ်းရတဲ့ နတ်သျှင်နောင်ရဲ့ အလွမ်းကို သီကြူးထားတဲ့ သီချင်းတစ်ပုဒ်ပါ။   ————————————– “ဒီအခွင့်အရေးကို အဆုံးအရှုံးမခံနိုင်ပါဘူး” သူ့စကားဆုံးတော့ ကျွန်တော်ဆက်မပြောချင်တော့ ဖုန်းကိုသာ ချလိုက်ရပါတယ်။ ပီစီအိုဆိုတဲ့ တယ်လီဖုန်းတဲလေးက ထွက်ပြီး ဆူးလေးဘုရားလမ်းအတိုင်း ကျွန်တော်လမ်းလျှောက်ပြန်ခဲ့တယ်။ ကျွန်တော်ဟာ တကယ်တော့ မန္တလေးသားပါ။ ရန်ကုန်မှာ အလုပ်လုပ်နေတာမို့ အမျိုးသမီးနဲ့ သမီးဖြစ်သူကို ခွဲပြီး နေရပါတယ်။ အခုတော့ သင်္ကြန်ပိတ်ရက်ကလည်း နီးပြီမို့ ကျွန်တော် ပျော်ရပါတယ်။ ဟုတ်တယ်လေ။ ကျွန်တော်တို့ မိသားစုအတူတကွ နေနိုင်တဲ့ […]


အခန်း (၁)   “ခင်လေး သူ့ကို သိပ်ချစ်တယ် အစ်မ…. အစ်မ သိတယ်မို့လားဟင်…”   ကြည်နူးစွာပြောလိုက်သည့် ခင်လေးကို မမနွေးက ပြုံးပြီးကြည့်လိုက်ပါသည်။   “အစ်မ သိတာပေါ့ ညီမလေးရယ်… သူ့အကြောင်းပြောရင် ညီမလေးပြုံးနေတာ… အချိန်ပြည့် သူနဲ့ တွေ့ချင်နေတာ… ဖုန်းတွေပြောချင်တာ… သူနဲ့စရင် ရှက်ကိုးရှက်ကန်းဖြစ်နေတာ… အစ်မ ရိပ်မိပါတယ်… နောက်ဆုံးတော့ အစ်မကို ပြောပြပြီပေါ့…” “ခင်လေး သူ့ကို ချစ်တယ်ဆိုတာ ဘယ်သူ့ကိုမဆို ပြောပြရဲပါတယ်… ချစ်တယ်ဆိုတာ ရှက်စရာလို့လည်း ဘယ်တော့မှ မတွေးခဲ့မိပါဘူး… တစ်ခုပဲ… ဒါကို သူရိပ်မိတယ်ဆိုရင်တောင် တရားဝင်မသိစေချင်ဘူး… သူ့ကို တရားဝင်သွားပြောမယ့်သူတွေကိုတော့ မပြောဖြစ်ပါဘူး…” “သူသိတော့ ပိုမကောင်းဘူးလား ညီမလေးရယ်…” “ခင်လေး ကြောက်တယ် အစ်မရယ်… ခင်လေး ကြုံဖူးခဲ့ပါတယ်… […]


နိဒါန်း   ကျွန်တော် သူ့ကို သိတာကြာပြီ။ သူ့မှာ ကဗျာတွေ ရှိမှန်းလည်း သိတာကြာပြီ။ ပြီးတော့ အဲဒီကဗျာတွေကို သူရေးထားမှန်းလည်း သိတာလည်း ကြာပြီ။ ဟုတ်တယ်။ ကျွန်တော် ဒီအကြောင်းကို အဲဒီက စပြီး နိဒါန်းပျိုးဖို့လိုအပ်လို့ မဟုတ်ဘဲ ပျိုးချင်လို့ကို ပျိုးလိုက်တယ်။ (ဘယ်သူ ဘာပြောပြော)   (A) တိမ်တွေ ထူထပ်တဲ့ တစ်နေ့က သူ ကျွန်တော့်ဆီ ရောက်လာတယ်။ ရောက်လာမယ့် အကြောင်းလည်း ကျွန်တော့်ကို ကြိုတင်လို့ အကြောင်းကြားလာတယ်။ ကျွန်တော်နဲ့ သူတွေ့ချင်တယ်ပေါ့။ ဘာဘာညာညာ ကျွန်တော်တို့ မပြောဖြစ်ခဲ့ကြပါဘူး။ သူဟာ တိမ်တွေကို သယ်လာပြီး ကျွန်တော်ရွာဆိုမှ ရွာပေးမယ့်လူမှန်း ကျွန်တော် သိခဲ့တယ်။ တွေ့တွေ့ချင်း ကျွန်တော်တို့နှစ်ယောက် သီချင်းတွေ နားထောင်ကြတယ်။ လေးဖြူ၊ […]


ငွက္ကေလးMarch 27, 20131min17310
တစ်ခါတုန်းက ထူးဆန်းသော ကမာ္ဘကြီးတစ်ခုရှိလေသည်။ အဲ့ဒီကမာ္ဘသူကမာ္ဘသားတို့သည် ငြိမ်းချမ်းစွာနေထိုင်ကြသည်။ ဘာသာရေးမှိုင်းမိမှု့မရှိ။ ကိုးကွယ်ရာ ဘာသာတစ်ခုသာရှိကြသည်။ သူတို့အားလုံးသည် အသိဉာဏ်ကြွယ်ဝကြသည်။ အယုံမလွယ်ကြ။ အသားအရောင် ခွဲခြားမှု့လည်းရှိဟန်မတူ။ လူမဲ၊ လူဖြူ၊ လူနီ၊ လူဝါ အကုန်ယှဉ်တွဲနေကြသည်။ ပူးပေါင်းကြသည်၊ ရိုင်းပင်းကြသည်။ အဲ့ဒီကမာ္ဘကြီးတွင် နိုင်ငံတစ်နိုင်ငံတည်းသာရှိသည်။ တစ်ကမာ္ဘလုံးသည်၊ တစ်နိုင်ငံသာဖြစ်သည်။ တစ်ကမာ္ဘလုံးသည်လူမျိုးတစ်စုတည်းဖြစ်လေသည်။ ဤအရာသည် ပုံပြင်တစ်ပုဒ်ဖြစ်သည်။ ဤပုံပြင်၏ ဖန်ဆင်းရှင်သည် ကျွန်ပ်ကိုယ်တိုင်ဖြစ်တော့သည်။ တစ်ခါတုန်းက ကမာ္ဘကြီးတစ်ခုရှိလေသည်။ ကမာ္ဘကြီးထဲတွင်…. ကလေးတစ်သိုက် ကစားနေကြသည်။ —– `ကဲ၊ ငါတို့ သူခိုးကိ ုရဲလိုက်ဖမ်းတမ်း ကစားကြမယ်၊ ဟေ့ကောင်ကုလား (အသားမဲမဲကောင်လေး တစ်ယောက်ကို ရည်ရွယ်ပြီးပြောလိုက်သည်) မင်းက အသားမည်းတော့ လူဆိုးလုပ်´ `အမ်၊ ဘာဆိုင်လို့တုန်းကွ၊ မင်းကလဲ´ `ဆိုင်ဆိုင် မဆိုင်ဆိုင်၊ အသားမဲလို့ လူဆိုးလုပ်၊ […]


alinsettMarch 26, 20131min2006
ငှက်မြန် ( သို့မဟုတ်) သားအတွက်သီချင်း ဒီ သီချင်းလေးကို ခံစားကြည့်ပါဦး ဥပေါက် စ ချစ်စရာ ့ ငှက်ငယ် ရင်သွေး.လေး… အတောင်မစုံခင်မှာ…တစစ ကြီးပြင်းဖို ့ အစာ ခွံ ့ကျွေး….. မိုးထက်က ကောင်းကင်ယံ ကို..ပျံတက်..ဖို ့…… အဆင်မသင့်ချိန်မှာ..ငှက်ခတ်သမားများ..တွေ ့မယ်…သတိ…ထား…. အားလုံးကို… အပေါ်စီး မြင်အောင်…… ဟိုး…ဘဝဂ်ဆီကို မြင့်မြင့် ပျံ……. စွမ်းစွမ်းတမံ …လေအဟုတ် ..စီး..တဲ ့ ငှက်မြန်…… ဘေးကင်းစေ…..ချင်…တာ….. စူးစမ်းထား..ကိုယ့်ရဲ ့ အသိုက်အမြုံ မခွာခင်မှာ…….. ဘဝ အတွေ ့အကြုံ ဟာ… ရနိုင်သလောက်… အားလုံး..ပိုသည် မရှိ……. သတင်းကောင်းများ ကြားရလို ့သာ…ဂုဏ်ယူ..ချင်….. ခွင့်ပြုချိန်တန်…ဆုံးမ အားပေးစကားတွေ မှာကြား……. အသင့်ဖြစ်နေတဲ […]


CourageMarch 26, 20131min31615
ကြားစကား ကြား(ဂျား)စကား ခါး ခါး ခါး   တစ်နေ့ တစ်နေ့ မျိုးစုံနေအောင် ကြားနေရတဲ့ မကောင်းသတင်း၊ အဆိုးသတင်းတွေကို နားမှာကြားမိခဲ့တော့ ဘာရယ် တော့ မဟုတ်ပါဘူး ငယ်ငယ်က ကြားဘူးခဲ့တဲ့ ပါးစပ် ဇာတ်လမ်းလေးတစ်ခုကို သွားပြီ သတိရမိလေရဲ့။ ဖြစ်ရပ်မှန်တော့ မဖြစ်နိုင်ပေမယ့် ဒီပုံပြင်ရဲ့ အဓိက ပေးချင်တဲ့ အသိလေးကတော့ တော်တော့ကို သင်ခန်းစာ ယူစရာကောင်းတယ်ပဲ ဆိုရမယ်ထင်။ တစ်ကယ်တော့ ဒီဇာတ်လမ်းလေးက ပုံပြင်မဟုတ်ပါဘူး။ ဖြစ်ရပ်တစ်ခုကို ခြေခံပြီးပေါ်လာတဲ့ အကြောင်းရင်းလေးပါ။ ဘာများပါလဲ။ အားလုံးလဲ ကြားဖူးပြီးသားပါ။ “ခလုပ်တိုက်၊ ဖါးပြုပ်ကိုက်၊ တရုပ်ရိုက်” ဆိုတဲ့ ဖြစ်ရပ်လေးပေါ့။ တစ်ကယ်တော့ ဆန္ဒရှိလို့သာ ရေးမယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် အမှန်အတိုင်းဆိုရရင်ကျွန်တော်လဲ ဒီဇာတ်လမ်းလေးကို အတိအကျ မမှတ်မတော့ပါ။ သို့ပေမယ့် […]


ငွက္ကေလးMarch 25, 20131min2208
ကမာ္ဘတစ်ဝှမ်းလုံးတွင် ညို့မှိုင်း၍အုံ့ဆိုင်းနေသည်။ နေရာအနှံ့အပြားတွင်မီးခိုးလုံးများက အင် နှင့်အားနှင့်အုံကြွနေကြသည်။ တောမီးများကလည်း အကြီးအကျယ်လောင်မြိုက်နေပြန်သည်။ လမ်းမထက်တွင်တိရိစာ္ဆန်အလောင်းနှင့် လူသေအလောင်းတို့က ရောနှောပြန့်ကြဲနေသည်။ လေယာဉ်တို့ကဗုံးများကို အဆက်မပြတ်ကျဲချနေသည်၏။ အော်ဟစ်ငိုယိုသံ၊ ပေါက်ကွဲသံနှင့် လေယာဉ်သံတဝီဝီတို့က ကမာ္ဘတစ်ခွင်လုံး သောသောညံ နေသည်။ ရေကန်များ၊ ချောင်းများ ခမ်းခြောက်နေသလို၊ သစ်ပင်၊ ပန်းပင်တို့က လွန်စွာရင့်ရော ညိူးနွမ်းလှသည်။ အဝီစိငရဲ တစ်ခုလုံးလူ့ပြည်ပေါ်သို့ ပြောင်းရွှေ့နေရာယူနေသယောင် ကမာ္ဘတစ်ခွင်လုံးပွက်ပွက်ဆူနေ၏။ လမ်းကြားတစ်ခုအတွင်း ဗလတောင့်တောင့် လူတစ်ယောက်က လူငယ်လေးတစ်ဦးအား ထိုးကြိတ်နေသည်။ ထိုလူငယ် ၏မျက်နှာမှာနီရဲစုတ်ပြတ်နေသည်။သူ၏လက်ထဲတွင် ထမင်းထုပ်တစ်ထုပ် ကိုကျစ်ကျစ်ပါ အောင်ဆုပ်ကိုင်ထားသည်။ အနိုင်ကျင့်နေသော်လူကြီးက ထမင်းထုပ်ကိုအတင်းလုယူနေ၏။ “ဟေ့ကောင်၊ မင်းလက်ထဲကထမင်းထုပ်ပေးစမ်း” “မလုပ်ပါနဲ့ဗျာ၊ ကျွန်တော့်အမေကိုကျွေးဖို့ ရှားရှားပါးပါးရှာထားရတာပါ၊ မလုပ်ပါနဲ့” “ဟာကွာ၊ စကားများလိုက်တာ မင်းကသားလိမ္မာလေးဖြစ်ချင်နေတယ် ဟလား၊ ဒါဆိုငါ့ကို              မင်းအဖေလို့သဘောထားလိုက်ကွာ၊ ကဲပေးစမ်း” “မပေးဘူးဗျာ” […]


naywoon niMarch 23, 20131min15912
အောင်မြတ်လေးးးးး ဟိုနဲ့က ရုတ်ရုတ် ဒီနားက ဆူဆူညံနဲ့ ကြားရနားဝက မသက်သာပါလား ဟရို့……….။ တစ်ခုက မှလည်း စိတ်ချမ်းသာစရာမတွေ့ရ တွေ့နေမြင်နေ ကြားနေရသမျှကတော့ တော်တော်လေး စိတ်ဆင်းရဲစရာကောင်းတော့တာပဲ….။ ပြဿနာစစ် အရင်းမြေက တဲ့ …..။ မျိုးစေ့မမှန် ပင်မသန် တဲ့….။ မျိုးစေ့မှန်တော့လည်း မြေမှမကောင်းရင် ဘယ်လိုလုပ် အပင်က သန်နိုင်မှာတဲ့လဲ …..။ ဒါဟာ တိုင်းပြည်ကို အမှောင်ချခဲ့တဲ့ အကျိုးဆက်တွေပေါ့….။ တစ်ဖက်နားဖောက် တစ်တစ်ဘက်မြင် ပြီးတော့ပညာရေးမှာလည်း လိုချင်သလောက်ပဲ တတ်အောင်သင်ပေးခဲ့တာရယ် မလိုချင်တဲ့သတင်းနဲ့နည်းပညာတွေ ပိတ်ပင်ခဲ့တာရယ် အားလုံး ဆိုးကျိုးတွေ တွေ့ရတော့တာပေါ့ ….။ ပြည်သူတော်တော်များများက အရင်က ဘာလုပ်ပိုင်ခွင့်မှမရဘူး အားလုံးအပိတ်ပင်ခံထားရတယ်….။ ဆင်းရဲတယ် ကျပ်တည်းစွာနေထိုင်စားသောက်ရတယ်…။ ပွင့်လင်းလာချိန်မှာ လုပ်ပိုင်ခွင့် အတန်အသင့်ပေးလာချိန်မှာ ဘာမှမလုပ်ကိုင်နိုင်ဘူး….။ လုပ်စရာအရင်းအနှီး အတတ်ပညာမရှိဘူး […]