etoneJune 7, 20131min51741
4th Jun,2013 (1:12pm) ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့ …. ဆွမ်းဆန်ထဲ ကြွက်ချေးရောတယ် ဆိုတာပဲ ကြားဖူးပါရဲ့တော် ခုတော့ ပဲပေါက်စီထဲ ပိုးဟပ်ချေးပါ ရောလေရော ။ ကြုံလည်း ကြုံဖူးပါဘူးတော် … ကိုယ်တိုင်က အစားသောက်ပေါ် သံသယရှိ sensitive ဖြစ်တဲ့လူမျိုးဆိုတော့ အမြင်အားဖြင့် လတ်ဆတ်လားအရင်ကြည့် ၊ အနံ ့ခံပြီးမှ စားတတ်တဲ့ အကျင့်လည်း ရှိတယ် ။ ပို့စ်မရေးခင် မကြာသေးခင် မိနစ်ပိုင်းလေးကမှ ” water fish” က လှည်းတန်း လာရှိုး King က ဝယ်လာတဲ့  ပဲပေါက်ဆီတလုံး လာပေးသွားတယ် ။ ပေါက်စီမစားခင် လက်အရင်ဆေးပါတယ် … ပြီးမှ  အောက်ခံ စက္ကူဖတ်ကိုခွာ ၊ ပေါက်စီ […]


alinsettMay 31, 20131min33745
စည်းမရှိ ကမ်းမရှိ  ၊ လုပ်ချင်တိုင်း  လုပ်နေကြတာတွေ  ရပ်သင့်ပြီ ။   အဖြစ်အပျက်တွေကို ပြောနေရမှာတောင် စိတ်ကုန်တယ် ။ ပုံကိုသာကြည့်ကြပါတော ့. ။ အလုပ် အသွားမှာ.. အဲဒီလို လမ်းကြောင်းတွေ ကြောင့်.. အလုပ်သမားပြည်သူတွေ စီးနေတဲ ့ ကားမှန်သမျှကို.မညှာမတာ ပိတ် ထားတဲ ့ လမ်းကြောင်းးတွေ. .။ အဲဒီ လမ်းကြောင်းတွေ ကြောင့်  … အလုပ်နောက် ကျပေါင်းလည်း.များပြီ ။ လူတိုင်းလည် း.. မခံစားချင်တော့ဘူးဆိုတာ သေချာတယ် ။ သူတို ့… သွားရာ လမ်းတလျှောက်မှ ာ..လမ်းရှင်းဖို ့ပဲ..သိပြီ းး.. ကျန်တဲ ့ ခရီးသွားပြည်သူတွေနဲ ့.. အလုပ်သမားတွေ  ရဲ ့ […]


Normal 0 false false false EN-US X-NONE X-NONE မပြောမပြီး မတီးမမြည် ဆိုသလို ရွာထဲမှာ ရေငန်ပိုင် ဩဇီဦးဖောမွှေးတဲ့ ပို့စ်၅၃ ဘာသာရေးမီး လန့်နေခိုက် ကြုံဒိုးလေး ဖျာဝင်ခင်းပါရစေ…။ ကမာရွတ်မီဒီယာမှာ မေလ၂၆ရက်နေ့ကလုပ်တဲ့ အစ္စလာမ်ဘာသာအပေါ် အထင်အမြင် လွဲမှားနေတာတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့ ရှင်းလင်းပွဲလုပ်တာ ယူကြုမှာ ကြည့်ရတယ်။ သာဓု ခေါ်ကြောင်း အရင်ပြောပါရစေ..။ မွတ်ဆလင်ခေါင်းဆောင်တွေက ကျမ်းစာနဲ့ ကျောင်းတော် ခွဲခြားသွားမယ်၊ ဘာသာခြားတွေနဲ့ ပွင့်လင်းရင်းနှီးမှု တိုးမြှင့်မယ်ပြောတယ်။ ပြင်ပလေ့လာလိုသူများအတွက် ဗလီဝတ်ကျောင်း တံခါးတွေ ဖွင့်ပေးထားမယ် စသဖြင့်ပေါ့ဗျာ… ဝမ်းသာစရာ ကောင်းလှတယ်။ တခုထောက်ပြချင်တာ ကုရ်အာန်အသိပညာ ပြန့်ပွားရေးအဖွဲ့ ဥက္ကဌ ဦးစန်းအောင် မြွက်ကြားသွားတဲ့ စကား တခွန်းဖြစ်ပါတယ်..  “အမျိုးသားတယောက်သည် […]


alinsettMay 22, 20131min45325
မြို့အမည်ကတော့ လှပါရဲ့ ။ မြို့ထဲတစ်ပတ်လောက် လှည့်ကြည့်လိုက်တော့မှ မလှတဲ့အရာတွေတစ်ပုံကြီးတွေ ့လိုက်ရတယ်။ မြို့ ကို အရောက် ကားပေါ်ကအဆင်းမှာ ကျွန်တော်သွားချင်တဲ့ နေရာကို သွားဖို ့စုံစမ်းရပါတယ်။ တိရစ္ဆာန် ဥယာဉ်ကို သွားချင်တာ ဘယ်လိုသွားရမလဲ ဆိုတော သေသေချာချာ လမ်းညွှန်ပေးတဲ့သူ မရှိပါလားး။ အဲဒါ ထူးဆန်းတယ်။ ကားတွေလာရင် ကားသမားကို မေးးးတဲ့ ။ နောက်တစ်ဦး ကလည်းးး မသိဘူးးတဲ့ ။ မသိတာတော့ ထားပါတော့။ နောက်တစ်ယောက်ကတော့ ဆိုင်ကယ်တွေကို လက်ညိုှး ထိူးးပြတယ်။ အဲဒါနဲ့ပဲ ဆိုင်ကယ်ငှားပြီးသွားဖို ့ဈေးမေးကြည့်တော့ နေပြည်တော်ကားဝင်းကနေ တိရစ္ဆာန်ရုံကို တစ်သောင်းးးတောင်းတော့ လန့်သွားတာပေါ့။ ဝေးလို ့လားးးး ဆိုတော့ အဝေးကြီးးး လို့ဆိုင်ကယ်သမားတွေက ပြောကြတယ် ။ တစ်သောင်းဆိုတာတော့များတယ်လို ့တွှေးမိလို […]


ရပ်ကွက်ထဲမှာ ယမကာဆိုင်လေးတစ်ခု ရှိပါတယ် ၊ အဲဒီမှာ သူငယ်ချင်းတွေ ညနေ ညနေဆို ဆုံဖြစ်ကြတယ်ပေါ့ ၊ နေ့စဉ်ရယ်လို့တော့ အားလုံးဆုံတာ မဟုတ်ပေမယ့် အဲဒီဝိုင်းမှာ လူ မပြတ်ပါဘူး ၊ မနေ့က လာတဲ့သူက ဒီနေ့ မလာ ၊ မနေ့က မလာတဲ့သူက ဒီနေ့လာ စသဖြင့်ပါ ၊ ဒီဝိုင်းမှာ ကုမ္ပဏီ မန်နေဂျာ ပါတယ် ၊   ကုမ္ပဏီ ဝန်ထမ်း ပါတယ် ၊ ကုမ္ပဏီ ကားဒရိုင်ဘာ ပါတယ် ၊ ကားပွဲစားပါတယ် ၊ တက္ကစီမောင်းသူ ပါတယ် ၊ ပြန်မတက်နိူင်သေးတဲ့ သင်္ဘောသား ပါတယ် ၊ ကုန်စုံဆိုင် ပိုင်ရှင်ပါတယ် ၊ ဘွဲ့လက်မှတ်တစ်ခု ဆာတီဖကိတ်အထပ်လိုက်နဲ့ အလုပ်လိုက်လျှောက်နေဆဲလည်း […]


etoneMay 10, 20131min30020
( ဒီပုံစံအတိုင်းဆို … နိုင်ငံတွင်းက .. ဆရာဝန်တွေ ..ဆေးကုဖို့ တွန် ့ပြီး ….  ပြည်ပပဲရောက်ကုန်တော့မလား ၊ စီးပွားရေးပဲ ပြောင်းလုပ်တော့မလားမသိ …. ။ ရဲတွေဘက်တားဂတ်ထားပြီး ဆူအောင်လုပ်တုန်းက မအောင်မြင်လို့ .. ခုဆရာဝန်တွေဘက် … မြှားဦးလှည့်လာပြီ …. ဆရာဝန်တွေ ကပ်ဆိုက်တယ် .. ခေါင်းကျိမ်းပေတော့ပဲ ….  😛 အဟမ်း … အားနေလို့ လက်သရမ်းတယ်ပဲပြောပြော .. ဝါသနာ ပါလို့ အာဝင်ချောင်တယ်ပဲပြောပြော … မိမိရဲ့ ထင်မြင်ချက်ကို နည်းနည်းပွားခွင့် ပြုပါ အရပ်ကတို့ရေ …. ။ ကိုယ်ပိုင် ထင်မြင်ချက်နဲ့ ထောက်ပြရေးထားတာကြောင့် … တစုံတဦးအပေါ် ထိခိုက်နစ်နာမှု ဖြစ်လာခဲ့လျှင်လည်း … ဆောရီးပါလို့ […]


etoneMay 3, 20131min65931
  လိင်ခွဲခြား ဆက်ဆံမှုတွေမြင့်မားနေတဲ့ မြန်မာနိုင်ငံမှာ ၊ မိန်းတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ပါလျှင် ၊ အိမ်မှုကိစ္စ ၊ ဝေယျာဝစ္စအဝဝနဲ့ အိမ်တွင်းအိမ်ထောင့်တာဝန်ထမ်းရမယ့် ကိစ္စတွေမှာ တာဝန်အရှိဆုံးရယ်လို ့ အလိုလိုသတ်မှတ်ခံခဲ့ကြရတယ် ။ ဒါကြောင့်လည်း မိန်းမအဖြစ် မွေးဖွားလာသူတွေထဲ အများစုက သိတတ်စ အရွယ်ကစပြီး ၊ အိမ်မှု ကိစ္စတွေကို အသက်အရွယ်အပိုင်းခြား အလိုက်တဆင့်ခြင်း လေ့ကျင့်သင်ကြားပေးခြင်း ခံခဲ့ရပါတယ် ။ လူကြီး သူမတွေခိုင်းစေ သင်ကြားလို့သာ လိုက်လုပ်ကြရလို့ ၊ အိမ်မှုကိစ္စမှာ ဝါသနာပါရင်း သင်ကြားတတ်မြောက်သွားသူတွေ ရှိသလို ၊ ဘယ်လောက်သင်သင် ဝါသနာရော ၊ စိတ်ဝင်စားမှုပါမရှိတာကြောင့် … အိမ်တွင်းမှု မလုပ်မတတ်တဲ့ မိန်းမတွေလည်း ဒုနဲ့ဒေးပါပဲ … ။ တတ်တာ မတတ်တာ အပထား […]


marblecommetApril 21, 20131min21415
အခုတလော ရွှေမန်းမြို့က ကျုပ်မိတ်ဆွေကြီးကို အတော်လေး သတိရနေမိတယ်။ အခုတလော သတိရတယ်ဆိုလို့ အရင်တုန်းကတော့ သတိမရဘူးလို့ မဆိုလိုပါ။ အခု သင်းကို ပိုပြီးတော့ ထပ်ကာ ထပ်ကာ သတိရနေမိတာက ပူလွန်းလို့ပါ။ ပူတယ်ဆိုတာ ဘာပူသလဲ မမေးနဲ့။ ဓာတ်ကြီးလေးပါးလုံးကိုက ပူနေတာ။ ရန်ကုန် နေမင်းကြီး ကျွတ်ကျွတ်ညံအောင်ပူလေ၊ သင်းကို သတိရလေ။ ဆိုလိုတာက တို့ရန်ကုန်တောင် အဲလောက် ပူလှတာ ။ သင်းတို့ မန္တလေးဆို အရိုးခြောက်အောင် ပူမှာပေါ့ ဆိုတဲ့ အတွေးတစ်ခုလေး၊ စာနာစိတ်ကလေး တစ်ခုတည်းနဲ့တင် သတိရတာမဟုတ်ဘူးဆိုတာကို ဝန်ခံပါ၏ ရဲဘော်အဆွေ။ အခုတလော ရန်ကုန်နေ၊ ရန်ကုန်နွေက ပိုပြီး ပူလာတော့ ပေါင်ဖြူ၊ ပေါင်တို၊ ပေါင်ညို၊ ပေါင်မည်း၊ ပေါင်ဝဲထူ၊ ပေါင်ဂျွတ်တက်တွေကိုလည်း ပိုပြီး […]


စဆရ ႀကီးApril 4, 20131min2178
” ကိုယ်ချစ်များ ချစ်မိနေသလား… မရေရာဘူး စိတ်ထဲမှာ…” အဲလိုလဲ မဟုတ်သေးပြန်ဘူး ” ရန်သူငါးပါးထဲမှာ မညှာမတာ ဘယ်သူ့မှမထောက်ပါ သူခိုး ဓါးပြထက်ဆိုးတဲ့ရန်သူဟာ..” ဒါလေးမှ ဟုတ်သလိုလိုရှိသွားတယ်… ကိုရင်ရှူံးတွေးမိသည်ကို သီချင်းဆိုမိခြင်းဖြစ်ပါ၏။ ××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××× များမကြာမီမှာပင် ကိုရင်ရှူံးတစ်ယောက် မြန်မာပြေလား မြန်မာပြည်လားမသိသည့် ဗမာလူမျိုးများနေထိုင်သည်ဆိုသော မြေကြီးသို့ ပြန်ရောက်ရပေတော့မည်။ သို့သော်လည်း ရှိစေတော့၊ ဝင်ပေါက်တစ်ပေါက်တည်းသာ ရှိသည့်အတွက် ထိုဝင်ပေါက်တစ်ပေါက်မှပင် ကိုရင်ရှူံးပြန်ရပေတော့မည်။ ကိုရင်ရှူံးနေထိုင်ရာ မြေကြီးတွင်မတော့ နိုင်ငံပေါင်းစုံမှ လူများ လာရောက်လုပ်ကိုင်ကြလေသည်။ နီပေါ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အီဂျစ်၊ အီသီယိုးပီးယား၊ ဆီးရီးယား၊ အီရန်၊ အိုမန်၊ ဘင်္ဂလားဒေ့ရ်ှ၊ ပါကစ္စတန် အစရှိသည်တို့မှ ဖြစ်သည်။ ထိုလူမျိုးများနှင့် နေ့စဉ်လိုလိုပင် ထိတွေ့ဆက်ဆံနေရပါ၏။ သောကြာနေ့ဆိုလျင် နေ့လည် တစ်နာရီမှ […]


etoneApril 3, 20131min34225
သူများတွေ ၊ တိုင်စာ တောစာ ရွာထဲ လာတင်တုန်းက နေရာမှားပြီး လာတင်တယ် မှတ်တာ ၊ တကယ်တော့ ကိုယ်က ဉာဏ်မမှီလို့ မတွေးမိတာ ၊ စာဖတ်နေတဲ့ လူထဲရော ၊ ရွာသူ/သားတွေထဲမှာရော ပေါက်ပေါက်ရောက်ရောက် လူတွေပါနေတယ်ဆိုတာ  လေသံကြား ဖမ်းတရားနာရင်း သတင်းရခဲ့ပါတယ် ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ စနစ်တကျ မဖြစ်လို ့ နစ်နာရတယ် ယူဆပြီး ပြောသင့်တာ ပြောပါဦးမယ် ။ ဖုန်းဘေလ်ကောက်ခံမှု စနစ် ကမောက်ကမဖြစ်နေတာကြောင့်ပါ ။ ဒီလထဲမှာတင် စံချိန်တင်လောက်အောင် ခဏခဏ ထည့်လိုက်ရတဲ့ ပိုက်ဆံကဒ် ဘယ်လောက်တောင် သုံးပစ်လိုက်လဲ ကိုယ်တိုင်မမှတ်မိပါဘူး ။ အလုပ်နဲ့ပတ်သတ်လု့ိ ဖုန်းပြောတာလည်း ရှည်ရှည်း ဝေးဝေးမဟုတ် ၊ အင်း ၊ […]


အုပဒေစိုမိုးရေးနဲ့ တီငြိမ်ရေးဥက္ကဌ ဘွားဒေါ်ဂျီး၊ နိုင်ငံဒေါ်သမဒဂျီး၊ ပြည်သူ့လွှတ်တော် အုတ်ကထဂျီး၊ ပြီးတော့ ကာချုပ် အသစ်စက်စက် ဗိုလ်ချုပ်မှူးဂျီး တို့ကိုကြည့်ပြီး မြန်မာပြည် ဒီမိုကရေစီအရေး တောင်းဆိုမှုကို ကာတွန်းဆွဲချင်စိတ် ပေါ်လာသဗျ၊ (ကာတွန်းဆိုတော့ ကာတွန်းလို ကြည့်ပေါ့ဗျာ) သို့ပေမဲ့ မျဉ်းတကြောင်းဖြောင့်အောင် မဆွဲတတ်တာမို့ ရွာထဲက ကာတွန်းပညာရှင်တွေထံ အကူအညီတောင်းပါတယ်..။ ဒီလိုဗျာ.. ခပ်ရွှင်ရွင် အပျော်အပျက် ကယ်ရီကေးချားပုံတွေနဲ့ ကာတွန်းလုပ်မယ်။ ပုံ (၁) မှာ ၁၉၈၈ခုနှစ် လူထုအုံကြွမှုနောက်ခံနဲ့ ဘွားဒေါ်ဂျီးက မိန့်ခွန်းခြွေလို့.. ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး ကြွေးကြော်သံနဲ့…. ကိုယ့်ဖက်က ၁၁၀%.. စက်ဝိုင်းဂရပ် (pie chart) တောင်လျှံထွက်လို့ပေါ့။ (စက်ဝိုင်းပုံကို ကာလာအပြည့်ချယ်ယုံမက အပြင်ကိုပါကျော်နေ)။ ဘွားဒေါ်ဂျီးမျက်နှာက စိတ်အားထက်သန်မှုအပြည့်.. ပုံ (၂) ကြတော့ ၁၉၉ဝခုနှစ် […]