“ကြောက်စေသင့်၏ မသင့်၏”   ဥပုဒ်နေ့ဆိုတာ မန်းလေးသူမန်းလေးသားများရဲ့အလုပ်ပိတ်ရက်ပေါ့။ ဟိုးရှေးကတည်းက ဈေးချိုတော်နဲ့ ကုန်စည်ဒိုင်ပိတ်ရက်ဖြစ်တဲ့ဥပုဒ်ေ့နကို အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ခဲ့ကြပါတာပါ။ ကြားဥပုဒ်တွေပိတ်ချင်ပိတ် မပိတ်ချင်နေ ဥပုဒ်ကြီးလို့ခေါ်တဲ့ လပြည့်လကွယ်နေ့ကတော့ လူတိုင်းလောက်နီးပါးဆိုင်ပိတ်ပါတယ်။ အဲ့တော့ မန်းလေးမှာလာဖွင့်ကြတဲ့ကုမ္ပဏီအတော်များများရဲ့ပိတ်ရက်ကလဲ ဥပုဒ်နေ့ အလိုလိုဖြစ်ကုန်ပါတယ်။ ရှေးရှေးကတော့ ဒီလို ဥပုဒ်ရက်ဆိုတာ ဘုရားသွားကျောင်းတက်ပေါ့။ ကျနော်တို့ခေတ်မှာတော့ ဘုရားသွားကျောင်းတက်ဆိုတာထက် သူငယ်ချင်းတွေဆုံကြတဲ့ရက်ပါဘဲ။ အဖိတ်နေ့မနက်မှာ ကျနော်တို့ က “သူကြီးသား”လို့ခေါ်တဲ့ သူငယ်ချင်းက ဖုန်းဆက်လာပါတယ်။ “နက်ဖြန်လာဖြစ်အောင်လာခဲ့ ပြောစရာရှိတယ်ဟ” လို့လှမ်းပြောပါတယ်။ ကျန်တဲ့သူငယ်ချင်းတွေက စုရပ်ဖြစ်တဲ့ “စိန်ဝင်းဝင်း”လက်ဖက်ရည်ဆိုင်ကိုရောက်ပေမယ့် အလုပ်ရှုပ်တတ်တဲ့ ကျနော်က ရောက်ချင်တဲ့အခါမှရောက်လို့ပါ။ ကျနော်တို့သူငယ်ချင်းတွေထဲမှာ ဒီ “ သူကြီးသား“က စကားအပြောကောင်းတဲ့သူ။ ဒါပေမယ့် သူစိတ်ပါမှပြောတာပါ။ ပြောပြန်ရင်လဲ အဆီအသားပါပါ ဆိုတော့ သူပြောတယ်ဆိုရင် ထိထိမိမိလေးနားထောင်ရတတ်ပါတယ်။ **************************************************************************** ဒီတစ်ပါတ်ဥပုဒ်က လပြည့်ဥပုဒ်ကြီးဆိုတော့ […]


koyin sithuMarch 1, 20131min19318
ကျွန်တော်သည် သူမကို သိပ်ချစ်မိသည့်အတွက် “မင်းကို ငါ တကယ်မချစ်ခဲ့ဘူး” ဟု ဝန်ခံခဲ့ပါသည်။ ထိုစကားသည် တယ်လီဖုန်းထဲမှာ ပြောခဲ့သည် စကားဖြစ်ခဲ့သည်အတွက် သူမ၏ မျက်နှာကို မမြင်ရသော်လည်း (သူမ၏ လေသံအနေအထားကြောင့်) ကျွန်တော် ခန့်မှန်းနိုင်ခဲ့ပါသည်။ တစ်နှစ်ဆိုသော အချိန်သည် လွယ်လွယ်ကူကူလေးမျှသာဖြစ်သည်။ သူမနာမည်ကို ကျွန်တော်က သူများတွေလို မခေါ်ချင်တော့။ ဒါကြောင့် ကျွန်တော်သည် သူမနာမည်ကို မခေါ်ဘဲ သူမကိုလည်း မဆက်ဆံတော့ပဲ ဒီအတိုင်းပဲနေခဲ့၏ ထိုအချိန်မှစ၍ သူမနှင့်ပတ်သက်သည့် ကျွန်တော့် မှတ်ဉာဏ်အားလုံးမှာ စုတ်ပြတ်နွမ်းရိနေခဲ့ပါသည်။ အခုတော့ အဟောင်းများကြားတွင် ကားတွန်းဇာတ်ကောင် “Winnie” ဆိုသည့် နာမည်လေးကို ပြန်လည်သတိရနေမိ၏ နောက်တစ်ခုက သူမ၏ ဖုန်းနံပါတ်။ ပြီးတော့ သူမရဲ့ သွားတက်ချွန်ချွန်လေးလေးတွေ၊ ပြီးတော့ အပြာရောင်နှင့် အနက်ရောင်များ ပြီးတော့ […]


htet wayFebruary 28, 20131min31914
ညီမလေးရေ အကိုရန်ကုန် ကို ထွက် ခွာ မယ့် ကားကြီးပေါ် တက်ပြီး အကို နေရာ ယူလိုက်တယ်။ အကိုဘေးမှ ာ ပစ္စည်းတွေ ချပြီး အသက် သုံးဆယ်လောက် လူငယ်တစ်ယောက်က ကားအောက် ကို ဆင်းသွားတယ် လေ။ကား ထွက် ဖို့ ငါးမိနစ် အလိုပါပဲ။ ဒီချိန်မှာ ကောင်လေးဆီကိုဖုန်းဝင်လာတယ် ။ကောင်မလေး တစ်ယောက်ရဲ့ အသံပါ။ ဖုန်းသံက ကျယ်တော့အကိုလည်း သဲ့ သဲ့ ကြား မိပါတယ် ။ ကိုကြီး ညီမလေး က နုတ်ဆက် ဖို့ ဆိုင်ကယ် နဲ့ ထွက်လာတာ ကလေး တယောက်ကိုတိုက်မိမလို ဖြစ်သွားတယ် ။ အဲ့ဒါ ဘရိတ် အုပ်လိုက်တော့ ဆိုင်ကယ်ကစက်နိုးလို့ မရ […]


johnnydeerFebruary 28, 20131min1246
  သမီးလေးရေ….. သမီးလေးက အခု ငယ်သေးတယ်နော်…စာလဲ မဖတ်တတ်သေးဘူး…ဒါပေမယ့် သမီးလေး သိတတ်တဲ့ အချိန်…အရွယ်ရောက်တဲ့ အချိန်ဆိုရင် ဖတ်ဖို့ ဖေဖေရေးထားတာပါ…သမီးလေး အရွယ်ရောက်လာရင် ဘာပဲဖြစ်ဖြစ် ဖေဖေတို့က မမှားသင့်တာ မမှားရအောင် ပြောဆိုဆုံးမရတော့မယ်…ဆူသင့်ဆူထိုက်ရင်လဲ ဆူရတော့မယ်…သမီးလေးကောင်းဖို့ ဆူရ..ပြောရမှာပါ သမီးလေးရေ…ဖေဖေကလဲ ဘယ်ဆူချင်မှာလဲ နော်…အဲ့ဒီအချိန်ရောက်ရင် သမီးလေးက တချိန်လုံး ဆူနေတာပဲ…မချစ်ကြဘူးနဲ့တူတယ်ဆိုပြီး ဖေဖေ့ကို စိတ်ဆိုးလိမ့်မယ်…အဲ့ဒီအချိန်ကျမှ ဒီစာကို ဖတ်ပါ သမီးလေးရေ…သမီးလေးကို ဖေဖေ ဘယ်လောက်တောင်ချစ်သလဲ ဆိုတာ ရေးထားတာပါနော်… သမီးလေးရေ… သမီးလေး တစ်နှစ်ပြည့်ခါနီးတော့ အစားအစာကျွေးရင် သိပ်မစားတော့ဘူး…ထမင်းတလုပ်တလုပ် ကျွေးဖို့ တော်တော့်ကို ကျွေးယူရတယ်…ခွန့်လိုက်တဲ့ ထမင်းလုပ်ကိုလဲ မြိုမချပဲ ပါးစပ်ထဲပဲ ငုံထားတော့တယ်…အားဆေးတွေလဲ ဖေဖေတို့ အစုံ တိုက်ပါတယ်…ဒါပေမယ့် ဝမလာဘူး…ဆံပင်လေးတွေကလဲ ပါးပါးလိုက်လာတယ်…ပေါင်ချိန်ကလဲ ကျလာတယ်…ရှစ်လသမီးလောက်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ […]


တောင်ပေါ်သားFebruary 25, 20131min13313
သားက ဝယ်ပေးမယ်ဆိုတာကို မဝယ်ပေးမိတဲ့ အဖေ့အပေါ် တန်ပြန်မှုက ကလေးမဆန်ပဲ အတော်လေးပြင်းထန်ခဲ့ပါတယ် ၊ ကျနော်နဲ့ အတူ ထမင်းမစားပါဘူး ၊ မအိပ်ပါဘူး ၊ ကျောင်းပိတ်ရက်လည်း အတူမလည်ပါဘူး ၊ တစ်ခုဖြေသာတာက နယူးပရောဂျက်ကိစ္စတွေရှိလာတော့ တချို့ရက်တွေမှာ အိမ်မပြန်ဖြစ်တာပါ ၊ ကိုယ့်ဇောနဲ့ကိုယ်မို့ သားကိုသတိရပေမယ့်သိပ်မတွေးအားတဲ့ အချိန်တွေပေါ့ ၊ အမေ့ဆီကိုတော့ မပြန်ဖြစ်ရင် ဖုန်းအမြဲဆက်ပါတယ် ၊ ကိုယ်တော်ချောက ကျနော့်နံပါတ်မြင်ရင် သူ့အဖွားကိုပဲပေးလိုက်ပါသတဲ့ ( အမေပြန်ပြောပြတာပါ ) တစ်ရက်မှာတော့ အမေ ဟောပြောပွဲသွားဖို့ဖြစ်လာပါရော ၊ သွားရမှာက ၃ ရက်လောက်ကြာမယ့်ခရီး ၊ အမေက နင်တို့သားအဖ ဖြစ်ပါ့မလား တဲ့ ၊ အမေရယ် သားအဖပါ ၊ ရန်သူလည်းမဟုတ် ရန်ဖြစ်ထားတာလည်းမဟုတ် ၊ […]


              စပယ်ပွင့်ဖြူလွှလွှလေးတွေကို သီကုံးနေသော သူမသည် အသက်အရွယ်အားဖြင့် လေးဆယ်ငါးနှစ်ကျော်ချေပြီ။ ခုချိန်ထိတော့ အပ်သေးသေးလေးရဲ့အပေါက်အတွင်းသို့ အပ်ချည်မျှင်ကလေး ထိုးထည့်သွင်းရသည်ကို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်နေတုန်း ဖြစ်သည်။ စပယ်ဖြူဖွေးဖွေးတွေ အပြည့်ရှိသော ပလပ်စတစ်ခြင်းကလေးတွေ နှစ်လုံးသုံးလုံးက အနားတွင်ရှိနေ၏။ သည်လိုဆိုလျှင် သူမသည် မနက် သုံးနာရီ ကျော် လေးနာရီလောက်ကတည်းက အိပ်ယာမှထကာ စပယ်ပွင့်များကို ခူးခဲ့ရပေလိမ့်မည်။ စပယ်ရနံ့တွေ ကျွန်တော့်ရှူရှိုက်မိသည်နှင့် အိပ်ယာမှ ဆက်ခနဲနိုးလာခဲ့သည်။ တပေါင်းလ မနက်ခင်းသည် အေးနေဆဲဖြစ်သည်မို့ တဘက်စောင်ပါးပါးတစ်ထည်ကို သူမခန္ဓာကိုယ်ပေါ် ကျွန်တော် လွှားခြုံပေးလိုက်တော့ သူမ ကျွန်တော့်ကိုမော့ကြည့်သည်။ “ နိုးလာပြီလား အစောကြီးရှိသေးတယ်လေ ပြန်အိပ်လိုက်ပါလား“ သူမကို ကျွန်တော် ပြုံး ပြလိုက်သည်။ လတ်ဆတ်ချိုမြိန်သည့်အပြုံးကလေးက သူမအတွက် နံနက်ခင်းလက်ဆောင်ဖြစ်နေ ပါလိမ့်မည်။ ပြီးတော့ ကျွန်တော် […]


  ကျွန်တော်နဲ့ ခေါင်းမော့လျှောက်သူများ   (က) တစ်ခါက လင်မယားနှစ်ယောက်ဟာ အိမ်ထောင်ကျပြီး နှစ်အတော်ကြာတဲ့ အထိ သားသမီး မမွေးဖွားခဲ့ဘူး။ ဒီလိုနဲ့ သူတို့နှစ်ဦး ပေါင်းသင်းလာခဲ့တာ နှစ်တွေကြာမှ သားလေးတစ်ယောက်မွေးဖွားလာခဲ့တယ်။ သူတို့တွေ သိပ်ပျော်ကြတာပေါ့။ သူ့သားလေးကို ကူဇမာလို့ နာမည်ပေးခဲ့ကြတယ်။ သူ့သားလေးကို ငယ်ငယ်လေးကတည်းက သူတို့ဟာ သင်ပေးခဲ့တာလေး တစ်ခုရှိတယ်။ “သားရေ … သားလမ်းလျှောက်တဲ့ အခါ ခေါင်းကို ငုံ့လျှောက်ကွဲ့ .. မဟုတ်ရင် သားဟာ ခလုတ်တိုက်ပြီး အနာတရ ဖြစ်မယ် … တောင်ပေါ်တက်ရင်လည်း ခေါင်းကို ငုံ့လျှောက်နော် သား … တောင်ပေါ်က ပြုတ်ကျတတ်တယ် သားရဲ့ … ပြီးတော့ တောင်ပေါ်က ဆင်းရင်လည်း ပိုသတိထားပြီး ခေါင်းကို ငုံ့ထားနော် […]


CourageFebruary 23, 20131min1115
အိမ်ထဲက အိမ်လေး             မြန်မာနိုင်ငံမြေပုံကို ကျွန်တော်အိမ်တစ်လုံးထဲမှာ ထည့်ကြည့်မိတယ်။ တိုင်းနဲ့ပြည်နယ် ၁၄ခုမှာ နေထိုင်တဲ့ မျိုးနွယ်ကြီး ၈ခုအပါအဝင် အားလုံးသော တိုင်းရင်းသား မျိုးနွယ်စုတွေ တစ်စည်းတစ်လုံးနဲ့ နေနိုင်တဲ့ အိမ်မျိုးမှာပေါ့။ ကျွန်တော့ရဲ့ အိမ်မှာ ပြတင်းပေါက်ကြီးကြီး၊ တံခါးပေါက်ကြီးကြီးတွေ ရှိ တယ်လေ။ ဒီတော့ အိမ်ထဲမှာနေတဲ့သူတွေအားလုံး လေကောင်းလေသန့်ကို အပြည့် အဝ ရလို့ အသက် ဝဝရှူရတယ်၊ နေရောင်ခြည်အလုံအလောက်ရလို့ နွေးနွေးထွေး ထွေးနေနိုင်လေရဲ့။ ပြောရရင်တော့ ဗျာ… နွေးထွေး ချောင်လယ်တဲ့ ဘဝလေးနဲ့ အား လုံး အဆင်ပြေပြေ နေနိုင်ခဲ့တယ် ဆိုပါတော့။ ဒါပေမယ့်လဲ ကောင်းကွက်တစ်ခုရဲ့ နောက်ကွယ်မှာ ဆိုးကျိုးဆိုတာက ရှိ တက်စမြဲပဲလေ။ ပြတင်းပေါက်ကြီးကြီး၊ တံခါးပေါက်ကြီးကြီးတွေရှိချင်းရဲ့အကျိုးဆက် အနေနဲ့ကတော့ အိမ်ထဲကို အပြင်က […]


  “ပေါက်ပန်းပွင့်ပြီ”     ပြီးခဲ့တဲ့ သုံးလေးရက်လောက်က ၈၄လမ်းအတိုင်း ဆိုင်ကယ်စီးလာလိုက်တာ ဘုရားကြီးစာတိုက်ကွေ့နားလေးလဲ လွန်ရော လမ်းပေါ်မှာ ပေါက်ပန်းပွင့်တွေကြွေနေတာမြင်ရပါတယ်။ အပေါ်မော့်ကြည့်လိုက်တော့ပေါက်ပန်းပွင့်တွေပွင့်နေလိုက်တာများအရွက်မမြင်ရသလောက်။ လှတော့လဲအတော်လေးလှပါတယ်။ မန္တလေးမြို့ထဲမှာကျနော်အမြဲသွားလာနေတဲ့နေရာလေးမှာ ပေါက်ပန်းပင်ရှိတဲ့နေရာက ၈၄လမ်းပေါ်က စာတိုက်ကွေ့နားမှာတစ်ပင်နဲ့ လမ်း၃ဝ ၈၄-၈၅ကြားမှာနှစ်ပင်ဘဲရှိပါတယ်။ ဒီပေါက်ပန်းက တပို့တွဲလမှာပွင့်တဲ့ပန်းပါ။ ဆောင်းအနှောင်းမှာ နွေအစမှာပွင့်တဲ့ပန်းပါ။ သူ့အပွင့်လေးတွေရဲ့အရောင်က သုံးဘီးကားရောင် ဒါမှမဟုတ်ပုစွန်ဆီရောင်ဖျော့ဖျော့။ ကြက်တူရွှေးနုတ်သီးနဲ့သူ့အပွင့်ပုံသဏ္ဍန်ကခပ်ဆင်ဆင်။ အရွက်က အစိမ်းရောင်၊ ပေါက်ပင်ပေါ်များ ကြက်တူရွေးနားနေရင်ခွဲခြားဘို့မလွယ်ပါဘူး။ ဒါကြောင့်မို့လို့လဲ “ပြည်နဲ့အရေးပေါက်နဲ့ ကျေး မင်းရေးသဖွယ်တိမ်တောင်ကျယ်”ရှေးကစာဆိုုရှိခဲ့တာပါ။                 ပေါက်ပန်းတွေလှိုင်လှိုင်ပွင့်တဲ့ဒီလိုအချိန်အခါရောက်ရင် ရန်ကုန်မန္တလေးလမ်းဟောင်း ပေါ်မှာ မြစ်ငယ်တံတားကိုလွန်ပြီဆိုတာနဲ့ပေါက်ပန်းပင်တွေကိုတွေ့ရတော့တာပါဘဲ။ လမ်းဘေးဝဲယာမှာ ပင်လုံးကျွတ်ရဲနေအောင်ပွင့်ကြတော့တာပေါ့။ ရာသီက မှုန်ရီရီ လမ်းဘေးက လက်ပံပင်တွေပေါက်ပင်တွေက အရွက်မဲ့ […]


သည်ကနေ့ လူတွေကျိတ်ကျိတ်တိုးစည်ကားနေတယ်။ လက်ကလည်း  ဆက်တိုက်လှုပ်ရှားရလွန်းလို့ ညောင်းလှနေပြီ။ တော်တော်ကြာ ကုန်းကုန်းကွကွလုပ်လိုက်၊ တော်တော်ကြာ ဓါးပြေးကိုင်လိုက်နဲ့ လူလည်း ဖက်ဖက်ကိုမောလို့။ သည်ကြားထဲ ပါးစပ်ကပါ အော်ရသေးတော့ လည်ချောင်းတွေများ နာလို့။ မျက်စိတွေလည်း ရှုပ်ပါရဲ့၊ နားတွေလည်း အူပါရဲ့၊ ခေါင်းတွေလည်း ကိုက်ပါရဲ့။ ဒါပေမယ့် လောလောဆယ်တော့ အဲဒါတွေတစ်ခုမှ ဂရုမစိုက်အားဘူး။ ဘယ် ကျန်တဲ့ရက်တွေမှာ ခေါင်းကိုက် နားအူလို့ကတော့ အိပ်ယာထဲ ဇိမ်နဲ့နှပ်နေမိမှာ။ သည်ကနေ့လို့နေများတော့ ခေါင်းကိုက်ရုံမကလို့ ပြတ်ထွက်သွားချင်သွားစမ်းပါစေ ခံလိုက်ဦးမှာ။ လွယ်ထားတဲ့ ပအို့ဝ်လွယ်အိတ်ထဲမှာ ပိုက်ဆံတွေ အကြွေတွေရော ရာတန်၊ ထောင်တန်၊ နီနီကလေးတွေ စိမ်းစိမ်းကလေးတွေများ ဖောင်းပွလို့။ ဒါကိုကြည့်ပြီး ပီတိဖြစ်နေရတာ။ လာလိုက်စမ်းဟဲ့။ ဝယ်လိုက်စမ်းဟဲ့။ အော်အရေးထဲ မိုးကအုပ်ချင်လိုက်သေး။ မိုးနတ်မင်းကြီးရေ ခဏလောက်နေပြီး ကိုယ့်နေရာကိုယ် ပြန်ပုန်းနေလိုက်စမ်းပါ […]


“အတူတူနေဖို့…ဘယ်လောက်ထိ ဝေးရမလဲ…အတူတူပျော်ဖို့….ဘယ်လောက် ကြေကွဲရမလဲ…”   အချစ်သီချင်းလေးက လွင့်ပျံ့လာတယ် အမေ…. အချစ်ကို မခံစားမိဘဲ အမေ့ကို သတိရသွားတယ်… သမီးတို့တွေရော.. အတူတူနေဖို့ ဘယ်လောက်ဝေးနေရဦးမှာလဲ… “နီးနီးလေးနဲ့ဝေး” တဲ့.. ကျားပေါက်ဆိုထားတဲ့ သီချင်းတစ်ပုဒ်ပေါ့…သမီးတို့တွေလည်း တကယ်ကို နီးနီးလေးနဲ့ဝေးနေတာပါ… (၃)ယောက်တည်းရှိတဲ့ မိသားစုဆိုတာ တကယ်တော့ အရမ်းနည်းလွန်းပါတယ်… အခုတော့ ဒီ (၃)ယောက်က တစ်ယောက်တစ်နေရာစီတဲ့လား… သမီးပဲ အရမ်းညံ့နေတာလား… ကံတရားကိုပဲ မကျော်လွန်နိုင်တာလား.. ဒါမှမဟုတ် သူများကိုပဲ ငဲ့ညှာလွန်းနေတာလား…   အိမ်မှာတစ်ယောက်တည်း အထီးကျန်နေမယ့် အမေ့ကို သနားနေမိသလို “တစ်ယောက်တည်းရုန်းကန်နေရတဲ့ ငါ့သမီးလေး” ဆိုပြီး အမေလည်း စိတ်မကောင်းဖြစ်နေတာလည်း သိပါတယ်… အားတင်းထားကြတာပေါ့နော်… ကားမှတ်တိုင်လေး (၄) ခုလောက်အကွာမှာနေတဲ့ မောင်လေးနဲ့တောင် တစ်ပတ်တစ်ခါ မတွေ့ဖြစ်တာ…ရန်ကုန်နဲ့ (၄၆) မိုင်အကွာက […]


ရွှေ ကြည်February 17, 20131min37844
အားလုံးပဲ မင်္ဂလာပါရှင့် ကောင်းမွန် သာယာသောနေ့လေးဖြစ်ပါစေ လိုတိုရှင်းပဲပြောမယ်နော် ဒီကနေ့ဟာဆိုရင်ဖြင့် ရွာကမျက်နှာများပြီး ချစ်စရာခင်စရာကောင်းလှပါသော ပို့စ်များစွာရဲ့ လမ်းကြောင်းကိုညွှန်ပေးလေသော ယနေ့ပို့စ်ရဲ့ဖန်တီးရှင် (မိတ်ကပ်ဖန်တီးရှင် မဟုတ်ပါ ) အပြင်မှာတေမိ လိုင်းမှာဆိုလေပိသေနိုင်လောက်တဲ့ ချစ်လှစွာသောမောင်ငယ်လေး မောင်ရာဘာတုန်း (ခ) အံစရာတုန်း (ခ) ခြောက်မျက်နှာ (ခ) အံစာသိင်္ခသူရ (ခ) မဟာဘာဂျာ (ခ) မဟာရာဇာအံစာတုန်းရဲ့မွေးနေဲ့ရက်မြတ်မင်္ဂလာလေးဖြစ်ပါကြောင်း..။ ရွာသူားများကို ပို့စ်များရှာဖွေရလွယ်ကူစေတဲ့ငါ့မောင် တယောက် အစစအရာရာလွယ်ကူပါစေကြောင်းဆုမွန်တောင်းလိုက်ရပါတယ်။ ကျေးဇူးအထူးတင်ပါတယ်ရှင့် ..။


ကူမားရ္February 16, 20132min42135
ပြီးခဲ့တဲ့နှစ်က….. သူတို့ပြောတဲ့ အင်္ဂလိပ်စကား ဆိုပြီး … ပိုစ့်တစ်ပုဒ် တင်ထားဘူးပါတယ်… မအားတာ၊ပျင်းတာ၊ စာရေးမသွက်တာ…. စတဲ့ အကြောင်းအမျိုးမျိုးတွေ ကြောင့်… ခေါင်းထဲမှာ ရေးဖို့စိတ်ကူးရှိပေမယ့် ….ချမရေးဖြစ်တဲ့ … အဲဒါရဲ့ အဆက် အင်္ဂလိပ်တွေပြောတဲ့ အိမ်သုံး အင်္ဂလိပ် စကား လို့ပဲမှတ်ကြပါစို့နော… အင်္ဂလန် တစ်ခွင် နေရာစုံအောင် သွားပြီး အလုပ် လုပ်ဘူးတဲ့အတွက် ဒေသစုံက ပြောဆိုကြတဲ့ အင်္ဂလိပ်စကားပြော လေသံအမျိုးမျိုး ကို ကြားနာ မှတ်သားဘူးခဲ့ရပါတယ်။ တောင်ပိုင်းယောက့်ရှိုင်းယား South Yorkshire ….မှာ အနေများတဲ့ အတွက် အဲဒီဘက်ကပြောတဲ့လေသံ က အကျင့်ပါနေ တော့ ဝက်စ်မစ်ဒ်လန်းဒ် West Midland (ဘာမင်ဂမ်)birmingham ဘက်ရောက်တဲ့အခါ လေယူလေသိမ်း လွဲတဲ့အတွက် နားလည်မှု လွဲ […]