သူတို့သည် အမှိုက်ကောက်သမား ကောင်လေးနှင့် သူ၏အဖော် ဦးလေးကြီးတစ်ယောက်ဖြစ်သည်။ ××××× ညမှောင်ပြီး လမသာသော နေ့တစ်နေ့.. လမ်းမီးတိုင်အောက်ရှိ ပလပ်ဖောင်းပေါ်တွင်ထိုင်ကာ သူတို့စကားပြောနေကြသည်။ “လောကမှာ ကျွန်တော်အမုန်းဆုံးက ဘာလဲသိလား ဦးလေး” “အောင်မယ် ကြီးကြီးကျယ်ကျယ် ဘာတုန်း မင်းမုန်းတာက၊ အမှိုက်ပုံနားက ကြွက်တွေလား၊ ညစ်စုတ်စုတ် အနံ့ဆိုးတွေလား” “တစ်ခုမှမဟုတ်ဘူး၊ ကျွန်တော်မုန်းတာက ပိုက်ဆံဗျ၊ ပိုက်ဆံ” “ကြီးကျယ်လှချည်လားကွ၊ ငါတို့မှာတော့ ဒီပိုက်ဆံကို ကုန်းရုန်းရှာနေရတာ နေ့မအား ညမအားပဲ၊ နင့်မေကလွှား၊ မင်းကမုန်းတယ်ဆိုတော့၊ ထူးထူးဆန်းဆန်းပါလားကွ” ဘတ်စ်ကားတစ်စီးဆိုက်လာသည်… “တပ်ထိပ်၊ စက်မှု့ဇုန်၊ … ဘီအိုစီ၊ သမကုန်း၊ အဝေးပြေးသွားမှာလာ၊ ရောက်တယ်လာ” “ကျွန်တော်မုန်းတာ အဲ့ဒါတွေကြောင့်ပဲဗျ၊ လောကမှာပိုက်ဆံဆိုတာကြီးသာမရှိရင် ဘယ်သူမှ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတော့မှာမဟုတ်ဘူး၊ ကိုယ့်အိမ်ကိုယ်နေ ကိုယ့်ထမင်းကိုယ်စား၊ သာသာယာယာပဲ” “ပိုက်ဆံမရှိမှတော့ […]