၅။အသက်ရှင်ခြင်းအတွက်အသက်ရူသံများ ” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၅)   မနက်မနက်ဆိုရင် တရုပ်ပြည်ဘက်က တံခါးဖွင့်ပြီဆိုတာနဲ့ မူဆယ်ဘက်က လူတွေကားတွေ ဆိုင်ကယ်တွေ ထော်လာဂျီတွေ အသီးသီးဝင်လာကြပါတယ်။ အားလုံးက အပျော်လာသူမရှိ အလုပ်လုပ်ဘို့ဝင်လာကြတာပါ။ မြန်မာလူမျိုးအတော်များများက မူဆယ်ဘက်မှာနေကြပါတယ်။ မူဆယ်ဘက်ကနေ ရွှေလီ ကျယ်ခေါင်ထဲလာ အလုပ်လုပ်သူတွေလဲအများကြီးပါဘဲ။ မူဆယ်မှာအိမ်ငှားနေပြီး မနက်မိုးလင်းမှ ကျယ်ခေါင်ဘက်ကိုလမ်းလျှောက်ပြီးဝင်လာကြတာများပါတယ်။ တရားဝင်ဂိတ်ပေါက်ကနေဝင်လာသူရှိသလို ခိုးပေါက်ကနေဝင်လာတဲ့သူတွေလဲရှိပါတယ်။ အချို့ကတော့လဲ ရွှေလီဘက်က ရှမ်းရွာလေးတွေထဲမှာအိမ်ငှားနေကြပါတယ်။ ရွှေလီထဲကနေ ကျယ်ခေါင်ဘက်ကိုသွားလုပ်တဲ့လူတွေရှိသလို မူဆယ်ဘက်ကနေပြီးကျယ်ခေါင်ရွှေလီထဲကို လာပြီးဈေးရောင်းကြသူတွေလဲရှိပါတယ် ဈေးလာရောင်းတဲ့သူတွေထဲမှာ တံမြက်စီး ကြက်မွေးရောင်းသူကတော့ ပုံမှန်တွေ့နေရတဲ့သူတွေပါ။ ခြေလျင်လျောက်ပြီးဝင်လာသူတွေရှိသလို စက်ဘီးနဲ့လည်ရောင်းသူတွေလဲရှိပါတယ်။ မနက်ဝင်လာပြီး ညနေအထိ တစ်နေကုန် လှည့်ပါတ်ပြီး ရောင်းကြတာပါ။ လက်တွန်းလှည်းလေးတွေနဲ့ဈေးရောင်းထွက်တဲ့ အချဉ်ပေါင်းသည်လေးတွေကလည်း ရွှေလီထဲထိခြေဆန့်လို့ရောင်းကြပါတယ်။ ဝက်သားတုတ်ထိုးသည်လေးတွေကတော့ကျယ်ခေါင်မြို့ရဲ့နေရာအနှံ့ရှိနေပါတယ်။ နောက်ညပိုင်းမှလာတဲ့ မီးဖိုလေးဆွဲလာတဲ့ ဘယာကြော်သည်လေးတွေလဲရှိ။ […]


alinsettJuly 20, 20154min2189
အဲဒီညဟာ ညရယ်လို့ စတင်ချိန်ကတည်းက မသင်္ကာစရာ အငွေ့အသက်တွေ ခံစားလို့ ရနေတဲ့ညပဲ။ မကောင်းတာ တစ်ခုခု ဖြစ်လာလိမ့်မယ်ဆိုတဲ့  မလုံခြုံသောစိတ်ခံစားမှုကို တငွေ့ငွေ့ ပေးနေတဲ့ည များလားလို့။ တစ်ခါတစ်ခါမှာ ကိုယ် ထင်တာတွေ ဖြစ်မလာဘူးဆိုပေမဲ့ တစ်ခါတစ်ခါကျတော့ ကိုယ် ထင်မထားတာတွေက မထင်မှတ်တဲ့ထောင့်ကနေ ဘွားခနဲ ရောက်လာတတ်တယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ညတစ်ညဟာ မင်္သာစရာ ညှီစို့စို့အငွေ့အသက်တွေ ရှိနေပြီလို့ တွေးမိလိုက်ချိန်မှာ ကိုယ့်ဘက်က သတိမလွတ်အောင် အမှားမရှိအောင် ကြို တွေး ပြင်ဆင်ရမှာပဲ။ အဲ့လိုနဲ့ ကျနော့်ကားကို တားတဲ့သူတွေကို အကဲခတ်ရတယ်။ သွားမယ့် လမ်းကြောင်းဟာ ရွှေပြည်သာ၊လှိုင်သာယာ ဒါမှမဟုတ် တောင်ဒဂုံ ၊မြောက်ဒဂုံ စတဲ့ နေရာတွေဘက်ဆိုရင် လူလည်းပြတ် နာမည်ဆိုးလည်း ထွက်နေတာမို့ မလိုက်ဖို့ တွေးထားတယ်။ ဒါပေမဲ့ ချွင်းချက်အနေနဲ့ […]


ဒီနေ့တော့ ဝက်သားနဲ့ ဒညင်းသီး နှပ်စားဖို့ စဉ်းစားထားတာနဲ့။ ဒညင်းသီးဝယ် ပြုတ်ထားလိုက်တယ်။ ပြုတ်တဲ့နေရာမှာလည်း အပြင်မှာရောင်းတဲ့ဆိုင်တွေလို ပြုတ်တဲ့ရေတွေ မမည်းအောင် ဂရုစိုက်ရတယ်။ ရေတွေမည်းသွားတယ်ဆိုတာကလည်း ဒညင်းသီးရဲ့ အခွံက အမှုန်တွေကြောင့်လေ။ အဲ့ဒါကြောင့် ဒညင်းသီးကို အခွံကွာရုံခဏပြုတ်ရပါတယ်။ ပြီးရင် ရေအေးနဲ့စိမ် အခွာတွေကိုနွှာပြီး ရေအသစ်နဲ့ ပြန်ပြုတ်ရင် ရေတွေလည်း မည်းမနေတော့ပါဘူး။ နောက်တစ်ချက်က ပိုအရသာရှိအောင် ဆားအနည်းငယ် သကြားအနည်းငယ် ပဲငံပြာရည်နဲ့ ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပြီးပြုတ် ပိုအရသာရှိပါတယ်။ ဝက်သားနဲ့ဒညင်းသီးနှပ်တဲ့ နေရာမှာတော့ ကျတော်က လုံးချက်ပါတယ်။ ပထမဆုံး ဝက်သားကိုဆေး ကြက်သွန်နီကို ပါးပါးမလှီးပဲ လေးစိပ် ကြီးရင် ခြောက်စိပ်ခွဲထည့်ပါတယ်။ ဂျင်းနဲ့ကြက်သွန်ဖြူ နှစ်မွှာလောက်ကို ညက်အောင်ထားပြီးထည့်မယ်။ ဆားအနေတော် ဟင်းခတ်မှုန့်နေရာမှာ ကျတော်ကတော့ အချို့မှုန့်မသုံးပါဘူး။ City mart တွေမှာ […]


YE YINT HLAINGJuly 17, 20151min41324
တရက်သောညနေတွင် ဖုန်းအဆက်အသွယ်ရသဖြင့် မတွေ့ရသည်မှာကြာပြီဖြစ်သော ညီ တစ်ဦးကဲ့သို့ချစ်ခင်ရသည့်မောင်ဝမ်း ရှိရာသို့ထွက်လာခဲ့သည်။ မောင်ဝမ်းရှိရာ အဆောင်သို့ ရောက်ချိန်တွင် မောင်ဝမ်းမှာ အဆောင်ရှေ့တွင် ကျနော့် အားအသင့်စောင့်ကြိုနေလေသည်။ လာ အကို လဘက်ရည်ဆိုင် သွားရအောင် လဘက်ရည်ဆိုင်သို့ရောက်သော် မောင်ဝမ်းက ပေါ့စိမ့် ရိုးရိုးနှစ်ခွက်ဟု မှာပြီးမှ ကျွန်တော့အား အကို့ ရှယ်သောက်မလား ရှယ်တခွက်ပြောင်းမှာလိုက်မယ် လိုပါဘူးငါ့ညီရာ လဘက်ရည်သောက်တိုင်း အကိုကတော့ ရှယ်တွေ ရိုးရိုးတွေအာရုံ မရှိပါဘူးကွာ ရိုးရိုးပဲထားလိုက်ပါ။ဘယ်လိုလည်း ညီကော အဆင်ပြေလား? လစာတော့ တိုးလာပါတယ် အရင်လိုတော့ အဆင်မပြေဘူးအကို အဖေက ပင်စင်ယူသွားပြီး ကျ နော့အောက်က အငယ် နှစ်ယောက်က အတန်းတွေ တက်လာတယ် ။ စားစရိတ် ပုံမှန်ဆိုပေမဲ့ ကျောင်းစရိတ်တက်လာတာပေါ့ဗျာ။ လစာတိုးသွားပြီဆိုတော့ အခု ဘယ်လောက် ရလဲ? […]


မိုးရာသီနှင့် ပတ်သက်ရင်တော့ အကြောင်းအရာများစွာ ရှိခဲ့ဖူးသည်။ အချို့က မိုးရာသီကို မနှစ်သက်ပေမယ့် ကျွန်တော်ကတော့ မိုးရာသီကို နှစ်သက်သူတစ်ယောက်ပင်။ ကိုယ်မွေးတဲ့ လကတည်း (မေ)လပင်ဖြစ်လို့လား မသိ။ မိုးရာသီကို နှစ်သက်သည်။ မိုးရာသီရောက်ပြီဆို ပြန်ပြောင်းအကြောင်းတွေးစရာတွေက အများအပြားပင်။ ငယ်ငယ်က ကျောင်းတက်ချိန်အစ ယခုထက်တိုင် မိုးရာသီနှင့်ပတ်သက်တာပြောမကုန်အောင် ရှိခဲ့သည်။ အခုလည်း မိုးတွေရွာနေပြီ။ မိုးရာသီနှင့်ပတ်သက်ရင်တော့ အစားအသောက်အကြောင်းကို အရင်သတိရသည်။ အခုမှ အစားအသောက်အပေါ် ဝါသနာကြီးမှန်း သိခဲ့သည်။ ငယ်ငယ်တုန်းကတော့ အမေ့လက်ရာနှင့် အစ်ကိုတွေရဲ့ လက်ရာနဲ့တင် ရင်းနှီးခဲ့ရသည်။ မေမေကတော့ အမြဲပြောသည် အမေအလုပ်လုပ်တုန်းက အဖေက ထမင်းဟင်းချက်သည်။ နံနက်ဆို ဆိုင်ရောက်လာပြီး မိန်းမဈေးဖိုးပေးဆိုကာ ဖွယ်ဖွယ်ရာရာချက်ကျွေးတတ်သည်။ ကျွန်တော်ကတော့ ဖေ့ဖေ့ပုံရိပ်ကို သိပ်မမီလိုက်ပေ။ လေးနှစ်ဆိုသည်အရွယ်ဆိုတော့ ဝိုးတဝါးပင်။ မိုးရာသီဆို မှတ်မှတ်ရရက ခရုပြုတ်နှင့် […]


YE YINT HLAINGJuly 15, 20151min1496
လုပ်ငန်းတနေရာစာလေး ရဖို့ အတော်ကို ရုန်းကန် လှူပ်ရှားနေရသည်။ စိတ်ကြိုက်လုပ်ငန်း မရမခြင်း နေ့စဉ် အိတ်စိုက် နေရသည့် စားသောက် သွားလာ ဧည့်ခံ နေရသည့် စရိတ်ကလည်းမနည်း။ ညီအကို တတွေ နှင့် သူငယ်ချင်း တစု အစုလိုက် အပြုံလိုက် အလှည့်စား ခံခဲ့ရပြီး (၁၀)နှစ် စုလျှင်တောင် မရနိုင်သည့် ငွေကြေး လုပ်ငန်းအမှားကြောင့် (၁)နှစ် အတွင်း ကုန်ခဲ့ရပြီ။နောက်တကြိမ် မှားလျှင် သေဖွယ်ရာပင် ရှိတော့သည်။ ရောက်ပြီ အကို အတွေးများနေရာမှ ဝင်းအောင် ပြော၍ ကြည့်မိတော့ စည်းဝင်းအကျယ်ကြီး ကာရံထားပြီးဖြစ်သည့် အထပ်မြင့်အဆောက်အဦးကြီး ဆောက်လုပ်မည့် လုပ်ငန်းခွင်သို့ရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။ လာ အကို ဟိုဘက်ခြမ်းမှာ ဆိုင်လေး ရှိတယ် …အဲဒီကိုသွားရအောင် ဝင်းအောင်ခေါ်သည့်နောက်သို့လိုက်ပြီးများမကြာမှီ အလျား […]


သည်ရက်ပိုင်း ကျွန်မ၏စိတ်တွေ အလွန်ရှုပ်နေသည်။ ကျန်းမာရေးအခြေအနေကြောင့်လည်း ပါမည်ထင်သည်။ အကြောင်းအရာပေါင်းစုံ၊ အတွေးပေါင်းစုံတို့သည် ကျွန်မ၏ ဦးနှောက်အတွင်းသို့ စုပြုံဝင်ရောက်လာကြသည်။ အတွေးတို့သည် ခံစားချက်များအဖြစ် ပြောင်းလဲသွားသောအခါ ကျွန်မသည် တစ်ယောက်တည်းသာ နေချင်သူအဖြစ် ပြောင်းလဲသွားခဲ့လေသည်။   ကျွန်မတွင် ချစ်သူတစ်ဦးရှိသည်။ ကျွန်မကို အရမ်းချစ်သလို ကျွန်မကလည်း မလျော့သောအချစ်ဖြင့် ချစ်ပါသည်။ ကျွန်မတို့နှစ်ဦးလုံးသည် တစ်ယောက်၏အချစ်ကို တစ်ယောက်က နားလည်ကြသည်။ မတူညီသော အကျင့်စရိုက်များကြားတွင် တူညီသောအချစ်ဖြင့် ဘဝတစ်ခုတည်ဆောက်ရန် ကြိုးစားနေကြဆဲကာလဖြစ်သည်။ ကျွန်မတို့နှစ်ယောက်သည် အများအမြင်တွင် သိပ်ချစ်ပြီး နားလည်မှုရှိကြသော ချစ်သူနှစ်ယောက်ဖြစ်လေသည်။   သို့သော် ဗွေဖောက်သူက ကျွန်မပင်ဖြစ်သည်။ အချစ်ဆိုသည်မှာ သိနေရုံမျှနှင့် လုံလောက်ပြီလား ဟူသော မေးခွန်းသည် ကျွန်မထံတွင် အခါခါ ဖြစ်ပေါ်လာသည်။ စကားကြီးစကားကျယ်များ ပြောလေ့ရှိသော ကျွန်မသည် အများအမြင်တွင် […]


alinsettJuly 11, 20152min52329
    အိုးးးးးးဗျ. . . ရလဲ့. . . .ရှေ့မှာ Taxi ငှားဖို့ တားနေပြီ။ ဘက်မှန်ကနေ ဘေးဘယ်ညာကို လှမ်းshow လိုက်တော့လည်း ကျနော်ထက်အရင်ဦးအောင် .ပြေးဝင် ခေါ်တင်မယ့် Taxi ဆိုလို့ တစ်စီးတလေတောင် မမြင်ရ။   ဒါဖြင့် ကျနော် စစထွက်ချင်း .ဈေးဦးပေါက်ဖို့ သေချာသလောက်ပေါ့။ အဟော့။   အင်း။ တားနေတာက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်။ ပေါင်း နှစ်ယောက်။ သူတို့ ပုံစံက ချမ်းသာတဲ့ လူတန်းစားပုံတော့ မပေါက်ဘူး။ တန်ဖိုးကြီးအဝတ်အစားတွေ ဝတ်မထားဘူး။ ခပ်နွမ်းနွမ်းပဲ။   ဒါပေမဲ့ အဲ့ဒီနှစ်ယောက်ထဲက  အမျိုးသမီးဖြစ်သူကို မြင်ရတာ တစ်ခုခု ပိုပိုကဲကဲ ဖြစ်နေသလားလို့။ ဘာပိုနေသလဲဆိုတော့ အပြင်အဆင် […]


Sine SantJuly 5, 20151min34423
တရားခံဘယ်သူလဲ **********     အခြေခံလစာ တစ်ရက်ကို ၃၆၀ဝ သတ်မှတ်လိုက် ပြီ ဆိုသောသတင်းမှာ  အနိမ့်ဆုံးလုပ်ခ လစာ ၄၅၀၀ဝ သာရရှိနေသော အလုပ်သမားများအတွက် သတင်းကောင်းဖြစ်လာခဲ့သည် ။      အားလုံးလည်းမျှော်လင့်နေကြသည် ။    ယခုသတ်မှတ်လိုက်သော ၃၆၀ဝ ဆိုသည်မှာ မိသားစု တစု အတွက် လုံလောက်မှု မရှိပေမယ့် အနဲဆုံးသော အသက်ရူချောင် နိုင်သည် ။ ကုန်ဈေးနှုန်းများနောက်မှထပ်တက်မလာခဲ့ရင်ပေါ့လေ ။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ရက် ၁၅၀ဝ ထက်စာလျှင် မဆိုးသေးဘူးလို ့ ဆိုနိုင်ပါသည် ။         ဂျူလိုင်၁၉ ကို ဘယ်တော့မမေ့နိုင်သလို ့ ဂျူလိုင်  ၃ ရက် ကိုလည်း ပတ္တမြားနဂါးသံရည်ကျို စက်ရုံ […]


ဟိုရောက်သည်ရောက် ရောက်တတ်ရာရာ ပြောရဦးမယ်… ဒီလိုပါခင်ဗျ … ကျနော် ဦးကျောက်ခဲမှာ ဥမမယ် စာမမြောက် ၊ အရွယ်မရောက်သေးတဲ့ တူမလေး ၃-ယောက်ရှိပါတယ် ။ အစ်မလတ်ကမွေးတာ ၂-ယောက် ၊ ညီမငယ်ကမွေးတာ ၁-ယောက်ခင်ဗျ ။ ညီမကမွေးတဲ့တူမလေးကတော့ ကိုယ်တိုင်ကိုယ်ကြ မီးနေစောင့် ၊ ညရေးညတာ နို့ထတိုက် ၊ ကိုယ့်လက်ပေါ်မှာပဲမွေးခဲ့တယ် ဆိုပေမည့် ဦးကျောက်ခဲ တူမအားလုံးကို သာတူညီမျှချစ်ပါတယ် ။ တူမအကြီးကြတော့လည်း ဗဟုသုတပြည့်စုံပြီး စာတော်တာကလွဲရင် ထူထူအအမို့ သနားချစ်နဲ့ချစ်ရ ၊ တူမအလတ်ကြတော့လည်း ဖြတ်ထိုးဉာဏ်ကောင်းပြီး တွတ်တီးတွတ်တာ နှုတ်သွက်လို့ချစ်ရ ၊ တူမအငယ်ကြတော့လည်း အပြုံးချိုချိုနဲ့ အလွန်ဆော့လို့ချစ်ရ မရိုးရပါဘူးဗျာ ။   စာရေးရင်းလမ်းကြုံလို့ တူမအလတ်အကြောင်း ပြောရဦးမယ် ။ ဒီလိုခင်ဗျ… […]


တစ်နေ့သ၌ မင်းကြီးတောင်ပေါ်ရှိ ကျွန်ုပ်ခေတ္တနေထိုင်လျက်ရှိသော ဘိုတဲဟောင်းကြီး တစ်လုံး၏ ဝရံတာပေါ်တွင် ဖျင်ပက်လက်ကုလားထိုင်ကလေး တစ်လုံးချကာ ကော်ဖီတစ် ခွက်၊ စီးကရက် တစ်လိပ်ဖြင့် ဧရာဝတီမြစ်ကို အပေါ်စီးမှ ကြည့်၍ ငေးမောနေမိလေသည်။ ဘေးနားရှိ ကက်ဆက်အစုတ်ကလေးတစ်လုံးမှ အဆိုတော် ထူးအိမ်သင်၏ ကောင်းကင် ထဲက မြစ်တစ်စင်းဟူသော လွန်စွာဆွေးမြေ့ကြေကွဲဖွယ် သီချင်းသည် ခပ်တိုးတိုး ထွက် ပေါ်လျက်ရှိလေရာ ရခိုင်ရိုးမတောင်တန်းကြီး အနားသတ်ထားသော ဧရာဝတီမြစ်ကြီး ကို ကြည့်ရှုရင်း မည်သည်ကို လွမ်းရမှန်းမသိပဲ အလွမ်းဟူသော အရသာတစ်မျိုးကို ဗလာချည် ခံစားမိသဖြင့် အလွမ်းသည်ပင် စည်းစိမ်တစ်မျိုးပေလောဟု တွေးတော မိတော့၏။ ကျွန်ုပ်၏ အနီးတွင် မိနက်ဟုအမည်တွင်သော ခွေးနက်မကလေးသည် ဦးခေါင်းကို ရှေ့သို့ချကာ ဝပ်၍ မြစ်တွင်းရှုခင်းကို မျှော်ကြည့်နေသဖြင့် တစ်စုံတစ်ရာကို များ လွမ်းနေရော့သလားဟု […]


“စက်ဘီးသမားတစ်ယောက်ကို ပြိုင်ကားမောင်းသူဖြစ်အောင် လုပ်မပေးနိုင်ဘူး” အထက်ပါစကားကို တစ်ချို့ကအမှတ်တမဲ့နဲ့ ကြားလိုက်ကြမှာ မဟုတ်ပါဘူး။ ဒီစကားကိုပြောသူက “ဖရိုက်ဒရစ်” ဆိုတဲ့လူပါ။ ဂျာမနီအမျိုးသားဖြစ်ပါတယ် ၂၀၁၅- မြန်မာ ယူ-၂ဝ ဘောလုံးအသင်းနည်းပြကြီးပါပဲ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ခမျာ အခုမှပြန်လည်ပျိုးထောင်ရတဲ့ ကလေးသင်း (ယူ-၂၀) အတွက် ကမာ္ဘ့နည်းစနစ်တွေနဲ့ အရှင်မွေးနေ့ချင်းကြီးဖြစ်ပါစေတော့ဆိုပြီး နာမည်ကြီးတဲ့ဂျာမနီနည်းပြကို ငှားရမ်းခဲ့ရှာတာပါ။ ငွေဘယ်လောက်ကုန်တယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ နည်းပြကိုငှားပြီး ဒီကလေးတွေကို နိုင်ငံခြားမှာသွားရောက်လေ့ကျင့် ခဲ့ကြတာပါ။ ကမာ္ဘ့ဖလားခြေစစ်ပွဲအောင်ပြီး၊ ကမာ္ဘ့ဖလားဝင်ခွင့် ရခဲ့တယ်။ နယူးဇီလန်မှာကန်တယ်။ ၃ ပွဲလုံးမရှုနိုင်မကယ်နိုင်အောင်ရှုံးခဲ့တယ်။ ဒီလိုရှုံးရတာဟာ သူ့တာဝန်လို့နည်းပြက တရားဝင်တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ အထက်မှာတွေ့တဲ့စကားကိုတော့ ပြောဖြစ်အောင်ပြောခဲ့ပါသေးတယ်။ “စက်ဘီးသမားတစ်ယောက်ကို ပြိုင်ကားမောင်းသူဖြစ်အောင်မလုပ်ပေးနိုင်ဘူး”တဲ့။ မှန်ပါတယ်။ ငြင်းဖို့မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ကလေးတွေဟာ စက်ဘီးသမားလေးတွေပါ။ ပြိုင်ကားမမောင်းတတ်ပါဘူး။ ဒါဟာကလေးတွေအပြစ် မဟုတ်ပါဘူး။ ကျွန်မတို့မိဘတွေရဲ့အပြစ်ပါ။ ကျွန်မတို့က သူတို့ကိုစက်ဘီးပဲ ဝယ်ပေးနိုင်ခဲ့တာကိုး။ […]


ဒီရက်ပိုင်း ရွာလုံးကျွတ် မွေးနေ့တွေတူနေတဲ့ကိစ္စ တွေ့ရတော့ ၂၀၀၉ တုန်းက အဖြစ်အပျက်လေး သွားသတိရတယ်။ ၂၀၀၉ ခုနှစ် (၄) လပိုင်း၊ (၅) လပိုင်း ဆိုတော့ ၂၀၁ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတဲ့ အချိန်ပေါ့။ နောက်ဆုံးနှစ် ပထမနှစ်ဝက် တက်ပြီးလို့ ကျောင်း (၂) လ ပိတ်ထားချိန် နယ်မှာ ပြန်နေဖြစ်တယ်။ အလုပ်မရှိဘဲ မနေတတ်တဲ့သူဆိုတော့ အဲဒီ (၂) လအတွင်းမှာ ကိုးတန်းကလေးတစ်ယောက်ကို စာပြပေးနေတုန်း ခု အာဏာရနေတဲ့ပါတီက အသိတွေက လာပြောတယ်။ data entry လေး လုပ်ပေးပါတဲ့။ သူတို့ပြတာလေးတွေကြည့်တော့ သိပ်မခက်တာနဲ့ပဲ စာသင်ပြီးချိန် ညနေဘက်လေးမှာ အဲဒါလေးတွေ ဖြည့်ပေးတယ်။ ဘယ်လောက်ရလဲတောင် မမှတ်မိတော့ပါဘူး။ အရမ်းလည်း ကြာနေပြီဆိုတော့လေ။   သူတို့က […]