alinsettJuly 24, 20121min51740
လူူတစ်ယောက်၏ တန်ဖိုးကို ကိုယ်ကျင့်တရား..ကောင်းခြင်း ၊ ဆိုးခြင်း … အပေါ် မူတည် ၍ အကဲဖြတ်တတ်သော ကျွန်တော်…..။ ကိုယ်တိုင်က ကိုယ်ကျင့်တရား ကောင်းမွန်အောင် စောင့်ထိန်းနေပါလျက်နှင့် ကျွန်တော့် ကိုယ်ကျင့် သိက္ခာကို ထိပါး..စော်ကားခံ ရသော အခါ.. အလွန်ပင် ခံရ ခက်လှပါသည် ။ ကျွန်တော့် ကိုယ်ကျင့် သိက္ခာကို…. ( သွယ်ဝိုက်သော နည်းဖြင့် ) စော်ကားလိုက်သော..ဖြစ်ရပ်တစ်ခု… မနေ့ ့ က ဖြစ်ပျက်သွားပါသည် ။ ( မနေ ့က ဘတ်စ် ကားပေါ် တွင် ကြုံတွေ ့လိုက်ရသော.. အဖြစ်သည်..ဤ စာသားများကို ချ မရေးဘဲ..မနေနိုင်လောက်အောင်.. တွန်းအားပေးခဲ့ပါသည် ။) ဘတ်စ် ကား ၏ […]


TTNUJuly 24, 20121min35732
အမြဲတမ်းကြားနေရတဲ့ပုံစံပါပဲ… ဘယ်နားမှာတော့ ဓါးခုတ်ခံရတယ် (ရန်ညှိုးမရှိပဲ) ဆေးမူးတယ် ဆေးကွဲတယ်လို့သတ်မှတ်ကြတာပါပဲ ခုတော့ ကိုယ်တွေ့ဗျာ… ကျုပ်အစ်ကို ခံလိုက်ရပီ… ရုံးမှအပြန် အစ်ကို အောင်မင်းဦးနှင့် ကျော်ဇင်ဟိန်းတို့ ဆိုင်ကယ်နှင့် အပြန်လမ်းတွင် အနောက်မှ အောင်မင်းဦးဖြစ်သူကို သံတုတ်ဖြင့် ရိုက်ရာ ဆိ်ုင်ကယ်ပေါ်မှပြုတ်ကျသွားပြီး.. လူ၈ ယောက်ခန့် အုပ်စုဖြင့် ဝိုင်းကာ ဆွမ်းကြီးလောင်းကြသည်။ ၎င်းတို့တွင်သံတုတ်များ. ဓါးများ အသင့်ပါကြသည်။ ၂ယောက်နှင့် ၈ယောက်.. ဖြစ်သည့်နေရာတွင် လူမှားမည်စိုးသဖြင့် အရိုက်ခံနေစဉ်တွင် အမည် အလုပ်အကိုင်များကို ပြောပြသော်လည်း သည်းကြီးမဲကြီးသာ ဆော်ကြပါသည်။ ကိုအောင်မင်းဦး ခွေလဲကျချိန်တွင် ၅၊ ၆ ယောက်ခန့်ဝိုင်းပြီး ကန်ကြောက် ရိုက်နှက်ကာ မြောင်းထဲကျသွားသည်ထိပင်. မြောင်းမှာ.. လူတစ်ရပ်စာနီးပါးခန့်ရှိသည်။ ဒဏ်ရာအနေဖြင့်. ဆီးခုံကွဲခြင်း၊ အူမကြီးပေါက်သွားခြင်း၊ နှင့် ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ […]


etoneJuly 23, 20121min32257
ပြီးခဲ့တဲ့ စနေက မြို့ထဲလမ်းလေးဆယ်မှတ်တိုင် ကနေ ၃၉ကားစီးရင်း ကြည့်မြင်တိုင်ဘက်ကိုပြန်တော့ ၊ နေ့ခင်းအချိန်ဖြစ်တာကြောင့် လူသိပ်မကြပ်ခဲ့ပါဘူး ။ ဒီလမ်းက သွားနေကြဖြစ်တာကြောင့် ဘယ်ဘက်အခြမ်းမှာ ထိုင်လျှင်နေပူမှာ စိုးလို့ ညာဘက်က လွတ်နေတဲ့ ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်စီးခဲ့ပါတယ် ။ တစ်ယောက်တည်း တောင်ငေးမြောက်ငေးနဲ့ ရောက်တတ်ရာရာ တွေးရင်းပေါ့ ။   မီးပွိုင့်အရောက်မှာတော့ ၊ ချက်ချင်းတန်းဝါသွားတဲ့အတွက် ကားက ဘရိတ်ဆောင့်အုပ်လိုက်ပါတယ် ။ ကျွန်မနည်းတူ တခြားလူတွေလည်း ဟန်ချက်ပျက်ပြီး ယိုင်ကုန်ကျတာပေါ့ ။ ဆိုးဆိုးရွားရွားကြီး မှောက်လျှက်လဲသူတော့မရှိခဲ့ပါဘူး အားလုံးနေရာကိုယ်စီရတာကြောင့်ပါ ။ ယိမ်းယိုင်သွားတဲ့ ခန္ဓာကိုယ်ကို ဟန်မပျက် ပြန်လည် တည့်မတ်နေကြတုန်း … တခစ်ခစ်နဲ့ ရယ်သံထွက်လာပါတယ် …. ။ အသံလာရာကိုကြည့်လိုက်တော့ ကျွန်မရှေ့ခုံတန်းက ကောင်မလေးတစ်ယောက်ဆီက ထွက်လာတဲ့အသံပါ […]


ကထူးဆန္းJuly 18, 20121min19926
အာ … ဟိ ။။ ဒုသမ္မတ ရွေးကောက်ပွဲ ရွှေ့လိုက်တယ်တဲ့ ။ သတိပြုမိသူလည်း ရှိ ။ မပြုမိသူလည်း ရှိမှာပေါ့နော် ။။ အမည် တင်သွင်းခံရသူ သား က ဩစတြေးလျ နိုင်ငံသား ဖြစ်နေလို့တဲ့ ။ ချွေးမ ကလည်း ဩစတြေးလျ သူ ဆိုတော့ .. ဩစတြေးလျ စီတီဇင် များ ပြန် အပ်ကြပြီး ဟုတ် တော့ ဘူး လုပ်ကြဦးမလား မသိ ….. အာ..ဟ်ိ။။။ xxxxxxxxxxxxxxxxxxxxxxxxxxxxx ဘယ်နှယ့် ဘယ်နှယ့် ကျုပ်တို့ ပြည်သူ့ရဲ တွေကို အလုပ်မလုပ်ကြဘူး ပြောကြသတုံး … May I help you ကို Pay […]


KyaemonJuly 15, 201216min1276
  ရှုခင်းအလှအပတွေကြည့်ရင်း  နော်ဝေ နိုင်ငံရဲ့စီးပွါးရေးအနေအထားကို တစေ့တစောင်းလေ့လာရအောင်   နိုင်ငံတကာ ငွေရေးကြေးရေးရံပုံငွေအဖွဲ့ (၂၀၁၀-၁၁) ဇယား အမှတ်စဉ် ၄ ချိတ်တာ ကမ်ဘာ့ ဘဏ် (၂၀၀၅-၁၁) ဇယား အမှတ်စဉ် ၄ ဘဲ ထပ်ချိတ်တာ စီအိုင်အေ ကမ်ဘာ့ဖြစ်ရပ်မှတ်တမ်း (၁၉၉၃-၂၀၁၁) ဇယား အမှတ်စဉ် ၆ ချိတ်တာ ဘယ်ဇယားဘဲကြည့်ကြည့် နော်ဝေပြည်သူတွေက တဦးချင်းဝင်ငွေများ ပြီး ချမ်းသာကြွယ်ဝ နေတာ     US, Canada, Australia တို့ထက်ပင် ဟန်ကျမျက်နှာပွင့်နေတာ List of countries by GDP (PPP) per capita – Wikipedia, the free encyclopedia http://en.wikipedia.org/wiki/List_of_countries_by_GDP_(PPP)_per_capita […]


etoneJuly 12, 20121min37827
ဟိုးတရက်က ကိုဘုန်းကျော် ရေးသွားပြတဲ့ ဩဇီမှာ အလုပ်သမားရေးရာအတွက် တာဝန်ရှိသူတွေက အလုပ်ခွင်ထဲအထိ လာရောက်ပြီး ၊ အလုပ်သမားတွေပြောချင်တာတွေ ၊ လိုအပ်ချက်တွေကို ကွင်းဆင်းပြီးတိုက်ရိုက်နားထောင် တဲ့အကြောင်းလေးဖတ်မိတော့ ………  ကျွန်မစိတ်ထဲ ကျွန်မတို့ မြန်မာနိုင်ငံက လုပ်ငန်းခွင်နဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ … ဆက်နွယ်မှုကို ….. နှိုင်းယှဉ်စိတ်တွေရော ၊ အားမလို အားမရစိတ်တွေရော ..သိမ်ငယ်အားငယ်စိတ်တွေရော တပြိုင်နက်တည်းခံစား သွားမိတယ် … ကိုဘုန်းကျော်ရဲ့ Fair Work Act ဆိုတဲ့ ပို့စ်လေးပါပဲ ….  https://myanmargazette.net/136111/uncategorized-other/copypaste ကျွန်မတို့နိုင်ငံမှာ …  နိုင်ငံသားပိုင်ရော ၊ နိုင်ငံသားအမည်ခံ နိုင်ငံခြားသားပိုင်တွေရောတည်ထောင်ထားတဲ့ ပို့ကုန်၊ သွင်းကုန်နဲ့ အခြားသော လုပ်ငန်း ၊ ကုမ္ပဏီပေါင်းများစွာရှိပါတယ် ။ မြန်မာနိုင်ငံမှာ စက်ရုံ အလုပ်ရုံတွေ […]


ムラカミJuly 11, 20121min43545
  ကျုပ် သိသမျှလေး နည်းနည်းလောက် ပွားချင်လို့ဗျာ ….. နည်းနည်း …ချဉ်လို့ …. အဲ…. စည်းနဲ့ ကမ်းနဲ့ …(အကျိရဲ့) လစ်ဘရယ် ယောက်ျား ဆိုတော့လည်း… သမိုင်းပေးတာဝန်အရ ….ကွန်ဇာဗေးတစ်ဗ်တွေကို နည်းနည်း ရှုံ့ချရပေမပေါ့ ..အာဟိ…. နောက်တာပါ … အတည်ပြောပါ့မယ်…. သည်သတင်းက နည်းနည်းတော့ ငုတ် နေတဲ့ သတင်းခည … အပျက်ကြီးတွေ အများကြီးထဲက အပျက်ကလေး ဆိုတော့ … လူတွေ သတိမပြုမိတာ လည်း ဖြစ်ချင်ဖြစ်မယ်…. ထားပါတော့ … အစဖော်ပြီး ဖွပါ့မယ် … (သဂျီး ကတော့ သူများအတင်းမချရဝူးတဲ့..) ချမှာပဲအေ. … အဝဲယားတွေ နက် ဖို့ပါ…   သည်လိုဗျ …ကျုပ် […]


etoneJuly 9, 20121min33845
ယခင်ခေတ်က မြန်မာအမျိုးသမီးတွေအရှက်နဲ့ လူလုပ်ကြပေမယ့် ၊ ဒီခေတ်မိန်းမများတော့ ဘာနဲ့ လူလုပ်ကြသလဲ မပြောတတ်တော့အောင်ပါပဲ  ။ ြမန်မာအမျိုးသမီးလို့ ဆိုလိုတာက မြန်မာလူမျိုးတစ်ခုတည်းကိုမဟုတ်ပဲ ၊ မြန်မာနိုင်ငံတွင်းမှာ နေထိုင်သူအမျိုးသမီးများကို သုံးနှုန်းလိုက်တာပါ ။ ခေတ်စကားလို့ခေါ်မလား ၊ ဗန်းစကားလို့ခေါ်မလား ၊ ဘာစကားလား ၊ ညာစကားလား မသိပေမယ့် အမျိုးသမီးထုအကြားမှာ ရေပန်းစားပြီး သုံးနှုန်းနေကြလို့ ၊ ကြားရသူတောင် တွန့်တွန့်သွားမိပါတယ် ။ ဆယ်ကျော်သက်အရွယ်ကစလို ့ ၊ သုံးဆယ်ကျော် ငါးနှစ်ပတ်လည်လောက်ထိ အဲ့ဒီစကားကို တွင်တွင်ကျယ်ကျယ်သုံးနေကြတာ ၊ ယနေ့ ၂၁ရာစုရဲ့ ဗန်းစကားများလားလို့တောင် ထင်မှတ်မိပါတယ် ။ ဗန်းစကားတွေ များစွာကြားခဲ့ဖူးပါတယ် ဒါပေမယ့် ကိုယ့်သိက္ခာ ကိုယ်ချတဲ့ ဗန်းစကားကတော့ ကြားဖူးတာ ဒီတစ်ခါ ပထမဆုံးပါပဲ ။ […]


ムラカミJuly 5, 20122min23932
ဘယ့်နှယ့် .. မြန်မာအသင်း ..ဘောပွဲနိုင်လို့ ဝမ်းသာရမလား အောက်မေ့ပါတယ်… စိတ်ထိခိယက်ရတယ်…အဟုတ်… ငိုပြန်ရင်လည်း မောင်ဂီ့ အလွန်ဖြစ်ဦးမယ်…. အောက်က ပုံ သာ ကြည့်ပါတော့ ပိတ်သတ်ကြီးရယ်… ပီးမှ တူတူ ငိုပွဲဆင်ကြတာပေါ့နော ….     အနှီ ပိုစ့်မှာ ရေးထားတဲ့ စာကတော့ ဟောဒလိုပါ..   <blockquote> ကောင်းရော.. လိမ်ရင်လည်း ပိရိအောင် မလိမ်ဘူး.. site လုပ်တဲ့ကောင်ကလည်း တစ်ကမာ္ဘလုံးက ဖတ်လို့ရတဲ့ အင်္ဂလိပ်လိုကျတော့ update မလုပ်ထားဘူး.. မလေးကောင်တွေ ဘယ်ကနေ ဘယ်လို တွေ့သွားလဲ မသိဘူး.. ဒါကြီး လာပြပြီး မရှက်ဖူးလားဆိုတဲ့ အထာကြီးတွေနဲ့.. :/   </blockquote>   ဘယ်သူ လုပ်ထားတာလဲ မသိပေမယ့် […]


etoneJuly 4, 20121min39167
        ဖေ့စ်ဘွခ်ပေါ်မှာတွေ့တဲ့ အိန်အိန်းနဲ့ မော်ဒယ်မလေးတွေရဲ့  Sexy ပုံတွေပါ ။ ခေတ်ရေစီးကြောင်း ဘယ်လိုပဲပြောင်းပြောင်းပါ  မောင်နှမ ၊ သားမိ ကြည့်လို့ သင့်တော်တဲ့ ပုံမျိုးတော့ဖြစ်သင့်ပါတယ် ။ အခုတော့ဖြင့် မြင်ကောင်းလား လို့ မေးရတော့မလိုပါပဲ ။ အရင်ကတည်းက အခွေတွေထွက်ခဲ့ဖူးတဲ့ အိန်အိန်းရဲ့ အနုပညာလှုပ်ရှားမှူတွေကို သဘောကျပါတယ် ၊ ခေတ်မှီအကမျိုးစုံလည်း အကလည်းကောင်း ၊ အဆိုလည်းကောင်းပေမယ့် အခုလို ပုံမျိုးထုတ်ပြီး ပရိတ်သတ်ရှေ့ချပြတာတော့ …………. မနှစ်သက်ပါဘူး ။ ဓါတ်ပုံဆရာရဲ့ idea လား ၊ သရုပ်ဆောင်တွေရဲ့ idea လား မဝေခွဲတတ်ပေမယ့် ဒီလိုပုံမျိုးရိုက်ပြခြင်းအားဖြင့် ပရိတ်သတ်ကို အဖော်ချွတ်ကြိုက်တဲ့ လူတွေဆိုတဲ့အမြင်နဲ့ ပါးပါးလေးစော်ကားလိုက်သလိုပါပဲ ။ ဒီလိုပုံမျိုးကို […]


etoneJuly 2, 20121min49543
ကျွန်မဒီရက်ပိုင်းအတွင်း ပစိပါးစပ်များလာတာ ၊ အသက်အရွယ်ကြီးလာလို့ပဲ ၊ အပျိုကြီး ကျွဲမြီးတိုဘဝရောက်နေလို့ပဲလား ၊ သဘာဝကိုက စိတ်အလိုမကျတဲ့ အချိန်မို့လားမသိ ၊ စာရေးမယ်ချည်း စဉ်းစားလိုက်လျှင် ဝေဖန်ရေးနဲ့ လေကန်ရေးတွေချည်းဖြစ်ဖြစ်နေတယ် ။ ကိုယ်တိုင်ကမှ  ပါဖတ်မဖြစ်ပဲ ဝေဖန်ရေးနဲ့ လေကန်ရေး လုပ်ဖို့ မသင့်တော်ပေမယ့် …. ဝါသနာကိုက ထိန်းမရတာကြောင့် ရေးမိပြန်ပြီဗျို့ ….. ဝေဖန်ရေးလို့ မမြင်ပဲ ..လေကန်ရေးလို့မြင်ပေးပါလို့ … သက်ဆိုင်သူများကိုတော့ အားနာနာနဲ ့ပဲ မှားတာရှိလျှင် ဝန္ဒာမိလို့ကြိုတင်ပြောထားပါရစေလားနော် ။ %%%%%%%%%%%%%% မနေ့ညက ဆယ်နာရီ ဆယ်မိနစ်အချိန်ကနေစပြီး MRTV 4 ရဲ့ လိုက်ဗ်ထုတ်လွှင့်ပြသတဲ့ အစီစဉ်တစ်ခုကို စိတ်ဝင်တစားကြည့်မိခဲ့ပါတယ် ။ နာမည်ကြီး ဓါတ်ပုံစတူဒီယိုတစ်ခုကနေ လုပ်တဲ့ ပွဲဖြစ်ပြီး ၊ သတို့သမီးဝတ်စုံလေးတွေ […]


ယနေ့ နံနက် ၈ နာရီခန့် …. အလုပ်သွားရန် လိုင်းကားစီးအလာ …. ၁ဝ မိုင်ကုန်းကျော်တော့ စတွေ့ရတာ လုံထိန်းတွေ …. ပထမတုန်းကတော့ ဘာမှန်းမသိ … နောက်တော့ သတိရသွားသည် …. ဒီနေ့ အမေစု ရန်ကုန်ကို ပြန်လာမယ့်နေ့ပဲ …. ၉ မိုင်ခွဲရောက်တော့ ခေါင်းစည်းတွေ … အလံငယ်လေးတွေ … အလံကြီးတွေ… ဓါတ်ပုံကြီးတွေ …. ကြိုဆိုရေးစာတန်းတွေ …. တီရှပ်အနီတွေနဲ့ တွေ့လိုက်ရသော ကြိုဆိုရေး အဖွဲ့ ၁ ဖွဲ့… သူတို့  မျက်နှာလေးတွေ ကြည့်ရတာ တစ်ခုခုကို စိုးရိမ်စိတ် ဝင်နေသလိုပဲ … ပျော်ချင်သလောက် မပျော်နိုင်ကြ … သူတို့ အလွန် လုံထိန်းကား ၈ […]


etoneJune 26, 20121min43758
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ 24-6-12က MRTV 4ရဲ့ မနက်ပိုင်းသတင်းတပုဒ်မှာ ပါတဲ့ သတင်းတပုဒ်က ကျွန်မကို အတွေးတွေပွားစေခဲ့ပါတယ် ။ကမာ္ဘအေးဘုရားလမ်းက အမှိုက်ပုံးပျောက်တဲ့ သတင်းပါ ။ ကြားခါစကတော့ ကိုးလို့ကန့်လန့်ကြီး ဘယ်နှာ့ အမှိုက်ပုံးပျောက်တဲ့အကြောင်း သတင်းထဲ ထည့်လွှင့်ရသလဲပေါ့ … ။ သတင်းကြော်ငြာသူလေးက .. မျက်နှာ ချိုချို နှာသံလေးနဲ့ ကြော်ငြာသွားတော့ ….. သူ ့မျက်နှာလေး လိုက်ငေးနေတာနဲ ့ပဲ သတင်းအစဆုံးဂဃနဏ မမှတ်မိပါဘူး … ။ ကျွန်မက မိုးလင်းမိုးချုပ်အလုပ်သွားပြန်လုပ်ရပေမယ့် …အောက်ကြည့်မြင်တိုင်လမ်းပေါ်က … လမ်းထောင့်တစ်နေရာမှာ ဖိုက်ဘာအမှိုက်ပုံးအစိမ်းကြီးတပုံးရောက်နေတာကိုတော ဇွန်လ16ရက်နေ့လောက်ကတည်းက ညဘက်ကြီးပေမယ့် … သတိထားခဲ့မိပါတယ် … ။ ဓါတ်ပုံတောင် အမှောင်ထဲမှာ ရိုက်ဖြစ်ခဲ့သေးတယ် …. ။ ဘီးတပ်အမှိုက်ပုံးကြီးလာချပေးထားတာ […]