pazflorSeptember 1, 20121min30219
  ခေါင်းစဉ်ကြည့်ပြီးတော့ ဘာဘူးလည်းလို့မတွေးကြပါနဲ့ ဦးခင်ဗျ။ ဘာဘူးလည်းဆိုတာ ဆက်ဖတ်ရင်းသိသွားမှာပါ။ ရှေ ့အပတ်တုန်းက အဆောင်က သူငယ်ချင်းသုံးယောက်နဲ့ ဘာလင်ကို သွားလည်ဖြစ်ပါတယ်။ ရုတ်တရက်ကြီး အစီအစဉ်မရှိဘဲ သွားတာဆိုတော့ သူတို့ညွန်းတဲ့အဆောင်မှာဘဲ အင်တာနက်က ဘွန်ကင်လုပ်လိုက်ပါတယ်။ ၆ယောက်ခန်းအရောခန်းမှာပါ။ သေချာမမေးမိတော့ မသိဘူး၊ သူငယ်ချင်းသုံးယောက်က နောက်မှ ၈ ယောက်ခန်းမှာ ဘွတ်ကင်တင်ထားမှန်းသိတော့တယ်။ နောက်နေ့ မနက်ဘာလင်ရောက်တော့ အဆောင်အရင်သွားပြီး confirm လုပ်၊ အထုပ်အလေးတွေ အပ်ခဲ့ပြီး ဒိုးကြတာပေါ့ဗျာ။ အဆောင်ပြန်ရောက်တေ့ ည ၉ နာရီကျော်နေပြီ။ အဲ့ အချိန်ကြတော့ ကျန်သုံယောက်နဲ့ ကျနော်နဲ့ အခန်းမတူမှန်းသိတော့တယ်။ ကိုယ်အခန်းထဲရောက်တော့ ဘယ်သူမှ မတွေ့။ အထုပ်တွေတော့ နေရာယူထားကြပြီ။ နောက်ဆုံး ကျန်တဲ့ ကုတင်မှာ ကိုယ် name tag လည်းထည့်၊ […]


alinsettAugust 27, 20122min46020
( နိဒါန်း ) အခုတလော ရွာထဲမှာရော ရွာ ့ပြင်မှာပါ.. ဆရာမ ဝင့်ပြုံးမြင့် ပျောက်ခြင်းလှလှ ပျောက်နေပါတယ်နော် ။ မိသားစု အရေးကိစ္စတွေနဲံ ့ ( ဘာသာပြန် ) စာအုပ် စာပေ ကိစ္စတွေကြားမှာ… ဆရာမ တစ်ယောက် …မအားလပ်ရအောင် အလုပ်များနေလောက်ပြီ…ထင်ပါရဲ ့ ့..။ ကျွန်တော်နဲ ့လည်း..အဆက်အသွယ်ပြတ်တောက်နေတာ ရက်ပေါင်း 20 ကျော်ပါပြီ ။ အခု ဒီ ပိုစ် ကို ရေးမယ် ပြင်တော့ ဆရာမ ဝင့်ပြုံးမြင့်ကို ကျွန်တော် အရမ်းသတိရသွားပါတယ် ။ ဆ = ဆလိမ်ဆရာမ သတိရတဲ ့ပို့်စ်ပေါ့ဗျာ… ဆ = မှာ.. surrealism အကြောင်း နည်းနည်းပြောမယ်..လို […]


padonmarAugust 24, 20121min66039
ဒီနေ့မနက် ၉နာရီခွဲ ကျမ အလုပ်အသွားလမ်းမှာ ကား accident တစ်ခုကြုံရပါတယ်။ Car accident ကတော့ ခုတလော နေ့စဉ် ဖြစ်နေတာ ဆိုတော့ မဆန်းပါဘူး။ ဒါပေမယ့် မျက်စိရှေ့မှာတင် ဖြစ်သွားတာဆိုတော့ ဖြစ်ပြီးသား ဓာတ်ပုံတွေ တွေ့ရတာနဲ့ မတူပဲ ဖြစ်စဉ်တစ်ခုလုံးမြင်လိုက်ရလို့ အတွေးတွေ တော်တော်ရှုပ်သွားရပါတယ်။ ဲဖြစ်စဉ်လေးပြောပြချင်ပါတယ်။ ပြည်လမ်းနဲ့ ပါရမီလမ်းဆုံ ကို လူတိုင်းသိကြပါတယ်။ အင်းလျားလေးနားပါ။ ပြည်လမ်းကနေ ပါရမီလမ်း RC2 ဖက်ကို ကွေ့လိုင်း(၁၅ စက္ကန့်ပေးပါတယ်)ပေးတဲ့အချိန် မှာ ပုံထဲက ဆလွန်းကားအနက်လေးက သူ့ယာဉ်ကြောအတိုင်းမောင်းထွက်ပါတယ်။ ချော်တွင်းကုန်းဖက် ပါရမီလမ်းကနေ ပြည်လမ်းမြို့လယ်ဖက်ကို မီးဝါပေးထားချိန် မှာ ကက အဖြူရောင်က မီးဝါကို အမီဖြတ်ဖို့ အရှိန်နဲ့မောင်းလာပါတယ်။ အဲဒီ မီးဝါဖြတ်တဲ့ ကကအဖြူက ကွေ့လိုင်းက […]


alinsettAugust 24, 20121min28014
စလုံးရေး…စ လိုက်ကြပါစို ့..။ စိတ်ကူးအဓ်ိက အနုပညာ ဝါဒ CONCEPTUALISM အကြောင်း…. နည်းနည်း ဖြည့်ပြောပါရစေ..။ ( ကျင်ငယ်စွန့်တဲ ့ကြွေ ခွက်က အနုပညာ ပစ္စည်းတဲ့…) ဆိုတဲ ့အမည်နဲ ့ ပို ့စ်မှာ… CONCEPTUALISM အကြောင်း… အညွှန်း သဘောလေးလောက် ပြောခဲ့ဖူးပါတယ် ။ ) ( အခုဆောင်းပါးက န ငယ်.. အမြီးလေး..( နည်းနည်း တိုနေတယ် ထင်လို ့) ထပ် ဆွဲ ဆန့်ပေးတဲ ့ဆောင်းပါးလို ့ပြောရင်လည်း ရပါတယ် ။ အတွန့် တက် ဆောင်းပါး လို ့ခေါ်ရင်လည်း ရပါတယ် ။) —————————————– ဆရာကြီး MERCAL DUCHAMP […]


SonnyAugust 24, 20121min19613
မင်္ဂလာပါခင်ဗျာ ငဆန်နီရေဒီယို (ငါး) “ရှာပုံတော်မေမေများ” ဒီရက်ပိုင်း Time ကဆောင်းပါး တစ်ပုဒ်ဖတ်ဖြစ်တယ်။ ဆောင်းပါးလေးနာမည်က The Motherhood Penalty တဲ့။ အဲဒီဆောင်းပါးရဲ့ရည်ရွယ်ချက်ကတော့ ကလေးရှိသော မိခင် တွေ အလုပ်ရ ရာခိုင်းနှုန်းနည်းလာသလို အလုပ်ရရင်လည်း လခက ပုံမှန်ထက်ပိုပြီး နည်း ရကြပါတယ်တဲ့။ Focus ကတော့ ကလေးမရှိတဲ့အိမ်ထောင်သည်က တောင်ပိုလခရလာပါတယ်တဲ့။ တစ်ခါ ကလေးရှိတဲ့ဖခင် ကလည်း ကလေးရှိမိခင်ထက် အရည်အချင်းခြင်းတူရင်တောင် ဝင်ငွေ ပိုကောင်းတယ်တဲ့။ ဒီကိစ္စကို အစည်းအဝေးလုုပ်ပြီး American Sociological Association in Denver ကဆွေးနွေး မလို့တဲ့။ ကလေးရှိအိမ်ထောင်သည် မိခင် တွေဘက်က ကာကွယ် ဦးစားပေးပြီးတင်ပြထားတဲ့ဆောင်းပါးပါ။ အဲဒီမှာစိတ်ဝင်စားစရာ ကောင်းတဲ့ အင်္ဂလိပ်စာလုံးတစ်ခု Dictionary မှာ ရှာရင်တောင်မတွေ့နိုင်တဲ့ […]


SonnyAugust 20, 20121min1568
အခုတစ်လောစာရေးချင်နေတာနဲ့ဆက်တိုက်တင်လိုက်ပြန်ပြီ။ စာဖတ်ဖြစ်လေစာရေးချင်စိတ်ပေါက်လေလားမသိ။ မင်္ဂလာပါ။ ငဆန်နီရေဒီယို(လေး)   “မသိရကောင်းလား”   ဘင်္ဂလာလီလူမျိုးမျာတရားမဝင်စိမ့်ဝင်လာမှု့ကြောင့် အခုအခါမှ ၂၀၁၂ မှာလို့ ဆိုကြပါစို့ ဘူးသီးတောင်မြို့နယ်မှာတင် ဘင်္ဂလီက ၉၄% ရခိုင်က ၆ % တဲ့ ရွှေရောက်ဒူလာဆိုတဲ့ဘင်္ဂလီလူမျိုးတစ်ယောက်ကဆို မိန်းမ ၄ ယောက် သားသမီး ၂၈ ယောက် မြေး ၄၉ ယောက် မိသားစုဝင် စုစု ပေါင်း ၈၂ ဦး ရှိကြောင်း သီတင်းစာရှင်းလင်းပွဲ မှာဗိုလ်ချုပ်သိန်းဌေးက ပြောသွားပါတယ်။ “မွေးဖွားနှုန်းကတော့ပြောမပြတတ်အောင်ပါပဲ”လို့လည်းပြောပါတယ်။   ငဆန်နီ မေးခွန်းက ရင်ထဲအလိုလို ဝင် လာတယ်။ အရင် အနှစ် (၂၀) လောက်ဘာတွေလုပ်နေလို့မသိတာလည်း အရင် အနှစ် (၂၀) ကိုယ့်နိုင်ငံထဲမှာ ယိုစိမ့်ရုုံ တင်မကဘူး […]


SonnyAugust 18, 20121min22618
မင်္ဂလာပါ အားတာနဲ့အချိန်တွေကို killing လုပ်တာပါ။ အားနာပါနာ ဖတ်ချင်ရင်လည်းဖတ်ကြပါ။ စားလုံးပေါင်းတော့ခွင့်လွှတ်ပါ။ ငဆန်နီလည်းအားတုံးလေး ဂေဇတ်နဲ့ အဆက်အသွယ်မပြတ်အောင်ပေါ့။ သည်းခံပါ။ “ညစ်နွမ်းလာသောမန္တလေးနှင့်သိုင်ကွက်များ” ကျနော်မန်းလေးမှာ ကြီးပြင်းတာ အသက် လေးဆယ်ကျော်လာပြီ။ ဒီမှာ မွေးပြီး ဒီမှာ ညာသင် ကြားတာပါ။ ဆိုင်ကယ်တွေပိုများလာတယ်။ စီးသူတွေပိုများလာတယ်။ တောရောမြို့ပါကျန်ဆိုင်ကယ်စီးနိုင်လာတာတွေရပါတယ်။ တရုတ်ကလာတဲ့ဆိုင်ကယ်အများစုပဲတွေ့ရပါတယ်။ အများစုဆိုင်ကယ်စီးနိုင်လာတာဝမ်းသာပါတယ်။ ဆိုင်ကယ်စီးသော အချို့ယခု ဈေးသက်သက်သာ နဲ့စီးရတဲ့ခတ်မှာ ဆိုင်ကယ်စီးသူရဲများ ရိုင်းသူများ စည်းကမ်းမဲ့ ကွမ်းထွေးသူများ မန်းလေးမှာ များလာပါတယ် အချို့ ချာတိတ်တွေ ဆိုရင် ခြေထောက် ကိုခွင် ပြီးစီးပါတယ်။ ကွမ်းသွေးနီနီတွေကလည်း လူကြီးရော လူငယ်ပါ ထွေးလာပါတယ်။ လစ်ရင် လစ်သလို လမ်းပေါ်မှာ နီရဲ သွားတာပါပဲ ငဆန်နီ ဆိုင်ကယ်စီးဖြစ် တဲ့ နေ့ […]


SonnyAugust 17, 20121min33825
မင်္ဂလာရှိသောဂေဇတ်သူသားများနှုတ်ခွန်းဆက်ပါ၏။ ငဆန်နီနည်းနည်းရေးပါရစေ။ “ငဆန်နီရေဒီယိုသီတင်းမှတ်စု” အိုဘားမာကတော့ အိုဟိုင်းရိုး ပြည်နယ်ဈေးရောင်းပွဲ (ကားပြိုင်ကွင်းနားမှာ) Ohio State Fair ပရိတ်သတ်တစ်ယောက်ကသူ့ကို Smoothie ဖျော်ရည်တစ်ခွက် ပေး တော့ သူပြောတဲ့စကားလေးေကောင်းလိုက်တာ။ “Smoothie sounds OK, but a beer sounds better.” တဲ့။ “သစ်သီးဖျော်ရည်ကတော့ကောင်းမယ့်ပုံပါကွာ ဒါပေမဲ့ ဘီယာတစ်ခွက်ကပိုကောင်းမယ်ထင်တယ်တဲ့…” (သူများသမ္မတများခိုးပြီးဘီယာမသောက်ဘူးနော်ပြောင်လုပ်တာ)   ဘီယာရောင်းတဲ့ဆိုင်လေးထဲဝင်သွားပြီး ဘီယာဆိုင်လေးက အမေရိက ထောက်လမ်းရေးတွေက သဘောလောက်ပဲလုံခြုံရေးအရ ရှင်းထားတာတဲ့ partially cleared out by the US Secret Service လို့ရေးထားတယ် (..အင်း ဒီမှာတော့ ကြက်တူရွေးကတော်တော်မယ်ဘော်ကကဲပါ။ မလာသေးဘူး မဝင် ရ ဆိုင်းဘုတ်က အရင်ရောက်တော့တာပဲ…..ကျူံးဘေး ဆိုင်ဘုတ်လေး တင်တာတောင် […]


ムラカミAugust 8, 20122min40640
  တခါတခါ ဂွကျတယ် ….ခည … ကျနော်တို့ ရဲ့ မျိုးရိုး နာမည် မရှိမှု က …။ တရုတ်မှာလည်း ရှိတယ်… ကိုရီးယား ဂျပန်မှာလည်း ရှိတယ်..။ အနောက်တိုင်းမှာလည်း ရှိတယ် ဆိုတော့ကာ …။ ပြောရရင် ..ဥပမာ .. David Beckham ဗျာ..။ လူနာမည် David မျိုးရိုးနာမည် Beckham ဆိုပါတော့ …။ ယဉ်ကျေးမှုအရ .. ရင်းနှီးမှု မရှိရင် ..(ဝါ) ကာယကံရှင် ခွင့်ပြုချက် မရရင် .. Mr.Beckham ပေါ့ … အဲ .. ဘော်ဒါဘော်ကျွတ် ဖြစ်ပြီ ဆိုရင်တော့ ..ဟိတ်ကောင် David ခေါ်ခွင့်ရှိရဲ့ ဆိုပါတော့ … ။ ထားပါတော့ … […]


naywoon niJuly 28, 20121min2848
လိုင်းပေါ်မှာ ဝက်ဆိုဒ်တွေမှာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး ပွစိလန် ဆဲကြ ဆိုကြနဲ့… ဖွာလဖွာ ကျနေတဲ့ အချိန်မှာ ဒီပို့စ်ကိုမတင်သင့်သေးဘူးဆိုပြီး စောင့်နေခဲ့တာ………..။ ဒါပေမဲ့ သူတို့ တွေကမရပ် သေးပေမဲ့ အတော်လေး တည်ငြိမ်လာပြီ စဉ်းစားချင့်ချိန်နိုင်လာပြီလို့ ယူဆလို့ ဒီပို့လေးကိုကောက်ရေးလိုက်တာပါ…။ ဒီပို့စ်ကိုရေးတဲ့သူကိုယ်တိုင် ရခိုင်ပြည်ဆိုတာ မရောက်ဖူးခဲ့ပါ…။ ဒါပေမဲ့ တစ်ချို့တွေ ဝက်ဆိုဒ်လင့်တွေ ပေးပြီးတင်နေကြတဲ့ အချိန်မှာ ကိုယ်က နှစ်ပေါင်းနှစ်ဆယ်ကျော် ပေါင်းသင်းလာတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အမြင်.. သူ့ရဲ့ အယူအဆကို ဘာကြောင့် မရေးရဲ မတင်ရဲရမှာလဲ ဆိုပြီး အားယူရေးလိုက်ရပါတော့တယ်…။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ပျဉ်းမနားကို ကိစ္စတစ်ခုနဲ့ရောက်သွားတုန်း ကားဂိတ်တစ်ခုမှာ………. “ ဟေးးး တောပုန်းကြီး ဘာလာလုပ်တာလဲကွ” ဆိုတဲ့ အသံပြဲကြီးကြားလိုက်ရလို့ နောက်ကိုလှည့်ကြည့်လိုက်မိတဲ့ အချိန်မှာ ရုံး […]


အချစ်အစ အလွမ်းနိဂုံး (၁) မျက်ဝန်းတွေဖြင့် အစပျိုးခဲ့တဲ့ မျိုးစေ့ ငါ့အသည်းနှလုံး အချစ်ပန်းပင်လေး မင်းကြောင့်… ဖူးပွင့်ဝေဆာ ရှင်သန်ထမြောက်ခဲ့… စစ်မှန်သော ချစ်ခြင်းမေတ္တာက ရာနှုန်းပြည့်ပါပဲ ရင်အုပ်မကွာ သားပိုက်ကောင်လို စောင့်ရှောက်ချင်မိ `တကယ်… ချစ်ခဲ့တယ်´ (၂) `စဉ်းစားအုံးမယ်…´ ဒီစကား ငါ့နားပေါ် သစ်ရွက်ကြွေ ခြွေချ ပထမဆုံး အလံဖြူနဲ့တင် ဒီကောင် လက်ခမောင်းခတ်နေပြီ။ စိတ်ထဲမှာတော့ ကြယ်နက္ခတ်စုံလိုက်တာ… (၃) တိုးတိုးရှတတအသံလေး `ချစ်တယ်´ တဲ့… မင်းနှုတ်ခမ်းဖျား ဂီတသံစဉ် တုန်ယင်လှုပ်ခတ် ဟာမိုနီ သိပ်မပြင်းပေမဲ့… ရင်ထဲမှာ အပျော်ကြိုးတွေ ထ `က´ ငါ့ဂီတာလေး အသက်ဝင်လာတယ်။ (၄) ငါတို့နှစ်ယောက် စင်ရော်လို လေဆန်ပျံတက် ငါတို့နှစ်ယောက် လင်းပိုင်လို ရေထဲကူးခတ် ငါတို့နှစ်ယောက် ခြင်္သေ့လို […]


etoneJuly 28, 20121min36224
ကာလအတန်ကြာ မြင်တွေ့ ကြားသိကာ ကြုံနေရပေမယ့် ၊ ယခုထက်တိုင် ထူးခြား တိုးတက်ပြောင်းလဲလာခြင်းမရှိသော အလုပ်သမားဘဝ ပတ်ဝန်းကျင်က အကြောင်းရာ အချို့ကို တို့ဆိတ်ပြပါဦးမည်။ ကျွန်မကိုယ်တိုင်က သူများ လခစား အလုပ်သမားတစ်ယောက်ဖြစ်သောကြောင့် ၊ ဒီပို့စ်လေးကို အလုပ်သမားတစ်ယောက်ဧ။် အမြင်ဘက်မှရော ၊ ဘဝတူ အလုပ်သမားတွေအား စာနာစိတ်ဖြင့်ရော ရေးလိုက်ခြင်းဖြစ်သည် ။ဝေဖန်မှုပြုရလောက်အောင် မရင့်ကျက်ပါ သို့သော် မျက်စိတထောက်စာအရ မြင်သမျှရေးလိုက်ခြင်းသာ ဖြစ်ပါသည် ။ ကျွန်မတို့တွေ ဘဝရှင်သန်ရပ်တည်ဖို့အတွက် အလုပ်ကိုယ်စီ လုပ်ကြရသည် ။ မိမိဧ။် ပညာအရည်ချင်း ၊ ရွေးချယ်မှု  ့၊ ပတ်ဝန်းကျင် အသိုင်းဝိုင်း ထောက်ပံ့ပေးမှု ၊ မိမိတို့ဧ။် ရွေးချယ်မှုပေါ် မူတည်ပြီး အလုပ်ခွင် ၊ အလုပ်နေရာ ၊ ရာထူး […]


အိမ် ဝသန္တရာသီ မိုးဥတုရဲ့ ဇူလိုင်လ။ ဧရာဝတီတိုင်းဒေသ မြစ်ဝကျွန်းပေါ် အရပ်ဆိုတော့ကာ မိုးကရွာပြီဆိုရင် သဲသဲမဲမဲ ရက်ဆက်ရွာလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်သုံးရက် ကမနားမနေရွာထားခဲ့ပြီမို့ ဒီနေ့တော့ မိုးက သူ့ရဲ့တပတ်စာလက်ကျန်မိုးရေတွေကို ရွာလိုက် ရပ်လိုက်နဲ့ နားနားပြီးတော့ရွာနေပါတယ်။ ခုဏလေးတင် သဲသဲမဲမဲ တချီရွာချလိုက်အပြီး အခုလည်း တဖွဲဖွဲတစိမ့်စိမ့်ရွာနေတုန်းပါပဲ။ ကြောင်လေးတစ်ယောက် နေ့လည်စာ စားပြီးလို့ မိုးအေးအေးလေးမှာစာအုပ်လေးတစ်အုပ်ဖတ်ရင်း ထမင်းလုံးစီနေတုန်း ဟိုးအိမ်ရှေ့ခြံဝက   အော်ခေါ်သံတစ်ခုကိုကြားလိုက်ရပါတယ်။ “ကြွက်နီရေ……ဟေးကြွက်နီ…… “ကြွက်နီတို့ ….မိစာတို့ မရှိကြဘူးလား……ခြံတံခါးလေးဘာလေး လာဖွင့်ပေးကြပါဦးဟ……” အော်သံကြားလု့ိ စာအုပ်ကလေးဘေးချ၊ ဗိုက်တင်းလို့ ဖြေလျော့ထားတဲ့ပုဆိုးလေး ကဗျာကယာ ပြန်စီးရင်း အိမ်ရှေ့ကို ထွက်ကြည့်လိုက်တော့မိုးဖွဲဖွဲမှာ ထီးကောက်ကြီးဆောင်းရင်းခြံဝမှာရပ်နေတဲ့ ရွာကဘကြီးခွေးညိုကိုတွေ့လိုက်ရပါတယ်။ “ဟာ….ဘကြီးခွေးညို !! မြို့ကို ဘယ်တုန်းကရောက်နေသလဲ….. ခဏလေး ဘကြီးရေ့ လာပြီလာပြီ …..” […]