“အဝေးက ဆောင်းပုံပြင်”             ( အပိုင်းနှစ်)   “နိုးထခြင်း” သဲပြင်မှာ သူသူငါငါလာတဲ့အခါ အားလုံးရဲခြေရာ မြေမှာကျန်သလို ကျနော်ရဲ့နှလုံးသားရင်ပြင် သူဝင်လာတဲ့အခါ                                         လွယ်လွယ်မမြင်နို်င်တဲ့                                                    သံယောဇဉ်ခြေရာများ သူချန်ထားခဲ့ပါတယ်။   “ခိုင်” ရန်ကုန်ကိုရောက်တဲ့နေ့မှာ ခိုင့်နဲ့ အဆက်အသွယ်ရပါတယ်။ သန်ဘက်ခါ ည အီလိုက် ည ဆယ်နာရီကားနဲ့လာမယ်။ ဘူတာကြီးနားကစောင့်ပါလို့မှာပါတယ်။ တံခွန်တိုင်အဝိုင်းပတ်ရောက်ရင်ဖုန်းဆက်ပါလို့မှာတော့ အဝိုင်းပါတ်သူမသိတဲ့.။ အဲတော့အလွယ်ဆုံးကတော့ကားပေါ်ရောက်ရင်ကျနော့်ဖုန်းကိုခေါ်လိုက်။ ပြီးရင်ဖုန်းကို စပယ်ယာကောင်လေးပေးလိုက်။ အဲဒီစပယ်ယာကို ကျနော်မှာမယ်လို့ဘဲ ပြောထားရပါတော့တယ်။ တကယ်ရောက်လာတော့လဲချောချောမောမောပါဘဲ။ ခိုင်တံခွန်တိုင်အဝိုင်းပါတ်ရောက်ပြီလု့ိဖုန်းဆက်ချိန်မှာ ကျနော်က သူ့ကိုကြိုဘို့အိမ်ကထွက်လာနေပြီလေ။ ဘူတာကြီးရှေ့ကျနော်ရောက်တော့ ခိုင်တို့ကား ကရောက်နေပါပြီ။ အသားလတ်လတ်မျက်နှာဝိုင်းဝိုင်း  အရပ်ခပ်မြင့်မြင့် ခဲရောင်စကဒ်ဝတ်ထားပြီးခပ်ကျော့ကျော့လေးရပ်နေသူက ခို်င်မှန်းကျနော်တန်းသိလေသည်။ သူ့ကတော့ ဟိုကြည့်ဒီကြည့်ရှာနေလေသည်။ သူ့နံဘေးနားကိုကျနော်အရောက် ခို်င် ဟု […]


                                                  “အဝေးက ဆောင်းပုံပြင်”             ( အပိုင်းတစ်)       “စတင်ခြင်း” နှစ်လရှည်စွာ ငုံနေတဲ့ပန်းလေးတပွင့် ဖျပ်ကနဲ့ပွင့်သွား။ ဒါဟာ မာယာတွေမဟုတ် မြတ်နိုးခြင်းဆိုတဲ့ နှင်းပွင့်လေးတွေကြောင့်သာဖြစ်တယ်။     ဒီနေ့မနက် လက်ဖက်ရည်ဆိုင် ရောက်လို့  ဖေစ်ဘုတ်ဖွင့်လိုက်တော့                                                           “ခိုင့်” ဆီက  sms ရောက်လို့နေပါတယ်။ နက်ဖြန်လေယာဉ်နဲ့ သူ ထွက်လာမယ်။ ရန်ကုန်မှာနှစ်ရက်သုံးရက် နေပြီး […]


alinsettNovember 15, 20138min30421
ပြောပြချင်လွန်းလို့ပါ… ဦးဆာရေ . . .။ အနုပညာနဲ ့ပက်သက်လာရင် ခံစားချက်ပြင်းထန်တတ်တဲ ့ဦးဆာကိုမှ တိုင်တည်ပြီး အနုပညာအကြောင်းနည်းနည်း ပြောချင်လာလို့ပါ ။ အနုပညာအကြောင်း ခပ်ကြမ်းကြမ်းပြောနေကျ ကျွန်တော် အခု  အနုပညာနဲ ့ပက်သက်ရာ ပက်သက်ကြောင်းလေး  ပြောပြချင်လွန်းလို့ပါ ။ ဦးဆာကို တိုင်တည်ပြီး ကျွန်တော်တွေးမိတာလေးတွေ  ရင်ဖွင့်ပြတယ်ပေါ့ဗျာ ။ ___________________ အနုပညာ ဖန်တီးမှုနဲ့ပက်သက်ပြီး  ကျွန်တော် စိတ်ထဲ မတင်မကျဖြစ်နေတာတစ်ခု ရှိတယ်။ မတင်လည်း မတင် မကျလည်း မကျဘူးဆိုတော့  နင်နေတာ / တစ်နေတာကြီးပေါ့ဗျာ ။ အဲဒါကတော့. . . . ___________________ ကျွန်တော်တို ့ အနုပညာ ဖန်တီးရာမှာ (ဒီနေရာမှာ စာပေအနုပညာ/ကဗျာ/ဝတ္ထုကိုပဲ ဦးတည်ပြောပါမယ်) ဘာသာစကား […]


လမ်းသွယ်ထဲမှာ ဆူဆူညံညံနဲ့ ဒီဂျေသံကြားနေမိတယ်… မီးတွေလဲ ထိန်ထိန်လင်းလို့… နိုင်ငံခြားက နိုက်ကလပ်တစ်ခုကိုတောင် သတိသွားရမိပါသေး၏… အိုင်ရင်းဇင်မာမြင့်ဆိုလဲ ဟုတ်ရဲ့… နီနီခင်ဇော်ဆိုလဲတမူ… ဖြူဖြူကျော်သိန်းလဲ ချန်မထားခဲ့ကြ… ဒီဂျေသံများနှင့် လမ်းကြိုလမ်းကြား… လမ်းမကြီးငယ်… အသွယ်သွယ်မှာ… မြင်နေကြားနေရသမို့…  အမြင်မပါ…အသံနှင့်ဆုံးဖြတ်ကြမည်ဆိုလျှင်… ရန်ကုန်မြို့လုံးကျွတ်… ကပွဲဆင်နွဲနေသလား… ရာဇဝင်ထဲက နက္ခတ်သဘင်ဆင်ယင်နေသည့်အလား အထင်ကိုမှောက်မှားစေနိုင်ပါ၏… တကယ်တော့ ဒါဟာ… ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ… ကထိန်သင်္ကန်းကပ်လှူပွဲအတွက်… အလှူခံနေခြင်း… ပဒေသာပင်များကို ဆိုက်ကားများနှင့်တသွယ်… လူများထမ်းလို့တမူ… လမ်းမများ… လမ်းထိပ်များ…လူသွားလမ်းဘေးများမှာ ချပြထားပြီး… အလှူခံနေကြခြင်းပါတဲ့… ဒါဟာ… အလှူခံနေခြင်းပါတဲ့… နိဗ္ဗာန်သွားရာလမ်းဖြောင့်ဖြူးဖို့ အထောက်အပံ့တွေအတွက်… အော်… အလှူခံနေခြင်းတဲ့လား… ရပ်ကွက်ထဲကအလှူခံ… မိုးလင်းတာနဲ့ညံလို့… မရပ်မနား မိုက်ခွက်နားမှာ စေတနာရှင်… အလှူခံပေးသူများ… ဇာတ်တော်များကတဖုံ… တရားတိုတရားစများတသွယ်နဲ့… လှူဒါန်းမည့်သူများရဲ့ နှလုံးသားက စေတနာသဒ္ဒါတရားကို ချွေချနိုင်ဖို့… […]


padonmarNovember 10, 20132min29019
ဒီတခါတော့ ကကြီးအကြောင်းမှာ နည်းပညာတွေမပါတော့ဘဲ တွေ့ရာမြင်ရာ ရေးပါတော့မယ်။ ကျမက နိုင်ငံစုံရောက်နေ ရောက်ဖူးတဲ့ သူတွေအတွက်ထက် နို်င်ငံအပြင်မထွက်ဖူးတဲ့ ကျမလိုမျိုး တောသူားလေးတွေအတွက် ရည်ရွယ်ရေးပါတယ်။ မမှန်တာတွေ့လည်း ဝိုင်းပြင်ပေးကြပါ. ၁ဒေါ်လာကိုမြန်မာငွေ ၉၇ဝ ကျပ်=၁၀၄ဝ ကိုရီးယားဝမ် ဆိုတော့ သိပ်မကွာလှဘူးလို့ နားလည်ပြီး တွက်ဖတ်ပါနော်။ (၁)ပထမဆုံးပြောပြချင်တာကတော့ ကိုရီးယား Immigration ပါ။ အပြန်မှာ ကျမရဲ့ ပတ်စပို့ကိုယူ ဓာတ်ပုံနဲ့ လူတူမတူကြည့်ရင်း Oh!Myanmar လို့ရွတ်ပါတယ်။ Do you know Myanmar? လို့ ပြန်မေးလိုက်တော့ Of course လို့ ပြုံးပြုံးကြီး ပြန်ပြောပါတယ်။ ပြုံးပေမပေါ့၊လေယာဉ် တဝက်လောက်က မြန်မာတွေချည်း ဖြစ်နေပြီလေ။ (၂)တနေ့ သင်တန်းကနေ ဟိုတယ်ပြန်တော့ ကိုရီးယားမိတ်ဆွေက တက်စီကို ငှားပေးလိုက်ပါတယ်။ […]


“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင် “(အခန်းဆက်ဝတ္တုရှည်) အပိုင်း(၆)ဇာတ်သိမ်း အပိုင်းခြောက် လွန့်လူးလွင့်လွင့် ဒါနဲ့ဘဲကျမတစ်ယောက်တည်း မွေးရပ်မြေကိုပြန်ခဲ့ပါတော့တယ်။မန္တလေးရောက်တော့ကျမအိမ်ကိုပြန်မသွားပါဘူူး။ (ပြန်သွားရင်လဲ လက်ခံမှာမဟုတ်ပါဘူး) အပြင်အဆောင်တစ်ခုမှငှားနေရင်း အလုပ်ရှာရပါတယ်။ ပါလာတဲ့ ငွေလေးကို ချွေတာပြီးသုံးစွဲရင်းပေါ့။ ပြင်ပလုပ်ငန်းပေါများတဲ့မန္တလေးမှာ ကောက်ပဲသီးနှံရောင်းတဲ့ပွဲရုံတစ်ခုမှာ စာရေးမအလုပ်ကိုရပါတယ်။ အဲဒီမှာနေရင်း ကျမ ရဲ့မပြီးဆုံးသောပညာရေးကို ဆက်ဘို့ကြိုးစားရပါတော့တယ်။ အခုခေတ်မှာ တတ်တာမတတ်တာအပထား ဘွဲ့လေးတစ်ခုမှ ရမထားဘူးဆိုရင် ဘဝတိုးတက်လမ်းအတွက်ခက်ခဲ့တဲ့အပြင် အများရဲ့အထင်အမြင်သေးတာပါခံရပါတယ်။ ဒါနဲ့ဘဲအဝေးသင်တက် နေ့စဉ်အလုပ်မှန်မှန်သွား ဖြစ်သလိုစား စက်ဘီးလေးနဲ့ တစ်ကိုယ်တော်ပေါ့။ ကျမ မန်းလေးပြန်ရောက်နေတာကိုသိတဲ့ ကေသီက ကျမဆီကိုလာပေမယ့် မိတ်ဟောင်းဆွေဟောင်းတွေနဲ့ မတွေ့ချင်တော့ပါဘူး။ ဒါပေမယ့်လဲ သူငယ်ချင်းကောင်း ယောက်မကောင်း ပီသတဲ့ ကေသီက အလုပ်အားပြီဆိုတာနဲ့ ကျမကို လာလာခေါ်ပါတယ်။ သူ့နဲ့ အပြင်ကို သွားရင်လိုက်ပေမယ့် သူတို့အိမ်ကိုတော့ ဘာကိစ္စနဲ့မှ မသွားပါဘူး။ အနေအထိုင်ဆင်းရဲတာခံနိုင်ပေမယ့် သူများက ကိုယ့်ကို […]


padonmarOctober 14, 20131min46444
ကျမမှာ တူမချော ၁ဝယောက်ရှိပါတယ်။ (သတိ…ဒီပို့စ်မှာ ကွန်မန့်ပေးရင် ဒီအကြောင်းမပါရ) တူမအကြီးဆုံး ချိုက Photographer ပါ။ ဂဇက်က ဒါ့ပုံဆြာကြီးတွေလောက်နီးနီး တော်ပါတယ်။ (သူရိုက်တဲ့ပုံတွေ ရွာထဲမှာ တွေ့ဖူးကြပါတယ်) သူက ကျမတို့ဖက်လို ရုပ်မဆိုးပဲ သူ့အမေ ကျမ ယောင်းမနဲ့တူပြီးတော်တော်ချောသူပါ။ (ကြွားတယ်ထင်လည်း ကြွားတယ်ပေါ့အေ ) ဟိုတလောက သူ့အောက်က ဒုတိယ တူမလေး တုံတုံ မင်္ဂလာဆောင်ပါတယ်။ ပထမတူမ တယောက် မင်္ဂလာဆောင်တုံးက ဓာတ်ပုံ စိုင်းဘုန်းထူးနဲ့အဖွဲ့က ဓာတ်ပုံရော ဗွီဒီယိုပါ ရိုက်ပေးပါတယ်။ ကျမတို့ အမျိုးတွေ အများကြီးကို တဖွဲ့ပြီးတဖွဲ့ စိတ်ရှည်လက်ရှည်ရိုက်ပေးသလို ထွက်လာသမျှ ဓာတ်ပုံတွေ အကုန်လှနေပါတယ်။(လူတွေလှလို့ဖြစ်မှာပေါ့နော်) ဒီတခါတော့ သတို့သားဖက်က စီစဉ်တာဖြစ်လို့ စိုင်းဘုန်းထူးမခေါ်ဖြစ်ပဲ နောက်ဓာတ်ပုံဆိုင်တဖွဲ့ကို ခေါ်ဖြစ်ပါတယ်။ မင်္ဂလာဆောင်ပွဲများစွာ ပရော်ဖက်ရှင်နယ်ရိုက်နေကျဆိုင်ဆိုတော့ […]


alinsettOctober 7, 20133min33222
              ——————————————————————————————————————     ခံစားမှု / ဝိဘစ္ဆရသ အနုပညာမှ ရရှိသော… ခံစားမှုကို နှစ်သက်ကြည်နူးခြင်း / ရသ ဖြစ်သည်ဟု…ကျွန်တော်တင်ပြခဲ့ဖူးပါသည် ။ ကျွန်တော် သတ်မှတ်ခြင်းဖြစ်ပါသည် ။ ကျမ်းရိုးအလင်္ကာမှ ဝိဘစ္ဆရသ ကို ကျွန်တော်..လက်မခံလိုပါ ။ ဆိုလိုသည်မှာ… အနုပညာမှ ရသော ခံစားမှုသည်…နှစ်သက်ကြည်နူးခြင်းဟု..ဆိုပါလျှင်… ဝိဘစ္ဆရသကို မထည့်သွင်းသင့်ပါ။ ဝိဘစ္ဆသည်… စက်ဆုပ်ရွံရှာမှု ( ဝါ )စက်ဆုပ်ရွံရှာမှု ဖြစ်ပေါ်စေသော ရသဖြစ်သည် ။ အခြားသော ရသများနှင့် နှိုင်းယှဉ်ကြည့်ပါ ။ ကြောက်ရွံ့စေသော…. ၊ ထိတ်လန် ့တုန်လှုပ်စေသော… ခံစားမှုဆိုပါလျှင်… ကြောက်ရွံ ့ ထိန့်လန့် […]


alinsettSeptember 27, 20136min23016
ကဗျာပြခန်း ( ၉ )မှာ… မော်ဒန် ကဗျာ သမား လို ့…ကျွန်တော့်ကို… ပြောကြဆိုကြတာ..လေး..ဖတ်ပြီး.. နည်းနည်းပြောချင်လာတယ် ။ မော်ဒန်ကဗျာဆရာလို ့လည်း..ပြောကြတယ်..ဆိုတော့…..။ အတွန့်လေး..နည်းနည်းတက်တယ်လို ့သဘောထားပြီးဖတ်ပေးပါဗျ ။   ===================================== အနုပညာသမားလို ့ ကျွန်တော့်ကို ခေါ်ကြတယ် ။  ကျွန်တော် ့မိတ်ဆွေတွေကပါ ။ သူတို့က ကဗျာလေး စာလေးရေး ပြီး ကဗျာအတွေး စာအရေးနဲ ့နွေးထွေးနေတဲ့ သူဆိုရင် အနုပညာသမားလို ့ပဲ ခပ်လွယ်လွယ် ခေါ် လိုက်ကြတာကိုးးး။ တကယ်တော့ ကျွန်တော်က ကိုယ့်ကို ကိုယ် အနုပညာသမားလို ့ မသတ်မှတ် သေးပါဘူး ။ အနုပညာ + သမား = အနုပညာသမား ။ […]


၁။ ဟစ်တလာလည်း ဂျာမန်ပြည်သူတွေကို ချစ်သည်။ ထို့သို့ဖြင့် ပထမကမ္ဘာစစ်အတွင်း ရန်သူကို သတင်းပေးခဲ့တဲ့ ဂျူးသုံးယောက်လောက်ကို အကြောင်းပြုပြီး ဂျူးသုံးသန်းကျော်ကို မီးလောင်တိုက် သွင်းပြခဲ့၏။ ၂။ ကက်စ်ထရိုလည်း ကျူဘားပြည်သူတွေကို ချစ်သည်။ ထိုသို့ဖြင့် အိတ်ချ်အိုင်ဗီ ပေါ့စတစ်ဗ်ဖြစ်နေတဲ့ နိုင်ငံသားတွေကို သီးသန့်ရွာကြီတစ်ရွာထဲမှာ ထည့်ပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်ပေးခဲ့၏။ ၃။ အိုစမာဘင်လာဒင်လည်း မွတ်စလင်ဘာသာဝင်တွေကို ချစ်သည်။ ထိုသို့ဖြင့် ခေတ်အဆက်ဆက် ဘာသာရေး အကြွေးဟောင်းတွေကို အကြောင်းပြုပြီး အမေရိကန်ပြည်သူ ငါးထောင်ကျော်ကို လေယာဉ်နဲ့တိုက် သတ်ပြခဲ့ဖူး၏။ ၄။ ဦးနေဝင်းလည်း ပြည်သူတွေကို ချစ်သည်။ သူ့ပြည်သူတွေ ဘူဇွာစိတ် ဝင်ကုန်မည်စိုးသဖြင့် နိုင်ငံကို ၂၆ နှစ်လုံးလုံး တံခါးပိတ်ထားခဲ့ဖူး၏။ (သူကိုယ်တိုင် ဘူဇွာ။ မဇွာက တစ်ပိုင်းပေါ့လေ..) ၅။ […]


စက်တင်ဘာလ(၂)ရက်နေ ့ညက  မန္တလေး  ရဲတိုင်းရုံး၊ မှုခင်းဖော်ထုတ်တဲ့ဌာနက  in charge  ရဲအုပ် မောင်တင့်ကို အဲဒီဌာနမှာ  တာဝန်မှူးကျတဲ့  ဒုရဲအုပ် သိန်းသန်းစိုးက  ပစ္စတိုသေနတ်နဲ့  ပစ်သတ်လိုက်ပါတယ်။ (၂)ဦးစလုံး  မန္တလေး တိုင်းရုံး မှုခင်းဖော်ထုတ်တဲ့ ဌာနကဖြစ်ပြီး အဲဒီနေ့က  ရဲအုပ် မောင်တင့်က  အပြင်ရောက်နေတဲ့  ဒုရဲအုပ် သိန်းသန်းစိုးကို တာဝန်တစ်ခုဆောင်ရွက်ဖို့  လူစု(တန်းစီ)တာ မှာ  မရှိလို့ တာဝန်မှူး လုပ်ပြီး  ဘာကြောင့် မရှိသလဲ ဖုန်းနဲ့ပြောကြရင်း  ရန်ဖြစ်ကြတယ် လို ့ဆိုပါတယ်။ အဲဒီနောက်တော့ ဒုရဲအုပ် သိန်းသန်းစိုးက   ရုံးကို  ရောက်လာတယ် ။  တန်းလုပ်တာတော့ မဟုတ်ဘူး  အေးအေးဆေးဆေးဘဲ နေရင်း ခဏနေမှ သူ(ရဲအုပ်) နားကဖြတ်သွားပြီး  နားထင်ကို ကပ်ပစ်လိုက်တာ ၊ […]


သမဒဂျီး ဦးသိန်းစိန်ကို တရုတ်ကြီးက လျှာဂျီးနဲ့ လျှာဂျီးနဲ့….. ……….. ….  🙂 ဧရာဝတီ ဘလော့ဂ်မှာ တင်ထားတဲ့ သမဒ ဦးသိန်းစိန် တလုပ်ပြည်တောလား သဒင်းဓာတ်ပုံ ကြည့်ဂျဇမ်းပါဦး.. အယပ်ဂဒို့။ ဝသဗုံ ကြေးမုံဂျီးအမျိုး ကွမ်းရှီးပြည်နယ်ကွန်ဂရက် အတွင်းရေးမှူးနဲ့ မြန်မာသမဒဂျီး ဘေးဂျင်းယှဉ် ထိုင်ရသဒဲ့။ တရုတ်-အာဆီယံ စီးပွားရေး ဆွေးနွေးပွဲ နန်နင်းမြို့မှာလုပ်လို့ နိုင်ငံဂေါင်းဆောင်ခြင်း မတွေ့ရဒါ နားလည်တယ် သို့သော် ကျုပ်တို့သမဒကို ပြည်နယ်အတွင်းရေးမှူးနဲ့ တန်းတူထား ခံရတာဒေါ့ မရှိဒဲ့သိက္ခာ ကျလွန်းသဗျာ..။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ဒါမျိုးထင်ပါရဲ့..။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်လာတော့ ဦးသိန်းစိန်နဲ့ တန်းတူထိုင် စဂါးပြောပေမဲ့ ဟိုဟာက ကမာ္ဘ့အင်အား အကြီးဆုံးနိုင်ငံ အစိုးရအဖွဲ့ နံပါတ်နှစ် ပြောလို့ရသူ၊ ကမာ္ဘ့နိုင်ငံရေးရာတွေကို ကိုင်လှုပ်နိုင်စွမ်း […]


alinsettAugust 21, 20132min24411
ကျွန်တော်  မော်ဒန် စာပေဆိုင်ရာ အချက်အလက်တွေ … အတွေးအမြင်တွေကို   စ လေ့လာချိန်မှာ… ပထမဦးဆုံး ဖတ်ခဲ့တဲ ့ စာအုပ်လေးပါ ။ ဖတ်ဖူးသူတွေ လည်း ရှိပါလိ်မ့်မယ် ။ မဖတ်ရသေးသူတွေ ရှ်ိရင် ဖတ်ဖို ့…. ဖတ်ပြီးသူတွေ..ပြန် ဖတ်ချင်ရင် ဖတ်ဖို ့.. ပြန် ဝေမျှပေးလိုက်ပါတယ်နော် ။ ဆရာတာရာမင်းဝေ ဟာ.. သူများမတွေးတဲ ့ထောင့်လေးတွေကနေ ေ တွးတတ်ရေးတတ်လို ့… သူ ့ အယူအဆတွေ ဖတ်ရတာ.. စိတ်ဝင်စားဖို ့လည်းကောင်းသလို… ရသမြောက်အောင် ရေးတတ်တဲ့ပညာမှာလည်း.. ပါရမီပါသူတစ်ယောက်မို ့… ဖတ်ရတာ  တော်တော်အရသာ ရှိတဲ ့ စာပေလက်ရာတစ်ခုပါ ။ စာပေအနုပညာဆိုင်ရာ ဆောင်းပါးတွေ… စုစည်းထုတ်ဝေ ထားတဲ […]