alinsettNovember 28, 20122min28030
ကျွန်တော်ကတော့…… ရသင့်တာကို…ရအောင်…တောင်းဆိုနေချင်ပါတယ် ။ ရသင့်တာ ထက်… ပိုမတောင်းဆို မိသ၍……. ရသင့်တာထက်…. ပို မယူ မိသ၍…… ရသင့်တာကို..တောင်းဆို သင့်တဲ ့ နည်းနဲ ့… တောင်းဆိုနေသ၍…….. ကျွန်တော်… အမှန်တရား နဲ ့အတူ..ရှိနေဆဲပဲ…ဖြစ်တယ် ။ ရသင့်တာက်ိုတော့……. ရ တဲ ့နည်းနဲ ့..တောင်းဆိုနေဦးမှာပဲ…..။ တည်းတည့်တောင်းဆို လို့ မရသေးရင်… သွယ်ဝိုက်ပြီး..တောင်းဆိုမယ် ။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx သူတို ့ပိုင်ဆိုင် ထားတာတွေနဲ ့…. တကယ်တမ်း…. သူတို ့..ပိုင်ဆိုင် သင့်တာတွေ… ကို… တိုင်းတာကြည့် ……... xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ရပိုင်ခွင့် ရှိတာလေးတွေတောင်မှ မရပါများလာတဲ့အခါ ကျွန်တော် ရင်နာလာပါတယ် ။ ရပိုင် ခွင့်တွေအကြောင်း ကျွန်တော် စာတစ်ပုဒ်လောက်ရေးပြီး […]


woo warrOctober 20, 20121min1677
အော်  အမြဲတမ်းပွဲဆူအောင် လုပ်တတ်ပါလား..MPT ရယ်.. အခုချိန်ထိ အမြတ်ကြီးစားလာရတာတောင် မဝသေးလို့ အခုလိုထက်လုပ်တာလား… Viber ဆိုတာ ကမာ္ဘကတောင် အသိအမှတ်ပြုထားရတဲ့ Open Source Application တစ်ခုပါ.. ဒီဟာလေးကိုတောင် ကြည့်မရပဲ…… သုံးမိရင် ဖုန်းလိုင်းပဲဖြတ်တော့မလို ဥပဒေနဲ့ မလွတ်ကင်းသလို ပြောနေပြန်ပါရောလား နည်းပညာကို အရမ်းစောင်းပေးနေတဲ့ခေတ်ကြီးမှာ ပြည်သူတွေနည်းပညာကို သုံးတာတောင် ပိတ်ချင်တယ်ဆိုတော့…အင်း….MPT ရေ… ဝိသမ လောဘသားဆိုတာ မင်းတို့မှ အစစ်ပါကွာ….


alinsettOctober 18, 20121min62025
ပ = ပဒုမ္မာ ပန်းလို..လှတဲ ့ ပပဝတီရဲ ့အလှမျိုးကို အားကျတယ် ပပဝတီ ဆိုတဲ ့မင်းသမီးတစ်ပါးအကြောင်း… ကလေးက အစ သိကြပါတယ် ။ ဘယ်သူမှ သေချာ မမြင်ဖူးလိုက်ပေမယ့်… အတော် လေး…လှတယ်..လို ့တော့ပြောကြပါတယ် ။ ခေတ်အဆက်ဆက်လည်း… သူမရဲ ့အလှကို စာတွေ..သီဖွဲ ့ …ခဲ့ကြတာ….. / သီရီစီကုံး ပြောဆိုခဲ့ကြတာတွေ..နားနဲ ့မဆန့်လောက်အောင် ကြားခဲ့ ရတယ် ။ ပပဝတီ ဟာ..ဘယ်လောက်များ..လှ လိုက်သလဲ..ဆိုရင်…. ခုနှစ်ဆောင် တိုက်ခန်းမှာ… မီးမထွန်းပဲတောင် လင်းသတဲ ့ ဗျာ။ ဟုတ် / မဟုတ်တော့….သေချာ မသိ ဘူး။ ကျွန်တော်….တော်တော် သဘောကျသွားပါတယ် ။ အဲဒီလို အလှမျိုး…. အားကျလိုက်တာဗျာ […]


padonmarOctober 12, 20121min27027
ဒီနေ့ညနေ ၃နာရီခွဲ မြို့ထဲကို အပြန် အင်းစိန်လမ်းပေါ် ဆင်ရေတွင်းနားမှာ ဘေးချင်းပွတ်ပြီး ချိတ်နေတဲ့ ပါရမီဘတ်စကား ၂စီးကို တစ်ဖက်ယာဉ်ကြောမှာ တွေ့လိုက်ရလို့ မှတ်တမ်းတင်ထားလိုက်ပါတယ်။ ဒရိုင်ဘာတွေ စပါယ်ယာတွေလည်း သူမှားငါမှန် အချင်းများနေကြပါတယ်။ ထုံးစံအတိုင်း လမ်းဘေးကလူအုပ်ကြီးကလည်း ဝိုင်းစပ်စုလို့ပါပဲ။ သူတို့နောက်က လမ်းပိတ်နေလို့ သွားမရတော့တဲ့ ယာဉ်တန်းကြီးဟာ ကား ၁မှတ်တိုင်စာ (စွယ်တော်ရွက် သင်တန်းရှေ့ထိ) ရောက်ပြီး ခရီးသည်တွေလည်း စိတ်ပျက်ပျက်နဲ့ သူတို့ရှင်းအပြီးကိုစောင့်နေကြရပါတယ်။ ပြီးခဲ့တဲ့လက သတင်းစာထဲမှာပါတဲ့ ပါရမီ-အဓိပတိယာဉ်များ မဆင်မခြင်မောင်းလျှင်၊ဆက်ဆံရေးမပြေပြစ်လျှင် အောက်ပါဖုန်းနံပါတ်များသို့တိုင်ပါဆိုတဲ့ ကြော်ငြာလေး သတိရမိပါတယ်။ သူတို့ပေးထားတဲ့ ဖုန်းနံပါတ်က မှတ်မိလွယ် နံပါတ် မဟုတ်ပါဘူး။ (ဥပမာ- အရေးပေါ်လူနာတင်ယာဉ်ခေါ်ချင်ရင် 500005 ဆိုတာမျိုး တစ်ခါကြားတာနဲ့ မမေ့နိုင်တဲ့ နံပါတ်မျိုး ဖြစ်သင့်ပါတယ်) ကျမ ကတော့ တိုင်မယ်တောမယ် […]


alinsettOctober 10, 20121min24937
ကျွန်တော်…. အခု လွဲ တာတွေ ပြောပါမယ် ။ ဘာလို ့လ ွဲ တာတွေ ပြောရသလဲ..ဆိုတော့…. ကျွန်တော့်မှာ..လွဲတာတွေ..ပဲ..ရှိလို ့ပါ ။ ကျွန်တော် အလွဲ..တွေ..အတော်လေး. များခဲ့ပါတယ် ။ ဘာလို ့လွဲ တာတွေပဲ… များခဲ့သလဲ..လို ့ထပ်မေးရင်…. ထပ်ဖြေပါ့မယ် ။ မှန်တာတွေ မလုပ်ရဲ.. မပြောရဲ ခဲ့လို ့ပါ ။ မှန်တာပြောရင်..ရွာ ့ပြင် ထွက့် ရတယ်..ဆိုတဲ ့ အတိုင်း..ရွာ့ပြင် ထွက်ရမှာာကြောက်လို ့… ကျွန်တော် မှန်တာတွေ..မပြောရဲ..ခဲ ့ပါဘူး ။ အခုလည်း…… လွဲ တာတွေ… ပဲ..ပြောပါ့မယ် ။ တကယ်လို ့… အလင်းဆက်..တို ့ ရေးတဲ ့စာက လွဲတာတွေ..ပဲ…။ […]


etoneOctober 10, 20121min64791
ဒီနေ့မနက်စောစော မိုးလေးတဖွဲဖွဲရွာလို့ အိပ်ယာမထချင်ပဲ ကွေးကောင်းတုန်းရှိသေးတယ် ၊ ဝုန်း ဝုန်း ဒိုင်း ဒိုင်း အသံစုံကြောင့် မျက်လုံးပြူးသွားရပါတယ် ။ တစ်စုံတစ်ယောက် တံခါးခေါက်ခြင်းလို့ သိပေမယ့် ၊ အိမ်သားတွေအကုန်ခရီးသွားလို့ တစ်ယောက်တည်းကျန်နေခဲ့တဲ့ ကျွန်မအဖို့ ဘယ်ဧည်သည်ကိုမှ လက်မခံချင်ပါဘူး ။ ဆက်ဆံရေးကောင်းလွန်းလို့ ကျွန်မနဲ့ ပတ်သတ်ပြီး ဧည့်သည် လာစရာလည်း မရှိတာကြောင့်  ၊ စောင်ခေါင်းမြီးခြုံပြီး ၊ တံခါးခေါက်သံကို ဥပက္ခာပြုကာ ပြန်ကွေးမိပါတယ် ကမာ္ဘပြိုတာတောင် ထမကြည့်ဘူးဆိုတဲ့ အတွေးတွေနဲ့ပေါ့  ။ တံခါးဆီက ထုရိုက်သံကလည်း အဆက်မပြတ်နဲ့  ဇွဲကြီးစွာ ထွက်ပေါ်နေတုန်းပါပဲ ။ စောင်းခေါင်းမြီးခြုံထားတာတောင် ၊ တံခါးခေါက်သံကြားနေရသေးတာကြောင့် ကျွန်မစိတ်တိုစပြုလာပါပြီ ။ စိတ်အချဉ်ပေါက်သလို နည်းနည်းဖြစ်လာပါပြီ ။ ခဏတော့စောင့်ကြည့်ပေမယ့် ရပ်မသွားပဲ တရစပ်ခေါက်သံကြောင့် […]


marblecommetOctober 9, 20121min28733
စာရေးသူရဲ့ ကိုယ်တွေ့အရ စာရေးသူတစ်ခုပြောချင်တာကတော့ စာရေးသူတို့ရဲ့ ပရိသတ်ကြီးဟာ စာရေးသူအတွက် မဟာအင်အားတစ်ခုဆိုတာပါပဲ ချစ်စွာသော ပရိသတ်ကြီးရေ့။ စာရေးသူရဲ့ ပရိသတ်ကြီးအားပေးမှုကြောင့်သာ စာရေးသူဟာ စာရေးဖို့အတွက် အားအင်တိုးပွားလာရသလို စာရေးသူရဲ့ ပရိသတ်ကြီးကိုလည်း စာရေးသူအနေနဲ့ လွန်စွာကျေးဇူးတင်ကြောင်းကို စာရေးသူ ပြောပါရစေ စာရေးသူရဲ့ ပရိသတ်ကြီးရေ့…..။ ……………. ……………. ပရိသတ်ကြီးသိတဲ့အတိုင်း စာရေးသူတို့နိုင်ငံဟာ အခုဆိုရင် ဒီမိုကရေစီအကူးအပြောင်းကာလကို ရောက်ရှိနေပြီမဟုတ်လား။ ဒါဟာ စာရေးသူတို့ ပရိသတ်ကြီးတို့ အနှစ်နှစ်အလလ မျှော်မှန်းခဲ့ကြရတဲ့ အခြေအနေမဟုတ်ပါလား စာရေးသူရဲ့ ပရိသတ်ကြီးရယ်။ အဲဒီအခါမှာ စာရေးသူ ပြောချင်တာကတော့ အဲလို နိုင်ငံရေးအခြေအနေပြောင်းလဲတိုးတက်လာတဲ့အခါမှာ အွန်လိုင်းမီဒီယာဆိုတာကလည်း စာရေးသူအတွက် လွန်စွာမှ အရေးပါလာခဲ့ပြီမဟုတ်ပါလား စာရေးသူရဲ့ ပရိသတ်ကြီးရေ့….။ …………… …………… အဲဒါကြောင့် စာရေးသူမှာဆိုရင် ဖေ့ဘွတ်အကောင့် ခွန်(၇)ခုတိတိ ရှိပြီးတော့ […]


alinsettSeptember 21, 20121min17114
တဝမ်းပူကလေး အလှည့် ရောက်လာပါပြီ။ စု ၊ တု ၊ ပြု..ဆိုတဲ ့ စကားအတိုင်း…. ကျွန်တော်..စု ထားသမျှလေးတွေထဲက… နည်းနည်းကို… တု ပြီး..ပြု..ကြည့်ပါဥိးမယ် ။ တု မှာ ကတော့…. ဆရာတာရာမင်းဝေ ရဲ ့… ကဗျာလေးတစ်ပုဒ်ကိုပါ ။ ဆရာတာရာမင်းဝေ…က… ကဗျာရေးသော.လူတစ်ယောက်အကြောင်း..ဆိုပြီး… ထူးခြားတဲ့ ကဗျာလေးတစ်ပုဒ်ရေးခဲ့ပါတယ် ။ အားလုံးလည်း..ဖတ်ဖူး မှတ်ဖူးကြမယ် ထင်ပါတယ် ။ 1997 ၊ ဇွန်လ ထုတ် ၊ မိုးခေါင်လို ့တီးတဲ ့ ဗုံသံ.. ကဗျာစုစည်းမှု စာအုပ် ထဲမှာ..ပါဝင်ပါတယ် ။ တင်ပြပုံ / ဟန်.. ဆန်းသစ်ထားတဲ ့ ကဗျာတိုလေးပါ ။ အရေးအဖွဲ ့က […]


ムラカミSeptember 13, 20122min39026
ဂျပန်နိုင်ငံလို့ ပြောရင် ..ကျနော်တို့ မျက်စိထဲမှာ ကီမိုနို ချယ်ရီပန်း မော်တော်ကား နဲ့ စက်ရုပ်တွေ ကို အရင်ဆုံး မြင်ယောင်မိမှာ ဖြစ်ပါတယ်.. ဒါတွေဟာ ..ဂျပန်ရဲ့.. brand elements တွေ …. (ဒေါက် … စိတ်ထိန်းဟဲ့… ဒါ …မားကတ္တင်း ပိုစ့် မဟုတ်ဘူး … ဟတ်ကဲ့ ဟတ်ကဲ့ ..) 😛 အဲလေ.. ဆက်ရရင် … ဆိုလာ အာအိုးအိ ၊ လိကို ကာဝါဂူချိ ၊ အိုဇာဝါ မာရီယာ .. တို့ကို ပြေးမြင်သူလည်း ရှိမှာပါ … ( ဖြန်း .. ညှီပြန်ဘီ… ဒါ ဂဇက်ဟဲ့ ..ချက်ကြီး မဟုတ်ဝူး… […]


SonnySeptember 6, 20121min21314
ငဆန်နီရေဒီယို(၆) မင်္ဂလာပါခင်ဗျာ ငဆန်နီ နှုတ်ခွန်းဆက်ပါ၏။   ဒီရက်ပိုင်းခံစားရတာလေးတစ်ခုပြောချင်ပါတယ်။ ပညာရေးအကြောင်းပါ။ ဒီအကြောင်းကို ဆရာမကြီးဒေါက်တာဒေါ်မြင့်မြင့်ခင်တို့လည်း ပြည့်သူ့ခေတ်ဂျာနယ်မှာ “ပညာဟူသည်မြတ်ရွှေအိုး” ခေါင်းစဉ်နဲ့ရေးပါတယ်။ မြန်မာနိုင်ငံပညာရေးစနစ်ကို “ဒီလိုပညာရေး” လို့ဆိုပြီး အမည်မှည့်ပေးလိုက်ပါတယ်တဲ့။ “ဒီလိုသင်မယ် ဒီလိုကျက်၊ ဒီလိုမေးမယ် ဒီလိုဖြေ၊ဒီလိုအောင်” တဲ့။ “ဘာကြောင့်နုံချာနေတဲ့ အကြောင်းကို ဆန်းစစ်မယ်ဆိုလျှင် တွေ့ရတာက စာသင်ရာမှာ နှုတ်တိုက်အာဂုံဆောင် ခြင်းကို တရားလွန်အားပေးနေတာက ပညာရေးစနစ်ရဲ့ အမည်းမှတ်ကြီးဖြစ်တယ်” လို့ဆရာမကြီးက ထောက်ပြထားပါတယ်။ Route Learning စံနစ်ပါ။ အမေစု (သို့) ဒေါ်အောင်ဆန်းစုကြည် ကလည်း ပညာရေးကိုဝေဖန်ထောက်ပြဘူးပါတယ်။အလွန်နိမ့်ကျနေပါသေး တယ်တဲ့။ လူငယ်တွေကိိုလည်းစာများများဖတ်ဖို့ ဒီတစ်ပတ်ထုတ် ဒီလှိုင်းဂျာနာယ်မှာ တိုက်တွန်းထားပါတယ်။ လူငယ်တွေကိုလည်း တက္ကသိုလ်ကျောင်းသူကျောင်းသားဘဝ အပြည့်ခံစားစေချင်တယ်တဲ့။ (CAMPUS LIFE) ရတဲ့ဘွဲ့ ကို ကျောင်းပြီးရင် အလုပ်အာမခံချက်ပေးနိုင်တဲ့ဘွဲ့ […]


ကြေးမုံဂျီး လူလိမ်ဂျီးပါဗျို့…………….. ဟေ့….ကြေးမုံဂျီး လူဆိုရင် ပြောစကား မှန်ရတယ်ကွ။ လူတွေ တရားမစောင့် လိမ်ညာခဲ့ကြလို့ ကမာ္ဘဦး တည်ခဲ့တဲ့ နွယ်မြက်သစ်ပင် ဆေးဖက်ဝင် သစ္စာစကား ပျက်ယွင်းခဲ့တယ်။ အမှန်တရားဆိုတာ အမှားတရံ အမှန်ဖြစ်ဖို့ အမှားမကင်းပေမဲ့ မှားလို့မှားမှန်းမသိ အမှားကိုဖက်တွယ်နေရင်တော့ မှားလွန်းမက မှားနေပြီ ကြေးမုံဂျီး။ လောကမှာ ချစ်ခြင်းမေတ္တာဆိုတာ အရေးကြီးဆုံး တန်ဖိုးအထားအပ်ဆုံး အရာတခု..ဒါကို  တရုတ် ကူမြူနစ်ပါတီ အမာခံကေဒါဆိုတဲ့ မာန်မာနနဲ့ တငါငါစွဲပြီး ချစ်သူကြင်သူ နှစ်ဦးအကြား သွေးခွဲဖို့ကြံစည်တယ်။ ဘာတဲ့ ရှာရာပိုဗာ ဒီနှစ်ကုန်ရင် လက်ထပ်တော့မယ်တဲ့၊ သူ့လင်က ဆားဗီးယားလူမျိုး ဘက်စကတ်ဘောလ် အားကစားသမားတဲ့၊ အမေရိကန် အန်ဘီအေလိဂ်မှာ ကစားခဲ့ပြီး  အခုလက်ရှိ တူရကီမှာ ကစားနေတယ်တဲ့။ သူ့ရို့ဖာသာသူတို့ ရိုးရိုးသားသား အဖြူထည် သူငယ်ချင်းလိုခင်တာကို […]


alinsettSeptember 1, 20121min42025
ဖွံ ့ဖြိုးဆဲ..နိုင်ငံ တစ်ခုမှာ ကျွန်တော်..နေထိုင် အသက်ရှင်နေရပါတယ်။ စကားလုံးလှလှလေး သုံးပြီး.. ဖွံ ့ ဖြိုးဆဲ..နိုင်ငံ …လို ့ ပြောရတာပါ ။ အမှန်တကယ်တော့ ဆင်းရဲ..တဲ ့ နိုင်ငံပါ ။ မြန်မာနိုင်ငံဟာ… သယံဇာတ တွေ.. ပေါကြွယ်ဝ တဲ ့နိုင်ငံ တစ်ခု…လို ့ ငယ်စဉ်ကတည်းက စာတွေ ထဲမှာ..သင်ရပါတယ် ။ အမှန်တကယ်လည်း… သယံဇာတ တွေ. ပေါ ပါတယ် ။ သဘာဝတရားကလည်း….လှပ တည်ငြိမ်စွာ..ရပ်တည်..ပေးထားပါသေးတယ် ။ ရာသီဥတုလည်း..မျှတ သာယာတယ်..လို ့ ပြောရင် ရနိုင်ပါတယ် ။ ဒါပေမယ့်…. ဖွံ ့ ဖြိုးတိုးတက်မှု.တွေ လိုအပ်တဲ ့နိုင်ငံ တစ်ခု အနေနဲ ့ရပ်တည်နေရဆဲ..ပါ။ […]